ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာ ရှာတွေ့ပြီ
Vol. 72 Ch. 1438
မြေအောက်ထဲ၌ သတ္တုကြော ရှိနေခြင်း မဟုတ်ပေ။
အမှန်တကယ်၌ ဤနေရာအောက်တွင် သတ္တုသွေးကြောများ လုံးဝ မရှိပေ။
သို့သော် ..... ရှန်းဘုရင်၏လျှို့ဝှက်ရတနာသိုက်ကြီး ရှိနေသည်။
သူသည် စနစ်၏ ရလဒ်များကို ကြောင်အစွာ စိုက်ကြည့်နေပြီး အချိန်အတော်ကြာသည်အထိ အာရုံပြန်ကပ်မလာပေ။
ရှန်းဘုရင်ရဲ့လျှို့ဝှက်ရတနာ။
ရှန်းဘုရင်ရဲ့လျှို့ဝှက်ရတနာပဲ။
ရှန်းဘုရင်လျှို့ဝှက်ရတနာ၏ မြေပုံပထမဆုံးအပိုင်းကို သူ ရရှိခဲ့သည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သည်။
ဤကာလအတွင်း သူသည် လျှို့ဝှက်ရတနာအကြောင်း အလွန်သိချင်နေခဲ့ပြီး တတ်နိုင်သမျှ အမြန်ဆုံးရှာဖွေရန် စဉ်းစားနေခဲ့သည်။
ထိုလျှို့ဝှက်ရတနာသိုက်သည် သူ ဝယ်ထားသည့် မြေပေါ်၌ အမှန်တကယ် ရှိနေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
ဤသည်မှာ ကံကြမ္မာမှ လှည့်စားနေသည်ဟု ပြောလို့ရနိုင်သည်။
လွန်ခဲ့တဲ့နှစ်ရက်က သူ ဤနေရာသို့ တစ်ခေါက် ရောက်ခဲ့သေးသည်။
သို့သော် ဤမြေကွက်အောက်၌ လျှို့ဝှက်ရတနာရှိမည်ဟု သူ မမျှော်လင့်ထားသောကြောင့် ထိုအချိန်က စကန်ဖတ်စစ်ဆေးခြင်းစနစ်ကို မလုပ်ဆောင်ခဲ့ပေ။
လျှို့ဝှက်ရတနာကိုရှာဖို့ ဒီလောက် ကြိုးစားခဲ့ပြီး သူ့မြေမှာ ရှာတွေ့မယ်လို့ ဘယ်သူထင်မှာလဲ။
သူ့ကိုယ်သူ မထိန်းနိုင်လောက်အောင်ပင် စိတ်လှုပ်ရှားနေမိသည်။
သူ့လက်သီးမျကို ဆုပ်ပြီး နှစ်ခါဟစ်ကြွေးလိုက်သည်။
လန်ရှင်းယွီ၊ ကျူးရှောင်ကျောင်းနှင့် မလှမ်းမကမ်းတွင် ရပ်နေသော အခြားသူများက သူ့ကို ကြောင်အစွာ ကြည့်နေကြသည်။
" သူ ဘာဖြစ်သွားတာလဲ "
" မသိဘူး "
" အရင်က ဝက်ရူးပြန်ရောဂါလို ရောဂါတစ်ခုခု ရှိဖူးတာလား "
" အဲ့လိုတော့ မကြားဖူးဘူး "
" သူ့ကို ဆေးရုံပို့ကြမလား "
" အဆင်ပြေမယ် ထင်တာပဲ "
ကျူးရှောင်ကျောင်း၊ လန်ရှင်းယွီနှင့် ကျန်သူများသည် ယဲ့ဖန်ကို ဆေးရုံသို့ ပို့သင့်မပို့သင့် ဆွေးနွေးနေသည်။
ယဲ့ဖန်သည် နောက်ဆုံး၌ စိတ်တည်ငြိမ်သွားခဲ့သည်။
" ဘယ်လိုလဲ ယဲ့လူကြီးမင်း။ ဒီမှာ သတ္တုကြောတွေ ရှိလား "
လန်ရှင်းယွီ ပြုံးပြီး မေးသည်။
" မရှိဘူး "
ယဲ့ဖန် ချက်ချင်း ခေါင်းခါလိုက်သည်။
" မဖြစ်နိုင်တာ။ တစ်ခါတုန်းက လူတစ်ယောက်က ဒီမှာ ရွှေတုံးတစ်တုံး ကောက်
ဖူးတယ်လို့ ပြောတယ်။ အဲ့တော့ ပြောရရင် ဒီနေရာမှာ ရွှေတွင်းတစ်ခု ရှိသင့်တယ် "
လန်ရှင်းယွီသည် ယဲ့ဖန်စကားကို ချက်ချင်း သံသယဝင်သွားသည်။
" မရှိဘူးလို့ ပြောရင် မရှိဘူး "
ယဲ့ဖန်သည် သံသယမရှိသော လေသံဖြင့် ပြောလိုက်သည်။
လန်ရှင်းယွီသည် ယဲ့ဖန်မှ နောက်ပြောင်နေပုံ မပေါ်သည်ကို မြင်လိုက်ပြီး ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
ဤသို့ပြောသူမှာ အခြားသူဖြစ်ပါက သူမ ဤသည်ကို အလေးအနက်ထားမည် မဟုတ်ပေ။
သို့သော် ယဲ့ဖန်သည် စူးစမ်းရှာဖွေရေး ရလဒ်များကို နှစ်ကြိမ်တိတိ ခန့်မှန်းထားသောကြောင့် သူမသည် ဤအချက်ကို အလေးအနက်ထားရမည် ဖြစ်သည်။
သူမ ခေါင်းကို မော့ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။
အချိန်မှာ ညနေငါးနာရီလောက် ရှိနေပြီဖြစ်သည်။
ကောင်းကင်ကြီးမှာ မည်းမှောင်လာပြီး အုံ့မှိုင်းနေသည်။
အချိန်မရွေး မိုးရွာချနိုင်လေသည်။
ထို့ကြောင့် သူမသည် ယနေ့အတွက် ဆက်လက်စူးစမ်းရှာဖွေရန် မဝံ့မရဲဖြစ်လာသည်။
" ကောင်းပြီ၊ အားလုံးပဲ နားထောင်ကြ။ ဒီစူးစမ်းရှာဖွေရေးလုပ်ငန်း ပြီးသွားပြီ။ အားလုံးပဲ ကြိုးကြိုးစားစား လုပ်ခဲ့ကြပါတယ် "
" လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ခင်ဗျားတို့ရဲ့စွမ်းဆောင်ရည်ကို မြင်ပြီးပြီ။ ရက်အနည်းငယ် အနားယူခွင့်ပေးဖို့ ဥက္ကဌချင်းကို တောင်းဆိုလိုက်မယ်။ အားလုံးပြန်ပြီး ကောင်းကောင်းအနားယူကြ "
ယဲ့ဖန်သည် လန်ရှင်းယွီ တွေးနေသည်ကို ဂရုမစိုက်ဘဲ ချက်ချင်း အမိန့်ပေးလိုက်သည်။
စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များအားလုံး ဝမ်းသာသွားခဲ့ကြသည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း သူတို့သည် အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသည်။
တာဝန်ပြီးဆုံးကာ အနားယူရန် ပြန်ကြမည်ကို မစောင့်နိုင်ဖြစ်နေသည်။
သို့သော် သူတို့သည် အလျင်စလို မပျော်သွားခဲ့ကြပေ။
ထိုအစား သူတို့သည် လန်ရှင်းယွီကိုကြည့်နေကြသည်။
အားလုံးမှာ ခေါင်းဆောင်၏ဆန္ဒအပေါ် မူတည်နေသည်။
" ရှင် ကျွန်မတို့ရဲ့ သဘောတူညီချက်ကို ထပ်ပြီး ချိုးဖောက်လိုက်ပြန်ပြီ။ အားလုံး ကျွန်မအမိန့်အတိုင်း ဖြစ်ရမယ်လို့ အရင်သဘောတူထားတယ်လေ "
လန်ရှင်းယွီသည် ယဲ့ဖန် ကို မကျေမနပ် ကြည့်နေသည် ။
" အခု အားလုံးကို သူဌေးအနေနဲ့ အမိန့်ပေးနေတာ။ စူးစမ်းရှာဖွေရေးတာဝန်က ပြီးသွားပြီ "
ယဲ့ဖန်သည် သူမနှင့် အပိုစကားများပြောရန် အလွန်ပျင်းရိလှသဖြင့် သူမအား ဖိအားပေးရန်အတွက် သူဌေးဖြစ်သည့် သူ့အခွင့်အာဏာကို အသုံးပြုခဲ့သည်။
အကယ်၍ သူတို့ကို ရှာဖွေခွင့်ပြုလိုက်ပါက ရှန်းဘုရင်၏လျှို့ဝှက်ရတနာအား တွေ့သွားလိမ့်မည်ဖြစ်သည်။
လန်ရှင်းယွီသည် ယဲ့ဖန်ကို ဆန့်ကျင်ချင်၍ သူ့ကို စိုက်ကြည့်နေသည်။
သို့သော် ထိုအချိန် ကောင်းကင်မှ မိုးများ ရုတ်တရက် ကျဆင်းလာကာ သူမ၏ မျက်နှာကို အေးမြသောခံစားတို့ တိုးဝင်လာသည်။
အဆုံးတွင် ကျူးရှောင်ကျောင်းသည် အရာအားလုံးကို ချောမွေ့စေရန် နားချခဲ့သည်။
" အစ်မလန်၊ ယဲ့ဖန်ကို ယုံလိုက်ပါ "
" ဒီမှာ သတ္တုကြောမရှိဘူးလို့ သူ ပြောရင် တကယ်မရှိလောက်ဘူး "
" စဉ်းစားကြည့်လေ။ သူက ကုမ္ပဏီရဲ့ သူဌေးမဟုတ်လား။ သူ့ထက် ဘယ်သူကမှ သတ္တုကြောတွေကို ပိုရှာချင်မှာ မဟုတ်ဘူး။ အဲ့တာမှ သူ ပိုက်ဆံရမှာလေ "
လန်ရှင်းယွီသည် သူမ၏ ရှင်းပြချက်ကိုကြားပြီးနောက် စိတ်လျှော့လာခဲ့သည်။
ကျူးရှောင်ကျောင်း ပြောသည့်အတိုင်းပင် မူလသတ္တုတူးဖော်ရေး သူဌေးဖြစ်သည့် ယဲ့ဖန်သည် အခြားသူများထက် သတ္တုသွေးကြောများကို ပို၍ ရှာချင်လိမ့်မည်။
ဤနေရာ၌ သတ္တုသွေးကြောများမရှိသည်ဟု သေချာစွာ ပြောလာသောကြောင့် နောက်ပြောင်နေခြင်း မဟုတ်နိုင်ပေ။
ထို့အပြင် ယဲ့ဖန်၏ နတ်ဘုရားဆန်သော ကြိုတင်ဟောကိန်းထုတ်နိုင်စွမ်းကို သူတို့မြင်ပြီးသား ဖြစ်သည်။
" ကောင်းပြီ၊ ဒါဆို ငါတို့ရဲ့ စူးစမ်းရှာဖွေရေးတာဝန်က ဒီမှာပဲ ပြီးသွားပြီ။ အားလုံးပဲ ပစ္စည်းတွေကို ထုပ်ပိုးပြီး ပြန်ဖို့ပြင်ကြပါ "
ထို့နောက် သူမသည် လှည့်ကြည့်ကာ အဖွဲ့ဝင်များကို လက်ဝှေ့ယမ်းပြသည်။
စူးစမ်းရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များသည် အလွန်ဝမ်းသာသွားကြပြီး ၎င်းတို့၏ ပစ္စည်းများကို စတင်ထုပ်ပိုးကြသည်။
" ခေါင်းဆောင်လန်၊ ရှောင်ကျောင်းနဲ့ ကျွန်တော်တို့ လုပ်စရာတွေ ကျန်သေးတယ်။ ပြန်မလိုက်တော့ဘူး။ လမ်းမှာ ဂရုစိုက်ကြပါ "
ယဲ့ဖန်သည် သူတို့ပစ္စည်းများ ထုပ်ပိုးပြီးသည်ကို စောင့်ဆိုင်းပြီးနောက် လန်ရှင်းယွီကို လှမ်းပြောခဲ့သည်။
လန်ရှင်းယွီသည် သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး အဆုံးတွင် ဘာမှပြန်မပြောပေ။
သူမ ခေါင်းတညိတ်ပြီး နောက်လှည့်ကာ ကားပေါ်သို့ တက်သွားခဲ့သည်။
မိုးဖွဲအောက် မောင်းထွက်သွားသည့် စူးစမ်းရှာဖွေရေးအဖွဲ့ကားကို ကြည့်ပြီး ယဲ့ဖန်မှ ကျူးရှောင်ကျောင်းကို ပြောသည်။
" ကားပေါ်တက် "
" ယဲ့ဖန်၊ နင် တစ်ခုခု ရှာတွေ့ခဲ့တာလား "
ကျူးရှောင်ကျောင်းသည် ခရီးသည်ထိုင်ခုံတွင် ထိုင်ကာ ယဲ့ဖန်ကို စူးစိုက်ကြည့်နေသည်။
" မင်း သိတာလား "
ယဲ့ဖန်သည် ကားကို စတင်နှိုးလိုက်ပြီး ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့သည်။
" ဟမ်၊ ငါ နင့်ကို ကောင်းကောင်းသိတယ်။ နင့်ကို ကြည့်လိုက်တုန်းက တစ်ခုခုတွေ့ခဲ့တယ်ဆိုတာ ငါ သိလိုက်တာ "
ကျူးရှောင်ကျောင်းသည် အရာအားလုံးကို မြင်လိုက်ရသကဲ့သို့ ဂုဏ်ယူစွာ မော့ကြည့်လိုက်သည်။
ယဲ့ဖန် ပြုံးပြီး ခေါင်းယမ်းလိုက်သည်။
" အမှန်ပဲ။ ကိုယ် ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာကို တွေ့ခဲ့တယ် "
ကျူးရှောင်ကျောင်း၏ စနောက်နေသောအမူအရာသည် ရုတ်တရက် အေးခဲသွားသည်။
သူမ မယုံကြည်နိုင်ဖြစ်နေသည်။
" နင် ဘာပြောလိုက်တာလဲ။ ရှန်းဘုရင်ရဲ့ လျှို့ဝှက်ရတနာလား။ ငါ့ကို နောက်နေတာလား "
ဤသို့ ရတနာသိုက်မျိုး ရှာရသည်မှာ မည်မျှ ခက်ခဲသည်ကို သူမ သိသည်။
ကောက်ရိုးပုံထဲမှ အပ်တစ်ချောင်းကို ရှာရသည်နှင့် တူသည်ဟု ဆိုနိုင်သည်။
ဒီလိုနေရာမျိုးမှာ သူ ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ။
" အဲ့တာက ရှန်းဘုရင်ရဲ့လျှို့ဝှက်ရတနာဆိုတာ ကိုယ် သေချာတယ် "
ယဲ့ဖန်သည် စနစ်၏ ဆုံးဖြတ်ချက်ကို အလွန်ယုံကြည်နေခဲ့ပြီး သူ၏လေသံမှာ အလွန်ခိုင်မာနေသည်။
ကျူးရှောင်ကျောင်းသည် သူမ၏နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းကာ သူ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။
" ဒါဆို ရတနာလျှို့ဝှက်သိုက်ကို မကြာခင်ဖွင့်နိုင်မယ်လို့ ဆိုလိုတာလား "
" ငါတို့ မကြာခင် စွန့်စားခန်းသွားလို့ရမှာလား။ ဟီးဟီး၊ အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ် ........ "
ယဲ့ဖန်သည် လက်ရှိအခိုက်အတန့်တွင် အံ့အားသင့်စရာကောင်းစွာ ငြိမ်သက်နေပြီး နောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်သည်။
" သိပ်မပျော်သေးနဲ့ဦး "
ကျူးရှောင်ကျောင်း၏ စိတ်လှုပ်ရှားနေသော မျက်နှာသည် အေးခဲသွားသည်။
" ဘာဖြစ်လို့လဲ "
ယဲ့ဖန် နောက်ကြည့်မှန်ကို ညွှန်ပြသည်။
" ကိုယ်တို့ ဒီအန္တရာယ်ကို အရင်ဆုံး ရင်ဆိုင်မယ်ထင်တယ် "
ကျူးရှောင်ကျောင်းသည် နောက်ကြည့်မှန်ထဲသို့ လှမ်းကြည့်လိုက်ရာ ဗင်ကားတစ်စီး လိုက်လာသည်ကို နောက်ကြည့်မှန်မှ လှမ်းမြင်လိုက်သည်။
" ငါတို့နောက် လိုက်နေတာလား "
သူမ၏အမူအရာ ပြောင်းလဲသွားကာ ယဲ့ဖန်အား ထိတ်လန့်စွာ ကြည့်နေခဲ့သည်။
" အခု ငါတို့ ဘာလုပ်သင့်လဲ "
" အေးဆေးပါ "
ယဲ့ဖန်၏ နှုတ်ခမ်းမှာ ကွေးကောက်တက်သွားကာ ကားကို လမ်းခွဆုံ၌ လှည့်လိုက်သည်။
သေချာစွာပင် သူတို့အနောက်မှ ဗင်ကားကလည်း လိုက်ဝင်လာခဲ့သည်။
ယဲ့ဖန်သည် ကားကို အရှေ့တွင် ရုတ်တရက်ရပ်လိုက်သောအခါ ထိုကားသည် လမ်းဆုံ၌ ရပ်သွားခဲ့သည်။
ယဲ့ဖန်သည် အိတ်ကပ်ထဲ လက်နှစ်ဖက်ထည့်လျက် ကားကို မှီပြီး ပြုံးပြနေသည်။
ဗင်ကားမောင်းသူ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။
သူသည် စတီယာတိုင်ကို လှည့်ကာ မောင်းထွက်သွားချင်သည်။
ထိုအချိန်တွင် ယဲ့ဖန်သည် ရုတ်တရက် သူ့လက်ကို မြှောက်လိုက်ရာ သူ့လက်ထဲမှ သံမှိုများ ထွက်သွားပြီး ကား၏ ညာဘက်အနောက်ဘက်တာယာကို ထိမှန်သွားသည်။
ဖောင်း
ကားတာယာသည် သာမန်မျက်စိဖြင့်ပင် မြင်နိုင်သော အရှိန်ဖြင့် လေလျော့သွားသည်။