← Chapters

သွေးခေါင်းခွံ

Vol. 49 Ch. 728

သွေးခေါင်းခွံ

Vol. 49 Ch. 728

ရွှယ်အန်း၏ စကားများကြောင့် လူအုပ်ကြီး မှင်တက်သွားပြီး ခဏအကြာမှ လူတိုင်း စိတ်ပြန်တည်ငြိမ်လာကြသည်။

"သခင်၊ ဒါဆို ဒီလူတွေကကော..."

တစ်စုံတစ်ယောက်သည် မြေပြင်ပေါ်ရှိ ငွေမြို့တော်သခင်နှင့် အခြားမှူးမတ်များကို လက်ညှိုးထိုးကာ မေးလိုက်သည်။

ရွှယ်အန်းက ပြန်ဖြေသည်။

"သူတို့တွေက အာဏာရှင်ကို ကူညီအားပေးခဲ့သူတွေပဲ"

ဤစကားများကိုကြားသောအခါ ငွေမြို့တော်သခင်၏ ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော ဂုဏ်သတင်းသည် ချက်ချင်းဆိုသကဲ့သို့ ပြိုလဲသွားသည်။

နီရဲနေသောမျက်လုံးများဖြင့် မရေမတွက်နိုင်သောလူများသည် ရှေ့သို့ပြေးဝင်လာကြပြီး စွမ်းအားမရှိတော့သော ငွေမြို့တော်သခင်ကို ဝန်းရံကာ အမျိုးမျိုးသော မွေးရာပါစွမ်းရည်များဖြင့် တိုက်ခိုက်ကြသည်။

ငွေမြို့တော်သခင်သည် အင်အားကြီးသော်လည်း ရွှယ်အန်းကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး ယခုအခါ လူများစွာ၏ တိုက်ခိုက်ခြင်းကို ခံနေရသောကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် အပိုင်းပိုင်းအစစဖြစ်ကာ ကြေမွသွားသည်။

ထိုမှူးမတ်များမှာမူ တစ်ယောက်မျှပင် လွတ်မြောက်သွားခြင်းမရှိပေ။

သူတို့ထဲတွင် အဖြစ်ဆိုးဆုံးမှာ ရှုန်းရှီးဖြစ်သည်။

သူသည် အခြေအနေမကောင်းသည်ကို ခံစားမိသည်နှင့် တိတ်တဆိတ် ခိုးထွက်ပြေးရန် ကြိုးစားခဲ့သည်။

သို့သော် သူတို့သခင်ကို အကြိမ်ကြိမ်ဆန့်ကျင်ခဲ့သော ဤလူကို အားတုက ဘယ်လိုလုပ် လွတ်မြောက်ခွင့်ပေးမည်နည်း။

ထို့ကြောင့် အားတုသည် လျှပ်တပြက်ပင် ဓားအလင်းတန်းတစ်ဒါဇင်ခန့် ထုတ်လိုက်ပြီး ရှုန်းရှီး၏ခြေလက်များကို ဖြတ်တောက်လိုက်သည်။

ထို့နောက် သူသည် ပြေးဝင်လာသောလူများ၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရသည်။

ခဏအတွင်းမှာပင် မောက်မာထောင်လွှားခဲ့သော မှူးမတ်များနှင့် ငွေမြို့တော်သခင်သည် မြေပြင်ပေါ်ရှိ အသားစကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

ရွှယ်အန်းသည် သူ့ဘေးတွင် ဖြူဖျော့နေသော ရွှီကောင်းကို တစ်ချက်ကြည့်ကာ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"အခု မင်းကို အောက်ကိုပစ်ချလိုက်ရင် ဘာဖြစ်မယ်လို့ထင်လဲ"

ရွှီကောင်းသည် တစ်ကိုယ်လုံး တုန်တက်သွားပြီး တောင်းပန်လိုက်သည်။

"သခင် ကျွန်တော့်အသက်ကို ချမ်းသာပေးပါ၊ ဒီကိစ္စတွေနဲ့ ကျွန်တော် တကယ်ကို ဘာမှမဆိုင်ပါဘူး ကျွန်တော်က အမိန့်အတိုင်း လိုက်နာရုံသက်သက်ပါ"

ရွှယ်အန်းက ရယ်လိုက်သည်။

"ငါက မင်းကို ခြောက်လိုက်တာပါ၊ ငါက မင်းကို တကယ်သတ်မယ်လို့ ထင်နေတာလား၊ ဘာပဲဖြစ်ဖြစ် မင်းမှာ လုပ်ဆောင်ရမယ့် ပိုအရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခု ရှိသေးတာကိုး"

ရွှီကောင်းသည် ရွှယ်အန်းပြောသော ပိုအရေးကြီးသည့် အခန်းကဏ္ဍဆိုသည်မှာ ဘာလဲဆိုတာ မသေချာသောကြောင့် သူ့နှလုံးသားထဲတွင် အေးစက်သွားသည်။

ရွှယ်အန်းသည် ရွှီကောင်းကို ကိုင်ဆောင်ကာ မျှော်စင်ပေါ်မှ ခုန်ချလိုက်ရာ လူအုပ်ကြီးသည် လေးစားစွာဖြင့် သူတို့အတွက် လမ်းဖယ်ပေးကြသည်။

ရွှယ်အန်းသည် အားတု ထံချဉ်းကပ်ပြီး သိုလှောင်ရတနာထဲမှ အမျိုးသမီးအချို့ကို ထုတ်ပေးလိုက်သည်။

လူအုပ်ကြီးသည် ရုတ်တရက် အမျိုးသမီးအချို့ ပေါ်လာသည်ကို မြင်သောအခါ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

ချန်ရှောင်မေ့သည် အားတုထံလျှောက်လာသည်။

"အစ်ကိုကြီး"

အားတုသည် သူ့ညီမငယ်၏ နီမြန်းနေသော ပါးပြင်ကို မြင်လိုက်ရသောအခါ မပြုံးဘဲမနေနိုင်ဖြစ်သွားပြီး ရွှယ်အန်းကို တုံ့ဆိုင်းစွာ ကြည့်လိုက်သည်။

"သခင်..."

ရွှယ်အန်းက လက်ဟန်ပြလိုက်သည်။

"ငါသွားတော့မှာ"

အားတုသည် ဤအဖြစ်ကို မျှော်လင့်ထားပြီးဖြစ်သော်လည်း အတည်ပြုစကားကို ကြားလိုက်ရသောအခါ တုန်လှုပ်မှုကို မထိန်းချုပ်နိုင်ခဲ့ပေ။

ချန်ရှောင်မေ့၏ မျက်လုံးများသည် ပိုလို့ပင် နီရဲလာပြီး မျက်ရည်များ စတင်ကျဆင်းလာပြီဖြစ်သည်။

"ကောင်းပြီ၊ ဒီကမ္ဘာက တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီ၊ ဒီဂြိုဟ်ရဲ့ အရွယ်အစားအရဆိုရင် နှစ်တစ်ရာမပြည့်ခင်မှာ ဝိညာဉ်စွမ်းအင်တွေ ပြန်လည်စုစည်းလာလိမ့်မယ်၊ အဲ့ဒီအခါ မင်းတို့လည်း ကျင့်ကြံနိုင်ပြီ၊ အဲ့ဒီအချိန်ကျရင် ပြန်လာခဲ့မယ်"

သူပြောသော်လည်း အားတုသည် စိတ်ပျက်စွာဖြင့် ခေါင်းငုံ့ထားဆဲဖြစ်သည်။

ထိုစဉ် မိန်းကလေးနှစ်ယောက်သည် ချန်ရှောင်မေ့ကို မျက်ရည်များနှင့် နှုတ်ဆက်နေကြသည်။

"မမရှောင်မေ့၊ ဒါက မင်းအကြိုက်ဆုံး ချောကလက်သကြားလုံးလေ၊ ညီမ အကုန်‌ပေးမယ်နော်၊ မမ အကြာကြီးစားလို့ လောက်မှာပါ"

ရှန်းရှန်းက ပြောသည်။

"ဒါက ရေခဲမုန့်တဲ့ မမ၊ ဒါက အကြာကြီးထားလို့မရတာ နှမြောစရာပဲ၊ မြန်မြန်စားလိုက်နော်"

နျန့်နျန့်က ထပ်ပြောသည်။

ချန်ရှောင်မေ့သည် မျက်ရည်များနှင့် လက်ဆောင်များကို လက်ခံလိုက်သည်။

ရွှယ်အန်းသည် အားတုကိုကြည့်ကာ ပြောလိုက်သည်။

"မင်းရဲ့ပါရမီနဲ့ စာရိတ္တနှစ်ခုလုံးက ကောင်းတယ်၊ ငါထွက်သွားပြီးတဲ့နောက်မှာ မင်းအမြဲတမ်း ဒီအတိုင်းပဲ ရှိနေလိမ့်မယ်လို့ ငါမျှော်လင့်တယ်၊ တစ်နေ့နေ့မှာ မင်းက ဒီလူတွေလို မတရားတဲ့အလုပ်တွေ လုပ်ခဲ့မယ်ဆိုရင် ငါပြန်လာတဲ့အခါ မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"

အားတု၏နှလုံးသား လေးနက်သွားပြီး လေးစားစွာဖြင့် ပြန်ဖြေသည်။

"သခင် စိတ်ချပါ၊ အားတု နားလည်ပါတယ်"

ရွှယ်အန်းက ခေါင်းညိတ်ပြီး လူအုပ်ကြီးကို ခပ်ဖျော့ဖျော့ပြုံးကာ ကြည့်ရှုလိုက်ပြီးနောက် အန်းယန်နှင့် သူ၏သမီးနှစ်ယောက်နှင့်အတူ ကောင်းကင်သို့ တက်သွားကာ အနီးအနားရှိ အာကာသယာဉ်ထံ ချဉ်းကပ်သွားသည်။

ပင်လယ်ဓားပြယာဉ်သည် ရွှယ်အန်း၏လက်သီးနှစ်ချက်ဖြင့် ပြုတ်ကျခဲ့သော်လည်း ကြီးကြီးမားမား ပျက်စီးမှုတစ်စုံတစ်ရာ မခံခဲ့ရပေ။

ရွှယ်အန်းနှင့် သူ၏မိသားစုသည် လေပေါက်ထဲသို့ ဝင်ရောက်သွားပြီးနောက် အာကာသယာဉ်သည် လျင်မြန်စွာ အမြင့်သို့တက်ကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီးနောက် ပျောက်ကွယ်သွားသည်။

ငွေမြို့တော်မှ လူအားလုံးသည် ဤမြင်ကွင်းကို မော့ကြည့်နေကြသည်။

လူအများအပြားသည် ရွှယ်အန်း၏နာမည်ကို မသိကြသော်လည်း ဂြိုဟ်တစ်ခုလုံးသည် သူ၏ကယ်တင်ခြင်းကို ခံခဲ့ရသည်။

ထို့ကြောင့် မကြာမီမှာပင်...

ရွှယ်အန်း၏ရုပ်တုတစ်ခုသည် ငွေရင်ပြင်တွင် ပေါ်ထွက်လာပြီး ထိုနေရာသည် အထင်ရှားဆုံး အဆောက်အအုံဖြစ်လာခဲ့သည်။

ထိုရုပ်တုသည် တစ်စုံတစ်ယောက်၏ ပြန်လာခြင်းကို စောင့်မျှော်နေသည့်အလား အမြဲတမ်း ကောင်းကင်ကို မော့ကြည့်နေခဲ့သည်။

ပင်လယ်ဓားပြယာဉ်သည် ဂြိုဟ်၏လေထုထဲမှ ပျံထွက်သွားပြီး အာကာသထဲသို့ ဝင်ရောက်သွားသည်။

"ရပ်"

အာကာသယာဉ်သည် ရုတ်တရက် ရပ်တန့်သွားသည်။

"သခင်၊ ဘာဖြစ်လို့ပါလဲ"

ရွှီကောင်းသည် ကြောက်လန့်တကြားဖြင့် မေးလိုက်သည်။

"အိုး၊ ဘာမှမဟုတ်ပါဘူး၊ ငါယူစရာလေးတွေ ရှိလို့"

ထိုသို့ပြောပြီး ရွှယ်အန်းသည် အာကာသယာဉ်ထဲမှ လျင်မြန်စွာထွက်သွားပြီး သူ၏ရုပ်ခန္ဓာကိုယ်ဖြင့် အာကာသထဲသို့ တိုက်ရိုက်ဆင်းသက်သွားသည်။

ထို့နောက် သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်နှင့် တောက်ပသော ရွှေရောင်လှေတစ်စီးသည် အာကာသယာဉ်၏ ရှေ့တည့်တည့်တွင် ပေါ်ထွက်လာသည်။

ရွှီကောင်းသည် အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူ၏မေးရိုးသည် မြေကြီးပေါ်သို့ ပြုတ်ကျမတတ်ဖြစ်သွားသည်။

"ဘုရားရေ... ဒါက... ကြယ်လှေပဲ"

ဤကျယ်ပြန့်သော စကြဝဠာထဲတွင်

လုံးဝကွဲပြားသော ပျံသန်းယာဉ်အမျိုးအစားနှစ်ခုရှိသည်။

တစ်ခုမှာ ဤအာကာသလှေကဲ့သို့ နည်း ပညာလမ်းကြောင်းကို လိုက်နာသည့် လှေဖြစ်သည်။ ၎င်းမှာ အဆင့်သတ်မှတ်ချက်အလွန်နိမ့်ပြီး သုံးနည်းသိသရွေ့ သာမန်လူများပင် ကြယ်ပင်လယ်ကို ဖြတ်သန်းသွားလာနိုင်သည်။

သို့သော် အာကာသထဲတွင် အာကာကလှေဖြင့်ဆို အလွန်အန္တရာယ်များလွန်းနေသေးသည်။

အခြားတစ်ခုမှာ ကျင့်ကြံသူများသုံးကြသော ကြယ်လှေဖြစ်သည်။

ထိုသည်မှာ အဆင့်သတ်မှတ်ချက်မြင့်မားပြီး မောင်းနှင်ရန် ကျင့်ကြံမှုအဆင့်မြင့်မားရန် လိုအပ်သော်လည်း

၎င်းတို့သည် အလွန်ခိုင်ခံ့ကာ အာကာသ လှေများထက် များစွာပိုမြန်သောကြောင့်

၎င်းတို့သည် အဆင့်အတန်းကိုဖော်ပြနိုင်သည်။

ရွှီကောင်းသည် သာမန်လူတစ်ယောက်သာဖြစ်သောကြောင့် ဤရွှေရောင်ကြယ်ယာဉ်ကိုမြင်သောအခါ အံ့ဩသွားသည်မှယ သဘာ၀ကျသည်။

ဤကြယ်လှေသည် သူမြင်ဖူးသမျှ လှေထက် များစွာပိုကြီးပြီး ၎င်း၏အရှိန်အဝါသည် ပိုလို့ပင် ခန့်ညားထည်ဝါသည်။

ဤအရာအားလုံးသည် ထိုလူ၏ ခန့်မှန်းမရနိုင်သော နက်နဲမှုကို ပိုလို့ပင် သက်သေပြနေသည်။

ရွှီကောင်း၏နှလုံးသားသည် ပိုလို့ပင် ကြောက်ရွံ့လာသည်။

ယခုအချိန်တွင် ရွှယ်အန်းသည် ကြယ်လှေကို သိမ်းဆည်းပြီး အာကာသလှေပေါ်သို့ ပြန်ရောက်နေပြီဖြစ်သည်။

"သ... သခင်၊ ကျွန်တော်တို့ ဘယ်ကို သွားရမလဲ"

ရွှီကောင်းက မေးလိုက်သည်။

ရွှယ်အန်းက ပြောလိုက်သည်။

"မင်းလာခဲ့တဲ့နေရာကိုပေါ့"

"ကျွန်တော်လာခဲ့တဲ့နေရာ"

ရွှီကောင်းသည် အံ့အားသင့်သွားပြီးနောက် နားလည်သွားကာ သူ၏မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားသည်။

"သခင် ပြောချင်တာက..."

ရွှယ်အန်းက ခေါင်းညိတ်သည်။

"မှန်တယ်၊ မင်းတို့ရဲ့ သွခေါင်းခွံပင်လယ်ဓားပြအဖွဲ့ဆီကိုပဲ"

ရွှီကောင်းသည် ငိုတော့မလိုဖြစ်သွားသည်။

"သခင်၊ ကျွန်တော်သာ သခင်ကို အဲ့ဒီကိုခေါ်သွားရင် သူတို့က ကျွန်တော့်ကို အလွတ်ပေးမှာမဟုတ်ဘူး၊ သူတို့က ကျွန် တော့်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မှာ သေချာတယ်၊ သခင်တောင်မှ..."

ရွှီကောင်းသည် စကားရပ်လိုက်ပြီး ရွှယ်အန်း၏ မျက်နှာအမူအရာကို ခိုးကြည့်ကာ တံတွေးမျိုချလိုက်ပြီး ဆက်ပြောသည်။

"သခင်က အင်အားကြီးတယ်ဆိုပေမယ့် အဖွဲ့ချုပ်က အစောင့်အကြပ်အရမ်းထူထပ်တယ်၊ ပြီးတော့ သခင်တစ်ယောက်တည်း သွားမယ်ဆိုရင်..."

ရွှယ်အန်းက ပြုံးလိုက်သည်။

"စိတ်မပူပါနဲ့၊ မြန်မြန်သာ သွား"

ရွှီကောင်းသည် သူ့စိတ်ထဲတွင် ညည်းညူလိုက်သော်လည်း မနာခံပဲမနေရဲသောကြောင့် ညှိုးငယ်သောမျက်နှာဖြင့် မလွှဲမရှောင်သာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့"

ထို့နောက် သူသည် အာကာသလှေကို ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားသည်။

ကြယ်တာရာဓားပြအားလုံးသည် အလွန်အမင်း ကောက်ကျစ်ပြီး ရက်စက်ကြမ်းကြုတ်သော သတ္တဝါများဖြစ်သည်။

ထို့အပြင် သူတို့ရဲ့အဆင့်အတန်းများကလည်း အလွန်ကွဲပြားကြသည်။

သူတို့ထဲတွင် လောကပေါင်းများစွာ၌ ကိုယ်ပိုင်နေရာတစ်ခု ထွင်းထုနိုင်လောက်အောင် အားကြီးသော စွမ်းအားရှင်များ ပါဝင်သည်။

ဤစွမ်းအားရှင်များသည် ကိုယ်ပိုင်နယ်မြေများကို အုပ်စိုးကြပြီး ဒေသခံအာဏာရှင်များ ဖြစ်နေကြပြီဖြစ်သောကြောင့် သူတို့ကို သာမန်ပင်လယ်ဓားပြများဟု ရိုးရိုးရှင်းရှင်း ဖော်ပြ၍မရတော့ပေ။

All Chapters