အပိုင်း (၂၉၂)
Vol. 21 Ch. 292
ရှမ့်လန်က နှုတ်ဆက်လိုက်သည်။ “တွေ့ရတာ ဝမ်းသာပါတယ်”
ယွမ်မင်ကျယ်ကလည်း ပြန်လည်ကာ နှုတ်ဆက်၏။ “အင်း... တွေ့ရတာ ဝမ်းသာပါတယ်”
ပြီးနောက် သူတို့နှစ်ယောက်သည် ဘာတစ်ခုမှ ဆက်လက်ကာ မပြောကြချေ။ တစ်ယောက်နှင့် တစ်ယောက် ပထမဆုံး တွေ့ဆုံချိန်၌ ခံစားနေရသည်မှာ .... ချီးတဲ့မှ... ချောလိုက်တာ။ မဖြစ်သေးဘူး။ ငါ သူ့ကို သတ်ရမယ်။
ရုပ်ရည်ချောမောသူများသည် သဘာဝရန်သူပင်ဖြစ်သည်။ သို့ပေမည့် မကြာခင်မှာပဲ နှစ်ယောက်စလုံး၏ ရန်လိုစိတ်များသည် ပျောက်ကွယ်သွားခဲ့သည်။ အမှိုက်နှင့် အမှိုက် ပြဿနာတက်နေ၍ ဘာထူးမည်နည်း။
အချက်အလက်အားဖြင့် သူ့ကို မြင်သည့်အချိန်တွင် ဘုရင်မင်းမြတ် မည်ကဲ့သို့ ခံစားရမည်ဖြစ်ကြောင်း ရှမ့်လန် နားလည်သွား၏။
ခဏလောက် ကြောင်အအနှင့် တိတ်ဆိတ် ငြိမ်သက်ခဲ့ပြီးနောက်မှာတော့ အရူးကြီးက ရုတ်တရက် ပြောလိုက်သည်။ “အရူးလေး... ငါရော တွေ့ရတာ ဝမ်းသာပါတယ်လို့ ပြောရမှာလား”
ယွမ်မင်ကျယ်သည် အရူးကြီးကို တစ်ချက်လှမ်းကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင် ထူးခြားသည့် အလင်းတန်းများဖြင့် ပြည့်နှက်သွားခဲ့၏။ ပြီးနောက် အရူးကြီးဆီသို့ လက်သီးဆုပ်ကာ ပြောလိုက်၏။ “တွေ့ရတာ ဝမ်းသာပါတယ်”
ပြီးနောက် သူသည် ရှက်ရွံ့စွာဖြင့် ဆွံ့အသွားခဲ့၏။ အရူးကြီးသည် သူ့ကို အထက်မလုပ်ချေ။
အရူးကြီးက ထပ်မံကာ မေးလိုက်သည်။ “အရူးလေး... ငါ စားလို့ရပြီလား”
ရှမ့်လန်က ပြောလိုက်၏။ “စား စား”
အရူးကြီးသည် ခေါင်းငုံ့ကာဖြင့် စတင်ကာ စားတော့၏။ ကျားမကလည်း ခေါင်းငုံ့ကာ စားသုံးလျက် ရှိနေ၏။ နောက်အချိန်မှာတော့ ရှမ့်လန်နှင့် ယွမ်မင်ကျယ်တို့သည် တိတ်ဆိတ်ငြိမ်သက်သည့် အခြေအနေဆီသို့ ရောက်ရှိသွားသည်။
အချိန်အတော်ကြာပြီးသည့်နောက် ရှမ့်လန်သည် မေးခွန်းတစ်ခုကို နောက်ဆုံး၌ စဉ်းစားမိခဲ့၏။ “အစ်ကိုယွမ်... ခင်ဗျား မိန်းမဘယ်လောက်များများနဲ့ အိပ်ခဲ့ဖူးလဲ”
ယွမ်မင်ကျယ်သည် ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ “ကျုပ် မမှတ်မိတော့ဘူး။ တစ်ရာလောက် ရှိမယ်နဲ့တူတယ်”
ချက်ချင်းပဲ ရှမ့်လန်သည် တစ်ဖက်လူကို သတ်ဖြတ်ချင်စိတ် ပေါက်သွား၏။ ကြည့်... လောက၏ အစစ်အမှန် အောင်နိုင်သူဆိုသည်မှာ ဤသို့ပင်ဖြစ်၏။ ရှိရှိသမျှသော အလှပအားလုံးနှင့် အိပ်စက်နိုင်သူပင်။
ကျားမင်းသမီးနင်ယန်က ထီမထင်စွာ ပြောလိုက်၏။ “အမှိုက်တွေ .....”
ယွမ်မင်ကျယ်က မေးမြန်းလိုက်သည်။ “ညီလေးရှမ့်ရော”
ရှမ့်လန်သည် ခေါင်းမဖော်နိုင်တော့ပေ။ သူသည် ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။ “သုံးယောက်ပါ”
နင်ယန်က ပြောလိုက်သည်။ “အင်း... အမှိုက်လိုပဲ”
‘ခင်ဗျား အစားအစာကိုပဲ ခင်ဗျား စားစမ်းပါ။ ဘယ်လိုဖြစ်ပြီးတော့ ကျုပ်ကို အမှိုက်လို တောက်လျှောက် အော်နေတာလဲ။ ခင်ဗျားရဲ့ အဖေကသာ ကျုပ်ကို သင်းကွပ်မယ်လို့မပြောခဲ့ရင် ခင်ဗျားလို ကျားမနဲ့ ကျုပ်အိပ်ပြီးတာ အကြိမ်တစ်ရာကျော်လောက် ရှိပြီ’
ရှမ့်လန်၏အဖြေကို ကြားရချိန်မှာတော့ ယွမ်မင်ကျယ်သည် သက်ပြင်းချကာ ပြောလိုက်၏။ “အင်း... သနားစရာပဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်တယ်မလား”
ယွမ်မင်ကျယ်က ပြောလိုက်၏။ “ညီလေးရှမ့်... ငါတို့လို ယောက်ျားတွေ မိန်းကလေးပေါင်းများစွာနဲ့ အတူ အိပ်နိုင်တဲ့ လျှို့ဝှက်ချက်ကို သိလား”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း... သံယောဇဉ်အရမ်းမထားဖို့ပေါ့”
ယွမ်မင်ကျယ်က ပြောလိုက်၏။ “အမှန်ပဲ။ ဘယ်ယောက်ျားမဆို လှပတဲ့မိန်းကလေးတစ်ယောက်ကို တွေ့ရင် ပထမဆုံးတုံ့ပြန်မှုက အတူအိပ်ချင်တာပဲ။ ဒါက သာမန်ပဲ။ ဒါပေမဲ့ တကယ်ချစ်တဲ့ မိန်းကလေး တစ်ယောက်ကို တွေ့ပြီဆိုရင်တော့ တခြားမိန်းကလေးတွေနဲ့ အိပ်ပြီးချိန်မှာ .. ငါပြောတာ အိပ်ပြီးချိန်မှာနော် ... ပျော်ရွှင်မှုကို ခံစားရတယ် ဆိုပေမဲ့ အတွင်းစိတ်ထဲမှာလည်း အပြစ်ရှိသလို ခံစားရလိမ့်မယ်။ ဒီတော့ မိန်းကလေးပေါင်းများစွာ နဲ့ အတူအိပ်ဖို့ဆိုရင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်နေလို့လိုတယ်။ မဟုတ်ရင် အိပ်နိုင်မှာ မဟုတ်ဘူး”
ရှမ့်လန်က ပြောလိုက်၏။ “အစ်ကိုယွမ် .. ကျုပ် ဒီကိစ္စကို နားလည်ပါပြီ။ ပညာရခဲ့ပါတယ်”
ယွမ်မင်ကျယ်သည် ဝိုင်ခွက်ကို မြှောက်ကာဖြင့် ပြောလိုက်သည်။ “ငါတို့ စောစော မတွေ့ခဲ့တာ နှမျောစရာပဲ”
ရှမ့်လန်က ပြောလိုက်၏။ “အင်း... စောစောမဆုံတွေ့ခဲ့တာ နှမျောစရာပဲ .....”
ပြီးနောက် ရှမ့်လန်က မေးခွန်းတစ်ခုကို ထုတ်မေးလိုက်သည်။ “အစ်ကိုယွမ်... ခင်ဗျား အဝါကြီးကို မြင်တဲ့အချိန်မှာ စိတ်ထသေးရဲ့လား”
မင်းသမီးနင်ယန်သည် ခေါင်းမော့ကာဖြင့် ဝင်ကာ မေးမြန်းလိုက်၏။ “အဝါကြီးဆိုတာ ဘယ်သူလဲ။ ငါသူ့ကို မသိပါလား”
နှစ်ယောက်လုံးသည် နင်ယန်အား လျစ်လျူရှုထားသည်။
ယွမ်မင်ကျယ်က ပြောလိုက်၏။ “အင်း... ကျုပ် သူနဲ့ ပတ်သက်ပြီး အဆင့်တွေခွဲထားတယ်။ အစပိုင်းတုန်းက ကျောက်တုံးလို မာကျောလာတယ်။ ပြီးတော့ ပျော့ခွေသွားတယ်။ ပြီးတော့ ပြန်မာလာတယ်။ နောက်တော့ ပျော့ခွေပြီး အခုဆို ညိုးခြောက်သွားခဲ့ပြီ”
ပြီးနောက် ယွမ်မင်ကျယ်က ဆက်ပြောလိုက်သည်။ “ညီတော်ရှမ့်... မင်း အခု ပထမဦးဆုံးအဆင့်ကို ရောက်နေပြီ မဟုတ်လား”
ရှမ့်လန်သည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဟုတ်ပါတယ်။ သင်းကွပ်ခံရမှာသာ မကြောက်ဘူးဆိုရင် ဒီကိစ္စကို ထိန်းချုပ်ဖို့ဆိုတာ တကယ် ခက်ခဲတယ်”
ယွမ်မင်ကျယ်က ပြောလိုက်သည်။ “ငါ နားလည်တယ်။ ငါ နားလည်တာပေါ့။ ဒါပေမဲ့ မကြာခင်မှာပဲ... မင်း ဒုတိယအဆင့်ကို ရောက်သွားလိမ့်မယ်”
ရှမ့်လန်က ပြောလိုက်၏။ “အစ်ကိုယွမ်... ခင်ဗျား နင်ကျဲ့ကို မြင်ဖူးလား”
ယွမ်မင်ကျယ်က ပြောလိုက်သည်။ “မမြင်အောင်ရှောင်နေတာ ကောင်းတယ်။ သူက လူကို နာမကျန်းဖြစ်စေနိုင်တယ်။ ငါတို့လို လူတွေနဲ့ သေမျိုးရန်သူလိုပဲ။ မတွေ့တာ အကောင်းဆုံးပဲ”
ရှမ့်လန်က ပြောလိုက်၏။ “ ကျုပ်အကြောင်း ကောင်းကောင်း နားလည်တာပဲ အစ်ကိုတော်”
ယွမ်မင်ကျယ်က ပြောလိုက်သည်။ “စောစောသာ ရင်းနှီးခဲ့ရင် ပိုကောင်းမှာ။ အနာဂတ်မှာ အတူတူ ဆော့ကစား ကြရအောင်”
ရှမ့်လန်က ပြောလိုက်၏။ “သိပ်ကောင်းတာပေါ့”
နောက်ဆုံးမှာတော့ သူ့ကို နားလည်ပေးနိုင်သည့်လူတစ်ယောက်နှင့် ဆုံတွေ့ခဲ့ပြီဟု ရှမ့်လန်က ခံစားမိ၏။ လီပေါင်းထောင်ချီကွာဝေးသော၊ အဆုံးအစမရှိသော လူပင်လယ်ကြီးထဲတွင် သူနှင့် ရာထူးတန်းတူ အမှိုက်တစ်စကို နောက်ဆုံးတော့ ရှာတွေ့ခဲ့လေပြီ။
...........
အိမ်ပြန်လမ်းတလျှောက်မှာတော့ မင်းသမီးနင်ယန်သည် ရုတ်တရက် ဒေါသပေါက်ကွဲလျက်ရှိသည်။ “ရှမ့်လန်... မင်း... စောဏတုန်းက ပြောနေတဲ့ အဝါကြီးဆိုတာ ငါ့ကို ပြောနေတာ မဟုတ်လား”
နှစ်နာရီကျော် ကြာမြင့်ခဲ့ပြီဖြစ်၏။ အဘယ့်ကြောင့် ယခုမှ ထကာ တုံ့ပြန်ရသနည်း။
ရှမ့်လန်သည် စကားတစ်ခွန်းမှ မဆိုချေ။
နင်ယန်သည် ချက်ချင်းဆိုသလိုပဲ ဓားကို ဆွဲထုတ်ကာဖြင့် ရှမ့်လန်ဆီသို့ ခုတ်ပိုင်းလိုက်၏။ ဤအရာက ခုတ်ပိုင်းခြင်း မဟုတ်ချေ။ ဓားပြားနှင့် ရိုက်ခြင်းဖြစ်၏။ ဤတဏှာရူးကိုမှ သင်ခန်းစာ ကောင်းကောင်း မပေးထားဘူးဆိုလျှင် နောင်ပိုင်း ပိုမိုကာ ဆိုးရွားပေလိမ့်မည်။
တစ်မိနစ်ခန့် ကြာပြီးနောက် မင်းသမီးနင်ယန်သည် မောပန်းလျက်ရှိနေ၏။ သူမ၏ လက်ချောင်း တစ်ခုလုံးသည် ပြုတ်ထွက်တော့မည့်သကဲ့သို့ပင်။ သူမသည် ဓားကို အကြိမ်ပေါင်း တစ်ထောင်လောက် ဆွဲယမ်းခဲ့၏။ သို့ပေမည့် ရှမ့်လန်ကို တစ်ချက်မှ မထိခဲ့ချေ။ အဘယ့်ကြောင့်ဆိုသော် ဓားပြားနှင့် ရိုက်ချက်အားလုံးတို့ကို အရူးကြီးက တားဆီးထားခဲ့သောကြောင့်ပင်။ ရှမ့်လန်၏ အဝတ်စတစ်ခုကိုပင် သူမ ထိတွေ့ခဲ့ခြင်း မရှိချေ။
“အရူးလေးကို မချနဲ့။ သူက တိုက်ခိုက်တဲ့နေရာမှာ တော်တာ မဟုတ်ဘူး” အရူးကြီးသည် အားပျော့သလို ပြောလိုက်၏။
မင်းသမီးနင်ယန်သည် ငိုချင်စိတ်ပင် ပေါက်သွား၏။ သူမ၏လက်များသည် နာကျင်လျက်ရှိနေသည်။
“ရှမ့်လန်... ရှင်စောင့်နေ။ ရှင့်ကို ကျိန်းသေပေါက် လက်လွတ်မပေးဘူး။ အင်း... အရူးကြီး ထွက်သွားတယ်ဆိုတာနဲ့ ရှင့်ကို သေတဲ့အထိ ရိုက်ပြမယ်။ ရှင့်ကို ချီးထွက်အောင် ရိုက်ပြမယ်”
ပြီးနောက် မင်းသမီးနင်ယန်သည် သတ်ဖြတ်လိုခြင်းဆန္ဒအပြည့်နှင့် ကြည့်ရှုကာဖြင့် အိမ်သို့ ပြန်သွားခဲ့၏။ သူမအနေနှင့် ဆက်တိုက်ဆိုသလို ဆဲဆိုသွားခဲ့၏။
ချက်ချင်းဆိုသလိုပဲ ရှမ့်လန်သည် ဒုတိယအဆင့်ဆီသို့ ရောက်ရှိသွားခဲ့၏။ “အစ်ကို ယွမ်မင်ကျယ်... ခင်ဗျားက တကယ့်ကို နတ်ဘုရားလိုပဲ။ ကျုပ် ပျော့ခွေသွားပြီ။”
.....................
နောက်တစ်ရက်မှာတော့ ဘုံကျောင်းကို မီးရှို့ခဲ့သည့် ချင်နိုင်ငံစစ်သည်တော်တစ်ဒါဇင်ကျော်တို့ကို လူမြင်ကွင်းတွင် ခေါင်းဖြတ်သတ်ရန် ဘုရင်မင်းမြတ်က အမိန့်ထုတ်ခဲ့သည်။
ဆွစ် ဆွစ် ဆွစ်
အာဏာပိုင်အဖွဲ့အစည်းများသည့် ဓားများကို ဆွဲထုတ်ကာဖြင့် လူပေါင်းတစ်ဒါဇင်ကျော်တို့ကို ခေါင်းဖြတ်ခဲ့၏။ ချင်နိုင်ငံစစ်သည်တို့၏ခေါင်းများသည် မြေပေါ်သို့ လွင့်စင်သွားခဲ့ကြ၏။ လူအားလုံးတို့သည် ချီးမြှောက်အော်ဟစ်မှုကို ပြုလုပ်နေကြ၏။
ဝန်ကြီး၊ ဝန်မတ် နန်းတွင်းအမှုထမ်းတို့သည် အော်ဟစ်လျက် ရှိနေကြသည်။
ဘုရင်မင်းမြတ်၏ စိတ်ဆန္ဒအတိုင်း ဖြစ်ရပေလိမ့်မည်။ သူတို့၏ နာကျည်းမှုအတွက် ဘုရင်မင်းမြတ်က အကောင်းဆုံး ပြုလုပ်ပေးခဲ့၏။ ထို့အပြင် ချင်နိုင်ငံသည် တာဝန်ယူမှုကို ပြုလုပ်ရမည်ဟု ဘုရင်မင်းမြတ်က အမိန့် ထုတ်ပြန်ခဲ့သေး၏။ ဘုံကျောင်းမီးရှို့ခံရခြင်းအတွက် ရွှဲ့ပြည်နယ်က ရှင်းလင်းချက်ကို တောင်းခံပြီးဖြစ်၏။ ကျေနပ်အောင်မလုပ်ပေးပါက ချင်နိုင်ငံသည် ကျိန်းသေပေါက် ဆိုးဝါးသည့် အပြစ်ဒဏ်မျိုးကို ခံစားရပေမည်။
ရွဲ့ပြည်သားများသည် ပိုမိုကာ စိတ်လှုပ်ရှားလာခဲ့ကြ၏။ ဘုရင်မင်းမြတ်သည် တကယ့်ကိုပင် ဉာဏ်ကောင်းပြီး စိတ်ဓာတ်ခိုင်မာလွန်းသည့်လူတစ်ယောက် ဖြစ်၏။ ချင်သံတမန်ကိုပါ သတ်ဖြတ်ပစ်ခဲ့၏။
အခြေအနေကို ချင်ဘုရင်သာ သိပါက ကျိန်းသေပေါက် စစ်တပ်များကို စေလွှတ်ကာဖြင့် ရွှဲ့ပြည်နယ်ကို တိုက်ခိုက်မှာ သေချာ၏။ ချင်နိုင်ငံ၏ သံတမန်များအား သတ်ဖြတ်ခြင်း၊ ထို့အပြင် ချင်နိုင်ငံ၏ စစ်သည်များကို ခေါင်းဖြတ်သတ်ခြင်း၊ ထိုအရာသည် ချင်နိုင်ငံအပေါ်တွင် ကြီးမားသည့်ပြစ်မှုတစ်ခု ပြုမူလိုက်ခြင်းသာ ဖြစ်၏။ ရွှဲ့ပြည်နယ်သည် ချင်နိုင်ငံနှင့် ကြီးမားသည့်ပြဿနာတစ်ခုကို ဖြေရှင်းရပေတော့မည်။
ထိုအချိန်မှာပဲ ရှမ့်လန်သည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ “ကျုပ် သွားမယ်”
ဘုရင်မင်းမြတ်၏ ဂုဏ်သိက္ခာတရားအတွက် ... ရွှဲ့ပြည်နယ်၏ ဂုဏ်သိက္ခာတရားအတွက် .... ရွှဲ့ပြည်နယ်၏ ကိုယ်စားပြုသူ တစ်ယောက်အနေနှင့် သူသည် ချင်နိုင်ငံဆီသို့ သံတမန်တစ်ယောက်အနေနှင့် သွားရပေမည်။ ချင်နိုင်ငံဆီသို့ သွားရောက်ပြီး တစ်ဖက်လူများအား တောင်းပန်စာ ရေးသားခိုင်းရပေမည်။
ရုတ်တရက် နန်းမြို့တော်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ ရှမ့်လန် ရူးသွားပြီလား။ အသက်ရှင်လျက် ရှိနေသည်က မကောင်းပေဘူးလား။ အဘယ့်ကြောင့် သေဆုံးချင်ရသနည်း။ ရွှမ်ဝူအိမ်တော်သည် ရှမ့်လန်ကို ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ဘူးလား။ အဘယ့်ကြောင့် ဤမျှ ခေါင်းမာစွာဖြင့် သေလမ်းထဲ တိုးဝင်ချင်နေသနည်း။
သေချင်သည်ဆိုပါက အလွန်ရိုးရှင်း၏။ ကြိုးတစ်ချောင်းရှာ၍ မိမိလည်ပင်းကို ရစ်သိုင်းကာ သေဆုံးလိုက် ရုံသာလျှင် ရှိ၏။ သိပ်မကြာခင် သေဆုံးသွားမှာ ဖြစ်၏။ အဘယ့်ကြောင့် ကိန်းကြီးကမ်းကြီးနှင့် သေဆုံးမည့် ကိစ္စမျိုးကို ပြုလုပ်ချင်ရသနည်း။ ချင်နိုင်ငံဆီကို သွားမည်ဟုတ်လား။ ပြည့်စုံသည့် အလောင်းအဖြစ် သေဆုံးရလိမ့်မည် မဟုတ်ရုံသာမက ချင်နိုင်ငံလူရိုင်းများ၏ ချက်စားခြင်းကိုပင် ခံရနိုင်သည်။
ရှမ့်လန်သည် ဤကိစ္စကို လူသိရှင်ကြား ကြေညာခဲ့၏။ သူ သွားကာ သေဆုံးတော့မည်ဖြစ်ကြောင်း ကြေညာနေသကဲ့သို့ပင်။ သို့ပေမည့် ရွှဲ့ပြည်နယ်အတွက် ... ဘုရင်မင်းမြတ်အတွက် .... သူ၏ယောက္ခထီး နယ်စားဘွဲ့ရရှိရန်အတွက် .... သူ ဘာကို ကြောက်ရွံ့ရမည်နည်း။
ထိုအရာကို ကြားသည့်အချိန်မှာတော့ ဘုရင်မင်းမြတ်၏ မျက်နှာတစ်ခုလုံးက သုန်မှုန်သွားခဲ့၏။ ဘာကို ဆိုလိုသနည်း။ ရွှမ်ဝူနယ်စားကြီးကိစ္စကို ထပ်တလဲလဲ ပြောနေသည်မှာ သူ၏ ကတိစကားကို မယုံ၍လား။
ရှမ့်လန်သည် အလွန်ခက်ခဲသည့် တည်နေရာဆီသို့ ရောက်ရှိသွားခဲ့၏။ ရှမ့်လန်သည် နိုင်ငံအတွက် ကြီးမားသည့် အောင်မြင်မှုသရဖူကို လှမ်းကိုင်ချင်၏။ သို့ပေမည့် ကံဆိုးစွာဖြင့် သူ့၌ မည်သည့်ဘွဲ့တံဆိပ်မှ မရှိခဲ့ချေ။ သူ၏ ဂုဏ်သိက္ခာက နိမ့်ပါးလွန်း၏။ နန်းတွင်းကျောင်းတော်သားတစ်ယောက်မျှ ဖြစ်၏။ ထို့ကြောင့် ချင်နိုင်ငံ ဘုရင်နှင့် သွားရောက် စကားပြောဆိုရန် သူ့၌ ယုံကြည်ချက်မျိုးမရှိချေ။
ထို့ကြောင့် ရာထူးခန့်အပ်ရေးအဖွဲ့အစည်းဝန်ကြီးသည် အံကိုကြိတ်ကာဖြင့် ‘အဆင့်မြင့် ကျောင်းတော်သား ပညာတတ်’ ဂုဏ်ပုဒ်ကို ပေးအပ်ခဲ့၏။
‘ဘာပဲဖြစ်ဖြစ် သွားပြီးသေရတော့မှာပဲ။ အဆင့်မြင့် ကျောင်းတော်သား ပညာတတ်ဘွဲ့ရတော့ရော ဘာထူးလို့လဲ’
မည်သို့ပင် မကျေနပ်ပါစေ ပညာရေးဝန်ကြီးဌာနသည် ထိုအရာကို အသိအမှတ်ပြုပေးခဲ့သည်။
အဆင့်မြင့် ကျောင်းတော်သား ပညာတတ်ဘွဲ့ဆိုသည်မှာ တန်ဖိုးကြီးမား၏။ မည်သည့်နောက်ခံဖြင့် မွေးဖွားလာသူ ဖြစ်ပါစေ စာမေးပွဲကို သေချာဖြေဆိုနိုင်မှသာ ထိုဘွဲ့ကို ရရှိ၏။ သို့ပေမည့် အသေခံ၍ ချင်နိုင်ငံသို့ သွားရမည်ဖြစ်သောကြောင့် ရှမ့်လန်အား အဆင့်မြင့် ကျောင်းတော်သား ပညာတတ်ဘွဲ့ ပေးခဲ့ခြင်း ဖြစ်၏။
ထိုသို့ ဆိုလျှင်တောင်မှ ရှမ့်လန်သည် တွေဝေနေတုန်းပင်။ ပညာတတ်ဘွဲ့သည် သူ့အတွက် လုံလောက်အောင် အားမကောင်းသေးချေ။ ချင်ဘုရင်နှင့် မျက်နှာချင်းဆိုင်ရန် ယုံကြည်ချက် မရှိသေးပေ။ အဘယ့်ကြောင့် နည်းနည်းပိုကာ မြင့်မားသည့်ရာထူး မပေးရသနည်း။
ရာထူးခန့်အပ်ရေး အဖွဲ့အစည်းရုံး၏ အရာရှိများသည် ရှမ့်လန်အား မျက်စောင်းထိုးလိုက်ကြသည်။ ‘ငါတို့ကို လာပြီးတော့ ခြိမ်းခြောက်နေတာလား။ ပညာတတ်ဘွဲ့ကိုတောင် နိမ့်ပါးတယ်လို့ ပြောနေသေးတာလား။ မဖြစ်နိုင်ဘူး။ သေမယ်ဆိုရင်တောင် ဒီဘွဲ့ထက် ထပ်ပြီးမြင့်တဲ့အရာကို မပေးနိုင်ဘူး’
ရှမ့်လန်နှင့် ရာထူးခန့်အပ်ရေးအဖွဲ့မှဝန်ကြီးများသည် အလျော့မပေးဘဲ တင်းမာလျက်ရှိသည်။
ဘုရင်မင်းမြတ်သည် ကျင်းမိသားစုအား လက်ဆောင်တစ်ခု ပေးအပ်ခဲ့၏။ ရှမ့်လန်သည် ထိုအရာကို ဖွင့်ကြည့် လိုက်သည့်အချိန်မှာတော့ ကျောက်တုံးတစ်ခု ဖြစ်နေကြောင်း မြင်လိုက်ရ၏။ အလွန်တရာ မာကျောသည့် ကျောက်တုံးပင်။ ဘုရင်မင်းမြတ်၏ ဆိုလိုရင်းမှာ ရိုးရှင်း၏။
‘မင်းခေါင်း က မာလား၊ ငါ့ ကျောက်တုံးက မာလား’ ထိုသလောပင်။
ရှမ့်လန်သည် အလွန်အမင်း စိတ်ဓာတ်ကျသွားသည်။ သို့နှင့် ပညာတတ်ဘွဲ့ကို လက်ခံလိုက်ရသည်။ သခင်လေးလန်သည် ပညာတတ်တစ်ယောက် ဖြစ်လာခဲ့သည်။
တစ်ရက်ကြာမြင့်ပြီးနောက် …..
ဘုရင်မင်းမြတ်သည် ရှမ့်လန်အား သံတမန်ရေးရာအဖွဲ့အစည်း၏ အဆင့်ရှစ် မှတ်တမ်းထိန်းအရာရှိ အဖြစ် ရာထူးခန့်အပ်ခဲ့၏။ တကယ့်ကို သေးငယ်သည့် ရာထူးတစ်ခုပင် ဖြစ်၏။
နှစ်ရက်ကြာမြင့်ပြီးနောက် ...
ရှမ့်လန်သည် နန်းတွင်းအမှုထမ်း ဘွဲ့တံဆိပ်ကို လက်ခံရရှိခဲ့လေ၏။ ဤအရာသည် ရာထူးအမည်တစ်ခုသာ ဖြစ်ပြီး တာဝန်ဝတ္တရား ဟူ၍ မရှိချေ။ အဓိပ္ပာယ်မှာ အဆင့်တစ်ဆင့် ရာထူးတိုးပေးလိုက်ခြင်းသာ ဖြစ်သည်။ သတ္တမအဆင့် ရာထူးနှင့် အမှုထမ်းဖြစ်လာခဲ့သည်။
ပညာတတ်ဘွဲ့ရရှိပြီး ငါးရက်အတွင်း သတ္တမအဆင့်သို့ ရောက်ရှိသွားခြင်းမှာ နန်းတွင်းသမိုင်းတစ်လျှောက်တွင် အလွန်လျှင်မြန်သော ရာထူးတိုးမှုဖြစ်သည်။ သို့ပေမည့် မည်သူမှသည် မနာလိုမဖြစ်ကြချေ။ ရာထူးတိုးပြီး သေရမည် မဟုတ်ပါလား။
နောက်ထပ် နှစ်ရက်ကြာမြင့်ပြီးနောက် ...
ဘုရင်မင်းမြတ်သည် တရားဝင်အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့၏။ ရှမ့်လန်အား သံတမန်ခေါင်းဆောင်အဖြစ် ရာထူးပေးအပ်ခဲ့ပြီး ချင်နိုင်ငံသို့ သွားစေခြင်းပင်။ သံတမန်အဖွဲ့ဆိုသော်လည်း ရှမ့်လန် တစ်ယောက်တည်း ဖြစ်ပြီး ဒုတိယ သံတမန်ပင် မပါဝင်ပေ။
မြင်းသည်တော်တစ်ရာကျော်တို့သည် ဗာမေလီယန်တံခါးမှ ထွက်ခွာသွားသော ရှမ့်လန်ကို လိုက်ပါစောင့်ရှောက်သည်။
မင်းသမီးနင်ယန်သည် လီတစ်ရာအကွာမှ လိုက်ပါ ပို့ဆောင်၏။ နောက်ဆုံးမှာတော့ သူမသည် ရှမ့်လန်ကို အော်ဟစ်လိုက်၏။ “ရှမ့်လန်... မင်းက သူရဲကောင်းပဲ။ စိတ်မပူနဲ့။ မင်းသေသွားရင် ငါ မင်းအတွက် ရှောင်ပင်းကို ဂရုစိုက်ပေးမယ်”
ရှမ့်လန်သည် အံကိုကြိတ်ထားမိသည်။ ‘ကျားမ... ခင်ဗျားစကားကို ဘယ်လိုပြောရမလဲ မသိဘူးလား’
“အင်း... မင်း ဒီတစ်ကြိမ်မှာ သေဖို့များတယ်ဆိုပေမဲ့ အသက်ရှင်လျက်ပြန်လာနိုင်ဖို့ မျှော်လင့်ချက် သေးသေးလေးတော့ ရှိနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့က ညီအစ်ကိုတွေပဲလေ။ ကျိန်းသေပေါက် မင်းရဲ့မိသားစုကို ကာကွယ်ပေးရမှာပေါ့။”
ပြီးနောက် ကျားမသည် သူမ၏ အားပေးနေမှုများမှာ တစ်ဖက်လူကို ကျိန်ဆဲနေကဲ့သို့ ဖြစ်နေကြောင်း ခံစားလိုက်မိ၏။ ထို့ကြောင့် သူမက အော်ဟစ်လိုက်၏။ “ရှမ့်လန်... မင်း ငါနဲ့ အိပ်ချင်တယ်မလား။ အသက်ရှင်လျက် ပြန်လာမယ်ဆိုရင် ငါ မင်းနဲ့အိပ်မယ်။ ငါ နင်ယန်က ကတိတည်တဲ့ လူမျိုးပဲ”
ရှမ့်လန်က ကြောင်အသွားခဲ့၏။ သူသည် ကိုယ့်ကိုယ်ကိုယ် မနည်းထိန်းချုပ်လိုက်ရ၏။ မြင်းပေါ်မှာ ပြုတ်ကျမလိုပင် ဖြစ်သွားခဲ့၏။ ဤစကားစုသည် ရှမ့်လန်အား တတိယအဆင့်ဆီသို့ ဝင်ရောက်သွားစေခဲ့၏။ ကျောက်တုံး... သူသည် ကျောက်တုံးအဆင့်သို့ ပြောင်းလဲသွားခဲ့၏။
“အင်း... အစ်ကိုကြီး ယွမ်မင်ကျယ်... ခင်ဗျားက နတ်ဘုရားလိုပဲ”
ထိုအချိန်မှာပဲ လူတစ်ယောက်သည် ရှမ့်လန်ကို လက်ဝှေ့ယမ်းပြလျက်ရှိနေ၏။ သံတမန် ယွမ်မင်ကျယ်ပင် ဖြစ်၏။ သံတမန် ယွမ်မင်ကျယ်က ပြောလိုက်သည်။ “ညီလေးရှမ့်.. အခွင့်အရေးကိုအရယူပြီး နှလုံးသားထဲက ကန့်သတ်ချက်တွေကို ဖျက်ဆီးလိုက်”
ဤကဲ့သို့သော ကိစ္စရပ်မျိုးကို ဝင်ရောက်ကာ မြှောက်ထိုးပင့်ကော် ပြုလုပ်တတ်သည့်လူ လောကတွင် ရှိနေသေးသည်လား။
........
အချိန်များစွာ ကုန်လွန်သွားခဲ့၏။ ခရီးသွားရသည့်ရက်များသည် ပျင်းရိစရာ ကောင်းလွန်းလှ၏။ သူ့အနေနှင့် ဟိတ်ဟန်ထုတ်၍ မရသလို၊ မိန်းမလှလေးများကိုလည်း မမြင်ရချေ။ ဘယ်ဘက်ခြမ်းတွင် အရူးကြီး ရှိပြီး ညာဘက်ခြမ်းတွင် ဟွမ်ဖန်သာလျှင် ရှိ၏။
အလယ်တွင် ရှမ့်ဆယ့်သုံးသာ ရှိ၏။ ရှမ့်ဆယ့်သုံးသည် ဟွမ်ဖန်ကို တစ်ချိန်လုံး ခိုးကြည့်လျက်ရှိသည်။ ဤနှစ်ယောက်သည် တစ်ခုခုပင်။ ‘ရှမ့်ဆယ့်သုံး... မင်းမျက်လုံး ကန်းနေတာလား။ ဘယ်လိုဖြစ်ပြီးတော့ မင်းမျက်လုံးရဲ့ အလှပစံနှုန်းက ဒီလိုဆိုးဝါးနေရတာလဲ’
...................
ဆယ်ရက်ခန့် ကြာမြင့်ပြီးသည့်နောက်မှာတော့ ရှမ့်လန်သည် သူ၏တပ်ဖွဲ့ကို ဦးဆောင်ကာဖြင့် ချင်နိုင်ငံဆီသို့ ဝင်ရောက်လာသည်။ ချင်စစ်သည်များ၏ ဦးခေါင်းများကို ပေးပို့ရန်ပင်။
ဒုံး ဒုံး ဒုံး...
မြေပြင်တစ်ခုလုံး တုန်ခါလျက်ရှိနေ၏။ ပြီးနောက် ချင်နိုင်ငံ၏ မြင်းသည်တော်များသည် ရေလှိုင်းများကဲ့သို့ပင် ရောက်ရှိလာခဲ့ပြီး ရှမ့်လန်တို့ကို ဝိုင်းပတ်ထားခဲ့၏။
သန်မာထွားကြိုင်းလွန်းသည့် မိန်းမတစ်ယောက်သည် နွားဖြူကြီးကို စီးနင်းပြီး လူအုပ်ကြားထဲမှ ထွက်လာ၏။ သူမသည် ကြီးမားလွန်းသည့် လခြမ်းဓားကြီးကို ကိုင်ဆောင်ထားခဲ့၏။ ထိုလခြမ်းဓားကြီးသည် ငါးဆယ် ကီလိုဂရမ်ကျော် အလေးချိန် ရှိ၏။ သူမ မြင်းကို မစီးနင်းသည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။ မြင်းဆိုလျှင် သူမကို မနိုင်သောကြောင့်သာ ဖြစ်ပေလိမ့်မည်။
“ရွှဲ့ပြည်နယ်က သံတမန်ဆိုတာ ရှင်လား။ ရှမ့်လန်ဆိုတာလား” ချင်နိုင်ငံဆီမှ အမျိုးသမီးသည် အေးစက်စက်ဖြင့် မေးမြန်းလိုက်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဟုတ်ပါတယ်”
ထိုအမျိုးသမီးသည် အေးစက်စွာ ပြောလိုက်၏။ “ဒါဆိုရင် သူတို့ကို ဖမ်းခဲ့။ ပြီးတော့ ဒီရှမ့်လန်ကို အသက်ရှင်လျက် အရေခွံချွတ်၊ သူ့ရဲ့အကြောတွေကို ဆွဲထုတ်ပြီး ခွေးကျွေးလိုက်တော့”
“ကောင်းပါပြီ” ချင်နိုင်ငံဆီမှ စစ်သည်ပေါင်း တစ်ထောင်ကျော်တို့သည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့၏။ ထိုသူတို့သည် ဓားကြီးများကို ကိုင်ဆောင်ကာဖြင့် ရှမ့်လန်ကို ခုတ်ပိုင်းရန် တိုးလာကြသည်။
ရှမ့်လန်သည် ကျယ်လောင်စွာ အော်လိုက်၏။ “မင်းသမီးလေး အာယုနာနာ.. ကျုပ်တို့က တူညီတဲ့ဘက်ခြမ်းမှာ ရှိတယ်။ တူညီတဲ့ဘက်ခြမ်းမှာပဲ။ ကျုပ်ရဲ့နောက်က အရူးကြီးကို မြင်လား။ ဒါ ခင်ဗျားရဲ့ယောက်ျားပဲ”
“အရူးကြီး... မင်းရဲ့မိန်းမနဲ့ ဘာလို့ သွားမတွေ့သေးတာလဲ”