← Chapters

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

အခန်း ၂၂၆ - နဂါးသတ်ဓား(ကာလ်ဆာရာ)

ဖော်ရာသည် စိတ်လှုပ်ရှားစွာဖြင့် စာကြည့်တိုက်ရှိရာသို့ အမြန်ဆုံးပြေးသွားခဲ့သည်။ရှောင်ယုနှင့်အခြားသူများသည်လည်း စာကြည့်တိုက်ထဲဝင်ရန် ကြိုးပမ်းကြသည်။သ်ို့သော် စာကြည့်တိုက်တံခါးသည် အလွန်သေးငယ်၍ ရှောင်ယုတို့အထဲမဝင်နိုင်ခဲ့ပေ။

"အဆောက်အဦးက အရမ်းကြီးပေမဲ့ စာကြည့်တိုက်ဝင်ပေါက်ကတော့ အရမ်းကိုသေးလွန်းတယ်"

ရှောင်ယုသည် စာကြည့်တိုက်ဝင်ပေါက်နားတွင်ရပ်ကာ အထဲက်ိုချောင်းကြည့်ရင်း ညည်းညူလိုက်သည်။

ဖော်ရာသည် စာအုပ်စင်အနီးသို့ရောက်သွားသည်ကို သူမြင်တွေ့လိုက်ရသည်။သို့သော်လည်း ထိုစာအုပ်စင်တစ်ခုလုံးဗလာဖြစ်နေခဲ့ကာ စာအုပ်တစ်အုပ်မှရှိမနေခဲ့ပေ။သို့သော်လည်း ဖော်ရာသည် စာအုပ်စင်အလွတ်ရှေ့၌ အချိန်အကြာကြီးရပ်နေရင်း တစ်စုံတစ်ခုကိုတွက်ချနေခဲ့သည်။ထို့နောက်စာအုပ်စင်၏ အတန်းနှင့်ကော်လံများကိုရေတွက်လိုက်ပြီး စာအုပ်စင်ကိုတစ်ကြိမ်လှည့်ချလိုက်သည်။

ဂျိမ်း...

ကျယ်လောင်သောအသံပဲ့တင်ထပ်လာမှုကြောင့် လူတိုင်းတုန်လှုပ်သွားသော်လည်း မည်သည့်လှုပ်ရှားမှုကိုမှမတွေ့ရပေ။ထို့နောက်ဖော်ရာသည် ဒုတိယစာအုပ်စင်ဆီသို့ပြေးသွားကာ အလားတူထပ်မံလုပ်ဆောင်ခဲ့သည်။စာအုပ်စင်များအားလုံးကို တူညီသောပုံစံဖြင့်လှည့်လည်ပြီးနောက် စာကြည့်တိုက်သည်တုန်ခါသွားပြီး စာအုပ်စင်များသည် နံရံအတွင်းသ်ို့နစ်မြုပ်သွားခဲ့သည်။

ထို့နောက် စာကြည့်တိုက်၏အလယ်တွင် စားပွဲဝိုင်းတစ်ခုထွက်ပေါ်လာပြီး အမြင့်တစ်နေရာထိမြင့်တက်ပြီးမှ ရပ်တန့်သွားသည်။ထို့နောက်စားပွဲဝိုင်းပေါ်၌ ပုံစံ၂ခုက်ိုတွေ့မြင်လိုက်ရသည်။

ထိုအရာများမှာ လေးထောင့်ပုံစံသေတ္တာတစ်ခုနှင့် ကြက်သွေးရောင်အလင်းတန်းများကိုထုတ်လွှတ်နေသည့် ဓားတစ်ချောင်းဖြစ်သည်။

"ကာလ်ဆာရာ..."

ရှောင်ယုသည် ထိုဓားကိုမြင်မြင်ချင်း ဂိမ်းထဲမှနာမည်ကြီးဓားကိုချက်ချင်းသတိရလိုက်သည်။ထိုအချိန်တွင် ဖော်ရာ၏မျက်လုံးများမှမျက်ရည်များစီးကျလာကြောင်း ရှောင်ယုတွေ့လိုက်ရသည်။မှင်စာများသည် ရှေးခေတ်အချိန်က အဆင့်အမြင့်ဆုံးယဉ်ကျေးမှုအမွေအနှစ်များကိုပိုင်ဆိုင်ခဲ့သော်လည်း ယခုအခါဤအရာနှစ်ခုကသာ ထိုယဉ်ကျေးမှုအမွေအနှစ်၏ နောက်ဆုံးလက်ကျန်များဖြစ်ခဲ့သည်။

"ဖော်ရာ...င်ိုစရာမလိုဘူး....မှင်စာတွေဟာ သူတို့ရဲ့အရင်ဂုဏ်ကျက်သရေကိုပြန်လည်ရောက်ရှိစေရမယ်လို့ ငါအာမခံတယ်...ခုအဲနေရာကနေ မြန်မြန်ထွက်လာခဲ့လိုက်...ငါတို့နဲ့ပူးပေါင်းဖို့အခြားမှင်စာတွေကိုလိုက်ရှာရမယ်"

ရှောင်ယုသည် နဂါးသတ်ဓားကိုကြည့်ရင်း သူ၏ပါးစပ်မှတံတွေးများစီးကျလာခဲ့သည်။ဖော်ရာသည် အချိန်ခဏကြာအောင်င်ိုကြွေးပြီးနောက် ဓားနှင့်သေတ္တာနှစ်ခုလုံးက်ိုထုတ်ယူလိုက်သည်။

ရှောင်ယုသည် ဓားကိုဆွဲကိုင်လိုက်ကာ ကြိမ်ဖန်များစွာ ဝှေ့ယမ်းကြည့်လိုက်သည်။ကာလ်ဆာရာသည် လူပေါင်းများစွာ၏စိတ်ကူးယဉ်အိပ်မက်ဖြစ်ခဲ့သော်လည်း ယခုအချိန်၌သူအသုံးပြုနေနိုင်ပြီဖြစ်သည်။သို့သော်လည်း တစ်ဖက်ကိုင်ဓားသည်ရှောင်ယုနှင့်သင့်တော်ခြင်းမရှိပေ။လက်ရှိအချိန်၌ ဆန်းကြယ်ပုဆိန်ကိုသာအသုံးပြုခြင်းသည် သူ့အတွက်ပို၍ကောင်းမွန်ပေသည်။

ထို့ပြင် ကာလ်ဆာရာသည် တိုက်ပွဲအတွင်း အသုံးပြုသူ၏ချပ်ဝတ်တန်ဆာအပေါ်၌ စွမ်းအားကြီးသောအကာအကွယ်ဒိုင်းတစ်ခုကို ပေါင်းထည့်ပေးသွားမည်ဖြစ်သည်။ဒီရွန်သည် သာမန်တပ်သားတစ်ဦး၏ အတားအဆီးများကို ချိုးဖျက်ပြီးသူရဲကောင်းတစ်ယောက်ဖြစ်လာသောကြောင့် ရှောင်ယုသည်သူ့အား ကာလ်ဆာရာကိုလက်ဆောင်ပေးရန် ဆုံးဖြတ်ခဲ့သည်။

ဒီရွန်သည် သူ့ထက်ပိုမိုအားကောင်းသည့်ပြိုင်ဘက်များကို ရင်ဆိုင်ရပါက ဤဓားကိုအသုံးပြုနိုင်ပေသည်။

"ဒီရွန်...ဒါကမင်းအတွက်ပဲ..."

ရှောင်ယုသည် ဓားကိုအကြိမ်အနည်းငယ်မျှ ဝှေ့ယမ်းလိုက်ပြီးနောက် ကာလ်ဆာရာအား ဒီရွန်ဆီသို့ပစ်ပေးလိုက်သည်။

ရှောင်ယုသည် ဒီရွန်အား အဖိုးတန်ဓားတစ်ချောင်း လက်ဆောင်ပေးသည်ကိုမြင်သောအခါ ဆုရှာသည်မနာလိုဖြစ်သွားခဲ့သည်။သူမသည်လည်း ထိုကဲ့သို့ဓားတစ်ချောင်းအားလိုချင်ပေသည်။ရှောင်ယုသည် ဆုရှာ၏လိုချင်တပ်မက်မှုကို သတိပြုမိသော်လည်း သူမအားဓားပေးရန် အစီအစဉ်မရှိခဲ့ပေ။အဆုံးသတ်တွင်သူမသည် တိုက်ပွဲ၌ပါဝင်နိုင်စွမ်းမရှိသော မိန်းကလေးတစ်ယောက်ဖြစ်သည်။

သူမအားလက်ဆောင်ပေးရန် လက်ဝတ်ရတနာများသို့ဟုတ် ဆက်စီကျကျအတွင်းဝတ်များသာ ပိုမိုကောင်းမွန်ပေသည်။

"ခုလိုအဖိုးတန်တဲ့အရာတွေကို မင်းလက်ထဲမှာမကိုင်ထားပါနဲ့...အဲ့ဒါတွေကိုသိုလှောင်လက်စွပ်ထဲ ထည့်ထားလိုက်"

ရှောင်ယုသည် ဖော်ရာအားသိုလှောင်လက်စွပ်တစ်ကွင်း ပေးအပ်လိုက်သည်။

"ဒီ...ဒီဟာကိုအပိုင်ပေးတာလား အရှင်"

ဖော်ရာသည် နေရာလွတ်ပါဝင်သည့်သိုလှောင်လက်စွပ်တစ်ကွင်း၏ တန်ဖိုးကိုနားလည်၍ အလွန်အံ့သြသွားခဲ့သည်။သူသည်ကျွန်တစ်ယောက်ဖြစ်ပေရာ ရှောင်ယုကသူ့အားသိုလှောင်လက်စွပ်တစ်ကွင်း လက်ဆောင်ပေးခြင်းသည် သူ့အပေါ်ယုံကြည်မှုကိုဖော်ပြနေခဲ့သည်။ထို့ကြောင့်ဖော်ရာသည် ရှောင်ယုကိုအလွန်ကျေးဇူးတင်သွားခဲ့ကာ သူ၏သခင်အသစ်သည် အမှန်တကယ်အားကိုးရနိုင်သည်ဟု ယုံကြည်သွားခဲ့သည်။

ရှောင်ယုသည် ဤနေရာမှချက်ချင်းထွက်ခွာမသွားသေးဘဲ အဆောက်အဦးတစ်ခုလုံးအား လှည့်ပတ်ရှာဖွေခဲ့သည်။သူသည် ဤနေရာ၌ရှာတွေ့သမျှပစ္စည်းတိုင်းက လွန်စွာအဖိုးတန်ကြောင်းနားလည်ထားသည်။ယခုလိုအခွင့်အရေးကောင်းမျိုးကို သူလက်လွတ်မခံနိုင်ပေ။သို့သော်ကံမကောင်းစွာဖြင့် ဤနေရာ၌မည်သည့်အဖိုးတန်ပစ္စည်းမှ ရှိမနေခဲ့ပေ။

"ဘာပဲဖြစ်ဖြစ်...ဒီစာအုပ်တွေကငါရှာတွေ့နိုင်တဲ့ရတနာတွေထက် အများကြီးပိုတန်ဖိုးရှိတယ်..."

ရှောင်ယုသည် စက်ရုပ်တစ်ရုပ်အားဖန်တီးရန်ပင် စိတ်ကူးယဉ်နေခဲ့သည်။

ရှောင်ယုတို့အဖွဲ့သည် ရတ်ချက်မြို့သို့ပြန်သွားကြပြီးနောက် အနောက်တိမ်တိုက်အင်ပါယာ၏ ကုန်သွယ်ရေးဗဟိုချက်ဖြစ်သော ဟာဗက်မြို့သို့သွားရောက်လည်ပတ်လိုခဲ့သည်။ရှောင်ယုသည် အနောက်တိမ်တိုက်အင်ပါယာ၏ ကုန်သွယ်မှုစနစ်အကြောင်းကို ပိုမိုသိရှိချင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည်ကယ်လီ၏သဘောထားကိုလည်း စစ်ဆေးကြည့်ချင်ခဲ့သည်။အကယ်၍ သူမကသာပိုမိုကောင်းမွန်သော အပြုအမူကိုပြသပါက ရှောင်ယုသည်သွေးနတ်သူငယ်များကိုရှာဖွေကာ သူ၏နယ်မြေသို့ဖိတ်ခေါ်ရန်ကြံရွယ်ထားသည်။သို့သော်လည်း သူမကသာမြင့်မြတ်သူတစ်ယောက်လို ဆက်လက်ပြုမူနေမည်ဆိုပါက ရှောင်ယုသည်ကျန်သွေးနတ်သူငယ်များကို ဂရုစိုက်တော့မည်မဟုတ်ပေ။

ဝေမင်းနှင့်မြေခွေးတို့သည် သူတို့၏ကုန်ပစ္စည်းများအားလုံးကို ရောင်းချပြီးနောက်တွင် အမြတ်အစွန်းကောင်းများရရှိခဲ့ကြောင်း ရှောင်ယုကိုသတင်းပို့လာကြသည်။ရှောင်ယုသည် အနာဂတ်တွင်ငွေရှာရန်အတွက် အနောက်တိမ်တိုက်အင်ပါယာသို့ကုန်ပစ္စည်းများတင်ပို့ရန် စဉ်းစားနေခဲ့သည်။ယခုအချိန်တွင် သူ၏နယ်မြေတွင် အခွန်ကောက်ခံမှုမရှိသေးပေ။ရှောင်ယုသည် နေထိုင်သူတိုင်းကို အရာအားလုံးနီးပါး အလကားထောက်ပံ့ပေးထားခဲ့သည်။

ခြင်္သေ့နယ်မြေတစ်ခုလုံးတွင် ဓားပြအုပ်စုများရှင်းလင်းသွားခဲ့သော်လည်း အနောက်တိမ်တိုက်အင်ပါယာတွင် ကုန်သည်များကြုံတွေ့နေရသည့်ခြိမ်းခြောက်မှုများရှိနေခဲ့သည်။သို့သော် သူသည်မြင်းတပ်သားများနှင့်အတူ အင်အားကြီးမားသည့်အစောင့်အကြပ်များကို စေလွှတ်လိုက်မည်ဆိုပါက ကုန်သည်လှည်းတန်း၏လုံခြုံမှုကိုအာမခံပေးနိုင်မည်ဖြစ်သည်။

အခန်းထဲတွင် ရှောင်ယုသည် သူ၏ပုခုံးအား လီအာ၏နှိပ်နယ်ပေးမှုကိုခံယူရင်း သက်တောင့်သက်သာရှိနေခဲ့သည်။အကယ်၍ လီအာကသာကျွန်ဆွဲသီး၏ထိန်းချုပ်မှုအောက်တွင်မရှိပါက ရှောင်ယုအားထသတ်နေပြီဖြစ်သည်။ထိုအချိန်တွင် ရှောင်ယုကကယ်လီအား အခန်းထဲသို့ခေါ်လိုက်သည်။

ပုံမှန်အားဖြင့်ဆိုလျှင် ရှောင်ယုသည်လီအာကိုဤကဲ့သို့မဆက်ဆံတတ်ပေ။သို့သော်လည်း ယခုအချိန်တွင် ကယ်လီ၏ရှေ့၌အစစ်အမှန်သခင်တစ်ယောက်လိုပြုမူလို၍ သူ၏အိမ်ဖော်ဖြစ်သူက သူ့အားနှိပ်နယ်ပေးနေသည့်မြင်ကွင်းကိုပြသလိုက်ပါက သူသည်ပို၍ဂုဏ်သိက္ခာမြင့်မားလာမည်ဟုယူဆခဲ့သည်။အထူးသဖြင့် သူ့အားနှိပ်ပေးနေသူသည် တတိယအဆင့်လုပ်ကြံသူတစ်ဦးဖြစ်နေချိန်တွင်ဖြစ်သည်။

"ငါကနှိပ်ပဲနှိပ်ခိုင်းတာလေ...ငါနဲ့အတူအိပ်ခိုင်းနေတာမဟုတ်ဘူး...မင်းကဘာလို့ငါ့ကိုလူသတ်ချင်နေတဲ့အကြည့်တွေနဲ့ စိုက်ကြည့်နေရတာလဲ...အိမ်ဖော်တစ်ယောက်က သခင့်ကိုနှိပ်ပေးရတာပုံမှန်ပါဘဲ"

ရှောင်ယုသည် မျက်လုံးများကိုမှိတ်ထားလိုက်သည်။

ထိုအခိုက်အတန့်တွင် ကယ်လီသည်အခန်းထဲသို့ဝင်လာခဲ့သည်။

"မင်းငါ့ကိုတွေ့ချင်တာလား..."

"ကဲလ်သက်က မကြာခင်ပြန်လာတော့မှာပဲ...မင်းသာငါ့နောက်လိုက်ချင်တယ်ဆိုရင် ငါ့ရဲ့လက်အောက်ခံအဖြစ် ငါ့နယ်မြေကိုလာခဲ့...မင်းရဲ့လူတွေလည်းလိုက်ခဲ့ချင်တယ်ဆိုရင် ငါတားမှာမဟုတ်သလို သူတို့မလိုက်ချင်ဘူးဆိုရင်လည်း ငါအတင်းအကြပ်မလုပ်ဆောင်ဘူး"

ရှောင်ယုသည် စကားကိုပြတ်ပြတ်သားသားပြောချလိုက်သည်။

ကယ်လီသည် အဖြေကိုချက်ချင်းမစဉ်းစားနိုင်၍ သူ၏မျက်ခုံးများလှုပ်ခါသွားခဲ့သည်။သူမသည် တိုင်ရန်ဒီနှင့်စကားပြောပြီးနောက်တွင် တိုင်ရန်ဒီသည် ညမျိုးနွယ်စု၏လဘုန်းတော်ကြီးဖြစ်ကြောင်း သူမနားလည်လိုက်သည်။ရှောင်ယုသည် တိုင်ရန်ဒီအားဆင့်ခေါ်နိုင်ခဲ့၍ ကဲလ်သက်ကိုလည်းဆင့်ခေါ်နိုင်မည်ဖြစ်သည်။

သို့သော်လည်း လူသားတစ်ယောက်အား သူမ၏ကယ်တင်ရှင်အဖြစ်လက်မခံလိုပေ။ရှောင်ယုကသူမအားလက်ခံလျင်တောင် သူမ၏မျိုးနွယ်စုက လက်သင့်ခံမည်မဟုတ်ပေ။

"ငါ့လူတွေနေတဲ့နေရာကို ငါခေါ်သွားပေးမယ်...ဒါပေမဲ့မင်းနောက်ကိုသူတို့လိုက် မလိုက်ဆိုတာကို သူတို့အစားငါဆုံးဖြတ်ပေးလို့မရဘူး..."

အခန်း ၂၂၇ - မုတ်ဆိတ်နီတွေရောက်လာကြပြီ

ရှောင်ယုသည် ရတ်ချက်မြို့၌ရက်အနည်းငယ်ကြာ အနားယူရန်စီစဉ်ခဲ့သည်။

ထို့နောက် ဟာဗက်မြို့၊ ထို့နောက် အင်ပါယာမြို့တော်တို့သို့သွားရောက်လည်ပတ်ပြီးနောက် အဆုံးတွင်သွေးနတ်သူငယ်မျိုးနွယ်သို့ သွားရောက်လည်ပတ်ရန်စီစဉ်ခဲ့သည်။သွေးနတ်သူငယ်များသည် သူနှင့်အတူခြင်္သေ့နယ်မြေသို့လိုက်ပါလာနိုင်ခြေရှိသည့်အတွက် ရှောင်ယုသည် သွေးနတ်သူငယ်မျိုးနွယ်စုအားသွားရောက်တွေ့ဆုံမည်ဖြစ်သည်။ထို့ပြင် အနောက်တိမ်တိုက်အင်ပါယာ၏မူဝါဒများနှင့်အုပ်ချုပ်မှုပုံစံများကို လေ့လာရန်အတွက် အင်ပါယာမြို့တော်သို့သွားရောက်မည်ဖြစ်သည်။

...

...

ရှောင်ယုသည် ရတ်ချက်မြို့မှထွက်ခွာရန်စီစဉ်နေချိန်တွင် အသိမိတ်ဆွေဟောင်းတစ်ယောက်နှင့်တွေ့ဆုံခဲ့သည်။

"ထို့ပါဟောင် မင်းဒီမှာဘာလာလုပ်တာလဲ..."

ရှောင်ယုသည် ပစ္စည်းများကိုထုတ်ပိုး၍ သူ၏ရထားလုံးနှင့်အတူ မြို့ထဲမှထွက်ခွာရန်ပြင်ဆင်နေချိန်တွင် ဓားရှည်ကိုင်ထားသောလူငယ်ကိုတွေ့လိုက်ရသည်။

ထို့ပါဟောင်ကလည်း ရှောင်ယုကိုကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

"မင်းကကောဒီမှာဘာလာလုပ်တာလဲ..."

"မင်းမမှတ်မိဘူးလား...ငါက မြင်းတစ်ပိုင်းလူတစ်ပိုင်းတွေရဲ့ အလောင်းကိုလိုချင်တယ်လို့ မင်းကိုပြောခဲ့တယ်လေ...ဒီရတ်ချက်မြို့နဲ့အနီးတဝိုက်မှာ မြင်းတစ်ပိုင်းလူတစ်ပိုင်းမျိုးနွယ်တစ်ခုရှိတယ်လို့ငါသတင်းရလိုက်တယ်လေ...အရင်ရက်အနည်းငယ်ကပဲငါသူတို့ကိုရှင်းပစ်ခဲ့တာ"

ရှောင်ယုက ထို့ပါဟောင်ကိုကြည့်၍ ပြောလိုက်သည်။

ထို့ပါဟောင်သည်ရှောင်ယု၏စကားကြောင့် အံ့သြသွားခဲ့သည်။

"မင်းကတကယ်ကြီး မြင်းတစ်ပိုင်းလူတစ်ပိုင်းမျိုးနွယ်ကိုရှင်းပစ်ခဲ့တာပေါ့"

ထို့ပါဟောင်သည် ထိုမြင်းတစ်ပိုင်းလူတစ်ပိုင်းမျိုးနွယ်၏ အင်အားကိုရှင်းရှင်လင်းလင်းသိရှိပေသည်။ထိုမျိုးနွယ်တွင် အနည်းဆုံးမြင်းတစ်ပိုင်းလူတစ်ပိုင်း အကောင်၁၀၀၀ကျော်ရှိပေသည်။ဆိုလိုသည်မှာရှောင်ယုသည် သူ၏လူ၅၀၀ထက်နည်းသောအင်အားဖြင့် မြင်းတစ်ပိုင်းလူတစ်ပိုင်း၁၀၀၀ကျော်က်ိုအနိုင်ယူခဲ့ခြင်းဖြစ်ရာ မယုံနိုင်ဖွယ်ကောင်းသည့် စွမ်းဆောင်မှုတစ်ခုဖြစ်ခဲ့သည်။မြင်းတစ်ပိုင်းလူတစ်ပိုင်းများသည် သာမန်အပေါ့စားမြင်းတပ်သား ၄-၅ဦးခန့်ကို ရင်ဆိုင်တိုက်ခိုက်နိုင်ကြသည်။

ရှောင်ယုသည် ဂုဏ်ယူနေသောလေသံဖြင့် ရှင်းပြလိုက်သည်။

"မင်းတို့က အပေါ့စားမြင်းတပ်တွေကိုပဲ အသုံးပြုနေတာလေ...ဒါပေမဲ့ငါ့ရဲ့တပ်သားတွေက အမာခံမြင်းတပ်သားတွေဖြစ်လို့ မြင်းတစ်ပိုင်းလူတစ်ပိုင်းတွေကိုမကြောက်ဘူး"

ထို့ပါဟောင်သည် အရပ်မြင့်မြင့်မြင်းတပ်သားများကိုသတိထားမိသွားပြီး ထိုအမာခံမြင်းတပ်သားအား စေ့စေ့စပ်စပ်စစ်ဆေးခဲ့သည်။

"အနောက်တိမ်တိုက်အင်ပါယာရဲ့ မြက်ခင်းပြင်တွေမှာ အမာခံမြင်းတပ်တွေကို အသုံးပြုချင်တာလား...မင်းကငတုံးလားဘာလားဆိုတာငါလည်းမသိဘူး...သူတို့ကအပေါ့စားမြင်းတပ်တွေကိုလိုက်မှီပါမလား...သူတို့အမောဆို့သေသွားမှာကိုတောင်ငါကြောက်တယ်...မင်းရဲ့မြင်းတွေက သာမန်မြင်းတွေထက်အများကြီးပိုစွမ်းနေလို့လား"

ရှောင်ယုသည် ထို့ပါဟောင်၏လှောင်ပြောင်မှုကို လျစ်လျူရှု၍ ပြန်ပြောလိုက်သည်။

"ငါက ခုခံကာကွယ်ရေးဘက်ကိုအလေးပေးတာလေ...အခြားသူတွေကိုလိုက်ပြီးတိုက်ခိုက်နေတာမဟုတ်ဘူး...ဒါကြောင့်ငါ့ရဲ့အမာခံမြင်းတပ်သားတွေရဲ့အစွမ်းက လုံလောက်တာထက်ပိုနေခဲ့ပြီ...မင်းသိလားဒီကိုလာတုံးက ငါတို့ကိုမုတ်ဆိတ်နီဓားပြတွေကလာရောက်တိုက်ခိုက်ပေမဲ့ ငါ့ရဲ့မြင်းတပ်သားတွေကလွယ်လွယ်ကူကူသတ်ဖြတ်လိုက်နိုင်တယ်"

ရှောင်ယု၏စကားကြောင့် ထို့ပါဟောင်၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားခဲ့သည်။

"မင်းကမုတ်ဆိတ်နီဓားပြတွေနဲ့ တိုက်ခိုက်ဖူးတာလား"

ရှောင်ယုကခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်...မုတ်ဆိတ်နီဓားပြတစ်ဖွဲ့က ငါတို့အနောက်တိမ်တိုက်အင်ပါယာကိုလာတဲ့ခရီးလမ်းမှာ လာရောက်တိုက်ခိုက်ခဲ့ပေမဲ့ ငါတို့ကသူတို့ကိုလွယ်လွယ်ကူကူမောင်းထုတ်နိုင်ခဲ့တယ်"

ထိုအခိုက်အတန့်တွင် ထို့ပါဟောင်၏မျက်လုံးများသည် အရောင်လက်လာခဲ့သည်။

"မုတ်ဆိတ်နီဓားပြတွေက တော်တော်မုန်းစရာကောင်းတယ်...ဒီတစ်ခေါက်ငါရောက်လာတာ အဲ့ကောင်တွေကိုကိုင်တွယ်ဖို့ဘဲ"

ရှောင်ယုသည် ထို့ပါဟောင်၏စကားများကို ချက်ချင်းစိတ်ဝင်စားသွားခဲ့သည်။

"မုတ်ဆိတ်နီဓားပြတွေက ရတ်ချက်မြို့မှာအခြေစိုက်ကြတာလား"

"သူတို့ကအခု ရတ်ချက်မြို့မှာမရှိနေဘူး...ဒါပေမဲ့ မုတ်ဆိတ်နီကရတ်ချက်မြို့ကိုတိုက်ခိုက်ဖို့အတွက် သူ့လူတွေကိုစေလွှတ်လိမ့်မယ်လို့ ငါသတင်းရထားတယ်...အဲ့ဒါကြောင့် သူ့လူတွေကိုဟန့်တားဖို့...ငါ့ကောင်လေးတွေနဲ့အတူ ဒီကိုရောက်လာတာပဲ"

ထို့ပါဟောင်က ရှင်းပြလိုက်သည်။

ရှောင်ယုက အလျင်စလိုလေသံဖြင့်ပြောလိုက်သည်။

"အိုး...အဲလိုဆိုရင်အခြေအနေတွေက ပိုပြီးအန္တာရယ်များမလာခင် ငါအခုထွက်သွားမှရမယ်"

ထို့ပါဟောင်သည် ထူးခြားသောအပြုံးတစ်ခုက်ို ပြုံးပြလိုက်သည်။

"မင်းသဘောပဲ...ဒါပေမဲ့ခုနေမင်းသာမြို့ပြင်ထွက်သွားရင် သူ့လူတွေနဲ့တိုးနိုင်တယ်...အကောင်းဆုံးကတော့သူတို့တွေမြို့ကိုလာတိုက်ခိုက်ချိန်ထိ စောင့်ဆိုင်းနေဖို့ဘဲ"

ရှောင်ယုသည် သူ၏နှာခေါင်းကိုထိပွတ်လိုက်သည်။

"မင်းရဲ့မျက်နှာပေါ်က လူယုတ်မာအပြုံးကိုငါမတွေ့ဘူးထင်နေတာလား...မင်းစိတ်ထဲမှာဘာတွေဖြစ်ချင်နေတာလဲ"

"ကြီးကြီးမားမားတော့မဟုတ်ပါဘူး...ငါတို့မှာမုတ်ဆိတ်နီနဲ့တိုက်ခိုက်ဖို့ လူအင်အားသိပ်မရှိဘူး...မင်းဆီမှာခရီးဝေးတိုက်ခိုက်မှုမှာအားနည်းပေမဲ့ ခုခံကာကွယ်ရေးအပိုင်းမှာအလွန်အားကောင်းတဲ့ အမာခံမြင်းတပ်သားတွေရှိနေတာပဲ...ခုချိန်မှာမင်းနဲ့ငါကလှေတစ်စင်းထဲမှာ အတူတူရှိနေတဲ့အတွက်ကြောင့် မင်းငါနဲ့အတူပူးပေါင်းလိမ့်မယ်လို့ ငါယုံကြည်တယ်...မုတ်ဆိတ်နီသာအောင်မြင်သွားရင် မင်းရောငါရောအသက်ရှင်လျက်ထွက်ပြေးနိုင်မှာမဟုတ်ဘူး..."

"ငါကဘာလို့မင်းနဲ့အတူတူ လှေတစ်စီးထဲရောက်ရမှာလဲ"

ရှောင်ယုကမေးလိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်းကငါ့ကိုကူညီပေးပြီးပြီလေ..."

ထို့ပါဟောင်က ရှောင်ယုကိုပြုံးပြလိုက်သည်။

ရှောင်ယုက သူ့အားကြားဖြတ်ဝင်ရောက်ပြောဆိုလိုက်သည်။

"ခဏ...ငါမင်းကိုကူညီပြီးပြီဆိုတာ ဘာကိုဆိုလိုတာလဲ..."

ထို့ပါဟောင်သည် ရှောင်ယု၏ရထားပေါ်၌ ထိုင်နေသောမိန်းကလေးများကိုညွန်ပြလိုက်သည်။

"မုတ်ဆိတ်နီက ရန်ငြိုးဖွဲ့တတ်တဲ့လူတစ်ယောက်ပဲ...မင်းကသူတို့ကိုထိခိုက်စေခဲ့တာဖြစ်လို့ သူတတ်နိုင်သမျှမင်းကိုရှာဖွေဖို့ကြိုးစားလိမ့်မယ်...မင်းရဲ့အဖွဲ့မှာလှပတဲ့မိန်းကလေး၂ယောက်ပါလာတယ်ဆိုတော့ သူတို့လက်ထဲသာရောက်သွားရင် ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ တွေးကြည့်ဖို့အရမ်းဝမ်းနည်းစရာကောင်းလွန်းတယ်...ဒါကြောင့်မင်းကငါနဲ့ပူးပေါင်းပြီးတော့ မုတ်ဆိတ်နီတွေကိုသတ်ဖြတ်တာအကောင်းဆုံးပဲ...မဟုတ်ရင်မင်းလည်း ကောင်းကင်ခြင်္သေ့မင်းဆက်ကိုအသက်ရှင်လျက် ပြန်သွားနိုင်မှာမဟုတ်ဘူး"

ရှောင်ယုသည် ထို့ပါဟောင်၏ အသံကိုနားထောင်ပြီးနောက် ခဏလောက်စဉ်းစားနေခဲ့သည်။သူသည် မုတ်ဆိတ်နီအားကြောက်ရွံ့မှုမရှိသည်မှာ အမှန်ဖြစ်သည်။သ်ို့သော် သူ၏အဖွဲ့သာ မုတ်ဆိတ်နီများဝိုင်းတိုက်ခြင်းခံရပါက အသေအပျောက်အလွန်များမည်ဖြစ်သည်။

"မုတ်ဆိတ်နီတွေကို ဖယ်ရှားနိုင်မယ်လို့ မင်းယုံကြည်နေတာလား"

ရှောင်ယုသည် ထို့ပါဟောင်အားသံသယဖြစ်နေသောအကြည့်ဖြင့် ကြည့်လိုက်သည်။

ထို့ပါဟောင်သည် မြင်းများကိုရောင်းချနေသည့် ကုန်သည်များကိုညွန်ပြလိုက်သည်။

"သူတို့ကိုမြင်လား...သူတို့ကကုန်သည်တွေလိုမျိုးပြုမူတတ်ကြပေမဲ့ အမှန်တကယ်တော့ ငါ့ရဲ့တပ်သားတွေဖြစ်ကြတယ်...သူတို့အားလုံးကထိပ်တန်းလက်ရွေးစင်တွေပဲ...အချိန်ရောက်လာတဲ့အခါ ခုလိုပုံစံမျိုးနဲ့ ရတ်ချက်မြို့ထဲမှာတပ်သား၅၀၀၀လောက်ရောက်လာလိမ့်မယ်...အဲ့အချိန်ကျရင် မုတ်ဆိတ်နီပြဿနာကိုတစ်ခါတည်းအပြတ်ရှင်းပစ်မယ်"

"မင်းကဘာလို့ ဒီလျှို့ဝှက်ချက်တွေကို ပြောပြရတာလဲ"

ရှောင်ယုက မျက်မှောင်ကြုတ်၍ မေးမြန်းလိုက်သည်။

ထို့ပါဟောင်သည် ရှောင်ယု၏ပုခုံးကိုပုတ်ကာ ရင်းနှီးနေသောလေသံဖြင့်ပြောလိုက်သည်။

"မင်းရဲ့သတ္တိကိုတော့ ငါတကယ်သဘောကျတယ်...ပြီးတော့မင်းကငါ့ကိုအနိုင်ယူခဲ့တဲ့ပထမဆုံးလူဖြစ်လို့ ငါမင်းကိုလေးစားတယ်...ဒီတစ်ခေါက်တော့မင်းကငါ့ကိုကူညီပေးဖို့ မျှော်လင့်တယ်...အဲ့ဒါဆိုမင်းဂုဏ်ပြုခံရလိမ့်မယ်"

"ငါက ဂုဏ်သိက္ခာကို မလိုချင်ဘူး..."

ရှောင်ယုကတိုးတိုးလေး ပြန်ပြောလိုက်သည်။

ထို့ပါဟောင်သည် အားရပါးရရယ်မောလိုက်သည်။

"မင်းဆန္ဒမရှိရင်တောင်မှ မင်းကဒီမြို့ထဲမှာပိတ်မိနေခဲ့ပြီ...သူကမင်းကိုသတ်ဖို့အခွင့်အရေးရှာနေသလို မင်းကလည်းသူ့ကိုသတ်ဖြတ်နိုင်တယ်...ဒါကမင်းရဲ့ရွေးချယ်မှုပဲ"

ရှောင်ယုသည် အံကိုတင်းတင်းကြိတ်ထားလိုက်သည်။

"မုတ်ဆိတ်နီကိုဖယ်ရှားပြီးရင် မင်းကိုသင်ခန်းစာတစ်ခုပေးမယ်"

"ငါစောင့်နေပါမယ်..."

ထို့ပါဟောင်က အပြုံးမပျက်ပြန်ဖြေလိုက်သည်။

ရှောင်ယုသည် ယခုအချိန်တွင်မြို့ထဲမှ မထွက်ခွာနိုင်တော့သည့်အတွက်ကြောင့် မြို့ထဲတွင်စောင့်ဆိုင်းနေကာ ထို့ပါဟောင်နှင့်မုတ်ဆိတ်နီတို့ အချင်းချင်းသတ်ဖြတ်ကြမည်ကို အခွင့်ကောင်းယူရန်သာရွေးချယ်နိုင်တော့သည်။

မည်သို့ပင်ဆိုစေကာမူ ရှောင်ယုသည် ဓားပြများကိုဖယ်ရှားရာတွင် အလွန်များပြားသည့်အတွေ့အကြုံက်ိုပိုင်ဆိုင်ခဲ့သည်။ထို့ကြောင့် မုတ်ဆိတ်နီများ၏အခြေစိုက်စခန်းတွင် ရတနာများစွာရှိနေမည်ကို သူသိရှိထားပြီး ထိုရတနာများကိုရယူရန် ကြံစည်ထားသည်။

"မုတ်ဆိတ်နီကိုသတ်ပြီးရင် သူ့ရဲ့အခြေစိုက်စခန်းကို ဆက်တိုက်မှာလား..."

ရှောင်ယုကမေးမြန်းလိုက်သည်။

ထို့ပါဟောင်သည် ချက်ချင်းခေါင်ညိတ်ပြလိုက်သည်။

"သူ့လူတွေအားလုံးကိုရှင်းပစ်ဖို့ ငါစီစဉ်ထားတယ်...ဒါကြောင့်မုတ်ဆိတ်နီတွေကိုသတ်ဖြတ်ပြီးရင် သူတို့ရဲ့အခြေစိုက်စခန်းကိုပါ ရှင်းလင်းပစ်မယ်...ငါကဒီပြဿနာကိုတစ်ခါတည်းဖြေရှင်းပစ်ချင်တယ်...မဟုတ်ရင်အသက်ရှင်နေတဲ့ဓားပြတွေထဲကနေပြီးတော့ ဒုတိယမုတ်ဆိတ်နီတစ်ယောက်ပေါ်လာလိမ့်မယ်"

ရှောင်ယုက ခေါင်းညိတ်၍လက်ခံလိုက်သည်။

"ကောင်းပြီလေ..ငါကူတိုက်ပေးမယ်...ဒါပေမဲ့အမြတ်ဝေစုကိုငါယူမယ်"

"ကိစ္စမရှိဘူး...မင်းယူနိုင်သလောက်ယူလို့ရတယ်"

ထို့ပါဟောင်က ချက်ချင်းလက်ခံလိုက်သည်။

"တကယ်ပြောတာလား..."

"တကယ်ပေါ့..."

"ယောကျ်ားတွေပဲ...ကတိစကားတစ်ခွန်းက အဖိုးတန်တယ်"

"သေချာတာပေါ့...ငါလုံးဝကတိဖျက်မှာမဟုတ်ဘူး"

ထို့ပါဟောင်က သဘောတူလိုက်သည်ကိုမြင်သောအခါ ရှောင်ယုပြုံးလိုက်မိသည်။ထို့ပါဟောင်သည် ရှောင်ယု၏အပြုံးက်ိုမြင်သောအခါ ကျားတစ်ကောင်နှင့်အလုပ်လုပ်နေရသလိုခံစားနေရသည်။အမှန်တော့ ရှောင်ယုထံတွင်သိုလှောင်လက်စွပ် အမြောက်အများရှိနေသည်ကိုသိထားပါက သူသည်ထိုအကြံပြုချက်ကို လုံးဝသဘောတူမည်မဟုတ်ပေ။

မုတ်ဆိတ်နီသည် နှစ်ပေါင်းများစွာကြာအောင်လုယက်လာခဲ့ရာ သူ၏ရတနာများသည် တောင်ကုန်းများကဲ့သို့စုပုံနေခဲ့သည်။ထို့ပါဟောင်၏ထင်မြင်ချက်အရ ရှောင်ယုသည်သူ၏လူ၅၀၀ခန့်ဖြင့် ရတနာများစွာကို သယ်ဆောင်နိုင်မည်မဟုတ်ပေ။သူသည်ပင် မုတ်ဆိတ်နီ၏အခြေစိုက်စခန်းကိုသိမ်းပိုက်ကာ စခန်းတွင်းရှိရတနာအားလုံးက်ို အခေါက်ခေါက်အခါခါသယ်ပို့ရန် လူပေါင်း၁၀၀၀ကျော်ကိုအသုံးပြုလျှင်တောင်မှ တစ်လကျော်ကြာမြင့်မည်ဖြစ်သည်။

အခန်း ၂၂၈ - စကားဝိုင်း

စစ်ပွဲစတင်ရန်တဖြည်းဖြည်းနိးကပ်လာသော်လည်း မြို့သူမြို့သားများသည် လက်ရှိအခြေအနေကိုနားမလည်နိုင်ကြသေးပေ။

ထို့ပါဟောင်သည် စစ်ပွဲအတွက်ပြင်ဆင်ရန် ခေတ္တထွက်ခွာသွားခဲ့သည်။

ရှောင်ယုသည်လည်း စစ်ပွဲအတွက်ကြိုတင်ပြင်ဆင်ရန်အတွက် ရတ်ချက်မြို့အားလှည့်ပတ်စစ်ဆေးခဲ့သည်။သူသည် အနီးပတ်ဝန်းကျင်ရှိမြေမျက်နှာသွင်ပြင်ကိုစစ်ဆေးခဲ့ပြီး အမာခံမြင်းတပ်များကိုအကောင်းဆုံးအသုံးပြုနိုင်မယ့် နေရာကိုရှာဖွေခဲ့သည်။ရတ်ချက်မြို့၏မြို့ရိုးများသည် မြင့်မားခြင်းမရှိပေ။အနောက်တိမ်တိုက်အင်ပါယာ၏မြေမျက်နှာသွင်ပြင်ကြောင့် မြို့အများစုတွင်မြို့နံရံအမြင့်ကြီးများ မတည်ဆောက်ထားကြပေ။မြို့တော်ကြီးအချို့၌သာ မြို့ရိုးနံရံများကို မြင့်မြင့်မားမားတည်ဆောက်လေ့ရှိကြသည်။

ရတ်ချက်မြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်ကာ အန်ကာဂန်တောင်တန်းများနှင့်အတော်လေးနီးကပ်သောကြောင့် စားနပ်ရိက္ခာများနှင့်အခြားလိုအပ်ချက်များကိုပြန်လည်ဖြည့်တင်းရန်အတွက် ဤနေရာကိုဖြတ်သန်းသွားလာသည့် စွန့်စားသူအမြောက်အများရှိနေခဲ့သည်။

ရန်သူ၏မြင်းများသာသန်မာအားကောင်းနေပါက မြို့ရိုးအားအလွယ်လေးကျော်ဖြတ်နိုင်ပေရာ မြို့ရိုးပေါ်တွင်ခံစစ်များစွာ တပ်ဆင်ထားခြင်းမရှိပေ။

ဆိုလိုသည်မှာ ထို့ပါဟောင်သည် ခံစစ်အနေအထားဖြင့်ခုခံရန် ဆန္ဒမရှိပေ။သူသည် မုတ်ဆိတ်နီများအားတိုက်ရိုက်တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့် မြင်းတပ်သားများစွာကိုခေါ်ဆောင်လာခဲ့သည်။

ထို့ပါဟောင်၏တပ်သားများတွင် သူရဲကောင်းများစွာမပါဝင်သော်လည်း သူ၏တပ်သားအားလုံးသည် ထိပ်တန်းလက်ရွေးစင်များဖြစ်ကြသည်။သူ၏တပ်သားအရေအတွက်သည် မုတ်ဆိတ်နီဓားပြများထက်နည်းပါးသော်လည်း အရည်အသွေးပိုင်းဆိုင်ရာမြင့်မားပေသည်။

ရှောင်ယုသည် မြေမျက်နှာသွင်ပြင်ကိုစစ်ဆေးပြီးနောက် သူ့လူများကိုစတင်၍နေရာချခဲ့သည်။ထိုအချိန်တွင် ထို့ပါဟောင်သည် သူ့အားရှာဖွေရန်ရောက်ရှိလာခဲ့သည်။

"မင်းရဲ့အမာခံမြင်းတပ်ကိုစေလွှတ်ပြီးတော့ တစ်ဖက်ရန်သူကိုအံ့အားသင့်သွားအောင်တိုက်ခိုက်စေချင်တယ်...ငါတို့မှာဒီလိုမြင်းတပ်တစ်ခုရှိနေလိမ့်မယ်လို့ သူတို့ထင်ထားမှာမဟုတ်ဘူး...သူတို့သိသွားတဲ့အချိန်ကျရင် ဆုံးရှုံးမှုကြီးကြီးမားမားခံစားရလိမ့်မယ်"

"အိုး...တကယ်လား..."

ရှောင်ယုက ရေရွတ်လိုက်သည်။ရှောင်ယုသည် ထို့ပါဟောင်ကိုကူညီရန်ဆုံးဖြတ်ထားသော်လည်း သူ့လူများကိုအမြောက်စာအဖြစ် အသုံးမပြုလိုပေ။

ထို့ပါဟောင်သည် ရှောင်ယုကိုကြည့်ကာပြုံးပြလိုက်သည်။

"မင်းစိတ်ပူစရာမလိုပါဘူး...ငါကမင်းရဲ့တပ်သားတွေကိုရှေ့တန်းကနေမတိုက်ခိုင်းပါဘူး...မင်းကငါ့ကိုဒီတိုက်ပွဲမှာအနိုင်ရအောင် ကူညီပေးဖို့ဘဲလိုအပ်တယ်...မုတ်ဆိတ်နီရဲ့ဦးခေါင်းကိုဖြတ်ပြီးရင် မင်းကိုငါကျေးဇူးဆပ်မယ်"

ရှောင်ယုသည် ထို့ပါဟောင်၏စကားကိုကြားဖြတ်ပြောလိုက်သည်။

"မင်းအဲလိုပြောနေစရာမလိုပါဘူး...တိုက်ပွဲပြီးသွားတဲ့အခါကျရင် ငါတို့သဘောတူထားသလ်ိုပဲ...မုတ်ဆိတ်နီရဲ့ရတနာတွေကိုခွဲယူရမယ်"

"ငါတို့ရဲ့ခင်မင်ရင်းနှီးမှုက အဖိုးထိုက်တန်ပါတယ်"

ထို့ပါဟောင်သည် ရှောင်ယု၏စကားကြောင့် အပြုံးမပျက်သွားပေ။

သူတို့နှစ်ယောက်လုံးသည် တစ်နေကုန်စောင့်ဆိုင်းနေသော်လည်း မုတ်ဆိတ်နီဓားပြများက တိုက်ခိုက်လာခြင်းမရှိပေ။ထို့ပါဟောင်သည် အပြင်ပိုင်းတွင်ငြိမ်သက်နေပုံရသော်လည်း သူ့စိတ်ထဲတွင်အလွန်စိုးရိမ်နေခဲ့သည်။စစ်ပွဲမစတင်မှီအချိန်သည် စစ်သူကြီးများအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အလွန်ကြီးမားသည့်စမ်းသပ်မှုတစ်ခုဖြစ်သည်။

ရှောင်ယုသည် ထို့ပါဟောင်အား မေးမြန်းလိုက်သည်။

"မင်းကမိသားစုရဲ့ဖိအားကြောင့် စစ်သူကြီးတစ်ယောက်ဖြစ်ချင်တာလား...မင်းကြည့်ရတာတော်တော်ဖိအားများနေသလိုပဲ...စစ်သူကြီးအစစ်တစ်ယောက်နဲ့မတူဘူး...မင်းရဲ့ဖြူဖျော့နေတဲ့မျက်နှာကိုကြည့်စမ်း...တစ်နေကုန်တစ်ခွက်မှမသောက်ရသေးတဲ့လူကျနေတာပဲ"

ရှောင်ယု၏တုံ့ပြန်မှုကိုမြင်တွေ့လိုက်ရချိန်တွင် ထို့ပါဟောင်သည်အံ့သြသွားခဲ့ကာ မေးခွန်းထုတ်လိုက်သည်။

"မင်းကစစ်တပ်ကိုညွန်ကြားဖူးတယ်မဟုတ်လား..."

"အကြိမ်နည်းနည်းလေးပါဘဲ...ငါရင်ဆိုင်ခဲ့ဖူးတာကတိုက်ပွဲသေးသေးလေးတွေပဲဖြစ်တယ်...ငါကငါ့နယ်မြေကိုတိုက်ခိုက်ဖို့ကြိုးစားလာတဲ့ ဓားပြတွေကိုရှင်းလင်းခဲ့တာပဲ"

ရှောင်ယုက တိုတိုတုတ်တုတ်ပြန်ဖြေလိုက်သည်။

ရှောင်ယုက သူ၏စွမ်းဆောင်နိုင်စွမ်းသည် များစွာနှိမ့်ချပြောဆိုနေကြောင်း သိလိုက်သည့်အတွက် ထို့ပါဟောင်သည်ခေါင်းခါပြလိုက်သည်။

"မင်းက တကယ့်စစ်ပွဲကြီးတွေကိုကြုံတွေ့ဖူးပုံရတယ်...ပြီးတော့မင်းကတိုက်ပွဲတိုင်းကိုအနိုင်ရခဲ့ပုံပဲ....မဟုတ်ရင်ခုလိုအခြေအနေမျိူးမှာ မင်းကဘယ်လိုဖြစ်ပြီးအေးအေးလူလူရှိနေမှာလဲ"

"မင်းက ငါ့ရဲ့အထောက်အထားကိုသိရအောင် ကြိုးစားနေတာလား"

ရှောင်ယုသည် အပြုံးမပျက်ပြောလိုက်သည်။

ထို့ပါဟောင်ကလည်း ချက်ချင်းခေါင်းခါပြလိုက်သည်။

"မဟုတ်ဘူး...ငါကအနောက်တိမ်တိုက်အင်ပါယာရဲ့လူတစ်ယောက်ဖြစ်နေချိန်မှာ မင်းကကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့အစိတ်အပိုင်းတစ်ခုပဲ...ငါတို့ကခုချိန်မှာတော့သူငယ်ချင်းဖြစ်နေတာပဲ"

ရှောင်ယုသည် အဝေးတစ်နေရာသို့လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။

"အနောက်တိမ်တိုက်အင်ပါယာက ကောင်းကင်ခြင်္သေ့မင်းဆက်နဲ့ပတ်သက်ပြီးတော့ ရည်ရွယ်ချက်ကောင်းတွေဘယ်တော့မှမရှိခဲ့ဘူး...ငါဘယ်သူလဲ....ငါကတိုက်ပွဲတွေဘယ်လောက်ထိအောင်နိုင်ခဲ့သလဲဆိုတာ မင်းဘာကြောင့်ဂရုမစိုက်ရတာလဲ...ငါကကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့ နယ်မြေသခင်တစ်ယောက်ဖြစ်နေနိုင်တာပဲ"

ထို့ပါဟောင်သည် သက်ပြင်းချလိုက်ကာ ပြန်ဖြေလိုက်သည်။

"ငါတို့က ကောင်းကင်ခြင်္သေ့မင်းဆက်ရဲ့နယ်မြေတွေကို အမြဲမက်မောနေခဲ့တာပဲ...ဒါပေမဲ့စစ်ပွဲတွေအများကြီးဖြစ်ပွားပြီးတဲ့နောက်မှာ ငါတို့ဟာ ကောင်းကင်ခြင်္သေ့မင်းဆက်ကို ငါတို့ကိုယ်တိုင်မဝါးမြိုနိုင်ဘူးဆိုတာ သဘောပေါက်လာခဲ့တယ်....ငါတို့ကတစ်စိတ်တစ်ပိုင်းကိုဝါးမြိုနိုင်ရင်တောင်မှ မင်းဆက်တစ်ခုလုံးကိုသိမ်းပိုက်ချင်တယ်ဆိုရင် အိပ်မက်တစ်ခုသာသာပဲဖြစ်လိမ့်မယ်..."

"ကောင်းကင်ခြင်္သေ့မင်းဆက်ဟာ ငါတို့အင်ပါယာထက် လူဦးရေရောနယ်မြေအကျယ်အဝန်းပါ ဆယ်ဆကြီးမားတယ်...တကယ်လို့ငါတို့ကသာ ကောင်းကင်ခြင်္သေ့မင်းဆက်ကိုကြီးမားတဲ့စစ်ပွဲတစ်ခုဆင်နွဲခဲ့မယ်ဆိုရင် အဆုံးသတ်မှာငါတို့ဘဲ အသေအပျောက်အရမ်းများသွားလိမ့်မယ်"

ရှောင်ယုသည် ထို့ပါဟောင်၏လေးနက်သောအမူအရာကြောင့် သူပြောနေသည့်စကားများသည် အမှန်ဖြစ်ကြောင်းခံစားမိသည်။

ထို့ပါဟောင်သည် အနောက်တိမ်တိုက်အင်ပါယာ၏မြင့်မြတ်သောအနွယ်ဝင်တစ်ယောက်ဖြစ်ကြောင်း ရှောင်ယုကျိန်းသေနေခဲ့သည်။ထို့ပါဟောင်သည် မုတ်ဆိတ်နီကိုသတ်ဖြတ်ရန်စေလွှတ်ခံရ၍ အနိမ့်ဆုံးဗိုလ်ချုပ်ငယ်တစ်ယောက်ဖြစ်နိုင်ပေသည်။သ်ို့သော် ထို့ပါဟောင်သည် အဘယ်ကြောင့်သူ့အားလျှို့ဝှက်ချက်များကို ပြောနေရသနည်း...

"ကောင်းကင်ခြင်္သေ့မင်းဆက်က မဝေးလှတဲ့အနာဂတ်မှာ ပရမ်းပတာကိစ္စရပ်တွေကြုံတွေ့လာရလိမ့်မယ်...ဒါကအနောက်တိမ်တိုက်အင်ပါယာအတွက် နှစ်ခါမရနိုင်တဲ့အခွင့်ကောင်းတစ်ခုပဲ"

ရှောင်ယုသည် ထို့ပါဟောင်အားဆက်လက်သွေးဆောင်နေခဲ့သည်။

ထို့ပါဟောင်က ဖြေးညင်းစွာပြန်ဖြေလိုက်သည်။

"ဒါက အခွင့်ကောင်းတစ်ခုဖြစ်နိုင်ပေမဲ့ ငါတို့ကဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မှာလဲ...ငါတို့ကအခွင့်ကောင်းမြင်ရင် တိုးဝင်ကြပြီး အခြေအနေမကောင်းရင် ပြန်ဆုတ်ကြလိမ့်မယ်...ဘယ်သူကမှရွှံ့နွံအရင်ခုန်မဆင်းချင်ကြဘူး"

"တကယ်လို့မင်းသာ ဧကရာဇ်ဖြစ်လာခဲ့ရင် အနောက်တိမ်တိုက်အင်ပါယာကလူတွေက မင်းကိုကောင်းချီးပေးကြလိမ့်မယ်...တကယ်လို့မင်းတို့က ကောင်းကင်ခြင်္သေ့မင်းဆက်ကို တိုက်ခိုက်ဖို့ဆုံးဖြတ်ရင် အဖြစ်ဆိုးနဲ့ရင်ဆိုင်ဖို့ အသင့်ပြင်ထားသင့်တယ်"

ထို့ပါဟောင်သည် ရှောင်ယု၏စကားများကို ချက်ချင်းချေပလိုက်သည်။

"ငါတို့က ကောင်းကင်ခြင်္သေ့မင်းဆက်ကိုကြောက်တယ်လို့မဆိုလိုဘူး...ငါတို့ကမင်းတို့ရဲ့နယ်မြေတွေကိုသိမ်းပိုက်နိုင်စွမ်းမရှိပေမဲ့ မင်းတို့သာ အနောက်တိမ်တိုက်အင်ပါယာထဲဝင်လာဝံ့ရင် လွယ်လွယ်နဲ့ပြန်ထွက်သွားလို့ရမှာမဟုတ်ဘူး"

"မင်းထင်ထားသလိုဖြစ်မလာရင် ဘယ်လိုလုပ်မှာလဲ...မင်းတို့ကကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံးမြင်းတပ်ကိုပိုင်ဆိုင်ထားတယ်လို့ တကယ်ထင်နေတာလား...ကောင်းကင်ခြင်္သေ့မင်းဆက်ကသာ အလိုရှိတယ်ဆိုရင် ငါတို့ကပိုမိုသန်မာတဲ့မြင်းတပ်တစ်ခုကိုဖန်တီးပြီးတော့ အနောက်တိမ်တိုက်အင်ပါယာကိုဖျက်ဆီးပစ်နိုင်တယ်"

"မင်းပြောတာမမှားပါဘူး...ဒါပေမဲ့မင်းတို့မှာစစ်သူကြီးကောင်းတစ်ယောက်ရှိသလားဆိုတာ အရေးကြီးတယ်...အဲလိုသာဖြစ်လာခဲ့ရင် မင်းတို့ရဲ့တပ်တွေနဲ့ကစားနိုင်ဖို့ ငါမျှော်လင့်မိတယ်"

ထို့ပါဟောင်က ရေရွတ်လိုက်သည်။

ရှောင်ယုသည် ဝိုင်သောက်ရင်းမျက်လုံးမှိတ်ထားလိုက်သည်။

"တကယ်လို့ငါသာစစ်သူကြီးဖြစ်လာရင် မင်းကငါ့ရဲ့ပြိုင်ဘက်ဖြစ်လာမှာမဖြစ်ဘူး..."

"အဲ့ကိစ္စကို ဘယ်သူကကြိုပြောနိုင်မှာလဲ..."

ထို့ပါဟောင်သည် ထိုသို့ပြောပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားခဲ့သည်။

All Chapters