← Chapters

ဘယ်လိုတောင် ရူးတဲ့မိန်းမလဲ

Vol. 72 Ch. 1427

ဘယ်လိုတောင် ရူးတဲ့မိန်းမလဲ

Vol. 72 Ch. 1427

" ကိုယ်က ဖြေဆေးသွားရှာတာ။ ရတနာသွားရှာတာမှ မဟုတ်တာ "

ယဲ့ဖန်သည် လန်ရှင်းယွီအရှေ့သို့ လျှောက်သွားပြီး သူမ၏ အခြေအနေကို စစ်ဆေးသည်။

အချိန်ခဏကြာပြီးနောက် သူမ၏ ခြေသလုံးရှိ အဆိပ်သင့်ဒဏ်ရာသည် အလွန်သက်သာလာပြီး သူမ၏ အသားအရေမှာလည်း ယခင်ကထက် များစွာ ကောင်းမွန်လာခဲ့သည်။

ယဲ့ဖန်သည် အဆိပ် လုံး၀ကုန်သွားအထိ အချိန်အတော်ကြာ စောင့်ပေးသည်။

ထို့နောက် ပါးစပ်ထဲသို့ ခူးလာသော ဆေးရွက် အနည်းငယ်ကို ထည့်ကာ ဝါးလိုက်သည်။

ခြေသလုံးကို ထိုဆေးများ လိမ်းပေးပြီး ပိတ်စနှင့် ပတ်သည်။

နောက်ဆုံး၌ ယဲ့ဖန်သည် အိတ်ကပ်ထဲမှ ကြွေပုလင်းကို ထုတ်ကာ ဆေးတစ်လုံးကို ခါထုတ်လိုက်သည်။

ဤသည်မှာ ကျန်းကောပြည်နယ်သို့ မလာခင် သူကိုယ်တိုင် ကြိုချက်ထားသည့် အဆိပ်ဖြေဆေးဖြစ်သည်။

သူသည် ရှန်းဘုရင်၏ လျှို့ဝှက်ရတနာကိုရှာဖွေရန် ဤပြည်နယ်သို့လာသည်ဖြစ်သောကြောင့် တောင်နက်ကြီးများနှင့် သစ်တောများအား ရှောင်လွှဲ၍ မရနိုင်ပေ။

ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရန် ဆေးဝါးတချို့ ပြင်ဆင်ထားခြင်းမှာ လိုအပ်လေသည်။

မကြာခင်မှာပင် အသုံးဝင်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ယဲ့ဖန်သည် လန်ရှင်းယွီ၏ ပါးစပ်ကို ဖွင့်ပြီး ဆေးလုံးကို ပစ်ထည့်လိုက်သည်။

ထို့နောက် သက်ပြင်းတစ်ချက်ချကာ သူမဘေးတွင် ဝင်ထိုင်လိုက်သည်။

ကျူးရှောင်ကျောင်းသည် လမ်းလျှောက်လာပြီး ရေတစ်ပုလင်း ပေးလိုက်သည်။

ထို့နောက် သူမသည် ယဲ့ဖန်ကို မေးခဲ့သည်။

" အစ်မလန်၊ အဆင်ပြေရဲ့လား "

" အတတ်နိုင်ဆုံးကြိုးစားပြီး ကံကြမ္မာကို ပုံအပ်ထားရအောင်။ အဲ့တာပဲ ကိုယ်တို့ လုပ်နိုင်တော့တယ် "

ယဲ့ဖန်သည် ရေကိုယူကာ သောက်လိုက်ပြီး သူ့ခန္ဓာကိုယ်တွင်းရှိ အပူအချို့ကို ဖယ်ရှားလိုက်သည်။

စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များသည် ခေါင်းဆောင်လန်ကို စိုးရိမ်တကြီးကြည့်နေကြသည်။

အခု သူတို့လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ သူမ နိုးလာသည်ကို စောင့်နေရန်ဖြစ်သည်။

အချိန်မှာ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

လန်ရှင်းယွီသည် နေ့လယ်နှစ်နာရီခန့်လောက်၌ အနည်းငယ် လှုပ်ရှားလာသည်။

" အစ်မလန်၊ နောက်ဆုံးတော့ နိုးလာပြီလား "

ကျူးရှောင်ကျောင်းသည် သူမ၏ ဘေးနားတွင် ရပ်နေသောကြောင့် ချက်ချင်း သတိပြုမိလိုက်သည်။

စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များသည်လည်း ဘေးတွင် ဝိုင်းဖွဲ့လာကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။

လန်ရှင်းယွီ ထိုင်ရန် အတော်လေး ကြိုးစားလိုက်ရသည်။

သူမ ခြေသလုံးပေါ်ရှိ ပတ်တီးကို ကြည့်ပြီးနောက် လူအုပ်ထဲရှိ ယဲ့ဖန်ကို အမြန်ရှာလိုက်သည်။

" ကျေးဇူးတင်ပါတယ် "

ယဲ့ဖန်သည် သူမအသက်ကို ကယ်တင်သူဖြစ်ကြောင်း သူမ သိသည်။

သို့သော် လန်ရှင်းယွီသည် စကားအပြောအဆို သိပ်မကောင်းလှပေ။

သူမသည် အလွန်ကျေးဇူးတင်နေပါသော်လည်း ထိုကျေးဇူးတင်စကားများကို သူမ မပြောနိုင်ပေ။

ယဲ့ဖန်သည် ပေါ့ပါးစွာပင် ခေါင်းညိတ်လိုက်သည်။

သူမ၏ မျက်နှာအနေအထားအရ နေထိုင်၍ အဆင်မပြေသည်ကို ပြောနိုင်သဖြင့် ယဲ့ဖန် အကြံပေးသည်။

" ဒီတစ်ခေါက် ရှာဖွေရေးတာဝန် ရပ်သင့်တယ်လို့ ထင်တယ်။ ဒီကနေ ထွက်သွားပြီး ခေါင်းဆောင်ကို ဆေးရုံပို့သင့်တယ် "

တခြားသူများကလည်း ခေါင်းညိတ် သဘောတူသည်။

သို့သော် လန်ရှင်းယွီမှာတော့ ခေါင်းခါပြီး ကန့်ကွက်လေသည်။

" ငါတို့ ဦးတည်ချက်နဲ့က သိပ်မဝေးတော့ဘူး။ အခု ပြန်ဆုတ်လိုက်ရင် ငါတို့ခရီးက အလဟဿ မဖြစ်သွားဘူးလား။ ရပါတယ်။ ငါ ထိန်းထားနိုင်တယ် "

ယဲ့ဖန် စကားမပြောနိုင် ဖြစ်သွားရသည်။

" ရှာဖွေရေးတာဝန်က အချိန်မရွေးပြန်လုပ်နိုင်တယ်။ ခင်ဗျား အသက်ဆုံးရှုံးသွားရင် နောက်ထပ်အခွင့်အရေးရှိမှာ မဟုတ်ဘူး "

" ကျွန်မ နေလို့ကောင်းနေပါပြီ။ ဆက်သွားကြရအောင် "

လန်ရှင်းယွီသည် စူးစမ်းရှာဖွေရေးအဖွဲ့ဝင်နှစ်ဦး၏ အကူအညီဖြင့် မတ်တပ်ထရပ်လိုက်သည်။

သူမသည် အားနည်းနေသေးသော်လည်း အဆိပ်ဒဏ်သင့်ခံနေရသည့်အချိန်ထက် ပို၍ နေလို့ကောင်းသည်။

ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းယမ်းလိုက်သည်။

" ဘယ်လိုတောင် ရူးသွပ်တဲ့မိန်းမလဲ "

လန်ရှင်းယွီသည် ယဲ့ဖန်၏ လှောင်ပြောင်မှုကို ကြားလိုက်ရပြီး သူမ၏မျက်နှာပေါ်တွင် မကျေနပ်သော အရိပ်အယောင်များ ပေါ်လာသည်။

သို့သော် သူမ၏အသက်ကို ကယ်ပေးခဲ့ခြင်း ကျေးဇူးကြောင့် သူမသည် ယဲ့ဖန်နှင့်ငြင်းခုံမနေဘဲ ပစ္စည်းကိရိယာများရွှေ့ရန် အဖွဲ့၀င်များကို စတင်ညွှန်ကြားခဲ့သည်။

ယဲ့ဖန်သည် ခေါင်းဆောင်လန်မှာ အလွန်ခေါင်းမာသည်ကို မြင်ပြီး ထပ်၍ နားမချတော့ပေ။

ကံကောင်းစွာဖြင့် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ရှင်းထုတ်နိုင်ခဲ့သည်။

သူမ၏ ခန္ဓာကိုယ်သည် အလွန်အားနည်းနေသေးသော်လည်း အသက်အန္တရာယ်မှာ မရှိတော့ပေ။

ရှာဖွေရေးအုပ်စုသည် သူတို့၏ ပစ္စည်းများကို ထုပ်ပိုးပြီး သတ္တုတွင်း ဦးတည်ရာဆီသို့ ဆက်လက် ချီတက်ခဲ့ကြသည်။

လန်ရှင်းယွီ ပြောခဲ့သည့်အတိုင်း နှစ်ကီလိုမီတာခန့် လမ်းလျှောက်ပြီး နောက်ဆုံး၌ သူတို့သွားလိုရာသို့ ရောက်ရှိခဲ့ကြသည်။

ခေါင်းဆောင်လန်သည် သစ်ပင်တစ်ပင်ကို မှီကာ ကိရိယာများတပ်ဆင်ရန်နှင့် တူးဖော်ရေးအတွက် အပေါက်များ ပြင်ဆင်ရန် သူမ၏အဖွဲ့၀င်များကို ညွှန်ကြားနေသည်။

ယဲ့ဖန်သည် စနစ်၏ အတွင်းကျနက်နဲသော စကန်ဖတ်စစ်ဆေးခြင်း လုပ်ဆောင်ချက်ကို စတင်ခဲ့သည်။

မီတာတစ်ထောင်အတွင်းမှ အချက်အလက်များ အားလုံးမှာ သူ့အရှေ့တွင် ပြသလာသည်။

အချက်အလက်များကို ဖတ်ပြီးသည့်နောက် ယဲ့ဖန် မတတ်နိုင်ဘဲ ခေါင်းခါသည်။

ယဲ့ဖန် လှည့်ပြီး လန်ရှင်းယွီစီသို့ လျှောက်သွားသည်။

" ခင်ဗျားရဲ့ အင်အားတွေကို မဖြုန်းတီးဖို့ အကြံပေးတယ်။ ဒီမှာ ငွေသတ္တုတွင်း မရှိဘူး "

" ကျွန်မတို့ စူးစမ်းမှုတောင် မစရသေးဘူး။ ရှင်က ဘယ်လိုလုပ်သိလဲ "

လန်ရှင်းယွီသည် အနည်းငယ် မျက်မှောင်ကြုတ်လျက် ပြန်မေးကာ ယဲ့ဖန်ကို မယုံကြည်သည်မှာ သိသာသည်။

" ကျွန်တော် ...... ဖုန်းရွှေလျှို့ဝှက်နည်းပညာတချို့ကို လေ့လာခဲ့ဖူးတယ်။ ပထဝီဝင်အနေအထားနဲ့ တည်နေရာ ဧရိယာရဲ့ ဘူမိဗေဒကို ဆုံးဖြတ်နိုင်တယ် ....... "

ယဲ့ဖန်သည် အဓိပ္ပာယ်မဲ့သော အကြောင်းပြချက်ကို ပြောသည်။

လန်ရှင်းယွီသည် ယဲ့ဖန်စကား မဆုံးခင်မှာပင် ဖြတ်၍ပြန်ပြောသည်။

" ကျွန်မက သိပ္ပံပညာကိုပဲ ယုံကြည်တယ်။ စိတ်ကူးယဉ်တာတွေ မသိဘူး "

" ခင်ဗျားပြောတာကို မကြိုက်ဘူး။ စိတ်ကူးယဉ်တယ်ဆိုတာ ဘာလဲ "

ယဲ့ဖန်သည် သူမနှင့် ဆက်လက် ငြင်းခုံချင်သော်လည်း လန်ရှင်းယွီသည် ယဲ့ဖန်ကို လျစ်လျူရှုကာ ထွက်သွားခဲ့သည်။

စူးစမ်းရှာဖွေရေးအဖွဲ့သည် အသုံးဝင်သောသတ္တုများကို ရှာဖွေရန် မြေမျက်နှာပြင်ပေါ်ရှိ လျှပ်စစ်သံလိုက်စက်ကွင်းကို အသုံးပြုသည့် ရှာဖွေရေးနည်းလမ်းကို အသုံးပြုခဲ့သည်။

ထိုလုပ်ငန်းစဉ်မှာ အလွန်မရှုပ်ထွေးသော်လည်း အလုပ်များသည်။

တိုင်းတာရေးကြိုးကို ဦးစွာထားရန် လိုအပ်ပြီး ဤအဆင့်တစ်ခုတည်းမှာပင် နာရီဝက်ကျော်ကြာမြင့်သည်။

နောက်တစ်ဆင့်မှာလည်း နာရီဝက်ခန့်ကြာလေသည့် တိုင်းတာရေးတိုင်များကို မြေကြီးထဲသို့ မြှုပ်နှံရန် ဖြစ်သည်။

ထို့နောက် မြေအောက်ထဲမှ ဓာတ်သတ္တုသွေးပြန်ကြောများ ဖြန့်ကျက်မှုကို စတင်စောင့်ကြည့်ခဲ့သည်။

" ဒီနေရာက ငွေသတ္တုရိုင်းတွင်းတွေက အရမ်းရှားပြီးတော့ တူးရခက်တယ်ဆိုတာ ပြောလိုက်မယ်။ ဒီမှာ တူးဖော်နေတာက တန်ဖိုးမရှိဘူး။ အချိန်တွေ ဖြုန်းနေတာပဲ "

ထိုအချိန်တွင် ယဲ့ဖန်သည် နောက်တစ်ကြိမ် လမ်းလျှောက်လာပြီး လန်ရှင်းယွီအား ရွဲ့စောင်းသော စကားအချို့ကို ပြောလိုက်သည်။

လန်ရှင်းယွီ မခံနိုင်တော့ဘဲ ချက်ချင်းပင် ယဲ့ဖန်ကို စိုက်ကြည့်နေသည်။

" ကျွန်မတို့ မလာခင် ဘာပြောခဲ့လဲ။ ကျွန်မအမိန့်ကို နားထောင်ရမယ်။ ကူညီချင်ရင် တိုင်တွေစိုက်တာကူ၊ မကူညီချင်ရင် အထဲမှာသွားနားနေလိုက်။ ကျွန်မတို့အလုပ်ကို မနှောင့်ယှက်နဲ့ "

" ကောင်းပြီ၊ ခင်ဗျားတို့တွေ လုပ်ချင်တာ လုပ်နိုင်တယ်။ တခြားနေရာကို သွားမယ် "

ခေါင်းဆောင်လန်သည် သူ့စကား နားမထောင်သည်ကို မြင်ပြီး ယဲ့ဖန်သည် သူမအတွက် လေကုန်မခံတော့ဘဲ ကျူးရှောင်ကျောင်းကို ခေါ်ပြီး ချက်ချင်း တောနက်ထဲကို လျှောက်သွားသည်။

" အဝေးကြီး မသွားနဲ့။ ဒီတောထဲမှာ အန္တရာယ်တွေရှိတယ် "

လန်ရှင်းယွီသည် သူတို့အား စိတ်ပူပြီး အမြန်သတိပေးသည်။

" ခင်ဗျား ကိုယ့်ကိစ္စကိုပဲ လုပ်ပါ။ အဆိပ်ပြင်းတဲ့မြွေ အကိုက်ခံရတာ ဘယ်သူလဲ။ ကျွန်တော့်ကို ကယ်ပေးဖို့ လူမလိုဘူးလို့ ထင်တာပဲ "

ယဲ့ဖန် ခေါင်းမလှည့်ဘဲ လှောင်ပြောင်လိုက်သည်။

လန်ရှင်းယွီ ဒေါသထွက်ပြီး ပြန်ပြောချင်၍ သွားများပင် ယားယံလာသည်အထိ ကူကယ်ရာမဲ့ဖြစ်နေသည်။

ထိုသူဌေးသည် သူမအသက်ကို ကယ်တင်ပေးခဲ့သည်။

ထို့ကြောင့် ကျေးဇူးကြွေးကို ရှေးရှုကို လျစ်လျူရှုလိုက်တော့သည်။

ဤသစ်တောကြီးသည် အများသောအားဖြင့် စွန့်ပစ်ထားသော်လည်း သစ်တော၏ ထူးခြားလှပသော ရှုခင်းများစွာ ရှိသည်။

ကျူးရှောင်ကျောင်းသည် အလွန်ပျော်နေသည်။

သူမသည် ရံဖန်ရံခါ ဆယ်လ်ဖီရိုက်နေပြီး သစ်ပင်ပေါ်တွင်လည်း 'ငါ ဒီကိုရောက်ခဲ့တယ်'ဟု ရေးထိုးနေခဲ့သည်။

ယဲ့ဖန်သည် သူမကဲ့သို့ပင် အပူပင်ကင်းစွာမနေဘဲ စနစ်၏ စကန်ဖတ်စစ်ဆေးခြင်းဖြင့် ဤသစ်တောကြီးတွင် အဖိုးတန်အရာများ ရှိမရှိကို စစ်ဆေးနေခဲ့သည်။

သို့သော် နောက်ဆုံး၌ ယဲ့ဖန် စိတ်ပျက်သွားရသည်။

လမ်းတစ်လျှောက်တွင် နှစ်ပေါင်းရာနှင့်ချီ၍ သက်တမ်းရှိသော သစ်ပင် အများအပြားကိုသာ မြင်တွေ့ခဲ့ရသည်။

ဆေးဖက်ဝင် အပင်မျိုးစုံကိုလည်း တွေ့လေသည်။

ထို့အပြင် တောယုန်များ၊ ငှက်များနှင့် တောဝက်များကိုလည်း မြင်ရသည်။

သို့သော် အဖိုးတန်သည့်အရာကို ယဲ့ဖန် မမြင်ခဲ့ပေ။

ငွေရိုင်းတွင်း မပြောနှင့်၊ ရေပင် မရှိသလောက်ရှားသည်။

နောက်ဆုံး၌ ဟင်းသီးဟင်းရွက်အချို့ ခူးပြီးနောက် ကျူးရှောင်ကျောင်းနှင့်အတူ ပြန်လာခဲ့သည်။

သူတို့သွားခဲ့သည်မှာ တစ်နာရီကြာရှိပြီ ဖြစ်သည်။

လန်ရှင်းယွီနှင့် အခြားသူများသည် စစ်ဆေးမှု ပြီးသွားလောက်ပေလိမ့်မည်။

မျှော်လင့်ထားသည့်အတိုင်း သူတို့နှစ်ဦး ပြန်လာသောအခါ လန်ရှင်းယွီနှင့် အခြားသူများသည် ညှိုးငယ်စွာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။

All Chapters