← Chapters

အပိုင်း (၂၈၆)

Vol. 21 Ch. 286

အပိုင်း (၂၈၆)

Vol. 21 Ch. 286

ရှမ့်လန်က ကြောင်သွားခဲ့၏။

ရှောင်ပင်းသည် ရုတ်တရက် ထကာဖြင့် မျက်နှာသစ်၊ သွားတိုက်၏။ ပြီးနောက် နှင်းဆီရနံ့ပါသော အာလုပ်ကျင်းရည်ကို အသုံးပြုပြီး သူမ၏ ပါးစပ်တစ်ခုလုံး မွှေးကြိုင် သန့်စင်အောင် ပြုလုပ်၏။ ပြီးနောက် ရှမ့်လန်ကို အခန်းထဲသို့ ဆွဲသွင်းကာဖြင့် အားတက်သရောဖြင့် နည်းလမ်းအသစ်များကို ပြသတော့သည်။

ရှမ့်လန်သည် ဆွံ့အသွားခဲ့၏။ “ကောင်းကင်ဘုံ... ပင်းအာ မင်းဒီလောက်ကြီး ကျွမ်းကျင်နေတာလား။ ကောင်မလေး.. မင်းတကယ့်ကို ကျွမ်းကျင်နေပြီ။ ဒါပေမဲ့ ငါဒီနေ့ တစ်ခါထက် ပိုလုပ်လို့တော့ မဖြစ်ဘူး။ မနေ့က တစ်ညလုံး ငါအပြင်ဘက်မှာ တခြားသောသူတွေနဲ့ တိုက်ခိုက်ခဲ့တယ်။ ငါတကယ့်ကို မောပန်းနေပြီ။ ဘာစွမ်းအင်မှတောင် မရှိတော့သလို ခံစားမိတယ်။ ဒီတော့ ဒီနေ့ကိစ္စကို တစ်ခါနဲ့ ထားလိုက်တော့။ အဓိကသော့ချက်အားဖြင့် ငါအခု ဟိုဝတုတ်ကို သွားခေါ်ရမယ်။ ပြီးတော့ ဝမ်နျန်တရားရုံးကသူတွေကို ဒုက္ခရောက်အောင် လုပ်ရအုံးမယ်”

၁၅ မိနစ်ခန့် ကြာမြင့်ပြီးနောက် ရှမ့်လန်သည် ထကာ အော်ဟစ်လိုက်သည်။ “ပင်းအာ.. မင်းက တကယ့်ကို ပါရမီရှင်ပဲ။ အင်း.. အပြင်က လီစွန်းကို ခဏထားလိုက်ပါအုံး။ သူစောင့်ချင် စောင့်ပါစေတော့။ ဝတုတ်... စိတ်မပူနဲ့။ မကြာခင် ငါလာကယ်မယ်။ လောလောဆယ်တော့ ခဏနေအုံး”

.............................

ဝမ်နျန် ခရိုင် တရားရေးရာဌာန၏ အကျဉ်းထောင်ထဲမှာတော့ ဝမ်ကွက်သည် ဒေါသူပုန် ထလျက်ရှိ၏။ သူ၏ အဆင့်က နိမ့်ကျလွန်း၏။ ထို့ကြောင့် သူသည် ညီလာခံ တက်ရောက်ရန် အရည်အသွေး မပြည့်မီခဲ့ချေ။ သို့ပေမည့် ဘာတွေဖြစ်ခဲ့သည်ဆိုသည်ကို အချိန်တော်ကြာတည်းက သိရှိပြီးသား ဖြစ်၏။

သောက်တလွဲ ချင်နိုင်ငံမှ လူများသည် နောက်ကျ သို့မဟုတ် အရင်ဦးကာဖြင့် ဘုံကျောင်းကို မီးရှို့၍ ရနိုင်သည် မဟုတ်ပါလား။ အဘယ့်ကြောင့် အချိန်ကိုက် မီးရှို့ရသနည်း။ ထို့အပြင် ကျင်းမူကုန်း၏ကိစ္စက မည်သို့ ဖြစ်မည်နည်း။ မကြာခင်မှာပဲ သူသည် ညွှန်ကြားချက်တစ်ခုကို လက်ခံရရှိခဲ့၏။ ဖြစ်နိုင်သမျှ ကျင်းမူကုန်းကို အမြန်ဆုံး လွှတ်လိုက်ရန်ပင်။

ဘုံကျောင်း၏ကိစ္စရပ်သည် အများဆုံး ဆယ်ရက်ကြာမြင့်ပေမည်။ လူများသည် မေ့လွယ်ပျောက်လွယ် ရှိကြ၏။ မည်မျှကြီးမားသည့် ကိစ္စရပ်ဖြစ်ဖြစ် ၁၀ ရက် သို့မဟုတ် လဝက်ခန့်နီးပါးခန့် ကြာမြင့်ပြီးပါက ထိုအရာအားလုံးသည် သဘာဝအားဖြင့် ပျောက်ကွယ်သွားပေလိမ့်မည်။ ၁၀ ရက်ခန့် ကြာမြင့်ပြီးနောက် ဘုံကျောင်းကြီး မီးရှို့ခံရသည့် အကြောင်းသည် အားလုံး၏ စိတ်ထဲမှ ပျောက်ကွယ်သွားပေလိမ့်မည်။

ထိုသို့ဆိုလျှင် ကျင်းမူကုန်း၏ အပြစ်ကင်းစင်သည့်မိန်းမတစ်ယောက်ကို အဓမ္မပြုကျင့်သည့် ကိစ္စရပ်သည် ပြန်လည်ကာ အသက်ဝင်လာပေမည်။ အားလုံးသောသူတို့သည် ကျင်းမိသားစုနှင့် ပတ်သက်သော တိုင်စာများကို စတင်ကာ ရေးသားမည်ဖြစ်ပြီး ညီလာခံ၌ တင်သွင်းကြမှာ သေချာ၏။

ပြောရမည်ဆိုလျှင် ဤရာထူးရာခံရှိသည့် အရာရှိများသည် ကျင်းကျိုးနှင့် ရန်ငြိုးရန်စများ ရှိသည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် အဘယ့်ကြောင့် ဒုက္ခပေးရန် ကြံစည်နေရသနည်း။ ကျင်းကျိုး နယ်စားကြီး ဟူသည့် ဘွဲ့တံဆိပ်ကို ရရှိတော့မည် ဖြစ်သောကြောင့်ပင်။ တစ်ဖက်လူ နယ်စားကြီးဖြစ်သွားပြီး သူတို့ထက် ပိုမိုကြီးအားသည့် ရာထူးရာခံကို ပိုင်ဆိုင်သွားခဲ့သည်ကို ကြည့်ရှုပြီး မနာလိုမဖြစ်သူဟူ၍ အဘယ်မှာ ရှိမည်နည်း။

ရွှဲ့ပြည်နယ်တွင် နယ်စားအိုကြီး ဘယ်လောက်များများ ရှိသနည်း။ အားလုံးပေါင်း နှစ်ယောက်သာလျှင် ရှိ၏။ ကျင်းကျိုးသာ နယ်စားဖြစ်သည်ဆိုပါက တတိယမြောက်လူအဖြစ် မှတ်တမ်းဝင်သွားပေမည်။ လူများ၏ စိတ်ဆန္ဒသည် တခြားသောသူများ ဒုက္ခရောက်ခြင်းကိုသာ မြင်ချင်ကြ၏။ ကိုယ့်ထက်ပိုမိုတိုးတက်သွားခဲ့ပါက ဒုက္ခပေးချင်ကြသည်။

ညွှန်ကြားချက်အသစ်ကို လက်ခံရရှိပြီးသည့်နောက် ဝမ်နျန်ခရိုင်၊ တရားရေးရာဌာနမှ အရာရှိဝမ်ကွက်သည် အားတက်သရော ဖြစ်သွားခဲ့၏။ သူသည် ချက်ချင်းပဲ ကျင်းမူကုန်းနှင့် ညှိနှိုင်းဆွေးနွေးရန် သွားခဲ့၏။ သူသည် အချိန်အတိုင်းအတာတိုအတွင်း အရာကိစ္စများကို သေသေချာချာ ပြင်ဆင်ထားခဲ့၏။

ရှမ့်လန်သည် လွန်ခဲ့သည့်ညက အဖြူ၊ အမည်း ပြောင်းပြန်လှန်အောင် ပြုလုပ်သွားခဲ့၏။ သို့ပေမည့် ကျင်းမူကုန်းသာ ဝန်ခံလိုက်သည်ဆိုပါက အရာအားလုံးသည် သူတို့၏လက်ထဲသို့ ပြန်ရောက်ပေမည်။ ထိုသို့ဝန်ခံလာရန်ကလည်း မခက်ချေ။ အနည်းငယ်လောက် နှိပ်စက်လိုက်လျှင်ပင် အဆင်ပြေ အောင်မြင်နိုင်သည်။

ဟုတ်ပေ၏။ ညှင်းပန်းနှိပ်စက်မှု၌ မည်သို့သောဒဏ်ရာအနာတရမှ ကျန်ရှိ၍မဖြစ်ချေ။ သို့ပေမည့် နာကျင်မှုကိုတော့ ခံစားရပေလိမ့်မည်။ ထိုကဲ့သို့သော ညှင်းပန်းနှိပ်စက်နည်းများစွာ သူ့၌ ရှိသည်။ တစ်ဖက်လူ အနေနှင့် မိမိ၏ အသက်သည်ပင် ရှိနေသည်လား၊ ပျောက်ကွယ်သွားခဲ့သည်လား သံသယဝင်သည်အထိ သူ ပြုလုပ်နိုင်၏။

သို့သော်ငြား ဝမ်နျန်ခရိုင် တရားရေးရာဌာန အရာရှိဝမ်ကွက်သည် အနည်းငယ် မသက်မသာ ခံစားနေရ၏။ ထို့အပြင် တစ်ဖက်လူသည် ရွှမ်ဝူအိမ်တော်၏ ဆက်ခံသူတစ်ယောက် ဖြစ်၏။ သူအဘယ်သို့ ညှင်းပန်း နှိပ်စက်ရမည်နည်း။

ဟုတ်ပေ၏။ ယနေ့အချိန်တွင်တွင် ရှမ့်လန်သည် စုမိသားစုကို ထောင်ချောက်ဆင်ခဲ့ပြီး ကြီးမားသည့် ဒုက္ခတွင်းတစ်ခုသို့ ကျဆင်းစေရန် ကြိုးစားခဲ့၏။ စုမိသားစုသည် ကျိန်းသေပေါက် လက်တုံ့ပြန်ပေလိမ့်မည်။

ရှမ့်လန်သည် ကောက်ကျစ်လွန်းလှ၏။ ကျင်းမူကုန်းအတွက်လည်း လက်စားချေပေလိမ့်မည်။ ဝမ်ကွက်အတွက် နောက်ပြန်ဆုတ်စရာ လမ်းဟူ၍မရှိတော့ချေ။ ထို့ကြောင့် ကျင်းမူကုန်းကို ဝန်ခံအောင် နှိပ်စက်ရပေမည်။ ထိုကိစ္စနှင့် ပတ်သက်၍ သူသည် သေသေချာချာ ဦးနှောက်ကို အလုပ်ပေးလျက်ရှိ၏။

နေ့လည်ခင်းသို့ ရောက်သည့်အချိန်မှာတော့ ဝမ်ကွက်သည် ယုဖန်မိန်းမ၏ အရသာကို ပြန်လည်ကာ သတိရသွား၏။ သူ၏နှလုံးသားများသည် ယားယံလျက် ရှိနေ၏။ ထို့ကြောင့် သူသည် သူမ၏ အချက်အပြုတ်ကို ထပ်မံ ခံစားရန် ဆင့်ခေါ်လိုက်သည်။

အရသာသည် ထူးရှယ်ပင်။ ခြောက်မိနစ်တိတိ ကြာမြင့်ပြီးနောက် ဆရာဝမ်ကွက်သည် တစ်ကိုယ်လုံး တွန့်တွန့်လူးပြီး လောက၏အရသာကို ခံစားလျက် ရှိနေ၏။ ခြောက်မိနစ် … ထိုအရာသည် သူဘယ်တုန်းကမှ မချိုးဖျက်ဖူးသည့် မှတ်တမ်းတစ်ခုလည်း ဖြစ်၏။

မိန်းကလေးချန်း၏ ဆွဲဆောင်မှုရှိလွန်းလှသည့် မျက်လုံးများသည် နူးညံ့သိမ်မွေ့စွာဖြင့် သူ့ကို စူးစိုက်ကြည့်ရှုနေ၏။ သူမက ပြောလိုက်သည်။ “ကောင်းကင်ဘုံ.. ဆရာကြီးဝမ် … ရှင့်က တကယ့်ကို အံ့အားသင့်စရာ ကောင်းတဲ့လူပဲ။ လောကမှာ အသက်ရှင်ရပ်တည်ရခြင်းရဲ့ အရသာက ဘာလဲဆိုတာ ကျွန်မ ရှင်နဲ့မှ သိခဲ့တာပဲ”

ပြီးနောက် မိန်းကလေးချန်းက ပြောလိုက်၏။ “ဆရာကြီးဝမ် ... ကျွန်မတို့ကို ဘယ်အချိန် အိမ်ပြန်လွှတ်မှာလဲ။ ပြီးတော့ ကျင်းမူကုန်းကို ဘယ်အချိန် အမိန့်ချမှာလဲ”

ဟုတ်ပေ၏။ သူမအနေနှင့် နန်းမြို့တော်တွင် အခြေအနေများ ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း မသိရှိချေ။

ဝမ်ကွက်က ပြောလိုက်သည်။ “ချန်းမိန်းကလေး... မင်းက အရင်တုန်းက ကျင်းမူကုန်းနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူး တယ်။ ဒီတော့ သူအပြစ်ဝန်ခံလာစေဖို့ ဘာအမာရွတ်မှ မကျန်တဲ့ နှိပ်စက်နည်းတွေ ရှိလား။ ငါ့ဆီမှာ နှိပ်စက်နည်း ပေါင်းများစွာ ရှိတယ်ဆိုပေမဲ့ ဘာဒဏ်ရာမှ မကျန်တဲ့ နှိပ်စက်နည်းတော့ မရှိဘူး”

မိန်းကလေးချန်း၏ မျက်လုံးများက လင်းလက်သွား၏။ သူမက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “ဒီအချိန်က နွေဦးရာသီတောင် ရောက်နေပြီ။ ဒီတော့ ကွင်းထဲမှာ မျှော့တွေ အများကြီး ရှိတယ်။ မျှော့တစ်ပန်းကန်လောက် သွားကောက်ခဲ့။ ပြီးတော့ မျှော့တွေကို ကျင်းမူကုန်း၏ ပါးစပ်ထဲကို ထိုးထည့်။ ဗိုက်အရမ်းပြည့်သွားပြီဆိုရင် သူဘယ်လိုမှ ခံစားနိုင်မှာ မဟုတ်ဘူး။ သူဝန်မခံဘဲ နေရဲမှာမဟုတ်ဘူး”

ဝမ်ကွက်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။ ဤအမျိုးသမီးသည် ဤမျှ ရက်စက်လွန်း လှချေသည်လား။ “သူသေသွားနိုင်တယ်”

မိန်းကလေးချန်းက ပြောလိုက်၏။ “သေမှာ မဟုတ်ပါဘူး။ ကျင်းမူကုန်းက အသက်မရှင်ချင်တဲ့အထိ နာကျင်မှုကို ခံစားရလိမ့်မယ်။ ဝမ်းဗိုက်ထဲကို မျော့တွေရောက်သွားပြီဆိုတာနဲ့ ကျွန်မတို့က ဆားငံရည်တိုက်မယ်။ ဒါဆို မျော့တွေ ပြန်သေသွားမယ်။ ဒီနှိပ်စက်နည်းက ရွံ့ဖို့ကောင်းသလို ရက်စက်လွန်းတဲ့ နှိပ်စက်နည်းပဲ။ ကျင်းမူကုန်း .. အမှိုက်ကောင် ကျိန်းသေပေါက် ဝန်ခံလိမ့်မယ်။ ဒီနည်းလမ်းကို ကျွန်မ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ်။ ကျိန်းသေပေါက် အလုပ်ဖြစ်လိမ့်မယ်”

ဝမ်ကွက်က ပြောလိုက်သည်။ “ကောင်းပြီ ဒီလိုပဲ လုပ်ကြစို့”

ထိုအချိန်မှာပဲ အပြင်ဘက်ရှိ သူ၏လူက ပြောလိုက်၏။ “ဆရာဝမ်... ဆိုးတာပဲ။ ရှမ့်လန်က စစ်သည်တော်တွေကို ခေါ်ပြီး တရာရုံးရှေ့ ရောက်နေပြီ။ သူက ကျင်းမူကုန်းကို ပြန်ခေါ်သွားချင်တယ်တဲ့”

.............................

နန်းမြို့တော်၏ အပြင်ဘက်မှာတော့ ….

နှစ်မီတာခန့် အရပ်ရှည်သော လူတစ်ယောက်သည် ကြီးမားလွန်းလှသည့် တုတ်ကြီးတစ်ချောင်းကို လွယ်ပိုးကာဖြင့် ရွှမ်ဝူအိမ်တော်၏ရှေ့၌ မတ်မတ်ရပ်လျက်ရှိ၏။ ဤလူသည် အရူးကြီးပင် ဖြစ်၏။

ဤအရာသည် နန်းမြို့တော်ဖြစ်နေသည်လား။ ဤနေရာ၌ အရူးလေး နေထိုင်သည်လား။

ထိုအချိန်မှာပဲ လှပလွန်းသော မိန်းကလေးတစ်ယောက်သည် မြင်းတစ်ကောင်ကို စီးနင်းကာဖြင့် ရှေ့ဆီသို့ အသော့နှင်လာခဲ့၏။ ပတ်ဝန်းကျင်ရှိ လူပေါင်းများစွာတို့သည် အနောက်သို့ ခပ်မြန်မြန် ဆုတ်ခွာလိုက်ကြ၏။ အရူးကြီး တစ်ယောက်တည်းသာလျှင် တွေဝေငေးငိုင်စွာဖြင့် တည်နေရာ၌ မတ်တတ်ရပ်လျက် ရှိနေ၏။

ကျားမနင်ယန်သည် ထိုအခြင်းအရာကိုမြင်ချိန်မှာတော့ အရှိန်ကို မလျှော့ခဲ့ချေ။ တိုက်ရိုက်ဆိုသလို အရူးကြီးဆီသို့ လှမ်းဝင်သွားခဲ့သည်။

“အရူး... ခွေးကောင်းဆိုတာ လမ်းဖယ်ရတယ်။ ဖယ်စမ်း မဟုတ်ရင် ငါ မင်းကို တိုက်သတ်ပစ်မယ်”

ဆရာလန်၏ မျက်လုံးထဲ၌ ကျားမင်းသမီး နင်ယန်သည် တကယ်ကို ချစ်ဖို့ကောင်းသည့်လူတစ်ယောက်ဖြစ်၏။ သို့ပေမည့် သာမန်လူများ၏ မျက်လုံးထဲမှာတော့ သူမက ချစ်ဖို့မကောင်းချေ။ ထို့အပြင် သူမသည် ဘေးဒုက္ခကြီး တစ်ခုပင် ဖြစ်သည်။ သူမ၏လောကထဲတွင် တခြားသောသူများသည် သူမကို ပျော်ရွှင်အောင်သာ ပြုလုပ်ပေးရ၏။ သူမက တခြားသောသူများ ပျော်ရွှင်အောင် ဘယ်သောအခါမှ ပြုလုပ်ပေးမည် မဟုတ်ချေ။

ထိုသို့သောသူမသည် မြင်းကို အသော့နှင်လျက် မောင်းနှင်လာခဲ့၏။ ထို့အပြင် သူမ စီးနင်းထားသည်မှာ လီတစ်ထောင်မြင်း ဖြစ်၏။ အလွန်မြင့်မားပြီး ခံ့ညားထည်ဝါ ထွားကျိုင်းသော မြင်းကြီးလည်းဖြစ်၏။ အမြန်နှုန်းကလည်း ကြောက်ခမန်းလိလိပင်။

အရူးကြီးသည် ရှောင်ရှားရန် မွေးဖွားလာသည့် လူတစ်ယောက် မဟုတ်ချေ။ ကြီးမားလွန်းသည့် ကျားကြီးတစ်ကောင် သူ့ဆီသို့ တိုးဝင်လာသည့်အချိန်မျိုးတွင်ပင် သူက မရှောင်ရှားခဲ့ချေ။ လက်ရှိ တူညီသည့် အခြေအနေမျိုးသို့ ရောက်ရှိနေ၏။ သူသည် တွေဝေငေးငိုင်စွာဖြင့် မတ်မတ်ရပ်လျက် ရှိနေသည်။

“သေချင်နေတာလား” နင်ယန်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ အရူးကြီးသည် သူမကို ရန်စနေသည်ဟု သူမက တွေးထင်ခဲ့၏။ ထို့ကြောင့် မြင်းကို ပို၍အရှိန်မြှင့်တင်လိုက်၏။

အားလုံးသောသူတို့သည် မျက်လုံးကို မှိတ်ထားကြ၏။ နောက်ထပ်ဖြစ်လာမည့်အရာများကို သူတို့ မကြည့်ရဲကြချေ။ သူတို့၏ အထင်အရဆိုလျှင် ဤကတုံးသည် အနောက်ဘက်သို့ လွင့်စင်သွားမှာဖြစ်ပြီး သွေးများအန်ထွက်ပေလိမ့်မည်။ ကြွက်သားနှင့် အရိုးများအားလုံး ကျိုးကြေသွားခဲ့ပြီး ဆိုးဆိုးရွားရွား သေဆုံးပေလိမ့်မည်။

သူတို့အနေနှင့် ဤကဲ့သို့ တောင့်တောင့်တင်းတင်းနှင့် ကြီးမားသောခန္ဓာကိုယ်ကို ပိုင်ဆိုင်သည့် လူတစ်ယောက်ကို တစ်ခါမှ မမြင်ခဲ့ဖူးခြင်းပင်။ သို့ပေမည့် လူထွားကြီးတစ်ယောက် ဖြစ်သည် ဆိုလျှင်တောင်မှ စစ်မြင်း၏ဝင်တိုက်မှုကို ခံရပြီးနောက် ငြိမ်ငြိမ်သက်သက်နှင့် ရပ်တန့်နေနိုင်လိမ့်မည် မဟုတ်ပေ။

“အား...”

အားလုံးသောသူတို့သည် မျက်လုံးကိုမှိတ်လိုက်၏။ ကျားမသည်လည်း အသာပင် အော်ဟစ် ကြိမ်းမောင်းလိုက်၏။ ဤအရာသည် တစ်စုံတစ်ယောက်ကို သူမ ဝင်တိုက်သည့် ပထမဦးဆုံးအကြိမ်ပင် ဖြစ်၏။ ထို့ကြောင့် အနည်းငယ် စိတ်လှုပ်ရှားနေမိ၏။ အရေးကြီးသော အခိုက်အတန့်တွင် သူမသည် မြင်း၏ဇက်ကြိုးကို ခပ်တင်းတင်းဆွဲကာဖြင့် မြင်းကို ရပ်တန့်ရန် ကြိုးစားလိုက်၏။ သူမသည် တွေးထင်ထားသလောက် ရက်စက်ကြမ်းတမ်းလွန်းသည့် လူတစ်ယောက်မဟုတ်ချေ။

သို့ပေမည့် နောက်ကျ သွားခဲ့ပြီဖြစ်၏။

“ဘန်း...” ကျယ်လောင်သောအသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ မင်းသမီးနင်ယန်၏ စစ်မြင်းကြီးသည် အလွန် အားကောင်းလွန်းပြီး အရှိန်အဟုန်ကလည်း ပြင်းထန်၏။ ထိုကဲ့သို့သောအရှိန်မျိုးနှင့် ဝင်တိုက်မိ၏။ သေဆုံးသွားလေပြီလား။ သူမ အနည်းငယ် နောင်တရမိ၏။ တစ်ဖက်လူသည် ဘာကြောင့် မရှောင်ရှားရသနည်း။

သို့ပေမည့် နောက်ထပ်ဖြစ်လာသည့် အကြောင်းအရာသည် အားလုံးသောသူတို့ကို ကြောင်သွားစေခဲ့၏။ ဤကတုံးကဲ့သို့သောသူသည် အဆင်ပြေနေ၏။ ထိုသူသည် ဆောင့်ကြောင့်ထိုင်ချပြီး မြင်း၏ လက်နှစ်ဖက်ကို ဆွဲကာ မြှောက်ထားသည်။

လီတစ်ထောင်မြင်းသည် ကီလိုဂရမ် ၅၀၀ လောက် အလေးချိန်ရှိသော မြင်းတစ်ကောင်ဖြစ်၏။ ထို့အပြင် မင်းသမီးနင်ယန်ကလည်း ၁.၇၅ မီတာခန့်ရှည်ပြီး ၁၂၀ ကီလိုဂရမ် လေးသည့် လူတစ်ယောက်ဖြစ်၏။ ထိုနှစ်ခု၏ ပေါင်အလေးချိန်သည် တကယ့်ကို နင့်နေအောင် လေးမှာသေချာ၏။

သို့ပေမည့် အရူးကြီးသည် လူတစ်ယောက်နှင့်မြင်းတစ်ကောင်ကို ဤကဲ့သို့ပင် ဆွဲမထားခဲ့သည်။

လီတစ်ထောင်မြင်းသည် ကျယ်လောင်စွာ ဟီလိုက်၏။ သူ၏ခွာများသည် မြေပေါ်မှနေ၍ ကောင်းကင်ပေါ်သို့ရောက်ရှိသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည် လေထဲသို့ မြောက်တက်သွားခဲ့၏။

အားလုံးသောသူတို့သည် ထကာ အော်ဟစ်မိကြ၏။ ဤလူထွားကြီးသည် နတ်ဘုရားအင်အားများနှင့် မွေးဖွားလာခဲ့သည့် လူတစ်ယောက် ဖြစ်ရပေလိမ့်မည်။ အံ့အားသင့်စရာကောင်းလွန်းလှသည်။

မင်းသမီးနင်ယန်ကလည်း တုန်လှုပ်သွားခဲ့၏။

“လုပ်ကြံသတ်ဖြတ်သူ ... မင်းသမီးကိုတောင်မှ ဝင်ပြီး တိုက်ခိုက်ရဲတယ်ပေါ့။ သတ်ကြစမ်း”

မင်းသမီးနင်ယန်၏ စစ်သည်တော်များသည် အရှေ့သို့ လှမ်းတက်လာပြီး အရူးကြီးကို ဝိုင်းပိတ်လိုက်ကြ၏။ ဓားပေါင်း တစ်ဒါဇင်ကျော်တို့သည် အရူးကြီး၏လည်ကုပ်ပေါ်သို့ ရောက်ရှိသွားသည်။

မင်းသမီးနင်ယန််သည် ပထမ ပျော်ရွှင်သွား၏။ တစ်ဖက်လူ မသေသွားသည်မှာ ကံကောင်း၏။ သို့ပေမည့် ယခု သူမက အလွန်အမင်း ဒေါသထွက်လျက်ရှိနေ၏။ သူမ၏လမ်းကို တားဆီးရုံတင်မက သူမ၏မြင်းကိုပါ ဆွဲမြှောက်ခဲ့၏။ ဤအရာက ကျိန်းသေပေါက် ရန်စခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။

ပြီးနောက် သူမသည် ဓားကိုဆွဲထုတ်ပြီး အရူးကြီး၏လက်ကို ခုတ်ပိုင်းရန်ပြင်ဆင်လိုက်၏။ လည်ကုပ်မဟုတ်ချေ။ လက်ကိုသာလျှင် ဖြစ်၏။

“မြို့တော်ထဲမှာ ငါက ပြဿနာကောင်မဆိုတာ မသိဘူးလား”

အရူးကြီးမှာမူ သူ့၏အနားပတ်ဝန်းကျင်တွင် ရှိနေသည့်ဓားများကို ဂရုမစိုက်ချေ။ သူသည် နင်ယန်ကို လှမ်းကြည့်ကာဖြင့် မေးမြန်းလိုက်သည်။ “အရူးလေးကိုသိလား။ သူ့ရဲ့အိမ်က ဘယ်မှာလဲသိလား”

နင်ယန်က ကြောင်သွားမိ၏။ “ရှင်က အရူးမဟုတ်ဘူးလား”

အရူးကြီးသည် ခေါင်းကိုခါယမ်းကာပြောလိုက်၏။ “မဟုတ်ဘူး။ ကျုပ်က အရူးကြီးပဲ။ ရှမ့်လန် ဆိုတာက အရူးလေးပဲ”

ချက်ချင်းဆိုသလိုပင် နင်ယန်သည် သူမ၏ဓားကိုပြန်လည်ကာ ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်၏။ ပြီးနောက် မေးလိုက်သည်။ “ရှင်... ရှင် ရှမ့်လန်ကိုသိတာလား”

အရူးကြီးသည် ခေါင်းကိုညိတ်ကာပြောလိုက်၏။ “အင်း.. ကျုပ် သူ့ကိုလာရှာတာ။ သူ့ရဲ့အိမ် ဘယ်မှာရှိလဲ ဆိုတာ ခင်ဗျားသိလား”

မင်းသမီးနင်ယန်က ပြောလိုက်၏။ “ရှမ့်လန်နဲ့ရှင်က ဘယ်လိုဆက်ဆံရေးမျိုးလဲ”

အရူးကြီးက ပြောလိုက်သည်။ “ကျုပ်က အရူးကြီး၊ သူက အရူးလေးပဲ”

နင်ယန်သည် တကယ့်ကိုအံ့အားသင့်သွား၏။ ရှမ့်လန်သည် မျောက်ထက်ပင်ပိုမိုကာ ဉာဏ်ကောင်းပြီး သွက်လက်လွန်းသည့် လူတစ်ယောက်ဖြစ်၏။ အဘယ်သို့ ဤကဲ့သို့ ရူးကြောင်ကြောင် အစ်ကိုတစ်ယောက် ရှိနေရသနည်း။ သို့ပေမည့် အရူးကြီးကဲ့သို့သော လူမှသာလျှင် ရှမ့်လန်နှင့် မိတ်ဆွေအရင်းအဖြစ် နေထိုင်နိုင်မှာဖြစ်၏။ အရူးချင်းမှ ပေါင်း၍ရပေမည်။

သို့နှင့် သူမသည်လည်း ရှမ့်လန်၏မိတ်ဆွေပင် ဖြစ်၏။ ထိုသို့ဆိုလျှင် အရူးကြီးထက် သူမက ပိုမိုကာ ထုံထိုင်းနေသည်လား။

ရှမ့်လန်သည် နင်ယန်ကို သူငယ်ချင်းမိတ်ဆွေအဖြစ် ပေါင်းသင်းခဲ့၏။ အဘယ်ကြောင့် ဆိုသော် ရင်သားသာကြီး၍ ဦးနှောက် မကြီးသောကြောင့်ပင်။ သူသည် တစ်ဖက်လူအား သွေးသောက်ညီအစ်ကိုကဲ့သို့ ဆက်ဆံချင်သည်သာမက တူတူလည်း အိပ်စက်ချင်၏။

ဟုတ်ပေ၏။ ကျားမသည် ထိုအရာအားလုံးကို သိသော်လည်း လျစ်လျူရှုထား၏။ ရှမ့်လန်သည် သူမ၏ ရောဂါကို ပျောက်ကင်းအောင် ကုသပေးခဲ့ပြီး သူမကို ဘဝသစ်တစ်ခုရရန် ကယ်တင်ပေးခဲ့၏။ ထို့အပြင် ရှမ့်လန်သည် စိတ်ဝင်စားစရာကောင်းလွန်း၏။ လက်ရှိအချိန်မှစ၍ သူမ၏ မောင်ငယ်ပင်ဖြစ်သည်။ အဲ … ညီငယ်ပင် ဖြစ်သည်။

“ဓားတွေဖယ်၊ ဓားတွေဖယ်စမ်း။ ဒီအရူးက ငါတို့ထဲက တစ်ယောက်ပဲ” မင်းသမီးနင်ယန်က ပြောလိုက်၏။

ချက်ချင်းပင် ဒါဇင်ချီသောစစ်သည်တော်များသည် သူတို့၏ဓားများကိုပြန်လည်ကာ သိမ်းဆည်းလိုက်သည်။

ပြီးနောက် မင်းသမီးနင်ယန်က ပြောလိုက်၏။ “အရူး.. ကျွန်မ ရှင့်ကို ရှမ့်လန်အိမ်ဆီခေါ်သွားမယ်”

All Chapters