← Chapters

သခင်က သူမကို မကြိုက်လို့လား

Vol. 72 Ch. 1423

သခင်က သူမကို မကြိုက်လို့လား

Vol. 72 Ch. 1423

ထိုမိန်းကလေးသည် ခြေဖျားထောက်ကာ ရောက်လာသည်။

" သခင်။ အိပ်ပြီလား "

" မအိပ်သေးဘူး။ ဘာလို့လဲ "

ယဲ့ဖန် ဆိုဖာပေါ်မှ ထထိုင်ကာ သူမကို ကြောင်အစွာ ကြည့်လိုက်သည်။

" လာခဲ့ "

ဖန်းကျန်းဝူ၏ မျက်နှာပေါ်၌ လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာသည်။

" ဘာကိစ္စရှိလို့လဲ။ မင်း ဘာလို့ဒီလောက်တောင် လျှို့ဝှက်နေရတာလဲ "

ယဲ့ဖန်သည် ထိုသို့ ပြောလိုက်သော်လည်း ဖန်းကျန်းဝူခေါ်ရာနောက်လိုက်ကာ အိပ်ခန်းထဲသို့ လိုက်သွားခဲ့သည်။

" တာဒါ "

အိပ်ခန်းမီးများသည် ရုတ်တရက် လင်းလာပြီး ယဲ့ဖန် မျက်နှာနီရဲသွားကာ နှလုံးခုန်မြန်စေမည့် အရာကို တွေ့လိုက်ရသည်။

ကျူးရှောင်ကျောင်းသည် ကုတင်ပေါ်တွင် လဲလျောင်းနေသည်။

သူမ၏ နူးညံ့ကြင်လင်သော အသားအရေသည် အလင်းရောင်အောက်တွင် တောက်ပနေသည်။

အိပ်ပျော်နေသော အလှတရားလေးတစ်ခုကဲ့သို့ မျက်လုံးများကို တင်းကြပ်စွာ မှိတ်ထားသည်။

ယဲ့ဖန်၏ နှလုံးခုန်သံသည် လျင်မြန်စွာ ခုန်ပေါက်နေခဲ့ပြီး သူ့မျက်လုံးများသည် မလှုပ်ရှားနိုင်တော့ပေ။

" သူမ ...... ဘာဖြစ်တာလဲ "

" ဘာမှမဖြစ်ပါဘူး။ ကျန်းဝူ ရေထဲမှာ တစ်ခုခုထည့်ထားတာ။ သခင် ဘာပဲလုပ်လုပ် မမရှောင်ကျောင်း နိုးလာမှာ မဟုတ်ဘူး "

ဖန်းကျန်းဝူသည် ယဲ့ဖန် အံသြသွားစေနိုင်သည့် အကြောင်းကို ချက်ချင်း ပြောပြလိုက်သည်။

" မင်း သူမကို ဆေးတိုက်ထားတာလား "

ယဲ့ဖန်သည် သူမကို ကြောင်အစွာ ကြည့်လိုက်သည်။

" ဟုတ်တယ်။ သခင်ကြီး ဘာတွေတွေးနေလဲဆိုတာကို လိုက်တွေးပြီး သခင်ကြီး လိုချင်တာတွေကို လုပ်ပေးရမှာက ကျန်းဝူ လုပ်သင့်တဲ့အရာပါ "

သခင်ထံမှ ချီးမွမ်းမှုကို စောင့်ဆိုင်းနေကာ ဖြူစင်သောအပြုံးတစ်ခု ဖန်းကျန်းဝူမျက်နှာပေါ်၌ ပေါ်လာသည်။

" မဟုတ်တာ၊ မင်းကို ဒီလိုလုပ်ဖို့ ဘယ်သူက ပြောလို့လဲ။ မင်း ..... ဒါက လွန်လွန်းတယ် "

ယဲ့ဖန်သည် စကားမပြောနိုင် ဖြစ်သွားရတော့သည်။

အစောက ညစာစားကြသောအခါ ဖန်းကျန်းဝူသည် ကျူးရှောင်ကျောင်းနှင့် ခင်မင်ရန် အလွန်စိတ်အားထက်သန်နေသည်ကို ယဲ့ဖန် သတိပြုမိခဲ့ပြီး အနည်းငယ် ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။

ယခုအခါ ဤကောင်မလေး ဘာတွေးနေသည်အား သူ နောက်ဆုံး၌ သိသွားတော့သည်။

သူ ဒီလိုအဖြစ်ကို တကယ်လိုချင်ပေမယ့် ဒီလိုနည်းလမ်းကို သုံးတာက အရမ်းလွန်တယ် မဟုတ်လား။

" သခင်ကြီးက သူမကို မကြိုက်ဘူးလား "

ဖန်းကျန်းဝူသည် ယဲ့ဖန်ကို အသနားခံသည့်ပုံစံဖြင့် ကြည့်သည်။

" အဟွတ် အဟွတ်၊ ဒါက ကြိုက်တာ မကြိုက်တာနဲ့ မဆိုင်ဘူးလေ ...... "

" အစ်မရှောင်ကျောင်းက သခင့်ကိုကြိုက်တာ သိသာသလို သခင်ကလည်း သူမကို သဘောကျတယ် မဟုတ်လား။ တစ်ယောက်နဲ့တစ်ယောက် ကြိုက်နေတာကို ဘာလို့ ဒီလိုလုပ်လို့ မဖြစ်တာလဲ "

ဖန်းကျန်းဝူသည် ယဲ့ဖန်အတွက် ဖြေရခက်သော မေးခွန်းတစ်ခုကို မေးလိုက်သည်။

" မင်း ..... ကိုယ် မင်းနဲ့ စကားမပြောတော့ဘူး။ မြန်မြန် သူမကို အဝတ်အစားတွေ ၀တ်ပေးလိုက် "

ယဲ့ဖန်သည် ဖန်းကျန်းဝူမှာ ပို၍ ရဲတင်းလာသည်ကို ခံစားလိုက်ရသည်။

သူ သူမကို သင်ခန်းစာပေးရန် အခွင့်အရေးတစ်ခု ရှာရပေမည်။

" သခင် တကယ် နောင်တမရဘူးလား "

ဖန်းကျန်းဝူ၏ မျက်လုံးများ၌ လိမ္မာပါးနပ်သော အပြုံးတစ်ခု တောက်ပလာသည်။

" ကိုယ် နောင်တရမှာ မဟုတ်ဘူး "

ယဲ့ဖန် သူ့ရင်ထဲမှဆန္ဒကို ဆန့်ကျင်လိုက်သည်။

"ကောင်းပြီ၊ ဒါဆို သခင် ထွက်သွားလို့ရပြီ။ ကျန်းဝူ သူမကို အဝတ်အစား လဲပေးလိုက်မယ် "

ဖန်းကျန်းဝူသည် ယဲ့ဖန်ကို အဝေးသို့ တွန်းထုတ်လိုက်သည်။

ယဲ့ဖန်သည် ကျူးရှောင်ကျောင်းအား နှမြောစွာ ကြည့်လိုက်ပြီးနောက် ဧည့်ခန်းရှိ ဆိုဖာသို့ ပြန်သွားသည်။

သူ အိပ်ရန် လှဲချလိုက်သော်လည်း အိပ်မပျော်ချေ။

ကျူးရှောင်ကျောင်း၏ နှင်းကဲ့သို့ နူးညံ့ဖြူဖွေး သွယ်လျသော ခန္ဓာကိုယ်သည် သူ့စိတ်ထဲ၌ နစ်မွန်းနေသည်။

ခဏကြာပြီးနောက် ဖန်းကျန်းဝူသည် အခန်းထဲမှ နောက်တစ်ကြိမ် ပြန်ထွက်လာပြီး သူ့ဘေး၌ လှဲကာ ပြုံးပြသည်။

" မအိပ်သေးဘူးလား "

ယဲ့ဖန် သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

" သခင်ကြီးကရော အိပ်မပျော်ဖြစ်နေတာလား "

ဖန်းကျန်းဝူသည် ဉာဏ်များကာ စနောက်သောလေသံဖြင့် မေးလိုက်သည်။

" မဟုတ်တာ၊ ကိုယ် အိပ်မပျော်ဘူးလို့ညဘယ်သူပြောလဲ "

ယဲ့ဖန် ငြင်းလေသည်။

" သခင်ကြီး အရမ်းခေါင်းမာမနေပါနဲ့။ ဒီလောက်လှတဲ့မြင်ကွင်းကို မြင်ပြီး အိပ်ပျော်နိုင်ရင် ထူးဆန်းလိမ့်မယ် "

ဖန်းကျန်းဝူသည် ယဲ့ဖန်၏ အတွေးများကို ထုတ်ဖော်လိုက်သည်။

" မင်းက ဒီလိုပြောဖို့ မျက်နှာရှိသေးတာလား။ မင်းကမှ ညသန်းခေါင်မှာ မအိပ်သေးဘဲ ဒီလိုလှည့်ကွက်တွေကို ကစားနေတာ "

ယဲ့ဖန် သူမကို အပြစ်တင်နေသော်လည်း သူ့လေသံ၌ သဘောကျမှုအရိပ်အမြွက်များ ရှိနေသည်။

ဤမိန်းကလေးသည် အမြဲတစ္ဆေ မဆင်မခြင်ပြုမူတတ်ပါသော်လည်း သူမသည် သူ့သခင်အတွက် အလွန်ပင် တွေးပေးတတ်သည်။

ယဲ့ဖန် တစ်စုံတစ်ခုလိုအပ်ပါက သူမသည် တကယ် လုပ်ပေးမည် ဖြစ်သည်။

" ကောင်းပြီ၊ ကျန်းဝူ သခင်ကြီးကို မနှောင့်ယှက်တော့ဘူး။ ပြန်အိပ်တော့မယ် "

ဖန်းကျန်းဝူ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

သူမသည် အပြာနုရောင် ပိုးသားညဝတ်ဂါဝန်ကို ၀တ်ထားသည်။

သူမ မတ်တပ်ရပ်ရန် ဆိုဖာပေါ်မှ ကုန်းလိုက်သည့်အခါ အထဲ၌ ဘာမှမဝတ်ထားသည်ကို တွေ့လိုက်ရသည်။

ယဲ့ဖန် အကြိမ်ပေါင်းများစွာ နှိုးဆွခံရပြီးဖြစ်ရာ ခံနိုင်ရည်မရှိတော့ပေ။

သူသည် ဖန်းကျန်းဝူ၏ လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။

" ကောင်မလေး၊ မင်း သခင်ကို ဘယ်လိုလုပ် ဒီလိုစိန်ခေါ်ရဲတာလဲ။ ကိုယ် မင်းကို ဘယ်လိုကိုင်တွယ်မလဲ စောင့်ကြည့်လိုက် "

" သခင်ကြီး ..... "

ဖန်းကျန်းဝူသည် ညည်းတွားလိုက်ပြီး သူမ၏အကြည့်မှာလည်း ပိုးသားကဲ့သို့ နူးညံ့ကာ ချစ်စရာကောင်းနေသည်။

တွန်းလှန်နေသည့်လက္ခဏာ လုံးဝ မရှိချေ။

နောက်တစ်နေ့မနက် ချင်းဖန်ရှန်း၏ ဖုန်းခေါ်ဆိုမှုကြောင့် ယဲ့ဖန် နိုးလာသည်။

တစ်ဖက်မှ စူးစမ်းရှာဖွေရေးအဖွဲ့နှင့် တွေ့ဆုံရမည့် တည်နေရာနှင့် အချိန်ကို ပြောပြခဲ့သည်။

ဖုန်းချပြီးနောက် ယဲ့ဖန်သည် အိပ်ငိုက်နေသေးသော မျက်လုံးများကို ပွတ်သပ်ကာ ထထိုင်လိုက်သည်။

သူသည် မနေ့ညက အိပ်ရာဝင် အလွန်နောက်ကျသောကြောင့် အခု အိပ်ချင်နေသေးသည်။

ထို့ကြောင့် သူ့ကိုယ်သူ နိုးကြားစေရန် ရေချိုးခန်းထဲသို့ ဝင်သွားပြီး ရေချိုးသန့်စင်သည်။

သူ ရေချိုးခန်းထဲမှ ထွက်လာသည့်အခါ ကျူးရှောင်ကျောင်းဖြင့် ဝင်တိုက်မိသည်။

သူမသည် ဖန်းကျန်းဝူ၏ ချစ်စရာညအိပ်၀တ်စုံကို ၀တ်ဆင်ထားပြီး အလွန်ချစ်စရာကောင်းနေသည်။

ကျူးရှောင်ကျောင်းသည် ယဲ့ဖန်ကို မြင်လိုက်သည့်အခါ သူမ၏ မျက်နှာတစ်ပြင်လုံး နီရဲလာသည်။

ထို့နောက် စကားတစ်ခွန်းမှ မပြောဘဲ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။

ယဲ့ဖန်၏ နှလုံးမှာ ခုန်ပေါက်သွားသည်။

မနေ့ညက ဖြစ်တာတွေကို သူမ သိနေတာလား။

မဖြစ်နိုင်ပါဘူး။

အဲ့ဒီအချိန်တုန်းက သူမ သတိလွတ်နေတာ မဟုတ်ဘူးလား။

သို့သော် ယဲ့ဖန်၏စိတ်မှာ အမြန်ပင် ပြန်လည်ငြိမ်သက်သွားသည်။

သူမ သိရင်ရော ဘာဖြစ်လဲ။

သူ ဆံပင်တစ်ချောင်းတောင် မထိခဲ့ဘူး မဟုတ်လား။

တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်ပါလျှင် ဖန်းကျန်းဝူကိုသာ အပြစ်တင်နိုင်ပေမည်။

ထိုအချက်ကို တွေးပြီးနောက် ယဲ့ဖန် ချက်ချင်းပင် စိတ်သက်သာရာရသွားသည်။

ဖန်းကျန်းဝူသည်လည်း အမြန်ပင် အိပ်ရာထလာသည်။

သူတို့သုံးယောက်၏ တိတ်ဆိတ်သော ပူးပေါင်းဆောင်ရွက်မှုဖြင့် အရသာရှိသော မနက်စာ ပြင်ဆင်ပြီးသွားသည်။

စားသောက်နေစဉ် တစ်လျှောက်လုံး တိတ်ဆိတ်နေပြီး လေထုမှာ အနည်းငယ် ထူးဆန်းနေသည်။

ထမင်းစားပြီးနောက် ယဲ့ဖန်သည် စူးစမ်းရှာဖွေရေးအဖွဲ့၏ တာဝန်အကြောင်း ဖန်းကျန်းဝူအား ပြောခဲ့ပြီး သူတို့ ရက်အနည်းငယ်ကြာ ပြန်မလာနိုင်သည်ကို အသိပေးသည်။

ဖန်းကျန်းဝူ မကျေမနပ်ဖြစ်ကာ ဆူပုတ်လာတော့သည်။

သူမသည် ယဲ့ဖန်နှင့်အတူ လိုက်ချင်လေသည်။

သို့သော် နောက်ဆုံး၌ ယဲ့ဖန်သည် သူမကို မညှာမတာ ငြင်းပယ်ခဲ့သည်။

ညစဉ်ဆက်တိုက် ပြင်းထန်သော တိုက်ပွဲများကြောင့် ယဲ့ဖန် ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရပြီး သူမအလိုရှိရာကို မလုပ်ဆောင်နိုင်တော့ပေ။

သူသည် ဤမိန်းမဆိုးလေးကို အမှန်တကယ် ခေါ်လာခဲ့ပါက ထိန်းမရ ဖြစ်မှာကို ကြောက်နေမိသည်။

နှစ်ရက်လောက် ပုန်းနေသည်မှာ ပိုကောင်းပေမည်။

............................................

" ဘာဖြစ်လို့လဲ၊ မနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူးလား "

စူးစမ်းရှာဖွေရေးအဖွဲ့နှင့် တွေ့ဆုံရန် သွားသည့် လမ်းတွင် ရှေ့ခရီးသည်ထိုင်ခုံ၌ ထိုင်ကာ စိတ်လွတ်နေပုံရသော ကျူးရှောင်ကျောင်း၏ အမူအရာကို ယဲ့ဖန် သတိပြုမိခဲ့သည်။

" ဘာလဲ။ မဟုတ်ပါဘူး "

ကျူးရှောင်ကျောင်းသည် သူ့အကြည့်ကို ရှောင်လိုက်ပြီး သူ့အား မျက်လုံးတည့်တည့် မကြည့်ရဲပေ။

မနေ့ညက သန်းခေါင်ယံအချိန်တွင် ကျူးရှောင်ကျောင်း အနည်းငယ် ရေငတ်သလို ခံစားရသဖြင့် အိပ်ရာမှနိုးလာသည်။

သူမထပြီး ရေသောက်ချင်လာသည်။

သို့သော် သူမ ထလာသောအခါ သူမဘေး၌ အိပ်နေသော ဖန်းကျန်းဝူ ပျောက်သွားသည်ကို သူမ သိလိုက်သည်။

ပထမ၌ ဖန်းကျန်းဝူ အိမ်သာသွားသည်ဟု ထင်ခဲ့သည်။

သို့သော် ကျူးရှောင်ကျောင်း အချိန်အတော်ကြာ စောင့်နေခဲ့ပါသော်လည်း ဖန်းကျန်းဝူ ပြန်မလာပေ။

ထို့ကြောင့် သိချင်စိတ်ဖြင့် အိပ်ခန်းတံခါးကို တွန်းဖွင့်ကြည့်လိုက်သည်။

ထို့နောက် သူမကို မျက်နှာတစ်ခုလုံး နီရဲစေသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

အများသောအားဖြင့် တိတ်ဆိတ်ပြီး ချစ်ဖို့ကောင်းသည့် ဖန်းကျန်းဝူသည် ရူးသွပ်နေသော တစ်ဖက်ခြမ်းရှိမည်ကို လူတိုင်း မသိနိုင်ပေ။

ရှက်စရာကောင်းသော မြင်ကွင်းကို တွေးမိသောအခါ ကျူးရှောင်ကျောင်း၏ နှလုံးသားသည် ထိန်းမရစွာ ခုန်နေတော့သည်။

ယဲ့ဖန်သည် သူမ တွေးနေသည်များကို မသိသောကြောင့် စူးစမ်းရှာဖွေရေးအတွင်း ဖြစ်လာနိုင်သည့် အခြေအနေတချို့ကို ပြောပြနေခဲ့သည်။

ကျူးရှောင်ကျောင်းသည် စိတ်မဝင်စားနိုင်ဘဲ ခေါင်းသာညိတ်လိုက်သည်။

မနေ့ညက မြင်ခဲ့သော မြင်ကွင်းမှာ သူမ၏အမြင်အာရုံထဲ၌ ပဲ့တင်ထပ်နေသည်။

" ကိုယ်တို့ ရောက်ပြီ "

အချိန်တစ်ခုကြာပြီးနောက် သူတို့ သွားလိုရာသို့ ရောက်သွားကြသည်။

ထိုအချိန်တွင် လမ်းဘေး၌ ကုန်တင်ကားအချို့ ရပ်ထားသည်။

ထိုကားများအနောက်၌ ကိရိယာမျိုးစုံနှင့် ပြည့်နေသည်။

လူအချို့သည် လမ်းဘေးတွင် ထိုင်ကာ ပေါင်မုန့်စားပြီး ရေသောက်နေကြသည်။

ယဲ့ဖန်နှင့် ကျူးရှောင်ကျောင်းသည် ကားပေါ်မှ ဆင်းပြီး လမ်းလျှောက်လာသောအခါ ထိုလူများမှ မတ်တပ်ထရပ်ကာ တညီတညွတ်တည်း အော်ကြသည်။

" မင်္ဂလာပါ ယဲ့လူကြီးမင်း "

All Chapters