← Chapters

အပိုင်း (၂၇၉)

Vol. 21 Ch. 279

အပိုင်း (၂၇၉)

Vol. 21 Ch. 279

ချက်ချင်းပဲ ဒေါသတရားများသည် ဝမ်ချန်လီ၏ နတ်ဘုရားသိစိတ်ထဲသို့ ဝင်ရောက်လာခဲ့၏။

“ချီးတဲ့မှ..”

ချင်နိုင်ငံမှ လူများသည် အပိုင်းပိုင်း ခုတ်ဖြတ်ရန် ထိုက်တန်သည့် လူများဖြစ်၏။ အစောပိုင်း သို့မဟုတ် နောက်ကျမှ မီးရှို့ခြင်း မပြုလုပ်ခဲ့ချေ။ အဘယ်ကြောင့် အချိန်ကိုက် လာရောက်မီးရှို့ရသနည်း။ ချင်နိုင်ငံသည် ကျင်းမိသားစု အတွက် တပ်ကူများ စေလွှတ်လိုက်သည်လား။ အတူတူ ပူးပေါင်းကာဖြင့် ပြုလုပ်လိုက်သည်လားပင် ဝေခွဲမရတော့ချေ။

အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်၏။ ကောင်းကင်ယံတစ်ခုလုံးဆီသို့ အကြောင်းအရာ တစ်ခုက ထိုးဖောက် သွားခဲ့ပြီ ဖြစ်၏။ နောက်ရက်အနည်းငယ်အတွင်း မည်သူမှသည် တခြားသောအရာများကို စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။ ဤကိစ္စကိုသာ အာရုံစိုက်ပေလိမ့်မည်။ ထိုကိစ္စသည် တကယ့်ကို အရေးကြီးသည့် ဘိုးဘေးကြီးများ၏ အုတ်ဂူကို သွားရောက်တူးနှက်ခြင်းနှင့် ဆင်တူ၏။ အရာရှိ၊ အရာခံအားလုံးတို့သည် တိုင်ကြားစာ ဆယ်ခုထက် မနည်းကို တင်သွင်းကြမှာ သေချာ၏။

ကျင်းမူကုန်း အဓမ္မပြုကျင့်ခဲ့သည့် ကိစ္စရပ်နှင့်ပတ်သက်၍ မည်သူမှသည် ဆယ်ရက်အတွင်း စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။ ဤကဲ့သို့သော အခြေအနေတွင် မည်သူက ကျင်းမူကုန်းကို အဖက်လုပ်ချင်မည်နည်း။

ကျင်းမိသားစု၏ ရန်သူများအနေဖြင့် လက်ရှိအချိန်တွင် ကျင်းမူကုန်း၏ ကိစ္စကို တိုင်ကြားလာမည်ဆိုပါက တခြားသူများသည် အပြင်သို့ထွက်၍ လက်ညိုးငေါက်ငေါက်ထိုး၊ ရန်စွယ်ငေါငေါဖြင့် ပြောဆိုပေလိမ့်မည်။

“ခင်ဗျား.. ခင်ဗျား ဘာလုပ်ဖို့ကြိုးစားချင်တာလဲ။ အာရုံလွှဲဖို့ ကြိုးစားချင်တာလား။ ခင်ဗျားက ချင်နိုင်ငံကို တဖက်လှည့်နဲ့ ကူညီချင်နေတာလား”

“သွား... အိမ်ကိုပြန်မယ်။ အိမ်ကိုပြန်မယ်။ မြန်မြန်” ဝမ်ချန်လီသည် ဒေါသတကြီးဖြင့် ပြောဆိုလိုက်၏။ ပြီးနောက် သူသည် ဒေါသတကြီးဖြင့် ကျင်းမိသားစုကို တိုင်ကြားမည့် တိုင်ကြားစာများကို လှမ်းကာ ကြည့်ရှုလိုက်၏။ ဤအရာများသည် ကောင်းကောင်း ရေးသားခဲ့ပြီးသား တိုက်ကြားစာများဖြစ်၏။ သူ၏နှလုံးသားနှင့် အားသွန်ခွန်စိုက် ရေးသားခဲ့သည့် အရာများလည်း ဖြစ်၏။ ဤစာများကို ရေးသားရန် လေးနာရီထက်မနည်း သူ ကြိုးစားခဲ့ရသည်။

ပြီးနောက် သူသည် ချင်နိုင်ငံမှစစ်သည်များအား တိုင်ကြားစာသည့် စာတစ်ခု စတင်ရေးသားရတော့မည် ဖြစ်ကြောင်း နားလည်လိုက်မိ၏။ သူ့အနေနှင့် စိတ်အားတက်ကြွစွာဖြင့်ရေးသားရမှာ ဖြစ်ပြီး ချင်နိုင်ငံအား သွားရောက်တိုက်ခိုက်ရန်ပင် အဆင်သင့်ရှိကြောင့် ထည့်သွင်းရေးသားရပေမည်။

သူ၏တိုင်ကြားစာထဲတွင် သတ်ဖြတ်လိုခြင်း၊ ထို့အတူ နာကျင်မှု၊ ဒေါသတရား .. အရာအားလုံး ပါဝင်ရမည်။ သို့ပေမည့် တကယ်တမ်းမှာတော့ ဝမ်ချန်လီသည် ဒေါသမထွက်ချေ။ ထိုအစား စိတ်လှုပ်ရှားမှုကိုပင် ခံစားနေမိ၏။ ဘုံကျောင်းကြီး မီးလောင်သွားခဲ့ခြင်းသည် ငယ်ရွယ်စဉ်ကလေးဘဝက တခြားသောတစ်စုံတစ်ယောက်၏အိမ် မီးလောင်သွားသည်ကို ထိုင်ကြည့်ရသည်နှင့် ဆင်တူ၏။

........................

နယ်စားကြီး စုနန်သည် ခြောက်နာရီခွဲကြာ အိပ်စက်ခဲ့၏။ ပြီးနောက် သူသည် စိတ်အားတက်ကြွစွာဖြင့် နိုးထလာခဲ့၏။ ခေါင်းကို အသာမော့ပြီး ကြည့်လိုက်၏။ အံ့အားသင့်စရာကောင်းလှစွာပင် ကောင်းကင်ကြီး တစ်ခုလုံးက တောက်ပလျက် ရှိနေသည်။

သူ၏ ဘေးတစ်ဖက်တွင်ရှိနေသည့် မိန်းမလှလေးကို တစ်ချက်လှမ်းကြည့်ပြီးနောက် သူသည် တစ်ကြိမ်လောက် ကြိုးစားချင်မိ၏။ သို့ပေမည့် မဖြစ်နိုင်ချေ။ နောက်တစ်ကြိမ် မကြိုးစားခင် နှစ်ရက်တိတိ အနားယူရပေဦးမည်။ အရေးအကြီးဆုံးအရာမှာ မိမိ၏ ဆန္ဒနှင့် ရမ္မက်အကြောင်းကို ကောင်းကောင်း သိရှိနားလည်ရန်ပင် ဖြစ်၏။ သူသည် မနက်ခင်းရွတ်ဖတ်နေကျ မန္တာန်များကို ရွတ်ဆိုလျက် ရှိနေ၏။

ပြီးနောက် မြို့စားကြီး စုနန်သည် မျက်နှာသစ်၊ သွားတိုက်၏။ သူကိုယ်တိုင် ဘာမှ လုပ်စရာမလိုချေ။ အစေခံ မိန်းကလေးများက အားလုံးပြုလုပ်ပေးကြသည်။

အိမ်သာတက်လျှင်ပင် သူကိုယ်တိုင် သန့်ရှင်းရန်မလိုချေ။ အစေခံများသည် အလွန်နူးညံ့သည့် ဝါဂွမ်းကို အသုံးပြုပြီး သူ့ကို ဖင်ဆေးပေးကြသည်။ ရေအပူချိန်ကလည်း အတော်အသင့်ဖြစ်ရမည်။

ပြီးနောက် မနက်စာကို စားသုံး၏။ ယောက်ျားအားကို ကောင်းစေသည့် အစားအစာများကို သူက အဓိက စားသုံး၏။

စုကျန့်ထင်က ပြောလိုက်သည်။ “အဖေ.. အားလုံး ပြင်ဆင်ပြီးသွားပြီ။ ခဏကြာရင် နန်းတွင်းရဲ့ အရာရှိ၊ အရာခံအားလုံးက ကျင်းမိသားစုကို တိုင်ကြားစာတွေ ပို့လိမ့်မယ်။ ကျင်းကျိုးနယ်စားကြီးဘွဲ့ မရအောင် ဝိုင်းပြီး တားဆီးကြလိမ့်မယ်။ ဒီနေ့ ညီလာခံက တကယ့်ကို သက်ဝင်လှုပ်ရှားနေမှာပဲ”

စုနန်က တုံ့ပြန်မှု မရှိချေ။

စုကျန့်ထင်က ပြောလိုက်၏။ “ဒီ ကျင်းကျိုးက တကယ့် လိပ်တစ်ကောင်လိုပဲ။ သူက သူ့ရဲ့လိပ်ခွံထဲမှာ ဘယ်လို ပုန်းအောင်းနေရမလဲဆိုတာ သိတယ်။ သူ့ရဲ့အခွံထဲကနေ ဘယ်တော့မှ မထွက်ဘူး။ ဒီတော့ သူ နုရှောင့်မြို့ကို ရခဲ့တယ်ဆိုရင်တောင်မှ အသုံးမဝင်ပါဘူး။ သတ္တိမှမရှိတာ”

စုနန်က မည်သို့မှ တုံ့ပြန်ခြင်း မရှိချေ။ သူသည် သူ့ကိုယ်သူ အတော်အသင့် ဂုဏ်ယူလျက် ရှိနေသည်။

စုရုံက ပြောလိုက်၏။ “ဘယ်လိုလုပ် သခင်ကြီးလို အားကောင်းမှာလဲ။ သူ့ဆီမှာ မြေပိုင်နက်တွေ ရှိတယ်။ ပြီးတော့ သီးသန့် စစ်တပ်တွေရှိတယ်။ ဒါပေမဲ့ နန်းတွင်းမှာ သူက ဘာလဲ။ သခင်ကြီးရဲ့ ချင်နိုင်ငံကိုတောင် သခင်ကြီးရဲ့ လွှမ်းမိုးနိုင်စွမ်းက တကယ့်ကိုကြီးမားတယ်။ တစ်ချက်နှာချေလိုက်ရုံနဲ့ အရာရှိ၊ အရာခံအားလုံးက ကြောက်ဒူးတုန်ကြတယ် မဟုတ်လား”

စုနန်က ပြောလိုက်သည်။ “ကျင်းမိသားစုက တကယ့်ကို စိတ်ဝင်စားစရာ ကောင်းတယ်။ ညီလာခံမှာ သူတို့ကို တိုက်ခိုက်တယ်ဆိုတာ ဘာမှမဟုတ်သေးဘူး။ နယ်စားရာထူးရသွားမှာကို တားဆီးရုံလေးပဲ”

စုရုံက ပြောလိုက်၏။ “ကျင်းမူကုန်းက မသေဘူး ဆိုရင်တောင်မှ တကယ့်ကို ဂုဏ်သိက္ခာအရ ဆုံးရှုံးသွားခဲ့ပြီ။ သူက သင်းကွပ်ခြင်းကိုတောင် ခံရနိုင်တယ်။ ပြီးတော့ ရှမ့်လန် .. သူ့ရဲ့ကံကြမ္မာက ပိုပြီးဆိုးဖို့ပဲရှိလိမ့်မယ်။ လူတွေက သူ့ကို သည်းမခံနိုင်တာ ကြာပြီ။ ကျင်းကျိုးက နယ်စားကြီး ဖြစ်ချင်တာလား။ သူက သခင်ကြီးကို ခြေရာ လာတိုင်းချင်တာလား။ ဆုတောင်းနေလိုက်။ အိမ်မက်ထဲမှာပဲ ရမယ်”

စုနန်က ပြောလိုက်သည်။ “ချင်နိုင်ငံက စစ်သည်တွေကို သေချာစောင့်ကြည့်ထား။ သူတို့က တောက်လျောက် ပြဿနာရှာနေကြတာ”

စုကျန့်ထင်က ပြောလိုက်၏။ “အဖေ.. ကျုပ်တို့ ရှမ့်လန်ကို ဒုက္ခပေးဖို့ ချင်နိုင်ငံရဲ့ စစ်သည်တွေကို အသုံးပြုကြမလား။ ပြီးတော့ ရွှမ်ဝူကလည်း အရမ်းဝေးတဲ့ နေရာမှာရောက်နေတယ်။ ဘုရင်မင်းမြတ်ကလည်း ဒီလိုဖြစ်လာမှာကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်ရှုချင်မှာပဲလေ။ ကျုပ်တို့ သူ့ကို မသတ်ဘူးဆိုရင်တောင်မှ တစ်ခါတည်း သင်းကွပ်လိုက် ကြရင်ကော။ ချင်နိုင်ငံစစ်သည်တွေက ဒါကို လိုလိုချင်ချင်နဲ့ လုပ်ချင်မှာပဲ”

နယ်စားကြီး စုနန်သည် သဘောတူသလို ငြိမ်ငြိမ်သက်သက် ထိုင်နေသည်။ “ချင်နိုင်ငံက တကယ့်ကို ထက်ရှတဲ့ ဓားတစ်စင်းလိုပဲ။ အသုံးချမယ်ဆိုရင်တောင် ထိထိရောက်ရောက် အသုံးချရမယ်။ တို့ထိတို့ထိ လုပ်လို့မဖြစ်ဘူး။ ရှမ့်လန်ကို သေအောင် သတ်နိုင်ရင် အကောင်းဆုံးပဲ”

ခဏအကြာမှာတော့ စစ်သည်တစ်ယောက်သည် အပြင်ဘက်ဆီမှ လှမ်းဝင်လာခဲ့၏။ “နယ်စားကြီး.. နယ်စားကြီး.. တကယ့်ကို ပြဿနာတက်ပြီ။ သတင်းကြီးပဲ”

နယ်စားကြီးစုနန်က မျက်မှောင်ကုတ်လိုက်သည်။ မည်ကဲ့သို့သော သတင်းဆိုးကို ဆိုလိုသနည်း။

စုရုံသည် အရှေ့ဆီသို့ လှမ်းတက်လာပြီး တစ်ဖက်လူ၏ မျက်နှာကို ပိတ်ရိုက်လိုက်သည်။ “နယ်စားကြီးရဲ့ရှေ့မှာ ဘယ်လိုဖြစ်ပြီး အော်ကြီးဟစ်ကျယ် လုပ်နေရတာလဲ။ ကောင်းကင်ကြီးပြိုကျတယ် ဆိုရင်တောင်မှ စုမိသားစုက ကြံ့ကြံ့ခံ ရပ်တည်နိုင်တယ်။ ဒီတော့ ငြိမ်ငြိမ်သက်သက်နဲ့ တည်တည်ငြိမ်ငြိမ်ပြောစမ်း”

ထိုစစ်သည်တော်သည် မြေပေါ်၌ ဒူးထောက်ထိုင်ချပြီး အထပ်ထပ် ဦးညွတ်လိုက်၏။ “ဟုတ်ပါတယ်။ ကျုပ် မှားခဲ့ပါတယ်။ မှားခဲ့ပါတယ်”

စုရုံက ပြောလိုက်သည်။ “ပြော.. ပြောစရာရှိတာ မြန်မြန်ပြော”

ထိုစစ်သည်က ပြောလိုက်၏။ “ဘုံကျောင်း မီးလောင်သွားခဲ့ပါပြီ”

စုနန်သည် မျက်လုံးပြူးသွားသည်။ ဤအရာသည် သူ့အတွက် ပထမဦးဆုံး တုန်လှုပ်မှု ဖြစ်၏။ ပြီးနောက် သူက ပျော်ရွှင်သွားခဲ့လေ၏။ ပြီးနောက် သူ၏ မျက်နှာအမူအရာက ထပ်မံ ပြောင်းလဲသွားခဲ့၏။ မြေခွေး တစ်ကောင်၏ အလိုလိုသိစိတ်အရ ထိုအရာသည် တိုက်ဆိုင်မှုတစ်ခု မဟုတ်ဘဲ တမင်တကာ ကြံစည်မှုဖြစ်ကြောင်း ချက်ချင်း အာရုံခံနိုင်သည်။

စုရုံက မေးလိုက်၏။ “ဘယ်သူ မီးရှို့လိုက်တာလဲ”

“ချင်နိုင်ငံက စစ်သည်တွေ မီးရှို့လိုက်တာပါ။ သူတို့က မီးရှို့ပြီးတဲ့နောက်မှာ ထွက်ပြေးမသွားခဲ့ကြဘူး။ အဲဒီအစား မီးထဲကိုတောင် သေးပေါက်ထည့်ပြီး သီချင်းဆို၊ ကခုန်နေကြသေးတယ်။ အားလုံးကို တစ်နေရာတည်းမှာပဲ ဖမ်းမိတယ်”

“ဘန်း”

စုနန်၏ အမူအရာတစ်ခုလုံးသည် ပြောင်းလဲသွားခဲ့၏။ သူ၏လက်ထဲတွင် ရှိနေသည့် ပန်းကန်လုံးသည် ချက်ချင်းပဲ အပိုင်းပိုင်း အစစဖြစ်ကာ ပျက်စီးသွားခဲ့၏။ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားခဲ့၏။ သူ၏ မျက်နှာသည် အရောင်အဆင်း ပျောက်ကွယ်သွားသည်။

စုကျန့်ထင်သည်လည်း မယုံကြည်နိုင်လောက်အောင်ပင် မျက်လုံးပြူးသွားမိ၏။ သူက အော်ဟစ်လိုက်၏။ “ဒီကောင်တွေ ရူးများ ရူးသွားပြီလား။ ရူးသွားပြီဆိုရင်တောင်မှ စုကလန်ကို သူတို့နဲ့အတူ ခေါ်မသွားသင့်ဘူး မဟုတ်လား။ ဒီကောင်တွေကို တောက်လျောက်စောင့်ကြည့်နေတဲ့ အစေခံတွေ၊ စစ်သည်တွေ ဘယ်ရောက်ကုန်တာလဲ။ အားလုံး သေသွားတာလား။ သူတို့ကို တားဆီးရမယ်ဆိုတာ မသိဘူးလား”

ခဏလောက်ကြာသည်အထိ စုကျန့်ထင်သည် ဒေါသထွက်လျက် ရှိနေတုန်းပင်။

သို့ပေမည့် နယ်စားကြီး စုနန် ကတော့ တည်ငြိမ်အေးဆေးလို့နေသည်။ သူက ပြောလိုက်သည်။ “ငါ့အတွက် နောက်ထပ် ဆန်ပြုတ်တစ်ပန်းကန်လောက် ယူခဲ့ကြအုံး”

နောက်ထပ် ဆန်ပြုတ်တစ်ပန်းကန် ရောက်ရှိလာခဲ့၏။ ထုံးစံအတိုင်း စုနန်သည် သေသေချာချာ စားသုံးလျက် ရှိနေ၏။ သူ့အနေနှင့် ၇၀ ရာခိုင်နှုန်းခန့် ဗိုက်ပြည့်သည်ဆိုမှသာလျှင် စားသောက်ခြင်းကို ရပ်တန့်လိုက်၏။ ပြီးနောက် နို့တစ်ပန်းကန်ကို ဆက်သောက်၏။ ဟုတ်ပေ၏။ ဤအရာက လူနို့ပင် ဖြစ်၏။ သန့်စင်သော မိခင်တစ်ယောက်၏ နို့ကို ညှစ်ယူထားခြင်းဖြစ်သည်။ လူနို့သည် အားဖြစ်လွန်း၏။

“ငါတို့ တစ်ပိတ်ရိုက်ခံခဲ့ရတာပဲ” စုနန်က ပြောလိုက်သည်။

စုကျန့်ထင်က ပြောလိုက်၏။ “အဖေ... ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ။ ချက်ချင်း ချင်နိုင်ငံက လူတွေနဲ့ ခပ်ခွာခွာ အနေအထား တစ်ခုဖြစ်အောင် ဖန်တီးမှ ဖြစ်လိမ့်မယ်”

“အင်း”

စုနန်က ပြောလိုက်သည်။ “ဓားတစ်စင်းရဲ့ ထက်ရှမှုကို သိချင်တယ်ဆိုရင် လက်အရှခံနိုင်ရမယ်။ ဒီတော့ ဒေါသထွက်နေလို့ အသုံးမဝင်ဘူး။ အခု ဘုရင်မင်းမြတ်ဆီ သွားပြီး ခွင့်လွှတ်မှုကို တောင်းခံရမယ်”

ပြီးနောက် စုနန်က မတ်တပ်ထရပ်လိုက်၏။ သူ၏ ခန္ဓာကိုယ်သည် လှံတစ်စင်းကဲ့သို့ မားမားမတ်မတ်ရှိပြီး တောင်ကြီးတစ်တောင်ကဲ့သို့ အားကောင်း၏။

“အဟွတ် အဟွတ် အဟွတ်”

ပြီးနောက် သူသည် ချောင်းအနည်းငယ် ဆိုးလိုက်၏။ သူ၏ခါးက ကွေးညွတ်သွားခဲ့ပြီး ခါးကုန်းကုန်း အဘိုးအိုတစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ သူ၏ အကြည့်များကလည်း အသက်မဲ့သွားခဲ့၏။ သူ၏နှုတ်ခမ်းသည် အသာတွဲကျသွားခဲ့၏။ လည်ပင်းကလည်း ကိုင်းသွား၏။ ရုတ်တရက် သူ့ကို ကြည့်ရှုရသည်မှာ အသက်ဆယ်နှစ်ခန့် ပိုမိုကာ အိုမင်းသွားသည့်ပုံပင်။

ထိပ်ဆုံးအခြေအနေတွင် ရှိနေသည့် ရဲရင့်၊ ဖျက်လတ်လွန်းသည့် ယောက်ျားတစ်ယောက်၏ ပုံစံမှသည် အိုမင်းရင့်နေသည့် အဘိုးကြီးတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးသို့ ပြောင်းလဲသွားခဲ့၏။

သူသည် အခန်းထဲမှ အပြင်သို့ ထွက်လိုက်၏။ ပြီးနောက် ဝေါယာဉ်ပေါ်သို့ အသာတက်ပြီး ခွင့်လွှတ်မှုကို တောင်းခံရန် ဘုရင်မင်းမြတ်ဆီသို့ ဦးတည်သွားလိုက်သည်။

...............................

နန်းတော်၏ အတွင်းဘက်မှာတော့ ....

ဘုရင်မင်းမြတ်က အော်ဟစ်လိုက်သည်။ “နင်ယန်.... ဒီကိစ္စထဲကို ဘာကိစ္စ မင်း ဝင်ပြီး ပတ်သက်ရတာလဲ”

မင်းသမီးနင်ယန်က ခေါင်းမာမာဖြင့် မတ်မတ်ရပ်လျက် ရှိနေ၏။ သူသည် ဒူးထောက်ရန် ငြင်းပယ်လျက်ရှိနေ၏။ “ချင်နိုင်ငံကလူတွေက ကျွန်မတို့လူတွေကို အနိုင်ကျင့်ခဲ့တယ်။ ဒါကြောင့် ကျွန်မ ဒေါသထွက်ခဲ့တယ်။ ဒါကြောင့် သူတို့ကို သင်ခန်းစာပေးဖို့ သွားခဲ့တာပဲ။ ဘုံကျောင်းကို မီးရှို့တဲ့ကိစ္စကတော့ ကျွန်မနဲ့ ဘာမှမဆိုင်ဘူး”

ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက သူတို့ ရွှဲ့ပြည်နယ်ရဲ့လူတွေကို သတ်ဖြတ်ပစ်ခဲ့တယ်။ မင်း အဲဒီတုန်းက မသွားဘူး။ ပြီးတော့ နောက်ကျမှလည်း မသွားဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ ညကမှ သွားပြီး ပြဿနာရှာတယ်ဆိုတော့ ဘယ်လောက်ထိ တိုက်ဆိုင်လိုက်လဲ”

မင်းသမီးနင်ယန်က ပြောလိုက်၏။ “ဒါ တိုက်ဆိုင်မှုသက်သက်ပါပဲ”

ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ပြီးတော့ ချင်နိုင်ငံကလူတွေနဲ့ အတူတူ အရက်သောက်ခဲ့တဲ့ ခပ်တောင့်တောင့်မိန်းမတွေက မင်းရဲ့ စစ်သည်တော်တွေလို့ ငါကြားထားတယ်။ တကယ့်ကိစ္စကြီး မဖြစ်ခင်မှာ သူတို့အားလုံးက ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့တယ်။ ငါ့ကို အရူးလို ထင်မနေနဲ့”

မင်းသမီးနင်ယန်က ပြောလိုက်၏။ “ကိုယ့်ကိုယ်ကိုယ်ပဲ အရူးလို့ထင်တာပါ”

ဘုရင်မင်းမြတ်သည် ဆံပင်များထောင်ထသွားသည်အထိ ဒေါသထွက်လျက် ရှိ၏။ သူ၏ အသံသည် ပိုမိုကာ သုန်မှုန်ပြီး အေးစက်လာခဲ့၏။ ပြီးနောက် တစ်လုံးချင်း ပြောဆိုလိုက်သည်။ “ဒီကိစ္စက ရှမ့်လန်နဲ့ ဆိုင်လား”

“မဆိုင်ပါဘူး”

နင်ယန်က ပြောလိုက်၏။ “အရာအားလုံးက သူနဲ့ ဘာမှမဆိုင်ဘူး။ ကျွန်မဘာသာ အကုန်လုံး လုပ်ခဲ့တာ။ သူနဲ့ ဘာမှ မဆိုင်ဘူး”

ဘုရင်မင်းမြတ်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားသည်။ “မင်း... မင်းသူနဲ့ အိပ်ခဲ့သေးလား”

ဒေါသကြီးလွန်းသည့် ကျားမ မင်းသမီးနင်ယန်သည် ရုတ်တရက် ထခုန်လုမတတ် ဖြစ်သွား၏။ “ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ကျွန်မက သူ့ကို ညီအစ်ကိုအရင်း တစ်ယောက်လို သဘောထားခဲ့တာ”

ဘုရင်မင်းမြတ်က မျက်လုံးမှိတ်လိုက်သည်။ “အင်း... ငါ ဘာလို့ ဒီလို ရူးကြောင်ကြောင်သမီးမျိုးကို မွေးခဲ့မိပါလိမ့်”

ဘုရင်မင်းမြတ်သည် ရှမ့်လန်တစ်ယောက် နင်ယန်ကို ဆေးကုသပေးခဲ့ပြီး နင်ယန်၏ ရောဂါ ပျောက်ကင်းသွားခဲ့ကြောင်း သိရှိပြီးဖြစ်၏။ သို့ပေမည့် ဘာတစ်ခုမှ မပြောခဲ့ချေ။

သူ၏အကြည့်များသည် ရုတ်တရက် အေးစက်သွား၏။ ‘ရှမ့်လန်... မင်းက သမက်တော်လေး တစ်ယောက်ပဲ။ ဘယ်လိုဖြစ်ပြီး ငါ့ရဲ့သမီးနဲ့တောင် လာရှုပ်ရဲနေတာလဲ။ မင်း သေမှာ မကြောက်ဘူးလား’

ထိုအချိန်မှာပဲ အပြင်ဘက်ရှိ မိန်းမစိုးတစ်ယောက်သည် ဒူးထောက်လျက်မှ ပြောလိုက်သည်။ “အရှင်မင်းကြီး... ပဉ္စမမင်းသားက နန်းတော်ရဲ့ အပြင်ဘက်မှာ တွေ့ခွင့်တောင်းနေပါတယ်။ ရှမ့်လန်ကိုလည်း ခေါ်လာပါတယ်။ သူက ပြောပါတယ်။ တောင်းပန်ချင်လို့ပါတဲ့”

ပြီးနောက် တခြားသော မိန်းမစိုးတစ်ယောက်သည်လည်း အပြင်ဘက်တွင် ဒူးထောက်ပြီး လှမ်းကာ ပြောဆို၏။ “အရှင်မင်းကြီး... နယ်စားကြီးစုနန်က တွေ့ခွင့်တောင်းနေပါတယ်။ တောင်းပန်ချင်လို့ပါတဲ့”

ဘုရင်မင်းမြတ်သည် ဒေါသထွက်နေရင်းမှာပဲ ရုတ်တရက် ရယ်မောလိုက်မိသည်။ “ကောင်းပြီ၊ ကောင်းပြီ... လူနှစ်ယောက်က လာပြီး တောင်းပန်ကြတယ်။ ရှမ့်လန်ကို အထဲ ခေါ်လိုက်။ စုနန်ကိုတော့ ဆက်ပြီး ဒူးထောက်ပါလေ့စေ”

All Chapters