← Chapters

သူမှန်းတာ တကယ်ပဲ မှန်နေတာလား

Vol. 72 Ch. 1428

သူမှန်းတာ တကယ်ပဲ မှန်နေတာလား

Vol. 72 Ch. 1428

" လေ့လာတာ ဘယ်လိုလဲ။ ငွေတွင်း ရှာတွေ့လား "

ယဲ့ဖန်သည် အဖြေကိုသိသော်လည်း မေးလိုက်ကာ သူ့မျက်နှာပေါ်၌ လှောင်ပြုံးရှိနေသည်။

" ဒီမှာ ငွေတွင်းမရှိဘူးဆိုတာ ဘယ်လိုလုပ် သိတာလဲ "

လန်ရှင်းယွီသည် ရုတ်တရက် သူ့ကို သိချင်စိတ်ပြင်းစွာဖြင့် ကြည့်လိုက်သည်။

" ခုနက ပြောလိုက်တယ် မဟုတ်လား။ ကျွန်တော် ဖုန်းရွှေ (နေရာအထားအသို) လျှို့ဝှက်ပညာရပ်ကို သင်ဖူးတယ်ဆိုတဲ့ အကြောင်း "

" ကျွန်မ ရှင့်ကို နောက်နေတာ မဟုတ်ဘူး။ အတည် အလေးအနက်ထားပြီး မေးနေတာ "

လန်ရှင်းယွီသည် ယဲ့ဖန် နောက်ပြောင်နေသေးသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။

" ခင်ဗျား ကျွန်တော့်ကို မယုံရင်လည်း မေ့လိုက် "

ယဲ့ဖန် ဆက်လက်ရှင်းပြမနေပေ။

အဓိကအကြောင်းအရင်းမှာ ဤသည်ကို ရှင်းပြရန် နည်းလမ်းမရှိသောကြောင့်ဖြစ်သည်။

စနစ်ကပေးတဲ့ စကန်ဖတ်စစ်ဆေးတာကြောင့်လို့ ပြောလို့မရဘူး ဟုတ်တယ်မလား။

ကျူးရှောင်ကျောင်း လျှောက်လာသည်။

" အစ်မလန်၊ တကယ် ငွေသတ္တုရိုင်းတွေကို ရှာမတွေ့ဘူးလား "

လန်ရှင်းယွီ သက်ပြင်းရှည်ထုတ်လိုက်သည်။

" ရှာတွေ့ခဲ့တယ်။ ဒါပေမယ့် ပမာဏက အရမ်းမကြီးမားဘူး။ စုစုပေါင်းတန်ဖိုးက ယွမ်သန်းအနည်းငယ်လောက်ပဲ တန်တာ။ နောက်ပြီးတော့ သတ္တုတူးဖော်ရေးလုပ်ရင် အခက်အခဲဘအရမ်းများတယ်။ ဒီလောက်လေးနဲ့ သတ္တုတူးဖော်ရေးအတွက် ဘာတန်ဖိုးမှ မရှိဘူး "

" ဒါဆို ယဲ့ဖန် ခန့်မှန်းတာ မှန်နေတာလား "

ကျူးရှောင်ကျောင်းသည် ခေါင်းဆောင်လန်၏ ရှင်းပြချက်ကို ကြားပြီးနောက် အံ့သြသွားသည်။

ယဲ့ဖန်သည် မထင်မှတ်ထားသော စွမ်းရည်များကို အမြဲပြသနိုင်သည်။

ကိုယ်ခံပညာ၊ ဆေးဝါးကျွမ်းကျင်မှု၊ လောင်းကစားကျွမ်းကျင်မှုနှင့် အကဲဖြတ်ခြင်းစသည့်အရာအားလုံးသည် အထူးကျွမ်းကျင်အရည်အချင်းများ ဖြစ်ပါသော်လည်း သတ္တုသွေးကြော ရှာဖွေရာတွင်လည်း တိကျလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

ဒါက တကယ် အံ့သြစရာပဲ။

" မင်းပြောတာကို ကိုယ် မကြိုက်ဘူး။ ဘာကို ခန့်မှန်းကြည့်တာလဲ။ ကိုယ့်မှာ အထူးရှာဖွေရေးနည်းလမ်းတစ်ခု ရှိတာ၊ ဟုတ်ပြီလား "

ယဲ့ဖန်သည် သူမ၏ စကားလုံးရွေးချယ်မှုသည် မသင့်လျော်သည်ဟု ခံစားမိပြီး ချက်ချင်းပင် ကန့်ကွက်လိုက်သည်။

" ရှင် ကျွန်မကို စနောက်နေတာ ရပ်ပေးနိုင်မလား။ ဘယ်လို ရှာဖွေရေးနည်းလမ်း သုံးခဲ့လဲဆိုတာ ကျွန်မတို့ကို ပြောပြပေးနိုင်ရင် ကောင်းမယ် "

လန်ရှင်းယွီသည် ယဲ့ဖန်၏ ရှာဖွေရေးနည်းလမ်းကို အလွန်သိချင်သောကြောင့် သူမ ထပ်မေးလိုက်သည်။

စူးစမ်းရှာဖွေရေးအဖွဲ့၏ အခြားအဖွဲ့ဝင်များသည်လည်း ယဲ့ဖန်အား စိုက်ကြည့်နေကြသည်။

အကယ်၍ သူတို့သည် သာမန်မျက်စိဖြင့်ပင် စစ်ဆေးနိုင်သောနည်းလမ်းအား အမှန်တကယ် လေ့လာနိုင်ခဲ့လျှင် သူတို့၏ အနာဂတ် စူးစမ်းရှာဖွေရေးလုပ်ငန်းအတွက် များစွာ အထောက်အကူ ဖြစ်ပေလိမ့်မည်။

" တကယ်သိချင်တာလား "

ယဲ့ဖန်၏ မျက်နှာပေါ်တွင် စိတ်အနှောင့်အယှက်ဖြစ်စေသော အပြုံးတစ်ခုရှိသည်။

" ဟုတ်တယ် "

လန်ရှင်းယွီ လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

" ဒါဆို ကျွန်တော် ခင်ဗျားကို အမှန်အတိုင်းပြောမယ် "

ယဲ့ဖန် နှစ်ကြိမ် ချောင်းဟန့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

" တကယ်တော့ ကျွန်တော့်မှာ မီတာတစ်ထောင်အတွင်း ဘာကိုမဆို ထောက်လှမ်းနိုင်တဲ့ စကန်ဖတ်စနစ်တစ်ခု ရှိတယ် "

" ရှင်ရဲ့စနစ်က ဘယ်မှာလဲ "

လန်ရှင်းယွီသည် ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ်၌ စကန်ဖတ်စစ်ဆေးနိုင်သည့် မည်သည့်ကိရိယာကိုမျှ မတွေ့ရပေ။

" အဲ့တာ ကျွန်တော့်ခေါင်းထဲမှာ "

ယဲ့ဖန်သည် သူ့ခေါင်းကို ညွှန်ပြပြီး သူ့သဘောထားမှာ အလွန်ရိုးသားလေသညခ။

သို့သော်လည်း လန်ရှင်းယွီနှင့် စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များသည် သူတို့ကို အရူးလုပ်နေသည်ဟု ခံစားခဲ့ရသည်။

" ဒါက စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်နေတာလား။ ကျွန်မတို့ကို မပြောချင်ရင်တောင် လှည့်စားဖို့ မလိုဘူးမဟုတ်လား "

လန်ရှင်းယွီ ဒေါသထွက်သွားသည်။

သူမ၏ ဉာဏ်ရည်ဉာဏ်သွေးကို စော်ကားခံရသည်ဟု သူမ ခံစားမိသည်။

" အမှန်တိုင်းပြောနေတာ မယုံရင်လည်း ထားလိုက် "

ယဲ့ဖန် ကူကယ်ရာမဲ့စွာ ပုခုံးတွန့်လိုက်သည်။

သူ အမှန်တိုင်းပြောလျှင်ပင် ဘယ်သူမှ သူ့ကို ယုံမည်မဟုတ်ချေ။

" ငါ နင့်ကို ယုံတယ် "

ကျူးရှောင်ကျောင်း ရုတ်တရက် လက်ကိုမြှောက်လိုက်သည်။

" ဒီတစ်ယောက် မူမမှန်တာကြာလို့ သံသယဖြစ်နေတာ။ သူ့ခေါင်းထဲမှာ ဘာမှန်းမသိတဲ့ တစ်ခုခုရှိနေတယ်ဆိုတော့ သူ့ဦးခေါင်းကိုဖွင့်ပြီး အတွင်းထဲမှာ ဘာတွေ ထူးဆန်းနေလဲကို လေ့လာသင့်တယ် "

ထိုသို့ပြောပြီးနောက် သူမသည် မြေပြင်မှ တူတစ်ချောင်းကို ကောက်ကိုင်ကာ ယဲ့ဖန်စီသို့ မကောင်းသော ရည်ရွယ်ချက်ဖြင့် လျှောက်လာခဲ့သည်။

သို့သော် သူမ ဘာမှမလုပ်နိုင်ခင်မှာပင် သူမလက်ထဲမှ တူကို ယဲ့ဖန်မှ လုယူသွားပြီး သူမနဖူးကို လက်ညှိုးနှင့် ခေါက်လိုက်သည်။

" ကိုယ့်ခေါင်းကို ခေါက်ချင်သေးတာလား။ မင်းအရင် ခေါင်းခေါက်ခံရမယ် "

" အိုက်ယား၊ နင်ငါ့ကို ထပ်ရိုက်ရဲလား။ ငါ ပြန်လုပ်မှာ "

" အိုး၊ မင်းက တော်တော်ကို ပုန်ကန်နေတာပဲ။ ဒီနေ့ ကိုယ် မင်းကို သင်ခန်းစာမပေးရင် ကိုယ် ယဲ့ဖန် မဟုတ်တော့ဘူး "

" အား အစ်မလန် ကယ်ပါဦး ...... "

ထိုနှစ်ယောက်သည် သူတို့ဘေး၌ ဘယ်သူမှမရှိသလို ကစားနေကြသည်။

လန်ရှင်းယွီ၏ ခန္ဓာကိုယ်သည် အားနည်းနေပြီး သူမသည် သူတို့၏ ငြင်းခုံမှုကြောင့် ခေါင်းကိုက်လာသည်။

သူမသည် အဖွဲ့သားများကို လက်ပြကာ ပြောလိုက်သည်။

" ပစ္စည်းတွေကို ထုပ်ပိုးပြီး အပြင်ထွက်ဖို့ပြင်ကြမယ် "

ဤစူးစမ်းရှာဖွေရေးတာဝန်သည် အကျိုးမဲ့သွားခဲ့သည်။

သို့သော် သူတို့သည် ဤအဖြစ်ကို ကျင့်သားရနေပြီ ဖြစ်သည်။

သတ္တုသွေးပြန်ကြောများကို ရှာဖွေခြင်းသည် ရတနာရှာဖွေခြင်းကဲ့သို့ပင် ဖြစ်သည်။

ရှုံးနိမ့်မှုသည် သာမာန်ဖြစ်သော်လည်း အောင်မြင်မှုမှာ ရှားလှသည်။

ရှာဖွေရေးကိရိယာများကို ထုပ်ပိုးရန် နောက်ထပ် တစ်နာရီခန့် ကြာမြင့်သည်။

ထိုအခါ ညနေငါးနာရီထိုးနေပြီ ဖြစ်ရာ နေဝင်နေပြီ ဖြစ်သည်။

လန်ရှင်းယွီသည် တောထဲရှိ နေရောင်၏ အလင်းရောင်ကို ကြည့်ပြီး သက်ပြင်းချသည်။

" ငါတို့ ဒီနေ့ထွက်သွားလို့ မရဘူး ထင်တယ်။ ညအိပ်ဖို့နေရာရှာရအောင် "

စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များသည် ဤကဲ့သို့သောဘဝမျိုးကို ကျင့်သားရနေကြပြီး မည်သည့်ကန့်ကွက်မှုကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

တစ်ဖက်တွင် ကျူးရှောင်ကျောင်းသည် အလွန်စိတ်လှုပ်ရှားနေသည်။

ကောင်းကင်ကြီးသည် သူမ၏စောင်ဖြစ်ကာ မြေပြင်ကို အိပ်ရာအဖြစ်ထားသည့် ဤသို့အချိန်မျိုးကို သူမ အမြဲတမ်းတခဲ့ရသည်။

ယခင်က သူမ၏မိသားစုသည် အမြဲတစ္ဆေ အနီးကပ်စောင့်ကြည့်နေရာ ဤသို့အခွင့်အရေးမျိုး တစ်ခါမှ မရဖူးပေ။

ယခုအခါ သူမသည် နောက်ဆုံး၌ သူမလိုချင်သော အခြေအနေကို တွေ့ကြုံခံစားခွင့်ရခဲ့သည်။

စူးစမ်းရှာဖွေရေးအဖွဲ့သည် စခန်းချရန်အတွက် သင့်လျော်သောနေရာလွတ်တစ်ခုကို အမြန်ရှာဖွေတွေ့ရှိခဲ့သည်။

ဤကွင်းပြင်နေရာသည် အလွန်ကျယ်ဝန်းပြီး အမှောင်ဖုံးသည့်နေရာ အလွန်နည်းသောကြောင့် တောရိုင်းတိရစ္ဆာန်များကို လျင်မြန်စွာ ရှာတွေ့နိုင်သည်။

ထို့အပြင် တောင်ပေါ်မှ စီးဆင်းလာသော ချောင်းတစ်စင်းလည်း ရှိသဖြင့် ရေပြဿနာကို ဖြေရှင်းပြီးသားဖြစ်သည်။

အခြားအဖွဲ့သားများသည် တဲများတည်ဆောက်ရန် တာဝန်ရှိပြီး ယဲ့ဖန်သည် တောဝက်ကြီးကို ပြန်လည်သယ်ဆောင်ရန် ရှာဖွေရေးအဖွဲ့ဝင်နှစ်ဦးကို ခေါ်ဆောင်သွားခဲ့သည်။

တောဝက်၏ အသားအရည်အသွေးသည် အိမ်မွေးဝက်များထက် အဆပေါင်းများစွာ နိမ့်ကျသော်လည်း အရသာမှာ ဖိသိပ်ထားသော ဘီစကွတ်များထက် သာလွန်သည်။

အလုပ်များစွာလုပ်ပြီး နောက်ဆုံး မိုးမချုပ်ခင် တဲကြီးနှစ်လုံး ဆောက်လိုက်သည်။

ထို့နောက် ထမင်းချက်ရန် ရေကို ယူလာကြသည်။

အဖွဲ့၀င်အနည်းငယ်၏ အကူအညီဖြင့် ယဲ့ဖန်သည် တောဝက်ကြီးကို ခုတ်သတ်ခဲ့သည်။

ဤတောဝက်၏အရေသည် တကယ်ပင် ထူထဲလှသည်။

ယဲ့ဖန်၏ ကာယကြံ့ခိုင်မှုမှာ သာလွန်ကောင်းမွန်သော်လည်း ပင်ပန်းနွမ်းနယ်မှုကြောင့် ချွေးသီးများ ထွက်လယသည်။

ကံကောင်းစွာနှင့် တောဝက်ခုတ်ထစ်မှုမှာ ပြီးသွားခဲ့သည်။

ထို့နောက် အသားတုံးများကို အကိုင်းအခက်များပေါ်တွင် ချည်ပြီး အသားကင်လုပ်ရန် မီးမွှေးထားသည်။

ဝက်ဆီတွေ မီးမြှိုက်သွားပြီး မွှေးရနံ့မှာ နှာခေါင်းထဲကို စိမ့်ဝင်လာသည်။

စူးစမ်းရှာဖွေရေးအဖွဲ့ဝင်များသည် မီးဖိုဘေး ထိုင်ကာ စကားပြောလျက် ရယ်မောကြသည်။

" ယဲ့လူကြီးမင်း ဘာလို့ လူတိုင်းအတွက် မဖျော်ဖြေပေးတာလဲ "

စူးစမ်စရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် ရုတ်တရက် အကြံပြုလာသည်။

အခြားအဖွဲ့သားများကလည်း ရွှင်လန်းစပြုလာကြသည်။

တစ်ရက်ကြာ အပြန်အလှန် ပြောဆိုပြီးနောက် သူဌေးကြီး ယဲ့ဖန်သည် မျက်စိစုံမှိတ် အမိန့်မပေးသောကြောင့် လူတိုင်း၏မျက်နှာသာကို ရရှိခဲ့သည်။

ထို့အပြင် တောဝက်ကြီးကို လက်ဗလာဖြင့် သတ်ခဲ့ပြီး လူတိုင်း၏အသက်ကို ကယ်တင်ခဲ့သည်။

ထို့ကြောင့် လူတိုင်းသည် သူ့ကို လက်ခံပြီးသားဖြစ်သည်။

" သီချင်းမဆိုတတ်ဘူး "

ယဲ့ဖန်သည် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

သူသည် တောဝက် သို့မဟုတ် ကျားများကိုပင် သတ်နိုင်သည်။

သို့သော် သီဆိုဖျော်ဖြေပေးရန်မှာ သူ့အတွက် အနည်းငယ် ခက်ခဲသည်။

သို့သော် စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များသည် ဂရုမစိုက်ဘဲ သူ့ကို တွန်းထုတ်ကြသည်။

ယဲ့ဖန်သည် နေရခက်နေကာ ထိုနေရာ၌သာ မတ်တပ်ရပ်ပြီး ရှက်ရွံ့စွာ ပြုံးနေသည်။

အဆုံး၌ ကျူးရှောင်ကျောင်းသည် သူ့ကို ကယ်တင်ခဲ့သည်။

" လမ်းတစ်လျှောက်မှာ ဂရုစိုက်ပေးခဲ့တဲ့ အားလုံးကို ကျေးဇူးတင်တဲ့အနေနဲ့ သီချင်းဆိုပေးမယ် "

" ဘာသီချင်းဆိုမှာလဲ "

ယဲ့ဖန်သည် တကယ်ပင် ဝါသနာမပါချေ။

သူ သီချင်းအနည်းငယ်ကိုသာ သိသည်။

" ငါက ဘာမဆို အဆင်ပြေတယ်။ နင် သီချင်းဆိုနိုင်တဲ့အပေါ်မှာပဲ မူတည်တာ "

ကျူးရှောင်ကျောင်းသည် ပုခုံးတွန့်လိုက်သည် ။

ယဲ့ဖန်သည် အတော်ကြာ တွေးပြီးနောက် သီချင်းတစ်ပုဒ်ကို တွေးမိသွားသည်။

"ဒါဆို 'ဆုံကြရအောင်'ဆိုတဲ့သီချင်း ဆိုရအောင် "

" ဘယ်လောက်တောင် ခေတ်နောက်ကျနေပြီလဲ "

ကျူးရှောင်ကျောင်း မကျေမနပ်ဖြစ်နေသော်လာည်း ခေါင်းညိတ် သဘောတူလိုက်သည်။

🎶" ဆယ့်ငါးရက်မြောက်နေ့မှာ လ ကောင်းကင်ပေါ်တက်ပြီ။ ဘာလို့များ တိမ်တွေ မရှိတာ ....... "🎶

သူမ သီချင်းဆိုသည်နှင့် အားလုံး၏ မျက်လုံးများ တောက်ပလာသည်။

သူမ၏ အသံသည် နူးညံ့သော်လည်း အသံမြင့်သည်။

သေချာသည်မှာ ပညာရှင်နယ်ပယ် သီဆိုပုံဖြစ်လေသည်။

All Chapters