ဒီလူက ငါ့ရဲ့ရှုန်းမိသားစုကို စိန်ခေါ်နေတာပဲ
Vol. 49 Ch. 722
“ဒါ… ဒါက ဘာဖြစ်တာလဲ”
ရှုန်းဟိုင်က ထိတ်လန့်တကြား အော်ဟစ်ပြီး ၎င်းလက်၏ဖမ်းချုပ်မှုမှ လွတ်မြောက်အောင် ပြင်းပြင်းထန်ထန် ရုန်းကန်နေတော့သည်။
သူ မည်သို့လုပ်နေစေကာမူ လက်ကို အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ခဲ့ပေ။
ဆန့်ကျင်ဘက်ဖြင့် ထိုလက်က တဖြည်းဖြည်း ပိုတင်းလာသောကြောင့် ရှုန်းဟိုင်ကို သေမလောက် ခြိမ်းခြောက်နေသည်။
“ဒါ… မင်း... မင်းပဲ”
ထိုတော့မှ ရှုန်းဟိုင်သည် သူ့ကိုဖမ်းဆုပ်ထားသူဟည် နေ့လယ်က သူ လမ်းပေါ်မှာတွေ့ခဲ့သော သာမန်လူတစ်ယောက်ဖြစ်ကြောင်း မှတ်မိလိုက်သည်။ တစ်ခဏအတွင်းမှာပင် ဤလူသည် တမင်ရုပ်ဖျက်ထားပြီး တကယ်တမ်းတွင် ထိုသူက ကြောက်မက်ဖွယ်အကောင်းဆုံးသူဖြစ်ကြောင်း သူနားလည်သွားသည်။
ထိုအချက်ကို နားလည်သွားသည်နှင့် ရှုန်းဟိုင်က မကြောက်ဘဲ မနေနိုင်တော့ပေ။
ဒီလူက လုံးဝမရိုးရှင်းဘူး...
ဝမ်းနည်းဖွယ်ကောင်းသည်မှာ ဤအရေးကြီးသော သတင်းကို ပြောပြနိုင်တော့မည် မဟုတ်ပေ။
ရွှယ်အန်းက သက်ပြင်းဖွဖွချလိုက်သည်။
"ညဘက်မိုးချုပ်ကြီးမှာ လူတစ်ယောက်ရဲ့ အနားယူချိန်ကို အနှောင့်အယှက်ပေးတာက အရမ်းရိုင်းစိုင်းတယ်ဆိုတာ မင်းတို့မသိဘူးလား”
“မင်းက ဘယ်သူလဲ”ရှုန်းဟိုင်၏ စိတ်ဝိညာဉ်တွင် တုန်ခါသွားပြီး မေးလိုက်သည်။
ရွှယ်အန်းက ခပ်ရေးရေးပြုံးလိုက်သည်။
“မင်းရဲ့မျိုးရိုးနာမည်ကလည်း ရှုန်းပဲမလား”
“ဟုတ်တော့ရော ဘာဖြစ်လဲ”
“တိုက်ဆိုင်လိုက်တာ၊ လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ငါသတ်ခဲ့တဲ့တစ်ယောက်ကလည်း ရှုန်းမျိုးရိုးပဲ”
“မင်းက သံမည်းမြို့တော်က လူပဲ”
ရှုန်းဟိုင်က အားကုန်အော်ဟစ်လိုက်သည်။ ကံမကောင်းစွာဖြင့် သူသည် ပိုးကောင်အုပ်အဖြစ် ပြောင်းလဲသွားသောကြောင့် သူ့၏ အော်သံများပင် တိုးလျနေခဲ့သည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်ပြီး သူ့အကြည့်များမှာ အနည်းငယ် အေးစက်သွားသည်။
“မင်းက ညတွင်းချင်း အပြေးအလွှားလာပြီး အားတုကိုသတ်ပြီးရင် သူ့ စွမ်းရည်ကို ဝါးမြိုဖို့ ကြံစည်နေတာလား”
ရှုန်းဟိုင်က အကြောက်လွန်နေသောကြောင့် ရွှယ်အန်း၏ စကားကိုကြားတော့သည်အပြင် သူ မည်သို့မျှပင် ပြန်မပြောနိုင်တော့ပေ။ ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ၊ ဒီအတိုင်းပဲဖြစ်မယ်ထင်တယ် အားတု"
“သခင်လေး”
အားတုသည် ရှေ့ထွက်လာပြီး ရှောင်းအန်းက သူ့ကို ဘာကြောင့်ခေါ်မှန်း မသိဖြစ်နေသည်။
တစ်ချိန်တည်းမှာပင် ရွှယ်အန်းသည် သူ့လက်ထဲရှိ ပိုးကောင်ကို ရုတ်တရက် ညှစ်ချေလိုက်သည်။
“အား”
ရှုန်းဟိုင်က အော်ဟစ်လိုက်ပြီး အသံက ရုတ်တရက် တိတ်ကျသွားသည်။
ထို့နောက် ခပ်တိုးတိုး ကျသံတစ်ခု ထွက်လာသည်။
အခန်းထဲမှ ပိုးကောင်အုပ်သည် အသံကြားသည်နှင့် မြေပြင်ပေါ်ကို ပြုတ်ကျသွားပြီး အလောင်းအဖြစ် ပြောင်းသွားသည်။
ရွှယ်အန်းက သူ့လက်ကို နောက်ဘက်တွင် ချိတ်လိုက်သည်။
အဖြူရောင်အလင်းတစ်တန်းသည် ဖြတ်ခနဲ ဖြတ်ပြေးသွားပြီး အားတုနဖူးထဲကို တန်းတန်းမတ်မတ် ထိုးစိုက်ဝင်သွားသည်။ အားတု၏ တစ်ကိုယ်လုံး တုန်ခါသွားပြီး သူ့စိတ်ထဲကို အရာများစွာ ရုတ်တရက် ဝင်ရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအချိန်မှာ ရွှယ်အန်းက ခပ်ပေါ့ပေါ့ပြောလိုက်သည်။
“မျက်စိမှိတ်ပြီး အာရုံစိုက်ထား၊ ဒါတွေအားလုံးကို စုပ်ယူလိုက်”
အားတုက ရွှယ်အန်းညွှန် ကြားသည်အတိုင်း မျက်လုံးကို အမြန်မှိတ်ကာ အာရုံစိုက်လိုက်သည်။
ခဏအကြာတွင် တော့ သူ မျက်လုံးပြန်ဖွင့်လိုက်ပြီး သူ့မျက်နှာတစ်ခုလုံးတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
“သခင်လေး…”
ရွှယ်အန်းက ပြောသည်။
“ဒီလူမှာ တော်တော်လေး အထင်ကြီးစရာကောင်းတဲ့ စွမ်းရည်တွေရှိတယ်၊ သူ့ကိုဒီအတိုင်းသတ်လိုက်ရင် နှမြောစရာကောင်းလို့ မင်းကို ငါပေးအပ်လိုက်တာ”
ယခုအချိန်တွင်တော့ ရွှယ်အန်းသည် ဤကမ္ဘာလောက၏ စွမ်းရည်များကို ရှင်းရှင်းလင်းလင်း နားလည်နေပြီဖြစ်သည်။
ဤစွမ်းရည်များသည် လူတစ်ယောက်၏ ဝိညာဉ်နှင့် ဆက်နွှယ်နေသော စွမ်းအင်များဖြစ်သည်။
ထို့ကြောင့် ရွှယ်အန်းက ရှုန်းဟိုင်၏ ဝိညာဉ်ထဲက စွမ်းရည်များကို တိုက်ရိုက်ဆွဲထုတ်ပြီး အားတုကို ပေးအပ်လိုက်ခြင်းဖြစ်သည်။
ထိုအကြောင်းအရာအားလုံးကိုတော့ အားတုသည် နားမလည်နိုင်သော်လည်း သူ့မျက်လုံးထဲတွင်တော့ ရွှယ်အန်း၏ ကျောပြင်ကို ကြည်ညိုလေးစားစွာ ကြည့်နေမိသည်။
ထိုအချိန်မှာ ရွှယ်အန်းက မြေပြင်ပေါ်မှာ ပြန့်ကျဲနေသေ အလောင်းများကို ကြည့်ပြီး လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်တာ မီးတောက်များသညမ သူတို့ကိုဖုံးလွှမ်းသွားပြီး ဘာမှမကျန်အောင် လောင်ကျွမ်းသွားစေသည်။
“သခင်လေး၊ ကျွန်တော်တို့ ဘာလုပ်သင့်လဲ၊ ဒီကောင်တွေက ကျွန်တော်တို့တံခါးဝအထိ ရောက်အောင် ရန်လာရှာနေပြီ၊ သူတို့နေရာအထိ လိုက်သတ်သင့်လား”
အားတုက သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် မေးလိုက်သည်။
သူသည် ငယ်စဉ်ကတည်းက ဤကမ္ဘာ၏ အောက်ခြေတွင် အသက်ရှင်ရန် ရုန်းကန်လာခဲ့ရသူ တစ်ယောက်ဖြစ်သောကြောင့် အားတုသည် ဘယ်တုန်းကမှ လူကောင်းလေးတစ်ယောက် မဟုတ်ခဲ့ပေ။
အထူးသဖြင့် ရန်သူက သူ့အား အိမ်တိုင်ရာရောက် ရန်လာရှာနေချိန်မှာ သူ ပြန်မတိုက်ဘဲ ခွင့်လွှတ်ပေးရမည်လား
ထိုစကားကိုကြားတော့ ရွှယ်အန်းက ပြုံးလိုက်ပြီး ခေါင်းခါပြလိုက်သည်။
“မလိုဘူး”
မနက်ဖြန် ရေပူဇော်ပွဲတော်မှာ သူစောင့်မျှော်နေ သောအရာတစ်ခု ပေါ်လာလိမ့်မည်ဟု ရွှယ်အန်းက ကြိုတင်ခံစားမိနေသည်။
ဤသို့ အသေးအမွှား ရှုန်းမိသားစုအတွက်တော့ ရွှယ်အန်းက အရေးတယူလုပ်ပြီး တိုက်ခိုက်ဖို့ စိတ်မဝင်စားချေ။
အားတုက အံ့အားသင့်သွားသည်။
“သခင်ကြီး၊ ဒါဆို ကျွန်တော်တို့ ဘာလုပ်ရမလဲ”
ရွှယ်အန်းက ပြုံးပြီး သူ့ပခုံးကို ညင်သာစွာပုတ်လိုက်သည်။
“ကဲ သွားအိပ်တော့၊ ရှုန်းမိသားစုကို ရှင်းချင်ရင် အခုချိန်လောစရာမလိုဘူး၊ မနက်ဖြန် ရေပူဇော်ပွဲတော်ထိ စောင့်ကြတာပေါ့”
အားတုသည် နည်းနည်းတော့ စိတ်ရှုပ်သွားသော်လည်း ရွှယ်အန်း၏ စကားများသည် သူ့အတွက်တော့ အမိန့်လိုဖြစ်နေသောကြောင့် ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့ပါ”
အားတုသည် သူ့အခန်းကို သွားပြန်အိပ်ဖို့ ပြင်လိုက်သည်။
ရွှယ်အန်းက ပျက်စီးနေသောနံရံနှင့် လူရှင်းနေတဲ့စင်္ကြံကို ကြည့်လိုက်ချိန် သူ့နှုတ်ခမ်းထောင့်မှာ အေးစက်သောအပြုံးတစ်ခု ပေါ်လာပြီး သူ့အခန်းထဲကို ပြန်ဝင်သွားသည်။
ခဏအကြာမှာတော့ တစ်စုံတစ်ယောက်သည် ပြိုကျနေသောနံရံရှိရာ အခန်းထဲကို သတိထားပြီး ချောင်းကြည့်လိုက်ကယ တံတွေးမျိုချကာ လှည့်ပြေးသွားတော့သည်။
ရှုန်းမိသားစုတွင်...
ရှုန်းမိသားစု၏ ခေါင်းဆောင်ဖြစ်သူ ရှုန်းရှီးသည် ဤညတွင် စိတ်မအေးနိုင် ဖြစ်နေသည်။
ရှုဝ်းမိသားစုက မကြာသေးခင်ကမှ မဆုံးနိုင်သော ဒုက္ခများဖြင့် ရင်ဆိုင်နေရသည်။
ပထမဆုံးအနေနှင့် သူတို့သားအငယ်ဆုံးဖြစ်သူ ရှုန်းမိသားစုအား သီးခြားကွပ်ကဲနေပြီဖြစ်သော ရှုန်းလေ့သည် သံမည်းမြို့တော်တွင် သေဆုံးသွားခဲ့သည်။
ထို့ကြောင့် ရှုန်းမိသားစု၏ အင်အားသည် အကြီးအကျယ် ထိခိုက်သွားခဲ့သည်။
ထို့အပြင် ဒီညမှာ သူ၏သားအကြီးဆုံး ရှုန်းဟိုင်သည် လူငယ်တစ်ယောက်၏ စွမ်းရည်ကို လုယူဖို့ ထွက်သွားခဲ့သည်။
ထိုလူငယ်သည် ငွေရောင်မြို့တော်မှာ အခြေခံမရှိသကဲ့သို့ သူ့သားနှင့်အတူ ကိုယ်ရံတော်တွေအများကြီး ပါသွားသဖြင့် မည်သို့ပင်ဖြစ်စေ စိတ်ချရသော တာဝန်တစ်ခု ဖြစ်သင့်သည်။
သို့သော် ရှုန်းရှီးသည်တော့ ရှင်းပြလို့မရသော ကြောက်လန့်မှုတစ်ခုကို ခံစားနေရပြီး ခန်းမဆောင်ထဲမှာ လက်ဖက်ရည်သောက်လျက် ထိုင်စောင့်ဖို့ ဆုံးဖြတ်လိုက်သည်။
အဆုံးတွင်...
ရှုန်းမိသားစု၏ အိမ်တော်ထိန်းက ကပြာကယာ ပြေးဝင်လာသည်။
ရှုန်းရှီးသည် အိမ်တော်ထိန်း၏ မျက်နှာအမူအရာကို မြင်လိုက်သည်နှင့် သူ့ရင်ထဲမှာ ဒိန်းခနဲဖြစ်သွားသည်။
“ဘာဖြစ်တာလဲ၊ ရှုန်းဟိုင် ပြန်မလာသေးဘူးလား”
အိမ်တော်ထိန်း၏ မျက်နှာသည် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်သွားသည်။
“သခင်ကြီး၊ ခုနကပဲ တည်းခိုခန်းက စားပွဲထိုးက သတင်းတစ်ခု ပြောသွားတယ်…”
“ဘာပြောသွားတာလဲ”
“သခင်လေး… သူ... သူ့အဖွဲ့တစ်ဖွဲ့လုံး ချေမှုန်းခံလိုက်ရပါပြီ”
“ဘာ”
ရှုန်းရှီးက ရုတ်တရက်ထရပ်လိုက်ပြီး ၎င်းနားကို ရောက်သွားသည်။
“သူ့ကို ငါ့ဆီခေါ်လာခဲ့”
သူ့ရင်ဘတ်သည် တဒုန်းဒုန်း ခုန်နေသော်လည်း ရှုန်းရှီးသည် တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။
သိပ်မကြာခင်တွင်...
တည်းခိုခန်းက စားပွဲထိုးအား သူ့ရှေ့ကို ခေါ်လာခဲ့ကြသည်။
“ဘာဖြစ်ခဲ့တာလဲ၊ အသေးစိတ် အကုန်ပြောပြ၊ တစ်လုံးမှမကျန်ခဲ့နဲ့”
ရှုန်းရှီးက လေးနက်သော အသံဖြသ့် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
ထိုတည်းခိုခန်းသည် သတင်းအချက်အလက်မျယး စုဝေးရာနေရာဖြစ်သောကြောင့် အင်အားကြီးမိသားစု တော်တော်များများက သူတို့သူလျှိုများကို ထိုနေရာတွင် ထားရှိကြသည်။
တည်းခိုခန်းမှ ဤစားပွဲထိုးသည် ရှုန်းမိသားစု မွေးမြူထားသော သူလျှိုများထဲက တစ်ယောက်ဖြစ်သည်။
စားပွဲထိုးက အသေးစိတ်ကို စပြီးပြောပြတော့သည်။
“သခင်ကြီး၊ သခင်လေးက သူ့လူတွေနဲ့အတူ ပြေးဝင်သွားပြီးတဲ့နောက်မှာ ကျွန်တော် အဝေးမှ ပုန်းပြီးကြည့်နေခဲ့ပါတယ်၊ အစပိုင်းတော့ အဆင်ပြေပေမဲ့ ရုတ်တရက်ကြီး ကောင်းကင်မှာ ဓားသွား ပေါင်းများစွာ ပေါ်လာပြီး ကိုယ်ရံတော်တွေအားလုံးကို သတ်ပစ်လိုက်ပါတယ်”
“ဒါပေမဲ့ သခင်လေးက ဒီတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့ပြီး ပိုးကောင်တွေအဖြစ်ပြောင်းပြီး အခန်းထဲကို ပြေးဝင်သွားပါတယ်”
“နောက်ပိုင်းဘာဖြစ်လဲ၊ မင်း ထပ်မြင်လိုက်သေးလား”
ရှုန်းရှီးက လေးနက်သော အသံဖြင့် မေးလိုက်သည်။
စားပွဲထိုးက ခေါင်းခါပြလိုက်သည်။
“ကျွန်တော် အနားမကပ်ရဲပါဘူး၊ ဒါပေမဲ့ ကျွန်တော့်ရဲ့စွမ်းရည်က အကြားအာရုံမှာရှိတာကြောင့် သခင်လေးက အရမ်းအံ့အားသင့်တဲ့လေသံနဲ့ မင်းကိုး’ လို့ အော်ပြောတာကို ကြားလိုက်ရပါတယ်”
“ပြီးတော့ရော”
ရှုန်းရှီးက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“ပြီးတော့…”
စားပွဲထိုးက ကြောက်ရွံ့သောအမူအရာ ပြလာသည်။
“ပြီးတော့ အခန်းထဲကနေ သခင်လေးရဲ့ အော်ဟစ်သံကို ကြားလိုက်ရပြီး နောက်ဆုံးမှာတော့ လုံးဝတိတ်ဆိတ်သွားပါတယ်”
ရှုန်းရှီး၏ မျက်နှာသည် ဖြူဖျော့သွားပြီး သူ့ခန္ဓာကိုယ်မှာ ယိုင်နဲ့နဲ့ဖြစ်လာသည်။
အိမ်တော်ထိန်းက အမြန်ရှေ့တိုးလာကာ ထိန်းပေးလိုက်သည်။
“သခင်ကြီး”
ရှုန်းရှီးက လက်ကာပြလိုက်ပြီး စားပွဲထိုးကို ပြောလိုက်သည်။
“ကောင်းပြီ၊ မင်း ကောင်းကောင်းလုပ်ခဲ့တယ်၊ အခု သွားလို့ရပြီ”
“ဟုတ်ကဲ့”
စားပွဲထိုးက ထွက်သွားသည်။
ရှုန်းရှီး၏ မျက်နှာသည် ကြောက်စရာကောင်းလောက်အောင် မည်းမှောင်သွားပြီး ဒေါသတကြီးဖြင့် စားပွဲကို လက်နှင့် ထုရိုက်လိုက်သည်။
“ဒီလူက၊ ငါတို့ ရှုန်းမိသားစုကို စိန်ခေါ်လိုက်တာပဲ”