← Chapters

ဌာနချုပ်သို့ ချီတက်ခြင်း

Vol. 49 Ch. 729

ဌာနချုပ်သို့ ချီတက်ခြင်း

Vol. 49 Ch. 729

သို့သော် ထိုသို့သော ပင်လယ်ဓားပြများသည် အနည်းစုသာဖြစ်သည်။

အများအားဖြင့်မူ သွေးးခေါင်းခွံဓားပြအဖွဲ့မှာ လူမုန်းများသည် ဆိုးရွားသော လုပ်ရပ်မျိုးစုံကို ကျူးလွန်ကြသူများသာဖြစ်သည်။

ထို့ကြောင့် လောကပေါင်းများစွာတွင် မရေးထားသော စည်းမျဉ်းတစ်ခုရှိသည်။

အကယ်၍ ကြယ်တာရာဓားပြများနှင့် တွေ့ဆုံပါက မိမိတွင် အင်အားရှိသရွေ့ သူတို့ကို သုတ်သင်ရှင်းလင်းပစ်မည်သာဖြစ်သည်။

ယခုအခါတွင်မူ ရွှယ်အန်းသည် အနီးအနားရှိ ကြယ်တာရာနယ်မြေများအတွက် ကြယ်ပြမြေပုံများ မရှိသည့်အတွက် အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

ဤဓားပြများ၏ ပေါ်ပေါက်လာမှုသည် သူ့အတွက် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခုဖြစ်သည်။

၎င်းတိုဘသည် ပင်လယ်ဓားပြများဖြစ်သည့်အတွက် ပတ်ဝန်းကျင်ရှိ ကြယ်တာရာနယ်မြေများကို အတွင်းကျကျ သိရှိထားရမည်ဖြစ်သောကြောင့် အလွန်အသေးစိတ်ကျသော ကြယ်ပြမြေပုံများကို ပိုင်ဆိုင်ထားမည်မှာ သေချာသည်။

သူတို့သည် လောကပေါင်းများစွာသို့ ဦးတည်သော ကူးပြောင်းခြင်းယန္တရားများကိုပင် ပိုင်ဆိုင်ထားနိုင်သေးသည်။

ဤသည်မှာ ရွှယ်အန်းက ထိုဂြိုဟ်ပေါ်တွင် ဓားပြများ ရောက်ရှိလာသည်အထိ စောင့်ဆိုင်းနေခဲ့ရသည့် အကြောင်းရင်းဖြစ်သည်။

အဆုံးတွင် လဝက်ကျော်ကြာ ခရီးနှင်ပြီးနောက်...

ရွှယ်အန်းနှင့် သူ၏အဖွဲ့သည် အလွန်အမင်း ဝေးကွာပြီး ခေါင်ပါးသော ကြယ်တာရာနယ်မြေတစ်ခုသို့ ရောက်ရှိလာသည်။

ဤနေရာသည် ကြယ်တာရာများကြား သွားလာသည့် လမ်းကြောင်းအမျိုးမျိုးနှင့် ဝေးကွာရုံသာမက ဂြိုဟ်များပင် အနည်းငယ်သာရှိသည်။

လေဟာနယ်ထဲတွင် ကြယ်နီကြီးအချို့သာ မှိန်ဖျော့ဖျော့ လင်းလက်နေသည်။

သို့သော် ဤကြယ်တာရာနယ်မြေ၏အတွင်း၌မူ ဂြိုဟ်ငယ်တစ်လုံးနှင့် နှိုင်းယှဉ်နိုင်သော အာကာသယာဉ်ခံတပ်တစ်ခု တည်ရှိနေသည်။

ဤအာကာသယာဉ်ခံတပ်သည် ယာဉ်ပြတင်းပေါက်မှတစ်ဆင့် ပေါ်ထွက်လာသောအခါ အန်းယန်ပင် မထိတ်လန့်မိပဲ မနေနိုင်ချေ။

"ခမ်းနားလိုက်တာ!"

ရှန်းရှန်းနှင့် နျန့်နျန့်တို့လည်း ပြောလိုက်ကြသည်။

"ဖေဖေ ဒီနေရာက ခြတောင်ပို့နဲ့တူတယ်နော်"

ကလေးမလေးနှစ်ယောက် ပြောသည့်အတိုင်း သွေးဦးခေါင်းခွံပင်လယ်ဓားပြအဖွဲ့၏ ဌာနချုပ်သည် သူတို့ကမ္ဘာပေါ်ရှိ ခြတောင်ပို့တစ်ခုနှင့် တူနေသည်။

၎င်း၏ ကွင်းပုံသဏ္ဌာန်ခံတပ်ပတ်လည်တွင် အာကာသယာဉ်ငယ်လေးများ အဝင်အထွက်ပြုလုပ်နေကြပြီး ကွင်း၏အလယ်ဗဟိုတွင်မူ ပြွန်များစွာသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားကာ ထိုပြွန်များထဲတွင် အလင်းရောင်များ မရပ်မနား လျှပ်ပြက်နေပြီး အလွန်အလုပ်ရှုပ်နေပုံရသည်။

နှိုင်းယှဉ်ကြည့်လျှင် သူတို့ဓားပြယာဉ်၏ ရောက်ရှိလာမှုမှာ အတန်ငယ် မထင်မရှားဖြစ်နေသည်။

သို့သော် သူတို့ခံတပ်သို့ ချဉ်းကပ်လာသောအခါ အာကာသယာဉ်ငယ်တစ်စီးက သူတို့အနီးသို့ ရောက်ရှိလာသည်။

"ဟေး လောင်ရှု... ဒီတစ်ခေါက် မင်းတော်တော်မြန်မြန် ပြန်ရောက်လာတာပဲ"

လှောင်ပြောင်လိုသံတစ်ခုသည် ဆက်သွယ်ရေးစနစ်မှတစ်ဆင့် ထွက်ပေါ်လာသည်။

ရွှီကောင်းသည် ပင်လယ်ဓားပြအဖွဲ့အတွင်း သူ၏အဆင့်အတန်း အလွန်နိမ့်သောကြောင့် မည်သူမဆို သူ့ကို လှောင်ပြောင်ရဲသဖြင့် အနည်းငယ် ရှက်ရွံ့သွားသည်။

ထိုအချိန်တွင် ရွှယ်အန်း၏အသံသည် ရွှီကောင်း၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"အဲ့ဒီဂြိုဟ်ပေါ်မှာ အရေးကြီးတဲ့အရာတစ်ခု တွေ့ရှိခဲ့ပြီး ချက်ချင်းသတင်းပို့ဖို့လိုတယ်လို့ သူတို့ကိုပြောလိုက်"

ရွှီကောင်းသည် ဉာဏ်ကောင်းသူဖြစ်သောကြောင့် ရွှယ်အန်း၏ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။

"ငါအခု နောက်ပြောင်ဖို့ အချိန်မရှိဘူး၊ အဲ့ဒီဂြိုဟ်ပေါ်မှာ အရေးကြီးတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခု တွေ့ခဲ့တယ်၊ ကပ္ပတိန်ကို သတင်းပို့ဖို့လိုတယ်"

ပင်လယ်ဓားပြအဖွဲ့ကို တပ်ဖွဲ့များစွာ ခွဲခြားထားပြီး ရှုရွှီကောင်းသည် လူပုဖြူတပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

တစ်ဖက်မှလူသည် ဤသို့ကြားသောအခါ ခဏရပ်တန့်သွားပြီးနောက် လှောင်ပြောင်လိုက်သည်။

"လောင်ရှု မင်းငါ့ကို နောက်နေတာလား၊ အဲ့ဒီ ပုပ်စော်နံနေတဲ့ဂြိုဟ်ကို ငါအရင်က သွားဖူးတယ်၊ အဲ့ဒီမှာ ဘယ်လိုရှာဖွေတွေ့ရှိမှုမျိုး ရှိနိုင်မှာလဲ"

ရွှီကောင်းသည် ရွှယ်အန်း၏ညွှန်ကြားချက်ကို မစောင့်ဘဲ ဒေါသထွက်စွာပြောလိုက်သည်။

"ကောင်းပြီလေ၊ မင်းငါတို့ကို ဖြတ်သွားခွင့်မပေးလို့ အရေးကြီးတဲ့အခြေအနေတစ်ခု နောက်ကျသွားရင် မင်းတာဝန်ယူရလိမ့်မယ်"

သူ၏စကားများကြောင့် တစ်ဖက်လူသာ် ခဏတာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ပြန်ဖြေသည်။

"ဒါဆို ငါ့နောက်လိုက်ခဲ့"

ထိုသို့ပြောပြီး ၎င်းသည် ရှေ့မှဦးဆောင်သွားသည်။

ထိုအချိန်တွင် အန်းယန်သည် ရွှယ်အန်းထံ လျှောက်လာသည်။ "ယောင်္ကျား... ရှန်းရှန်းနဲ့ နျန့်နျန့်ကို ကျွန်မအခန်းထဲ ပြန်ခေါ်သွားရမလား"

ရွှယ်အန်းက ပြုံးလိုက်သည်။

"မလိုဘူး၊ ငါနဲ့အတူလိုက်ပြီး အမြင်ကျယ်အောင်လုပ်တာ ကောင်းတယ်"

"ဒါပေမဲ့ ကျွန်မတို့က ရှုပ်နေမှာမဟုတ်ဘူးလား"

အန်းယန်က တုံ့ဆိုင်းနေမိသည်။

ရွှယ်အန်းသည် ပြတင်းပေါက်တွင် တဖြည်းဖြည်းကြီးမားလာသော ခံတပ်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"ငါ့ရဲ့နတ်အာရုံနဲ့ အတွင်းပိုင်းကို စစ်ဆေးပြီးသွားပြီ၊ ဒီမှာ သိသိသာသာ ခြိမ်းခြောက်မှုတွေ မရှိဘူး"

ရွှယ်အန်း ပြောသည်ကို ကြားသောအခါ အန်းယန်သည် ဆက်လက်ကန့်ကွက်ခြင်းမပြုတော့ပေ။

ကလေးမလေးနှစ်ယောက်မှာမူ အလွန်ကိုစိတ်လှုပ်ရှားနေကြသည်။

သူတို့သည် ယခင်က သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်များတွင်သာ မြင်တွေ့ခဲ့ရသော ထိုသို့သောမြင်ကွင်းများသည် ယခုအခါ သူတို့၏မျက်စိရှေ့တွင် ဖြစ်ပေါ်နေသောကြောင့် ကလေးမလေးနှစ်ယောက်အတွက် အတိုင်းအဆမရှိသော ပျော်ရွှင်မှုကို ယူဆောင်လာသည်မှာ သဘာဝကျသည်။

မကြာမီမှာပင်...

ပင်လယ်ဓားပြယာဉ်သည် ဆိုက်ကပ်ရန်နေရာတစ်ခုတွင် ဆိုက်ကပ်လိုက်သည်။

နေရယ တည်ငြိမ်သွားသည်နှင့် လေပေါက်သည် ဖြည်းညှင်းစွာပွင့်လာသည်။

ရွှီကောင်းက တိုးတိုးလေးပြောလိုက်သည်။

"သခင်၊ သခင်က..."

"ငါက အဲ့ဒီဂြိုဟ်ကဖြစ်ပြီး အရေးကြီးတဲ့ကိစ္စရှိလို့ မင်းနောက်လိုက်လာတာလို့သာ ပြောလိုက်"

"နားလည်ပါပြီ"

ရွှီကောင်းသည် အသက်ကိုပြင်းပြင်းရှူလိုက်ပြီးနောက် အာကာသယာဉ်ထဲမှ ထွက်လာသည်။

အချို့သောလူများသည် အဝေးတွင်ရပ်နေပြီး ပါးစပ်တွင် စီးကရက်ကိုက်ကာ မျက်နှာများတွင် ဆိုးသွမ်းသည့်အရိပ်အယောင်များ ပြည့်နှက်နေသည်။

သူတို့ ရွှီကောင်းကိုမြင်သောအခါ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ပြုံးဖြီးဖြီးဖြင့် လျှောက်လာကြသည်။

"ဝါး ငါတို့ရဲ့လောင်ရှူက ဒီတစ်ခေါက် အကြီးကြီးရခဲ့ပြီး ကပ္ပတိန်ကိုတောင် တွေ့ချင်တယ်ဆို"

ရွှီကောင်းသည် ဤလူများကိုမြင်သောအခါ ကြောက်ရွံ့မိသွားသည်။

သူ၏အသွင်အပြင်သည် မုတ်ဆိတ်အပြည့်နှင့် ကြမ်းတမ်းနေသော်လည်း အမှန်တကယ်တွင် သူသည် အရည်အချင်းပိုင်းတွင် အလွန်အားနည်းပြီး ကြောက်တတ်သူဖြစ်ကာ မကြာခဏ အနိုင်ကျင့်ခံရသည်။

ဤလူများသည် သူ့ကို မကြာခဏ လှောင်ပြောင်ကြသည်။

ဤလူများ စကားထပ်ပြောတော့မည်အပြု သူတို့အားလုံး ရုတ်တရက် တောင့်ခဲသွားကြသည်။

ရွှီကောင်း၏နောက်တွင် ရွှယ်အန်းသည် အန်းယန်နှင့် မိန်းကလေးငယ်နှစ်ယောက်ကို ဦးဆောင်ကာ အာကာသယာဉ်၏ လေပေါက်မှ ထွက်လာသည်။

ဤမိသားစု၏ အလွန်အမင်း ဆွဲဆောင်မှုရှိသောအလှသည် ထိုအုပ်စုကို မှင်တက်သွားစေသည်။

သူတို့ထဲမှ တစ်ယောက်သည် ပါးစပ်မှ စီးကရက်ပြုတ်ကျသည်ကိုပင် သတိမပြုမိလိုက်ပေ။

ဤမြင်ကွင်းကိုမြင်သောအခါ ရွှီကောင်းစိတ်လှုပ်ရှားမိသွားသော်လည်း သူ၏မျက်နှာပေါ်တွင် တမင်တကာ ဂရုမစိုက်ဟန်ဆောင်ထားသည်။

"ဒါတွေက ငါကပ္ပတိန်ကို ဆက်သမယ့်လက်ဆောင်တွေ၊ မင်းတို့ငါ့လမ်းကို ပိတ်ရဲသလား"

ထိုလူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီးနောက် ဘေးသို့ဖယ်ပေးကာ စကားတစ်ခွန်းမျှ ထပ်မပြောရဲတော့ပေ။

သူတို့သည် ရွှယ်အန်းနှင့် သူ၏အဖွဲ့အကြောင်း အသေးစိတ်ကို မသိနိုင်သော်လည်း သူတို့၏ဆွဲဆောင်မှုရှိသောအလှသည်ပင်လျှင် သူတို့ကို အဖိုးတန်လက်ဆောင်များအဖြစ် သတ်မှတ်ရန် လုံလောက်နေသည်။

ရွှီကောင်းသည် ရွှယ်အန်းနှင့် သူ၏အဖွဲ့ကို အတွင်းသို့ခေါ်ဆောင်သွားရင်း လမ်းတစ်လျှောက် တိုးတိုးလေးပြောနေသည်။

"သခင်၊ သွေးခေါင်းခွံပင်လယ်ဓားပြအဖွဲ့ကို တပ်ဖွဲ့များစွာ ခွဲခြားထားပါတယ်၊ ကျွန်တော်က လူပုဖြူတပ်ဖွဲ့ကဖြစ်ပြီး ကျွန်တော်တို့ရဲ့ခေါင်းဆောင်က လင်ကျူးလို့ခေါ်တဲ့ မိန်းမယုတ်တစ်ယောက်ပါ၊ အဲ့မိန်းမယုတ်က ကျွန်တော့်ကို အမြဲတမ်းအထင်သေးပြီး ခက်ခဲပင်ပန်းတဲ့ တာဝန်တွေကို မကြာခဏ စေလွှတ်တတ်ပါတယ်"

ရွှီကောင်းသည် သူခံခဲ့ရသော မတရားမှုများကို တတွတ်တွတ်ပြောတော့သည်။

ရွှယ်အန်းသည် အနည်းငယ် နားထောင်ပြီးနောက် သူတို့ဖြတ်သန်းလာသော လမ်းကြောင်းများပေါ်သို့ အာရုံစိုက်လိုက်သည်။

ဤအာကာသယာဉ်ခံတပ်၏အတွင်းပိုင်းသည် အလွန်ကျယ်ဝန်းပြီး စင်္ကြံများသည် သွားလာမှုများကို ခံနိုင်လောက်အောင် ကျယ်ဝန်းသည်။

ထို့အပြင် ဝင်ထွက်သွားလာနေသော လူများဖြင့် အလုပ်ရှုပ်နေသည်။

ရွှယ်အန်းနှင့် သူ၏အဖွဲ့ များသွားလေရာရာတွင် သူတို့သည် မရေမတွက်နိုင်သော စိုက်ကြည့်မှုများကို ခံရသည်။

အဆုံးတွင် သူတို့သည် အာကာသယာဉ်၏ အပြင်ဘက်ပတ်လည်ကို ဖြတ်သန်းပြီး စင်္ကြံရှည်တစ်ခုသို့ ရောက်ရှိလာသည်။

"သခင်၊ ဒါက လူပုဖြူတပ်ဖွဲ့တည်ရှိတဲ့နေရာပါ၊ ကျွန်တော် သခင်တို့ကို အဲ့ဒီကိုခေါ်သွားပါ့မယ်"

ဤသို့ပြောပြီး ရွှီကောင်းသည် ရွှယ်အန်းကို စင်္ကြံအတိုင်းခေါ်ဆောင်သွားပြီး ၎င်း၏ အဆုံးရှိအခန်းသို့ ရောက်ရှိသွားသည်။

သူတို့ တံခါးကိုတွန်းဖွင့်လိုက်ပြီးနောက် အတွင်း၌ ကျယ်ဝန်းသော ရုံးခန်းတစ်ခုကို တွေ့ရှိလိုက်သည်။

အခန်း၏နံရံများသည် အဖြူရောင်အလင်းတန်းများကို ထုတ်လွှတ်နေပြီး ၎င်းကို သိပ္ပံစိတ်ကူးယဉ်ဆန်သော ခံစားမှုကိုပေးနေသည်။

ရုံးခန်း၏အလယ်တွင် စားပွဲကြီးတစ်ခုရှိသည်။

ဤအချိန်တွင် ဒေါက်မြင့်ဖိနပ်နှင့် အနက်ရောင်ကွက်စိပ် ခြေအိတ်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် စားပွဲနောက်တွင်ထိုင်နေပြီး သူမ၏ရှေ့တွင် ဖန်သားပြင်တစ်ခုရှိကာ ရုံးလုပ်ငန်းများကို ဖြေရှင်းနေသည်။

သူမ၏ရှည်လျားသွယ်လျသော ခြေထောက်များကို စားပွဲပေါ်တွင် ပေါ့ပေါ့ပါးပါး တင်ထားပြီး အလွန်ပင် အမြင်ဆွဲဆောင်မှုရှိနေသည်။

ထိုအမျိုးသမီးသည် တံခါးဖွင့်သံကြားသောအခါ ခေါင်းမလှည့်ဘဲ မေးလိုက်သည်။ "ဘာကိစ္စလဲ"

ရွှီကောင်းက လေးနက်စွာပြောလိုက်သည်

"ကပ္ပတိန်၊ ကျွန်တော် အဲ့ဒီဂြိုဟ်ကနေ ပြန်ရောက်လာပါပြီ"

ထိုအမျိုးသမီးသည် မျက်ခုံးအနည်းငယ်တွန့်လိုက်သည်။

"ပြန်ရောက်ရင် ပြန်ရောက်တယ်ပေါ့၊ စွမ်းအင်ကိုသာ ထုတ်လိုက်၊ ဒါဆိုရပြီပေါ့၊ ဒီကိစ္စကို ငါ့ဆီသတင်းပို့ဖို့လိုလို့လား"

သူမစကားပြောနေစဉ်မှာပင် သူမ၏အကြည့်ကို ဖန်သားပြင်မှ ရွှီကောင်းထံသို့ ရွှေ့လိုက်ချိန် သူမ မှင်တက်သွားသည်။

All Chapters