အခန်း (၂၂၉-၂၃၁)
Vol. 16 Ch. 229-231
အခန်း ၂၂၉ - မင်းသား
ရှောင်ယုနှင့်ထို့ပါဟောင်တို့သည် ယခုအချိန်၌သူငယ်ချင်းများဖြစ်နေကြသော်လည်း မကြာသေးမှီကာလအတွင်း ရန်သူများအဖြစ်ရောက်ရှိသွားကြမည်ဟု သူတို့နှစ်ယောက်လုံးခံစားမိနေကြသည်။
တစ်ချိန်တည်းမှာပင် လူတစ်ယောက်သည် အပြေးဝင်ရောက်လာကာ ထို့ပါဟောင်၏အနားသို့တိုးကပ်၍ တစ်စုံတစ်ခုကိုတိုးတိုးလေးပြောလိုက်သည်။
ထို့ပါဟောင်သည် တည်တည်ငြိမ်ငြိမ်ဖြင့်ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ..."
ထို့ပါဟောင်သည်ပြုံးလိုက်ပြီး ရှောင်ယုနှင့်စကားစဖြတ်လိုက်သည်။
"သွားရအောင်...အနာဂတ်မှာဘာတွေပဲဖြစ်လာဖြစ်လာ ဒီနေ့တော့ ငါတို့ကသူငယ်ချင်းတွေပဲ..."
ရှောင်ယုသည် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်...ငါတို့ကဒီနေ့တော့သူငယ်ချင်းတွေပဲ"
ရှောင်ယုနှင့်ထို့ပါဟောင်တို့သည် မြို့ရိုးဆီသို့ရောက်သွားသည့်အခါတွင် ကြီးမားသည့်အလံတိုင်များနှင့်နဖူးစည်းစာတန်းများကို အမြောက်အများတွေ့မြင်လိုက်ရသည်။ထိုအလံများနှင့်နဖူးစည်းများ အားလုံးနီးပါးတွင် မုတ်ဆိတ်နီပုံများပါဝင်နေသည်။
မြင်းခွာသံများနှင့်မြင်းဟီသံများသည် နေရာတိုင်းမှထွက်ပေါ်လာပြီး မြို့ထဲရှိလူများအား ကြီးမားသည့်ဖိအားကိုပေးနေခဲ့သည်။ယခုအချိန်တွင် ရတ်ချက်မြို့သို့ဓားပြ၂သောင်းမှ ၃သောင်းခန့်ထိချီတက်လာခဲ့ကြသည်။
၎င်းသည် အနောက်တိမ်တိုက်အင်ပါယာတွင်နေထိုင်သော မျိုးနွယ်ကြီးများနှင့်နှိုင်းယှဉ်နိုင်သည့် အလွန်ကြီးမားသည့်ဓားပြအုပ်စုဖြစ်သည်။ထို့ပါဟောင်သည် မုတ်ဆိတ်နီဓားပြများကိုချေမှုန်းရန်ရောက်ရှိလာခြင်းမှာ အံ့သြစရာမဟုတ်တော့ပေ။ထိုဓားပြများသည် အနောက်တိမ်တိုက်အင်ပါယာကိုအမှန်တကယ်ခြိမ်းခြောက်နိုင်သည့် တပ်ဖွဲ့တစ်ခုဖြစ်သည်။
ဝါး...ဟေး...
ထိုအချိန်တွင် မုတ်ဆိတ်နီအဖွဲ့မှ ဓားပြများ၏အော်ဟစ်သံများသည် ဆူနာမီကဲ့သို့ပဲ့တင်ထပ်လာခဲ့သည်။ဤသည်မှာ တိုက်ပွဲမစတင်မှီ ရန်သူများအားစိတ်ပိုင်းဆ်ိုင်ရာအရ ဖိအားပေးရန်အသုံးပြုသည့်နည်းဗျူဟာတစ်ခုဖြစ်သည်။
ရတ်ချက်မြို့မှလူများသည် မုတ်ဆိတ်နီဓားပြများက သူတို့မြို့အားလာရောက်တိုက်ခိုက်နေသည်ကို သိလိုက်၍ထိတ်လန့်သွားခဲ့သည်။သူတို့သည် မုတ်ဆိတ်နီများ၏နာမည်ဆိုးကိုကြားဖူးထားကြပြီး ထိုဓားပြများသည် မြို့တစ်မြို့ကိုသိမ်းပိုက်ပြီးနောက် လုယက်သတ်ဖြတ်တတ်ကြသည်။
"ငါတို့ထွက်ပြေးနိုင်မှာမဟုတ်ဘူး...မုတ်ဆိတ်နီတွေက ငါတို့ကိုဝိုင်းထားလိုက်ပြီ..."
"ငါတို့ဘာလုပ်ရမှာလဲ...မုတ်ဆိတ်နီတွေက ငါတို့အားလုံးကိုသတ်ပစ်လိမ့်မယ်"
"မင်းကဘာလုပ်ချင်နေတာလဲ...ငါတို့ကအနောက်တိမ်တိုက်အင်ပါယာရဲ့ ရဲစွမ်းသတ္တိရှိတဲ့ယောကျ်ားသားတွေပဲ...ငါ့လက်ထဲမှာဓားတစ်လက်ရှိတယ်...ငါ့ရဲ့ခန္ဓာကိုယ်ထဲကနောက်ဆုံးသွေးတစ်စက်ကုန်ခမ်းသွားတဲ့အထိ တိုက်ပွဲဝင်သွားမယ်"
"ဟုတ်တယ်...ငါတို့ကဘာလို့သူရဲဘောကြောင်ပြီး သေရမှာလဲ...ဓားပြတွေကိုသတ်ဖြတ်ဖို့ ငါတို့ရဲ့က်ိုယ်ပ်ိုင်မြင်းတွေနဲ့ဓားတွေကိုအသုံးပြုရမယ်...ငါတို့သာငြိမ်နေ၍ ဓားပြတွေရဲ့သတ်ဖြတ်မှုကိုခံရမယ့်အစား ငါတို့ကဘာလို့စပြီးတော့မတိုက်ခိုက်ရမှာလဲ"
ထို့ပါဟောင်သည် ရတ်ချက်မြို့သားများ၏တိုက်ခိုက်လိုစိတ်ကို နိုးဆွရန်အတွက်လူအချို့ကိုငှါးရမ်းထားခဲ့သည်။ထိုလူများသည် ကုန်သည်များအတွက် အလုပ်လုပ်ပေးသောသာမန်လူများအဖြစ် အသွင်ယူထားကြသည်။ဤသည်ကိုကြည့်ခြင်းဖြင့် ထို့ပါဟောင်သည် အရည်အချင်းရှိသူတစ်ယောက်ဖြစ်ကာ မုတ်ဆိတ်နီအားရူးရူးမိုက်မိုက်တိုက်ခိုက်ရန် မကြံစည်ခဲ့ကြောင်းတွေ့မြင်နိုင်သည်။
ရတ်ချက်မြို့၏မူလလူဦးရေမှာ ၁၀၀၀၀မှ၂၀၀၀၀ခန့်သာရှိသော်လည်း မြို့ထဲတွင်လာရောက်စုဝေးကြသော ကုန်သည်လှည်းတန်းများနှင့်စွန့်စားသူများကိုထည့်ပေါင်းလိုက်ပါက ၄၀၀၀၀မှ၅၀၀၀၀ခန့်ထိတိုးလာမည်ဖြစ်သည်။ထို့ပြင်လူဦးရေအများစု၌ အမျိုးသမီးနှင့်ကလေးအနည်းငယ်ပါဝင်ပြီး ကျန်လူတိုင်းသည်လက်နက်စွဲကိုင်တိုက်ခိုက်နိုင်ရာ ထို့ပါဟောင်အတွက်အလားအလာရှိသော စစ်သားတစ်ဦးဖြစ်ခဲ့သည်။
"အဲ့ဒါ မင်းသားထို့ပါဟောင်မဟုတ်ဘူးလား...သူကမင်းသားထို့ပါဟောင်ပဲ...ငါတို့ကမင်းသားရဲ့ဦးဆောင်မှုနောက်ကိုလိုက်ပြီး မုတ်ဆိတ်နီဓားပြအဖွဲ့ကိုတစ်ခါတည်းဖယ်ရှားပစ်မယ်"
ထိုအခိုက်အတန့်တွင် လူအုပ်ကြီးထဲမှတစ်ယောက်သည် ထို့ပါဟောင်၏အထောက်အထားကို ဖော်ထုတ်အော်ဟစ်ခဲ့သည်။ထ်ိုလူသည် ထို့ပါဟောင်၏ကြီးကြပ်မှုအောက်တွင် တိုက်ခိုက်လိုသူများကိုစုရုံးရန် ကြိုတင်စီစဉ်ထားခဲ့သည်။
မြို့တွင်းရှိလူများသည် တိုက်ခိုက်ရန်ပြင်ဆင်ထားကြသော်လည်း သူတို့သာခေါင်းဆောင်တစ်ယောက်၏ ကွပ်ကဲမှုကိုမရရှိပါက မည်သို့မှအကျိုးထူးမည်မဟုတ်ပေ။
မုတ်ဆိတ်နီအဖွဲ့သည် စစ်မြေပြင်၌အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို လုပ်ဆောင်လေ့ရှိသည့်အတွက်ကြောင့် သူတို့သည်ခေါင်းဆောင်တစ်ယောက်၏ လက်အောက်တွင်မစုစည်းခဲ့ပါက ရတ်ချက်မြို့သည်ပျောက်ကွယ်သွားရမည်ဖြစ်သည်။ဤအချိန်တွင် စစ်သည်အများ၏ထောက်ခံမှုကိုရရှိစေရန်အတွက် မင်းသားတစ်ယောက်၏အထောက်အထားသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။
တော်ဝင်မိသားစုသည် အနောက်တိမ်တိုက်အင်ပါယာတွင် အမြင့်ဆုံးအဆင့်အတန်းကိုပိုင်ဆိုင်ထားပြီး လူတိုင်းကသူတို့အားလေးလေးစားစားဆက်ဆံကြသည်။
မင်းသားတစ်ပါးရှိနေခြင်းကြောင့် ဤတိုက်ပွဲအတွက်ခေါင်းဆောင်နေရာကိုအခြားသူများ ယှည်ပြိုင်နေရန်မလိုအပ်တော့ပေ။ထို့ပြင် သာမန်ခေါင်းဆောင်တစ်ယောက်ကိုသာရွေးချယ်မိပါက လူတိုင်းသည်ထိုခေါင်းဆောင်၏အမိန့်ကိုလိုက်နာမည်ဟု မဆိုလိုကြပေ။သို့သော်လည်း မင်းသား၏အမိန့်ကိုမနာခံသူများသည် တော်ဝင်မိသားစုကိုမလေးမစားပြုမူခြင်းနှင့်တူညီပေသည်။
ရှောင်ယုသည် ထို့ပါဟောင်၏လျှို့ဝှက်လုပ်ဆောင်မှုများကို တွေ့မြင်လိုက်ရချိန်၌ ချီးကျူးမိလိုက်သည်။ထို့ပါဟောင်သည် ယခင်ကဤမျှများပြားသည့်လူများကို အမိန့်မပေးဖူး၍ တိုက်ပွဲမစတင်မှီကြောက်လန့်နေခဲ့သော်လည်း သူ၏အစီအစဉ်များကိုကြည့်ခြင်းဖြင့် ထို့ပါဟောင်သည်အရည်အသွေးပြည့်မှီသော တပ်မှူးတစ်ယောက်ဖြစ်ကြောင်း ပြသနေခဲ့သည်။အချိန်ကုန်လွန်လာသည်နှင့်အမျှ ထို့ပါဟောင်သည်တဖြည်းဖြည်းကြီးထွားလာမည်ဖြစ်သည်။
"ငါက ဧကရာဇ်ထို့ပါယွမ်ဖေးရဲ့ ၉ယောက်မြောက်သားတော်ဖြစ်တဲ့ ထို့ပါဟောင်ပဲ...ငါဒီနေရာကိုရောက်နေရတာက နာမည်ဆိုးနဲ့ကျော်ကြားတဲ့မုတ်ဆိတ်နီဓားပြတွေ ကျူးကျော်ဝင်ရောက်မှုနှင့်သက်ဆိုင်နေတယ်...ငါကရတ်ချက်မြို့နဲ့ဒီမြို့မှာရှိနေတဲ့ လူတွေရဲ့လုံခြုံရေးကိုကာကွယ်ဖို့အတွက် သူ့ကိုအနိုင်ယူဖို့ကလွဲပြီး အခြားရွေးချယ်စရာမရှိခဲ့ဘူး...မင်းတို့တိုက်ခိုက်ချင်ရင်ငါ့နောက်ကိုလိုက်ခဲ့ကြ...ငါတို့ဟာအနောက်တိမ်တိုက်အင်ပါယာရဲ့ သားသမီးတွေဖြစ်ပြီးတော့ တိုက်ခိုက်ဖို့အတွက်မွေးဖွားလာကြသူတွေဖြစ်တယ်...ငါတို့ကယုတ်မာတဲ့ဓားပြတွေကို တိုက်ခိုက်ရတော့မှာဖြစ်တဲ့အတွက် မင်းတို့ရဲ့မြင်းတွေနဲ့ဓားတွေကိုဆွဲထုတ်လိုက်ကြ...မင်းတို့ကိုယ်မင်းတို့ကာကွယ်ရင်း ငါတို့အင်ပါယာရဲ့ဂုဏ်သိက္ခာကို ကာကွယ်ကြ"
ထို့ပါဟောင်သည် အထပ်မြင့်အဆောက်အဦးတစ်ခုထိပ်၌ ရပ်နေပြီး လူထုအားပြောဆိုနေခဲ့သည်။သူ၏စကားကြောင့် လူတိုင်းသည်တိုက်ခိုက်လိုစိတ်ပြင်းထန်လာခဲ့ကာ တိုက်ပွဲဝင်ရန်အဆင်သင့်ဖြစ်နေကြပြီး သူ၏မြင်းနှင့်လက်နက်များကို ပြင်ဆင်လိုက်ကြသည်။
"သေစမ်း...သူကတကယ့်မင်းသားလေးပဲ..."
ရှောင်ယုသည် အဆောက်အဦးထိပ်၌ရပ်နေသော ထို့ပါဟောင်ကိုကြည့်ရင်း သူ၏နှာခေါင်းကိုထိပွတ်လိုက်သည်။
မုတ်ဆိတ်နီဓားပြများသည် မြို့တွင်း၌ဖြစ်ပျက်နေသည်များကို မသိရှိကြပေ။သူတို့၏အမြင်တွင် မြို့တွင်း၌လူများထိတ်လန့်၍ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ဟု ထင်ခဲ့ကြသည်။ထိုလူများသည်ကြောက်လန့်တကြားဖြင့် အခြားမြို့များထံထွက်ပြေးကြတော့မည်ဟု ယူဆနေကြသည်။မြို့တွင်းရှိလူများသည် ရရာလက်နက်ကိုဆွဲကိုင်၍ သူတို့အားတိုက်ခိုက်ရန်အသင့်ဖြစ်နေလိမ့်မည်ဟု မထင်ထားကြပေ။
မုတ်ဆိတ်နီဓားပြများသည် ကျယ်လောင်သောမြည်ကြွေးသံများကိုထုတ်ဖော်လျက် ရတ်ချက်မြို့ထံသို့စတင်ချီတက်လာကြသည်။သူတို့သည် မြို့ရိုးဂိတ်တံခါးကိုချိုးဖျက်ရန်အတွက် သံတူကြီးများကိုပြင်ဆင်လာကြသည်။
သို့သော်လည်း သူတို့မြို့ဆီမချည်းကပ်နိုင်မှီ မြို့တံခါးများပွင့်ဟလာပြီး မြို့တွင်းရှိလူများသည် သူတို့အားတိုက်ခိုက်ရန်အတွက် မြို့ပြင်သို့ပြေးထွက်လာခဲ့ကြသည်။
ထိုလူများသည် ပုံမှန်တပ်သားများမဟုတ်ကြဘဲ ယခုမှဖွဲ့စည်းထားသည့်တပ်သားများဖြစ်ကြောင်း ထင်ရှားပေသည်။သို့သော် ထိုသာမန်လူများသည် လေးများကိုအသုံးပြု၍ မြှားများကိုပစ်ခတ်နိုင်ကြသည်။ထိုအရာသည် ရှားရှားပါးပါးမြင်ကွင်းတစ်ခုဖြစ်ခဲ့သည်။သာမန်အားဖြင့်ဆိုလျှင် ထိုလူများသည်သူတို့၏ခွန်အားကိုချွေတာခြင်း သို့မဟုတ်ထွက်ပြေးရန် ကြိုးစားကြမည်ဖြစ်သည်။ဓားပြများသည် အလွန်မောက်မာကြပြီး သူတို့အားပြန်လည်တိုက်ခိုက်ရန်ကြိုးစားသည့် အင်အားစုများကိုမတွေ့ဖူးကြပေ။
အမှန်တော့ အနောက်တိမ်တိုက်အင်ပါယာတွင် မုတ်ဆိတ်နီ၏နာမည်ဆိုးသည် အလွန်ပင်ပျံ့နှံနေခဲ့ကာ မုတ်ဆိတ်နီအားဒေါသထွက်စေပါက နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်လာမည်ကို လူတိုင်းနားလည်ကြသည်။
"သူတို့အားလုံးက်ိုသတ်...မြို့တံခါးကိုသိမ်းပိုက်ပြီး အားလုံးကိုဖျက်ဆီးပစ်"
မျက်နှာပေါ်တွင် မုတ်ဆိတ်နီများရှိသော သန်မာသည့်လူတစ်ယောက်သည် ခရမ်းရောင်အလင်းများထွက်ပေါ်နေသည့် ဓားတစ်လက်က်ိုကိုင်ဆောင်ထားကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
ဓားပြများသည် ထိုလူ၏အမိန့်ကိုရရှိပြီးနောက် ကျယ်လောင်စွာမြည်ကြွေးလိုက်ကြသည်။
"သတ်...သူတို့အားလုံးကိုသတ်ပစ်"
သို့သော် ထိုအခိုက်အတန့်၌ မြို့ရိုးနံရံပေါ်တွင် လူများထွက်ပေါ်လာကာ ဓားပြများကိုသတ်ဖြတ်ရန် မြှားများကိုပစ်ခတ်ကြသည်။ထိုမြင်ကွင်းကိုတွေ့မြင်လိုက်ရချိန်တွင် မုတ်ဆိတ်နီသည် မျက်မှောင်ကြုတ်မိလိုက်ကာ အနည်းငယ်မှားယွင်းနေသည်ဟုခံစားမိလိုက်သည်။ဤလူများသည် ပုံမှန်စစ်သားများမဟုတ်ကြသော်လည်း ရတ်ချက်မြို့၏လူဦးရေးနှင့်နှိုင်းယှဉ်လျင်တစ်စုံတစ်ခုမှားယွင်းနေပေသည်။
မုတ်ဆိတ်နီများသည် ဤမြို့အားတိုက်ခိုက်မည်ကို ဤလူများကကြိုတင်သိရှိနေပုံရကာ သူ၏တပ်များကိုခွဲထုတ်ရန်ကြိုးပမ်းနေပုံရသည်။
"ကောင်းပြီ...တစ်မြို့လုံးကိုအစုလိုက်အပြုံလိုက် မသတ်ရတာတောင် အတော်ကြာလှပြီဘဲ"
မုတ်ဆိတ်နီသည် ရက်စက်စွာပြုံးလိုက်မိသည်။
ဘန်း...
ထိုအချိန်တွင် လေးလံသောတူများ၏လက်ချက်ကြောင့် မြို့တံခါးများသည်ချက်ချင်းကျိုးပဲ့သွားခဲ့သဖြင့် ဓားပြများသည်မြို့အတွင်းသို့ဝင်ရောက်လာကြသည်။သို့သော်လည်း မြို့အတွင်း၌စောင့်ဆိုင်းနေသော သပ်သပ်ရပ်ရပ်စုဖွဲ့ထားသည့် မြင်းတပ်တစ်ဖွဲ့က သူတို့အား တဟုန်ထိုးပြေးဝင်တိုက်ခိုက်လိုက်ကြသည့်အတွက်ကြောင့် သူတို့၏ပျော်ရွှင်မှုသည် ကြာရှည်မခံခဲ့ပေ။
သတ်....
အနည်းဆုံးတစ်ထောင်ထက်မနည်းသော မြင်းတပ်သားများသည်မြို့တွင်းသို့ဝင်ရောက်လာသည့် ဓားပြများကိုတိုက်ခိုက်လိုက်ကြသည်။
မြို့ရိုးနံရံတွင်ရှိနေကြသည့် လူများသည်လည်း သူတို့၏မြင်းများဆီသို့ခုန်ဆင်းလိုက်ကြပြီး ဓားပြများကိုတိုက်ခိုက်ရန်အတွက် သူတို့၏ဓားများကိုဝှေ့ယမ်းလိုက်ကြသည်။
"သူတို့ကအရူးတွေလား...ငါတို့ကိုတောင်တန်ပြန်တိုက်ခိုက်ဝံ့တယ်ပေါ့...ဟမ့်သူတို့ကစိတ်ရူးပေါက်နေတဲ့အချိန်ခဏလေးမှာပဲ ခုလိုတိုက်ခိုက်ဝံ့ကြတဲ့လူတစ်စုလောက်ပါဘဲ အချိန်ကြာလာတာနဲ့အမျှ ဒါတွေကအလကားဖြစ်သွားမှာပဲ"
မြို့တွင်း၌ရှိနေသောစွန့်စားသူများနှင့် ကျပန်းအဖွဲ့အချို့သည် သူတို့ကိုယ်သူတို့ခုခံကာကွယ်ရန်အဖွဲ့တစ်ခုအဖြစ်ဖွဲ့စည်းထားသည်ဟု မုတ်ဆိတ်နီကတွေးမှတ်လိုက်သည်။
ရတ်ချက်မြို့၌လေ့ကျင့်ရည်ပြည့်ဝနေသော မြင်းတပ်သားများနှင့်ရင်ဆိုင်ရသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ရတ်ချက်မြို့တွင် ချမ်းသာသောမိသားစုများ သို့မဟုတ် မင်းမျိုးမင်းနွယ်များပိုင်ဆိုင်သည့် ကုန်သည်လှည်းတန်းများကိုစောင့်ကြပ်နေသော စွမ်းအားကြီးသည့်အစောင့်အချို့ရှိနိုင်ကြောင်း မုတ်ဆိတ်နီကခန့်မှန်းမိထားပြီးဖြစ်သည်။သို့သော် မုတ်ဆိတ်နီသည် ဓားပြ၂၀၀၀၀ကျော်ကိုဦးဆောင်လာခဲ့၍ သူတို့အားလုံးကိုရှင်းလင်းနိုင်မည်ဖြစ်သည်။
"ငါ့ကောင်တွေ သူတို့အားလုံးက်ိုသတ်ကြ...တစ်ယောက်မှအရှင်မထားကြနဲ့...သူတို့ရဲ့မိန်းမတွေကိုဖျက်ဆီးပြီးတော့ တစ်မြို့လုံးကိုသွေးရောင်နဲ့စီခြယ်လိုက်ကြ..."
မုတ်ဆိတ်နီသည်ကျယ်လောင်စွာအော်ဟစ်လိုက်ပြီးနောက်တွင် ဓားပြများသည်ပို၍ပင်ကြမ်းတမ်းလာခဲ့ကြသည်။
ထို့နောက်တိုက်ပွဲသည် တဖြည်းဖြည်းပိုမိုပြင်းထန်လာခဲ့သည်။
အခန်း ၂၃၀ - တပ်ဖွဲ့နှစ်ခုရင်ဆိုင်တိုက်ခိုက်ခြင်း
နှစ်ဖက်လုံးသည် အပြင်းအထန်ရင်ဆိုင်တိုက်ခိုက်နေကြပြီး တိုက်ပွဲစတင်ပြီးမိနစ်အနည်းငယ်အတွင်းမှာပင် ရာနှင့်ချီ၍သေဆုံးသွားခဲ့ကြသည်။
မည်သို့ပင်ဆိုစေနှစ်ဖက်လုံးသည် အကြင်နာတရားကင်းမဲ့စွာဖြင့်တိုက်ခိုက်နေကြသည့်အတွက်ကြောင့် တိုက်ပွဲသည်ပိုမိုကြမ်းတမ်းလာခဲ့သည်။
အနောက်တိမ်တိုက်အင်ပါယာမှလူများ၏ ရဲစွမ်းသတ္တိကိုယခုအချိန်တွင် ကွက်ကွက်ကွင်းကွင်းတွေ့မြင်ရပေသည်။သူတို့သည် အကြောက်တရားများကိုမေ့ဖျောက်ထားကြပြီး ဓားပြများကိုတတ်နိုင်သလောက်သတ်ဖြတ်ရန် စိတ်ထဲမှတ်ယူထားကြသည်။
စစ်မြေပြင်၌ ကောင်းမွန်သောကိုယ်ခံပညာရှိသူတစ်ယောက်ထက် အေးဆေးတည်ငြိမ်သောလူတစ်ယောက်က ပ်ိုမိုကြောက်မက်ဖွယ်ကောင်းပေသည်။စစ်မြေပြင်တွင်ရန်သူ၏ဟာကွက်ကိုတွေ့မြင်ပြီး ထိုဟာကွက်ကိုအခွင့်ကောင်းယူနိုင်သူသည် ရန်သူထက်ကံကောင်းသူဟုဆိုနိုင်ပေသည်။စစ်မြေပြင်တွင် ကံကောင်းမှုသည်မရှိမဖြစ်အရေးပါပေသည်။
ထို့ပါဟောင်သည် နံရံပေါ်၌ရပ်နေကာ ငြိမ်သက်နေသောအမူအရာဖြင့် တိုက်ပွဲအားစောင့်ကြည့်နေခဲ့သည်။တိုက်ပွဲမစခင်က သူ၏မျက်နှာပေါ်တွင်ဖြစ်ပေါ်နေသော စိတ်မရှည်သည့်အမူအရာများသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ယခုလိုအချိန်တွင် တပ်မှူးများကိုနှစ်မျိုးခွဲခြားနိုင်သည်။ပထမတစ်မျိုးမှာ အေးဆေးတည်ငြိမ်သောတပ်မှူးများဖြစ်ပြီး ဒုတိယတစ်မျိုးမှာ ထိတ်လန့်တုန်လှုပ်၍ကြံရာမရဖြစ်နေသည့်တပ်မှူးများဖြစ်သည်။ထိုကဲ့သို့ဒုတိယလူမျိုးသည် စစ်ပွဲမစတင်မှီသူရဲကောင်းဆန်နိုင်သလောက် နောက်ပိုင်းတွင်သူရဲဘောကြောင်သူဖြစ်လာမှာဖြစ်သည်။
တိုက်ပွဲမစတင်မှီတွင် ထို့ပါဟောင်၏မိန့်ခွန်းသည် ပြည်သူလူထုများ၏ကြောက်ရွံ့စိတ်ကိုချေဖျက်ပေးကာ တိုက်ပွဲအတွက်အဆင်သင့်ဖြစ်နေအောင် ပြုလုပ်ပေးနိုင်ခဲ့သည်။ထို့နောက် အရေးအကြီးဆုံးသောအချက်မှာ စစ်မြေပြင်၌တပ်များကို မှန်ကန်တိကျစွာအမိန့်ပေးနိုင်ရန်ဖြစ်သည်။
ရှောင်ယုသည် သူ့ဘေးနားတွင်ရပ်နေသောထို့ပါဟောင်ကို စစ်ဆေးနေခဲ့သည်။ထို့ပါဟောင်ထံတွင် လူများကိုအမိန့်ပေးရန်အတွက် သဘာဝမှပေးအပ်သည့်လက်ဆောင်တစ်ခုရှိသည်ဟု ရှောင်ယုထင်မြင်မိခဲ့သည်။အကယ်၍ ထို့ပါဟောင်ကိုအချိန်လုံလုံလောက်လောက်ပေးပါက ထိုကောင်လေးသည်အနာဂတ်တွင် အကန့်အသတ်မရှိသောအောင်မြင်မှုများကို ရရှိမည်ဟု ရှောင်ယုယုံကြည်နေခဲ့သည်။ထို့ပါဟောင်သည် ကောင်းကင်ခြင်္သေ့မင်းဆက်ကို မည်သည့်အခါမှတိုက်ခိုက်မည်မဟုတ်ဟု ထို့ပါဟောင်ကအာမခံထားသော်လည်း သူ၏အတွေးအမှန်ကိုရှောင်ယုအား လုံးဝပြောပြမည်မဟုတ်ပေ။
ထို့ပါဟောင်သည် တစ်နေ့တွင် အနောက်တိမ်တိုက်အင်ပါယာ၏တပ်များကိုဦးဆောင်ကာ ကောင်းကင်ခြင်္သေ့မင်းဆက်ကိုတိုက်ခိုက်ရန်ဦးတည်လာပါက သူတို့နှစ်ဦးသည်ခက်ခဲသောရန်သူများဖြစ်လာကြမည်ဖြစ်သည်။ထိုခဏတွင် ရှောင်ယုသည် ထို့ပါဟောင်ကိုသတ်ဖြတ်ရန် အကြံအစည်ရခဲ့သော်လည်း ထိုအကြံအစည်အားချက်ချင်းစွန့်လွှတ်ခဲ့သည်။
ပထမဆုံးနှင့်အရေးအကြီးဆုံးသောအချက်မှာ ရှောင်ယုသည်ထို့ပါဟောင်အားသတ်ဖြတ်နိုင်မည်ဟု မသေချာခဲ့ပေ။ဒုတိယအနေဖြင့် ထို့ပါဟောင်သေဆုံးပါက အနောက်တိမ်တိုက်အင်ပါယာသည် လက်စားချေသည့်အနေဖြင့် ကောင်းကင်ခြင်္သေ့မင်းဆက်အားတိုက်ခိုက်လာနိုင်သည်။ရှောင်ယုသည် ကောင်းကင်ခြင်္သေ့မင်းဆက်ကိုအုပ်စိုးထားသည့် တော်ဝင်မိသားစု၏အတွေးများကိုမသိရှိသေးပေရာ လက်ရှိအချိန်တွင် ထိုကဲ့သို့စစ်ပွဲမျိုးဖြစ်ပွားမည်ကို မလိုလားသေးပေ။
တစ်ချိန်တည်းမှာပင် ထို့ပါဟောင်သည်ရှောင်ယုဘက်လှည့်ကြည့်၍ ပြုံးပြလိုက်သည်။
ထို့ပါဟောင်၏အပြုအမူကြောင့် ရှောင်ယုသည်အနည်းငယ်အံ့သြသင့်သွားခဲ့သည်။
"သူ့ကိုသတ်ဖို့ငါကြံစည်နေတယ်ဆိုတာ သူရိပ်မိသွားတာလား"
တစ်ချိန်တည်းမှာပင် စွန့်စားသူများနှင့်အစောင့်အကြပ်များသည် ဓားပြများကိုတိုက်ခိုက်ရန်ပြေးထွက်လာခဲ့ကြသည်။
ထိုစွန့်စားသူများနှင့်အစောင့်များသည် သာမန်အချိန်များတွင်ဆိုပါက သူတို့၏ကိုယ်ပိုင်ခွန်အားကိုချွေတာရန် ကြိုးပမ်းကြသောကြောင့် ယခုလိုပြင်းထန်စွာတိုက်ခိုက်ကြမည်မဟုတ်ပေ။သို့သော်လည်း ယခုအချိန်တွင် သူ၏တိုင်းသူပြည်သားအားလုံးကို တစ်စုတစ်စည်းတည်းဖြစ်အောင် အမိန့်ပေးနေသောမင်းသားတစ်ပါးရှိနေလေသည်။ထို့ပါဟောင်သည် သူတို့အားလုံးယခုတိုက်ခိုက်နေရသော အဓိကအကြောင်းပြချက်ဖြစ်သည်။မင်းသားတစ်ပါးသည်ပင် ဓားပြများကိုတိုက်ခိုက်နေရာ သူတို့ကြောက်ရွံ့နေ၍မရပေ။
စတာလင်သည် ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်-ဂျာမနီစစ်ပွဲဖြစ်နေစဉ် မော်စကိုမြို့၌နေထိုင်ခဲ့သည်။သို့သော်လည်း အချိန်တိုင်းလိုလိုပင် တပ်ဖွဲ့ဝင်များ၏စိတ်ဓာတ်ကိုမြင့်တင်ပေးနိုင်ရန် စစ်ရေးပြပွဲများကိုကျင်းပပေးခဲ့ခြင်းဖြင့် မော်စကိုသည်ခံစစ်တိုက်ပွဲတွင် အနိုင်ရခဲ့သည်။
"ဒီကောင်တွေကဘာလို့ ဒီလောက်ခေါင်းမာနေရတာလဲ...အစောင့်တွေနဲ့စွန့်စားသူတွေက အရင်တိုက်ခိုက်မှုတစ်ခုပြီးတဲ့နောက်မှာ သူတို့ကထွက်ပြေးသွားလေ့ရှိပေမဲ့ ခုတော့ဘာလို့အပြင်းအထန်ဆက်လက်တိုက်ခိုက်နေကြတာလဲ...သူတို့ကလေ့ကျင့်ထားတဲ့စစ်တပ်တစ်ခုလို မတိုက်ခိုက်နိုင်ကြပေမဲ့ သူတို့ကိုတစ်စုံတစ်ယောက်ကအမိန့်ပေးနေပုံရတယ်...ငါမသိတာများတစ်ခုခုရှိနေတာလား...ဒါပေမဲ့အရင်ကတည်းက ငါကိုယ်တိုင်သူလျှိုတွေကိုစေလွှတ်ပြီးတော့ သတင်းရယူခိုင်းထားတာပဲ...တစ်ခုခုမှားနေရင်ငါအရင်ဆုံးသိရမှာပေါ့...ခုတိုင်းသာဆက်ဖြစ်နေရင် စီစဉ်ထားတဲ့အတိုင်းဖြစ်လာနိုင်မှာမဟုတ်တော့ဘူး..."
မုတ်ဆိတ်နီသည် ပြင်းထန်သောခုခံမှုနောက်ကွယ်၌ရှိနေသည့် အဓိကအကြောင်းရင်းကိုနားမလည်နိုင်ခဲ့ပေ။မုတ်ဆိတ်နီသည် ဓားပြအဖွဲ့၏ခေါင်းဆောင်တစ်ယောက်အနေဖြင့် ဤတိုက်ခိုက်မှုအောင်မြင်နိုင်ရန် အချက်များစွာထည့်သွင်းစဉ်းစားခဲ့ရသည်။သူသည်ဓားပြတစ်ဦးသာဖြစ်သော်လည်း သူ၏မြင့်မားသောဉာဏ်ရည်ညဏ်သွေးကြောင့် ဤအချိန်ထိ အခြားသူများ၏အစီအစဉ်ကိုပါ ဖောက်ထွင်းမြင်နိုင်အောင်ကြည့်ရှုနိုင်ခဲ့သည်။
မုတ်ဆိတ်နီသည် တိုက်ခိုက်မှုမပြုလုပ်မှီတွင် ရတ်ချက်မြို့အတွင်းရှိ ကုန်သည်များ၊စွန့်စားသူများနှင့်အခြားအရာများကို လေ့လာရန်သူလျှိုများကို စေလွှတ်ခဲ့သည်။ထို့ပြင်သူသည် မြို့ကိုအောင်မြင်စွာသိမ်းပိုက်နိုင်ရန်အတွက် မတိုက်ခိုက်မှီတွင် အရာအားလုံးကိုအသေးစိတ်တွက်ချက်ခဲ့သည်။အကယ်၍သူသာ ကြီးမားသည့်အင်အားကိုအားကိုး၍ မျက်စိစုံမှိတ်ကာ ဆက်လက်တိုက်ခိုက်ခဲ့မည်ဆိုပါက အသေအပျောက်များစွာကို ရင်ဆိုင်ရမည်မှာ ပုံမှန်သာဖြစ်ပေသည်။
သို့သော်လည်း သူသည်သူ့ထက်ဉာဏ်ပိုကောင်းသူတစ်ယောက်က ဤအတောအတွင်း သူစေလွှတ်ခဲ့သည်သူလျှိုအားလုံးကို ရှင်းလင်းပစ်မည်ဟု မထင်ထားခဲ့ပေ။
"ဟမ့်...ကြည့်ရတာကတော့ ဒီလူတွေအားလုံးကို တစုတစည်းတည်းပေါင်းစည်ပေးနိုင်ပြီးတော့ တိုက်ပွဲတစ်ခုလုံးကိုထိန်းချုပ်ထားတဲ့ ဗိုလ်ချုပ်တစ်ယောက် ရှိကိုရှိရမယ်...ခွေးမသား မင်းကိုငါရှာတွေ့ရင်ဒီအတွက် မင်းနောင်တရစေရမယ်"
မုတ်ဆိတ်နီသည် သူ့ကိုယ်သူညဏ်ရည်ထက်မြက်သူဟုမထင်သော်လည်း ဤခုခံမှုက်ိုနောက်ကွယ်မှကြိုးကိုင်နေသူတစ်ယောက်သို့မဟုတ် အနည်းငယ်ရှိရမည်ဟုယူဆခဲ့သည်။
"ဒုတိယအဖွဲ့...ရှေ့တက်ကြစမ်း သူတို့ရဲ့ခုခံမှုကိုဖြိုခွဲပြီး မြို့ထဲကိုဝင်ကြ...မင်းတို့တွေ့တွေ့သမျှအရာအားလုံးကို သတ်ပစ်ကြ"
မုတ်ဆိတ်နီသည် သူ့နောက်တွင်ရှိနေသော အရံအဖွဲ့များကိုလှမ်းအော်လိုက်သည်။
"အမိန့်အတိုင်းပါ...."
ထိုလူများသည် မုတ်ဆိတ်နီမှသေချာလေ့ကျင့်ပေးထားသော ဓားပြများဖြစ်ကြသည်။သူတို့သည် အနောက်တိမ်တိုက်အင်ပါယာ၏ သာမန်အပေါ့စားမြင်းတပ်များထက် နိမ့်ကျခြင်းမရှိပေ။သူတို့သည် ကျယ်လောင်စွာဟစ်ကြွေး၍ စွန့်စားသူများကိုသတ်ဖြတ်ရန် ရတ်ချက်မြို့သို့ပြေးဝင်သွားကြသည်။
"သူတို့ရဲ့ဒုတိယအုပ်စုက စတိုက်နေပြီ"
ထို့ပါဟောင်သည် သူ၏အကြံအစည်အတိုင်း ဆက်ဖြစ်နေ၍ပြုံးပြလိုက်သည်။
"မင်းအခုဘာဆက်လုပ်မှာလဲ...မင်းရဲ့အရန်တပ်တွေကိုစေလွှတ်မှာလား..."
ရှောင်ယုသည် ထို့ပါဟောင်အနားတွင်ရပ်နေရင်း မေးမြန်းလိုက်သည်။
ထို့ပါဟောင်သည် ဤတိုက်ပွဲအတွက် တပ်သား၅၀၀၀ကိုခေါ်ဆောင်လာကြောင်း ရှောင်ယုသတိပြုမိသော်လည်း ၎င်းတို့အနက်မှ၁၀၀၀ကသာ စစ်မြေပြင်၌တိုက်ခိုက်နေဆဲဖြစ်သည်။ကျန်တပ်သား၄၀၀၀သည်ကား ပြင်းထန်သောတိုက်ခိုက်မှုအတွက် အရန်ထားရှိခဲ့သည်။
သို့သော် ထို့ပါဟောင်က ခေါင်းခါပြလိုက်သည်။
"မလိုသေးဘူး...ငါကမုတ်ဆိတ်နီကို ထွက်မပြေးစေချင်ဘူး...သူကအရမ်းသတိကြီးတယ်လို့ထင်ရတယ်...ဒါကြောင့်သူ့ရဲ့သံသယစိတ်တွေလွှင့်ပြယ်ပြီးတော့ ထောင်ချောက်ထဲကိုတည့်တည့်ခုန်ဆင်းစေချင်တယ်"
ရှောင်ယုသည် ထို့ပါဟောင်အားချီးကျူးလိုက်သည်။
"မင်းကတပ်မှူးကောင်းတစ်ယောက်ဆိုပေမဲ့ မုတ်ဆိတ်နီကိုဖမ်းဖို့ဆိုတာ မလွယ်ဘူးလို့မင်းမထင်ဘူးလား...သူကသာမန်ဓားပြခေါင်းဆောင်တစ်ယောက်လိုထင်ရပေမဲ့ အနည်းဆုံးတော့စတုတ္ထအဆင့်သူရဲကောင်းတစ်ယောက်ဖြစ်တယ်...မင်းသူ့ကိုဖမ်းနိုင်မှာမဟုတ်ဘူး"
ထို့ပါဟောင်သည် ရှောင်ယုအားလှည့်ကြည့်ကာပြောလိုက်သည်။
"ငါတစ်ယောက်တည်း သူ့ကိုဖမ်းလို့အဆင်မပြေဘူး...ဒါပေမဲ့ငါတို့နှစ်ယောက်သာလက်တွဲမယ်ဆိုရင်တော့ သူ့ကိုအသက်ရှင်လျက်ဖမ်းဆီးနိုင်လိမ့်မယ်"
ရှောင်ယုသည် သူ၏မျက်လုံးများကိုမှိတ်ထားလိုက်သည်။
"အိပ်မက်မက်နေလိုက်...မင်းငါ့ကိုမတွေ့ရင်တောင် မုတ်ဆိတ်နီကိုဖမ်းဦးမှာမလား..."
ထို့ပါဟောင် တည်ငြိမ်စွာပြောလိုက်သည်။
"ငါ့မှာအခြားအစီအစဉ်တွေရှိနေပေမဲ့ မင်းအနားမှာရှိနေရင် ပိုပြီးလွယ်ကူလိမ့်မယ် ဒီတိုက်ပွဲကခါးသီးတဲ့တိုက်ပွဲတစ်ခုဖြစ်ပြီးတော့ ငါ့အတွက်ကြီးမားတဲ့စမ်းသပ်မှုတစ်ခုဖြစ်လိမ့်မယ်လို့ ငါယုံကြည်တယ်...ဒါပေမဲ့ မင်းသာကူညီမယ်ဆိုရင် ဖိအားတစ်ဝက်လောက်လျော့ကျသွားလိမ့်မယ်"
"ငါကအဲလောက်ထိ အကူအညီဖြစ်စေတာလား...."
ထို့ပါဟောင်က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်...အကြောင်းရင်းတိတိကျကျက်ို ငါမပြောနိုင်ပေမဲ့ မင်းကိုစတွေ့တဲ့အချိန် ကြီးမားတဲ့စွမ်းအားတစ်ခုကို ငါခံစားမိတယ်...ပြီးတော့မင်းပြုလုပ်ခဲ့တဲ့ လုပ်ဆောင်မှုတစ်ခုစီက ငါ့ကိုအရှက်ရစေတဲ့အထိ ကောင်းမွန်တယ်လို့ ငါယုံကြည်ခဲ့တယ်....မင်းကငါ့ကိုအရင်ကထက် ပိုပြီးကောင်းမွန်လာအောင်လုပ်ဆောင်ဖို့ လှုံဆော်ပေးနိုင်ခဲ့တယ်...အထူးသဖြင့် မင်းရဲ့အပြုအမူတွေက ငါ့ကိုသူရဲဘောကြောင်ခွင့်မပြုဘဲ ခေါင်းဆောင်တစ်ယောက်ရဲ့သဘောထားကိုနားလည်အောင် ကူညီပေးခဲ့တယ်"
"ငါကမင်းကို သွယ်ဝိုက်လေ့ကျင့်ပေးခဲ့တာပဲ"
ရှောင်ယုသည် ကူကယ်ရာမဲ့စွာသက်ပြင်းချရင်း ခေါင်းခါမိလိုက်သည်။
အခန်း ၂၃၁ - အတွင်းလူ
တိုက်ပွဲသည် ပြင်းထန်စွာဆက်လက်ဖြစ်ပွားနေခဲ့သည်။
စွန့်စားသူများနှင့်အစောင့်များသည် သူရဲကောင်းဆန်စွာတိုက်ပွဲဝင်နေခဲ့ကြ၍ ဒေသခံများသည်လည်း တိုက်ပွဲအတွင်းသို့ အစုလိုက်အပြုံလိုက်တိုးဝင်လာကြသည်။မုတ်ဆိတ်နီသည် စစ်မြေပြင်ကိုကြည့်ရင်း သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
"သတ်...အဲဒီမြို့ကိုဖျက်ဆီးကြ"
မုတ်ဆိတ်နီသည် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။သူ၏လူများသာ မြို့တွင်းသို့ရောက်ရှိသွားပါက အစောင့်များနှင့်စွန့်စားသူများ၏ ခုခံမှုသည်အဆုံးသတ်သွားမည်ဖြစ်ကြောင့် သူနားလည်ပေသည်။ထို့နောက်တွင် သူတို့သည် ရတ်ချက်မြို့တစ်ခုလုံးအား လုယက်ဖျက်ဆီးနိုင်မည်ဖြစ်သည်။
ဓားပြများသည် ကျယ်လောင်စွာအော်ဟစ်ပြီး သူတို့၏လက်နက်များကိုဝှေ့ယမ်းကာ မြို့ထဲသို့ပြေးဝင်လာကြသည်။သူတို့သည် သူတို့၏ကိုယ်ပိုင်အသက်ကိုပင် ဂရုမစိုက်ခဲ့ကြပေ။ထိုအခိုက်အတန့်လေးတွင် တိုက်ပွဲရလဒ်သည် သတ်မှတ်ခဲ့ပြီဟုထင်မှတ်ရကာ ရတ်ချက်မြို့သည် မကြာမှီအချိန်အတွင်း ဓားပြများ၏သိမ်းပိုက်မှုကိုလက်ခံရတော့မည်ဖြစ်သည်။
ထိုအချိန်တွင် ထို့ပါဟောင်က ရှောင်ယုကိုပြုံးပြလိုက်သည်။
"အချိန်တန်ပြီ..."
"ဒီလိုတိုက်ပွဲမျိုးမှာ ငါကိုယ်တိုင်ဝင်ပါချင်နေတာ အတော်ကြာနေပြီ"
ရှောင်ယုသည် ထို့ပါဟောင်ကို ပြန်ပြုံးပြလိုက်သည်။
ထို့နောက် ရှောင်ယုသည် မြို့ရိုးနံရံမှခုန်ဆင်းလာခဲ့ပြီး သူ၏မြင်းတပ်သားများစောင့်ဆိုင်းနေသောနေရာဆီ ရောက်ရှိလာခဲ့သည်။
ရှောင်ယုသည် မြင့်မားသည့်နတ်မြင်းဖြူတစ်ကောင်ကို စီးနင်းခဲ့သည်။သူသည်နတ်မြင်းဖြူပေါ်၌ထိုင်ကာ မြင်းတပ်သားများအား ကောင်းချီးပေးလိုက်သည်။
"ငါ့နောက်ကိုလိုက်ခဲ့ကြ..."
ဟေး...
မြင်းတပ်သားများသည် ကျယ်လောင်စွာဟစ်ကြွေးလိုက်ကြပြီး ရှောင်ယု၏နောက်သို့လိုက်ကာ မြို့ဂိတ်တံခါးဝဆီဦးတည်လိုက်ကြသည်။
...
...
တစ်ချိန်တည်းမှာပင် ဓားပြများသည် မြို့ဂိတ်တံခါးဝဆီသို့ အစုလိုက်အပြုံလိုက်ဝင်ရောက်လာခဲ့ကြသည်။အစောင့်များနှင့်စွန့်စားသူများသည် ဓားပြများကိုအသည်းအသန်ခုခံနေကြသော်လည်း အရေးပေါ်အခြေအနေသို့ရောက်ရှိနေသည်။အကယ်၍ ဓားပြများသာမြို့တွင်းသို့အစုလိုက်အပြုံလိုက်ဝင်ရောက်လာပါက သူတို့သည်တန်ပြန်တိုက်စစ်စတင်ရန် အလွန်ခက်ခဲသွားမည်ဖြစ်သည်။
"သတ်ကြ..."
ထို့ပါဟောင်သည်လည်း မြို့တံတိုင်းပေါ်မှခုန်ဆင်းလာကာ သူ၏ကိုယ်ပိုင်မြင်းနီကိုစီး၍ မြို့ဂိတ်တံခါးထံပြေးဝင်သွားခဲ့သည်။
"မင်းသားပဲ...မင်းသားကတောင်တိုက်ခိုက်နေပြီ...ညီအစ်ကိုတို့တိုက်ကြ..."
ထို့ပါဟောင်သည် လက်ရွေးစင်စစ်သည်တစ်စုကိုဦးဆောင်ကာ တိုက်ပွဲအတွင်းသို့ ကိုယ်တိုင်ဝင်ရောက်လာသောကြောင့် စွန့်စားသူများနှင့်အစောင့်အကြပ်များသည် တုန်လှုပ်သွားခဲ့ကြသည်။
ထို့ပါဟောင်၏မြင်းသည် မီးတောက်တစ်ခုကဲ့သို့ လူအုပ်များအကြား၌ဖြတ်ပြေးလာခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် မြို့တံခါးသို့ရောက်ရှိသွားခဲ့သည်။ထို့ပါဟောင်ဖြတ်သွားသည့် နေရာတိုင်း၌ရှိနေသောဓားပြများ၏ဦးခေါင်းသည် လေပေါ်သို့မြှောက်တက်သွားခဲ့သည်။ထို့ပါဟောင်သည် လျှပ်စီးလက်သကဲ့သို့မြန်ဆန်သောဓားချက်များကို ထုတ်ဖော်ခဲ့ရာ ဓားပြများသည်မည်သို့သေဆုံးသွားသည်က်ိုပင် မသိလိုက်ကြပေ။
မုတ်ဆိတ်နီသည် အဝေးရှိမြင်ကွင်းကို လှမ်းကြည့်လိုက်သည်။
"ဒါဆိုရင် မင်းကအဓိကလက်သည်တရားခံပေါ့...မင်းကမြို့ပြင်ကိုထွက်လာတယ်ဆိုမှတော့ မင်းသေဖို့အချိန်တန်ပြီ"
မုတ်ဆိတ်နီသည် သူ၏ခြေထောက်ကိုကန်ကျောက်ကာ မြင်းကိုလှုပ်ရှားစေလိုက်သည်။ထို့နောက် သူသည်ထို့ပါဟောင်ထံသို့ပြေးဝင်သွားခဲ့ပြီး သူ့နောက်ရှိဓားပြများသည်လည်း သူတို့ခေါင်းဆောင်နောက်သို့ထပ်ကြပ်မကွာလိုက်ပါလာကြသည်။
သူသာ ထို့ပါဟောင်နှင့်သူ၏တပ်ဖွဲ့ကိုသတ်ဖြတ်နိုင်ပါက အောင်ပွဲရရှိမည်ကို မုတ်ဆိတ်နီကနားလည်နေခဲ့သည်။ရတ်ချက်မြို့သည် ဤဒေသတစ်ခုလုံး၌ အချက်အချာကျသောမြို့ဖြစ်ရာ စွန့်စားသူများ၊ကုန်သည်များ ခရီးတစ်ထောက်နားရာနေရာဖြစ်၍ ရတနာများစွာရှိနေမှာဖြစ်သည်။
...
...
နှစ်ဖက်လုံးသည် အပြန်အလှန်ပြင်းထန်စွာတိုက်ခိုက်နေကြရာ ကြီးမားသည့်လှိုင်းလုံးကြီးနှစ်ခု ရိုက်ခတ်မိသည်နှင့်တူနေခဲ့သည်။
ဘန်း...
ပြင်းထန်သောရိုက်ခတ်မှုနှင့်အတူ ပေါက်ကွဲသံနှင့်ဆင်တူသော အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
ထို့ပါဟောင်၏ဓားရှည်နှင့်မုတ်ဆိတ်နီ၏ဓားသည် လေထဲတွင်အကြိမ်ပေါင်းများစွာ တိုက်ခိုက်မိခဲ့ကြသည်။သူတို့နှစ်ယောက်လုံးသည် အလွန်သန်မာကြပြီး ထူးခြားသောသိုင်းပညာများကိုထုတ်ဖော်ပြသခဲ့ကြသည်။သို့ရာတွင် ထို့ပါဟောင်၏ခွန်အားသည် မုတ်ဆိတ်နီနှင့် ယှဉ်လျင်အားနည်းနေကြောင်း တွေ့မြင်နိုင်သည်။
ထို့ပါဟောင်သည် တတိယအဆင့်သူရဲကောင်းတစ်ယောက်ဖြစ်ကာ မုတ်ဆိတ်နီသည် စတုတ္ထအဆင့်သူရဲကောင်းတစ်ယောက်ဖြစ်သည်။မုတ်ဆိတ်နီသည် ပဥ္စမအဆင့်သို့ပင်ခြေတစ်လှမ်းလှမ်းထားသည့် စတုတ္ထအဆင့်သူရဲကောင်းဖြစ်ရာ ထို့ပါဟောင်ရှုံးနိမ့်တော့မည်ဖြစ်ကြောင်း လူတိုင်းတွေ့မြင်ကြသည်။
ထို့ကြောင့် ထို့ပါဟောင်သည် သူ၏မြင်းပေါ်မှနေ၍ ချက်ချင်းခုန်ဆင်းသွားခဲ့သည်။သူသည်မြေပြင်ပေါ်၌ဆိုပါက မုတ်ဆိတ်နီအားတန်ပြန်တိုက်ခိုက်နိုင်ရန် သူ၏ထူးခြားသောသိုင်းပညာနှင့်လှုပ်ရှားမှုနည်းစနစ်တို့အား အသုံးပြုနိုင်ပေသည်။မူလက ထို့ပါဟောင်သည်သူ၏ကိုယ်ပိုင်စွမ်းအားကို အချိန်တစ်ခုအထိမြင့်တက်စေမယ့် လျှို့ဝှက်နည်းစနစ်အားအသုံးပြုရန်စီစဉ်ထားသော်လည်း ယခုမူရှောင်ယုကသူ့အားအကူအညီပေးမည်ဖြစ်၍ ထိုသို့ပြုလုပ်မှာမဟုတ်တော့ပေ။
ထို့ပြင် သူ၏ဆရာဖြစ်သူက ထိုလျှို့ဝှက်နည်းစနစ်ကိုတစ်ခါအသုံးပြုတိုင်း သူ၏ခန္ဓာကိုယ်အား ဆိုးဆိုးရွားရွားထိခိုက်စေမည်ဟု သတိပေးခဲ့၍ နောက်ဆုံးဝှက်ဖဲအဖြစ်သာအသုံးပြုရန် သတိပေးခဲ့သည်။
ထို့ကြောင့် ထို့ပါဟောင်သည် ရှောင်ယုအားတွေ့မြင်ပြီးနောက်တွင် ထိုကျွမ်းကျင်မှုအား အသုံးမပြုတော့ဘဲ ရှောင်ယုရောက်ရှိလာသည်အထိ မုတ်ဆိတ်နီအားခုခံထားခဲ့သည်။
ထို့ပါဟောင်သည် ရှောင်ယု၏အင်အားကိုသတိပြုမိပေသည်။ရှောင်ယုသည် တတိယအဆင့်သူရဲကောင်းသာဖြစ်သော်လည်း ထို့ပါဟောင်ထက်များစွာပိုမိုအားကောင်းပေသည်။ထို့ပြင် ရှောင်ယုထုတ်ဖော်နိုင်သည့် ပေါက်ကွဲနိုင်စွမ်းကလည်း ထိတ်လန့်ဖွယ်ကောင်းလှပေသည်။သို့ဖြစ်ရာ သူတို့နှစ်ဦးသာပူးပေါင်းလိုက်မည်ဆိုပါက မုတ်ဆိတ်နီအား လွယ်လွယ်ကူကူဖယ်ရှားနိုင်မည်ဟု ထို့ပါဟောင်ကယုံကြည်ခဲ့သည်။
သတ်...
နှစ်ဖက်လုံးသည် ရှည်ရှည်ဝေးဝေးစဉ်းစားမနေဘဲ တစ်ယောက်ကိုတစ်ယောက်သတ်ဖြတ်နေကြသည်။လက်ရှိအခိုက်အတန့်သည် တိုက်ပွဲ၏အရေးအကြီးဆုံးအချိန်ဖြစ်ကြောင်း လူတိုင်းနားလည်ကြသည်။ဓားပြများနှင့်မြို့ခံများသည် သူတို့၏စွမ်းအားကိုလုံးဝမချန်လှပ်ဝံ့ကြပေ။အမှန်အတိုင်းပြောရလျှင် ကုန်သည်အဖွဲ့များ၏စွမ်းအားသည် ဓားပြများထက်ပိုများသော်လည်း သူတို့သည်တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေကြသည်။အကယ်၍ မုတ်ဆိတ်နီဓားပြများသာ မြို့ထဲဝင်ရောက်လာပါက သူတို့သည်ငြိမ်ငြိမ်နေ၍ရမှာမဟုတ်ပေ။
တိုက်ပွဲသည် ရှေ့မတိုးနောက်မဆုတ်ဖြစ်နေခဲ့သည်။သ်ို့သော်လည်း တိုက်ပွဲဖြစ်ပွားရာနေရာ၌ အလောင်းများနှင့်ပြည့်နှက်နေကာ စက္ကန့်တိုင်းလိုလိုပင် လူပေါင်းဒါဇင်နှင့်ချီသေဆုံးနေကြရသည်။နှစ်ဖက်လုံးသည် အသေအပျောက်၅၀၀၀ကျော်လာခဲ့သော်လည်း ကာကွယ်သူများသည် ဓားပြများထက်ပိုမိုဆုံးရှုံးခဲ့သည်။မုတ်ဆိတ်နီသည် သူဓားပြအဖြစ်စတင်လုပ်ကိုင်စဉ်ကတည်းက ယခုလိုများပြားသည့်အသေအပျောက်ကိုရင်မဆိုင်ခဲ့ရပေ။
မည်သို့ပင်ဆိုစေ ယခုအချိန်ရောက်မှ သူ၏ဓားပြများကိုနောက်ဆုတ်ရန် အမိန့်ပေးလိုလျှင်ပင် အချိန်နှောင်းသွားပြီဖြစ်ကြောင်း မုတ်ဆိတ်နီနားလည်ပေသည်။ယခုအချိန်၌ တစ်ခုတည်းသောရွေးချယ်စရာမှာမြို့အားသိမ်းပိုက်ရန်ဖြစ်သည်။သူတို့သာနောက်ဆုတ်လိုက်ပါက ယခုထက်ပိုမိုများပြားသည့် အကျအရှုံးနှင့်ရင်ဆိုင်ရမည်ဖြစ်သည်။ထို့ပြင်အချိန်အတော်ကြာတိုက်ခိုက်ပြီးနောက် စွန့်စားသူများ၊အစောင့်များနှင့်မြို့ခံများသည် တိုက်ပွဲဝင်လိုစိတ်လျော့ကျလာမည်ဟု မုတ်ဆိတ်နီယုံကြည်ခဲ့သည်။
သို့သော်လည်း သူသည်ရှောင်ယု၏အခန်းကဏ္ဍကို သူ၏အစီအစဉ်၌ထည့်မတွက်မိခဲ့ပေ။သူစေလွှတ်ခဲ့သော သူလျှိုများသည် ရှောင်ယုနှင့်သူ၏တပ်ဖွဲ့အကြောင်းကို သတင်းပို့ပေးခဲ့သည်။သို့သော်ရှောင်ယုထံ၌ အမာခံမြင်းတပ်သား ၄၀၀ကျော်သာရှိကြောင်း သိရှိလိုက်ချိန်တွင် သူသည်များစွာဂရုမစိုက်တော့ပေ။မုတ်ဆိတ်နီသည် အပေါ့စားမြင်းတပ်သားများက ထိုအမာခံမြင်းတပ်သားများကို နောက်ကောက်ချနိုင်ပြီး တိုက်ပွဲသို့မဝင်ရောက်လာမှီတွင် ၎င်းတို့အားကျော်တက်နိုင်မည်ဟု ယုံကြည်ခဲ့သည်။
ပုံမှန်ဆိုလျှင် မုတ်ဆိတ်နီ၏အကြံအစည်သည် မှန်ကန်နိုင်သော်လည်း ယခုလိုနှစ်ဖက်လုံးအပြင်းအထန်တိုက်ခိုက်နေကြချိန်တွင် မည်သူကမှရှောင်တိမ်းရန် ဆန္ဒမရှိကြပေ။လူတိုင်းသည် သူတို့၏စွမ်းအားအလုံးစုံကိုညစ်ထုတ်တိုက်ခိုက်နေကြ၍ တိုက်ပွဲမှရုန်းထွက်ရန်မဖြစ်နိုင်ပေ။
ဤအရာအားလုံးသည် ထို့ပါဟောင်၏ကြိုတင်တွက်ချက်မှုအတွင်း၌သာ ရှိနေခြင်းဖြစ်သည်။
အနောက်တိမ်တိုက်အင်ပါယာတွင် အမာခံမြင်းတပ်သားများမရှိသော်လည်း ထို့ပါဟောင်သည် ဤကဲ့သို့သောတိုက်ပွဲမျိုးတွင် အမာခံမြင်းတပ်သားများ၏ အခန်းကဏ္ဍအားတွေ့မြင်နိုင်ခဲ့သည်။သူသည် လက်ရှိအခြေအနေသို့ရောက်ရှိလာရန် အစီအစဉ်များကိုဂရုတစိုက်ချမှတ်ခဲ့ရသည်။
"အိုး...မင်းကမင်းသားထို့ပါဟောင်မဟုတ်ဘူးလား...ဟားဟား...ဒီနေ့ကငါ့ရဲ့ကံကောင်းတဲ့နေ့တစ်နေ့ပဲ မင်းကိုသတ်ပြီးသွားရင် ငါ့ရဲ့ဂုဏ်သတင်းကနောက်ထပ်အမြင့်တစ်ခုကိုရောက်သွားလိမ့်မယ်..."
မုတ်ဆိတ်နီသည် ထို့ပါဟောင်၏အထောက်အထားကို သိရှိပြီးနောက် စိတ်လှုပ်ရှားစွာရေရွတ်လိုက်သည်။
"မင်းကငါ့ကိုသတ်ရုံနဲ့ အမြင့်တစ်နေရာကိုရောက်သွားဖို့ဘဲ မျှော်လင့်ထားတာလား...ဘာလို့ငါ့ခေါင်းကိုဖြတ်ပြီးတော့ မင်းသားတစ်ပါးဖြစ်မလာနိုင်ရမှာလဲ"
ထို့ပါဟောင်သည် တိုက်ပွဲကိုအပြည့်အဝအာရုံစိုက်နေသော်လည်း သူ၏မျက်နှာပေါ်တွင် တည်ငြိမ်မှုအားထိန်းသိမ်းထားခဲ့သည်။
"မင်းရဲ့ခေါင်းက ငါ့ကိုမင်းသားတစ်ပါးဖြစ်လာစေဖို့ မလုံလောက်ဘူး...ဒါပေမဲ့တပ်သား၁၀၀၀၀ကိုအုပ်ချုပ်ရတဲ့ ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာဖို့လုံလောက်တယ်...ဟားဟား"
မုတ်ဆိတ်နီသည် စိတ်လှုပ်ရှားစွာရယ်မောလိုက်သည်။
ထို့ပါဟောင်၏မျက်လုံးများသည် ချက်ချင်းတောက်ပလာခဲ့သည်။
"ဒါဆိုရင်...နောက်ကွယ်မှာပူးပေါင်းဆောင်ရွက်မှုတွေရှိနေတာပဲ...ရာဇပလ္လင်ကိုသိမ်းပိုက်နိုင်ဖို့ သူ့ရဲ့ပြိုင်ဘက်တွေကိုဖယ်ရှားချင်နေတဲ့ မင်းသားတစ်ပါးရှိမှာပေါ့...ငါကလွယ်လွယ်အသေခံမယ်လို့ မင်းထင်နေတာလား"
"မင်းက သခင်အောင်းတုရဲ့တပည့်ဖြစ်နေတာနဲ့ပဲ မင်းကိုယ်မင်းတန်ခိုးရှင်လို့ထင်နေတာလား...မင်းကတတိယအဆင့်သူရဲကောင်းတစ်ယောက်ဖြစ်ပြီး ဒီခွန်အားကွာဟချက်ကိုမချိုးဖျက်နိုင်ဘူး...ဒီနေ့ကမင်းသေရမယ့်နေ့ပဲ"
မုတ်ဆိတ်နီက လှောင်ပြောင်ပြောဆိုလိုက်သည်။
ထိုအခိုက်အတန့်တွင် ထို့ပါဟောင်သည် မုတ်ဆိတ်နီအားပြုံးပြလိုက်သည်။
"ဟုတ်လား..."
မုတ်ဆိတ်နီသည် ထို့ပါဟောင်၏မျက်နှာပေါ်၌ ထူးဆန်းသောအပြုံးကိုတွေ့မြင်လိုက်ရချိန်တွင် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားလိုက်ရသည်။မုတ်ဆိတ်နီသည် ရုတ်တရက်ဆိုသလို မြင်းခွာသံများကိုကျယ်လောင်စွာကြားလိုက်ရသည်။စစ်မြေပြင်တစ်ခုလုံးသည် ဖရိုဖရဲဖြစ်နေသော်လည်း စတုတ္ထအဆင့်သူရဲကောင်းတစ်ဦးဖြစ်သော မုတ်ဆိတ်နီ၏အကြားအာရုံသည် လူအများစုထက်များစွာသာလွန်ကောင်းမွန်နေခဲ့သည်။ထို့ကြောင့် သူသည် စစ်မြေပြင်၌ ပုံမှန်မဟုတ်သောမြင်းတပ်ဖွဲ့တစ်ခု၏ လှုပ်ရှားမှုကိုချက်ချင်းတွေ့လိုက်ရသည်။
သို့သော်လည်း သူသည်ထိုလှုပ်ရှားမှုအား သတိပြုမိလိုက်သောအခါတွင် အလွန်နောက်ကျသွားပြီဖြစ်သည်။သူသည် အသံကြားရာဘက်သို့လှည့်ကြည့်လိုက်ချိန်တွင် ဓားပြများသည် အမာခံမြင်းတပ်သားများ၏ ဓားရှည်များအကြား၌သေဆုံးနေသည်ကိုသာ တွေ့လိုက်ရသည်။ထိုမြင်းတပ်သားများသည် စစ်မြေပြင်၌ ရေစီးကြောင်းတစ်ခုလ်ိုရွေ့လျားနေကာ သူတိုလမ်းကြောင်း၌ပိတ်ဆို့နေသမျှ ဓားပြများကိုသတ်ဖြတ်ကြသည်။
"အမာခံမြင်းတပ်..."
မုတ်ဆိတ်နီသည် မျက်နှာပျက်ကာ အော်ဟစ်လိုက်သည်။သူသည်အမာခံမြင်းတပ်သားများအပေါ် အထင်သေးမိသောသူ၏အမှားကို နောင်တရရန် နောက်ကျသွားခဲ့ပြီဖြစ်သည်။