← Chapters

ပြဿနာတက်ခြင်း

Vol. 49 Ch. 733

ပြဿနာတက်ခြင်း

Vol. 49 Ch. 733

စားပွဲထိုးသည် ရွှယ်အန်းနှင့် သူ၏မိသားစုကို အလျင်အမြန် ကြိုဆိုပြီးနောက် သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းရန် အနောက်ဖက်သို့ သွားသည်။

ခဏအတွင်းမှာပင် အစားအစာများမှယ ရေစီးသည့်ပမာ တည်ခင်းလာသည်။

ရွှယ်အန်းက တစ်လုတ်မြည်းစမ်းကြည့်လိုက်သည်။ ချက်ပြုတ်သည့်လက်ရာသည် ထူးခြားမှုမရှိသော်လည်း သဘာဝပါဝင်ပစ္စည်းများကြောင့် အတန်ငယ် အရသာရှိသည်။

ကလေးမလေးနှစ်ယောက်သည် အလွန်အမင်း အရသာခံကယ ပျော်ရွှင်စွာ စားသောက်နေကြသည်။

ထို့နောက် ရွှယ်အန်းက စားပွဲထိုးကို တားလိုက်သည်။

"ဒီနေရာက ဘယ်နေရာလဲ။"

စားပွဲထိုးက ပြုံးကာ ပြောလိုက်သည်။

"ခင်ဗျားက အဝေးကနေ ခရီးနှင်လာတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်ရမယ်၊ ဒီနေရာက ရှန်းယိုမြို့ပါ၊ လေးစားရပါသော ဆေးဆရာကြီး ဆရာရှောင်ရဲ့ နယ်မြေပါပဲ"

"ဆေးဆရာကြီး?"

စားပွဲထိုးက အလျင်အမြန် ပြုံးလျက် ပြောပြသည်။

"ခင်ဗျားက ဆရာရှောင်ရဲ့ ဆေးပွဲတော်အတွက် လာတာမဟုတ်ဘူးလား"

ရွှယ်အန်းက ခေါင်းခါပြသည်။

"ဒီရက်ပိုင်းတွေအတွင်းမှာ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ ရှန်းယိုမြို့ကို ရောက်လာကြတယ်၊ အားလုံးက ဆရာရှောင်ရဲ့ ဆေးပွဲတော်အတွက်ပဲ၊ ဘာပဲဖြစ်ဖြစ် ဆရာရှောင်က ဆယ်နှစ်တစ်ကြိမ်ပဲ တရားကျင့်ကြံတာကနေ ထွက်လာတာကိုး၊ အဲ့ဒီအချိန်ကျရင် ခင်ဗျားက ကောင်းမွန်တဲ့ဈေးနှုန်းတစ်ခု ပေးနိုင်သရွေ့ သူ့ကို နတ်ဆေးလုံး ဖော်စပ်ပေးဖို့ တောင်းဆိုနိုင်တယ်"

"ဒီနတ်ဆေးလုံးတွေက အင်မော်တယ် ဆေးလုံးတွေလို့ ပြောကြတယ်၊ တစ်လုံးစားလိုက်ရုံနဲ့ အင်မော်တယ် အစွမ်းကို ရရှိနိုင်တယ်"

စားပွဲထိုးသည် အသိအမြင်ကြွယ်ဝပုံရပြီး ဒေသဆိုင်ရာ ဓလေ့ထုံးတမ်းများနှင့် ယဉ်ကျေးမှုများအကြောင်းကို တတွတ်တွတ်ပြောဆိုနေသည်။

စားပွဲထိုး၏စကားကို နားထောင်ပြီးနောက် ရွှယ်အန်းသည် စိတ်ထဲတွင် ရယ်ချင်သွားသည်။

စားပွဲထိုးထွက်သွားပြီးနောက် ရွှယ်အန်းသည် ဒေသတွင်းချက်လုပ်ထားသော စပါးဝိုင်ကို ဖြည်းညှင်းစွာ သောက်နေသည်။

ရှန်းယိုမြို့ထဲတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများရှိနေသည်ကို သူခံစားမိခဲ့ သည်မှာ အံ့ဩစရာမရှိပေ။ သူတို့အားလုံးသည် ဆေးဆရာကြီးဆိုသူအတွက် ဤနေရာသို့ ရောက်နေကြခြင်းဖြစ်သည်။

ဤလူသည် သူ့ကိုယ်သူ ဆရာကြီးဟု ခေါ်ရဲလောက်အောင် ဆေးဖော်ပညာတွင် မည်မျှကျွမ်းကျင်သည်ကိုတော့ သူလည်း မသိပေ။

ရွှယ်အန်းသည် သူ၏နှလုံးသားထဲတွင် ဤအကြောင်းကို တွေးတောနေမိသည်။

ထို့နောက် အေးစက်စက် အမျိုးသမီးအသံတစ်ခုသည် ဝင်ပေါက်မှ ထွက်ပေါ်လာသည်။

"နင်တို့ဆိုင်က အကောင်းဆုံးဟင်းလျာတွေ တစ်ဝိုင်းပြင်ပေး၊ ငါတို့ ဒီခန်းမထဲမှာပဲ စားမယ်"

"ချက်ချင်းရပါမယ်"

စားပွဲထိုးသည် အလျင်အမြန် တုံ့ပြန်လိုက်သည်။

ရွှယ်အန်းက မော့ကြည့်လိုက်ရာ အမျိုးသမီးနှစ်ဦး ဝင်လာသည်ကို တွေ့လိုက်ရသည်။

ထိုအမျိုးသမီးနှစ်ဦးသည် တစ်ယောက်ကအကြီးဖြစ်ကယ တစ်ယောက်ကအငယ်ဖြစ်ပြီး အသက်အားဖြင့် ၂၁၊ ၂၂ အရွယ်နှင့် ၁၆၊ ၁၇ အရွယ်များဖြစ်ကြသည်။

အကြီးဖြစ်သူမိန်းကလေးသည် ရှင်းလင်း လှပသော မျက်နှာရှိသော်လည်း သူမ၏မျက်လုံးနှင့် မျက်ခုံးများတွင် အမြဲတမ်း အေးစက်သည့်အရိပ်အယောင်တစ်ခု ပါဝင်နေသဖြင့် သူမသည် အနည်းငယ် ခပ်ထန်နေပုံရသည်။

အငယ်ဖြစ်သူမိန်းကလေးမှာမူ ချစ်စဖွယ် အသွင်အပြင်ရှိပြီး သူမပြုံးလိုက်သည့်အခါ ပါးချိုင့်များပေါ်လာကာ ဘေးအိမ်ကကောင်မလေးလိုပင်ဖြစ်သည်။

မိန်းကလေးနှစ်ဦး၏ ရောက်ရှိလာမှုသည် ခန်းမထဲရှိ စူးစမ်းလိုသော အကြည့်များစွာကို ဆွဲဆောင်လိုက်သည်။

သို့သော် ထိုအမျိုးသမီးနှစ်ဦးသည် ဂရုပင်မစိုက်ဘဲ ထိုင်ချကာ စတင်စားသောက်ကြသည်။

သို့သော် ရွှယ်အန်းသည် သူတို့၏တိုးတိုးလေးပြောဆိုသော စကားကို ကြားနေရဆဲဖြစ်သည်။

"အစ်မ ကျွန်မတို့ အဲ့ ဆေးဆရာကြီ ကို ကျွန်မတို့ရဲ့ မျိူးနွယ်စုသခင်အတွက် နတ်ဆေးလုံးတွေ ဖော်စပ်ပေးဖို့ ဖိတ်ခေါ်နိုင်မယ်လို့ ထင်လား"

အငယ်ဖြစ်သူမိန်းကလေးက တိုးတိုးလေးမေးသည်။

"ဖိတ်ခေါ်ကို ဖိတ်ခေါ်ရမှာပေါ့၊ စကားနည်းနည်းပြောပြီး အစားကို မြန်မြန်စားစမ်းပါ"

မာနကြီးသောမျက်နှာထားနှင့် အမျိုးသမီးက အေးစက်စွာ ပြောလိုက်သည်။

"ဟုတ်"

အငယ်ဖြစ်သူမိန်းကလေးက ညင်သာစွာ ပြန်ဖြေပြီး သူမ၏အစားအစာကို စတင်စားသောက်သည်။

သို့သော် သူတို့စားသောက်စပြုပြီး မကြာမီမှာပင် အပြင်ဘက်မှ ဆူညံသော ခြေသံများ ထွက်ပေါ်လာပြီးနောက် လူတစ်စုသည် စားသောက်ဆိုင်ထဲသို့ အတင်းဝင်ရောက်လာသည်။

ရှေ့ဆုံးမှလူသည် ခန့်ညားသော်လည်း အနည်းငယ် ခက်ထန်သောအသွင်အပြင်ရှိသည်။

ဤလူသည် အခန်းကို ဝေ့ကြည့်လိုက်ပြီး သူ၏မျက်လုံးများသည် ထောင့်ရှိ မိန်းကလေးနှစ်ဦးအပေါ်သို့ ကျရောက်သောအခါ လင်းလက်သွားပြီးနောက် မဲ့ပြုံးဖြင့် လျှောက်လှမ်းလာသည်။

"စီဟွာမြို့က လူတွေ တကယ်ပဲ ရောက်လာကြပါလား"

သူ့ကိုမြင်သောအခါ အကြီးဖြစ်သူအမျိုးသမီး၏ မျက်နှာအမူအရာ ညိုမှောင်သွားပြီး အံ့ကြိတ်လိုက်သည်။

"ဖုန်းလင်းဝူ နင် တကယ် ဘာလုပ်ချင်နေတာလဲ"

ဖုန်းလင်းဝူသည် ဆိုးသွမ်းစွာ ရယ်မောလိုက်သည်။

"ငါဘာလုပ်ချင်လဲဟုတ်လား? ဖုရှင်းယန်... မင်းက တကယ်ပဲ မာနကြီးပြီး မသိချင်ယောင်ဆောင်နေတာပဲ၊ မင်းတို့ ရှန်းယိုမြို့မှာ ဘာလုပ်နေလဲဆိုတာ ဘယ်သူမှမသိဘူးလို့ တကယ်ထင်နေတာလား"

၎င်းတို့ နှစ်ယောက်ကြားမှ စကားများကိုကြားသောအခါ ခန်းမထဲတွင် စားသောက်နေသော ကျင့်ကြံသူများစွာ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

"ဖုန်းလင်းဝူဆိုတာ ဝူရီမြို့က ဖုန်းမိသားစုရဲ့ တတိယသခင်လေးပဲ၊ သူက မွေးရာပါ အံဖွယ်ပါရမီနဲ့ မွေးဖွားလာပြီး အသက်နှစ်ဆယ်ကျော်မှာ ရွှေအင်မော်တယ်တစ်ပိုင်းအဆင့်ကို ချိုးဖောက်နိုင်ခဲ့တယ်လို့ ပြောကြတယ်၊ ဖုန်းမိသားစုရဲ့ မျိုးဆက်ဘိုးဘေးက သူ့ကို အရမ်းတန်ဖိုးထားတာ"

တစ်စုံတစ်ယောက်က လေးနက်စွာပြောလာသည်။

ထိုအချိန်တွင် ဖုရှင်းယန်က အေးစက်စွာ ပြောလိုက်သည်။

"ကျွန်မတို့ စီဟွာမြို့က ဘာကိစ္စလုပ်ဆောင်နေလဲဆိုတာက ရှင်တို့ ဝူရီမြို့နဲ့ ဘာဆိုင်လို့လဲ"

"ဆိုင်တာပေါ့"

ဖုန်းလင်းဝူသည် ဖုရှင်းယန်၏ သွယ်လျသောခါးကို လောဘကြီးသောမျက်လုံးများဖြင့် စိုက်ကြည့်ပြီးနောက် မဲ့ပြုံးပြုံးလိုက်သည်။

"ဘာလို့လဲဆိုတော့ မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ မင်းက ငါ့ဖုန်းမိသားစုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာမို့လို့ပဲ"

သူ့စကားဆုံးသောအခါ ဖုရှင်းယန်၏မျက်နှာ ပြာနှမ်းသွားပြီး ဒေါသတကြီး အော်လိုက်သည်။

"အရှက်မရှိချက်"

သူမဘေးမှ မိန်းကလေးသည်လည်း ဒေါသဖြင့် မျက်နှာနီရဲသွားသည်။

"နင် လျှောက်ပြောနေတာ၊ အစ်မဖုက နင့်လို လူဆိုးတစ်ယောက်နဲ့ ဘယ်တော့မှ အတူတူရှိမှာမဟုတ်ဘူး"

ဖုန်းလင်းဝူက အားရပါးရရယ်မောလိုက်သည်။

"မင်းသိအောင်ပြောပြမယ် ဖုရှင်းယန်၊ ငါမင်းကို ရအောင်ယူမယ်လို့ ဆုံးဖြတ်ထားတယ်၊ ငါ့ရဲ့ဝူရီမြို့က မင်းဆီကို လက်ထပ်ခွင့်တောင်းတဲ့စာပို့တော့ မင်းက လူအများရှေ့မှာ ဆုတ်ဖြဲရဲတယ်၊ ဒါပေမဲ့ ဒါက မင်း ဖုန်းလင်းဝူရဲ့မိန်းမဖြစ်လာမယ့် ကံကြမ္မာကို ပြောင်းလဲနိုင်မှာမဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် ဖုန်းလင်းဝူ၏နောက်မှ လူများသည် အမျိုးသမီးနှစ်ဦး၏စားပွဲကို တိတ်တဆိတ် ဝန်းရံလိုက်ကြသည်။

စားသောက်ဆိုင်အတွင်းမှ အခြေအနေသည် တင်းမာလာသည်။

အခြေအနေဆိုးရွားလာသည်ကိုမြင်သောအခါ လူအများအပြားသည် တိတ်တဆိတ် ထွက်ခွာသွားကြသည်။

မည်သို့ပင်ဖြစ်စေ ဝူရီမြို့မှ ဖုန်းမိသားစုသည် သူတို့ ထိပါးရဲသော အရာမဟုတ်ပေ။

ကွေ့ယီအရှေ့ပိုင်းနယ်မြေတစ်ခုလုံးတွင်ပင် ဖုန်းမိသားစုနှင့် ယှဉ်နိုင်သော အင်အားစုများ အများအပြားမရှိပေ။

ဖုရှင်းယန်သည် အငယ်လေးကို သူမ၏နောက်တွင် ထားလိုက်ပြီး သူမ၏လက်ထဲတွင် အလင်းတန်းများ ပေါ်လာပြီး သူမ မျက်လုံးများတွင် ခေါင်းမာမှုများသာ ပြည့်နှက်နေသည်။

"ဖုန်းလင်းဝူ နင့်ရဲ့ဒီလို မာနကြီးတဲ့လုပ်ရက်မျိုးနဲ့ဆို စီဟွာမြို့နဲ့ နင်တို့ဝူရီမြို့ကြားမှာ အငြင်းပွားမှုဖြစ်မှာကို မကြောက်ဘူးလား"

ဤစကားများကိုကြားသောအခါ ဖုန်းလင်းဝူ၏မျက်နှာတွင် မထီမဲ့မြင်ပြုသောအမူအရာ ပေါ်လာသည်။

"ဖုရှင်းယန်၊ မင်းတို့မိသားစုရဲ့ သခင်ကြီးက သေလုနီးပါးဖြစ်နေပြီဆိုတာ ဘယ်သူမသိလို့လဲ၊ မဟုတ်ရင် မင်းတို့ နတ်ဆေးလုံးရှာဖို့ ဒီရှန်းယိုမြို့အထိ ခရီးဝေးနှင်လာမှာမဟုတ်ဘူး၊ ပြီးတော့ အခုငါ့ဆီမှာ အရှုံးပေးဖို့ မင်းကိုအကြံပေးမယ်၊ မဟုတ်ရင်... ဟား... သတိထားနေပေါ့ဖ မဟုတ်ရင် မင်းတို့ စီဟွာမြို့တောင် မင်းနဲ့အတူ ပျက်စီးသွားနိုင်တယ်"

သူ့ စကားသံမဆုံးမီမှာပင် ဖုရှင်းယန်သည် တိုက်ခိုက်လိုက်သည်။

တောက်ပသော အဖြူရောင်အလင်းတန်းတစ်ခုသည် ဖုန်းလင်းဝူဆီသို့ တိုး၀င်သွားသည်။

ဖုန်းလင်းဝူသည် ရယ်မောလျက် တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။

အဖြူရောင်အလင်းတန်းသည် စားသောက်ဆိုင်၏နံရံကို ထိမှန်သွားသည်။

ဘုန်း!

နံရံသည် ချက်ချင်းပင် အဖြူရောင်နှင်းခဲများဖြင့် ဖုံးလွှမ်းသွားပြီးနောက် ဖြည်းညှင်းစွာ ပြိုကျသွားသည်။

"မင်းတို့စီဟွာမြို့ရဲ့ နက်ရှိုင်းယင်နည်းစနစ်က တကယ်ပဲ သူ့ရဲ့ထူးခြားတဲ့အချက်တွေရှိတာပဲ၊ ကျစ်ကျစ်... ဒါပေမဲ့ ပိုထူးခြားလေ ပိုပြီးမတွန်းလှန်နိုင်ဖြစ်လေပဲကွာ"

ဖုန်းလင်းဝူသည် ညစ်ညမ်းစွာ ရယ်မောလိုက်သည်။

ခန်းမထဲရှိ ကျင့်ကြံသူများစွာ၏မျက်နှာများသည် ဤသို့ကြားသောအခါ ထူးဆန်းသွားသည်။

အဘယ်ကြောင့်ဆိုသော် ဤလူအားလုံးသည် စီဟွာမြို့က ဘာကိုကိုယ်စားပြုသည်ကို သိသောကြောင့်ဖြစ်သည်။

၎င်းသည် အမျိုးသမီးများအတွက်သာ သီးသန့်ဖြစ်သော ကျင့်ကြံမှုနည်းစနစ်ဖြစ်သည့် နက်ရှိုင်းသောယင်နည်းစနစ်ကို ကျင့်ကြံသော အမျိုးသမီးများဖြင့်သာ ဖွဲ့စည်းထားသော ဂိုဏ်းတစ်ခုဖြစ်သည်။

ဤနည်းစနစ်တွင် ၎င်း၏ဆန်းကြယ်သောအချက်များရှိသည်။ ၎င်းကို ကျွမ်းကျင်စွာ ကျင့်ကြံနိုင်သောအခါ ရွှေအင်မော်တယ်အဖြစ်သို့ ရောက်နိုင်သော အင်ကြီးမားသည့်စွမ်းအားလည်း ရှိသည်။

သို့သော် ဤ ကွေ့ယီအရှေ့ပိုင်းနယ်မြေမှ ကျင့်ကြံသူများ ပိုသိကြသည်မှာ ဤနည်းစနစ်၏ အခြားတစ်ခုဖြစ်သည်။

နက်ရှိုင်းသောယင်နည်းစနစ်ကို ကျင့်ကြံသော ဤအမျိုးသမီးများ၏ မူလယင်စွမ်းအင်သည် အမျိုးသားကျင့်ကြံသူများအတွက် အလွန်အကျိုးရှိသည်။

၎င်းသည် အဆင့်တစ်ခုကို ချိုးဖောက်ကျော်လွှားရန်ပင် ကူညီနိုင်ပြီး ၎င်း၏အစွမ်းသည် ကောင်းကင်ဘုံအဆင့်ဆေးလုံးထက်ပင် အနည်းငယ်မျှ မလျော့နည်းပေ။

ထို့အပြင် စီဟွာမြို့မှ အမျိုးသမီးကျင့်ကြံသူအားလုံးသည် လှပကြသည်။ ၎င်းတို့သည် အခြားအမျိုးသားကျင့်ကြံသူများအတွက် မည်မျှဆွဲဆောင်မှုရှိသည်ကို စဉ်းစားကြည့်နိုင်သည်။

ဤသည်မှာ ဖုန်းလင်းဝူက ဖုရှင်းယန်ကို ငြင်းဆန်မရနိုင်လောက်အောင် စိတ်ပိုင်းဖြတ်လိုက်ရှာနေရသည့် အကြောင်းရင်းလည်းဖြစ်သည်။

ဖုန်းလင်ဝူက အခြားတစ်ခုခုပြောတော့မည်အပြု အဖြူရောင်အလင်းတန်းတစ်ခုသည် သူဆီသို့ ပျံသန်းလာသည်။

အမှတ်တမဲ့ဖြစ်နေသော ဖုန်းလင်းဝူသည် ထိုတိုက်ခိုက်မှုကို မနည်းရှောင်တိမ်းလိုက်ရသော်လည်း သူသည် အဖြူရောင်အလင်းတန်း၏ ပွတ်တိုက်ခြင်းကို ခံလိုက်ရသေးသဖြင့် သူ၏မျက်နှာပေါ်တွင် ခြစ်ရာတစ်ခု ကျန်ရစ်သွားသည်။

ရွှယ်အန်းသည် မလှမ်းမကမ်းမှ ကြည့်ရှုနေခဲ့ပြီး ဤအဖြူရောင်အလင်းတန်းနှစ်ခုကို မြင်မှသာ သူသည် အနည်းငယ် အံ့ဩသံပြုလိုက်သည်။

All Chapters