← Chapters

အပိုင်း (၂၉၀)

Vol. 21 Ch. 290

အပိုင်း (၂၉၀)

Vol. 21 Ch. 290

ရှောင်ပင်းက ပြောလိုက်၏။ “ဆက်ခံသူ.. အပြင်ကို ရောက်လာပြီပေါ့”

“အင်း”

“ဟယ်... ချစ်စရာကောင်းတဲ့ ကလေးလေးတွေပါလား”

ပြီးနောက် ရှောင်ပင်းသည် ရှေ့ဆီသို့လှမ်းတက်ပြီး ကျင်းမူကုန်းကြီး၏ လက်ထဲရှိ မိန်းကလေးနှစ်ယောက်ကို လှမ်းကာ ပွေ့လိုက်၏။ ပြီးနောက် ချစ်စနိုးနှင့် ဆော့ကစားလျက်ရှိနေသည်။

မင်းသမီးနင်ယန်သည် ကျင်းမူကုန်းကို လှမ်းကာ ကြည့်လိုက်၏။ “ဪ.. မင်းက အဲဒီ ဝတုတ်ကောင်လား။ ပြီးတော့ စာအုပ်ရောင်းတဲ့လူရဲ့ မိန်းမကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ လူလား။ တကယ့်ကို အသုံးမဝင်တဲ့လူပဲ”

ကျင်းမူကုန်းသည် ခေါင်းကိုခါယမ်းကာပြောလိုက်သည်။ “ကျုပ် မလုပ်ပါဘူး။ ယုမိသားစုက ကျုပ် ဒုက္ခရောက်အောင် တမင်အကွက်ချခဲ့တာ။ ကျုပ်က ဒီနေရာမှာ အပြစ်ခံရသူပါ”

ကျားမင်းသမီးသည် ကျင်းမူကုန်းကို တစ်ချက်လှမ်းကြည့်ပြီး ခပ်ပေါ့ပေါ့ မှတ်ချက်ပြုလိုက်၏။ “အင်း.. ဒါဆိုရင် ပိုတောင် ဆိုးသေးတယ်။ အသုံးမဝင်ခြင်း x ၂ ပဲ”

ထိုအချိန်မှာတော့ အရူးကြီးက မေးမြန်းလိုက်၏။ “အရူးနံပါတ်သုံး.. ဒါနဲ့ အဓမ္မပြုကျင့်တယ် ဆိုတာဘာလဲ”

ကျင်းမူကုန်းသည် အရူးကြီးကို လှမ်းကြည့်ကာ ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကိုလွမ်းနေတာကြာပြီ။ ခင်ဗျားနဲ့ တွေ့ရတာလည်းပျော်ရွှင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ စကား မပြောချင်သေးဘူး”

ရှမ့်လန်က ပြောလိုက်၏။ “ဆယ့်သုံး.. ဆက်ခံသူကို ရေချိုးပေးလိုက်။ အဝတ်အစားတွေ ဘာတွေ လဲပေးလိုက်”

“ကောင်းပါပြီ”

ရှမ့်လန်သည် အရူးကြီးကိုလှမ်းပြောလိုက်သည်။ “အရူးကြီး... ဒါနဲ့ မင်းရဲ့သိုင်းပညာလေ့ကျင့်မှု အခြေအနေက ဘယ်လိုရှိလဲ။ ကောင်းရဲ့လား”

အရူးကြီးသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “မကောင်းဘူး။ လုံးဝမကောင်းဘူး။ ဆရာက ငါ့ကို နေ့စဉ်နေတိုင်း ဆူငေါက်နေတာပဲ။ ဝက်တောင် ငါ့ထက်သာတယ်လို့ပြောသေးတယ်”

ရှမ့်လန်က ပြောလိုက်သည်။ “စိတ်ဓာတ်မကျပါနဲ့ကွာ။ အခုမှ မင်းက လေ့ကျင့်တာ နှစ်ဝက်ပဲရှိသေးတယ် မဟုတ်လား”

မှန်ပေ၏။ သိုင်းပညာလမ်းစဉ်၏ ပထမနှစ်ဝက်ဆိုသည်မှာ ဉာဏ်လမ်းပွင့်အောင် ကြိုးစားရခြင်းသာဖြစ်၏။ မြင်းထိုင်ထက် ပိုသည့် လေ့ကျင့်ခြင်းဟူ၍ လုပ်ရလိမ့်မည်မဟုတ်ပေ။

ရှမ့်လန်က မေးလိုက်၏။ “ဒါဆိုရင် မင်းရဲ့ဆရာက မင်းကို ဓားနည်းစနစ်တွေ သင်ပေးသေးလား”

အရူးကြီးက ပြောလိုက်သည်။ “မသင်ပေးပါဘူး။ နှစ်ဝက်၊ တစ်နှစ်ကြာပြီးမှ သင်ပေးမယ်လို့ ပြောတယ်”

ရှမ့်လန်က မေးလိုက်၏။ “ဒါဆိုရင် မင်းရဲ့ဆရာက မင်းကို အတွင်းအားလေ့ကျင့်နည်းကော သင်ပေးလား”

အရူးကြီးက ပြောလိုက်သည်။ “အတွင်းအားလေ့ကျင့်မှု ဆိုတာဘာလဲ”

ရှမ့်လန်သည် ကြောင်သွားခဲ့၏။ ပြီးနောက် ချက်ချင်းပဲ ထကာ ကျိန်ဆဲလိုက်မိ၏။ ‘ကျုံးချူးကဲ့... ခင်ဗျားက မဟာပညာရှင်ဆို။ ဘာတစ်ခုမှလည်း မသင်ပေးဘူး။ ခင်ဗျား ဘာသင်ပေးမှာလဲ။ နှစ်ဝက်တောင်ရှိနေပြီ။ အရူးကြီးက ဘာတစ်ခုမှ မတတ်သေးဘူး။ ဒီလိုဆိုမှတော့ သူက ဘယ်လိုလုပ် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်လာတော့မှာလဲ။ ကျုပ် နည်းနည်းလေးမှ မစောင့်နိုင်တော့ဘူး။ ခင်ဗျား... မဟာပညာရှင်က ကျိန်းသေပေါက် ကျောင်းသားတွေကို လမ်းလွှဲအောင် သင်ပေးနေတာပဲ’

‘ကြည့်.. လီချင်းချိုး သူ့ရဲ့တပည့်ကို ဘယ်လိုသင်ပေးထားလဲဆိုတာ။ ခင်ဗျားက မဟာပညာရှင် ခြောက်ယောက်ထဲမှာ အောက်ဆုံးဖြစ်နေတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ ကျုပ်မိန်းမ မူလန်ရဲ့ သိုင်းပညာကိုကြည့် ... သိပ်မကောင်းဘူး။ အဲဒါ ခင်ဗျားသင်ပေးထားလို့ပဲဖြစ်မယ်။ ကျုပ် တစ်ရက်ရက် ဓားဘုရင် လီချင်းချိုးနဲ့ဆက်သွယ်ပြီး မူလန်ကို သင်ကြားပေးဖို့ တောင်းဆိုရမယ်’

ရှမ့်လန်သည် တဆက်တည်း လှမ်းမေးလိုက်သည် “အရူးကြီး... မင်း ဘာဓားသိုင်းမှလည်း မတတ်ဘူး။ ပြီးတော့ နှစ်ဝက်အတွင်း ဘာအတွင်းအားကိုမှလည်း မကျင့်ကြံခဲ့ဘူး။ ဒါဆိုရင် မင်းဘာသိခဲ့လဲ”

အရူးကြီးသည် စိတ်ဓာတ်တကျနှင့်ပြောလိုက်၏။ “ဘာတစ်ခုမှ မသိခဲ့ဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “ဘာမှမသိဘူး ဟုတ်လား။ မင်းဆရာက ဘာမှမသိတဲ့မင်းကို နန်းမြို့တော်ရဲ့ အဝင်ဝမှာ ဒီအတိုင်း ထားခဲ့တယ်ဟုတ်လား။ မင်းကို တခြားသောသူတွေ ရောင်းစားသွားမှာ မစိုးရိမ်ဘူးလား”

အရူးကြီးသည် တစ်စုံတစ်ခုကို သတိရသွားပုံပေါ်၏။ ပြီးနောက် ပြောလိုက်၏။ “ဟုတ်ပြီ။ ဆရာက ပြောလိုက်တယ်။ နင်ကျဲ့ကိုရှာပြီး သူ့တပည့်နဲ့ တိုက်ခိုက်ကြည့်တဲ့။ ဒါဆိုရင် နန်းမြို့တော်ထဲမှာ ငါ့ကို ဘယ်သူမှ ပြဿနာ မရှာရဲတော့ဘူးလို့ ပြောတယ်။ ဒါနဲ့ နင်ကျဲ့ဆိုတာ ဘယ်သူလဲ”

ဤစကားစု ထွက်ပေါ်လာချိန်မှာတော့ ကလေးနှစ်ယောက်နှင့် ဆော့ကစားလျက် ရှိနေသည့် ကျားမင်းသမီးသည် ရုတ်တရက် ထခုန်လုမတတ် ဖြစ်သွားသည်။ “အရူးကြီး.. မင်းငါနဲ့တိုက်ခိုက်ချင်တာ ဟုတ်လား”

တစ်ဖက်လူသည် နှစ်ဝက်သာလျှင် သိုင်းပညာလေ့ကျင့်ခဲ့သူ တစ်ယောက်ဖြစ်၏။ မည်သည့်ဓားသိုင်းကိုမှ မသိရှိသလို၊ မည်သည့်အတွင်းအားကျင့်ကြံနည်းကိုမှလည်း မသိရှိချေ။ အဘယ်သို့ သူမနှင့် ယှဉ်ပြိုင်ချင်ရသနည်း။ တစ်ဖက်လူသည် နတ်ဘုရားစွမ်းအင်နှင့် မွေးဖွားလာခဲ့သည်ကို သူမ သိရှိသော်လည်း မည်သည့် သိုင်းပညာမှ မတတ်ချေ။ တကယ်ကြီး သူမနှင့် ယှဉ်ပြိုင်ချင်နေသည်လား။ သူမ ဘယ်လောက်အားကောင်းလဲ ဆိုသည်ကို သိချင်နေသည်လား။

ကျားမင်းသမီးသည် မည်သို့မှ သည်းမခံနိုင်တော့ချေ။ တိုက်ရိုက်ဆိုသလိုပဲ ပြောဆိုလိုက်၏။ “သွားကြမယ်။ သွားကြမယ်။ ငါ့ဆရာရဲ့နေရာကို သွားမယ်။ ငါနင်ယန်က လက်တစ်ဖက်ထဲနဲ့တောင် မင်းကို တိုက်ခိုက်နိုင်တယ်။ မင်းကို ချက်ချင်း အနိုင်ယူနိုင်မယ်လို့ အာမခံတယ်”

ပြီးနောက် ကျားမင်းသမီးသည် ရှမ့်လန်၏ လက်ကိုဆွဲကာဖြင့် ထွက်ခွာသွားခဲ့၏။

ရှောင်ပင်းသည် မျက်မှောင်ကုတ်လိုက်မိ၏။ ‘မင်းသမီးနင်ယန်... ရှင် အရူးကြီးနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ချင်တာ မဟုတ်လား။ ဘယ်လိုဖြစ်ပြီး ကျွန်မယောက်ျားရဲ့လက်ကို ဆွဲသွားရတာလဲ။ အရှက်မဲ့တဲ့မိန်းမပဲ။ ယောက်ျား ခိုးသွားတာလား။ ရှင့်ရဲ့ဖင်က ကြီးလွန်းတာကိုတော့ လက်ခံပါတယ်။ ဒါပေမဲ့ ဒီလိုမလုပ်သင့်ဘူး’

မင်းသမီးနင်ယန်မှာတော့ ထိုအရာကို သတိမပြုမိချေ။ ရှမ့်လန်၏လက်ကို အသာဆွဲကာဖြင့် ထွက်လျှောက် သွားခဲ့၏။ သူမက အော်ဟစ်လိုက်သည်။

“သွားကြမယ်။ အရူးကြီး... လာခဲ့။ ငါ့ဆရာ အိမ်ကိုသွားကြမယ်။ ပြီးရင် မင်းကိုငါ လက်တစ်ဖက်တည်း နဲ့တိုက်ခိုက်ပြမယ်”

........

ချင်နိုင်ငံ

လွန်ခဲ့သည့်လဝက်တုန်းက နိုင်ငံတစ်ခုလုံးသည် ကြီးမားလွန်းသည့် ကပ်ဘေးကြီးကို ခံစားနေရ၏။ ကျောက်ရောဂါသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး လူပေါင်းများစွာတို့ကို နေ့စဉ်နေတိုင်းဆိုသလို ကူးစက်စေခဲ့၏။ ချင်ဘုရင်သည် ရက်စက်လွန်းသည့် လူတစ်ယောက်ဖြစ်၏။ တစ်စုံတစ်ယောက် ကျောက်ရောဂါကို ကူးစက်နေကြောင်း သိရှိသည့်အချိန်တိုင်း ထိုလူကိုသတ်ဖြတ်၍ မီးရှို့မြေမြှုပ်ခဲ့၏။ ဘယ်တော့မှ ကုသပေးခြင်း မပြုခဲ့ချေ။

အရက်စက်ဆုံး နည်းလမ်းများကို အသုံးပြုပြီး ကပ်ဘေးကြီးကို ရှင်းလင်းပစ်ရန် ကြိုးစားခဲ့ခြင်းပင်။ သို့ပေမည့် ထိုသို့ဆိုလျှင်တောင်မှ သူသည် ထိုအရာကို မထိန်းချုပ်နိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ချင်နိုင်ငံသည် မြို့ဟူ၍ သီးခြားမရှိသလို မြို့ကို ကာကွယ်ထားသည့် မြို့နံရံဟူ၍ မရှိသောကြောင့်ပင်။

ထို့ကြောင့် ချင်နိုင်ငံထဲသို့ လူပေါင်းများစွာတို့က ဝင်ထွက်သွားလာလျက် ရှိနေ၏။ ထို့ကြောင့်ပင်လျှင် ကျောက်ရောဂါသည် သရဲတစ္ဆေကဲ့သို့ပင် တည်နေရာအနှံ့ကို ပျံ့နှံ့နေခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှချေသည်။ နှစ်စဉ်နှစ်တိုင်း ဆိုသလို ကျောက်ရောဂါ ဖြစ်တတ်ပြီး ဖြစ်လာတိုင်း လူပေါင်းများစွာ သေဆုံးသည်။

ချင်နိုင်ငံအတွက် ကျောက်ရောဂါဆိုသည်မှာ ရောဂါတစ်ခု မဟုတ်ချေ။ နတ်ဘုရားပြစ်ဒဏ်တစ်ခု ကဲ့သို့ပင်။ ထိုအရာသည် အသက်ပေါင်းများစွာကို ဇီဝိန်ချုပ်ရန် ရောက်ရှိလာခဲ့သည့် ငရဲပြည်မှ ငရဲမင်းကြီး တစ်ပါးကဲ့သို့ပင်။ နှစ်စဉ် လေးနှစ်၊ ငါးနှစ်လျှင် တစ်ကြိမ်ဆိုသလို ထိုအရာက ကျိန်းသေပေါက် ပေါ်ပေါက်လာတတ်၏။

ယခုနှစ် ရာသီဥတုက အလွန်အမင်း ပူပြင်း၏။ ထို့ကြောင့် အထူးသဖြင့် ကျောက်ရောဂါ ပြင်းထန်မှာ သေချာ၏။ ချင်ဘုရင်သည် အစောကြီးတည်းက လူတစ်ထောင်လောက်ကို သတ်ပစ်ခဲ့ပြီးသားဖြစ်၏။ သို့ပေမည့် သူ မထိန်းချုပ်နိုင်ခဲ့ချေ။ ရောဂါက ပိုမိုကာ ပျံ့ပွားလာခဲ့၏။ ချင်ဘုရင်သည် သတ်ဖြတ်ရင်းနှင့် တစ်ခါတစ်ရံ နှလုံးသားများပင် တုန်ယင်လာခဲ့သည်။

“နတ်ဘုရားတို့.. ဘယ်လိုဖြစ်ပြီး ကျုပ်တို့ချင်နိုင်ငံသားတွေကို ဒီလိုမှားယွင်းဆက်ဆံရတာလဲ။ ဘာကြောင့် ကျုပ်တို့ကို ဒီလိုမျိုး အပြစ်ပေးရတာလဲ။ ကျုပ်တို့ ဒီကပ်ဘေးကြီးကြောင့် လူဘယ်လောက်တောင်မှ ဆုံးရှုံးခဲ့ပြီးပြီလဲ။ ဒီလိုသာဆက်ပြီး သွားမယ်ဆိုရင် ချင်နိုင်ငံတစ်ခုလုံး ပျက်စီးတော့မယ်”

..........

မင်းသမီးအာယုနာနာသည် ချင်နိုင်ငံရှိရာဆီသို့ တော်ဝင်နှင်းတောင်ဆီမှ အသာဆင်းသက်လာခဲ့၏။ သူမသည် အဖြူရောင် နွားကြီးတစ်ကောင်ကို စီးနင်းလာခ့၏။ သူမသည် အလွန်အမင်း အားကောင်းပြီး သန်မာလွန်းလှချေ၏။ ထို့အပြင် အရပ်ကလည်း ၂ မီတာခန့် မြင့်မား၏။ သူမသည် အသက် ၂၅ နှစ်ကို ရောက်နှင့်နေပြီ ဖြစ်၏။

ချင်နိုင်ငံတစ်ခုလုံး၌ အားအကောင်းဆုံးသော အမျိုးသမီးစစ်သည်တော် တစ်ယောက်လည်း ဖြစ်၏။ အသက်ရှစ်နှစ်အရွယ်တည်းက သူမသည် ၁.၇ မီတာ အရပ်မြင့်၏။ ထိုအချိန်တည်းက သူမသည် သူမအဖေ၏ နောက်သို့ လိုက်ပါပြီး လူပေါင်းများစွာတို့ကို သတ်ဖြတ်ခဲ့၏။ သူမ အသက် ၁၃ နှစ်သို့ ရောက်သည့်အချိန်မှာတော့ သူမ၏နာမည်သည် ချင်နိုင်ငံတစ်ခုလုံးကို ပျံ့နှံ့နှင့်နေပြီဖြစ်၏။ သူမအား ငရဲမင်းသမီးဟုပင် ခေါ်ဆိုခဲ့သည်။

အသက် ၁၈ နှစ်မှာတော့ သူမသည် ၁.၉ မီတာအရပ်ရှိလာခဲ့ပြီး သာမန်ယောက်ျား တစ်ယောက်ထက် ခေါင်းတစ်လုံး ပိုမိုကာမြင့်၏။ သူမသည် လူများအား ယင်ကောင်ကဲ့သို့သဘောထားကာ သတ်ဖြတ်တတ်သူ ဖြစ်၏။ သူမသည် ကျိန်စာသင့်နေသူဖြစ်ကြောင်း အားလုံးသောသူတို့က ပြောဆိုခဲ့၏။ ဤကဲ့သို့သော ကျိန်စာသည် အသက်ရှည်ရှည်နေရမည်မဟုတ်ဘဲ အသက် ၃၀ ထက်ကျော်ကာ နေထိုင်နိုင်လျှင်ပင် ကံကောင်းပြီဖြစ်၏။

လွန်ခဲ့သည့်ဆယ်နှစ်တုန်းက အလွန်လှပသော မိန်းကလေးတစ်ယောက်သည် ချင်နိုင်ငံ၏နန်းတော်သို့ ရောက်ရှိလာခဲ့သည်။ ပြီးနောက် မင်းသမီး အာယုနာနာအား သူမ၏တပည့်အဖြစ် လိုချင်ကြောင်း တောင်းဆိုခဲ့၏။ အဘယ်ကြောင့်ဆိုသော် အာယုနာနာ၏ သတ်ဖြတ်လိုခြင်းဆန္ဒများက အလွန်အားကောင်းသောကြောင့် ဤအတိုင်းသာ ဆက်လက်လွှတ်ထားပါက အသက် ၃၀ ထက်ကျော်ကာ နေထိုင်နိုင်မည် မဟုတ်သောကြောင့်ပင်။

မင်းသမီးအာယုသည် မယုံကြည်ချေ။ သူမ၏ဓားကြီးကို ကောက်ဆွဲကာဖြင့် အမျိုးသမီးဆီသို့ လှမ်းဝင် သွားခဲ့၏။ သူမ၏ စစ်သည်တော် တစ်ဒါဇင်ကျော်တို့ကလည်း အရှေ့သို့လှမ်းတက်ကာ ဝင်ရောက် တိုက်ခိုက်၏။ သို့ပေမည့် နတ်မိမယ်ကဲ့သို့ လှပလွန်းသော မိန်းကလေးသည် မင်းသမီးအာယုနှင့် ဒါဇင်နှင့်ချီသော စစ်သည်တော်များကို လက်ညှိုးတစ်ချောင်းတည်းနှင့် အနိုင်ယူတိုက်ခိုက်ခဲ့သည်။

ပြီးနောက် မင်းသမီးအာယုသည် ထိုအမျိုးသမီး၏တပည့် ဖြစ်သွားခဲ့၏။ သူမသည် ဆယ်နှစ်ကျော် တော်ဝင်နှင်းတောင်ပေါ်တွင် နေထိုင်ခဲ့၏။ သူမ၏ဆရာသည် သူမကို ဆယ်နှစ်ကျော်ကြာ လေ့ကျင့်ပေးခဲ့၏။ သူမသည် ရူးသွပ်သွားလုမတတ်ပင်။ တစ်စုံတစ်ယောက်ကို သူမ မသတ်ခဲ့ရသည်မှာ အချိန်ကြာမြင့်ပြီဖြစ်၏။ တော်ဝင်နှင်းတောင်ပေါ်တွင်သာ နေထိုင်ခဲ့ရပြီး သူမ၏ ဆရာဘေးတွင်သာ လေ့ကျင့်ခဲ့ရ၏။

သို့ပေမည့် လွန်ခဲ့သည့်ညက သူမ၏ဆရာသည် သူမကိုခေါ်ကာ ပြောဆိုခဲ့၏။ သူမအတွက် ယောက်ျားတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ပြီး မကြာခင် မိတ်ဆက်ပွဲသို့ သွားရောက်ရမှာ ဖြစ်ကြောင်းပင်။ အာယုနာနာသည် ရုတ်တရက် ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။

“ယောက်ျားတစ်ယောက် ဟုတ်လား။ ကျွန်မ အာယုနာနာက ယောက်ျားမလိုဘူး။ ကျွန်မ အာယုနာနာက သူရဲကောင်းပဲ။ လောကကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်စွမ်းရှိနေတဲ့ သူရဲကောင်းတစ်ယောက်ပဲ။ ကြည့် ... ယောက်ျားတွေဆိုတာ ဘာတွေလဲ။ ကျွန်မရဲ့အရှေ့မှာ ကုပ်ကုပ်လေး ရပ်နေတဲ့ ကလေးလေးတွေလိုပဲ။ ကျွန်မ အာယုနာနာ မတ်တပ်ရပ်လိုက်တဲ့အချိန်မှာ တောင်ကြီးတစ်ခုလိုပဲ မြင့်မားပြီးထည်ဝါတယ်”

သို့ပေမည့် သူမသည် သူမဆရာ၏အမိန့်ကို မနာခံဘဲ မနေရဲချေ။ ဆရာသည် အလွန်အားကောင်းလှ၏။ သူမ အာယုနာနာက အားကောင်း၏။ သို့ပေမည့် သူမ၏ဆရာကိုတော့ မယှဉ်နိုင်ချေ။ ထို့ကြောင့် သူမ၏ဆရာအား မေ့ဆေးတိုက်ကျွေးကာဖြင့် နွားဖြူကြီးပေါ်သို့တက်ကာ တောင်အောက်ဆင်း၍ ချင်နန်းတော် ဆီ ပြန်သွားခဲ့၏။

.................

တော်ဝင်နှင်းထောင်၏ထိပ် တည်နေရာမှာတော့ နတ်မိမယ်ကဲ့သို့လှပသော မိန်းကလေးတစ်ယောက်သည် ခြေရာ မထင်နိုင်အောင် သန့်ပြန့်လွန်းသော နှင်းပြင်ကြီးကို လှမ်းကာကြည့်ရှုလျက်ရှိ၏။ သူမသည် နွားဖြူကြီးကို စီးနင်းကာဖြင့် ထွက်ခွာသွားခဲ့သော သူမ၏ တပည့်ကို လှမ်းကာကြည့်ရှုနေခြင်းပင်။

သူမသည် မဟာပညာရှင် ရွှယ်ရင်ပင် ဖြစ်၏။ ပြိုင်ဘက်ကင်းသည့် အလှအပကို ပိုင်ဆိုင်သူဖြစ်ပြီး သူမသည် ကဗျာတစ်ပုဒ်နှင့် ထိုက်တန်၏။

‘မြောက်ဘက်ပိုင်းမှ အလှတရား၊ ပြိုင်ဘက်ကင်း၍ လွတ်လပ်၏။ အကြည့်တစ်ချက်နှင့်ပင် မြို့တစ်ချက်ကို ပျက်စီးစေ၊ ဒုတိယအကြည့်တစ်ချက်နှင့် တိုင်းပြည်ကိုပါ ပျက်စီးနိုင်၏’

သူမ၏ အသက်က ဆန်းကြယ်လွန်းလှချေ၏။ သို့ပေမည့် သူမ၏မျက်နှာ၊ သွင်ပြင်မူရာတို့သည် အသက် ၂၀ နီးပါးခန့်သာလျှင်ရှိပုံပင်။

ထိုအချိန်မှာတော့ လူတစ်ယောက်သည် အမြန်ဆန်ဆုံးနှုန်းဖြင့် ရောက်ရှိလာခဲ့၏။ ထိုသူ နင်းလျှောက်ခဲ့ရာ နှင်းပြင်တွင် မည်သည့်ခြေရာမှ မကျန်ခဲ့ချေ။

“အစ်မ ရွှယ်ရင်.. မတွေ့ရတာနှစ် ၂၀ လောက်ရှိပြီ။ ခင်ဗျား တစ်ချက်ကလေးမှ မပြောင်းလဲသေးပါလား။ ပိုပြီး ငယ်ရွယ်သွားပုံတောင် ပေါ်နေတယ်”

“အင်း.. မောင်လေးကျုံး နှစ် ၂၀ လောက်ရှိပြီ။ ဒါပေမဲ့ မင်းကတော့ အိုမင်းသွားတဲ့ပုံပဲ”

“အင်ပါယာကြီး ဖျက်ဆီးခံရတဲ့နောက်မှာ ဆရာကလည်း ရုတ်တရက် သေဆုံးသွားခဲ့ပြီ။ ကျုပ်တစ်ယောက်တည်း ပင်ပန်းနေပြီ။ ဘယ်လိုဖြစ်ပြီးတော့ မအိုမင်း၊ မရင့်ရော်ပဲနေမှာလဲ”

ပြီးနောက် ကျုံးချူးကဲ့သည် လှမ်းကာ ပြောလိုက်၏။ “အရူးကြီးနဲ့ မိတ်ဆက်မယ့် ခင်ဗျားတပည့်ကရော ဘယ်ကို သွားနေတာလဲ။ ဘာကြောင့် သူမကို အပြင်ဘက် လွှတ်လိုက်ရတာလဲ”

မဟာပညာရှင် ရွှယ်ရင်က ပြောလိုက်သည်။ “အင်း.. ကြမ္မာရေစက်သာပါလာရင် အလိုလို ဖြစ်လာပါလိမ့်မယ်။ တကူးတက အောင်သွယ်ပေးနေစရာ မလိုပါဘူး”

ပြီးနောက် ရွှယ်ရင်၏ ပြိုင်ဘက်ကင်း လှပလွန်းသောမျက်နှာသည် ခံစားချက် ကင်းမဲ့နေသလိုပင်။ “ပြီးတော့ ငါ မကြာခင် သေတော့မှာလေ။ ဒီကလေးကို ငါသေတာ မမြင်စေချင်ဘူး”

မဟာပညာရှင် ကျုံးချူးကဲ့၏ မျက်လုံးထဲတွင် မျက်ရည်များ ရစ်ဝိုင်းသွားခဲ့၏။ “အစ်မ... အသက်ရှင်နိုင်မယ့် နည်းလမ်း မရှိဘူးလား”

ပြိုင်စံရှားနတ်မိမယ်သည် လှမ်းကာပြောဆိုလိုက်၏။ “ဒါက တကယ့် ကပ်ဘေးကြီးတစ်ခု၊ ရောဂါဆိုးကြီး တစ်ခုပဲ။ ကုလို့မရတော့ဘူး။ နောက်ထပ်ဆယ်ရက်မှာ ဒီကိစ္စက ဖြစ်ပွားတော့မှာ။ ငါသေတော့မှာပဲ”

ကျုံးချူးကဲ့က ပြောလိုက်သည်။ “ကျုပ် တကယ့်ကိုတော်တဲ့ လူငယ်လေးတစ်ယောက်နဲ့ သိခဲ့တယ်။ သူ ခင်ဗျားကို ကယ်တင်ရင် ကယ်တင်ပေးနိုင်လိမ့်မယ်”

ရွှယ်ရင်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “မလိုတော့ပါဘူး။ ဒီအတိုင်းပဲ ထားလိုက်တာကောင်းပါတယ်”

ဤကဲ့သို့ပင် သေဆုံးသွားချင်၏။ သေဆုံးပြီးနောက် အရှင်မင်းမြတ် ရုတ်တရက် သေဆုံးခြင်း၏ နောက်ကွယ်တွင် ရှိသည့်အမှန်တရားကို ရှာဖွေကောင်းရှာဖွေနိုင်ပေလိမ့်မည်။

............

ငြိမ်းချမ်းလွန်းသည့် တဲအိမ်လေးတစ်ခုထဲမှာတော့ နင်ကျဲ့သည် တံခါးပိတ် ကျင့်ကြံလျက်ရှိနေ၏။ ရှမ့်လန်သည် ထိုထဲသို့ ဝင်မလာချင်ပေ။ ရှမ့်လန်သည် သူမကိုမြင်ရသည့် အချိန်တိုင်း မသက်မသာ ခံစားရ၏။ အလိုရမ္မက် .... အရာအားလုံးတို့ ပျောက်ကွယ်နေသည့် လူမျိုးကို မြင်ရသည်မှာ သူ့အတွက် ဆိုးဝါးလွန်း၏။ တိတ်ဆိတ် ငြိမ်သက်လျက်ရှိနေသည့် တဲနန်းထဲသို့ ဝင်ရောက်ခဲ့ပြီးနောက် သူသည် နေမထိ၊ထိုင်မသာ ခံစားချက်ကို ရရှိလို့နေသည်။

“ဆရာ ဆရာ..”

မင်းသမီးနင်ယန်သည် ပြေးဝင်လာရင်းမှ အော်ဟစ်လျက်ရှိ၏ “နှစ်ဝက်လောက်သာ လေ့ကျင့်ရသေးတဲ့ အရူးကြီး ဒီမှာရှိနေတယ်။ သူက ဘာဓားကွက်ကိုမှလည်း မသိဘူး။ ဘာအတွင်းအားကျင့်စဉ်ကိုမှလည်း မလေ့ကျင့်ရသေးဘူး။ ဒါပေမဲ့ ကျွန်မနဲ့ ယှဉ်ပြိုင်ချင်နေတယ်။ ဒီကိစ္စက တော်တော်ဆိုးတယ်လို့ မထင်ဘူးလား”

အရူးကြီးသည် အထဲသို့ လျှောက်ဝင်လာခဲ့၏။ ပြီးနောက် အကြီးဆုံးမင်းသမီး နင်ကျဲ့ကို လှမ်းကြည့်လိုက်၏။ “ခင်ဗျားက နင်ကျဲ့လား”

အကြီးဆုံးမင်းသမီး နင်ကျဲ့သည် အားလုံးသောသူတို့အပေါ်တွင် ခံစားချက် ကင်းမဲ့စွာ တည်ရှိ၏။ သို့ပေမည့် အရူးကြီးကို မြင်ရသည့်အချိန်မှာတော့ သူမက ကြင်နာစွာ ပြုံးပြသည်။

“အမှန်ပါပဲ။ ငါက နင်ကျဲ့ပဲ။ ဒါနဲ့ မင်းက ဘယ်သူလဲ”

အရူးကြီးက ပြောလိုက်၏။ “ကျုပ်က အရူးကြီးပါပဲ”

အကြီးဆုံးမင်းသမီး နင်ကျဲ့သည် ပြုံးကာပြောလိုက်၏။ “ဪ.. ဒါဆိုရင် မင်းက အရူးကြီးပေါ့”

ကျုံးချူးကဲ့သည် ပါရမီရှင်တပည့်တစ်ယောက်ရရှိခဲ့ခြင်းနှင့်ပတ်သက်၍ စာရေးသား၊ ကြွားဝါခဲ့သူများထဲတွင် သူမလည်း အပါအဝင်ပင် ဖြစ်၏။ ထို့ကြောင့် အကြီးဆုံးမင်းသမီး နင်ကျဲ့သည် ခြွင်းချက်မရှိ အရူးကြီးကို သိရှိလို့နေ၏။ ထိုတင်သာမကသေးချေ။ ကျုံးချူးကဲ့သည် အရူးကြီးအား ရွှဲ့ပြည်နယ်သို့ စေလွှတ်ပြီးနောက် အရူးကြီး ဒုက္ခရောက်မည်ကို စိုးရိမ်မိ၏။ ထို့ကြောင့်ပင်လျှင် အကြီးဆုံးမင်းသမီး နင်ကျဲ့အား ကာကွယ်ပေးပါရန် စာပို့ တောင်းဆိုခဲ့သည်။

မင်းသမီးနင်ယန်သည် တကယ်ပင် မနာလိုဖြစ်သွားမိ၏။ အဘယ်ကြောင့်ဆိုသော် သူမ၏အဒေါ်သည် သူမနှင့် ပင် ဤသို့ရင်းနှီးသည့်လေသံမျိုးနှင့် စကားမပြောခဲ့သောကြောင့်ပင်။

All Chapters