← Chapters

ပိုးကောင်အဖြစ် ပြောင်းသွားခြင်း၊ ပိုးကောင်ဘုရင်ကို ချေမှုန်းခန်း

Vol. 49 Ch. 721

ပိုးကောင်အဖြစ် ပြောင်းသွားခြင်း၊ ပိုးကောင်ဘုရင်ကို ချေမှုန်းခန်း

Vol. 49 Ch. 721

ငွေရောင်မြို့တော်တွင် တည်းခိုခန်းများစွာ ရှိသည်။

သို့သော် ငှားခ မသက်သာလှပေ။ တစ်ညတည်းခိုခစာဆိုလျှင်ပင် အနည်းဆုံး တတိယအဆင့်ရေ တစ်ပုလင်း ကုန်ကျသည်။

ဟုတ်ပေသည်။ ငွေရောင်မြို့တော်တွင် သုံးစွဲသော ငွေကြေးမှာ ရွှေမဟုတ်ဘဲ ပုလင်းလေးထဲတွင် ထည့်ထားသော ရေသာဖြစ်သည်။ တတိယအဆင့် ရေပုလင်းတစ်လုံးသည် အပြင်လောကတွင် ဆိုပါက အသုံးဝင်သော ပစ္စည်းများစွာဖြင့် လဲလှယ်နိုင်သော်လည်း ဤနေရာတွင်မူ တစ်ညတာတည်းခိုခသာ ရသည်။

ထိုစျေးနှုန်းကြောင့် အားတုလည်း အတန်ငယ် နှမျောသွားသည်။

“သခင်ကြီး... ဒါက အရမ်းစျေးကြီးမနေဘူးလား တတိယအဆင့် ရေတစ်ပုလင်းတောင်လေ” အားတုက ညည်းညူလိုက်သည်။

ရွှယ်အန်းသည်မူ ပြုံးသာ ပြုံးလိုက်ပြီး ဘာမှပြန်မပြောခဲ့ချေ။ အားတုသည် မြစ်ကမ်းဘေးမြို့တွင်နေသော ဆင်းရဲသား မဟုတ်တော့သော်လည်း ချွေတာတက်သော သူ့အကျင့်မှာ အရိုးထဲထိ စွဲနေသောကြောင့် တစ်ညတည်းနှင့် ပြောင်းလဲလို့မရနိုင်ချေ။ တည်းခိုခန်း၏ အခြေအနေသည် အတန်ငယ် ကောင်းမွန်ပြီး မြစ်ကမ်းဘေးမြို့ငယ်တွင် သူတည်းခဲ့သော စားသောက်ဆိုင်ထက်တောင် ပိုကောင်းနေသေးသည်။

ထို့အပြင် အဆောက်အအုံများနှင့် မြို့တော်ကို အထူးနည်းပညာများ သုံးကာ တည်ဆောက်ထားသောကြောင့် ဓာတ်ရောင်ခြည်ကို လုံးဝနီးပါးမခံစားရပေ။ ထို့ကြောင့်လည်း ဒေသခံများသည် ငွေရောင်မြို့တော်အား အာဏာရှိသူများ၏ နယ်မြေအဖြစ် အခိုင်အမာ ယုံကြည်ထားကြသည်။

အားတုသည် တတိယအဆင့်ရေ တစ်ပုလင်းအတွက် တတွတ်တွတ် ညည်းညူနေခဲ့သော်လည်း တည်းခိုခန်းမှ အခမဲ့အစားအစာ လာချပေးချိန်တော့ သူ ငြိမ်ကျသွားသည်။

အစားအစာများသည် မထူးခြားလှသော်လည်း ထိုသည်မှာ အားတုအဖို့ အိပ်မက်ထဲပင် ထည့်မမက်ဖူးသော အရသာရှိသည့် စားဖွယ်များ ဖြစ်နေခဲ့သည်။

“အွန်း... အခုမှပဲ တန်တော့တယ်”

အဆုံးတွင် အားတု၏ စိတ်ထဲတွငတွင် အနည်းငယ် ကျေနပ်သွားသည်။

“သခင်လေး၊ အရင်သုံးဆောင်ပါ”

အားတုသည် ရွှယ်အန်းကို အရင်ကျွေးပြီးမှ သူကိုယ်တိုင် စားဖို့ပြင်ခဲ့သည်။

သို့သော် ရွှယ်အန်းသည် ပန်းကန်ထဲက အသားများကို လှမ်းကြည့်လိုက်မိချိန် ထိုသည်မှာ တောရိုင်းတိရစ္ဆာန်တစ်ကောင်ကောင်၏ သာမာန် အသားဟည ဖြစ်၍ သွေးစက်များတောင် ကပ်နေသေးသောကြောင့် သူ၏စားချင်စိတ်အား ပျောက်သွားစေပြီး ခေါင်းခါပြလိုက်သည်

“မင်းပဲစားတော့”

ရွှယ်အန်းသည် ယခုချိန်မှာ အစာမစားရလည်း ဘာမှမဖြစ်ဘူးဆိုသည်ကို အားတု သိသောကြောင့် ရယ်ကျဲကျဲလုပ်လိုက်သည်။

“သခင်ကြီးက ဒီလိုပြောမှတော့ ကျွန်တော်ပဲ စားလိုက်တော့မယ်”

သူသည် အစားအစာများကို အားရပါးရ စစားတော့သည်။ ဤသည်မှာ ရွှယ်အန်းအတွက် သာမန်အစားအစာဖြစ်သော်လည်း အားတု အတွက်မူ အကောင်းဆုံး စားဖွယ်ဖြစ်နေခဲ့သည်။

ရွှယ်အန်းက ထိုမြင်ကွင်းကို ဘာမှမပြောဘဲ ပြုံးကာကြည့်နေခဲ့သည်။ အားတုသည် ကျေနပ်စွာ လေချဉ်တက်လိုက်ပြီး အစားအစာအားလုံးကို ရှင်းလင်းပြီးမှ ရွှယ်အန်းက မေးလိုက်သည်။

“စားလို့ဝပြီလား”

“ဟုတ်”

“ဒါဆို ပြင်ဆင်ထားတော့၊ ဒီညက တော်တော်လေး စည်ကားမယ့်ပုံပဲ”

အားတုက အံ့အားသင့်သွားသည်။

“သခင်ကြီးက ဘာကိုဆိုလိုတာလဲ”

“မကြာခင်မှာ မင်းကိုလာရှာမယ့်လူတွေ ရောက်လာတော့မယ်လို့ ငါထင်တယ်၊ စောစော အိပ်ထားတာ ပိုကောင်းမယ်”

ရွှယ်အန်းက ပြောကာ သူ့အခန်းထဲကို ပြန်ဝင်သွားသည်။

အားတုသည် ဤနေရာတွင်သာ ခဏရပ်ကာ စဉ်းစားနေရင်း သူ့မျက်နှာအမူအရာသည်လည်း တဖြည်းဖြည်း တည်ကြည်လေးနက်လာသည်။ သူသည် ရွှယ်အန်း၏ စကားကို လုံးဝ သံသယမဝင်ချေ။

ဒါပေမဲ့ သူ့ကို ဘယ်သူက လာရှာမှာလဲ

ဒီနေ့ လမ်းပေါ်မှာတွေ့ခဲ့တဲ့ အမျိုးသမီးနဲ့ ပတ်သက်နေတာလား

ဒါမှမဟုတ် အစောင့်တပ်မှူးလား...

အားတုသည် ငတုံး မဟုတ်ချေ။ အစောင့်တပ်မှူးသည် သူ့အား ကြည့်သော အကြည့်ထဲတွင် သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ပြည့်နှက်နေသည်ကို သူသိသည်။ ထိုသည်စဉ်းစားရင်း အားတုသည် သူ့နှုတ်ခမ်းထောင့်တွင် ပေနေသော အစာကို လျှာဖြဂ့်သပ်လိုက်ပြီး သူ့မျက်လုံးထဲတွင် အေးစက်သော အကြည့်တစ်ချက် ပေါ်လာသည်။

သူသည် ငယ်စဉ်ကတည်းက တောနက်ထဲတွင် အသက်ရှင်ဖို့ တိုက်ခိုက်လာခဲ့ရသဖြင့် တောတွင်းဥပဒေမှာ အားတု နှလုံးသားထဲတွင် မချိုးဖျက်နိုင်သော အမှန်တရားတစ်ခုဖြစ်သည်။ တကယ်လို့ တစ်ယောက်ယောက်က သူ့ဆီ ရဲရဲတင်းတင်း လာခဲ့မယ်ဆိုလျှင် သူသည်လည်း ကြောက်ရွံ့ခြင်းက မည်သို့ဖြစ်သည်ကို ၎င်းတို့သိအောင် ပြလိုက်မည်။

ထို့အပြင် သခင်ကြီးသည် သူ့ဘေးတွင် ကာကွယ်ပေးရန် ရှိနေသေးသည်။ ဤသို့ အနှောင့်အယှက်လေးများကြောင့် သခင်ကြီးအား စိတ်အနှောင့်အယှက်ဖြစ်ခွင့်ပြုနိုင်မည်နည်း။

အားတုသည် ထိုသို့တွေးကာ ကုလားထိုင်တစ်လုံးကို ယူလိုက်ပြီး ရွှယ်အန်း၏ အခန်းရှေ့မှာချကာ မတ်မတ်ထိုင်ရင်း သတိဖြင့် စောင့်နေလိုက်သည်။

ညသည် တဖြည်းဖြည်း နက်လာသည်။

အပြင်ဘက်မှ ဆူညံသံများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ငွေရောင်မြို့တော်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ ညရောက်ပြီဆိုပါရ အထူးနေရာအနည်းငယ်ကလွဲပြီး တခြားနေရာအားလုံး ပိတ်ထားရသညမ။

ထို့ကြောင့် လမ်းတွေပေါ်မှာတော့ လူသူကင်းမဲ့နေသည်။

ဤအချိန်မှာ ရှုန်းဟိုင်က လူအနည်းငယ်နှငိ့အတူ ရွှယ်အန်းတည်းခိုနေသော တည်းခိုခန်းအပြင်ဘက်တွင် တစ္ဆေတစ်ကောင်ကဲ့သို့ ပေါ်လာခဲ့သည်။ ရှုန်းမိသားစုအတွက် ဧည့်သည်တစ်ယောက်၏ တည်းခိုရာနေရာကို ရှာဖွေရသည်မှာ လက်ဖဝါးလှန်လိုက်သကဲ့သို့ လွယ်ကူသည်။ သူတို့ တည်းခိုခန်း၏ နောက်ဘက်နံရံကို ရောက်သွားသောအခါ ရှုန်းဟိုင်က သူ၏ ကိုယ်ရံတော်များကို မျက်စိဖြင့် အချက်ပြလိုက်သည်။

ထိုကိုယ်ရံတော်များလည်း အလိုက်တသိဖြင့် သူတို့ရဲ့ဓားများကို ထုတ်လိုက်ကြသည်။

ရှုန်းဟိုင်၏ မျက်လုံးထဲတွင် ကြမ်းကြုတ်မှုများကြောင့် အရောင်တောက်နေပြီး သူ့လည်ပင်းကို လှီးဖြတ်သောအမူအရာ လုပ်ပြလိုက်သည်။

သူ့ကိုယ်ရံတော်အားလုံးလည်း အသာအယာ ခေါင်းညိတ်ပြကြသည်။ ထို့နောက်မှ ရှုန်းဟိုင်သည် တိတ်ဆိတ်စွာဖြင့် နံရံကိုကျော်ခွပြီး တည်းခိုခန်းထဲ ဝင်သွားသည်။

တည်းခိုခသည် စျေးကြီးသော်လည်း ရေပူဇော်ပွဲတော်ကြောင့် လူအပြည့်ဖြစ်နေသည်။ ရှုန်းဟိုင်နှင့် သူ့ကိုယ်ရံတော်များသည် တစ္ဆေသရဲများပမာ အထပ်တိုင်းကို လှုပ်ရှားသွားလာရင်း ရွှယ်အန်းနှင့် အားတုတို့ တည်းခိုနေသော အခန်းဆီကို တန်းတန်းမတ်မတ် သွားကြသည်။ အခန်းအပြင်ဘက်ကို ရောက်သောအခါ ရှုန်းဟိုင်က လက်ဝှေ့ယမ်းပြလိုက်ချိန် ကိုယ်ရံတော်များလည်း အသက်အောင့်လျက် ရပ်တန့်လိုက်ပြီး အခန်းကို တိတ်တဆိတ် ဝိုင်းရံရာမှ လူစုခွဲလိုက်ကြသည်။

ရှုန်းဟိုင်က နားစွင့်ထောင်လိုက်ချိန်တွင် အထဲမှ ရှည်လျားကာ ခပ်မှန်မှန် အသက်ရှူနေသံကို ကြားလိုက်ရသည်။ ထိုသည်မှာ အထဲကလူများ အိပ်ပျော်နေပြီဆိုသော လက္ခဏာဖြစ်သည်။

ရှုန်းဟိုင်၏ မျက်နှာပေါ်တွင် ကြောက်စရာကောင်းသော အပြုံးတစ်ခု ပေါ်လာသည်။

သူ၏ အလွန်အမင်းသတိထားမှုမှာ သူတော်စင်မ ခရိုလီယာသည် ဤအကြောင်းသိသွားမည်ကိုစိုးသောကြောင့်ဖြစ်သည်။ သို့သော် သူသာ ဤဘဝင်မြင့်နေသော လူငယ်လေးကို သတ်၍ ၎င်း၏ မွေးရာပါစွမ်းရည်ကို ဝါးမြိုနိုင်ခဲ့လျှင် နောက်ပိုင်းတွင် သူတော်စင်မ သိသွားလျှပင် သူမ လုပ်နိုင်သောအရာမရှိတော့ပေ။

သို့ဖြစ်ရာ ရှုန်းဟိုင်က သူ့နောက်လိုက်များကို နောက်တစ်ကြိမ် အချက်ပြလိုက်သည်။

ကိုယ်ရံတော်တစ်ယောက်သည် ခပ်ဖြည်းဖြည်း ချဥ်းကပ်သွားကာ တံခါးပေါ် လက်တင်လိုက်ချိန် သော့က မျက်လှည့်ဆန်ဆန်ပင် အသံမထွက်ဘဲ ပွင့်သွားသည်။ ဤသည်မှာ ထိုကိုယ်ရံတော်၏ သဘာဝလွန်စွမ်းအင်ထဲမှ တစ်ခုဖြစ်သည်။ ထို့နောက် အစောင့်သည် တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။

ရှုန်းဟိုင်က သူ့နောက်မှ ကပ်လိုက်သွားသည်။

သို့သော် ဤအချိန်မှာပင် ကိုယ်ရံတော်သည် ရုတ်တရက် တုန်တက်သွားပြီး နေရာတွင်သာ တောင့်ခဲသွားသည်။ ရှုန်းဟိုင်က အံ့အားသင့်သွားသော်လည်း စကားမပြောရဲသောကြောင့် ညင်သာစွာ တွန်းဖယ်လိုက်သည်။

ဖက်...

သူတွန်းလိုက်သည်နှင့် ကိုယ်ရံတော်၏ ခေါင်းသည် ရုတ်တရက် ပြုတ်ကျသွားပြီး သွေးများမှာ ရှုန်းဟိုင၏ မျက်နှာတစ်ခုလုံးကို လာစင်သည်။

မကောင်းတော့ဘူး....

တစ်ခုခုမှားနေပြီဆိုသည် သိလိုက်သည်နှင့် ရှုဋ်းဟိုင်၏ နှလုံးသားမှာ တင်းကျပ်သွားသည်။

လျှပ်စီးပမာ ဓားသွားများသည် ကိုယ်ရံတော်များ ရှေ့တွင် ဘယ်ကမှန်းမသိ ပေါ်လာသည်။ သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် ဓားသွားများသည် သူတို့ကို တစ်ပိုင်းစီ လှီးဖြတ်သွားသည်။

ရှုန်းဟိုင်လည်း ခြွင်းချက်မဟုတ်ပေ။

ဓားသွားတစ်ချောင်းသည် သူ့လည်ပင်းရှေ့တည့်တည့်တွင် ပေါ်လာသည်။

ရှုန်းဟိုင်က ထိုဓားသွားမှ ထွက်ပေါ်လာသော အအေးဓာတ်ကိုတောင် ခံစားလို့ရနေသည်။

သေခြင်းတရားသည် သူ့အနားသို့ ရောက်လာသော ခံစားချက်သည် သူ၏ ကြွက်သားအားလုံးကို တင်းကြပ်သွားစေသည်။ ဓားသွားက သူ့ကိုမထိမီလေးမှာပဲ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့တစ်ကိုယ်လုံးက လက်သည်းခွံအရွယ် ပိုးကောင်လေးများအဖြစ် ကွဲထွက်သွားကာ တိုက်ခိုက်မှုကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့သည်။

ဤသည်မှာ ရှုန်းဟိုင်ကို နာမည်ကြီးစေခဲ့သော စွမ်းရည်ဖြစ်သည်။

ဓားသွားကို ရှောင်တိမ်းပြီးနောက် ပုံပြောင်းထားသော ရှုန်းဟိုင်သည် နံရံကိုဖောက်ထွက်ပြီး အိမ်ထဲက အားတုဆီကို တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။

အားတုက တည်ကြည်သော မျက်နှာထားဖြင့် ရှိနေပြီး အလွှာလိုက် အလွှာလိုက် ဓားသွားရောင်ခြည်များသည် ဘယ်ကမှန်းမသိ ပေါ်လာကာ ရှုန်းဟိုင်ဖြစ်သွားသော ပိုးကောင်အုပ်ကို အရူးများပမာာ သတ်ဖြတ်နေတော့သည်။

သူတို့ မည်မျှ သတ်ဖြတ်နေပါစေ၊ ပိုးကောင်များသည်တော့ ဘာမှမဖြစ်ချေ။

တစ်ချိန်တည်းမှာပင် ရှုန်းဟိုင်၏ စက်ဆုပ်စရာကောင်းသော ရယ်သံသည် လေထဲမှ ထွက်လာသည်။

“ကောင်လေး၊ မင်းရဲ့စွမ်းရည်က တကယ်ကို အံ့ဩစရာကောင်းတယ်၊ ဒါပေမဲ့ ငါနဲ့တွေ့ရတာကတော့ မင်းရဲ့ကံဆိုးခြင်းပဲ၊ မင်း သေကိုသေရလိမ့်မယ်”

သူ ထိုသို့ပြောပြီးသည်နှင့် ပိုးကောင်အုပ်သည် ရုတ်တရက် ခွဲသွားကြပြီး အားတုကို အထဲမှာ ပိတ်လှောင်လိုက်သည်

အားတုတွင် ထူးခြားသောစွမ်းရည် ရှိသော်လည်း ဤသို့ ထူးဆန်းသော ပြိုင်ဘက်မျိုးနှင့် တစ်ခါမှမကြုံဖူးသောကြောင့် ကျူးကျော်မှုကို ကာကွယ်ဖို့ သူ့ဓားသွားကိုသာ အဆက်မပြတ် အားကိုးနေရသည်။

ဤသည်မှာ ရေရှည်ခံမည့် နည်းဗျူဟာ မဟုတ်ချေ။

“ဟားဟား၊ ငါ့အတွက် သေလိုက်စမ်း”

ရှုန်းဟိုင်က စိတ်ထဲမှာ ပျော်ရွှင်စွာဖြင့် ဟိန်းဟောက်လိုက်သည်။ သူသာ ဤလူငယ်လေးကို သတ်ပြီး ဓားသွားအဖြစ် ပြောင်းလဲနိုင်သော ၎င်း၏ ထူးခြားသော စွမ်းရည်ကို ဝါးမြိုနိုင်ခဲ့ရင် သူ၏ခွန်အားက အဆမတန် တိုးတက်လာလိမ့်မည်ဖြစ်သည်။

သို့သော် ဤအချိန်မှာပင် လက်တစ်ဖက်သည် ပိုးကောင်ပင်လယ်ကြီးကြားမှ တိတ်တဆိတ် ထွက်လာပြီး ရှုန်းဟိုင်၏ ဝိညာဉ် တည်ရှိနေသော ပိုးကောင်ဘုရင်ကို တိုက်ရိုက် ဖမ်းကိုင်လိုက်သည်။

All Chapters