← Chapters

စိတ်မကောင်းဘူး။ နောက်ကျသွားပြီ

Vol. 72 Ch. 1436

စိတ်မကောင်းဘူး။ နောက်ကျသွားပြီ

Vol. 72 Ch. 1436

ဖုန်းသည် အကြိမ်အနည်းငယ် မြည်ပြီးနောက် ချိတ်ဆက်သွားသည်။

" ဟယ်လို "

ကျန်းယောင်းနိုင်၏အသံသည် ဖုန်းတစ်ဖက်မှ ထွက်လာသည်။

သို့သော် အသံမှာ ပင်ပန်းနွမ်းနယ်ကာ စိတ်ဓာတ်ကျနေပုံရသည်။

" ဝမ်းကွဲ၊ ငါပါ။ မင်းအကူအညီ လိုနေတာလေးရှိလို့ "

လုကျင်းရွှေသည် ကျန်းယောင်းနိုင်၏ လေသံကို မကြားဘဲ အဓိကအချက်ကို ချက်ချင်း ပြောသည်။

" အဲ့တာဘာလဲ "

" လူတစ်စုက အခုပဲ ငါ့ကျောက်မီးသွေးတွင်းကို ရောက်လာတယ် ......... "

လုကျင်းရွှေသည် ထိုကိစ္စ၏ အကျဉ်းချုပ်ကို ရှင်းပြပြီးနောက် ထပ်ပြောသည်။

" မိုင်းနယ်မြေ တာဝန်ခံခေါင်းဆောင်နဲ့ မရင်းနှီးဘူးလား။ ဝမ်းကွဲ၊ မင်း နည်းလမ်းတစ်ခု စဉ်းစားပေး "

" မင်း ကိုယ့်ကိစ္စကိုယ် ဖြေရှင်းသင့်တယ်။ ငါမင်းကို အခုမကူညီနိုင်လောက်ဘူး "

ကျန်းယောင်းနိုင်သည် တစ်ဖက်မှ ပြောသည်ကို ကြားပြီးနောက် အသံလုံးဝမပြောင်းချေ။

သူသည် ခံစားချက်မဲ့နေသော စက်တစ်လုံးလိုဖြစ်နေသည်။

လုကျင်းရွှေသည် ချက်ချင်းပင် စိုးရိမ်လာသည်။

" ကျွန်တော်က ခေါင်းဆောင်နဲ့ စကားမပြောနိုင်ဘူး။ အစ်ကိုဝမ်းကွဲ၊ မင်းပဲ ဒီကိစ္စကို ကိုင်တွယ်ရမှာ "

" စိတ်မပူပါနဲ့။ ဒီရွှေတွင်းကို တူးဖော်ခွင့် ရတာနဲ့ အမြတ် ၅၀% ပေးမယ် "

သူ့အစ်ကိုဝမ်းကွဲသည် ငွေကြိုက်သူဖြစ်မှန်း သူ သိသည်။

သူ့အတွက် အကျိုးမရှိသော မည်သည့်အရာကိုမှ လုပ်မည်မဟုတ်သည်မှာ သေချာသည်။

သူ ၅၀%ကမ်းလှမ်းလိုက်ပါက သူ့အစ်ကိုသည် သဘောတူပေမည်။

သို့သော် ဤတစ်ကြိမ်၌ သူ တွက်ချက်ထားသည်မှာ မှားယွင်းနေခဲ့သည်။

ကျန်းယောင်းနိုင်၏ လေသံမှာ အသက်မဲ့နေဆဲဖြစ်သည်။

" ငါ မင်းကို တကယ်မကူညီနိုင်ဘူး "

" ငါ အခုလမ်းပေါ်က ကြွက်တစ်ကောင်လိုဖြစ်နေပြီ။ အဲ့ဒီလူတွေကို ဆက်သွယ်ဖို့မပြောနဲ့ သူတို့ကတောင် ငါ့ကို ရှောင်နေတာ "

လုကျင်းရွှေ အံ့ဩသွားသည်။

" ဝမ်းကွဲ၊ ဘာဖြစ်တာလဲ "

ကျန်းယောင်းနိုင် သက်ပြင်းရှည်ထုတ်လိုက်ပြီး ထိုနေ့က အဖြစ်အပျက်ကို ချက်ချင်းပြောပြသည်။

လုကျင်းရွှေသည် ထိုစကားကို ကြားပြီးနောက် အလွန်ထိတ်လန့်သွားပြီး စကားအတော်ကြာ မပြောနိုင်ခဲ့ပေ။

" အဲ့ဒီမိန်းကလေးရဲ့ နောက်ခံက အဲ့လောက်တောင် တောင့်တာလားဘ"

" ဖုန်းတစ်ချက်ဆက်ရုံနဲ့ ဝမ်းကွဲရဲ့ လုပ်ငန်းတွေနဲ့ အချိတ်အဆက်တွေအားလုံး ပျက်သွားပြီလား "

ကျန်းယောင်းနိုင်၏ အသံသည် အဆုံးမဲ့သော ခါးသီးမှုများနှင့် ပြည့်နှက်နေသည်။

" ကျင်းရွှေ၊ အစ်ကိုဝမ်းကွဲက မင်းကို အကြံဉာဏ်တစ်ခု ပေးမယ်။ ဘယ်သူ့ကိုမှ အထင်မသေးနဲ့။ သူတို့ရဲ့ နောက်ခံ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်း ဘယ်တော့မှ သိနိုင်မှာ မဟုတ်ဘူး "

" နောက်ပြန်ဆုတ်လို့ရရင် နောက်ပြန်ဆုတ်လိုက်။ ကိုယ့်ကိုယ်ကိုယ် ပြဿနာမဖြစ်စေနဲ့ "

လုကျင်းရွှေသည် ယဲ့ဖန်ကို ကြည့်လိုက်ပြီး ဘာမှမဖြစ်သလို ပြုံးလိုက်သည်။

" ဝမ်းကွဲ၊ စိတ်မပူပါနဲ့။ အဲ့လို အင်အားကြီးတဲ့ နောက်ခံနဲ့လူကို ဘယ်လိုလုပ် တွေ့နိုင်မှာလဲ "

" ဒါက စူးစမ်းရှာဖွေရေး အဖွဲ့လေးပဲ။ သူတို့ ကျွန်တော့်ကို ဘာမှလုပ်ပေးနိုင်မယ် မထင်ဘူး "

ယဲ့ဖန်သည် သူ့စကားကို ကြားသောအခါ မျက်နှာပေါ်၌ အပြုံးတစ်ခုပေါ်လာသည်။

ကရုဏာရှာရင် ကရုဏာရမယ်။

ပြဿနာရှာရင် ပြဿနာရလိမ့်မယ်။

တစ်ဖက်ကတောင် ဒီလိုပြောနေမှတော့ တစ်ခုခုမလုပ်ပေးရင် အရမ်းစိတ်ပျက်သွားမှာ မဟုတ်ဘူးလား။

ထို့ကြောင့် ချက်ချင်းပင် သူ့ဖုန်းကို ထုတ်လိုက်သည်။

ယဲ့ဖန်သည် လုံခြုံရေးအဖွဲ့၏ ခေါင်းဆောင် ကောကျီလင်းကို ချက်ချင်းဖုန်းဆက်လိုက်သည်။

" ဟယ်လို ယဲ့လူကြီးမင်းလေး၊ ဘာကိစ္စရှိလို့လဲ "

ကောကျီလင်းသည် ဖုန်းတစ်ကြိမ်သာ မြည်ပြီးနောက် ဖုန်းကိုင်ပြီး သူ့လေသံမှာ အလွန်ပင်ဖော်ရွေသည်။

" အဖွဲ့ခေါင်းဆောင်ကော၊ ကျွန်တော် ကျောက်မီးသွေးတွင်းတစ်ခုကို ပိတ်ပစ်ဖို့လိုတယ် "

ယဲ့ဖန်သည် သွယ်ဝိုက်မနေဘဲ အဓိကအချက်ကို တန်းပြောသည်။

" ကောင်းပြီ၊ ကျောက်မီးသွေးတွင်းရဲ့ နာမည်ကို ပြောလိုက်။ သူတို့ရဲ့ ကြီးကြပ်ရေးမှူးကို ခေါ်လိုက်မယ် "

ကောကျီလင်းသည် အကြောင်းပြချက်ပင် မတောင်းဘဲ ကျောက်မီးသွေးတွင်းအမည်ကို တိုက်ရိုက်မေးခဲ့သည်။

ယဲ့ဖန်သည် ကျောက်မီးသွေးတွင်း နာမည်ကို ပြောပြပြီး ဖုန်းချလိုက်သည်။

လုပ်ငန်းစဉ်တစ်ခုလုံးသည် ဆယ်စက္ကန့်မျှသာ ကြာမြင့်သည်။

လုကျင်းရွှေသည် ယဲ့ဖန်၏ ဖုန်းခေါ်ဆိုမှုအား မြင်ပြီးနောက်တွင်ပင် သူ့မျက်နှာ၌ မထီမဲ့မြင်အပြုံးတစ်ခု ရှိနေသေးသည်။

ထိုအချိန် သူ့ဝမ်းကွဲ ကျန်းယောင်းနိုင်၏အသံ ဖုန်းထဲမှ ရုတ်တရက် ထွက်လာသည်။

" ကျင်းရွှေ ဖုန်းဘေးက ဘယ်သူလဲ "

ကျန်းယောင်းနိုင်၏ အသံသည် ပထမဦးဆုံးအကြိမ်အဖြစ် ပြောင်းလဲလာခဲ့သည်။

လုကျင်းရွှေ ပြုံးလိုက်သည်။

" သူက ခုနက မင်းကို ပြောနေတဲ့ သူပဲ။ သူက ငါ့လက်အောက်ငယ်သား ၅၀ ကျော်ကို ဒဏ်ရာရစေခဲ့တဲ့သူ "

" ဒီကောင်က တကယ်ကျွမ်းကျင်ပေမယ့် မာနကြီးလွန်းတယ်။ ငါ့ကျောက်မီးသွေးတွင်းကို ပိတ်ပစ်ချင်တယ်ဆိုပြီး ဘယ်သူ့ကို ခေါ်နေလဲ မသိဘူး "

" ဒီအသံက နည်းနည်း ရင်းနှီးနေတယ် ....... သူက ဘယ်လိုပုံစံလဲ "

ကျန်းယောင်းနိုင်မှ ဆက်မေးသည်။

" သူက အရပ် ၆ပေလောက် မြင့်တယ်။ ချောပြီး ငယ်သေးတယ် ........ "

လုကျင်းရွှေသည် ယဲ့ဖန်၏ အသွင်အပြင်ကို အတိုချုံး ဖော်ပြခဲ့သည်။

ကျန်းယောင်းနိုင်သည် ဖော်ပြချက်ကို ကြားပြီးနောက် သူ၏အသံမှာ ရုတ်တရက် တုန်လှုပ်သွားသည်။

" သူ့ဘေးမှာ မိန်းကလေးရှိလား "

" အိုး ....… သူ့ဘေးမှာ မိန်းကလေးနှစ်ယောက်ရှိတယ်။ မင်းပြောတာ ဘယ်တစ်ယောက်လဲ "

လုကျင်းရွှေသည် တုံးအသူဖြစ်နေလျှင်ပင် သူ့ဝမ်းကွဲ၏အသံ မူမမှန်ကြောင်း ပြောနိုင်သည်။

" အရမ်းလှတဲ့ မိန်းကလေး "

" နှစ်ယောက်လုံး အရမ်းလှတယ် "

" သူမက ဆံပင်လှိုင်းတွန့်လေးတွေ။ ပြီးတော့ မျက်လုံးတွေက ကြီးပြီး မျက်လုံးထောင့်အောက်မှာ မှဲ့တစ်ခုရှိတယ် ....... "

သူ့ဝမ်းကွဲ၏ ဖော်ပြချက်မှတဆင့် လုကျင်းရွှေသည် ကျူးရှောင်ကျောင်းကို အမြန်အကဲခတ်လိုက်သည်။

လက္ခဏာအားလုံးမှာ ကိုက်ညီနေသည်။

မကောင်းသည့်ခံစားချက်များ ပေါ်ထွက်လာသကဲ့သို့ သူ့နှလုံးသားမှာ ခုန်ပေါက်သွားသည်။

" ဟုတ်တယ်၊ ဝမ်းကွဲ။ ဘယ်လိုသိတာလဲ "

" လုကျင်းရွှေ၊ လုကျင်းရွှေ၊ မင်း ဒီတစ်ခါတော့ သေပြီ "

ကျန်းယောင်းနိုင်၏ လေသံသည် အလွန်ကြမ်းတမ်းပြီး လုကျင်းရွှေကို ထိတ်လန့်သွားစေသည်။

လုကျင်းရွှေ တုန်လှုပ်သွားသည်။

" အစ်ကိုဝမ်းကွဲ၊ ငါ့ကို မခြောက်နဲ့။ ဘာဖြစ်တာလဲ "

" ဒီလူနှစ်ယောက်က မနေ့က ငါ ပြဿနာရှာခဲ့မိတဲ့သူတွေပဲ "

" မင်းငါ့လို မဖြစ်ချင်ရင် သူတို့ကို တောင်းပန်ပြီး ချက်ချင်း အသနားခံလိုက် "

" ဒဏ်ငွေပေးဆိုပေး၊ အပြစ်ဒဏ် လက်ခံဆို လက်ခံလိုက်။ သူတို့ကိုခွင့်လွှတ်ပေးဆို တောင်း မဟုတ်ရင် ........ "

လုကျင်းရွှေသည် ကျန်းယောင်းနိုင် ၏စကားကို နားမထောင်နိုင်တော့ပေ။

သူ့စိတ် ယောက်ယက်ခတ်နေပြီး စကားတစ်ခွန်းကိုသာ ကြားယောင်နေသည်။

" သူတို့နှစ်ယောက်ကတော့ ငါ မနေ့က ပြဿနာရှာခဲ့မိတဲ့ နှစ်ယောက်ပဲ "

အလွန်အင်အားသော သူ၏ဝမ်းကွဲပင် ဖုန်းတစ်ချက်ခေါ်ဆိုရုံဖြင့် ရှုံးနိမ့်ခဲ့ရသည်။

ထိုသည်ကိုတွေးပြီး သူ့ဒူးများ ချက်ချင်းပျော့သွားကာ မြေပြင်ပေါ်၌ ဒူးထောက်ထိုင်လိုက်သည်။

" တောင်းပန်ပါတယ် အစ်ကိုကြီး ....... မှားသွားပါတယ်။ ခွင့်လွှတ်ပေးပါ ..... "

သူ၏ သဘောထားပြောင်းလဲမှုမှာ မြန်လွန်းသည်။

အစောပိုင်းက သူသည် ယဲ့ဖန်အား အထင်သေးနေဆဲဖြစ်သော်လည်း ယခုအခါ မြေပြင်ပေါ်တွင် ဒူးထောက်နေလေသည်။

လန်ရှင်းယွီနှင့် အခြားသူများမှာ စိတ်ရှုပ်ထွေးသွားကြသည်။

ယဲ့ဖန်သည် ကူကယ်ရာမဲ့စွာ ပုခုံးတွန့်သည်။

" စိတ်မကောင်းဘူး၊ နောက်ကျသွားပြီ "

" စုံစမ်းစစ်ဆေးရေးအတွက် ခင်ဗျားရဲ့ကျောက်မီးသွေးမိုင်းတွင်းကို မကြာခင်ပိတ်လိမ့်မယ်။ သေချာပေါက် စုံစမ်းစစ်ဆေးရေးမှာ ပြဿနာမရှိဘူးဆိုရင် ကျောက်မီးသွေးတွင်းကို ဆက်ပြီးလည်ပတ်ခွင့်ပေးမယ်။ ဒါပေမယ့် ဘေးကင်းရေးနဲ့ တခြားပြဿနာတွေရှိနေတယ်ဆိုရင်တော့ ပြောဖို့ခက်တယ် "

လုကျင်းရွှေသည် အလွန်ကြောက်သွားပြီး သူ့မျက်နှာမှာ ဖြူဖျော့သွားသည်။

သူ၏သေးငယ်သော ကျောက်မီးသွေးတွင်းသည် 'ပြဿနာ'ဟုပင် မပြောနိုင်ပေ။

ဤသည်မှာ ပြဿနာကြီးဖြစ်သည်။

သူသည် ငွေကုန်သက်သာစေရန် လုံခြုံရေးဆိုင်ရာ ပစ္စည်းအားလုံးကို အဆင့်အတန်းမပြည့်မီသည့်ပစ္စည်းများ သုံးထားသည်။

ယခင်က မိုင်းတွင်း၌ မတော်တဆ လူသေဆုံးသည့်အခါ ဖြေရှင်းရန် ငွေကိုသာ သုံးစွဲခဲ့ကြသည်။

အထက်အရာရှိများမှ စုံစမ်းလျှင် သူ၏ကျောက်မီးသွေးတွင်း ပိတ်ခံရမှာ သေချာသည်။

" အစ်ကိုကြီး ..… မဟုတ်ဘူး အဘိုးလေး၊ အသက်ကို သနားညှာတာပေးဖို့ တောင်းပန်ပါတယ်။ ပိုက်ဆံတွေ အကုန်ပေးပါ့မယ်။ ကျေးဇူးပြုပြီး ချမ်းသာပေးပါ ........ "

လုကျင်းရွှေသည် သူ့မျက်နှာကို ဂရုမစိုက်တော့ဘဲ ဦးညွတ်တောင်းပန်နေတော့သည်။

ဘန်း ဘန်း

နဖူးနှင့်မြေကြီး ဆက်တိုက်ရိုက်ပြီးနောက် သူ့နဖူး၌ သွေးထွက်လာသည်။

" ဒါကို ခင်ဗျားကိုယ်တိုင် ဖန်တီးခဲ့တာ။ ကျွန်တော် ခင်ဗျားကို အခွင့်အရေး ပေးခဲ့ပြီးပြီ။ ဒါပေမယ့် အဲ့တာကို တန်ဖိုးမထားဘူး။ အဲ့တာကြောင့် အကျိုးဆက်ကို ခံရမယ် "

ယဲ့ဖန်သည် ထိုလူများကို မသနားပေ။

လုကျင်းရွှေ၏ဖုန်း ရုတ်တရက်မြည်လာသည်။

တုန်ယင်စွာဖြင့် ဖုန်းကို ကောက်ကိုင်လိုက်သည်။

သူ့နားကို ကပ်လိုက်သည်နှင့် တစ်ဖက်မှ ဂုဏ်သိက္ခာရှိသော အသံတစ်ခုကို ကြားလိုက်ရသည်။

" မင်းက မန်းတောင်ကျောက်မီးသွေးတွင်းရဲ့ သူဌေး လုကျင်းရွှေလား "

All Chapters