အပိုင်း (၂၈၈)
Vol. 21 Ch. 288
ခဏအတွင်းမှာပဲ ပြေးဝင်လာခဲ့သည့် လူအားလုံးက ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်၏။ ရှမ့်လန်၏ စစ်သည်တော်များသည် လွယ်လွယ်ကူကူပဲ တရားရုံး၏ အကျဉ်းထောင်ထဲသို့ ဝင်သွားလိုက်သည်။
‘ပြီးသွားပြီပဲ’
ဝမ်ကွက်သည် တကယ့်ကို ပျော်ရွှင်သွားခဲ့၏။ ရှမ့်လန်သေဖို့က သေချာသွားပြီဖြစ်၏။ ပြီးနောက် သူက အော်ဟစ်လိုက်၏။ “ကိုယ့်လူတို့၊ ကိုယ့်လူတို့.... ရုံးကိုသွား။ မြို့စောင့်တပ်သွား။ ပြီးတော့ ရှမ့်လန် ပုန်ကန်နေပြီဆိုတဲ့ အကြောင်းကိုပြော။ ရွှမ်ဝူအိမ်တော်က ပုန်ကန်နေပြီ”
သူသည် စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်လျက်ရှိနေ၏။ ချက်ချင်းပဲ စစ်သည်တော် တစ်ဒါဇင်ကျော်တို့သည် မြင်းများကို စီးနင်းကာဖြင့် တည်နေရာအနှံ့ဆီသို့ သတင်းပို့ရန် ထွက်ခွာသွားခဲ့သည်။
မိန်းမစိုးလီစွန်းကို သယ်ဆောင်လာသည့် ရထားလုံးကြီးသည် ရုံးထဲသို့ လှမ်းဝင်လာခဲ့၏။ သူသည် မျက်နှာကို အသာအုပ်ကာကာ ကြည့်ရှုလျက်ရှိ၏။
အောက်ခြေစည်းမျဉ်းဟူ၍ မရှိချေ။ တကယ့်ကို အောက်ခြေစည်းမျဉ်း ဟူ၍ မရှိချေ။
ရှမ့်လန်သည် ဘုရင်မင်းမြတ်နှင့်ပင် ရယ်ရယ်မောမော စကားပြောတတ်သည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမည့် ကြည့်ရှုရသည်မှာ မည်သည့်အောက်ခြေစည်းမျဉ်းမှ မရှိသော လူ့အနတ္တပင်ဖြစ်သည်။
‘တရားရေးရာဌာနရဲ့ ဝမ်ကွက်.. မင်းရဲ့သတင်းအချက်အလက်တွေက မှားယွင်းနေတယ်။ ရှမ့်လန် ဒီမနက်ခင်း ဘာလုပ်ခဲ့လဲ သိလား။ မင်းသာသိရင် ဘောင်းဘီတစ်ခုလုံး စိုစွတ်သွားတဲ့အထိ သေးထွက်ကျသွားမယ်’
ကံဆိုးစွာဖြင့် ဝမ်ကွက်က မသိခဲ့ချေ။ ရှမ့်လန်သည် မနက်ခင်းတွင် နန်းတော်၏အရှေ့၌ လူပြက် တစ်ယောက်ကဲ့သို့ ပြုမူဆောင်ရွက်ခဲ့သည်ကိုသာ သူကြားခဲ့၏။ ထို့အပြင် ကြိမ်ဒဏ် ၃၀ အရိုက်ခံ ခဲ့ရသည်ကိုသာ ကြားခဲ့၏။
………..
ရှမ့်လန်သည် စစ်သည်တော်တစ်ဒါဇင်ကျော်နှင့်အတူ တရားရေးရာဌာနထဲသို့ လှမ်းဝင်ပြီး ကျင်းမူကုန်းကို ကယ်တင်ခဲ့၏။ အကျဉ်းခန်းထဲ ဝင်ရောက်ချိန်မှာတော့ ကျင်းမူကုန်းမှာ အိပ်နေသည်မှာ ဟောက်လျက်ပင် ရှိနေ၏။ နိုးလာချိန်မှာတော့ သူ၏ယောက်ဖသည် ထောင်ကိုဖောက်ကာ သူ့ကို လာရောက် ကယ်တင်ခြင်း ဖြစ်ကြောင်း သိရှိသွားခဲ့၏။ ထို့ကြောင့် သေးထွက်လုမတတ် ကြောက်လန့်သွားခဲ့သည်။
“ယောက်ဖ.. ဘယ်လိုဖြစ်ပြီး ထောင်ဖောက်ရတာလဲ။ ကျေးဇူးပြုပြီး မလုပ်ပါနဲ့။ ကျုပ် ထောင်ထဲမှာနေရတာ အဆင်ပြေပါတယ်။ သူတို့ ကျုပ်ကို မသတ်ရဲပါဘူး။ အများဆုံး နည်းနည်းပါးပါးလောက် ခံစားရရုံပဲ။ ထောင်ဖောက်ရင် ပုန်ကန်မှုနော်။ ကျုပ် တစ်စုံတစ်ခုဖြစ်ရင် ရသေးတယ်။ ဒါပေမဲ့ ယောက်ဖ .. ခင်ဗျားက ဘာမှဖြစ်လို့မရဘူး။ ကျင်းမိသားစုက ကျုပ်မရှိလည်း အသက်ရှင်နေထိုင်နိုင်တယ်။ ခင်ဗျားမရှိဘဲနဲ့တော့ မဖြစ်ဘူး၊
ယောက်ဖ... ခင်ဗျားရဲ့ လေးနက်တဲ့ပူပန်မှုကို ကျုပ်သတိရပေးနေပါ့မယ်။ ခင်ဗျားလို မိသားစုဝင်တစ်ယောက်ကို ရရှိခဲ့တာ ကျုပ်ဘဝအတွက် ထိုက်တန်ပါတယ်။ ကျုပ် မထွက်ဘူး။ ကျုပ် ထောင်ထဲမှာပဲနေမယ်။ မြန်မြန်၊ သွားတော့... သွားတော့။ အကျဉ်းထောင်ကိုမဖောက်နဲ့”
ရှမ့်လန်သည် မည်သို့မှ မနေနိုင်ချေ။ ကြောင်အသွားခဲ့မိ၏။ ဤဝတုတ်သည် ညံ့ဖျင်းလွန်းသည်ဟု မည်သူက ပြောသနည်း။ တကယ့်ကို သိရှိနားလည်တတ်သည့် လူတစ်ယောက်ဖြစ်လို့နေ၏။
ရှမ့်လန်က လက်ကိုယမ်းခါကာ ပြောလိုက်သည်။ “ဆက်ခံသူကိုခေါ်သွားကြ”
ပြီးနောက် မိသားစုမှ ရှမ့်ဆယ့်သုံးနှင့် စစ်သည်အားလုံးတို့သည် အရှေ့သို့ လှမ်းတက်ကာဖြင့် ကျင်းမူကုန်းကို ဆွဲခေါ်ကြ၏။
“ကျုပ်မသွားဘူး။ ကျုပ်မသွားဘူး။ ယောက်ဖ.. ထောင်တော့ မဖောက်ပါနဲ့။ ထောင်တော့ မဖောက်ပါနဲ့” လူဝကြီးသည် ကြီးမားလွန်းသည့် အကျဉ်းခန်းမှတိုင်ကြီးကို ခပ်တင်းတက်း ဆွဲကိုင်ကာဖြင့် သူ့ကို ခေါ်မသွားရန် အော်ဟစ်လျက်ရှိသည်။ အဆုံးသတ်မှာတော့ ရှမ့်ဆယ့်သုံးနှင့် တခြားသောသူများ၏ ချီပိုးကာ သယ်ဆောင်ခြင်းကို ခံခဲ့ရသည်။
………….
ရှမ့်လန်နှင့် တခြားသောသူများသည် အကျဉ်းထောင်ထဲမှထွက်၍ အပြင်ဘက်ခြံဝန်းဆီ ထွက်လာခဲ့ကြ၏။ ထိုနေရာတွင်တော့ စစ်သည်များနှင့် ပြည့်နှက်လျက် ရှိနေ၏။ ပတ်ဝန်းကျင်ရှိ စစ်သည်အားလုံးတို့သည် အင်ပြည့်အားပြည့်ဖြင့် ရောက်ရှိလာခဲ့ကြ၏။ လူတစ်ရာကျော်ပင်ရှိ၏။ အားလုံးသောသူတို့သည် ခြံဝန်းတစ်ခုလုံးကို ဝိုင်းပိတ်ထားခဲ့ကြပြီး ယင်တစ်ကောင်ပင်လျှင် အပြင်ဘက်သို့ ထွက်ခွာနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ရှမ့်လန်၏ စစ်သည်တော်များသည် တင်းတင်းကျပ်ကျပ် ပိတ်ဆို့ခြင်းကို ခံထားရ၏။ ရှမ့်လန်သည် တကယ့်ကို စိတ်လှုပ်ရှားလျက်ရှိနေ၏။ နောက်ဆုံးမှာတော့ ဝမ်ကွက်သည် စစ်သည်များ အား လှုပ်ရှားရန် ပြုမူဆောင်ရွက်ခဲ့လေ၏။ တကယ့်ကို ကြီးမားလှသည့် မြင်ကွင်းကြီးတစ်ခုကဲ့သို့ပင်။
ထိုအချိန်မှာတော့ ယုဖန်နှင့် သူ၏မိန်းမ မိန်းကလေးချန်းတို့သည် အပြင်ဘက်သို့ ပြေးထွက်လာ၏။ ပြီးနောက် ရှမ့်လန်ကို လက်ညှိုးထိုးကာဖြင့် အော်ဟစ်လိုက်ကြ၏။ “အရာရှိဝမ်.. အရာရှိဝမ်.. ရှမ့်လန် အကျဉ်းထောင် ဖောက်ခဲ့ပြီ။ ရှမ့်လန် အကျဉ်းထောင် ဖောက်ခဲ့ပြီ”
မိန်းကလေးချန်းသည် ရှမ့်လန်အား အဆုံးမဲ့သော အမုန်းတရားများဖြင့် လှမ်းကာကြည့်ရှုလျက်ရှိ၏။ လွန်ခဲ့သည့် ညက ဤလူငယ်လေးသည် သူမအား အဆုံးမဲ့သည့် အရှက်တရား ရရှိအောင်ပြုလုပ်ခဲ့သည်။
ယုဖန်၏ မျက်လုံးထဲတွင်တော့ တစ်စုံတစ်ယောက်ကို စားတော့ဝါးတော့မတတ်ပင် စိတ်လှုပ်ရှားလျက်ရှိသော အရိပ်အယောင်များ ထင်ပေါ်နေခဲ့၏။
ထောင်ဖောက်ခြင်း၏ လေးနက်မှုအကြောင်းကို သူ အဘယ်သို့ မသိဘဲနေမည်နည်း။ ထို့အပြင် ဤနေရာသည် နန်းမြို့တော် ဖြစ်၏။ ရှမ့်လန်သည် ရွှမ်ဝူအိမ်တော်မှ သီးသန့်စစ်တပ်ကို ခေါ်ဆောင်လာခဲ့ပြီး အကျဉ်းထောင် ဖောက်ခဲ့၏။ ထိုအရာမှာ ကျိန်းသေပေါက် ပုန်ကန်ခြင်းပင်ဖြစ်၏။ ရှမ့်လန်သည် သေဆုံးရပေမည်။
ထိုသို့ဆိုလျှင်တောင်မှ လွန်ခဲ့သည့်ညက သွေးစမ်းသပ်မှုသည် အဘယ်သို့ မှားယွင်းသွားခဲ့ကြောင်း ယုဖန် မသိရှိချေ။ ကျိန်းသေပေါက် ဤမိစ္ဆာကောင် ရှမ့်လန် ပြုလုပ်ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ ယခု ဤမိစ္ဆာကောင် သည် ဆိုးဆိုးဝါးဝါး ခံစားရပေတော့မည်။ ကောင်းကင်၌ မျက်လုံးရှိ၏။
အချက်အလက်အားဖြင့် ယုဖန်သည် တကယ်ပင် စိတ်ဝင်စားလျက်ရှိနေ၏။ ရှမ့်လန်သည် ဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်သည်။ ထိုသို့ဆိုလျှင် အဘယ့်ကြောင့် အကျဉ်းထောင်ကို ဖောက်ရသနည်း။
ရှမ့်လန်သည် ယုဖန်၏မိန်းမ မိန်းကလေးချန်း၏လက်ကို ကြည့်လိုက်၏။ ထိုမိန်းမ၏လက်ထဲတွင် ပန်းကန်လုံး တစ်လုံးကို ကိုင်ဆောင်ထား၏။ ပန်းကန်လုံးထဲတွင် မျှော့များနှင့် ပြည့်နှက်နေ၏။ ထိုမျှော့များသည် တကယ်ပင် ရွံရှာစရာကောင်းလွန်း၏။
ရှမ့်လန်သည် ထိုကဲ့သို့သော ပျော့အိအိ အကောင်များကို တကယ်ပင် ကြောက်ရွံ့တတ်၏။ ပြီးနောက် သူ၏ စိတ်ထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်သွားခဲ့၏။ အဆိပ်ပြင်းသည့် မိန်းမပင်။ ဤမျှော့များသည် ကျိန်းသေပေါက် ကျင်းမူကုန်းကို ကျွေးမည့်အရာများ ဖြစ်ရပေလိမ့်မည်။ ကျင်းမူကုန်း ဝန်ခံလာရန် နှိပ်စက်နည်းတစ်ခုပင် ဖြစ်ပေလိမ့်မည်။ မျက်နှာပြင်ထက်တွင် ကျင်းမူကုန်း၌ မည်သည့်ဒဏ်ရာမှ ရှိလိမ့်မည် မဟုတ်ချေ။
ပိုမိုကာ ကြောက်မက်ဖွယ်ရာကောင်းသည်မှာ မျှော့များကိုကျွေးပြီးသည့်နောက် ဆားငံရည်များကို တိုက်ကျွေးပေလိမ့်မည်။ ထိုသို့ဆိုလျှင် သေဆုံးသည်ထက် ပိုမိုကာဆိုးဝါးသည့် ခံစားချက်များကို ရရှိပေမည်။
ကျင်းမူကုန်းသည် လိမ်မာသည့်ကောင်လေးဖြစ်သည်။ အဘယ့်ကြောင့် သတ်ဖြတ်ချင်ရသနည်း။
ရှမ့်လန်သည် ဝမ်ကွက်ကို လှမ်းကြည့်ကာဖြင့် အေးစက်စက် ပြောလိုက်၏။ “အရှင်ကြီးဝမ်... ကျုပ်က ဘုရင်မင်းမြတ်ရဲ့ အမိန့်နဲ့ ကျင်းမူကုန်းကို ခေါ်သွားဖို့ ကြိုးစားနေတာ။ ခင်ဗျားက အမိန့်ကို ပုန်ကန်နေတာလား”
“ဟား ဟား ဟား ဟား”
ဝမ်ကွက်သည် လှမ်းကာပြောလိုက်သည်။ “ရှမ့်လန်... မင်းဘုရင်မင်းမြတ်ရဲ့ အမိန့်ဆိုပြီး ပြောရဲသေးတယ် ဟုတ်လား။ ဘယ်မှာလဲ ဘုရင်မင်းမြတ်ရဲ့ အမိန့်စာ။ ထုတ်လေ၊ ထုတ်ပြလေ”
ဟုတ်ပေ၏။ မည်သည့်အမိန့်စာမှ မရှိချေ။
ဝမ်ကွက်သည် တင်းမာခက်ထန်စွာ ပြောလိုက်၏။ “ရွှမ်ဝူအိမ်တော်ရဲ့ သမက်တော်တစ်ယောက်ဖြစ်တဲ့ ရှမ့်လန်က ဘုရင်မင်းမြတ်ရဲ့အမိန့်တော်ပါ ဆိုပြီး အကျဉ်းထောင်ဖောက်ဖို့ ကြိုးစားခဲ့တယ်။ ကျင်းမိသားစုရဲ့ သီးသန့်စစ်တပ်ကို ခေါ်ဆောင်လာပြီး တိုက်ခိုက်ခဲ့တယ်။ အကျဉ်းထောင်ကိုလည်းဖောက်တယ်။ ဒီကိစ္စက ပုန်ကန်တာနဲ့တူတူပဲ။ သူ့ကိုဖမ်းကြ။ သူသာ မလိုက်နာဘူးဆိုရင် သူ့ကိုသတ်ပစ် ….”
“ကောင်းပါပြီ”
စစ်သည်ပေါင်းတစ်ရာကျော်တို့သည် သံပြိုင်ဆိုသလို အော်ဟစ်လိုက်ကြ၏။ ပြီးနောက် အားလုံးတို့သည် ဓားများ၊ လှံများ၊ မြားများကိုထုတ်ယူကာ ရှမ့်လန်နှင့်စစ်သည်တော်များကို ချိန်ရွယ်ထားလိုက်ကြသည်။
ရှမ့်လန်သည် တင်းမာခက်ထန်စွာ ပြောလိုက်၏။ “ဝမ်ကွက်... ခင်ဗျားတကယ်ပဲ ဘုရင်မင်းမြတ်ရဲ့အမိန့်တော်ကို ဖီဆန်ချင်တာလား”
ဝမ်ကွက်သည် စပ်ဖြီးဖြီးနှင့်ပြောလိုက်သည်။ “တိုက်ခိုက်စမ်း”
ရုတ်တရက် စစ်သည်တော်တစ်ရာကျော်တို့သည် အရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ ထိုအချိန်မှာတော့ ရထားလုံးထဲရှိ မိန်းမစိုးကြီး လီစွန်းသည် အသာ ချောင်းဟန့်လိုက်၏။ ‘ငါထွက်ရမှာလား၊ မထွက်ရ ဘူးလား။ ရှမ့်လန်... မင်းအခြေအနေတစ်ခုလုံးကို ငါ့ကို နည်းနည်းပါးပါး ပြောထားအုံးလေ။ အခုအချိန်က လူတွေကို လှည့်စားတာ တော်သင့်ပြီ။ ငါဒီနေ့ ဒီနေရာမှာ ထိုင်နေရတာ ဖင်တွေတောင် ကျိန်းနေပြီ။ ဆက်ပြီး မထိုင်နိုင်တော့ဘူး”
ပြီးနောက် သူသည် ရထားလုံးထဲမှ အပြင်ဘက်သို့ ဖြည်းညင်းစွာ ထွက်လျှောက်လိုက်၏။ “ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်... ကျင်းမူကုန်းက အပြစ်မရှိဘူး။ ဝမ်နျန်ခရိုင် တရားရေးရာဌာနက သူ့ကိုချက်ချင်းလွှတ်ရမယ်”
“ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်... စီးပွားရေးသမား ယုဖန်က အရှေ့အရပ်ရဲ့ ဒဏ္ဍာရီစာအုပ်ကို ခွင့်ပြုချက် မရှိဘဲ ရောင်းချခဲ့တယ်။ သူ့ရဲ့မိသားစုတစ်ခုလုံးကို သတ်ပစ်ပါ”
ရုတ်တရက် ဝမ်ကွက်သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် ခံစားလိုက်၏။ သူသည် လီစွန်းကို မယုံကြည်နိုင်သလို လှမ်းကာကြည့်ရှုလိုက်၏။ ဟုတ်ပေ၏။ ဤမိန်းမစိုး မည်သူဖြစ်သည်ကို သူသိရှိ၏။ ဘုရင်မင်းမြတ်၏ အယုံကြည်ရဆုံး မိန်းမစိုးပင် ဖြစ်၏။ ဘုရင်မင်းမြတ်ဆီမှ ပါးစပ်အမိန့်တော်သည် တကယ်ပင် တည်ရှိနေသည်လား။ ထိုသို့ဆိုလျှင် မည်သို့ဖြစ်နိုင်မည်နည်း။
ယုဖန်သည် မည်ကဲ့သို့ တုံ့ပြန်ရမှန်းပင်မသိဘဲ ကြက်သေ သေလျက်ရှိနေ၏။ ‘အရှေ့အရပ်ရဲ့ ဒဏ္ဍာရီ’ ဘယ်အချိန်တုန်းက သူ ထိုစာအုပ်ကို ရောင်းချခဲ့သနည်း။ နောက်ဆုံးအချိန်တုန်းက သူသည် ထိုစာအုပ်ကို ရောင်းချပြီး မွဲပြာကျလုမတတ် ဖြစ်ခဲ့၏။ ထို့ကြောင့် အလွန်တရာ စိတ်နာလွန်းသောကြောင့် ထိုစာအုပ် အားလုံးကို မီးတင်ရှို့ခဲ့ပြီး ဖြစ်၏။
ကျင်းမူကုန်း၏ ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်း စာအုပ်ကိုသာ မထုတ်ခဲ့ပါက သူတို့ ယုမိသားစုသည် အဆုံးသတ်ဆီသို့ ရောက်ရှိသွားနိုင်၏။ အဘယ်သို့သောသတ္တိနှင့် သူက ထိုစာအုပ်ကို ဆက်လက်ကာ ထုတ်ရမည်နည်း။ တော်ဝင်ရင်အင်ပါယာနှင့် ဧကရီအားလုံး၏ လိင်ကိစ္စရပ်များကို ရေးသားထားသည့် စာအုပ် ဖြစ်၏။ ထိုစာအုပ်ကို ထိကိုင်သည့်လူသည် သေဆုံးသွားမည့်လူသာဖြစ်သည်။
ယုဖန်သည် ချက်ချင်းပဲ ဒူးထောက်ကာဖြင့် အော်ဟစ်လိုက်၏။ “ကျုပ်က အပြစ်ကင်းစင်ပါတယ်။ ကျုပ်က အပြစ်ကင်းစင်ပါတယ်။ တစ်စုံတစ်ယောက်က လှည့်ကွက် ဖန်တီးထားတာပါ။ သခင်ကြီးဝမ်.. ကျေးဇူးပြုပြီး ဒီကိစ္စကို စုံစမ်းပေးပါအုံး”
သူ၏မိန်းမ မိန်းကလေးချန်းသည် ရှမ့်လန်ကို လက်ညှိုးညွှန်ကာပြောလိုက်သည်။ “ရှင်ပဲ.. ဒီလို … ဒီလိုလုပ်တာ ရှင်ပဲဖြစ်ရမယ်”
သူမသည် ဝမ်ကွက်ကိုပြောလိုက်၏။ “သခင်ကြီးဝမ်... ရှမ့်လန်က ကျွန်မတို့ရဲ့သိုလှောင်ခန်းထဲမှာ ဒါတွေကို သွားထားထားတာပဲ ဖြစ်မယ်။ သူပဲ ဒုက္ခပေးတာ နေပါလိမ့်မယ်။ ဒီကျေးကျွန်အတွက် ကျေးဇူးပြုပြီး အမှန်တရား ရှာဖွေပေးပါ”
ရှမ့်လန်သည် ရှေ့ဆီသို့ လှမ်းတက်ပြီး ရှမ့်ဆယ့်သုံးကို ပြောလိုက်သည်။ “ယုဖန်နဲ့ သူ့မိန်းမတို့ကို ဖမ်းထားစမ်း”
ရှမ့်ဆယ့်သုံးနှင့် စစ်သည်အနည်းငယ်တို့သည် အရှေ့ဆီသို့လှမ်းတက်လာပြီး ယုဖန်နှင့် သူ့၏မိန်းမ တို့ကို မြေပေါ်သို့ ဖိနှိပ်ချလိုက်၏။
ရှမ့်လန်သည် မျှော့ပန်းကန်ကိုလှမ်းယူပြီး စပ်ဖြီးဖြီးနှင့် ပြောလိုက်သည်။ “ဒါဘာလဲ။ အင်း.. ဒါတွေက ချစ်ဖို့ ကောင်းမယ့်ပုံပဲ။ ကြည့်ရတာ အာဟာရလည်း ပြည့်ဝမယ့်ပုံပဲ”
ယုဖန်၏မိန်းမ မိန်းကလေးချန်းသည် ချက်ချင်းပဲ ကြောက်လန့်တကြား ဖြစ်သွားခဲ့၏။
“တင်းတိမ်ရောင့်ရဲမှု မရှိတဲ့ ယောက်ျားဆိုတာ စိန်ကိုမျိုဖို့ ကြိုးစားနေတဲ့ မြွေတစ်ကောင်နှင့်တူတူပဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ကျင်းမူကုန်း.. မင်းမှတ်ထား။ ဒီလိုသနားစရာကောင်းတဲ့ လူတွေကိုမြင်တဲ့အချိန်မှာ မင်း သူတို့ကို ကိုယ်ချင်းစာ သနားပေးလို့ရတယ်။ ဒါပေမဲ့ သူတို့ရဲ့ကံကြမ္မာကို ဘယ်တော့မှ မပြောင်းလဲပေးနဲ့။ နားလည်ပြီလား”
မိန်းကလေးချန်းသည် မြေပေါ်တွင် ဒူးထောက်ထိုင်လျက်ရှိနေ၏။ သူမသည် ဦးကိုညွတ်ကာဖြင့် ပြောဆိုလိုက်၏။ “ရှမ့်.. ကျွန်မ ကျွန်မမှားပါပြီ။ ကျွန်မမှားပါပြီ။ ကျွန်မ.. ကျွန်မအားလုံးကို ထုတ်ဖော်ပြီး ပြောပါ့မယ်။ ကျွန်မနှင့် ယုဖန်က ကျင်းမူကုန်းကို ဒုက္ခပေးခဲ့ပါတယ်။ ကျင်းမူကုန်းကို ရမက်ကြွစေတဲ့ဆေးတွေ တိုက်ကျွေးပြီး ကျွန်မနဲ့ တူတူအိပ်ဖို့ ဖန်တီးခဲ့ပါတယ်။ ဒီလိုကိစ္စရပ်မျိုးကို အတင်းပြုလုပ်ခဲ့တာ ကျွန်မတို့ပါပဲ။
ဒီကိစ္စကို အရာရှိဝမ်ကွက်ကလည်း ကောင်းကောင်းသိရှိပါတယ်။ ရွှမ်ဝူအိမ်တော်ရဲ့ ဆက်ခံသူ ကျင်းမူကုန်းကို ဒုက္ခပေးချင်လို့ ဒီကိစ္စကို ထောက်ခံပေးခဲ့တာလည်း သူပါပဲ။ ကျွန်မ ဒီကိစ္စကို သတင်းပို့ချင်ပါတယ်။ ဝမ်ကွက်က ကျွန်မကို နှစ်ကြိမ်တိတိတောင်မှ မုဒိန်းကျင့်ခဲ့ ပါသေးတယ်။ နှစ်ကြိမ်လုံး ကလည်း တစ်ခါကို နှစ်ကြိမ်စီ ကြာပါတယ်” မိန်းကလေးချန်းသည် ရူးရူးမူးမူးဖြင့် အော်ဟစ်လျက်ရှိနေ၏။
ရှမ့်လန်က အသာပြောလိုက်သည်။ “အင်း.. ကျုပ်က အစစ်အမှန်တရားတွေကို ဂရုမစိုက်ဘူး။ လောကမှာ အစစ်အမှန်တရားတွေကို ဘယ်သူမှ ဂရုမစိုက်ဘူး။ ရှမ့်ဆယ့်သုံး... ဒီမိန်းမရဲ့ ပါးစပ်ကို ဟစမ်း”
ရှမ့်ဆယ့်သုံးက အရှေ့ဆီသို့လှမ်းတက်ပြီး မိန်းကလေးချန်း၏ ပါးစပ်ကို ဆွဲဟလိုက်၏။ သူမသည် ပါးစပ်ကို အတင်း ပိတ်ထား၏။ ရှမ့်ဆယ့်သုံးသည် တိုက်ရိုက်ဆိုလို့ပဲ ပါးစပ်ကို ဆွဲဖြဲလိုက်၏။ ရှမ့်လန်သည် မျှော့ပန်းကန် တစ်ဝက်လောက်အား သူမ၏ပါးစပ်ထဲသို့ လောင်းထည့်လိုက်၏။
“အား အား”
ဘေးတစ်ဖက်တွင် ရှိနေသည့် ယုဖန်သည် ရှမ့်လန်ကိုလှမ်းကာ ကြည့်ရှုရင်း တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “ယောက်ျားတစ်ယောက်က ကြမ်းတမ်းတယ်။ ယောက်ျားတစ်ယောက်က ရက်စက်သင့်တယ်။ ကျုပ် ဘယ်တော့မှ နောင်တမရဘူး။ ကျုပ် ဘယ်တော့မှ နောင်တမရဘူး”
ရှမ့်လန်သည် နောက်ထပ် ပန်းကန်လုံးတစ်ဝက်အား ယုဖန်၏ ဝမ်းဗိုက်ထဲသို့ လောင်းထည့်လိုက်၏။
ဘေးတစ်ဖက်တွင်ရှိနေသည့် ဝမ်ကွက်မှာတော့ မြေပေါ်သို့လဲကျရင်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လျက် ရှိနေသည်။