ရွှေတွင်းရှာဖွေတွေ့ရှိခြင်း
Vol. 72 Ch. 1431
ယဲ့ဖန်တို့သည် စားသောက်နေကြစဉ် သူတို့အနောက်မှ မိုင်းတွင်းလုပ်သားအုပ်စု စကားပြောနေသည်ကို ကြားရသည်။
" လုကျင်းယာက တကယ် ရွံစရာကောင်းလွန်းတယ်။ လူအိုကြီးလောင်ကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားတာတောင် သူ့မိသားစုကို ယွမ် ၃သိန်းပဲ လျော်ကြေးပေးလိုက်တယ် "
" ဟုတ်တယ်၊ လူအိုကြီးလောင်က တကယ် သနားစရာကောင်းလွန်းတယ်။ သူ့မှာ အလောင်းတောင် ပြည့်စုံအောင် မရှိလိုက်ဘူး "
" သူတို့ကျေနပ်သင့်တယ်။ ယွမ်၃သိန်း လျော်ကြေးပေးတာတောင် တော်တော်လေး လုံလောက်နေပြီ ပြောရမယ်။ မင်းက ဒီကိုရောက်တာ နှစ်နှစ်ပဲ ရှိသေးတာဆိုတော့ မင်း မသိတာတွေ ရှိတယ်။ အရင်တုန်းက လုကျင်းယာက ဒီလိုမတော်တဆမှုမျိုး ဘယ်လိုဖြေရှင်းခဲ့လဲ သိလား "
" သူ ဘယ်လိုလုပ်လိုက်တာလဲ "
" လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က မိုင်းတွင်းပြိုကျပြီး လူ ဆယ်ယောက်မက သေခဲ့တယ်။ လုကျင်းယာက ဒီကိစ္စ ဖော်ထုတ်ခံရမှာ ကြောက်တော့ သေတဲ့လူတွေကို အခင်းဖြစ်တဲ့နေရာမှာတင် မြှုပ်ခိုင်းခဲ့တာ "
" ဒါဆို အဆုံးမှာ သူတို့ကို ဘယ်လို လျော်ကြေးပေးလိုက်တာလဲ "
" သူတို့မိသားစုဝင်တွေကို ပါးစပ်ပိတ်ဖို့ မိသားစုတစ်ခုစီကို ယွမ် ၅သောင်းစီပေးပြီး အလောင်းတွေကို ပြန်ယူဖို့တောင် ခွင့်မပြုဘူး "
" ငါးသောင်းပဲလား။ အဲ့ဒီလူတွေရဲ့ မိသားစုတွေကရော သဘောတူရဲ့လား "
" အစပိုင်းမှာတော့ သူတို့က သဘောမတူဘူး။ မိသားစုနှစ်စုက သူ့ကို တရားစွဲဖို့တောင် ခြိမ်းခြောက်သေးတယ်။ ဒါပေမယ့် လုကျင်းယာရဲ့ နောက်ခံက အရမ်းကြီးတော့ အဲ့ဒီမိသားစုနှစ်စု အတော်လေး သနားစရာကောင်းလောက်အောင် ခံလိုက်ရတာ။ နောက်ဆုံးကျ အဲ့ဒီကိစ္စကို အတည်မပြုနိုင်ခဲ့ဘူး "
" စောက်ချီး၊ လုကျင်းယာက တကယ် လူတောင်မဟုတ်ဘူးဘဲ "
" ဟူး၊ ငါတို့လည်း ဘာမှမလုပ်နိုင်ဘူး။ သူ့မှာ ခိုင်မာတဲ့ ကျောထောက်နောက်ခံရှိတယ်လေ "
" ရှူး၊ မင်းရဲ့အသံကို လျှော့လိုက်။ လုကျင်းယာမှာ လက်ပါးစေတွေ အများကြီးရှိတယ်။ မင်းပြောတာကို တခြားသူကို မကြားစေနဲ့ ....... "
မိုင်းလုပ်သားအုပ်စုသည် အကြိမ်အနည်းငယ် ကျိန်ဆဲပြီးနောက် ဆက်လက်စားသောက်နေခဲ့သည်။
ယဲ့ဖန်တို့ စူးစမ်းရှာဖွေရေးအဖွဲ့သည်လည်း သူတို့ပြောနေသော "လုကျင်းယာ"မှာ လူမဆန်သည်ကို ခံစားခဲ့ရသည်။
ထိုလူသည် လူ့အသက်ကိုပင် အလေးအနက်မထားပေ။
သို့သော် သူတို့သည် ဒေါသဖြစ်ရုံမျှသာ တတ်နိုင်သည်။
ဤသို့ကိစ္စမျိုးမှာ သူတို့ ထိန်းချုပ်နိုင်သည့်အရာ မဟုတ်ပေ။
ထမင်းစားပြီးနောက် ယဲ့ဖန်တို့သည် အလုပ်မစမီ ခဏတာ အနားယူခဲ့ကြသည်။
သူတို့သည် တည်နေရာကို ပထမဦးစွာ ရှာပြီးနောက် ကေဘယ်ကြိုးများကို စတင်ချထားခဲ့သည်။
အနီးနား၌ ကျောက်မီးသွေးတွင်းတစ်ခု ရှိသောကြောင့် လေထုအရည်အသွေးမှာ ကောင်းမွန်ခြင်း မရှိပေ။
လေထဲ၌ အနက်ရောင် ဖုန်မှုန့်များ လွင့်နေသည်။
အချိန်အတော်ကြာ အလုပ်လုပ်ပြီးနောက် လူတိုင်း၏ ပါးစပ်နှင့် နှာခေါင်းများမှာ အမည်းမှုန်များ ပေကျံလာခဲ့သည်။
သို့သော် တောတွင်း၌ လုပ်ရသည်နှင့် နှိုင်းယှဉ်ပါက များစွာ ကောင်းမွန်နေသေးသည်။
အနည်းဆုံးအနေဖြင့် တောဝက်များ ရုတ်တရက် ထွက်လာမည်ကို စိုးရိမ်ရန် မလိုပေ။
ယဲ့ဖန်သည် လူတိုင်းမှ ပစ္စည်းများကို တပ်ဆင်နေသည်ကို အခွင့်ကောင်းယူကာ စနစ်၏ အတွင်းကျနက်နဲသော စကန်ဖတ်စစ်ခြင်းကို စတင်ခဲ့သည်။
ထို့နောက် ဤဧရိယာတစ်ဝိုက် ရွှေတွင်း အမှန်တကယ်ရှိသည်ကို သိလိုက်ရပြီး အံ့သြသွားသည်။ ပမာဏမှာလည်း မနည်းချေ။
စနစ်သည် ဤသတ္တုသွေးကြော၏ တန်ဖိုးကို အကဲဖြတ်ပေးသည်။
နောက်ဆုံးအကဲဖြတ်ဈေးမှာ သန်း၆၅၀ဖြစ်သည်။
ဤတွေ့ရှိမှုက သူ့ကို ထိတ်လန့်စေသည်။
" ယဲ့လူကြီးမင်း၊ ဒီတစ်ခါ ဘာတွေ့လဲ "
လန်ရှင်းယွီသည် သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် များစွာ မကူညီနိုင်ပေ။
ထို့ကြောင့် သူမသည် ဘေး၌သာ ထိုင်နေပြီး ညွှန်ကြားချက်ပေးနေသည်။
ထိုအချိန်တွင် ယဲ့ဖန်၏ အမူအရာမှာ အနည်းငယ်ထူးဆန်းနေသည်ကို သူမ တွေ့လိုက်ရသောကြောင့် သိချင်စွာဖြင့် မေးလိုက်သည်။
" ကဲ၊ ဒီလူကြီးက တွက်ကြည့်ရအောင် "
ယဲ့ဖန်သည် သူ့လက်ချောင်းများဖြင့် ရေတွက်ဟန်ဆောင်သည်။
သူ၏ လူအိုကြီးပုံစံ ဟန်ဆောင်မှုကြောင့် ဘေးပတ်ဝန်းကျင်၌ အလုပ်လုပ်နေသည့် စူးစမ်းရှာဖွေရေးအဖွဲ့ဝင်များကို ရယ်မောစေခဲ့သည်။
" ဆရာကြီး၊ ဘာတွေ့ထားလဲ "
လန်ရှင်းယွီသည်ပင် သူ၏ ဟန်ဆောင်ပုံကြောင့် ရယ်မောလျက် ရှားပါးစွာ စနောက်ခဲ့သည်။
" ကျွန်တော့် ခန့်မှန်းချက်အရ ဒီဧရိယာမှာ ရွှေသတ္တုရိုင်းတွေ အများကြီး ရှိတယ်။ တော်တော်လေး တူးလို့ရမယ် "
ယဲ့ဖန် ဆက်၍ချဲ့ကားပြောသည်။
လူတိုင်းမှာ ထပ်ပြီး ရယ်မောကြကာ ယဲ့ဖန်၏စကားကို အလေးအနက် မထားကြပေ။ ယဲ့ဖန်သည် အဘိုးကြီးရှေးဖြစ်ဟောနေသည့် အငွေ့အသက်ကို ထိန်းရန် ကြိုးစားနေသည်ဟု အားလုံးက ထင်နေကြသည်။
လန်ရှင်းယွီသည် လူတိုင်းအား အလုပ်ကို ဆက်လက်ညွှန်ကြားနေလျက် ခေါင်းယမ်းကာ ခါးသီးစွာ ပြုံးသည်။
ကြိုးများချပြီး တိုင်များကိုလည်း မြှုပ်ပြီးသည့်အခါ လန်ရှင်းယွီ လက်ပ်တော့တစ်လုံးနှင့် မြေအောက်ထဲမှ သတ္တုသွေးပြန်ကြောများ ဖြန့်ကျက်မှုကို စတင်ကြည့်ရှုနေခဲ့သည်။
ယဲ့ဖန်သည် သူမ၏အလုပ်ကို မနှောင့်ယှက်ပေ။ ထိုအစား သူသည် ဘေးပတ်ဝန်းကျင်ကို စတင်ကြည့်ရှုခဲ့သည်။
ရုတ်တရက် သူတို့၏ ဦးတည်ချက်ကိုကြည့်ကာ ခေါင်းညိတ်ပြနေသော အဝေးမှ လူအနည်းငယ်ကို ယဲ့ဖန် သတိပြုမိလိုက်သည်။
ထိုလူများ၏ လှုပ်ရှားမှုများမှာ အလွန်ပင် သံသယဖြစ်စရာကောင်းလှသည်။
ယဲ့ဖန် လှမ်းကြည့်လိုက်သည့်အခါ သူတို့ထဲမှ တချို့က စကားစမြည်ပြောနေကြပြန်သည်။
ဤကဲ့သို့ ပြုမူသည်ဖြစ်လေ၊ ယဲ့ဖန် ပို၍ သံသယများလေ ဖြစ်သည်။
ထို့ကြောင့် ချက်ချင်းပင် သူတို့ဆီသို့ လျှောက်သွားသည်။
" ညီအစ်ကို၊ ကျွန်တော် မီးခြစ်ငှားလို့ရမလား "
သူ့အိတ်ကပ်ထဲမှ ဟွမ်းဇီဆေးလိပ်ဘူးကို ထုတ်ပြီး တစ်ယောက်ကို ဆေးလိပ်တစ်လိပ်စီ ပေးလိုက်သည်။
နောက်ဆုံးတစ်လိပ်ကို ပါးစပ်ထဲသို့ တေ့လေသည်။
ထိုလူများထဲမှ တချို့သည် ဟွမ်းဇီဆေးလိပ်ကို မြင်ပြီးနောက် သူတို့၏ မျက်လုံးများ ချက်ချင်း တောက်ပလာခဲ့သည်။
သူတို့သည် ချက်ချင်း ဆေးလိပ်ကို မသောက်ဘဲ နားရွက်နောက်သို့ ညှပ်ထားကြသည်။
သူတို့ထဲမှ တစ်ယောက်က ယဲ့ဖန်ကို ဆေးလိပ်မီးညှိပေးသည်။
ယဲ့ဖန်သည် နှစ်ချက်ရှိုက်ပြီးနောက် ဘာမှမဖြစ်ခဲ့သလို မေးလိုက်သည်။
" ခင်ဗျားတို့အားလုံး ဒီကျောက်မီးသွေးတွင်းက မိုင်းတွင်းလုပ်သားတွေလား "
" ဟုတ်တယ် "
အသက်ငါးဆယ်ကျော်လောက်ရှိသည့် ယောက်ျားတစ်ယောက်မှ ပြုံးပြီး ခေါင်းညိတ်ပြသည်။
သို့သော် သူ၏ အပြုံးနောက်ကွယ်၌ သတိထားမှု အရိပ်အယောင်များ ရှိနေကြောင်း ယဲ့ဖန် ရှင်းလင်းစွာ မြင်နိုင်သည်။
" အခုက အလုပ်ချိန် မဟုတ်ဘူးလား။ အလုပ်မသွားဘဲ ဒီမှာ ဘာလုပ်နေကြတာလဲ "
ယဲ့ဖန်သည် မေးလိုက်ချိန် ဟွမ်းဇီဆေးလိပ် တစ်လိပ်စီ ထပ်ပေးလိုက်သည်။
ဆိုရိုးစကားအတိုင်း အလကားရပါက တစ်ဖက်သူအပေါ် အမြင်ပြောင်းသွားတတ်သည်။
ယဲ့ဖန်၏ ပေးကမ်းမှုကြောင့် ထိုလူထဲမှ အနည်းစုမှာ ပြောဆိုလွယ်လာသည်။
" မနေ့က မိုင်းတွင်းမှာ လူတစ်ယောက် သေသွားတယ်။ သူတို့ အဲ့တာကို စီစဉ်နေကြတာ "
ထိုလူအုပ်ထဲမှ အသက်ကြီးသည်ြ သတ္တုတွင်းသမားတစ်ယောက်က ပြုံးပြီး ပြန်ဖြေသည်။
" တစ်ယောက်ယောက် သေသွားတာလား။ ဒါဆို ပိုက်ဆံတွေ အများကြီး ဆုံးရှုံးသွားရမှာ မဟုတ်လား "
ယဲ့ဖန်၏မျက်နှာသည် ဆေးလိပ်မီးခိုးငွေ့အနောက်တွင် ဖုံးကွယ်နေပြီး သူ ဘာတွေးသည်ကို မသိနိုင်ပေ။
" သူတို့ ယွမ်၃သိန်း ပေးလိုက်တယ်လို့ ကြားထားတယ် "
သတ္တုတွင်းသမားက ဆက်ဖြေသည်။
" သုံးသိန်းလား။ နည်းလောက်တာ။ ဒါကလူ့အသက်လေ "
" ယွမ် ၃သိန်းက နည်းတာ မဟုတ်ဘူး။ တခြားကျောက်မီးသွေးတွင်းဆို ဒီလောက် အများကြီးပေးမှာတောင် မဟုတ်ဘူး။ တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် အဲ့ဒီလူ ကံမကောင်းတာကိုဘဲ အပြစ်တင်ရမယ် "
ယဲ့ဖန်၏ စုံစမ်းမှုအရ ဤလူများ၏စိတ်ကို အခြေခံနားလည်ခဲ့သည်။
အပေါ်ယံ၌ သူတို့သည် ကျောက်မီးသွေးတွင်းပိုင်ရှင်အကြောင်း ဘာမှမပြောပေ။
သို့သော် ကျောက်မီးသွေးတွင်း သူဌေးအပေါ်ထားသည့် သူတို့၏ သဘောထားမှတစ်ဆင့် သူတို့၏ စိတ်နေစိတ်ထားကို ပြောပြနိုင်သည်။
သာမာန်သတ္တုမိုင်းတွင်းလုပ်သားတစ်ဦးသည် မိုင်းတွင်းလုပ်သားတစ်ဦး အနှိမ်ခံရသည့်အခါ လုပ်သားဘက်မှ ရပ်တည်ကာ သူဌေးအား လူမဆန်စွာ ဆဲဆိုရန် သေချာပေါက် ရွေးချယ်ကြမည် ဖြစ်သည်။
စားသောက်ဆိုင်မှ မိုင်းတွင်းလုပ်သားများလို ဖြစ်နေသင့်သည်။
သို့သော် ယဲ့ဖန်အရှေ့မှလူများ၏ စကားများသည် ကျောက်မီးသွေးတွင်း ပိုင်ရှင်အပေါ် ဘက်လိုက်နေကြသည်။
ထို့ကြောင့် ဤလူများကို ကျောက်မီးသွေးပိုင်ရှင် သူဌေးဖြစ်သူ လုကျင်းယာမှ စေလွှတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ယဲ့ဖန် ကောက်ချက်ချခဲ့သည်။
သူတို့၏ ရည်ရွယ်ချက်ကို မသိရသေးပေ။
ပိုအသုံးဝင်သည့် အချက်အလက်များ ရခါနီးတွင် ယဲ့ဖန်အနောက်မှ ရွှင်မြူးသံများကို ကြားလိုက်ရသည်။
နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များ ပျော်ရွှင်စွာ ဆင်နွှဲနေသည်ကို တွေ့လိုက်ရသည်။
" ယဲ့လူကြီးမင်းက အံ့သြစရာပဲ။ ပြောတာ မှန်တယ်တော့။ ဒီမှာ ရွှေတွင်းရှိတယ် ...... "
စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် အလွန်ပျော်ရွှင်နေပုံရပြီး အော်ဟစ်နေခဲ့သည်။
ယဲ့ဖန်သည် သူ့ဘေးနားရှိ မိုင်းတွင်းလုပ်သားများ အမြန်ထွက်ခွာသွားသည်ကို ချက်ချင်း သတိပြုမိလိုက်သည်။
သွားပြီ။
ကိစ္စတွေ ပိုဆိုးလာတော့မှာ။
" ယဲ့လူကြီးမင်းရဲ့ပါးစပ်က ကောင်းချီးပေးခံထားရတာ မဟုတ်လား။ ကျွန်တော်တို့ တကယ်ကြီး ရွှေတွင်းကို တွေ့ခဲ့ပြီ။ ရွှေတွေအများကြီးရှိတယ် "
လန်ရှင်းယွီသည် အမြဲတစ္ဆေ တည်ငြိမ်နေတတ်ပါသော်လည်း ယခုအခါ သူမသည် စိတ်လှုပ်ရှားနေပြီး ပျော်ရွှင်မှုကို မထိန်းနိုင် ဖြစ်နေသည်။
အဓိကမှာ ယဲ့ဖန်၏ စကားများက တိကျလွန်းသောကြောင့် ဖြစ်သည်။
ယဲ့ဖန်မှ မြေအောက်၌ သတ္တုသွေးကြော မရှိဘူးဟု ပြောလျှင် အမှန်ပင် သတ္တုသွေးကြောများ မရှိချေ။
မြေအောက်၌ ရွှေတွင်းရှိသည်ဟုဆိုလျှင် အမှန်ပင် ရွှေတွင်းရှိနေသည်။
သူ့ခေါင်းထဲ၌ စကန်ဖတ်သည့်စက် ရှိသည်ကို သူမ ယုံကြည်လာသည်။
ဒီလိုမှမဟုတ်ရင် သူ ဘယ်လိုလုပ် ဒီလောက်တိကျနိုင်မှာလဲ။
" ခင်ဗျားတို့ကို အပျော်မစောဖို့ အကြံပေးတယ် "
ယဲ့ဖန်သည် မတတ်နိုင်ဘဲ သူတို့အား အမှန်တရားရေအေးဖြင့် ပက်နှိုးလိုက်သည်။
" ဘာမှားလို့လဲ "
လန်ရှင်းယွီ၏ အပြုံးသည် မှေးမှိန်သွားသည်။
ယဲ့ဖန် ဘာဆိုလိုသည်ကို သူမ မသိပေ။
" ဒါက မုန်တိုင်းမလာခင် လေပြည်တိုက်တာပဲ "
ယဲ့ဖန်သည် စာတစ်သံပေတစ်သံဖြင့် ပြောလိုက်သည်။