← Chapters

ရှုန်းမျိုးနွယ်၏ လျှို့ဝှက်အကြံအစည်

Vol. 49 Ch. 723

ရှုန်းမျိုးနွယ်၏ လျှို့ဝှက်အကြံအစည်

Vol. 49 Ch. 723

"မျိုးနွယ်စုခေါင်းဆောင်၊ အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ၊ လူစုပြီး အဲ့ဒီတည်းခိုခန်းကို ဝင်တိုက်ရမလား"

အိမ်တော်ထိန်းက သတ်ဖြတ်လိုစိတ်အပြည့်နှင့် မေးလိုက်သည်။

ရှုန်းရှီးက ခေါင်းခါလိုက်ပြီး အခန်းထဲတွင် ဟိုဟိုဒီဒီ လျှောက်နေလိုက်သည်။

"လူငယ်လေး ဟုတ်လား၊ ငါတို့အားလုံး မင်းကို အထင်သေးမိသွားကြတာပဲ"

"ပြီးတော့ မင်းလို ဆရာကြီးတစ်ယောက်က သာမန်တည်းခိုခန်း အစေခံတစ်ယောက်ရဲ့ ချောင်းကြည့်နေတဲ့ မျက်လုံးတွေကို မမြင်ဘဲနေပါ့မလား"

"ဒါက မတမင်လုပ်တာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား၊ အဲ့ဒီအစေခံရဲ့ ပါးစပ်ကိုသုံးပြီး ငါ့ကို သတိပေးချင်တာလား၊ ဒါမှမဟုတ် ငါ့ရဲ့ ရှုန်းမျိုးနွယ်ကို စိန်ခေါ်နေတာလား"

ရှုန်းရှီး စကားပြောနေစဥ် သူ၏ မျက်နှာအမူအရာသည် အမျိုးမျိုးပြောင်းလဲနေခဲ့သည်။

အဆုံးတွင်...

သူ လမ်းလျှောက်နေသည်ကို ရပ်လိုက်ပြီး ကြောက်စရာကောင်းသော အသံဖြင့် ခေါ်လိုက်သည်။

"အိမ်တော်ထိန်း"

"မျိုးနွယ်စုခေါင်းဆောင်"

အိမ်တော်ထိန်းက လေးနက်စွာ ပြန်ဖြေသည်။

"လူတိုင်းကို အသင့်ပြင်ထားခိုင်းလိုက်၊ မနက်ဖြန် ရေပူဇော်ပွဲတော်မှာ ငါတို့ လှုပ်ရှားမယ်၊ ပြီးတော့ ဒီညက သတင်းကိုလည်း ပျံ့သွားပါစေ"

သို့သော် အိမ်တော်ထိန်းသည် တွန့်ဆုတ်သွားနေသည်။

"မျိုးနွယ်စုခေါင်းဆောင်၊ ဒါက တကယ်ပဲ သင့်တော်ပါ့မလား"

"ဘာဖြစ်လို့လဲ"

"သခင်ကြီး ပြောတယ်လေ၊ သူတော်စင်မ ခရိုလီယာက အဲ့လူငယ်လေးကို တော်တော်အလေးထားတာ မဟုတ်ဘူးလား၊ ရေပူဇော်ပွဲတော်မှာ သူတော်စင်မတောင် ဝင်ပါလာခဲ့ရင် ဘယ်လိုလုပ်မလဲ..."

ရှုန်းရှီးက ပြုံးလိုက်သည်။

"မင်းပြောတာ လုံးဝမှန်တယ်၊ ဒါပေမဲ့ ငါလိုချင်တာက အဲ့ဒါပဲ"

အိမ်တော်ထိန်းမှာ ပိုလို့ပင် နားမလည်နိုင် ဖြစ်သွားသည်။

ရှုန်းရှီး၏ မျက်နှာသည် ခါးသီးမှုနှင့် ရက်စက်မှုတို့ကြောင့် ရှုံ့မဲ့သွားသည်။

"ဒီလူငယ်လေးက ငါ့သား ရှုန်းဟိုင်ကို သတ်နိုင်ခဲ့တယ်ဆိုကတည်းက သူက သာမန်ပြိုင်ဘက်တစ်ယောက် မဟုတ်ဘူးဆိုတာ သက်သေပြနေပြီ၊ ငါတို့ ရှုန်းမျိုးနွယ်တစ်ခုတည်းနဲ့တော့ သူ့ကို သေချာပေါက် ဖယ်ရှားနိုင်မှာ မဟုတ်ဘူး"

"ဒါကြောင့် ငါက မနက်ဖြန် ရေသဘင်ပွဲတော်အထိ စောင့်မယ်၊ ပြီးရင် ဒီလူငယ်လေးက သံမည်းမြို့ကို ဖျက်ဆီးခဲ့တဲ့ လူသတ်သမား၊ မြို့သခင်ပြောတဲ့ အပြင်လူ ဖြစ်တယ်လို့ ငါစွပ်စွဲပစ်မယ်"

"သူတော်စင်မနဲ့ မြို့သခင်က သေချာပေါက် ဒေါသထွက်လာကြလိမ့်မယ်၊ အဲ့ဒီအခါကျရင် ငါတို့ ရှုန်းမျိုးနွယ်က သူ့ကို လက်ဖျားနဲ့တောင် မထိရဘဲ သူကတော့ အမြစ်ပြတ်ရှင်းလင်းခံရလိမ့်မယ်"

အိမ်တော်ထိန်းသည် ရှုန်းရှီး၏ အကြံအစည်ကို ကြားသောအခါ လေးနက်စွာ ဦးညွှတ်လိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်ရဲ့ အမြော်အမြင်က တကယ်ကို နက်ရှိုင်းလှပါတယ်"

ရှုန်းရှီးက သက်ပြင်းချလိုက်ပြီးနောက် မျက်ရည်အနည်းငယ် ကျလာသည်။

"အင်း... ငါ့သားနှစ်ယောက်..."

အိမ်တော်ထိန်းလည်း မျက်ရည်ဝဲလာပြီး နှစ်သိမ့်စကားအချို့ ပြောရန် ပြင်လိုက်သည်။ သို့သော် သူ အံ့အားသင့်သွားရလောက်အောင်ပင် ရှုန်းရှီးသည် ချက်ချင်းပင် ပြောလာသည်။

"သွား... ငါ့ရဲ့ မောင်းမတော်တချို့ကို သွားခေါ်ခဲ့၊ ငါ့မှာ သားတွေဆုံးရှုံးသွားပြီ၊ နောက်ထပ် သားတွေ ထပ်မွေးရမယ်"

အိမ်တော်ထိန်း: "..."

"ဟုတ်ကဲ့ပါ"

ရှုန်းရှီက သားတော်များ ထပ်မံရရှိရန် ကြိုးပမ်းနေစဥ် ထိုညက ဖြစ်ရပ်များကို ရှုန်းမျိုးနွယ်က တမင်တကာ ဖြန့်လိုက်သည်။ မုန်တိုင်းတစ်ခုသည် တဖြည်းဖြည်း အစပျိုးလာပြီဖြစ်သည်။

နောက်တစ်နေ့တွင်

မြို့လယ်ရှိ မျှော်စင်ကြီးရှေ့က ရင်ပြင်တွင်...

ရေပူဇော်ပွဲတော်ကို ဤနေရာတွင် ကျင်းပမည်ဖြစ်သည်။

ပွဲတော်က တရားဝင်မစသေးသော်လည်း ထိုနေရာတွင် စောစောစီးစီး တက်ရောက်ရန် စိတ်အားထက်သန်နေသော လူများဖြင့် ပြည့်နှက်နေလေသည်။

ရင်ပြင်၏ ပတ်လည်တွင် စစ်သားများစွာက အစောင့်ချထားပြီး လူအုပ်ကို စစ်ဆေးနေသည်။ ရင်ဘတ်တွင် ဝင်ခွင့်လက်မှတ်များ ချိတ်ဆွဲထားသူများသာ ဝင်ခွင့်ပြုသည်။ ရွှယ်အန်းနှင့် အားတုတို့ ရောက်လာသောအခါ စစ်သားများသည် ၎င်းတို့၏ ဝင်ခွင့်လက်မှတ်များကို မြင်သည်နှင့် ချက်ချင်းပင် အရိုအသေပေးကာ ဦးညွှတ်လိုက်ကြသည်။

"အထဲကို ကြွပါ"

၎င်းတို့၏ သဘောထားသည် သာမန်လူများအပေါ် ထားရှိသည်နှင့် လုံးဝ ကွာခြားနေသည်။ ထို့နောက် သူတို့ကို လူအုပ်ကြားမှ ဖြတ်၍ ရင်ပြင်ရှိ မျှော်စင်အနီးမှ စင်မြင့်တစ်ခုသို့ ပို့ဆောင်ပေးခဲ့သည်။

၎င်းသည် ရင်ပြင်တစ်ခုလုံးတွင် အကောင်းဆုံးနေရာဟု ဆိုနိုင်ပေသည်။ သို့သော် သူတို့က အနည်းငယ် စောရောက်နေသောကြောင့် စင်မြင့်ပေါ်တွင် လူသိပ်မရှိသေးပေ။ သို့သော် မကြာမီပင် လူပေါင်းစုံ ဝင်ရောက်လာကြသည်။

အပေါ်မှ စင်မြင့်သည် တဖြည်းဖြည်း ပို၍ စည်ကားလာသည်။

အဆင့်အတန်းမြင့်သော မျိုးနွယ်များမှ ခန့်ညားစွာ ဝတ်ဆင်ထားသော သားတော်များစွာသည် စုရုံးစကားပြောကာ ရယ်မောနေကြသော်လည်း မည်သူမျှ ရွှယ်အန်းနှင့် အားတုကို အာရုံမစိုက်ကြပေ။ သူတို့က ရံဖန်ရံခါတွင်သာ ၎င်းတို့နှစ်ယောက်ကို စူးစမ်းသော အကြည့်များဖြင့် အကဲခတ်နေကြသည်။

"ဟိုမှာရှိတဲ့ နှစ်ယောက်က ဘယ်သူတွေလဲ၊ သိပ်မမြင်ဖူးဘူးနော်"

"ရှူး... မင်း မသိဘူးလား၊ အဲ့ဒါ မနေ့က သူတော်စင်မလေး လမ်းပေါ်မှာတွေ့ခဲ့တဲ့ ပညာရှင်လူငယ်လေးလေ"

"ဟင်... အဲ့ဒါ သူလား ကြည့်ရတာ ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်လောက်ပဲ ရှိဦးမယ်၊ ဟေး... ဒါတော့ မဟုတ်သေးဘူး၊ ဒီလောက် ငယ်ရွယ်တဲ့ ပညာရှင်တစ်ယောက်ကို ဘာလို့ လူတိုင်းက ရှောင်နေကြတာလဲ၊ ဘာလို့ ဘယ်သူမှ သူ့ကို မစည်းရုံးကြတာလဲ"

ဤထင်ရှားသော မျိုးနွယ်များအတွက် သူတော်စင်မလေး၏ မျက်နှာသာပေးခြင်းကို ခံရသည့် အားတုကဲ့သို့သော လူငယ်ပညာရှင်တစ်ဦးသည် စည်းရုံးထိုက်သည်မှာ သေချာသည်။

သို့သော် ဤတစ်ကြိမ်တွင်မူ လူတိုင်းက အကွာအဝေးတွင် နေသောကြောင့် ထူးဆန်းနေသည်။

"ဟား မင်းကတော့ တကယ့်ကို အပြင်ကလူလိုပဲ၊ မနေ့ညက ဘာဖြစ်ခဲ့လဲဆိုတာတောင် မင်း မသိလောက်ဘူးမလား"

"ဘာဖြစ်ခဲ့လို့လဲ"

စကားပြောသူက အသံကိုနှိမ့်ကာ တိုးတိုးလေးပြောလိုက်သည်။

"ရှုန်းမျိုးနွယ်ရဲ့ သားအကြီးဆုံး၊ သူတော်စင်မလေးရဲ့ ကိုယ်ရံတော်တပ်မှူး ရှုန်းဟိုင်လေ၊ သူ မနေ့ညက သေသွားပြီ"

"ဟင် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ငါ ရှုန်းဟိုင်ကို သိတယ်၊ သူက နားလည်ရခက်တဲ့ ပါရမီရှိတဲ့ အဆင့်လေး ပညာရှင်တစ်ယောက်လေ၊ ဘယ်လိုလုပ် သေနိုင်မှာလဲ"

"ဒါက လိမ်ညာတဲ့ စကားဖြစ်မလားကွ၊ သူ တကယ်သေသွားတာ၊ တည်းခိုခန်းတစ်ခုထဲမှာ ဖြစ်ခဲ့တာတဲ့ဖ သူ့နဲ့အတူ ရှုန်းမျိုးနွယ်ရဲ့ အစောင့်တစ်သင်းလုံးလည်း သေသွားတယ်၊ ပြီးတော့ အဲ့ဒီလိုလုပ်ခဲ့တဲ့သူက..."

စကားပြောသူက အားတုဘက်သို့ မေးဆတ်ပြလိုက်သည်။

"အဲ့လူငယ်လေးပဲ"

ဤစကားကို ကြားသောအခါ မနေ့ညက ဖြစ်ရပ်များကို မသိသောသူများအားလုံး မျက်နှာပျက်သွားကြသည်။

ထို့ကြောင့် သူ့ကို ဘယ်သူမှ ချဥ်းကပ်ပြီး မစည်းရုံးရဲကြတာပဲဖြစ်သည်။

ဤလူငယ်လေးလေးသည် ရှုန်းမျိုးနွယ်၏ သားအကြီးဆုံးကို သတ်ခဲ့သောကြောင့် ရှုန်းမျိုးနွယ်က ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူးချေ။ ထို့ကြောင့် ဘာနောက်ခံအခြေအနေမှ မရှိသော ဤသို့ လူငယ်လေးတစ်ယောက်အတွက် ရှုန်းမျိုးနွယ်ကို ဘယ်သူက ရန်စချင်မှာလဲ...

သူ့ဘေးက ရွှယ်အန်းကိုတော့…

လူအများစုသည် သူ့ကို အလိုလိုပင် လျစ်လျူရှုလိုက်ကြသည်။

အကြောင်းမှာ ဘယ်လိုပင်ကြည့်ပါစေ ဤလူသည် မည်သည့် ထူးခြားသော ပါရမီရှိသော အင်အားကြီးသူတစ်ဦးအဖြစ် မထင်ရသောကြောင့် ဖြစ်သည်။

ထိုအချိန်မှာပင် လူအုပ်ကြားတွင် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာပြီး ရှုန်းမျိုးနွယ်လည်း ရောက်ရှိလာသည်။

ရှုန်းမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင် ရှုန်းရှီးကို မြင်သောအခါ အထက်တန်းလွှာ မျိုးနွယ်များမှ လူအများစုသည် ထူးဆန်းသော မျက်နှာအမူအရာများ ပြကြသည်။

မည်သို့ပင်ဖြစ်စေ ရှုန်းမျိုးနွယ်သည် အချိန်တိုအတွင်း အလားအလာရှိသော မျိုးဆက်သစ်နှစ်ဦးကို ဆုံးရှုံးခဲ့ရသည်မှာ သူတို့အတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်နိုင်သည်။

ထို့အပြင် လူသတ်သမားက သူတို့အလယ်တွင် ရပ်နေသောကြောင့် ရှုန်းရှီးသည် အားတုကို မြင်သောအခါ မည်သို့ တုံ့ပြန်မည်ကို လူအများက စူးစမ်းလိုကြသည်။

လူအုပ်ကို စိတ်ပျက်စေလောက်အောင်ပင် ရှုန်းရှီးသည် အားတုကို နက်နက်ရှိုင်းရှိုင်း တစ်ချက်သာ ကြည့်လိုက်ပြီးနောက် နေရာတစ်ခုရှာကာ တိတ်ဆိတ်စွာ ထိုင်ချလိုက်သည်။

ဤလုပ်ရပ်ကြောင့် လူအများမှာ အံ့အားသင့်သော မျက်လုံးများဖြင့် အချင်းချင်း အကြည့်ဖလှယ်မိကြသည်။

ရှုန်းမျိုးနွယ်၏ ခေါင်းဆောင်သည် အဘယ်ကြောင့် ဤမျှ တည်ငြိမ်နေသည်ကို လူများ နားမလည်နိုင်ကြပေ။

သို့သော် သူတို့၏ မေးခွန်းများသည် အခြားတစ်ယောက်၏ ရောက်ရှိလာမှုကြောင့် မကြာမီမှာပင် မှေးမှိန်သွားခဲ့သည်။

"သူတော်စင်မလေး"

"သူတော်စင်မကို ဂါရဝပြုပါတယ်"

အားလုံးက တစ်ယောက်ပြီးတစ်ယောက် ထရပ်ကာ သူမကို နှုတ်ဆက်ကြသည်။

ထို့နောက် ရေကဲ့သို့ ငြိမ်သက်နေသော မျက်နှာအမူအရာနှင့် ခရိုလီယာသည် စင်မြင့်ပေါ်သို့ တက်လာသည်ကို သူတို့ မြင်လိုက်ရသည်။

သူမသည် နှုတ်ဆက်စကားများကို တုံ့ပြန်သည့်အနေဖြင့် တိတ်ဆိတ်နေခဲ့ပြီး သူမ၏ အကြည့်သည် အနီးရှိ ရှုန်းရှီးနှင့် ခေတ္တမျှ ဆုံမိပြီးနောက် အားတုအပေါ်သို့ စူးစိုက်စွာ ရောက်ရှိသွားသည်။

ယခင်ညက ဖြစ်ပျက်ခဲ့သည်များကို သူမ သိရှိပြီးဖြစ်သည်။

ရှုန်းဟိုင်က ညလယ်ခေါင်တွင် အားတုကို ရှာဖွေခြင်းသောကြောင့် သူ့ရည်ရွယ်ချက်ကို သိပ်စဉ်းစားစရာမလိုပေ။

ဤသည်မှာ ခရိုလီယာကို တော်တော်လေး ဒေါသထွက်စေသည်။

မည်သို့ပင်ဆိုစေ အားတုသည် သူမ တန်ဖိုးထားသော ပါရမီရှင်တစ်ဦးဖြစ်ပြီး ရှုန်းဟိုင်က ထိုပါရမီရှင်ကို သတ်ဖြတ်ကာ လုယူရန် ကြိုးစားခြင်းသည် သူမ၏ အာဏာကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ခြင်းပင် ဖြစ်သည်။

ခရိုလီယာ မမျှော်လင့်ထားသည်မှာ အားတု၏ တုံ့ပြန်မှုသည် အလွန်ရက်စက်မည်ဖြစ်ပြီး ရှုန်းဟိုင်ကို ချက်ချင်း သတ်ပစ်လိမ့်မည်ဟုပင်။

ထိုသို့သော လက်တုံ့ပြန်မှုသည် ကျိုးကြောင်းဆီလျော်သော်လည်း ခရိုလီယာကို တုန်လှုပ်စေခဲ့သည်။

All Chapters