← Chapters

အရေးကြီးသော အခြေအနေ

Vol. 72 Ch. 1425

အရေးကြီးသော အခြေအနေ

Vol. 72 Ch. 1425

" မလိုပါဘူး "

လန်ရှင်းယွီသည် ယဲ့ဖန်၏ ကောင်းမွန်သော ရည်ရွယ်ချက်ကို ငြင်းဆိုလိုက်သည်။

သူမ စကားပြောပြီးနောက် မတတ်နိုင်ဘဲ သန်းဝေလိုက်သည်။

" ကောင်းပြီ၊ ခင်ဗျားကိုယ်ခင်ဗျား အရမ်းကြီးဖိအား မပေးပါနဲ့။ ခင်ဗျားက ခေါင်းဆောင်ပဲ။ တိုက်ပွဲအတွက် အမိန့်မပေးနိုင်ခင် အနားယူဖို့ လိုအပ်တယ် "

ယဲ့ဖန်သည် တွန့်ဆုတ်ခြင်း မရှိဘဲ သူမ၏လက်ထဲမှ အဝေးကြည့်မှန်ဘီလူးကို ယူလိုက်သည်။

လန်ရှင်းယွီ ခဏတာ တွန့်ဆုတ်သွားပြီးနောက် ခေါင်းညိတ်သဘောတူလိုက်သည်။

" ဒါဆို ဂရုစိုက်ပါ။ တစ်ခုခု ရှာတွေ့ရင် လူတိုင်းကို ချက်ချင်း အကြောင်းကြားလိုက် "

" ကောင်းပြီ "

ယဲ့ဖန် သဘောတူခေါင်းညိတ်လိုက်သည်။

ထို့နောက် သူသည် မှန်ဘီလူးဖြင့် ပတ်ဝန်းကျင်ကို စတင်ကြည့်ရှုလိုက်သည်။

လန်ရှင်းယွီသည် တခြားဘာမှမပြောဘဲ လှည့်ပြီး အနားယူနေတော့သည်။

ယဲ့ဖန်သည် ဤကဲ့သို့ ရှားပါးစွာ ငြိမ်းချမ်းနေသည့်အချိန်ကို ခံစားရင်း ကင်းလှည့်နေခဲ့သည်။

ငှက်အော်သံအပြင် လေတိုက်ခတ်မှုကြောင့် သစ်ရွက်များ ကြွေကျသံသာ ရှိသည်။

"တောထဲမှာ ပုစဉ်းရင်ကွဲတွေ တေးဆို၊ တောင်ပေါ်မှာ ငှက်ကလေးတွေ တေးဆို"ဆိုသည့် အနုပညာ အငွေ့အသက် တစ်မျိုးကို ပေးစွမ်းနေသည်။

မြို့တော်၏ ရှုပ်ယှက်ခတ်မှုကို ကျင့်သားရနေခဲ့ပြီးနောက် ဤငြိမ်သက်ခြင်း၏တန်ဖိုးကို ယဲ့ဖန် သာယာစွာ ခံစားနေမိသည်။

သူသည် ပတ်ဝန်းကျင်ကို နာရီဝက်ကျော်ကြာ လှည့်ပတ်ကြည့်ရှုခဲ့သော်လည်း ထူးခြားမှု မတွေ့ရပေ။

ထို့ကြောင့် အနားယူရန် နေရာရှာတော့မည် ဖြစ်သည်။

သို့သော် ရုတ်တရက်ပင် အနောက်မှ အော်သံကြားလိုက်သည်။

" မြွေရှိတယ် ....... "

လန်ရှင်းယွီထံမှ အော်သံထွက်လာသည်။

ထိုအခါ ယဲ့ဖန်၏အမူအရာ ပြောင်းသွားပြီး အမြန်ပြေးသွားသည်။

ထိုအခိုက်အတန့်တွင် စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များသည် လန်ရှင်းယွီ အနီးတဝိုက်တွင် စုရုံးနေကြသည်။

သူမကို အားလုံးမှ စိုးရိမ်တကြီး ကြည့်နေသည်။

ယဲ့ဖန် အမြန်ပြေးလာသောအခါ မြွေစိမ်းတစ်ကောင်ကို တွေ့လိုက်ရပြီး ထိုမြွေသည် နှစ်ပိုင်းကွဲသွားသော်လည်း ခန္ဓာကိုယ်ကို လိမ်ကောက်နေဆဲဖြစ်သည်။

ယဲ့ဖန်၏အမူအရာ ပြောင်းသွားသည်။

" ဝါးရွက်စိမ်းမြွေလား "

ဤဝါးရွက်စိမ်းမြွေသည် အလွန်အဆိပ်ပြင်းသည်။

အကိုက်ခံရပါက အလွန်အန္တရာယ်ရှိသည်။

ထို့ကြောင့် ပေါ့ဆမနေရဲဘဲ လူအုပ်ကို ဘေးသို့ တွန်းထုတ်လိုက်သည်။

ယဲ့ဖန်သည် မြေပြင်ပေါ်၌ ထိုင်နေသော လန်ရှင်းယွီကို တွေ့လိုက်ရသည်။

လက်ရှိအချိန် သူမ၏ ညာဖက်ခြေထောက်အား ဒူးအထိ လိပ်တင်ထားသည်။

သူမ၏ လှပသော ခြေသလုံးပေါ်၌ အဆိပ်ပြင်းမြွေတစ်ကောင် အကိုက်ခံထားရသည့် အမှတ်အသားတစ်ခု ရှိနေပြီး ဒဉ်ရာပတ်လည် ဧရိယာမှာ မည်းနေပြီ ဖြစ်သည်။

" ယဲ့ဖန်၊ အစ်မလန် မြွေကိုက်ခံရတာ။ အခု ငါတို့ ဘာလုပ်သင့်လဲ "

ကျူးရှောင်ကျောင်းသည် အလွန်ကြောက်လန့်သွားပြီး သူမ၏မျက်နှာသည် ဖျော့တော့ကာ မျက်ရည်များ ကျလာသည်။

" အမြန်ပြန်ပြီး ခေါင်းဆောင်ကို ဆေးရုံပို့လိုက်ရအောင် "

" နောက်ကျနေပြီ။ ဝါးရွက်စိမ်းမြွေအဆိပ်က ပျံ့တာအရမ်းမြန်တယ်။ တောထဲက မထွက်နိုင်ခင် ခေါင်းဆောင် တစ်ခုခုဖြစ်မှာ ....... "

" ဒါဆို မင်းဘာလို့ အကူအညီ မတောင်းတာလဲ "

" အချိန်မရှိဘူး ....... "

" ဒါဆို ငါတို့ ဘာလုပ်ရမှာလဲ။ ကပ္ပတိန်သေတာကို စောင့်ကြည့်ရမှာလား "

" မင်း ဘာတွေ လျှောက်ပြောနေတာလဲ ...... မြွေအဆိပ်ကို စုပ်လိုက် "

" ဒီမြွေက အဆိပ်ပျံ့တာ အရမ်းမြန်တယ်။ ငါ မစုပ်ထုတ်နိုင်ဘူး ....... "

လူတိုင်းသည် ရန်ဖြစ်နေကြသော်လည်း ဖြစ်နိုင်ခြေရှိသော အကြံဉာဏ်ကို မပေးနိုင်ကြပေ။

လန်ရှင်းယွီ၏ အမူအရာသည် အလွန်အကျည်းတန်နေပြီ ဖြစ်သည်။

သူမ၏မျက်နှာသည် ဖြူဖျော့နေသော်လည်း အနက်ရောင်ချီအရိပ်အယောင်တစ်ခု ရှိနေသည်။

သူမအား အမြန်ဆုံး မကုသလျှင် သူမ သေပေလိမ့်မည်။

ယဲ့ဖန်သည် စဉ်းစားရန် အချိန်မရှိပေ။

သူ့အင်္ကျီမှ အဝတ်စဆုတ်ဖြဲကာ လန်ရှင်းယွီ၏ ဒူးပေါ်တွင် ချည်နှောင်လိုက်သည်။

ထို့နောက် သူသည် အဆိပ်ရှိသော သွေးကို အတင်းညှစ်ထုတ်လိုက်သည်။

ဒဏ်ရာမှ မည်းနက်နေသော သွေးများ ထွက်လာသည်။

သို့သော် အဆိပ်ပျံ့နှံ့မှုကို မရပ်တန့်နိုင်သေးပေ။

သူမ၏ ခြေသလုံးတစ်ဝက်လောက်မှာ မည်းနက်လာပြီ ဖြစ်သည်။

လန်ရှင်းယွီသည် အလွန်အားနည်းနေလေသည်။

နဖူးမှ ချွေးသီးလုံးများ လှိမ့်ဆင်းလာသည်။

သူမသည် အလွန်အန္တရာယ်ရှိသော အခြေအနေတွင် ရှိနေသည်။

ယဲ့ဖန်သည် အဆိပ်အား ညှစ်ထုတ်နေခြင်းကို စွန့်လွှတ်လိုက်ပြီး မြေပြင်ပေါ်၌ ဒူးထောက်ကာ ဒဏ်ရာမှအဆိပ်ကို ပါးစပ်ဖြင့် စုပ်လိုက်သည်။

ဤနည်းလမ်းသည် အလွန်အန္တရာယ်များလေသည်။

သူသည် မတော်တဆ အဆိပ်ကို အနည်းငယ် မြိုချမိလျှင်ပင် ယဲ့ဖန် အရင်သေသွားနိုင်သည်။

" ဖူး "

ယဲ့ဖန်သည် မြေပြင်ပေါ်သို့ အဆိပ်တက်နေသော အနက်ရောင် သွေးတစ်လုတ်ကို ထွေးထုတ်ပြီး အဆိပ်များကို ဆက်လက် စုပ်ထုတ်နေသည်။

သူ့လုပ်ရပ်ကြောင့် လူတိုင်း အံ့ဩသွားကြသည်။

စိုးရိမ်စိတ်များသလို စိတ်လှုပ်ရှားနေကြသည်။

တစ်စုံတစ်ခု မှားသွားပါက အသက်နှစ်ချောင်း ဆုံးရှုံးပေလိမ့်မည်။

လန်ရှင်းယွီသည် ယဲ့ဖန်ကို တွန်းထုတ်ရန် ကြိုးစားနေပါသော်လည်း သူမသည် အလွန်အားနည်းနေသည်။

ယဲ့ဖန်၏ ကြိုးစားမှုကြောင့် အနက်ရောင်ချီအားသည် လျော့မသွားသော်လည်း အနည်းဆုံးအနေဖြင့် လျင်မြန်စွာ မပျံ့နှံ့သွားခဲ့ပေ။

စူးစမ်းရှာဖွေရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးထံမှ ရေတစ်ပုလင်းကို အလျင်အမြန် ယူကာ ပါးစပ်ကို ဆေးကြောလိုက်သည်။

ထို့နောက် ယဲ့ဖန်သည် သူနှင့်အတူ သယ်ဆောင်လာသော အပ်အိတ်ကို ထုတ်ပြီး အဆိပ်ကို အပ်စိုက်ကုသရန် ပြင်ဆင်ခဲ့သည်။

ယဲ့ဖန်၏ 'အစိမ်းရောင်ဆေးကျမ်းစာအုပ်'တွင် အဆိပ်ကို ဖယ်ရှားနိုင်သည့် အပ်စိုက်ကုထုံးဆိုင်ရာ မှတ်တမ်းများ ပါရှိသည်။

မြွေဆိပ်အတွက် အမှန်တကယ် ကုသပေးသည်အား တစ်ခါမှ မကြုံဖူးသေး၍ အကျိုးသက်ရောက်မှုများကို မသိသေးသော်လည်း လက်ရှိအချိန်၌ ပိုကောင်းသည့်နည်းလမ်း မရှိတော့ပေ။

သို့သော် ယဲ့ဖန် အပ်စိုက်မကုသမီ တောအုပ်ထဲမှ ဆူညံသော အသံနက်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ချက်ချင်းပင် လျင်မြန်စွာ ပြေးလာသော ခွာသံကို ကြားလိုက်ရသည်။

စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်အားလုံး၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားကြသည်။

တောဝက် ရောက်လာပြီ။

အိမ်၌ မိုးယိုပေါက်ရှိနေစဉ် တစ်ညလုံး မိုးရွာလာသည့်အဖြစ် ဖြစ်သည်။

ဤသည်မှာ ယဲ့ဖန်တို့၏ လက်ရှိအခြေအနေ ဖြစ်နေသည်။

လန်ရှင်းယွီ၏ အခြေအနေမှာ အန္တရာယ်ရှိနေပြီ ဖြစ်သော်လည်း တောဝက်တစ်ကောင် ရောက်လာခဲ့သည်။

ယဲ့ဖန်သည် ဆုံးဖြတ်ချက်ကို အလျင်အမြန်ချလိုက်သည်။ အိတ်ကပ်ထဲမှ လင်ဇီးခြောက်ကို ထုတ်ယူကာ လန်ရှင်းယွီ၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ထို့နောက် သူ့ဘေးနားရှိ စူးစမ်းရှာဖွေရေးအဖွဲ့ကို အမိန့်ပေးသည်။

" သူမကို ကာကွယ်ထား "

ထို့နောက် ယဲ့ဖန်သည် ဖိနပ်ထဲမှ ဓားမြှောင်တစ်ချောင်းကို ထုတ်ကာ တောဝက်အူသံအတိုင်း လျှောက်သွားသည်။

" ယဲ့လူကြီးမင်း ...... "

စူးစမ်းရှာဖွေရေး အဖွဲ့ဝင်များသည် ယဲ့ဖန်၏ လုပ်ရပ်ကို မြင်ပြီး ထိတ်လန့်သွားသည်။

သူတို့၏ ထင်မြင်ချက်အရ တောဝက်အား တိုက်ရန် လက်ဗလာဖြင့် ပြေးသွားသည်မှာ သူ့ကိုယ်သူ သတ်သေခြင်းနှင့် တူသည်။

သူတို့ ဘာမှပြန်မပြောနိုင်ခင်မှာပင် တောဝက်ကြီးသည် တောအုပ်ထဲမှ ပြေးထွက်လာနေပြီ ဖြစ်သည်။

" ဂွတ် ဂွတ် ........ "

တောဝက်၏ ခန္ဓာကိုယ်ကြီးသည် အနက်ရောင်ဖြစ်ပြီး အလွန်သန်မာပုံရသည်။

အနည်းဆုံးအနေဖြင့် ပေါင်၃၀၀ကျော် အလေးချိန်ရှိနိုင်သည်။

အစွယ်နှစ်ချောင်းသည်လည်း အလွန်ကြောက်စရာကောင်းလှသည်။

စူးစမ်းရှာဖွေရေး အဖွဲ့၀င်များသည် မကြာခဏ ရှာဖွေရေးထွက်ဖူးသော်လည်း ဤသို့သော မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။

သူတို့ခြေထောက်များ အားနည်းသွားကာ အလွန်ကြောက်လန့်နေကြသည်။

တောဝက်သည် အမြန်ပြေးထွက်လာပြီး တစ်စက္ကန့်အကြာမှာပင် ခုန်အုပ်သည်။

ယဲ့ဖန်သည် အရင်ဆုံး စနစ်မှ နက်နဲသော စကန်ဖတ်စစ်ဆေးခြင်း လုပ်ဆောင်ချက်ကို ဖွင့်လိုက်သည်။ မီတာတစ်ထောင်အတွင်း တောဝက်တစ်ကောင်သာ ရှိသည်ကို သိလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။

ထို့နောက် သူ၏ ဓားမြှောင်ကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် ရှေ့သို့ ပြေးသွားသည်။

တောဝက်သည် ပြေးလာသော ယဲ့ဖန်ကို မြင်ကာ ဦးတည်ချက်ပြောင်းပြီး ဒေါသတကြီးနှင့် ယဲ့ဖန်စီသို့ ပြေးလာသည်။

ယဲ့ဖန်သည် တောဝက်နှင့် တစ်မီတာလောက်သာ ကွာဝေးသောအခါ ရုတ်တရက် ဘေးသို့လှည့်သွားပြီး တစ်ချိန်တည်းမှာပင် ဓားမြှောင်ကို မြှောက်ကာ တောဝက်၏ နောက်ကျောကို ဓားဖြင့်ထိုးလိုက်သည်။

ချွမ်

ဓားမြှောင်သည် တောဝက်၏ အပ်နှင့်တူသော အမွေးထဲသို့ ထိုးသွင်းကာ သတ္တုချင်းတိုက်မိသံ ထွက်လာသည်။

တောထူထပ်သော နေရာရှိ သစ်ပင်များသည် သစ်ရည်များ စွန့်ထုတ်ကြရာ တောဝက်များသည် သူတို့၏ ခန္ဓာကိုယ်အား ထိုသစ်ရည်များ ပွတ်လိမ်းကြသည်။ ထိုအရည်များ ခိုင်ခံ့လာပြီးနောက် အလွန်ခိုင်မာသော အကောင်းဆုံး ချပ်ဝတ်တန်ဆာ ဖြစ်လာသည်။

ရှေးဆိုရိုးစကားအတိုင်း ပထမမှာဝက်၊ ဒုတိယမှာဝက်ဝံနှင့် တတိယမှာကျား ဖြစ်လေသည်။

ဝါရင့်မုဆိုးများစွာ၏ အမြင်၌ တောဝက်များသည် ဝက်ဝံနှင့် ကျားများထက်ပင် ပို၍ပင် ကြောက်စရာကောင်းသည်။

ဝက်ဝံနှင့်ကျားတို့မှာ ထိုးစစ်အားကောင်းသော်လည်း ခံစစ်အားမှာ အလွန်အားနည်းသည်။ သို့သော် တောဝက်များမှာ ချို့ယွင်းချက် မရှိသလောက် ဖြစ်သည်။

တောဝက်များ၏ တိုက်ခိုက်မှုစွမ်းအားသည် အလွန်အားကောင်းသည့်အပြင် ခုခံနိုင်စွမ်းမှာလည်း မိုးလောက်မြင့်သောအဆင့်တွင် ရှိနေသည်။

" အွတ် အွတ် အိုး ...... "

တောဝက်သည် ပထမဆုံးအကြိမ် ပစ်မှတ်ကို လွဲချော်ခဲ့ပြီး ယဲ့ဖန်ကို ထပ်မံတိုက်ခိုက်ခဲ့သည်။

နှစ်ဖက်ကြားအကွာအဝေးသည် အလွန်နီးကပ်လာပြီး တောဝက်၏အရှိန်သည် အလွန်လျင်မြန်သောကြောင့် မျက်စိတစ်မှိတ်အတွင်း ယဲ့ဖန်အရှေ့သို့ ရောက်ရှိလာသည်။

တောဝက်သည် လျင်မြန်ပါသော်လည်း ယဲ့ဖန်၏ တုံ့ပြန်မှုမှာ ပိုမြန်ပြီး ဘေးဘက်ကို ရှောင်ထွက်ကာ ဓားမြှောင်နှင့် ထိုးလိုက်ပြန်သည်။

သို့သော် ယခုတစ်ကြိမ်သည်လည်း ယခင်အကြိမ်ကဲ့သို့ပင် တောဝက်အား ထိခိုက်မှုတစ်စုံတစ်ရာ မရှိခဲ့ပေ။

အကြိမ်ရေအနည်းငယ်ကြာပြီးနောက် တောဝက်သည် မောဟိုက်စပြုလာသည်။

ယဲ့ဖန်သည် နေရာ၌သာ ရပ်နေပြီး တောဝက်မှ သူ့အပေါ် ခုန်အုပ်လာမည်ကို စောင့်နေသည်။

သို့သော် ဤတစ်ကြိမ်၌ တောဝက်ကြီးသည် သင်ခန်းစာရပြီး ယဲ့ဖန်အား မတိုက်ခိုက်တော့ပေ။

All Chapters