အရင်းအမြစ်ကို စုံစမ်းခြင်း
Vol. 49 Ch. 730
အတိအကျပြောရလျှ င်ရွှီကောင်း၏နောက် ရှိ ရွှယ်အန်းနှင့် အခြားသူများကို မြင်ပြီးနောက်တွင်မှ သူမ မှင်တက်သွားခြင်းဖြစ်သည်။
သို့သော် သူမ၏အကြည့်သည် ရွှယ်အန်းအပေါ်တွင် ကြာကြာမနေဘဲ အန်းယန်အပေါ်တွင်သာ ကြောင်ငေး၍ စိုက်ကြည့်နေခဲ့သည်။
အန်းယန်သည် ဤအမျိုးသမီး၏အကြည့်ကို အလွန်မသတီစရာကောင်းသည်ဟု ခံစားမိပြီး မျက်ခုံးအနည်းငယ်မတွန့်ဘဲ မနေနိုင်ဖြစ်သွားသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် ရှေ့သို့တက်လှမ်းကာ ထိုအမျိုးသမီး၏အမြင်ကို ပိတ်ဆို့လိုက်သည်။
ထိုအခါမှ ထိုအမျိုးသမီးသည် သတိပြန်ဝင်လာပြီး သူမ၏မျက်နှာထားသည် မည်းမှောင်သွားကာ ရွှီကောင်းအား မေးလိုက်သည်။
"သူတို့က ဘယ်သူတွေလဲ။"
ရွှီကောင်းစကားမပြောမီမှာပင် ရွှယ်အန်းက ပြောလိုက်သည်။
"မင်းက ဒီ... ဘာ... တပ်ဖွဲ့ငယ်ရဲ့ ကပ္ပတိန် လင်ကျူးလား"
လင်းကျူက ခေါင်းညိတ်ပြီး တစ်စုံတစ်ခုပြောရန် ပြင်လိုက်သည်။
"ကောင်းပြီ၊ အခု ငါ့ကိုပြော၊ မင်းတို့ခိုးယူခဲ့တဲ့ မူလစွမ်းအင်ကို ဘယ်ကိုပို့လိုက်လဲ"
ဤသည်ကိုကြားသောအခါ လင်ကျူး၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။
"နင် ဘာလုပ်မလို့လဲ၊ လာကြ..."
သူမသည် အကူအညီတောင်းရန် ကြိုးစား သော်လည်း သူမ၏တစ်ကိုယ်လုံးသည် ထိန်းချုပ်မရဘဲ လေထဲသို့ ပျံတက်သွားပြီး ပါးစပ်ဟောင်းလောင်းဖြစ်နေသော်လည်း အသံတစ်စက်မျှပင် မထွက်နိုင်ခဲ့ပေ။
လင်ကျူးသည် တပ်ဖွဲ့တစ်ခုကို တာဝန်ယူရသူဖြစ်သောကြောင့် သိသာထင်ရှားသော အင်အားရှိပြီး သူမဦးနှောက်၏ ကြီးမားသောအစိတ်အပိုင်းကို ဖွင့်လှစ်ထားသော စွမ်းအားရှင်တစ်ဦးဖြစ်သည်။
ကျင့်ကြံသူများ၏ အင်အားအဆင့်သတ်မှတ်ချက်နှင့် ကွဲပြားသည်။
ဤသွေးခေါင်းခွံပင်လယ်ဓားပြအဖွဲ့အတွင်း၌ နည်းပညာကိုသာ ကိုးကွယ်ကြသည်။ မိမိ၏အင်အားကို မြှင့်တင်ရန်အတွက် ဦးနှောက်အတွင်းရှိ အိပ်စက်နေသော နေရာများကို နိုးထစေရန် နည်းပညာနည်းလမ်းများကို အသုံးပြုရန် လိုအပ်သည်။
နိုးထလာသော နေရာများ များလေလေ ဖွင့်လှစ်နိုင်သော ဦးနှောက်နယ်ပယ် ကျယ်ပြန့်လေလေဖြစ်ပြီး ဉာဏ်ရည်နှင့် မိမိကိုယ်ပိုင်အင်အား နှစ်ခုစလုံး၏ တိုးတက်မှုသည် ပိုလို့ပင်ကြောက်မက်ဖွယ်ကောင်းလေဖြစ်သည်။
သို့သော် သူမ အလွန်ဂုဏ်ယူရသော သူမ၏ကိုယ်ပိုင်အင်အားသည် ဤလူ၏ရှေ့မှောက်တွင် ထိုမျှလွယ်ကူစွာ ရှုံးနိမ့်သွားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
သူမသည် ထိန်းချုပ်ခံလိုက်ရချိန်တွင် သူက မည်သည့်နည်းလမ်းများ သုံးခဲ့သည်ကိုပင် မသိလိုက်ဘဲ မျက်တောင်တစ်ချက်ပင် မခတ်နိုင်ခဲ့ပေ။
"အခု ငါထပ်မေးမယ်၊ မင်းတို့ခိုးယူခဲ့တဲ့ မူလစွမ်းအင်ကို ဘယ်ကိုပို့လိုက်သလဲ"
ရွှယ်အန်းသည် ခံတပ်ထဲသို့ ဝင်ရောက်လာကတည်းက အရာအားလုံးကို သူ၏နတ်အာရုံဖြင့် စစ်ဆေးခဲ့သည်။
ခံတပ်အတွင်း၌ အသုံးပြုသောစွမ်းအင်သည် သန့်စင်သော နည်းပညာစွမ်းအင်ဖြစ်ပြီး ဂြိုဟ်၏မူလစွမ်းအင်နှင့် မည်သို့မျှ မပတ်သက်ကြောင်း သူတွေ့ရှိခဲ့သည်။
ဤအချက်က ရွှယ်အန်း၏ ထင်မြင်ချက်တစ်ခုကိုလည်း အတည်ပြုပေးခဲ့သည်။
ဤကဲ့သို့ ကမ္ဘာလောကမှရသော မူလစွမ်းအင်မျိုးသည် ကျင့်ကြံသူများအသုံးပြုသော ကောင်းချီးမြေနှင့် ဂူနတ်ဘုံများ ဖန်တီးရန် အသင့်တော်ဆုံးဖြစ်သည်။
ဆိုလိုသည်မှာ သွေခေါင်းခွံပင်လယ်ဓားပြအဖွဲ့သည် အချို့သော ကျင့်ကြံသူဂိုဏ်းများနှင့် သေချာပေါက် အဆက်အသွယ်ရှိရမည်ဖြစ်သည်။
သို့သော် လင်ကျူးစကားပြောနိုင်သောအခါ သူမ၏ ပထမဆုံးတုံ့ပြန်မှုမှာ ရွှယ်အန်းကို ရက်စက်စွာ ကြည့်ခြင်းဖြစ်သည်။
"ကျင့်ကြံသူ၊ နင်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မပါဖို့ ငါအကြံပေးချင်တယ်၊ ဘာလို့လဲဆိုတော့ ဒါက နင်ဖြေရှင်းနိုင်တဲ့ကိစ္စ မဟုတ်လို့ပဲ"
ရွှယ်အန်းက လက်ညှိုးတစ်ချောင်းထောင်လိုက်သည်။
"ငါနောက်တစ်ကြိမ်ထပ်မေးမယ်၊ မင်းဆက်ပြီးမပြောဘူးဆိုရင်တော့ မင်းရဲ့ အသိပင်လယ်ထဲကို တိုက်ရိုက်ကျူးကျော်ပြီး မင်းရဲ့စိတ်ဝိညာဉ်ကို အတင်းအကျပ်ရှာဖွေမယ်၊ အဲ့ဒါ ဘာကိုဆိုလိုတယ်ဆိုတာ မင်းကိုယ်တိုင် အသိဆုံးနေမှာပါ"
လင်ကျူး၏မျက်နှာ သိသိသာသာ ဖြူဖျော့သွားပြီး ကြောက်ရွံ့မှုများ လွှမ်းခြုံသွားသည်။
"ကျွန်... ကျွန်မ ဘယ်ကိုပို့လိုက်လဲ မသိပါဘူး၊ ဘာလို့လဲဆိုတော့ ဒီကိစ္စတွေကို အဖွဲ့ ခေါင်းဆောင်ကိုယ်တိုင် စီမံခန့်ခွဲတာမို့လို့ပါ၊ ကျွန်မက လူလွှတ်ပြီး စုဆောင်းခိုင်းရုံပဲ တာဝန်ယူရတာပါ"
ရွှယ်အန်းက တိတ်ဆိတ်စွာ နားထောင်နေသည်။
လင်ကျူး၏မျက်လုံးများ အနည်းငယ် ရွေ့လျားသွားသည်။
ထိုစဉ် အဝေးမှ ရှုပ်ထွေးသော ခြေသံများ ထွက်ပေါ်လာသည်။
လင်ကျူး၏နှလုံးသားသည် ဝမ်းမြောက်မှုဖြင့် မြောက်တက်သွားသည်။
သို့သော် ထိုအချိန်တွင်ပင် ရွှယ်အန်း၏ မျက်လုံးများထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
သူ၏ အားကောင်းသော နတ်အာရုံတစ်ခုသည် လင်ကျူး၏ အသိပင်လယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။
လင်ကျူး၏ခန္ဓာကိုယ် တုန်ခါသွားပြီး သူမ၏မျက်လုံးများသည် ချက်ချင်းပင် အရောင်မှိန်သွားသည်။
ခဏအတွင်းမှာပင် ရွှယ်အန်းသည် သူ၏နတ်အာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ့မျက်နှာသည် အနည်းငယ် ကြည့်ရဆိုးနေသည်။
အဘယ်ကြောင့်ဆိုသော် သူမ မှတ်ဉာဏ်များကို ရှာဖွေခြင်းမှတစ်ဆင့် လင်ကျူးလိမ်ညာခြင်းမရှိကြောင်း သူတွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။
မူလစွမ်းအင်ကို မည်သူ့ထံ ရောင်းဝယ်ခဲ့သည်ကို သူမ အမှန်တကယ် မသိခဲ့ပေ။
ထိုအချိန်တွင် ခြေသံများသည် တံခါးဝသို့ ရောက်ရှိနေပြီဖြစ်သည်။
"သခင်မ လင်ကျူးတစ်ခုခုဖြစ်လို့လား"
ရွှယ်အန်းက လင်ကျူးကို တစ်ချက်ကြည့်လိုက်သည်။
လင်းကျူသည် ချက်ချင်းပင် အနည်းငယ် ထုံထိုင်းသော အသံဖြင့် ပြောလိုက်သည်။
"အိုး... ဘာမှမဟုတ်ပါဘူး၊ ငါဖြေရှင်းပြီးသွားပါပြီ"
"တကယ် ဘာမှမဖြစ်ဘူးလား"
"သွားစမ်းပါ၊ ငါဘာမှမဟုတ်ဘူးလို့ ပြောနေတယ်လေ"
လင်းကျူ၏ဆူပူသံကို ကြားပြီးမှသာ အပြင်ဘက်မှ ခြေသံများသည် တဖြည်းဖြည်း ကြဲသွားသည်။
ဤအချိန်တွင် ရွှယ်အန်းသည် နတ်အာရုံချည်နှောင်မှုကို ဖြေလျှော့လိုက်ရာ လင်းကျူသည် ချက်ချင်းပင် လဲကျသွားပြီး ရွှယ်အန်းကို ဗလာဖြစ်နေသော မျက်နှာဖြင့် ကြည့်လိုက်သည်။
"သခင်၊ နောက်ထပ် ဘာများ ညွှန်ကြားစရာ ရှိပါသေးလဲ"
ရွှီကောင်း၏မျက်လုံးများသည် မယုံနိုင်ဖြစ်သွားသည်။
သူ၏ တပ်ဖွဲ့ခေါင်းဆောင်သည် လှပသော ကင်းမြီးကောက်ဟု ကျော်ကြားပြီး မည်သူမျှ မထိရဲသော တည်ရှိမှာတစ်ခုဖြစ်သည်။
သို့စော် ခဏအတွင်းမှာပင် သူမက ဘယ်လိုလုပ် ဒီလောက်တောင် ရိုသေသွားရတာလဲ
အမှန်တွင် ရွှယ်အန်းသည် မှတ်ဉာဏ်များကို ရှာဖွေနေစဉ် လင်ကျူး၏စိတ်ဝိညာဉ်အတွင်းသို့ နတ်အာရုံတစ်ခုကို ပေါ့ပေါ့ပါးပါး ထည့်ခဲ့သည်ကို သူ မသိခဲ့ပေ။
၎င်းက သူမကို နာခံမှုရှိစေသည်မှာ သဘာဝကျသည်။
ရွှယ်အန်းက ပြောလိုက်သည်။
"ငါ့ကို မင်းတို့ရဲ့ဥက္ကဋ္ဌဆီ ခေါ်သွားပါ"
လင်ကျူးသည် မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ပါ သခင်"
ထို့နောက် သူမသည် ထကာ အားလုံးကို ပိုလို့ပင် ဗဟိုကျသော နေရာသို့ ဦးဆောင်ခေါ်သွားသည်။
စစ်ဆေးရေးဂိတ်များသည် တဖြည်းဖြည်း ပို၍တင်းကျပ်လာသဖြင့် လင်ကျူးရှိနေသော်လည်း လမ်းတစ်လျှောက် စစ်ဆေးမှုများကို ရှောင်လွှဲ၍မရပေ။
အဆုံးတွင်..
သူတို့သည် ခံတပ်၏ အဓီကနေရာဖြစ်သော ရှေးဟောင်းသစ်သား တံခါးတစ်ချပ်ရှေ့သို့ ရောက်ရှိလာသည်။
ဤနေရာတွင် သံမဏိသည် တန်ဖိုး အနည်းဆုံးအရာဖြစ်နိုင်သော်လည်း သစ်သားတံခါးတစ်ချပ်မှာမူ အလွန်တန်ဖိုးကြီးနိုင်သည်ကို သိထားရန်လိုသည်။
ဤနေရာသို့ ရောက်သောအခါ လင်ကျူးလည်း ရပ်တန့်ခဲ့ရသည်။
ထို့နောက် အနည်းငယ် အံ့ဩသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
"လင်ကျူးမင်းဒီကို ဘာလာလုပ်တာလဲ"
စကားသံနှင့်အတူ လူငယ်တစ်ယောက်လည်း ထွက်လာသည်။
လင်ကျူးသည် ခဏတာ တိတ်ဆိတ်နေပြီးနောက် ခပ်တောင့်တောင့်ပြောလိုက်သည်။
"ကျွန်မ ဥက္ကဋ္ဌနဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စတစ်ခု ရှိလို့ပါ"
"အိုး"
ထိုလူငယ်သည် ယခုမှ ရွှယ်အန်းနှင့် အန်းယန်ကို သတိပြုမိသွားပြီး အန်းယန်၏ ထင်ရှားပေါ်လွင်သော အလှကြောင့် အံ့အားသင့်သွားကာ ပြောလိုက်သည်။
"ဒါဆိုရင်တော့ မင်းစောင့်ရလိမ့်မယ်၊ ဥက္ကဋ္ဌက အခု အရေးကြီးတဲ့ဧည့်သည်တစ်ယောက်နဲ့ အစည်းအဝေးလုပ်နေတယ်"
သူ့ အသံမဆုံးမီမှာပင် ရွှယ်အန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
"မင်းဘာလုပ်တာလဲ၊ နောက်ဆုတ်စမ်း"
ထိုလူငယ်သည် လင်ကျူးအပေါ်တွင် ကောင်းမွန်သော အမူအရာရှိသော်လည်း ရွှယ်အန်းအပေါ်တွင်မူ ကြမ်းတမ်းတင်းမာနေပြီး သူအော်ဟစ်လိုက်သည်နှင့် စွမ်းအင်မြင့် ရောင်ခြည်သေနတ်များ ကိုင်ဆောင်ထားသော အစောင့်တစ်ဒါဇင်ခန့်သည် ရွှယ်အန်းကို ဝန်းရံလိုက်ကြသည်။
အကယ်၍ ရွှယ်အန်းသာ နောက်တစ်လှမ်း ရှေ့တိုးလိုက်ပါက အစောင့်များသည် မဆိုင်းမတွ ခလုတ်ဆွဲကာ သူ့ကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ပစ်ခွဲပစ်လိမ့်မည်ဖြစ်သည်။
သို့သော် ထိုအချိန်တွင် ရွှယ်အန်းသည် သူ၏ရှေ့မှလူများကို မော့ကြည့်ကာ ပြောလိုက်သည်။
"ငါ့လမ်းက ဖယ်"
ထိုအမိန့်နှင့်အတူ သူ့ တည့်တည့်တွင် ရပ်နေသော လူငယ်သည် လွင့်ထွက်သွားပြီး နံရံကို ဆောင့်မိသွားသည်။
ကျန်လူများသည် ပစ်ခတ်လိုသော်လည်း သူတို့လက်ထဲမှ သေနတ်များသည် ရုတ်တရက် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသဖြင့် အစောင့်များလည်း ဖရိုဖရဲဖြစ်သွားကြသည်။
ထိုစဉ် ရွှယ်အန်းသည် သစ်သားတံခါးကို တိုက်ရိုက် ဖြတ်ဝင်သွားသည်။
အတွင်းတွင် ထိုင်ခုံတစ်ခုပေါ်တွင် ခပ်ဖျော့ဖျော့ ပုံရိပ်တစ်ခု ထိုင်နေသည်။
ရွှယ်အန်းက မဲ့ပြုံးပြုံးလိုက်ပြီး တာအိုဓားအလင်းတန်းတစ်ခုကို ထုတ်လိုက်သည်။
သို့သော် သူ ခြေတစ်လှမ်းနောက်ကျသွားခဲ့သည်။
ပုံရိပ်သည် ထိုင်ခုံပေါ်မှ ပျောက်ကွယ်သွားပြီး ဓားအလင်းတန်း ဖြတ်သန်းသွားပြီးနောက် လေထဲမှ လတ်ဆတ်သောသွေးစက်အနည်းငယ်သာ ကျဆင်းလာသည်။
"မင်းဘယ်သူလဲ၊ Ling Zhu... မင်းပုန်ကန်တာလား"
ဤမြင်ကွင်းကို မြင်လိုက်ရသော ဝတုတ်လူတစ်ယောက်သည် မျက်နှာဖြူဖျော့သွားပြီးနောက် လင်ကျူးဝင်လာသည်ကိုမြင်သောအခါ သူမ တစ်ခုခုလုပ်ရန် ရည်ရွယ်သည်ဟုထင်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
လင်ကျူးသည် ဘာမှမပြောဘဲ ငြိမ်သက်စွာ ရပ်နေသည်။
"တစ်ယောက်ယောက် လာကြစမ်း၊ အစောင့်တွေ ဘယ်မှာလဲ"
ထိုလူသည် ထိတ်လန့်စပြုလာသည်။
ရွှယ်အန်းသည် ကျဆင်းနေသော သွေးစက်များမှ သူ၏အကြည့်ကို ရွှေ့လိုက်ပြီး ထိုလူကို လှည့်ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။
"အော်စရာမလိုဘူး၊ သူတို့ ခဏလောက်တော့ ရောက်လာမှာ မဟုတ်ဘူး”