← Chapters

အဖြေသိချင်ရင် ငရဲလိုက်ခဲ့

Vol. 72 Ch. 1439

အဖြေသိချင်ရင် ငရဲလိုက်ခဲ့

Vol. 72 Ch. 1439

ဗင်ကားသည် အတော်ကြာ လှုပ်ယမ်းနေခဲ့ပြီးနောက် ရုတ်တရက် ရပ်တန့်သွားသည်။

ယာဉ်မောင်းသည် တံခါးကို တွန်းဖွင့်ပြီး ကားပေါ်မှ ခုန်ထွက်ရန် ပြင်ဆင်ခဲ့သည်။

သူ မြေကြီးပေါ်သို့ ခြေချလိုက်သည်နှင့် တပြိုင်နက် ကျောက်တုံးတစ်တုံးသည် ရုတ်တရက် ပျံလာသည်။

တစ်ဖန်ထပ်၍ သူ့ခြေကျင်းဝတ်ကို တိကျစွာ ထိမှန်သွားပြန်သည်။

" အား "

ထိုလူမှာ အော်ဟစ်ပြီး မြေပြင်ပေါ် လဲကျသွားသည်။

သို့သော် သူသည် အမြန်ထကာ ဖုန်းကိုထုတ်လိုက်သည်။

သူ ဘာလုပ်နေသည်လဲ မသိရပေ။

ယဲ့ဖန်သည် သူ့ကို ဘယ်လိုမှ လွတ်မြောက်ရန် အခွင့်အရေး မပေးနိုင်ပေ။

တစ်ချိန်တည်းမှာပင် ယဲ့ဖန်သည် နောက်ထပ်ကျောက်တုံးတစ်တုံးကို ပစ်လိုက်ပြန်သည်။

အချိန်အတန်ကြာ လေ့ကျင့်ပြီးနောက် ယဲ့ဖန်သည် ပစ်မှတ်တိုင်းအား ၁၀၀% တိကျစွာ မှန်စေရန် လုပ်နိုင်ခဲ့သည်။

ကျောက်တုံးသည် ထိုလူ၏ လက်ကောက်ဝတ်ကို တိကျစွာ ထိမှန်ပြီး ဖုန်းသည် ချက်ချင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

သို့သော် ထိုလူသည် နာကျင်မှုကို သည်းခံကာ အလုပ်ဆက်လုပ်ရန် ဖုန်းကို ထပ်မံကောက်ယူခဲ့သည်။

ထိုပုံစံသည် အရေးကြီးသောအရာတစ်ခုအား ဖျက်လိုက်ကြောင်း ယဲ့ဖန်ကို ပို၍ပင်သေချာစေခဲ့ပြီး နောက်တစ်ကြိမ် အရှိန်မြှင့်ကာ ပြေးလိုက်သည်။

ကျူးရှောင်ကျောင်းသည် ပြပွဲကြည့်ရန် အနောက်မှလိုက်သည်။

ထိုလူ၏ခြေထောက်မှာ ဒဏ်ရာရရှိသွားသဖြင့် သူ၏အရှိန်နှုန်းသည် ကြီးမားစွာ ထိခိုက်သွားခဲ့သည်။

ခဏကြာပြီးနောက် ယဲ့ဖန်တို့ နှစ်ဦးကို ဖမ်းမိသွားသည်။

" သေလိုက် "

ထိုလူသည် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး သူ့ဖုန်းကို ယဲ့ဖန်ထံသို့ ပစ်ပေါက်လိုက်သည်။

ယဲ့ဖန်သည် မသိစိတ်အရ သူ့ဖုန်းကို လှမ်းကိုင်လိုက်သည်။

ထိုအချိန်၌ ထိုလူသည် ကျူးရှောင်ကျောင်းစီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားခဲ့ပြီး သူ၏ အရှိန်မှာ အလွန်မြန်သည်။

ကျူးရှောင်ကျောင်း အံ့အားသင့်သွားပြီး ရှောင်တိမ်းချင်သည်။

သို့သော် သူမ၏ အရှိန်သည် နှေးကွေးလွန်းလှသည်။

သူမ လှုပ်ရှားလိုက်သည်နှင့် ထိုလူ၏လက်သည် သူမကို မိသွားခဲ့ပြီဖြစ်သည်။

ထိုလူ၏ညာလက်သည် လင်းယုန်လက်သည်းချိတ်ကဲ့သို့ ပုံသဏ္ဍန်ရှိသည်။

လင်းယုန်လက်သည်းချိတ်ကဲ့သို့ ကွန်ဖူးသိုင်းတစ်မျိုးမကို လေ့ကျင့်ဖူးသူဖြစ်ရမည်။

ထို့အပြင် သူ၏ လှုပ်ရှားမှုများသည် လျင်မြန်ပြီး ပြင်းထန်ကာ သူ၏ ခွန်အားမှာလည်း ထူးကဲလှသည်။

သူသည် ကျူးရှောင်ကျောင်း၏ လည်ပင်းကို ညှစ်သတ်တော့မည် ဖြစ်သည်။

ထိုအချိန်တွင် ယဲ့ဖန်သည် ထိုလူ၏လက်ကောက်ဝတ်ကို ကန်လိုက်သည်။

ထိုလူသည် လမ်းကြောင်းပြောင်းပြီး ယဲ့ဖန်၏ ခြေကျင်းဝတ်ကို လှမ်းဆွဲတော့သည်။

ယဲ့ဖန်၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားကာ ရှောင်တိမ်းခြင်း မပြုဘဲ သူ့ခြေကျင်းဝတ်ကို ဆုပ်ကိုင်ခွင့်ပြုထားလိုက်သည်။

ထို့နောက် ယဲ့ဖန်၏ ခြေကျင်းဝတ်တွင် လျှို့ဝှက်စွမ်းအားတစ်ခု ပေါက်ကွဲသွားသကဲ့သို့ တုန်တက်လာသည်။

ဘန်း

ထိုလူသည် ယဲ့ဖန်၏ ခြေကျင်းဝတ်ကို ဆုပ်ကိုင်လိုက်သောအခါ အံ့အားသင့်ပြီး ဝမ်းသာသွားသည်။

သူ၏ ခွန်အားအရ အရိုးချိုးရန် မခက်ခဲလှပေ။

သို့သော် သူ၏ခွန်အားမထုတ်မီတွင် တွန်းအားတစ်ခုမှ သူ့အပေါ်သို့ လွှမ်းမိုးသွားသည်ကို ခံစားလိုက်ရသည်။

ဤစွမ်းအားသည် အလွန်နူးညံ့သိမ်မွေ့သောကြောင့် လူကို အန္တရာယ်ပေးနိုင်သည်ဟု လုံးဝမခံစားရပေ။

သို့သော် နောက်တစ်စက္ကန့်၌ ထိုစွမ်းအားသည် ကြီးမားသော သမုဒ္ဒရာကြီးအဖြစ်သို့ ပြောင်းလဲသွားသည်ဟု သူခံစားမိသည်။

ကြီးကျယ်ခမ်းနားသည့် စွမ်းအားတစ်ခုသည် သူ့လက်ဖဝါးရှိ သွေးကြောများကို ဖြတ်ကျော်သွားပြီး သူ့ကိုယ်တွင်းအင်္ဂါများကို တိုက်ရိုက်ဝင်ရောက်သွားသည်။

ဖူး

ထိုလူသည် ပါးစပ်မှ သွေးများထွက်လာကာ ဖြူဖျော့သောမျက်နှာဖြင့် အနောက်သို့ ဆုတ်သွားသည်။

" အတွင်းစွမ်းအား ထိပ်ဆုံးအဆင့်လား "

သူသည် ယဲ့ဖန်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။

သူသည် တစ်ချိန်က အတွင်းစွမ်းအား၏ ကနဦးအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးကို တိုက်ခိုက်ခဲ့ဖူးသည်။

တစ်ဖက်လူမှာ သူ့ကို အလွယ်တကူ အနိုင်ယူနိုင်သော်လည်း ခွန်အားထိန်းချုပ်နိုင်မှုမှာ ယဲ့ဖန်ထက် အများကြီး နိမ့်ကျနေသေးသည်။

ယဲ့ဖန်၏ ခွန်အားထိန်းချုပ်မှုသည် ပြီးပြည့်စုံသည်ဟု ဆိုနိုင်သည်။

ယဲ့ဖန်သည် ခြေကျင်းဝတ်ကို အကိုင်ခံရသူဖြစ်သော်လည်း သူ၏အတွင်းအင်္ဂါများကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။

ထိုလူငယ်၏ လေ့ကျင့်မှုသည် အတွင်းစွမ်းအား၏ ထိပ်ဆုံးအဆင့်၌ ရောက်ရှိနေသည်ကို ပြောနိုင်သည်။

ထိုအချက်အလက်အား ဌာနချုပ်ကို သတင်းပို့ချင်သော်လည်း အလွန်နောက်ကျသွားပြီဖြစ်သည်။

ယဲ့ဖန်သည် သူ့ကို လျစ်လျူရှုပြီး ကျူးရှောင်ကျောင်းကို စိုးရိမ်တကြီး လှည့်လိုက်သည်။

" မင်းအဆင်ပြေရဲ့လား "

ကျူးရှောင်ကျောင်းသည် ထိတ်လန့်တုန်လှုပ်နေသေးသော်လည်း သူမ ကျေးဇူးတင်စွာဖြင့် ပြုံးနေသေးသည်။

" ရပါတယ်၊ ကျေးဇူးပဲ "

ယဲ့ဖန် ခေါင်းညိတ်ပြပြီး ထိုလူဘက်ကို လှည့်ကြည့်လိုက်သည်။

" ပြောပါ၊ ငါ့နောက်လိုက်ဖို့ မင်းကိုဘယ်သူက လွှတ်လိုက်တာလဲ "

ထိုလူက နှာမှုတ်သည်။

" အဖြေကို သိချင်ရင် ငရဲကို လိုက်ခဲ့ "

ယဲ့ဖန်သည် တစ်ခုခုမှားနေသည်ကို သိလိုက်၍ တားချင်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။

ထို့နောက် ထိုလူ၏ ပါးစပ်ထောင့်မှ အနက်ရောင်သွေးများ စီးကျလာသည်ကို သူတွေ့လိုက်ရသည်။

ခဏကြာပြီးနောက် ထိုလူသည် မြေပေါ်သို့လဲကျကာ သေဆုံးသွားခဲ့သည်။

ထိုလူသည် သွားများထဲ၌ အဆိပ်ထုပ်တစ်ခု ဝှက်ထားသည်မှာ ထင်ရှားသည်။

မလွတ်မြောက်နိုင်ပါက အဆိပ်ထုပ်ကို ကိုက်ပြီး သတ်သေမည်ဟု ကြံစည်ခဲ့ပုံရသည်။

ဤအပြောင်းအလဲမှာ ရုတ်ချည်းဖြစ်သွား၍ သူသည် တုံ့ပြန်ရန် လုံးဝအချိန်မရှိခဲ့ပေ။

ယဲ့ဖန်သည် ထိုလူ၏အလောင်းကို ကြည့်ကာ ထိတ်လန့်သွားသည်။

အမှန်တကယ်ပင် ဤလူသည် သေရန်ပင် ရည်ရွယ်၍ ထွက်လာခဲ့ပုံရသည်။

လွယ်လွယ်နှင့် သေပစ်ရဲသည်။

ထို့ကြောင့် ယဲ့ဖန်အနေဖြင့် မတတ်နိုင်ဘဲ ဤလူကို လေးစားမိသည်။

ကျူးရှောင်ကျောင်းသည်လည်း ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားသည်။

" သူ ...... သေပြီလား"

သူမ၏ လက်သေးသေးလေးသည် ယဲ့ဖန်၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ခန္ဓာကိုယ်မှာ တုန်ရီလာသည်။

သူမသည် ယခင်က လူသေတစ်ဦးကို မြင်ဖူးသည်။

သို့သော် ဤမျှ ပြတ်သားစွာ သေရဲသည်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

လွန်ခဲ့သည့် တစ်စက္ကန့်ကပင် ထိုလူသည် အသက်ရှင်နေသေးသည်။

နောက်တစ်စက္ကန့်၌ သူသည် လူသေကောင်တစ်ကောင်ဖြစ်သွားသည်။

ဤသည်မှာ မည်သူအတွက်မဆို ကြီးမားသည့် ထိုးနှက်ချက်တစ်ခုဖြစ်သည်။

ယဲ့ဖန်သည် မျက်လုံးများကို မှေးလိုက်သည်။

" ဒီလူက သာမန်လူမဟုတ်ဘူးလို့ဘထင်တယ် "

ထိုလူကို တောင်နက်ဂိုဏ်းမှ စေလွှတ်ခဲ့သည်ဟု ယဲ့ဖန် မူလက ထင်ခဲ့သည်။

သို့သော် ဤလူ၏ အေးစက်စွာနှင့် ပြတ်သားစွာ သတ်သေနည်းကို အခြေခံ၍ ဆုံးဖြတ်ပါက သူသည် တောင်နက်ဂိုဏ်းမှ မဖြစ်နိုင်ပေ။

တောင်နက်ဂိုဏ်းသည် အဖွဲ့အစည်းတစ်ခုမျှသာဖြစ်သည်။

အဖွဲ့အစည်းတစ်ခုတွင် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော အသေခံတပ်သား မရှိနိုင်ပေ။

ထိုသို့ အသေခံတပ်သားကို ပြုစုပျိုးထောင်ပေးနိုင်သော အဖွဲ့အစည်းသည် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုဖြစ်သည်မှာ သေချာသည်။

ယဲ့ဖန်သည် ထိုလူ၏ ဖုန်းကို ကောက်ကိုင်ပြီး ကြည့်လိုက်သည်။

ဖုန်းထဲမှ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများနှင့် မက်ဆေ့ချ်များအားလုံးကို ရှင်း

လင်းထားပြီးဖြစ်ရာ ခြေရာခံရန် မကျန်တော့ပေ။

ခဏတာ စဉ်းစားပြီး ဖုန်းကိုထုတ်ပြီး ချန်းဖေးအယ်ကို ဖုန်းဆက်လိုက်သည်။

ဖုန်းနှစ်ကြိမ်မြည်ပြီးနောက် တစ်ဖက်မှ ဖုန်းကိုင်သည်။

ထို့နောက် ချန်းဖေးအယ်၏ ထူးခြားသောအသံ ထွက်ပေါ်လာသည်။

" ဘာဖြစ်လို့လဲ "

" မင်းတို့ရဲ့ လုံခြုံရေးအဖွဲ့ထဲမှာ ဖျက်ထားတဲ့ ဒေတာတွေကို ပြန်ယူနိုင်တဲ့သူ တစ်ယောက်ယောက်ရှိလား "

ယဲ့ဖန်သည် သွယ်ဝိုက်မနေဘဲ အဓိကအကြောင်းအရာကို မေးခဲ့သည်။

"' မင်းတို့ရဲ့လုံခြုံရေးအဖွဲ့ဆိုတာ ဘာကိုဆိုလိုတာလဲ။ ရှင်က အခု လုံခြုံရေးအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်နေပြီ မဟုတ်လား "

ချန်းဖေးအယ်သည် သူ၏စကားကို အလွန်မကျေနပ်သဖြင့် ချက်ချင်းပင် ပြင်ပေးခဲ့သည်။

" ဟုတ်တယ်၊ ဟုတ်တယ်၊ ကိုယ်တို့ လုံခြုံရေးအဖွဲ့မှာ အဲ့လိုအရည်အချင်းနဲ့လူ ရှိလား "

ယဲ့ဖန်သည် သူမနှင့် ငြင်းခုံရန် စိတ်မပါသဖြင့် သူ့စကားများကို ပြောင်းပြောပေးခဲ့သည်။

" ဟုတ်တယ်၊ ဘာလိုချင်လို့လဲ "

" ခုနက လူတစ်ယောက် ကိုယ့်နောက်ကို လိုက်နေတာ..."

ယဲ့ဖန်သည် သူမကို အစောက ဖြစ်ပျက်ခဲ့သည်များကို အတိုချုံးရှင်းပြသည်။

ချန်းဖေးအယ်သည် အခြားလူနောက်ယောက်ခံလိုက်သည်ကို ကြားသောအခါ သူမ ချက်ချင်းပင် ထိတ်လန့်သွားသည်။

" ရှင် ဒဏ်ရာရတာလား "

" ဒဏ်ရာရတာတဲ့လား။ ဟားဟားဟား၊ အဆင့်နိမ့်သမား လူသစ်တစ်ယောက်က ကိုယ့်ကို နာကျင်စေမှာတဲ့လား "

ယဲ့ဖန်သည် သူမ၏မေးခွန်းမှာ အလွန်ရယ်စရာကောင်းသည်ဟု ခံစားမိသည်။

" ဒါဆို သူက ပထမအဆင့်မှာရှိရင်ရော ဘာဖြစ်လဲ။ ရှင်က ပထမအဆင့်တွေကို အထင်သေးနေတာလား "

ချန်းဖေးအယ်သည် ချက်ချင်း ဒေါသထွက်သွားသည်။

" ဘာဖြစ်တာလဲ၊ တောင်းပန်ပါတယ်။ ကိုယ်က နှိမ်တာမဟုတ်ပါဘူး။ ဒီအတိုင်း ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တာ "

ယဲ့ဖန်သည် အေးစက်သော ချွေးများပင် ထွက်လာသည်။

သူ အစောက ဖြစ်သလိုသာပြောခဲ့လိုက်သော်လည်း ထိုအစ်မကြီးမှာ ပထမအဆင့်မှ လူသစ်ဖြစ်သည်ကို မေ့သွားခဲ့သည်။

" ဟမ့်၊ ရှင် ကျွန်မကို အထင်သေးနေတာထင်တယ် "

ချန်းဖေးအယ်သည် သူ့ရှင်းပြချက်ကို လုံးဝနားမထောင်ဘဲ ဒေါသတကြီးပြောလိုက်သည်။

ယဲ့ဖန် ရှင်းပြရန် ပျင်းလွန်းသည်။

" မင်းတို့တွေ ........ ကိုယ်တို့ရဲ့ လုံခြုံရေးအဖွဲ့က ကျန်းကောပြည်နယ်မှာ ဌာနခွဲရှိလား။ မင်း တစ်ယောက်ယောက်ကို ပို့ပေးလို့ရမလား "

" ကျွန်မ အခု ကျန်းကောပြည်နယ်မှာ ရှိနေတယ် "

ချန်းဖေးအယ်၏အဖြေသည် ယဲ့ဖန်ကို အံ့သြသွားစေခဲ့သည်။

" မင်းက ဘာလို့ ကျန်းကောပြည်နယ်မှာ ရောက်နေတာလဲ "

All Chapters