← Chapters

အပိုင်း (၂၈၃)

Vol. 21 Ch. 283

အပိုင်း (၂၈၃)

Vol. 21 Ch. 283

ဘေးတစ်ဖက်တွင်ရှိနေသည့် မိန်းမစိုးသည် အလုံးစုံ ဆွံ့အသွားခဲ့၏။ ရှမ့်လန်သည် သေလမ်းရှာနေသည်လား။ ဘုရင်မင်းမြတ်၏ အမိန့်တော်ကိုပင် အတုပြုလုပ်ရဲနေ၏။ မင်းသမီးနင်ယန်ကလည်း ပူးပေါင်းပါဝင်ခဲ့၏။

‘ဟမ့်... ရှမ့်လန် မင်းက နောက်ထပ်အပြစ်တစ်ခု ထပ်ပြီးတိုးလာတာပဲ။ မင်းဘယ်လိုသေမလဲဆိုတာ ငါကြည့်မယ်’

မင်းသမီးနင်ယန်က ပြောလိုက်သည်။ “ရှမ့်လန်... ငါ မင်းနဲ့ပတ်သက်ပြီး သေသေချာချာ ရှင်းရှင်းလင်းလင်း သိချင်တဲ့ အကြောင်းအရာတစ်ခု ရှိနေသေးတယ်”

ရှမ့်လန်ကပြောလိုက်၏။ “မေးသာမေးလိုက်ပါ မင်းသမီး”

မင်းသမီးနင်ယန်က ပြောလိုက်သည်။ “ဝမ်နျန်တရားရုံးရှေ့ ... လွန်ခဲ့တဲ့ညတုန်းက မင်းငါ့ရဲ့ရင်ဘတ်ကို ပုတ်ခဲ့တယ်။ ပြီးတော့ ငါတစ်ခုခု မှားယွင်းသလို ခံစားနေမိတယ်။ မင်း ငါ့ကို အသားယူခဲ့တာလား”

ရှမ့်လန်သည် ရုတ်တရက် အံ့ဩသွားခဲ့၏။ “ဘယ်လိုဖြစ်နိုင်မှာလဲ မင်းသမီး... ကျုပ် လွန်ခဲ့တဲ့ညတုန်းက ခင်ဗျားကို ရောဂါကုသပေးခဲ့တုန်းက ခင်ဗျားရဲ့ခါးနေရာနားက ဘောင်းဘီကို အသာဆွဲချွတ်ခဲ့တယ်။ အဲဒီတုန်းက ကျုပ်ရဲ့လက်က ခင်ဗျားရဲ့အရှေ့ တစ်လက်မဆီကို မရောက်ခဲ့သလို အနောက်တစ်လက်မဆီကိုလည်း မရောက်ခဲ့ဘူး။ အဲလိုရောက်သွားပြီဆိုတာနဲ့ ကျုပ် အသားယူသလို ဖြစ်ပြီ မဟုတ်လား”

မင်းသမီးနင်ယန်သည် ပြန်လည်ကာ စဉ်းစားကြည့်လိုက်၏။ တကယ်ပင် တစ်ဖက်လူ၏လက်သည် အရှေ့ဆီသို့ မရောက်သလို နောက်ဆီလည်း မရောက်ခဲ့ချေ။ ကျိန်းသေပေါက် အရှေ့တစ်လက်မ သို့မဟုတ် နှစ်လက်မ လောက်ဆီသို့ တိုးတက်သည်ဆိုပါက အဓိကနေရာသို့ ရောက်ရှိသွားနိုင်သည်။

ရှမ့်လန်က ပြောလိုက်၏။ “အင်း... ကျုပ်ခင်ဗျားရဲ့ ရင်ဘတ်ကိုပုတ်ခဲ့တယ်။ ဒါညီအစ်ကိုကြားထဲမှာ ရှိတဲ့ အလေ့အထပဲ။ မိန်းကလေးတွေက ဘယ်လိုဖြစ်ပြီးတော့ ဒီလိုကိစ္စမျိုးကို တွေးတောနေနိုင်တာလဲ။ ညီအစ်ကိုကြားထဲမှာရှိတဲ့ ညီအစ်ကိုရင်းချာစိတ်ဓာတ်ကို ဖျက်ဆီးသလို ဖြစ်နေပြီ”

ပြီးနောက် ရှမ့်လန်သည် လက်ကိုအသာဆန့်တန်းပြီး နင်ယန်၏ ရင်ဘတ်ကိုအသာပုတ်လိုက်၏။ ရင်ဘတ်ပေါ်ရှိ တောင်ထွတ်နှစ်ခုက လှုပ်ခါသွားသည်။

“ကဲ ကြည့်၊ ဒါကို အသားယူတယ်လို့ ခင်ဗျားထင်လား” ရှမ့်လန်သည် သီလသမာဓိနှင့်ပြည့်စုံသည့် လူတစ်ယောက်ကဲ့သို့ပင် မေးမြန်းလိုက်၏။

မင်းသမီးနင်ယန်သည် ရှမ့်လန်၏ မျက်နှာကို သေသေချာချာစူးစိုက်ကြည့်၏။ ပြီးနောက် ခေါင်းညိတ်လိုက်သည်။ “အင်း... ဘယ်လိုလုပ် အသားယူတယ်လို့ ပြောလို့ရမှာလဲ”

ရှမ့်လန်ကပြောလိုက်၏။ “ဟုတ်တယ်မလား။ ကျုပ်တို့က အစောကြီးတည်းက ကျားမလိင်ခွဲခြားမှု ပျောက်ကွယ်နေတဲ့ ဆက်ဆံရေးမျိုးပဲ။ ခင်ဗျားရဲ့အမြင်က အရမ်းကို အမြင်ကျဉ်းမြောင်းနေပြီ။ ကျုပ် ပြောနိုင်တာက ခင်ဗျားကို တကယ့်ကို ညီအစ်ကိုလို သဘောထားခဲ့တာပဲ”

မင်းသမီးနင်ယန်သည် အားနာသလို ပြောလိုက်သည်။ “ငါတောင်းပန်ပါတယ်။ ငါ အတွေးလွန်သွားတာကို”

ရှမ့်လန်က ပြောလိုက်၏။ “အရှင့်မင်းသမီး... တကယ်လို့ ခင်ဗျားဆီမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေများ ရှိနေတာလား။ ကျုပ်က ခင်ဗျားကို ညီအစ်ကိုလို သဘောထားတယ်နော်။ ဒါပေမဲ့ ခင်ဗျား ကျုပ်နဲ့များ အိပ်ချင်နေတာလား။ အဲလိုတော့ မဟုတ်လောက်ဘူးမလား”

ကျားမင်းသမီးက ပြောလိုက်သည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ မင်းနဲ့သာ အိပ်ချင်တယ်ဆိုရင် မိုးကြိုးပစ်ခံရပါစေ”

ဂျိန်း....

ထိုအချိန်မှာပဲ ကောင်းကင်ယံထက်ဆီမှ မိုးချိန်းသံကြီးထွက်ပေါ်လာခဲ့၏။ ဤအရာက ပထမဦးဆုံးသော မိုးချိန်းသံပင်ဖြစ်၏။

မင်းသမီးနင်ယန်သည် ရှက်ရွံ့သွားသလို ဒေါသလည်း ထွက်သွားမိ၏။ နတ်ဘုရားများက ဘာဖြစ်ချင်နေသနည်း။ သူမ ပြောဆိုသည်မှာ ရှင်းရှင်းလင်းလင်းပင် ဖြစ်သည်။ မသိလျှင် သူမက ရှမ့်လန်နှင့် အိပ်ချင်နေသလိုပင် မိုးကချိန်းသည်။

ဘေးတစ်ဖက်ဆီမှ ရှမ့်လန်သည်လည်း တုန်လှုပ်သွားခဲ့မိ၏။ အဘယ့်ကြောင့်ဆိုသော် သူ တစ်စုံတစ်ခုကို ပြောဆိုရန် ပြင်နေသည့်အချိန်မှာပဲ ကောင်းကင်ယံဆီမှ မိုးများချိန်းလာသောကြောင့်ပင်။ နတ်ဘုရားများသည် သူ့ကို ကျိန်ဆိုခြင်း မပြုလုပ်ရန် သတိပေးနေလေသည်လား။

ဘေးတစ်ဖက်တွင်ရှိနေသည့် မိန်းမစိုးလေးမှာလည်း အလုံးစုံ ဆွံ့အသွားခဲ့၏။ ရှမ့်လန်သည် အသက်ရှင်ရန် ပင်ပန်းလို့နေလေသည်လား။

အဘယ့်ကြောင့် ဤမျှရဲတင်းရသနည်း။ မင်းသမီးအား စကားလုံးများဖြင့် အသားယူနေသည်သာ မကချေ။ ကိုယ်တိုင်ကိုယ်ကျ ရင်ဘတ်ကို လက်နှင့်ပင် ပုတ်ခဲ့သေး၏။ သေလမ်းရှာနေခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။

‘ပြီးရင် ငါအရှင်မင်းကြီးနဲ့ မိဖုရားကြီးကို သွားပြီးတိုင်ရမယ်။ မင်းရှမ့်လန်က ကျိန်းသေပေါက် သေရမယ်။ ကျိန်းသေပေါက် သေရလိမ့်မယ်’

ဂျိန်း ဂျိန်း ဂျိန်း.....

မိုးချိန်းသံများသည် အဆက်မပြတ် ထွက်ပေါ်လျက် ရှိ၏။ ရွှဲ့ပြည်နယ်၏ ညီလာခံက စတင်ပြီဖြစ်၏။ အရာရှိအရာခံ အားလုံးတို့သည် သရုပ်ဆောင်ရန် စတင်ကာ ပြင်ဆင်လျက်ရှိနေ၏။ သူတို့၏မျက်လုံးများသည် နီရဲလျက်ရှိနေပြီး မျက်ရည်များ ကျဆင်းလုမတတ်ပင်။ နှလုံးသားထဲတွင်ရှိနေသည့် ဒေါသတရားများက ပွင့်ထွက်လာခဲ့၏။

ညီလာခံစတင်ခဲ့ပြီးနောက် ဘုရင်မင်းမြတ်၏ မျက်လုံးများက နီရဲစွာဖြင့် ဘုံကျောင်းကြီး မီးရှို့ခံရသည့် အကြောင်းကြောင့် ပေါ်ပေါက်လာခဲ့သည့် ဒေါသတရားကို ထုတ်ဖော်ပြသလျက်ရှိ၏။ ဒေါသကြောင့် သူ၏လက်များပင်လျှင် အနည်းငယ် တုန်ယင်လျက်ရှိနေ၏။ ကြည့်ရသည်မှာ အလွန်ကြီးမားလွန်းသည့် ဒေါသတရားကို ဖိနှိပ်ထားရသည်ပုံပေါ်၏။ ကြီးမားလွန်းသည့် မီးတောင်ကြီးတစ်ခု ပေါက်ကွဲတော့မလိုပင်။

ဘဝသည် ဒရာမာရုပ်ရှင်ကား တစ်ကားကဲ့သို့ပင် ဖြစ်၏။ လူတစ်ယောက်၏ သရုပ်ဆောင်မှု စွမ်းရည်အပေါ်တွင် မူတည်နေခဲ့၏။

“အားလုံးက လွန်ခဲ့တဲ့ညကဖြစ်ခဲ့တဲ့ တုန်လှုပ်စရာ မတော်တဆမှုကိစ္စရပ်ကို သိရှိပြီးဖြစ်လိမ့်မယ်။ ဒါ ရွှဲ့ပြည်နယ်ကို ပြောင်းပြန်လှန်ချင်တဲ့ အခြေအနေမျိုးလား။ ကျုပ်တို့ရဲ့သစ္စာတရားကို ထိန်းသိမ်းထားတဲ့ နေရာ၊ သူတော်စင်ကောင်းချီးတွေ တည်ရှိနေတဲ့ နေရာပဲ”

“အခု ချင်နိုင်ငံရဲ့လူတွေက ကျုပ်တို့ရဲ့ဘုံကျောင်းကြီးကို မီးရှို့ပစ်ခဲ့တယ်။ ဒါကျုပ်တို့ပြည်သူပြည်သားတွေရဲ့ အခြေခံကို လုယူသွားခဲ့တာနဲ့ တူတူပါပဲ။ ကျုပ် တကယ့်ကို ဝမ်းနည်းတယ်။ ကျုပ်တကယ့်ကို ဒေါသ ထွက်တယ်”

ဂျိန်း.....

ကောင်းကင်ယံထက်တွင် မိုးချိန်းသံကြီး ထွက်ပေါ်လာခဲ့၏။

ဘုရင်မင်းမြတ်က ဆက်လက်ကာပြောလိုက်သည်။ “ကောင်းကင်ယံပေါ်မှာရှိနေတဲ့ မိုးချိန်းသံက ကျုပ်ရဲ့ အတွင်းကလီစာတွေကို ကျွမ်းလောင်စေတော့မလိုပဲ။ ကျုပ် ကောင်းကင်တစ်ခုလုံးကို ဆွဲဖြဲပြီး ဒေါသတရားကို ဖော်ပြချင်တယ်”

ဤစကားစုကိုပြောပြီးပြီးချင်းမှာပဲ တည်ရှိနေခဲ့သည့် ဝန်ကြီး၊ ဝန်မတ် အားလုံးတို့သည် မြေပေါ်သို့ လဲကျသွားခဲ့ကြ၏။ သူတို့သည် အလွန်ဝမ်းနည်းစွာဖြင့် အော်ဟစ်ငိုယိုလျက်ရှိနေ၏။ တချို့သည် အမှန်ပင် သရုပ်ဆောင်ကောင်းလွန်းလှ၏။ မြေပေါ်သို့ ပြိုကျပြီးနောက် ရင်ဘတ်ကိုပင် တဖုန်းဖုန်းနှင့် ထုနှက်လျက်ရှိသည်။

“အား... ချင်နိုင်ငံကလူတွေက ဘုံကျောင်းကို မီးရှို့ခဲ့တယ်။ ဒါက ကျုပ်တို့ဘိုးဘေးတွေရဲ့ သင်္ချိုင်းကို တူးယူလိုက်တာနဲ့ တူတူပဲ။ ဒီရန်ငြိုးကို ဘယ်လိုမှ ဖယ်ရှားလို့ မရနိုင်ဘူး”

“ချင်နိုင်ငံက ကျုပ်တို့ဘုံကျောင်းကိုမီးရှို့တယ်ဆိုတာ ကျုပ်တို့မိဘတွေကို သတ်ဖြတ်ခဲ့သလိုပဲ။ ဒီရန်ငြိုးကို ဘယ်လိုမှ ဖယ်ရှားလို့ မဖြစ်နိုင်ဘူး”

နန်းတွင်းညီလာခံမှသည် အသုဘအခမ်းအနားတစ်ခုသို့ ပြောင်းလဲသွားခဲ့သကဲ့သို့ပင်။

ဝန်ကြီး၊ ဝန်မတ်အားလုံးတို့သည် သွေးများပင် အန်ထွက်လျက် ရှိနေ၏။ သို့ပေမည့် တော်တော်များမျာတို့သည် စိတ်ထဲတွင် ကျိန်ဆဲလျက် ရှိနေကြ၏။ ‘အရှင်မင်းကြီး... ခင်ဗျားက စောစောစီးစီး ဒီလိုရှေ့ကနေ သရုပ်ဆောင်ပြနေတော့ ကျုပ်တို့က နောက်ပိုင်းမှ ပြောဖို့ချန်ထားတဲ့ စကားလုံးတွေ ထုတ်ပြောနေရပြီ။ ဘယ်လို လုပ်မလဲ’

သူတို့သည် နှစ်နာရီတိတိ ထိုကဲ့သို့သောအရာကို အော်ဟစ်ငိုယိုလျက်ရှိနေ၏။ အားလုံးသည် သရုပ်ဆောင် ကောင်းလွန်းလှသည်။ တစ်ချို့က အော်ဟစ်ငိုယိုရင်း သတိလစ် မေ့မျောသွားကြသည်။ တစ်ချို့မှာတော့ သွေးများပင် အန်ထွက်နေကြသည်။ အဆုံးသတ်မှာတော့ ချင်နိုင်ငံ လူရိုင်းကောင်များအား သုတ်သင်ရှင်းလင်းပစ်ရန် တောင်းဆိုခဲ့ကြသည်။

ဘုံကျောင်းကြီးက မီးကျွမ်းသွားခဲ့၏။ သူတို့သည် အနည်းဆုံး ဆယ်ရက်နီးပါးခန့် ဒေါသထွက်ပေးရမှာဖြစ်၏။ ယခု အဆုံးစွန်အထိ ထုတ်ဖော်ကာ သရုပ်ဆောင်ခဲ့သည်ဆိုလျှင် နောက်ထပ်ဆယ်ရက်လုံးလုံး ဘာဆက်လုပ်ရမည်နည်း။ ဆယ်ရက်လုံးလုံး ယနေ့အတိုင်း သွေးအန်ပြရမည်လား။ ရှိရှိသမျှ ဝှက်ဖဲများကို တစ်ထိုင်တည်းထုတ်ကာ အသုံးပြုခဲ့ရသောကြောင့် နောက်ရက်တွင် အပြင်းအထန် ခေါင်းကို ညှစ်ထုတ်ကာ ကြိုးစားရပေတော့မည်။

ဟုတ်ပေ၏။ အချိန်ရောက်ပြီဖြစ်၏။ တကယ့်အရေးကြီးကိစ္စရပ်ကို ပြုလုပ်ရန် အချိန်ကျရောက်လာပြီ ဖြစ်၏။ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့၏ နောက်လိုက်တို့သည် သူတို့၏ အတွေးများကို စတင်ကာ စုစည်းလျက် ရှိနေ၏။ ဘုရင်မင်းမြတ်၏စိတ်ဆန္ဒနောက်ကို လိုက်ပါရန ်သူတို့က ဆုံးဖြတ်ထားခဲ့၏။

မျက်နှာပြင်ထက်တွင် ချင်နိုင်ငံအပေါ် သူတို့က လက်ညိုးထိုးလျက်ရှိနေသော်လည်း တကယ့် အစစ်မှန်တရား မှာတော့ သူတို့၏လက်ချောင်းများသည် စုကလန်ဆီသို့ ထိုးနှက်ချင်ခြင်းသာဖြစ်သည်။

ဘုရင်မင်းမြတ်သည် စုကလန်ကို သွေးစုပ်ချင်စိတ်ရှိ၏။ ထို့ကြောင့် သူတို့သည် ဘုရင်မင်းမြတ်၏ ဓားသွားများ ဖြစ်ရပေလိမ့်မည်။

ဘုရင်မင်းမြတ်က တည်ငြိမ်စွာပြောလိုက်၏။ “ဖြစ်ပြီးခဲ့တဲ့ကိစ္စရပ်တွေက ဖြစ်ပြီးတဲ့ကိစ္စရပ်ပဲပေါ့။ အားလုံးပဲ နောက်ဘာဆက်လုပ်ကြမလဲ ဆိုတာကို ဆက်ပြီး ဆွေးနွေးကြရအောင်”

ပြီးနောက် သူသည် ခန္ဓာကိုယ်ကို အသာမှေးမှီကာဖြင့် အချက်ပြလိုက်သည်။

‘ကဲ စလို့ရပြီ။ ငါ့ရဲ့ရည်မှန်းချက်ကို ထုတ်ဖော်ပြသပြီးပြီ။ နားလည်တဲ့လူတွေ ဆက်လုပ်ကြတော့’

မည်သူအရင်စလုပ်မည်နည်း။ အိမ်ရှေ့စံအဖွဲ့မှလား။ သို့မဟုတ် တတိယမင်းသား၏အဖွဲ့မှလား။ မဟုတ်ပေ။ သူတို့သည် အတူတူစတင်ကာ တောင်းဆိုကြပေလိမ့်မည်။ ပြီးနောက် နှစ်ဖက်အဖွဲ့အစည်းဆီမှ ဝန်ကြီး၊ ဝန်မတ် တို့သည် စတင်ကာ ဆွေးနွေးလျက်ရှိနေ၏။ တိုက်ရိုက်ဆိုသလိုပဲ သူတို့သည် စုနန်ကို အပြစ်ပေးဖို့ တောင်းဆိုရန် ပြင်ဆင်လိုက်၏။

ထိုအချိန်မှာပဲ သူတို့ထက် မြန်သည့် တစ်စုံတစ်ယောက် ရှလာိ၏။ ကျန်းယွမ်နယ်စားအိမ်တော်ဆီမှ စုနန်ပင် ဖြစ်၏။ သူ၏ အသက်အရွယ်ကြီးမား အိုမင်းလွန်းသည့် ခန္ဓာကိုယ်သည် လက်ရှိအခြေအနေမှာတော့ အလွန်တရာ မြန်ဆန်လို့နေ၏။ မြေပြင်ပေါ်သို့ ဒူးထောက်ထိုင်ချပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဒီအပြစ်သားက အပြစ်ကျူးလွန်ခဲ့ပါတယ်။ ကျုပ်အပြစ်က တကယ့်ကိုကြီးမားပါတယ်။ အရှင်မင်းကြီး... ချင်နိုင်ငံရဲ့စစ်သည်တွေက ကျုပ်တို့မသိအောင် ခိုးပြီး မြို့ထဲ လျှောက်သွားခဲ့ပါတယ်။ ကျုပ်တို့က သူတို့ကို စောင့်ကြည့်ဖို့ လူတွေကို စေလွှတ်ထားတယ်ဆိုပေမဲ့ ဘုံကျောင်းကို မီးရှို့တဲ့အချိန်မှာ မတားဆီးနိုင်ခဲ့ပါဘူး။ အပြစ်အားလုံးက ကျုပ်ကြောင့်ပါပဲ။ အရှင်မင်းကြီး.. ကျေးဇူးပြုပြီး ကျုပ်ကို အပြစ်ပေးပါ။ ဒီအပြစ်ကြောင့် ကျုပ်ရဲ့ရာထူးကိုဖယ်ရှားပေးပါ။ ကျုပ်မွေးရပ်မြေမှာပဲ အေးအေးဆေးဆေး ပြန်နေပါတော့မယ်”

ထိုစကားစု ထွက်ပေါ်လာသည့်အချိန်မှာတော့ ဘုရင်မင်းမြတ်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့၏။

‘ချီးတဲ့မှ... မြေခွေးအိုကြီး ... ခင်ဗျားက သရဲတစ္ဆေထက်တောင် ပိုပြီးကြောက်ဖို့ကောင်းပါလား’

ထင်မှတ်ထားသည့်အတိုင်းပင် တစ်ဖက်လူကို ထိန်းချုပ်ထား၍ မဖြစ်နိုင်ချေ။ အလွန်ပင် လျှင်မြန်စွာဖြင့် အချုပ်အနှောင်ထဲမှ ထွက်ခွာရန် ကြိုးစားလျက် ရှိနေ၏။ တိုက်ခိုက်မှု မပြုလုပ်ခင်မှာပဲ စုနန်သည် အပြစ်အားလုံးကို ထုတ်ဖော်ဝန်ခံခဲ့ပြီး ရာထူးမှ ဖယ်ချရန်ပင် ပြောဆိုလျက်ရှိနေသည်။

ဘုရင်မင်းမြတ်သည် တစ်ဖက်လူကို သတ်ဖြတ်ချင်ခြင်းဖြစ်၏။ နှုတ်ထွက်စေချင်ခြင်း မဟုတ်ချေ။ တောင်ပိုင်း နိုင်ငံတော်နှင့် စစ်ပွဲက မပြီးဆုံးသေးချေ။ ချင်နိုင်ငံနှင့်လည်း စစ်တိုက်၍ မရသေးချေ။ စုနန်သာ ထွက်ခွာသွားခဲ့ပါက မည်သို့လုပ်မည်နည်း။

‘အခု ခင်ဗျားကို ချော့ဖို့ ကျုပ် ဒီနေရာကို ရောက်လာတာလား’

ဘုရင်မင်းမြတ်သည် မတ်တပ်ထရပ်ပြီးနောက် အောက်သို့ဆင်းကာဖြင့် စုနန်ကို အသာ ဖေးမလိုက်၏။ ပြီးနောက် နက်နက်နဲနဲဖြင့် ပြောလိုက်၏။ “ခင်ဗျားက စကားပြောတာ လွန်လွန်းနေပြီ။ ခင်ဗျားက နိုင်ငံရဲ့ ထောက်တိုင်တစ်ခုပဲ။ ခင်ဗျားမရှိဘဲ ကျုပ် ဘာလုပ်လို့ရမှာလဲ”

စုနန်၏ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်သွားခဲ့၏။ သူ့ကိုကြည့်ရသည်မှာ အချိန်မရွေး ပြိုလဲတော့မည့် သကဲ့သို့ပင်။ သောက်ကျိုးနည်း .. ဘာတွေဖြစ်ကုန်သနည်း။

ဘုရင်မင်းမြတ်က အကောင်းဆုံးကြိုးစားပြီး သရုပ်ဆောင်နေသည်ဆိုမှတော့ သူ .... စုနန်ကလည်း အကောင်းဆုံး ကြိုးစားပြီး သရုပ်ဆောင်ရပေလိမ့်မည်။

နှစ်ဖက်သားသည် အသက်ဆယ်နှစ်မျှ ကွာ၏။ သို့ပေမည့် ကြည့်ရှုရသည်မှာ မြေးက အဘိုးကို ဖေးမနေပုံ ပေါ်သည်။

ချက်ချင်းပဲ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့၏ အဖွဲ့အစည်းများသည် လှုပ်ရှားမည့် အစီအစဉ်များ ရပ်တန့်သွားခဲ့၏။ တစ်ဖက်လူအား အပြစ်ပေးနိုင်ရန် သူတို့ စဉ်းစားနေမိ၏။ သို့ပေမည့် တစ်ဖက်လူသည် ရှိရှိသမျှသော အပြစ်အားလုံးကို ဝန်ခံသွားခဲ့ပြီဖြစ်၏။ သူတို့ ဘာဆက်လုပ်ရမည်နည်း။

ဘုရင်မင်းမြတ်သည် အကူအညီမဲ့စွာ ပြောလိုက်၏။ “အင်း.. နယ်စားကြီးစု ခင်ဗျားက ချင်နိုင်ငံနဲ့အရေးမှာ အမြဲတမ်း ရှေ့ဆုံးနေရာကနေ ရပ်တည်ခဲ့တဲ့ လူတစ်ယောက်ပဲ။ ဒီလို သံတမန်ရေးရာမှာ ဘယ်သူမှ ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူး။ ဒီတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်သင့်တယ်ထင်လဲ။ ခင်ဗျားရဲ့ သဘောကို ပြောပါအုံး”

ဘုရင်မင်းမြတ်သည် စုနန်ကို အသာမြှောက်ပင့်လိုက်သည်။

စုနန်သည် အပြစ်ကို ဝန်ခံခဲ့ပြီး နှုတ်ထွက်ရန်ပင် ပြောဆို သရုပ်ဆောင်လျက်ရှိနေ၏။ အားလုံးသောသူတို့၏ တိုက်ခိုက်ခြင်းကို တားဆီးလိုက်ခြင်းပင်။ သို့ပေမည့် ဤနေရာဆီမှ လွတ်မြောက်သွားဖို့ဆိုသည်မှာ မည်သို့ လွယ်ကူမည်နည်း။

နယ်စားကြီးစုနန်က ပြောလိုက်၏။ “ချင်နိုင်ငံရဲ့ ကိုယ်စားလှယ်တွေက ဘုံကျောင်းကို မီးရှို့ခဲ့တယ်။ သူတို့ကို သတ်ပစ်ရမယ်။ မသတ်ပစ်ဘူးဆိုရင် ပြည်သူပြည်သားတွေ စိတ်ကျေနပ်မှာ မဟုတ်ဘူး”

အားလုံးသောသူတို့သည် ထိုစကားကိုကြားသည့်အချိန်မှာတော့ တုန်ယင်သွားခဲ့ကြ၏။ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းကို တစ်ဆက်တည်း ပြုလုပ်ရန် ပြောဆိုလျက်ရှိနေ၏။ ချင်နိုင်ငံသည် သူတို့၏ သံတမန်များ အသတ်ဖြတ်ခံရခြင်းအား မည်သို့မှ နှစ်သက်လိမ့်မည်မဟုတ်ချေ။ ကျိန်းသေပေါက် လက်စားချေမှာ သေချာ၏။ ထိုကဲ့သို့သောကိစ္စရပ်မျိုးကြောင့် စစ်ပွဲဖြစ်လာခဲ့ပါက မည်သူ တာဝန်ယူမည်နည်း။

ဤလောကကြီးထဲတွင် အကျယ်လောင်ဆုံးသော အော်သည့်သူသည် စစ်ပွဲစတင်မှုကို မနှစ်သက်ဆုံးသောသူပင် ဖြစ်၏။ စစ်ပွဲ စတင်ချင်သည့်လူသည် တိတ်တဆိတ်နှင့် တစ်ဖက်သူများကို စတင်ကာ တိုက်ခိုက်မှာဖြစ်သည်။

ဂျပန်သည် ပုလဲဆိပ်ကမ်းကို တိုက်ခိုက်ခဲ့၏။ ဂျာမနီကလည်း ပိုလန်ကိုတိုက်ခိုက်ခဲ့၏။ ဂျပန်သည်လည်း အရှေ့မြောက်ပိုင်း စစ်ဒေသသုံးခုကို ကျူးကျော်တိုက်ခိုက်ခဲ့၏။ ရုတ်တရက်ဆန်ပြီး ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခဲ့ခြင်းသာဖြစ်၏။ ဟိတ်ဟန်ထုတ် အော်ဟစ်မနေခဲ့ချေ။

စုနန်၏စကားကို ကြားရသည့်အချိန်မှာတော့ ဘုရင်မင်းမြတ်က ကြောင်အသွားခဲ့၏။ စုနန်၏ ပါးစပ်ဆီမှ ထွက်ပေါ်လာခဲ့သည့် ပထမဦးဆုံးစကားသည် ဤကဲ့သို့ဖြစ်လိမ့်မည်ဟု သူမထင်မှတ်ခဲ့ချေ။ တကယ်တမ်း သတ်ဖြတ်ချင်ခြင်း မဟုတ်မှန်းလည်း ဘုရင်မင်းမြတ်က နားလည်သည်။

ဘုရင်မင်းမြတ်ကပြောလိုက်၏။ “ချင်နိုင်ငံရဲ့ သံတမန်တွေကို သတ်ဖြတ်မယ်ဆိုရင် စစ်ပွဲဖြစ်လာမှာ မဟုတ်လား”

နယ်စားကြီးစုနန်က ပြောလိုက်သည်။ “စုကလန်က အရှင်မင်းကြီးအတွက် နယ်စပ်ဒေသတစ်ခုလုံးကို လိုလိုချင်ချင်နဲ့ ကာကွယ်ပေးချင်ပါတယ်။ ချင်နိုင်ငံက တိုက်ခိုက်လာမယ်ဆိုရင်လည်း ခုခံပေးနိုင်ပါတယ်”

ဘုရင်မင်းမြတ်၏မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ဤစကားစုသည် နှလုံးသားထဲမှ ထွက်ပေါ်လာသည့် စကားမျိုး မဟုတ်ချေ။ ပါးစပ်ဆီမှ ထွက်ပေါ်လာသည့် စကားမျိုးသာလျှင်ဖြစ်၏။ စုကလန်အနေနှင့် ချင်နိုင်ငံ၏ စစ်တပ်ကြီးကို ခုခံကာကွယ်ပေးချင်သည်ဟု ပြောဆိုခဲ့သည်။ အဓိပ္ပာယ်မရှိပေ။ အဘယ့်ကြောင့်ဆိုသော် စုကလန် နှင့် ချင်နိုင်ငံ ဆိုသည်မှာ ဘောင်းဘီတစ်ခုထဲ ဝတ်နေသည့်လူများကဲ့သို့ပင် ရင်းနှီးလွန်းလှချေ၏။ အဘယ်သို့ ခုခံမည်နည်း။

All Chapters