ခင်ဗျားရဲ့ ဝမ်းကွဲက ကျုပ်အတွက် ဘာမှမဟုတ်ဘူး
Vol. 72 Ch. 1435
လူ ၅၀ကျော်ပါဝင်သော အုပ်စုသည် ယဲ့ဖန်အား သတ်ဖြတ်ရန် ပြေးလာခဲ့သည်။
ထိုမြင်ကွင်းသည် အလွန်ထိတ်လန့်စရာ ကောင်းသည်။
အနည်းငယ် ကြောက်တတ်သူဖြစ်ပါက ခြေထောက်များ အားနည်းသွားသည်အထိ ကြောက်လန့်သွားနိုင်သည်။
သို့သော် ယဲ့ဖန်သည် မည်သည့်ကြောက်ရွံ့မှုကိုမှ မပြဘဲ စိတ်လှုပ်ရှားနေသော အမူအရာတစ်ခုကိုပင် ထုတ်ပြခဲ့သည်။
ဖန်းကျန်းဝူသာ ဒီမှာရှိနေရင် သူမက ပိုပြီး စိတ်လှုပ်ရှားနေမှာ မဟုတ်လား။
နှောင့်နှေးမနေတော့ဘဲ လူအုပ်စီသို့ ချီတက်လိုက်သည်။
ယဲ့ဖန်သည် ခြေထောက်ကိုမြှောက်ပြီး ရှေ့ဆုံးမှ ပေါက်ချွန်းဖြင့် ပြေးလာသောလူကို ကန်လိုက်သည်။
ဘန်း
ဂျွတ်
ထိုလူ၏ ရင်ဘတ်မှာ မြင်သာစွာပင် အထဲသို့ ကျွံဝင်သွားပြီး အနာက်သို့ လွင့်ထွက်သွားကာ သူ၏ လုပ်ဖော်ကိုင်ဖက်အချို့ကို တိုက်မိသွားသည်။
ယဲ့ဖန်သည် ထိုနေရာ၌ ရပ်မနေဘဲ အခြားတစ်ယောက်ကို ဆက်လက်တိုက်ခိုက်သည်။
လုကျင်းရွှေ၏ သေနတ်ပစ်ချက်သည် သူ့ကို ဒေါသထွက်စေခဲ့သောကြောင့် ယခုအခါ မည်သူ့ကိုမှ ညှာတာမပေးတော့ချေ။
ထို့ကြောင့် တိုက်ကွက်တိုင်းမှာ သတ်ကွက်များဖြစ်သည်။
ကြေကွဲစရာကောင်းသော အော်သံများ တရစပ်ထွက်လာပြီးနောက် လုကျင်းရွှေခေါ်လာသည့် မိုင်းလုပ်သားများမှာ တစ်ယောက်ပြီးတစ်ယောက် မြေကြီးပေါ်လဲကျကုန်သည်။
လူတိုင်းသည် ခြေ သို့မဟုတ် လက်များ ကျိုးကုန်ကြသည်။
ကံအကောင်းဆုံးလူမှာ အဆစ်အနည်းငယ် ကျိုးရုံဖြစ်သည်။
လုကျင်းရွှေသည် သိပ်မဝေးသော တစ်နေရာ၌ ရပ်နေသည်။
သူသည် ယဲ့ဖန်ကို ကြည့်လေလေ၊ ကြောက်လာလေလေ ဖြစ်သည်။
ယဲ့ဖန်သည် လက်နက်မပါပါသော်လည်း ကိုယ်ရောင်ဝါနှင့် လက်ရှိပုံစံမှာ သေမင်းတမန်ကဲ့သို့ ဖြစ်နေသည်။
နှစ်မိနစ်အတွင်းမှာပင် သူနှင့်အတူ လိုက်ပါလာသည့် လူအယောက်၅၀မှာ တစ်ဝက်မက မြေကြီးပေါ်၌ လဲနေပြီ ဖြစ်သည်။
ကျန်တစ်ဝက်မှာ သေမတတ် ကြောက်လန့်နေကြသည်။
ထိုကျန်လူတို့သည် ရှေ့သို့ဆက်မတိုးရဲတော့ဘဲ ခေါင်းကိုအုပ်ကာ ကြွက်များကဲ့သို့ ပြေးကြတော့သည်။
လုကျင်းရွှေသည် တစ်စုံတစ်ခု မှားနေသည်ကို ခံစားမိလိုက်သည်။
ထို့ကြောင့် သူသည် အလျင်အမြန်လှည့်ပြီး မောင်းလာသည့် ထရပ်ကားဆီ ပြေးသွားသည်။
ယာဉ်မောင်းထိုင်ခုံ၌ ထိုင်ပြီး ကားစက်မနှိုးရပ်ခင်မှာပင် ပေါက်ချွန်းတစ်လက် ရုတ်တရက် ပျံထွက်လာသည်။
ခွမ်း
ပေါက်ချွန်း၏အစွန်အဖျားသည် ကားရှေ့မှန်ထဲသို့ စိုက်သွင်းနေသည်။
ပေါက်ချွန်းထိပ်ဖျားသည် သူ့ခေါင်းနှင့် လက်တစ်ချောင်းမျှသာ ကွာတော့သည်။
လုကျင်းရွှေ၏ ကြောက်ရွံမှုကို ဖော်ပြရန်ပင် စကားမရှိတော့ချေ။
ထို့ကြောင့် ထရပ်ကားအား စက်နှိုးရန် ခွန်အားမရှိပေ။
ထိုအချိန် ကားတံခါးအား ရုတ်တရက် ဆွဲဖွင့်ခံလိုက်ရသည်။
လက်တစ်ဖက်သည် သူ့ကော်လာအား ဆွဲကိုင်လိုက်ပြီး ကားထဲမှ ဆွဲထုတ်လိုက်သည်။
လုကျင်းရွှေသည် ယဲ့ဖန်၏ ချောမောသော မျက်နှာကို ကြည့်နေပါသော်လည်း ထိတ်လန့်နေသည်။
" မင်း ....... မင်း ဘာလုပ်တာလဲ။ ငါ့ကို လွှတ်စမ်း ..... "
ထိုအချိန်တွင် ကျူးရှောင်ကျောင်း၊ လန်ရှင်းယွီနှင့် အခြားသူများသည် အမြန်ပြန်ပြေးလာကြသည်။
မြေပြင်ပေါ်၌ ငိုကြွေးနေသော မိုင်းတွင်းလုပ်သားများကို ကြည့်လိုက်ပါသော်လည်း ကျူးရှောင်ကျောင်းသည် အဆင်ပြေနေသေးသည်။ သူမသည် ယဲ့ဖန်နှင့်အတူ အရာများစွာကို မြင်ဖူးသည်။
သို့သော် လန်ရှင်းယွီနှင့် အခြားသူများမှာ မတူပေ။
မနေ့က တောဝက်ကို သတ်ခဲ့သည့် ယဲ့ဖန်၏ ထိတ်လန့်တုန်လှုပ်ဖွယ်မြင်ကွင်းကို သူတို့ မြင်တွေ့ခဲ့ရပါသော်လည်း ယနေ့မြင်ကွင်းမှာ သူတို့ကို ထိတ်လန့်စေသေးသည်။
ထိုအချိန်က တောဝက်တစ်ကောင်ကို သတ်လိုက်သည်ဖြစ်သောကြောင့် ထိုမြင်ကွင်းသည် ခြောက်ခြားစရာမဟုတ်ပေ။
သို့သော် ယခုအခါ ယဲ့ဖန်သည် ချွန်ထက်သော လက်နက်မျးပါသည့် မိုင်းတွင်းလုပ်သားငါးဆယ်ကျော်ကို ရင်ဆိုင်ခဲ့သည်။
ထို့အပြင် သူတစ်ယောက်တည်းဖြစ်သည်။
သူသည် ထိုလူများကို အနိုင်ယူပြီး သနားစရာကောင်းသော အခြေအနေဖြစ်စေခဲ့သည်။
ဤပုံမှန်မဟုတ်သော ကိုယ်ခံစွမ်းအားသည် သူတို့၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။
ဒီကမ္ဘာပေါ်မှာ ဒီလောက် အစွမ်းထက်တဲ့ ကိုယ်ခံပညာသိုင်းသမား တကယ်ရှိတာလား။
သူတို့အားလုံးသည် ရှုပ်ထွေးသောအကြည့်ဖြင့် ယဲ့ဖန်ကို ကြည့်နေကြသည်။
ယဲ့ဖန်သည် တိုက်ပွဲကြီးတစ်ခုကို ရင်ဆိုင်ခဲ့ရသော်လည်း သူ၏အဝတ်အစားများနှင့် ဆံပင်များမှာ လုံးဝ ညစ်ပေသွားခြင်း မရှိပေ။
ပြဿနာလေးတစ်ခုအား ဖြေရှင်းလိုက်ရသလို အေးဆေးပေါ့ပါးနေသည်။
စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များ၏ ယဲ့ဖန်အပေါ် လေးစားမှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
ဒီလူငယ်လေးက အစွမ်းထက်လွန်းတယ်။
" ဆက်ပြီး မာနကြီးရဲရင် လုပ်လိုက် "
ယဲ့ဖန်သည် လုကျင်းရွှေကို လှောင်ပြောင်သော အပြုံးဖြင့် ကြည့်သည်။
လုကျင်းရွှေသည် ကျန်းကောပြည်နယ်အတွင်းရှိ ပုဂ္ဂလိက ကျောက်မီးသွေးတွင်းတစ်ခုကို ပိုင်ဆိုင်ထားသူသာဖြစ်သည်။
သူသည် သာမန်လူဆိုးများနှင့် မယှဉ်နိုင်သည်မှာ သေချာသည်။
ထို့နောက် သူသည် ကျူးရှောင်ကျောင်းနှင့် ကျန်သူများကို ကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်၌ လူးလဲနေသည့် သူ၏ လက်အောက်ငယ်သားများကို ကြည့်ပြီး ယဲ့ဖန်ကို ထပ်မံကြည့်လိုက်သည်။
" မင်းက အရမ်းသန်မာတယ်ဆိုတာ ငါ ဝန်ခံတယ်။ မင်းငါ့နဲ့ တန်းတူရည်တူစကားပြောဖို့ အရည်အချင်းပြည့်မီတယ် "
" ဒါဆို ဘယ်လိုလဲ။ ငါတို့ နောက်ပြန်ဆုတ်ကြမယ် "
ယဲ့ဖန်သည် ထိုလူ၏ ကော်လာကို ဖြည်းညှင်းစွာ လွှတ်လိုက်ပြီး သူ့ကို စိတ်ဝင်တစား ကြည့်လိုက်သည်။
" ဘယ်လိုပြန်ဆုတ်မှာလဲ "
လုကျင်းရွှေသည် ဘေးကို ညွှန်ပြသည်။
" မင်းဒီမှာ ရွှေတွင်းတွေ့တယ်လို့ ငါ ကြားတယ်။ ဒါဆို ဘယ်လိုလဲ။ အဲ့တာကို အတူတူ တူးပြီး အမြတ်ကို ၂၀-၈၀ ခွဲမယ် "
ယဲ့ဖန်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပိုကျယ်လာသည်။
" ၂၀-၈၀ ခွဲမှာလား။ ဘယ်သူက ၂၀လဲ။ ဘယ်သူက ၈၀လဲ "
လုကျင်းရွှေသည် ယဲ့ဖန်၏မေးခွန်းမှာ အလွန်ရယ်စရာကောင်းသည်ဟု ထင်ခဲ့သည်။
" သေချာပေါက် ၈၀% ငါယူမှာပေါ့ "
" ရွှေတွင်းတူးဖော်ရေးနဲ့ ကိစ္စတွေအားလုံးကို ငါ တာဝန်ယူမှာ "
" မင်းတို့က ဒီကို ခဏတဖြုတ် စစ်တမ်းကောက်ရုံပဲ။ ၂၀%ပေးတာတောင် ရက်ရောလွန်းနေပြီ မဟုတ်လား "
ယဲ့ဖန် ခေါင်းယမ်းလိုက်သည်။
" မဟုတ်ဘူး "
လုကျင်းရွှေသည် မျက်မှောင်ကြုတ်လိုက်သော်လည်း လက်ရှိအခြေအနေကို ချိန်ဆပြီး သူသည် အခြားလိုက်လျောမှုတစ်ခုကို ကမ်းလှမ်းခဲ့သည်။
" ဒါဆို ၃၀-၇၀၊ မင်း ၃၀% ယူ။ ရလား "
" မရဘူး "
ယဲ့ဖန်သည် အငြင်းစကားများကို ဆက်လက် ပြောလိုက်သည်။
" ၄၀-၆၀ "
"မရဘူး "
" မင်း ၅၀-၅၀ ခွဲချင်တယ်လို့ မပြောနဲ့။ မင်း လောဘကြီးလွန်းတယ်။ ဘာမှမလုပ်ဘဲ ၅၀% ယူချင်တာလား "
လုကျင်းရွှေသည် မကျေနပ်စွာ ချက်ချင်း ညည်းညူလိုက်သည်။
ယဲ့ဖန်သည် ထိုလူနှင့် အပိုစကားများပြောရန် စိတ်မ၀င်စားတော့ပေ။
" ကျုပ်တို့က ဒီရွှေတွင်းကို ရှာတွေ့ခဲ့တာ။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ဘယ်သူလို့ ထင်နေတာလဲ။ ရှယ်ယာတစ်ခုရဖို့တောင် ထိုက်တန်လို့လား "
ထိုမှသာ လုကျင်းရွှေသည် ယဲ့ဖန်မှ ရှယ်ယာအချိုးအစားအား မကျေမနပ်ဖြစ်နေခြင်း မဟုတ်ဘဲ အားလုံးကို အပိုင်ယူလိုကြောင်း သဘောပေါက်သွားခဲ့သည်။
" ညီအစ်ကို၊ ဒါက မဟုတ်သေးဘူး။ ဒါက ငါ့နယ်မြေ။ မင်း ငါ့နယ်မြေမှာ ရွှေတွင်း တွေ့ပြီး အားလုံးကို သိမ်းချင်နေတာလား။ နည်းနည်းလွန်နေပြီ မဟုတ်လား "
သူသည် ယဲ့ဖန်၏ ခွန်အားကို ကြောက်ရွံ့သောကြောင့် ကြမ်းတမ်းစွာ မလုပ်ရဲသော်လည်း သူ၏ မကျေနပ်မှုကို ဖော်ပြသည်။
ယဲ့ဖန်သည် မတတ်နိုင်ဘဲ ရယ်မောလိုက်သည်။
" ခင်ဗျားရဲ့နယ်မြေတဲ့လား။ ဒီနေရာက ခင်ဗျားရဲ့ကျောက်မီးသွေးတွင်းနဲ့ နည်းနည်းဝေးသေးတယ်။ အဲ့တာ ဘယ်လိုလုပ် ခင်ဗျားနယ်မြေဖြစ်လာတာလဲ "
လုကျင်းရွှေ ဂုဏ်ယူစွာ ပြုံးပြသည်။
" မင်း မသိလောက်ဘူး။ ဒါပေမယ့် ငါ့ဝမ်းကွဲက ဒေသခံမိုင်းတာဝန်ခံတချို့နဲ့ သူငယ်ချင်းကောင်းတွေပဲ။ ဒါက ငါ့နယ်မြေလို့ပြောရင် ငါ့နယ်မြေပဲ "
" ငါ့ရဲ့ ရှယ်ယာအစီအစဉ်ကို မင်းသဘောတူတာ ပိုကောင်းတယ်။ မဟုတ်ရင် ၁% ရဖို့တောင် မေ့လိုက် "
" ခင်ဗျားရဲ့ဝမ်းကွဲက ဘယ်သူလဲ "
ယဲ့ဖန်သည် ထိုလူမှ မာနကြီးစွာပြောသည်ကို ကြားသောအခါ သိချင်လာသည်။
" ကျန်းယောင်းနိုင်ပဲ။ လူတွေက သူ့ကို ယောင်းနိုင်သခင်လေးလို့ ခေါ်ကြတယ်၊ သူ့အကြောင်း မင်းကြားဖူးလား "
လုကျင်းရွှေသည် သူ့ဝမ်းကွဲနာမည်ကို ချက်ချင်း ပြောလိုက်သည်။
ယဲ့ဖန်သည် ထိုနာမည်ကို အလွန်ရင်းနှီးသည်ဟု ခံစားမိသောကြောင့် ကျူးရှောင်ကျောင်းကို လှည့်ကြည့်လိုက်သည်။
" ဒီနာမည်ကို အရင်က တစ်နေရာရာမှာ ကြားဖူးသလိုပဲ "
ကျူးရှောင်ကျောင်းသည် နှုတ်ခမ်းကို ကိုက်ကာ ပြုံးလိုက်သည်။
" ငါတို့က တကယ်တော့ အချင်းချင်း အရမ်းရင်းနှီးကြတာပဲ။ မနေ့ကပဲ ရှန်းရှီဇိမ်ခံအိမ်ရာမှာ တွေ့တယ်လေ "
ယဲ့ဖန် သတိရသွားသည်။
ထိုကျန်းယောင်းနိုင်ဆိုသူကို လွန်ခဲ့တဲ့ နှစ်ရက်က ရှန်းရှီဇိမ်ခံအိမ်ရာ၌ တွေ့ခဲ့သည်။
သူက ကျူးရှောင်ကျောင်းရဲ့ အိမ်မှာ ပိုင်ရှင်အသိမပေးဘဲ တက်နေလို့ ရှောင်ကျောင်း ဖုန်းခေါ်ပြီး ချေပလိုက်တဲ့သူ မဟုတ်လား။
" ကျန်းယောင်းနိုင်က ခင်ဗျားရဲ့ ဝမ်းကွဲလား "
ယဲ့ဖန်သည် ထူးဆန်းသော အပြုံးဖြင့် လုကျင်းရွှေကို ကြည့်သည်။
ကမ္ဘာကြီးသည် မည်မျှသေးငယ်သည်ကို တွေးမိကာ မတတ်နိုင်ဘဲ သက်ပြင်းချခဲ့သည်။
" ငါ့ဝမ်းကွဲနာမည်ကို မင်းကြားဖူးတာလား။ အဲ့တာဆို ပိုလွယ်တယ်။ ငါ့ဝမ်းကွဲရဲ့ ခွန်အားကို သေချာသိတယ်မလား။ မင်းကို ရပ်လိုက်ဖို့ အကြံပေးတယ် "
ယဲ့ဖန်သည် ကျန်းယောင်းနိုင်ကို သိကြောင်း လုကျင်းရွှေ ကြားသောအခါတွင် စိတ်သက်သာရာရစွာ သက်ပြင်းချသည်။
သို့သော် နောက်တစ်စက္ကန့်၌ သူ မရယ်နိုင်တော့ချေ။
ယဲ့ဖန်မှ နှာမှုတ်လိုက်သည်။
" ဆောရီးပဲ၊ မင်းဝမ်းကွဲက ငါ့အတွက် ဘာမှအရေးမပါဘူး "
" အလွန်အကြူးမလုပ်ချင်ဘူး။ ခင်ဗျားရဲ့လူတွေကို ခေါ်ပြီး ချက်ချင်း ထွက်သွားလိုက်။ သေချင်ရင်တော့ ကျုပ်ကို အပြစ်မတင်နဲ့ "
လုကျင်းရွှေ၏ မျက်နှာသည် မည်းမှောင်သွားပြီး ချက်ချင်း ခြိမ်းခြောက်သည်။
" ဒါကို မင်း သေချာစဉ်းစားတယ ပိုကောင်းတယ်။ ငါ့ဝမ်းကွဲကို အခုချက်ချင်း ခေါ်လိုက်နိုင်တယ်ကွ "
" လုပ်လိုက် "
ယဲ့ဖန်သည် သူ့လက်ကို မြှောက်လိုက်ကာ သူ့အပြုံးသည် ပို၍ပင် ထူးဆန်းလာသည်။
" ကောင်းပြီ၊ မင်း ခဏစောင့်နေလိုက် "
လုကျင်းရွှေသည် ခြိမ်းခြောက်ပြီးနောက် ဖုန်းကိုထုတ်ကာ သူ့ဝမ်းကွဲဖြစ်သူ ကျန်းယောင်းနိုင်၏နံပါတ်ကို ဖုန်းခေါ်လိုက်သည်။