← Chapters

အခန်း (၂၃၂-၂၃၄)

Vol. 16 Ch. 232-234

အခန်း (၂၃၂-၂၃၄)

Vol. 16 Ch. 232-234

အခန်း ၂၃၂ -ပြတ်သားသည့်အခန်းကဏ္ဍ

မုတ်ဆိတ်နီသည် ရတ်ချက်မြို့၌တပ်စွဲထားခဲ့သော အမာခံမြင်းတပ်သားများအကြောင်းကို ကြိုတင်သတင်းရထားပြီးဖြစ်သည်။

သို့သော်လည်း အနောက်တိမ်တိုကအင်ပါယာတွင် မည်သူကမှ အမာခံမြင်းတပ်သားကိုဂရုမစိုက်ကြသလို သူတို့၏တည်ရှိမှုကိုလည်း စိတ်မဝင်စားခဲ့ကြပေ။

သို့သော်လည်း မုတ်ဆိတ်နီသည် ထိုအမာခံမြင်းတပ်သားများက တိုက်ပွဲရေစီးကြောင်းကိုပြောင်းလဲစေမည်ဟု မထင်မှတ်ထားပေ။ထို့ပြင် ထို့ပါဟောင်သည် အမာခံမြင်းတပ်သားများကို ဝှက်ဖဲအဖြစ်အသုံးပြုမည်ဟု မမျှော်လင့်ထားပေ။

ထို့ပြင်သူသည် ရှောင်ယု၏ခွန်အားနှင့်အမိန့်ပေးနိုင်စွမ်းများကို မသိရှိထားခဲ့ပေ။

အမာခံမြင်းတပ်သားများသည် ဓားပြများ၏နောက်ကျောဆီတိုးဝင်ကာ သူတို့၏ဓားရှည်များကိုဝှေ့ယမ်း၍ ဓားပြများ၏ဖင်ကိုထိုးဖောက်ရန်အတွက် သူတို့၏အမာခံချပ်ဝတ်တပ်ဆင်ထားသော မြင်းများကိုအားကိုးအားထားပြုခဲ့ကြသည်။

အမာခံမြင်းတပ်သားများ၏ ဝင်ရောက်လာမှုသည် တိုက်ပွဲအပေါ်၌ ကြီးမားသည့်အကျိုးသက်ရောက်မှုအား ဖြစ်ပေါ်စေခဲ့သည်။အမာခံမြင်းတပ်သားများသည် အရှိန်အဟုန်ဖြင့် ဓားပြများ၏ဖွဲ့စည်းပုံတ‌လျှောက်ကို ထိုးဖောက်ဝင်ရောက်နေခဲ့ကြသည်။အမှန်တော့ ဓားပြများသာ တစ်စုတစည်းတည်းရှိနေပါက အမာခံမြင်းတပ်သားများသည် သူတို့အားပြတ်ပြတ်သားသားချေမှုန်းရန် အခက်တွေ့နိုင်သော်လည်း ဓားပြများကအုပ်စုကွဲနေလေရာ အမာခံမြင်းတပ်သားများသည် သိုးအုပ်ထဲရောက်သွားသည့် ဝံပုလွေများနှင့်ဆင်တူနေခဲ့သည်။

အမာခံမြင်းတပ်သားများသည် မျက်စိတစ်မှိတ်အတွင်း ဓားပြများ၏အလယ်ဗဟိုသို့ရောက်ရှိသွားခဲ့သည်။ အမာခံမြင်းတပ်ဖြတ်သွားသည့်နေရာတိုင်းတွင် ဓားပြများသည်အပြိုပြိုအလဲလဲဖြစ်သွားခဲ့သည့်အပြင် သူတို့၏မြင်းများပေါ်မှနေ၍ မြေပြင်ပေါ်သ်ို့ဆက်တိုက်ပြုတ်ကျနေခဲ့သည်။မြေပြင်ပေါ်သို့ပြုတ်ကျလာသည့်ဓားပြများသည် အမာခံမြင်းတပ်သားများသို့မဟုတ် သူတို့၏ကိုယ်ပိုင်မြင်းများမတော်တဆကန်ကျောက်မိမှုတို့ကြောင့် ဒဏ်ရာပြင်းထန်စွာရသွားကြသည်။စွန့်စားသူများနှင့်အစောင့်များသည် ထိုမြင်ကွင်းကိုတွေ့မြင်ချိန်တွင် စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်ကြကာ အခွင့်အရေးကိုအမိအရဖမ်းဆုပ်နိုင်ရန် ကြိုးစားလာကြသည်။

အစောပိုင်းတွင် ဓားပြများသည်အသာစီးရနေသော်လည်း ထိုအခြေအနေသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။အစောင့်များနှင့်စွန့်စားသူများသည် ပြန့်ကျဲနေပုံရသောဓားပြများကို သတ်ဖြတ်ရန်ဝိုင်းအုံလာကြသည့်အတွက် သူတို့၏ခွန်အားသည်များစွာလျော့ကျသွားခဲ့ရသည်။

တစ်ဖက်တွင် အမာခံမြင်းတပ်သားများ၏အရှိန်သည် အနည်းငယ်လျော့ကျသွားသော်လည်း သူတို့၏စွမ်းအားကိုရပ်တန့်နိုင်မည်သူမရှိခဲ့ပေ။အမာခံမြင်းတပ်သားများသည် ယခုလိုပုံစံမျိုးဖြင့်တိုက်ခိုက်လာကြသည့်အခါတွင် အပေါ့စားမြင်းတပ်သားများသည် မည်သို့မှမတားဆီးနိုင်ကြပေ။သူတို့အကောင်းဆုံးလုပ်ဆောင်နိုင်သည်မှာ အမာခံမြင်းတပ်သားများ၏တိုက်ခိုက်မှုမှလွတ်မြောက်ရန် သူတို့၏မြင်းများကိုဒုန်းစိုင်းပြေးနှင်စေခြင်းဖြစ်သည်။

အမှန်တော့ ဓားပြအများစုသည် သွက်လက်စွာလှုပ်ရှားနိုင်ကြသော်လည်း အမာခံမြင်းတပ်သားများ၏ ဓားရှည်များကိုအချိန်တိုင်းရှောင်တိမ်းနေရန် လုံးဝမဖြစ်နိုင်ပေ။အမာခံမြင်းတပ်သားများသည် ဓားပြများကိုမတိုက်ခိုက်နိုင်လျင် သူတို့စီးနင်းနေသောမြင်းများကိုဦးတည်၍ ပြင်းထန်စွာတိုက်ခိုက်ကြသည်။

ဓားပြများ၏မြင်းများသည် အမာခံမြင်းတပ်သားများ၏တိုက်ခိုက်မှုကိုခံရချိန်တွင် ကျယ်လောင်စွာအော်ငြီးကာ မြေပြင်ပေါ်သို့ချက်ချင်းလဲချလိုက်ကြသည်။ဤသို့ဖြင့် မြင်းများကိုထိခိုက်စေခြင်းသည် ဓားပြများကိုတိုက်ရိုက်တိုက်ခိုက်ခြင်းထက် ပိုမိုထိရောက်ပေသည်။

ထို့နောက် မြင်းများကိုဆုံးရှံးသွားသည့်ဓားပြများသည် အမာခံမြင်းတပ်သားများ၏အမြင်တွင် ပုရွက်ဆိတ်များဖြစ်သွားကြသည်။ဤသို့ဖြင့် အချိန်အတော်ကြာပြီးနောက် အမာခံမြင်းတပ်သားများ၏အရှိန်သည် စတင်လျော့ကျလာသော်လည်း ထိုသို့အရေးကြီသည့်အခိုက်အတန့်တွင် အမာခံမြင်းတပ်သားများသည် အရှိန်မြင့်တင်သည့်အစွမ်းကိုအသုံးပြုလာကြသည်။ထို့ကြောင့် ဓားပြများသည်သူတို့အားအထပ်ထပ်ဝိုင်းရံထားသော်လည်း အမာခံမြင်းတပ်သားများသည် ထိုပိတ်ဆို့မှုကိုထိုးဖောက်ကာ ဓားပြများ၏အသက်ကိုအဆက်မပြတ်နှုတ်ယူလိုက်ကြသည်။

အမာခံမြင်းတပ်သားများသည် ယခုအချိန်တွင် စစ်မြေပြင်၏ဘုရင်သဖွယ်ဖြစ်နေခဲ့သည်။အနောက်တိမ်တိုက်အင်ပါယာ၏ အပေါ့စားမြင်းတပ်သားများသည် ယခုအချိန်တွင်သူတို့လုံးဝခုခံနိုင်စွမ်းမရှိသော အမာခံမြင်းတပ်၏စွမ်းအားကို ရင်ဆိုင်နေကြရသည်။

အမာခံမြင်းတပ်သားအရေအတွက်သည် ၄၀၀ခန့်သာရှိသော်လည်း သူတို့သည် ဓားပြများ၏စိတ်ဆန္ဒကိုဖြိုခွဲရန်လုံလောက်ပေသည်။ယခုအခါ ဓားပြများ၏ဖွဲ့စည်းပုံသည် လုံးဝပြိုကွဲသွားခဲ့ပြီဖြစ်သည်။ဤတိုက်ခိုက်မှုအပြီးတွင် စွန့်စားသူများ၊အစောင့်များနှင့်သာမန်မြို့ခံများသည် ကြီးမားသောအားသာချက်ကို ရရှိခဲ့ကြကာ ဓားပြများသည်ရှုံးနိမ့်မှုဘက်သို့ ဦးတည်လာခဲ့သည်။

မုတ်ဆိတ်နီသည် ထိုမြင်ကွင်းကိုတွေ့မြင်လိုက်ရချိန်တွင် အံကိုတင်းတင်းကြိတ်ထားလိုက်သည်။သို့သော် ဤတိုက်ပွဲရလဒ်ကိုပြောင်းလဲရန်အတွက် သူလုပ်ဆောင်နိုင်သည့်အရာမရှိပေ။လက်ရှိအခြေအနေအရဆိုလျှင် သူ၏ကိုယ်ပိုင်အသက်ကိုကယ်တင်ခြင်းသည် အကောင်းဆုံးဖြစ်ပေသည်။

"ဒီနေ့မင်းအရမ်းကံကောင်းနေတာပဲ...ဒါပေမဲ့ ဒီတစ်ခေါက်နဲ့ပြီးသွားလိမ့်မယ်လို့ မင်းမထင်လိုက်နဲ့... မင်းကမုတ်ဆိတ်နီကိုစော်ကားမိလို့ နောင်တရစေရမယ်"

မုတ်ဆိတ်နီသည် ထို့ပါဟောင်ကိုသတ်ဖြတ်ရန်မကြိုးစားတော့ဘဲ ဆုတ်ခွာရန်စီစဉ်ခဲ့သည်။

"မင်းထွက်သွားချင်တိုင်း ထွက်သွားလို့ရမယ်ထင်နေတာလား..."

ထို့ပါဟောင်က ပြုံး၍ပြောလိုက်သည်။

"ငါလုပ်ချင်တာကို ငါလုပ်မယ်...ငါ့ကိုဘယ်သူကမှတားလို့မရဘူး..."

မုတ်ဆိတ်နီက လှောင်ပြောင်ပြောဆိုလိုက်သည်။

"တကယ်လားးး..."

ထိုအချိန်တွင် မုတ်ဆိတ်နီ၏နံဘေးမှ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။မုတ်ဆိတ်နီသည် သူ့ထံသို့ပြင်းထန်သောစွမ်းအင်လှိုင်းတစ်ခုရိုက်ခတ်လာသည်ကို ခံစားမိလိုက်သည့်အတွက်ကြောင့် အံ့သြသွားခဲ့သည်။သူသည် ချက်ချင်းပင်သူ၏ခန္ဓာကိုယ်ကိုလှည့်၍ ဓားကိုမြှောက်ကာခုခံလိုက်သည်။ထို့နောက် ပြင်းထန်သောထိတွေ့မှုတစ်ခုဖြစ်ပွားခဲ့ကာ ထိုတိုက်ခိုက်မှုအားတားဆီးနိုင်ခဲ့သော်လည်း မုတ်ဆိတ်နီ၏လက်သည်ထုံကျင်သွားခဲ့ရသည်။

"အစွမ်းထက်လိုက်တာ...ဒါကဘယ်သူလဲ...ဒီလိုစွမ်းအားတွေထုတ်ဖော်နိုင်တယ်ဆိုမှတော့ သူကစတုတ္ထအဆင့်သူရဲကောင်းတစ်ယောက်ပဲဖြစ်ရမယ်...တကယ်လို့သူသာ ထို့ပါဟောင်နဲ့တွဲမိသွားရင် ငါ့အတွက်အန္တာရယ်ဖြစ်လာလိမ့်မယ်"

ရှောင်ယုသည် ထို့ပါဟောင်နှင့်မုတ်ဆိတ်နီတို့တိုက်ခိုက်နေသည့်နေရာသို့အရောက်တွင် မြင်းပေါ်မှခုန်ဆင်းလိုက်သည်။မုတ်ဆိတ်နီသည် ထွက်ပြေးရန်ကြိုးစားနေကြောင့် ရှောင်ယုနားလည်လိုက်သော်လည်း သူ့အားလွတ်မြောက်ခွင့်ပေးရန် အစီအစဉ်မရှိပေ။ရှောင်ယုသည် တိုက်ပွဲကိုအနိုင်ရလိုပါက ရှင်ဘုရင်အားဖမ်းဆီးရမည်ကိုနားလည်ပေသည်။

ထို့ပြင် ရှောင်ယုသည် မုတ်ဆိတ်နီ၏စခန်းတွင်ရှိနေသော ရတနာများအပေါ် များစွာစိတ်ဝင်စားမှုရှိပေသည်။

ဝှစ်....

ရှောင်ယုသည် အန္တိမခုတ်ပိုင်းချက်ကို အသုံးပြုကာ မုတ်ဆိတ်နီအားခုတ်ချလိုက်ပြီး မုတ်ဆိတ်နီကလည်း ထိုတိုက်ခိုက်မှုအားလှည့်၍ပိတ်ဆို့လိုက်သည်။တစ်ချိန်တည်းမှာပင် ထို့ပါဟောင်သည်သူ၏ဓားကိုဝှေ့ယမ်းကာ ရှေ့တိုးလာခဲ့သည်။ထိုအခိုက်အတန့်တွင် အပြာရောင်အလင်းတန်းများသည် ညကောင်းကင်၌ကြယ်များတောက်ပနေသကဲ့သို့ ထို့ပါဟောင်၏ဓားမှထွက်ပေါ်လာခဲ့သည်။

ထိုအပြာရောင်အလင်းတန်းသည် မုတ်ဆိတ်နီအတွက်ကြီးမားသည့် ပြဿနာဖြစ်သည်။မုတ်ဆိတ်နီသည် ထောင်ချောက်အတွင်း၌နစ်မြုပ်နေသကဲ့သို့ခံစားလိုက်ရကာ နှေးကွေးလေးလံသွားခဲ့သည်။

"ဒီမင်းသားက သူ့အစွမ်းတွေကိုအပြည့်အဝအသုံးမပြုထားဘူး..."

ထို့ပါဟောင်သည် သူ၏ခွန်အားကိုအပြည့်အဝအသုံးမပြုဘဲ သူ့အားအချိန်ဆွဲတိုက်ခိုက်ထားကာ သူ့အားကူညီပေးမယ့်သူရောက်ရှိလာသည်ကိုစောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း မုတ်ဆိတ်နီသတိပြုမိပေသည်။ထိုမင်းသားသည် သူ၏ဓားပြအဖွဲ့က်ိုချေမှုန်းပြီးနောက် သူ၏အသက်ကိုပင်လိုလားနေခဲ့သည်။

"ငါထွက်ပြေးမှဖြစ်မယ်"

မုတ်ဆိတ်နီသည် တိုးတိုးလေးရေရွတ်လိုက်သော်လည်း ထို့ပါဟောင်၏ထူးဆန်းသောလှုပ်ရှားမှုက သူ့အားချုပ်နှောင်ထားသလို ရှောင်ယုကလည်း သူ့အားအဆက်မပြတ်ပြင်းပြင်းထန်ထန်တိုက်ခိုက်နေခဲ့သည်။နှစ်ယောက်လုံးသည် သူ့အားနည်းမျိုးစုံဖြင့်ပိတ်ဆို့ထားခဲ့ကာ လွတ်မြောက်ရန်အခွင့်အရေး အနည်းငယ်မျှကိုပင်မပေးခဲ့ပေ။

မုတ်ဆိတ်နီသည် အံကြိတ်လိုက်ပြီး သူ၏ဓားကိုဝှေ့ယမ်းလိုက်သည်။ထို့နောက် သူ၏ခန္ဓာကိုယ်သည် လျှပ်စီးလက်သလိုတုန်ခါသွားကာ အရှိန်အဟုန်ပြင်းထန်သည့် မရေမတွက်နိုင်သောလေဓားများကို ထို့ပါဟောင်နှင့်ရှောင်ယုထံသို့ပစ်လွှတ်လိုက်သည်။စတုတ္ထအဆင့်သူရဲကောင်းတစ်ဦးမှ ပစ်လွှတ်လိုက်သောလေဓားများသည် သာမန်လူတစ်ဦးခုခံနိုင်ရန် မဖြစ်နိုင်သည့်အဆင့်တွင်ရှိသည်။

ရှောင်ယုသည် ထိုတိုက်ခိုက်မှုအားတားဆီးနိုင်ရန်အတွက် လေပွေကျွမ်းကျင်မှုအားအသက်သွင်းလိုက်ကာ ထို့ပါဟောင်သည်ကား ကခုန်နေသည့်ပုံစံဖြင့် သူ၏ဓားကိုဝှေ့ယမ်းလိုက်ရာ ထိုလေဓားများကိုခုခံနိုင်သည့်အကာအရံအချို့ဖြစ်ပေါ်လာခဲ့သည်။သို့သော်ထို့ပါဟောင်စည် လေဓားသွားတစ်ဒါဇင်ကျော်ခန့်ထိမှန်ခံလိုက်ရပြီး ခြေလှမ်းတစ်ဒါဇင်ကျော်ခန့်နောက်သို့ဆုတ်ခွာပေးလိုက်ရသည်။

"သူကတော်တော်အစွမ်းထက်လွန်းတယ်..."

ထို့ပါဟောင်သည် သူ၏လက်များထုံကျင်နေမှုကိုခံစားလိုက်ရသည်။သူသည် မုတ်ဆိတ်နီ၏စစ်မှန်သောခွန်အားကိုလျော့တွက်မိလိုက်ကြောင်း ယခုအခါမှနားလည်သွားခဲ့သည်။သူသည် သူ၏ခွန်အားကိုမြင့်တင်ရန်အတွက် လျှို့ဝှက်နည်းစနစ်ကိုအသုံးပြုထားခဲ့လျှင်ပင် မုတ်ဆိတ်နီအားလွှမ်းမိုးနိုင်မည်မဟုတ်ပေ။

"သူသာထွက်ပြေးသွားရင် ငါတို့အမှီလိုက်နိုင်မှာမဟုတ်ဘူး..."

မုတ်ဆိတ်နီသည် ဤအခြေအနေအားအခွင့်ကောင်းယူကာ ထွက်ပြေးရန်ကြံစည်နေ၍ ထို့ပါဟောင်ကအော်ဟစ်လိုက်သည်။အကယ်၍ မုတ်ဆိတ်နီသာထွက်ပြေးသွားပါက သူတို့သည်မုတ်ဆိတ်နီအားသတ်ဖြတ်နိုင်မယ့် အခွင့်အရေးကိုဆုံးရှံးရမည်ဖြစ်ကြောင်း ထို့ပါဟောင်နားလည်လိုက်သည်။

သို့သော်လည်း ရှောင်ယုသည် ထွက်ပြေးနေသောမုတ်ဆိတ်နီ၏ပြေးလမ်းကိုပိတ်ဆို့ရန်အတွက် သူရဲကောင်းဆန်စွာခုန်လွှားခြင်းကိုအသုံးပြုကာ ချက်ချင်းအမှီလိုက်သွားခဲ့သည်။

"နောက်ထပ်ကျွမ်းကျင်မှုတစ်ခုလား..."

ရှောင်ယုသည် သူရဲကောင်းဆန်စွာခုန်လွှားခြင်းအား ထုတ်ဖော်လိုက်သည့်အချိန်ခဏတွင် ထို့ပါဟောင်သည်အံ့အားသင့်သွားခဲ့သည်။ထို့နောက် ရှောင်ယုနောက်သို့လိုက်သွားကာ မုတ်ဆိတ်နီဆီသို့အပြေးအလွှားသွားရောက်တားဆီးလိုက်သည်။

မုတ်ဆိတ်နီသည် သူ၏ရုတ်တရက်တိုက်ခိုက်မှုကြောင့် ရှောင်ယုနှင့်ထိုပါ့ဟောင်တို့အားနောက်ချန်ရစ်ထားခဲ့ကာ သူထွက်ပြေးနိုင်မည်ဟုတွေးတောမိခဲ့သည်။သို့သော်လည်း ရှောင်ယုသည်အလွန်လျင်မြန်စွာ ပြန်လည်သတိဝင်လာကာ သူ့နောက်သို့ချက်ချင်းအမှီလိုက်လာမည်ဟု မုတ်ဆိတ်နီကမမျှော်လင့်ထားခဲ့ပေ။

ဒီကောင်က တိုက်ပွဲစွမ်းအင်တွေခုထိမကုန်သေးဘူးလား...ဒီကောင်ရဲ့ခန္ဓာကိုယ်ကို ဘာတွေနဲ့ထုလုပ်ထားတာလဲ...

ရှောင်ယုသည် သူ့အားအမှီလိုက်နိုင်သည်ကို မြင်တွေ့လိုက်ရ၍ မုတ်ဆိတ်နီသည် ဒေါသတကြီးအံကြိတ်မိလိုက်သည်။ထိုအချိန်တွင် ရှောင်ယုက နောက်ထပ်တစ်ကြိမ်အန္တိမခုတ်ပိုင်းချက်ကို ထုတ်ဖော်လိုက်သည့်အတွက်ကြောင့် မုတ်ဆိတ်နီသည် ဆက်လက်ထွက်ပြေးနိုင်ခြင်းမရှိတော့ဘဲ ရှောင်ယု၏တိုက်ခိုက်မှုအားခုခံရန် နောက်သို့လှည့်လိုက်ရသည်။ထိုသို့မဟုတ်ပါက သူသည်ချက်ချင်းသတ်ဖြတ်ခံရမည်ဖြစ်သည်။

ထို့ပါဟောင်သည်လည်း ထိုအခြေအနေကို အခွင့်ကောင်းယူကာ မုတ်ဆိတ်နီထွက်မပြေးနိုင်အောင် ပိတ်ဆို့တိုက်ခိုက်လိုက်သည်။

အခန်း ၂၃၃ - မုတ်ဆိတ်နီအစစ်ကဘယ်သူလဲ

ရှောင်ယုနှင့်ထို့ပါဟောင်တို့သည် အတူတူပူးပေါင်း၍ မုတ်ဆိတ်နီအားဆန့်ကျင့်တိုက်ခိုက်ခဲ့ကြသည်။

မုတ်ဆိတ်နီ တတိယအဆင့်သူရဲကောင်း၁၀ယောက်ကို တပြိုင်နက်တည်းတိုက်ခိုက်နိုင်သည့် အမြင့်ဆုံးအဆင့်စတုတ္ထသူရဲကောင်းဖြစ်သည်။သို့သော်လည်း ယနေ့တွင်သူသည် တတိယအဆင့်သူရဲကောင်းနှစ်ယောက်ကြောင့် ပြသနာတက်နေခဲ့သည်။ရှောင်ယုသည် စွမ်းအားကြီးမားသလို ထို့ပါဟောင်သည်လည်း အောင်းတူ၏တပည့်ဖြစ်ပေရာ ရှောင်ယုထက်နိမ့်ကျခြင်းမရှိပေ။ထို့ပြင် မုတ်ဆိတ်နီသည်ထွက်ပြေးရန်ကြိုးစားချိန်တိုင်း ရှောင်ယုကအလိုက်သင့်တားဆီးထားခဲ့သည်။

ထိုအချိန်တွင်ဓားပြများသည် စွန့်စားသူများနှင့်အစောင့်များ၏ရက်စက်စွာသတ်ဖြတ်မှုဒဏ်ကို အလူးအလဲခံစားနေရသည်။ထိုဓားပြများသည် မြို့နေလူထု၏အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်ပေရာ ယခုလိုအခြေအနေမျိုးတွင် အစောင့်များသည် သူတို့နှစ်ပေါင်းများစွာကြာအောင်ခံစားခဲ့ရသည့် ပင်ပန်းဆင်းရဲမှုများကို အတိုးချပေးဆပ်ရန်အခွင့်အရေးရနေခြင်းဖြစ်သည်။

မုတ်ဆိတ်နီသည် ရှောင်ယုတို့ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ထွက်ပြေးရန်အခွင့်မသာခဲ့ပေ။ထို့ကြောင့်သူနှင့်နီးစပ်သောဓားပြအချို့သည် မုတ်ဆိတ်နီထွက်ပြေးလွတ်မြောက်စေရန်အတွက် ရှောင်ယုနှင့်ထို့ပါဟောင်အားတိုက်ခိုက်ရန် မုတ်ဆိတ်နီဆီသို့ပြေးလာကြသည်။

"အစ်ကိုကြီး...ပြေး...မြန်မြန်ပြေး"

ထိုဓားပြများသည် သူတို့၏အသက်ကိုပင်ဂရုစိုက်ခြင်းမရှိဘဲ မုတ်ဆိတ်နီထွက်ပြေးလွတ်မြောက်နိုင်ရန် အရူးအမူးပြေးဝင်တိုက်ခိုက်လိုက်ကြသည်။

သို့သော်လည်း ရှောင်ယုသည် သူရဲကောင်းဆန်စွာခုန်လွှားခြင်းကို အသုံးပြုကာ မုတ်ဆိတ်နီနောက်သို့ထပ်ကြပ်မကွာလိုက်လာခဲ့သည်။တစ်ချိန်တည်းမှာပင် ရှောင်ယုသည်ကျယ်လောင်စွာလေချွန်လိုက်သည်။

ထို့ကြောင့် မုတ်ဆိတ်နီသည်ထွက်ပြေးရန် အခွင့်မသာဘဲ ရှောင်ယုအားနောက်ထပ်တစ်ကြိမ်ရင်ဆိုင်ခဲ့ရသည်။ထိုကောင်လေးသည် သူ့အားအလွန်ပင်အရှက်ရစေပေသည်။

"ဒီကောင်ကဘယ်ကလာတာလဲ...သူကအရမ်းသန်မာတယ်...သူကတတိယအဆင့်သူရဲကောင်းဆိုတာသေချာပေမဲ့ ထူးဆန်းတဲ့ကျွမ်းကျင်မှုတွေကို အများကြီးအသုံးချနိုင်တယ်...ဒါ့အပြင်သူ့လက်ထဲကပုဆိန်က မှော်ကွန်းဝင်အဆင့်လက်နက်တစ်ခုပဲ...အဲ့ပုဆိန်နဲ့တစ်ချက်ဝှေ့ယမ်းလိုက်တိုင်း ငါ့အပေါ်က်ိုဖိအားတွေကီလိုဂရမ်ရာနဲ့ချီပြီးတော့ကျရောက်လာသလ်ိုပဲ..."

မုတ်ဆိတ်နီသည် သူ့အသက်အတွက်ထွက်ပြေးရမည့် အရေးကြီးသောအခိုက်အတန့်သို့ရောက်ရှိနေသော်လည်း သူ၏အကျင့်ဟောင်းပြန်ပေါ်လာကာ ဆန်းကြယ်ပုဆိန်အားလောဘတက်နေခဲ့ကာ ရှောင်ယုထံမှလုယက်လိုခဲ့သည်။ထိုသို့လောဘစိတ်ကြောင့် မုတ်ဆိတ်နီသည် သူထွက်ပြေးလွတ်မြောက်နိုင်မယ့်နောက်ဆုံးသောအခွင့်အရေးကို ဆုံးရှံးခဲ့ရသည်။

ဝေါင်း...

တစ်ချိန်တည်းမှာပင် စစ်မြေပြင်၌ကျယ်လောင်သောဟိန်းဟောက်သံတစ်ခုထွက်ပေါ်လာခဲ့ပြီး ထိုဟိန်းဟောက်သံကိုမကြားမိသူတစ်ယောက်မှ မရှိခဲ့ပေ။ထိုဟိန်းဟောက်သံသည် နက်ရှိင်းစွာအိပ်မောကျနေသော ရှေးခေတ်ဦးသားရဲတစ်ကောင်နိုးထလာသကဲ့သို့ တူညီနေခဲ့သည်။ထို့နောက် ကြီးမားသောပုံရိပ်ကြီးတစ်ခုသည် ရှောင်ယုရပ်နေသောနေရာသို့ ချက်ချင်းရောက်ရှိလာခဲ့သည်။ထို့နောက် သူ၏ခန္ဓာကိုယ်သည်နောက်ထပ်တစ်ကြိမ်ပျောက်ကွယ်သွားခဲ့ကာ မုတ်ဆိတ်နီ၏အနီး၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

မုတ်ဆိတ်နီသည် အလွန်အားကောင်းသည့်ဟိန်းဟောက်သံကို ကြားလိုက်ရချိန်တွင် စွမ်းအားကြီးသောကျွမ်းကျင်သူတစ်ယောက်ရောက်ရှိလာကြောင်း နားလည်လိုက်သည်။သူသည်ရှောင်ယု၏လက်နက်ကိုလောဘတက်ကာ ထွက်မပြေးမိသည့်အတွက်နောင်တရသွားသော်လည်း ယခုအချိန်၌အသုံးမဝင်တော့ပေ။ထို့နောက် မုတ်ဆိတ်နီသည် သူ့အားတိုက်ခိုက်လာသောပုံရိပ်အား ခုခံတားဆိးရန်အတွက် သူ၏ဓားကိုပင့်မြောက်လိုက်သည်။

ဘန်း....

ထိုပုံရိပ်သည် ရှောင်ယုအသုံးပြုနေသော အန္တိမခုတ်ပိုင်းချက်ကိုပင် ထပ်မံအသုံးပြုလိုက်ခြင်းဖြစ်သော်လည်း ပိုမိုကြမ်းတမ်းကာအစွမ်းထက်ပေသည်။ထိုရန်သူအသစ်၏အင်အားသည် တတိယအဆင့်သာရှိသော်လည်း ယခုရောက်ရှိလာသောရန်သူသည် သူ့အားအလွန်ခြိမ်းခြောက်နိုင်ကြောင်း မုတ်ဆိတ်နီခံစားမိသည်။ထိုလူ၏ခန္ဓာကိုယ်အား အနက်ရောင်ဝတ်ရုံတစ်ထည်ဖြင့်လွှမ်းခြုံထားပြီး မုတ်ဆိတ်နီတွေ့မြင်နိုင်သည့်တစ်ခုတည်းသောအရာမှာ မျက်လုံးတစ်စုံဖြစ်သည်။

မုတ်ဆိတ်နီသည် ထိုလူ၏မျက်လုံးများကိုစိုက်ကြည့်မိချိန်တွင် အစွမ်းထက်သောနတ်ဆိုးသားရဲတစ်ကောင်ကို စိုက်ကြည့်နေမိသည်ဟုခံစားမိလိုက်သည်။ထိုမျက်လုံးတစ်စုံမှ ထုတ်လွှတ်နေသောစူးရှမှုသည် အလွန်ပြင်းထန်ကာသူပင်ကြာကြာမစိုက်ကြည့်နိုင်ပေ။

ထိုဝတ်ရုံနက်သည် ဂရင်းမှလွဲ၍ အခြားသူမဟုတ်ပေ။

"ဒီကောင်ကဘယ်ကောင်လဲ...ငါဒီလိုစူးရှမှုမျိုးကို အောင်းတူဆီမှာပဲတွေ့မြင်ဖူးတယ်"

မုတ်ဆိတ်နီသည် ရှောင်ယုနှင့်ဂရင်းတို့ထက် ပိုမိုအစွမ်းထက်သော်လည်း သူတို့၏အစွမ်းထက်သောကျွမ်းကျင်မှုများကို မကျော်လွန်နိုင်ခဲ့ပေ။ထို့ပြင်သူသည် အချိန်အတော်ကြာအောင် တိုက်ပွဲဝင်နေခဲ့ရသည့်အတွက် သူ၏သက်လုံသည်တဖြည်းဖြည်းလျော့နည်းလာခဲ့သည်။ထို့ပါဟောင်သည် ဓားပြများကိုဖယ်ရှားပြီးနောက် မုတ်ဆိတ်နီအားရင်ဆိုင်ရာတွင်ကူညီရန် ရောက်ရှိလာခဲ့သည်။

သူသည် သခင်အောင်းတူ၏တပည့်ဖြစ်ပေရာ အောင်းတူ၏သင်ကြားပေးမှုအောက်တွင် တိုက်ပွဲစွမ်းအင်ကိုကောင်းမွန်စွာအသုံးချတတ်လာခဲ့သည်။ထို့ကြောင့် ထ်ို့ပါဟောင်သည် ရှောင်ယုကဲ့သို့ကြီးမားသောပေါက်ကွဲစွမ်းအားကိုမထုတ်ဖော်နိုင်သော်လည်း ကျွမ်းကျင်သောသိုင်းပညာကိုထုတ်ဖော်နိုင်ခဲ့သည်။

စွန့်စားသူများနှင့်အစောင့်များသည် ဓားပြများကိုသုတ်သင်ဖယ်ရှားပြီးနောက် မုတ်ဆိတ်နီ၏အသွင်အပြင်ကိုကြည့်ရှုရန် တဖြည်းဖြည်းရှေ့တိုးလာခဲ့ကြသည်။မုတ်ဆိတ်နီသည် အနောက်တိမ်တိုက်အင်ပါယာကို နှစ်ပေါင်းများစွာပျက်စီးဆုံးရှံးစေခဲ့သည့် နာမည်ကြီးဓားပြတစ်ဦးဖြစ်သည်။ကုန်သည်တိုင်းနှင့်စွန့်စားသူတိုင်း နိုင်ငံသားတိုင်းသည် သူ့အပေါ်မုန်းတီးမှုရှိကြသည်။

အား...

မုတ်ဆိတ်နီသည် သူရှုံးနိမ့်တော့မည်ဖြစ်ကြောင်း နားလည်လိုက်သော်လည်း လက်နက်ချရန်ငြင်းဆန်ခဲ့သည်။ထိုအချိန်တွင် ရှောင်ယု၏ဆန်းကြယ်ပုဆိန်သည် ပြင်းထန်စွာရိုက်ခတ်လာပြီး မုတ်ဆိတ်နီကိုမြေပေါ်လဲကျသွားစေခဲ့သည်။ထို့ပါဟောင်သည် ရှေ့သို့လျင်မြန်စွာရွေ့သွားပြီးနောက် သူ၏ဓားရှည်ကို မုတ်ဆိတ်နီ၏လည်ပင်း၌တိုးကပ်ထားလိုက်သည်။

"မုတ်ဆိတ်နီ...မင်းကငါတို့ရဲ့အကျဉ်းသားဖြစ်နေပြီ"

ထို့ပါဟောင်ကအေးစက်သောလေသံဖြင့် ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် လူတိုင်းသည်ပျော်ရွှင်သွားခဲ့ကာ ထို့ပါဟောင်ကိုဝိုင်းဝန်းချီးကျူးခဲ့ကြသည်။ထို့ပါဟောင်သည် ပြည်သူလူထုနှင့်အတူ မုတ်ဆိတ်နီကိုချေမှုန်းခဲ့သည့် ရဲရင့်သောမင်းသားတစ်ပါးဖြစ်သည်။

"မင်းသားက ငါတို့ရဲ့သူရဲကောင်းပဲ..."

"အရူး...ထို့ပါဟောင်က သခင်အောင်းတူရဲ့တပည့်ဆိုတာ မင်းမသိဘူးလား...သူ့ရဲ့သိုင်းပညာကအဆင့်နိမ့်နေစရာအကြောင်းမရှိဘူး..."

"အား...ဟုတ်သားပဲ...သခင်အောင်းတူကိုယ်တိုင်က မင်းသားထို့ပါဟောင်ရဲ့အရည်အချင်းဟာ အရမ်းကိုကောင်းမွန်ပြီး အနာဂတ်မှာသူ့ကိုကျော်ဖြတ်သွားလိမ့်မယ်လို့ ပြောထားခဲ့တယ်...မင်းသားလေးရဲ့အနာဂတ်ကအကန့်အသတ်မရှိဘူး...အဲ့ဒီလူမိုက်မုတ်ဆိတ်နီက သူ့ကိုယ်သူငါတို့ရဲ့မင်းသားနဲ့နှိုင်းယှည်ရဲတယ်...အရှက်ကိုမရှိဘူး"

"မင်းသားထို့ပါဟောင်က ငါတို့ရဲ့အနာဂတ်ဧကရာဇ်ဖြစ်လာမှာသေချာတယ်..."

"ဟေ့ကောင်...ဒီစကားတွေကိုတိုးတိုးပြောစမ်း...မင်းခေါင်းပြတ်သွားချင်လို့လား"

"ဟုတ်သားပဲ...ဧကရာဇ်ပလ္လင်အတွက် မင်းသားတွေအကြားကပြိုင်ဆိုင်မှုက အရမ်းပြင်းထန်နေတာကိုမင်းမသိသေးဘူးလား"

ရှောင်ယုနှင့်ထို့ပါဟောင်တို့သည် မုတ်ဆိတ်နီကိုချည်နှောင်လိုက်ပြီး စစ်ဆေးမေးမြန်းရန်အတွက် ရတ်ချက်မြို့သို့ခေါ်ဆောင်လာခဲ့ကြသည်။ထို့နောက်မုတ်ဆိတ်နီ၏စခန်းကို တိုက်ခိုက်သိမ်းပိုက်ရန်အတွက် စခန်း၏တည်နေရာကိုသိရှိပြီးနောက် သွားရောက်ရန်စီစဉ်ခဲ့သည်။

...

...

"ဟားဟားဟား...."

မုတ်ဆိတ်နီသည် စစ်ဆေးမေးမြန်းမှုအတွင်း စကားတစ်ခွန်းမှမပြောဘဲ ရယ်မောနေခဲ့သည်။

ရှောင်ယု၏မူလရည်ရွယ်ချက်မှာ မုတ်ဆိတ်နီ၏ရတနာသိုက်ဖြစ်၍ ၎င်းတို့အားသွားရောက်ယူဆောင်လိုစိတ် ပြင်းပြနေခဲ့သည်။ထို့ပါဟောင်၏လက်အောက်ငယ်သားများသည် စစ်ဆေးမေးမြန်းမှု၌ ရှောင်ယုပါဝင်မည်ကိုဆန့်ကျင်ခဲ့ကြသော်လည်း ရှောင်ယုနှင့်ဂရင်းတို့မကူညီပါက မုတ်ဆိတ်နီအား အသက်ရှင်လျက်ဖမ်းဆီးနိုင်မည်မဟုတ်ကြောင်း နားလည်ခဲ့ကြသည်။ထို့ပြင် ထို့ပါဟောင်သည်လည်း ရှောင်ယုကိုမတားဆီးခဲ့ပေ။

ရှောင်ယုတို့သည် စစ်ဆေးရာနေရာသို့ရောက်ချိန်တွင် မုတ်ဆိတ်နီသည်စကားတစ်ခွန်းမှမပြောဘဲ ရယ်မောနေသည်ကိုတွေ့လိုက်ရသည်။

"သေစမ်း...ဒီကောင်ကစိတ်ရူးဖောက်ပြန်ပြီး ရူးသွားပြီထင်တယ်...သူ့ကိုနောက်ထပ်ရက်အနည်းငယ်လောက်စစ်ဆေးမေးမြန်းပြီးရင် ရှင်းပစ်သင့်လား...သူ့ကိုမစစ်ဆေးခင် သူ့ရဲ့စိတ်ဓာတ်ကိုငါတို့အရင်ရိုက်ချိုးပစ်ရမယ်"

ရှောင်ယုသည် မုတ်ဆိတ်နီအားကြည့်၍ပြောလိုက်သည်။

"ဟားဟား...ငါရူးသွားလို့ရယ်နေတာမဟုတ်ဘူး...မင်းတို့ကောင်တွေရဲ့အရူးလုပ်ရပ်ကိုကြည့်ပြီး ငါရယ်နေတာပဲ"

မုတ်ဆိတ်နီသည် ရှောင်ယုကိုကြည့်ကာ မထီမဲ့မြင်ပြု၍ ရယ်မောလိုက်သည်။

"ဟမ့်...မင်းသာညဏ်ရည်တစ်စက်မှမရှိဘဲ လက်လွတ်စပယ်မလုပ်ရင် ငါတို့မင်းကိုဖမ်းမိမှာမဟုတ်ဘူး..."

ရှောင်ယုသည် သူ့လက်ထဲတွင်မီးမြိုက်ထားသောသံချောင်းတစ်ချောင်းကိုကိုင်ရင်း မုတ်ဆိတ်နီ၏မုတ်ဆိတ်မွှေးများကို ဖြေးညင်းစွာမီးရှိ့နေခဲ့သည်။

"ဟမ့်...မင်းကငါ့ရဲ့ရတနာတွေကိုလိုချင်နေတာလား...မင်းတို့ကငါ့ကိုဖမ်းမိသွားလို့ ငါ့ရဲ့လက်အောက်ငယ်သားတွေကထွက်ပြေးသွားတယ်လို့ ထင်နေတာလား..."

မုတ်ဆိတ်နီသည် ရှောင်ယု၏နှိပ်စက်မှုကိုလျစ်လျူရှုရင်း တိုးတိုးလေးပြောလိုက်သည်။

"ခေါင်းဆောင်ကိုဖမ်းမိမှတော့ မင်းရဲ့လက်အောက်ငယ်သားတွေကဘာဆက်လုပ်မယ်ထင်လဲ...မင်းရဲ့ရတနာတွေကိုခွဲယူပြီးတော့ ထွက်ပြေးကြလိမ့်မယ်...မင်းကအရူးတစ်ယောက်လိုမျိုးနှစ်ပေါင်းများစွာ ရတနာပစ္စည်းတွေကိုလုယက်ခဲ့ပေမဲ့ မင်းအဖမ်းခံလိုက်ရတဲ့အခါမှာ မင်းလူတွေကအဲ့ဒါတွေကိုခွဲယူကြမှာပဲ"

ရှောင်ယုက မုတ်ဆိတ်နီ၏စိတ်ဓာတ်ကို ထိုးနှက်လိုက်သည်။

ထိုအချိန်တွင် မုတ်ဆိတ်နီကမည်သူမှမထင်မှတ်ထားသည့် စကားတစ်ခွန်းကိုပြောလာခဲ့သည်။

"ငါကမုတ်ဆိတ်နီအစစ်လို့ မင်းတ်ို့ထင်ကြလား"

အခန်း ၂၃၄ - မုတ်ဆိတ်နီကမိန်းမတစ်ယောက်လား

မုတ်ဆိတ်နီ၏စကားကိုကြားသောအခါ ရှောင်ယုနှင့်ထို့ပါဟောင်တို့နှစ်ယောက်လုံး အံ့သြသွားခဲ့ကြကာ နှစ်ယောက်လုံးတိတ်ဆိတ်ငြိမ်သက်သွားပြီး စကားတစ်ခွန်းမှမပြောနိင်တော့ပေ။

"ဟားဟား...အဲ့ဒါကြောင့်မင်းတို့ကိုငတုံးတွေလို့ခေါ်တာ...မင်းတို့နှစ်ယောက်လုံးက မုတ်ဆိတ်နီအစစ်ရဲ့အထောက်အထားတွေကို ဘယ်တော့မှမသိစေရဘူး"

မုတ်ဆိတ်နီအတုက ပြုံး၍ပြောလိုက်သည်။

"ထို့ပါဟောင်...ဒီကောင်က မုတ်ဆိတ်နီအစစ်မဟုတ်ဘူးဆိုတော့ ဒီကောင်ကိုအသက်ရှင်လျက်ထားဖို့ကအလကားဖြစ်သွားပြီ...သူ့ကိုခွေးစာကျွေးလိုက်တာပ်ိုကောင်းလိမ့်မယ်...လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ငါခွေးအကြီးကြီးတစ်ကောင်ကိုဝယ်ထားခဲ့တယ်....ဒီကောင်ကအသားစားရတာကိုကြိုက်ပေမဲ့ ငါဝယ်ထားတဲ့နတ်ဆိုးသားရဲအသားတွေကိုလှည့်တောင်မကြည့်ဘူး...ဒါကြောင့်ငါတော်တော်ခေါင်းကိုက်နေရတယ်"

ရှောင်ယုသည် မုတ်ဆိတ်နီအတု၏ကြွက်သားများကို စိုက်ကြည့်ရင်းသက်ပြင်းချမိလိုက်သည်။

"ဟေ့ကောင်...မင်းဘာလုပ်ချင်တာလဲ"

မုတ်ဆိတ်နီအတုသည် ရှောင်ယု၏အပြုအမူကိုသတိထားမိချိန်တွင် သူ၏မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့သည်။

"မင်းနားပင်းနေတာလား...မင်းကမုတ်ဆိတ်နီအစစ်မဟုတ်ဘူးဆိုမှတော့ မင်းကိုအသက်ရှင်လျက်ထားဖို့ ဘာအကြောင်းပြချက်ရှိလဲ...မင်းကဓားပြတစ်ယောက်ဆိုမှတော့ သေရမှာမဟုတ်ဘူးလား...မင်းကိုငါအရှင်လတ်လတ်ခွေးစာကျွေးပစ်မယ်"

ရှောင်ယုက အေးစက်သောလေသံဖြင့်ခြိမ်းခြောက်လိုက်သည်။

"မင်း...မင်း...မင်းသာငါ့ကိုထိဝံ့မယ်ဆိုရင် မုတ်ဆိတ်နီအစစ်ကမင်းကိုလိုက်ရှာပြီးတော့ ငါခံစားခဲ့ရတာထက်အဆ၁၀၀၀၀လောက်ပိုခံစားရအောင် မင်းကိုနှိပ်စက်ပြီး ရက်ရက်စက်စက်သတ်ဖြတ်လိမ့်မယ်"

မုတ်ဆိတ်နီအတု၏မျက်လုံးများ၌ ကြောက်ရွံ့နေသောအရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

"အပိုတွေမပြောနဲ့...ငါသာခြိမ်းခြောက်မှုတွေကိုကြောက်နေရင် မင်းကိုဖမ်းဦးမယ်ထင်လား...အဓိကအချက်ကတော့ ငါ့ခွေးကသက်ရှိသတ္တဝါတွေရဲ့ အစိတ်အပိုင်းတွေကိုစားရတာ အရမ်းကြိုက်တယ်...အများအားဖြင့်သူက လူတွေရဲ့လက်နဲ့ခြေထောက်တွေကိုစားလေ့ရှိတယ်...အဲလိုစားပြီးတဲ့နောက်မှာ သူစားနေတဲ့လူဒါမှမဟုတ် သားရဲကအသက်ရှင်နေသေးလားဆိုတာ တစ်ချက်စစ်ဆေးပြီးမှ နောက်ထပ်အစိတ်အပိုင်းတွေကိုစားတာပဲ...ဒါကြောင့်တအားကြီးထိတ်လန့်နေစရာမလိုပါဘူး...မင်းရဲ့လက်တွေခြေထောက်တွေကို အရင်ဖြတ်ပြီးမှ ငါ့ခွေးကိုအစာအရင်ကျွေးလိုက်မယ်"

ရှောင်ယုသည် သူ၏သိုလှောင်လက်စွပ်အတွင်းမှ ဓားတစ်ချောင်းကိုဆွဲထုတ်လိုက်ကာ မည်သည့်အပိုင်းကိုအရင်ဖြတ်တောက်ရမည်ကို စတင်စဉ်းစားနေခဲ့သည်။

"မင်း...မင်းငါ့က်ိုသတ်လို့မရဘူး...ငါကမုတ်ဆိတ်နီအစစ်မဟုတ်ပေမဲ့ ငါကမုတ်ဆိတ်နီကို ကိုယ်စားပြုတဲ့လူပဲ...ဒီကမ္ဘာပေါ်မှာ ဘယ်သူကမှငါ့ထက်ပိုပြီးတော့ မုတ်ဆိတ်နီအစစ်အကြောင်းကိုသိမှာမဟုတ်ဘူး...မင်းသာမုတ်ဆိတ်နီအစစ်နဲ့ ပတ်သက်တဲ့အချက်အလက်တွေအကြောင်းလိုချင်သေးတယ်ဆိုရင် ငါ့ကိုသတ်လို့မရဘူး"

မုတ်ဆိတ်နီသည် ဤနှစ်များတလျှောက်တွင် မရေမတွက်နိုင်သောလူများကို နှိပ်စက်သတ်ဖြတ်ခဲ့သည်။ထိုသို့နှိပ်စက်နေရချိန်တွင် သူစည်အလွန်စိတ်လှုပ်ရှားနေခဲ့သည်။သို့သော် သူ့ကဲ့သို့လူမျိုးသည် သေခြင်းတရားကိုရင်ဆိုင်ရသည့်အချိန်တွင် အလွန်အမင်းကြောက်ရွံ့မှုကိုခံစားရလေ့ရှိသည်။

"အိုး...မုတ်ဆိတ်နီအစစ်ကို မင်းတွေ့ဖူးတာလား...မင်းပြောတော့ဘယ်သူကမှ မုတ်ဆိတ်နီအစစ်အကြောင်းကိုမသိစေရဘူးဆို"

ရှောင်ယုသည် မုတ်ဆိတ်နီအတု၏ပုခုံးပေါ်သို့ ဓားတင်ရင်းလှောင်ပြောင်လိုက်သည်။

မုတ်ဆိတ်နီအတုသည် တံတွေးကိုမြိုချလိုက်ပြီး ပြောလိုက်သည်။

"အဲလိုဆိုပေမဲ့ မုတ်ဆိတ်နီရဲ့အစားထိုးအနေနဲ့ အဲ့အကြောင်းငါ့ထက်ဘယ်သူမှမသိကြဘူး"

ထို့ပါဟောင်သည် အေးစက်သောလေသံဖြင့်မေးမြန်းလိုက်သည်။

"မင်းတိတ်တိတ်နေရင်တောင်မှ ငါတို့ကမုတ်ဆိတ်နီအစစ်က ဘယ်သူဘယ်ဝါဆိုတာကို ငါတို့ဘာသာငါတို့သိအောင်စုံစမ်းနိုင်တယ်...မင်းကရုပ်သေးရုပ်တစ်ခုထက်မပိုဘူး"

မုတ်ဆိတ်နီအတုသည် အလန့်တကြားခေါင်းခါပြလိုက်သည်။

"မုတ်ဆိတ်နီအစစ်က အနောက်တိမ်တိုက်အင်ပါယာရဲ့မင်းမျိုးမင်းနွယ်တစ်ယောက်မဖြစ်နိုင်ပေမဲ့ မိန်းမတစ်ယောက်ဆိုလည်း မမှားဘူး"

"ဘာ...မိန်းမတစ်ယောက်...ဟုတ်လား..."

ရှောင်ယုနှင့်ထို့ပါဟောင်တို့နှစ်ယောက်လုံးသည် အံ့သြတကြီးတုံ့ပြန်လိုက်ကြသည်။

"သူမကဘယ်လိုပုံစံရှိလဲ...သူမကအရမ်းလှတယ်လို့မင်းထင်လား"

ရှောင်ယုက အလောတကြီးမေးမြန်းလိုက်သည်။

"အာ...အဲ့ဒါက"

မုတ်ဆိတ်နီအတုသည် မုတ်ဆိတ်နီအစစ်၏ အလှအပအကြောင်းကို ရှောင်ယုမှမေးမြန်းလာသည့်အချိန်တွင် အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့သည်။ထို့ပြင် ရှောင်ယု၏မျက်နှာပေါ်ရှိ အမူအရာကိုကြည့်ခြင်းဖြင့် ဆာလောင်မွတ်သိပ်နေသော တဏာရူးတစ်ယောက်ဖြစ်ကြောင်း လူတိုင်းပြောနိုင်ပေသည်။

"ငါမသိဘူး...ငါကသူမရဲ့မျက်နှာကိုမမြင်ဖူးဘူးဆိုပေမဲ့ သူမကအရမ်းသန်မာတယ်ဆိုတာကိုတော့ငါပြောနိုင်တယ်...ငါကသူမကိုနည်းနည်းလေးတောင်ပြန်မတိုက်နိုင်ဘူး..."

မုတ်ဆိတ်နီအတုသည် ယခင်အမှတ်တရဟောင်းများကိုပြန်တွေးမိချိန်တွင် သူ့မျက်နှာပေါ်၌ကြောက်ရွံ့မှုတစ်ခုဖြစ်ပေါ်လာခဲ့သည်။

မုတ်ဆိတ်နီအတုသည် အိပ်မက်ထဲ၌ပင် သူမအားအကြိမ်ပေါင်းများစွာတွေ့ဖူးပေသည်။ထိုသို့ဖြစ်ရခြင်းမှာ သူမ၏အလှအပကိုနှစ်သက်၍မဟုတ်ဘဲ သူမကိုကြောက်ရွံ့နေမှုကြောင့်ဖြစ်သည်။သူမသည် အသူရာတစ်ယောက်ကဲ့သို့ ကြောက်ရွံ့ဖွယ်ကောင်းလှပေသည်။

"အားကြီးတဲ့မိန်းမတစ်ယောက်က အိပ်ရာထဲမှာလည်းကောင်းကောင်းစွမ်းဆောင်နိုင်လိမ့်မယ်...ဟားဟား...ငါသူမကိုအချီ၃၀၀လောက်အကျောပေးပြီးကို စပြီးတိုက်ခိုက်ခိုင်းလိုက်မယ်...ပြီးရင်ငါ့ရဲ့တော်ဝင်ပုံစံ၄၈မျိုးကိုသူမကိုပြသပေးလိုက်မယ်"

ရှောင်ယုသည် မုတ်ဆိတ်နီအစစ်အားသိရှိပြီးနောက် သူမနှင့်ပျော်ပါးခွင့်ရရန်မျှော်လင့်နေပုံရသည်။

"မင်းကငါ့ကိုသတ်နိုင်ရင် ဗိုလ်ချုပ်ရာထူးကိုရမယ်လို့ပြောခဲ့တယ်မလား...အဲ့ဒါဆိုရင် မုတ်ဆိတ်နီအစစ်ကိုထောက်ပံ့ပေးထားတဲ့ နောက်ကွယ်ကအင်အားစုကို မင်းသိနေမှာပေါ့..."

ထို့ပါဟောင်ကမေးမြန်းလိုက်သည်။

ထိုအမျိုးသမီးသည် မင်းမျိုးမင်းနွယ်ဝင်မဟုတ်ပါက သူမအားထောက်ပံ့ပေးထားသည့် မင်းမျိုးမင်းနွယ်ဝင်တစ်ယောက်ရှိနေရမည်ဟု ထို့ပါဟောင်နားလည်လိုက်သည်။ထိုသို့မဟုတ်ပါက သူမသည်အနောက်တိမ်တိုက်အင်ပါယာတစ်ခုလုံးကို နှစ်ပေါင်းများစွာလှည့်လည်နေနိုင်မည်မဟုတ်ပေ။

ထို့ပါဟောင်၏မေးခွန်းကိုကြားချိန်တွင် တိတ်ဆိတ်စွာစောင့်ဆိုင်းနေသော မုတ်ဆိတ်နီအတု၏မျက်နှာသည် ချက်ချင်းပြောင်းလဲသွားခဲ့သည်။ထိုခေါင်းစဉ်သည် အလွန်လေးနက်လှပြီး ထိုနာမည်ကိုထုတ်ပြောမိပါက ဆိုးရွားသည့်အကျိုးဆက်နှင့်ရင်ဆိုင်ရမည်ကိုသူနားလည်ပေသည်။

ရှောင်ယုသည် ထိုအခြေအနေကိုသတိထားမိ၍ ဓားက်ိုဝှေ့ယမ်းကာ မုတ်ဆိတ်နီအတု၏ အကျီႋက်ိုထိုးခွဲလိုက်သည်။

"သူ့ကိုအရင်ခွေးစာကျွေးလိုက်ရအောင်...ငါတို့ကနောက်ကွယ်ကလူကိုခန့်မှန်းလို့ရတာပဲ...ထီးနန်းကိုရည်ရွယ်ထားတဲ့မင်းသားအနည်းစုကိုရွေးထုတ်ပြီး ထူးထူးဆန်းဆန်းပြုမူနေတဲ့သူက မုတ်ဆိတ်နီကိုထောက်ပံ့ပေးနေသူတဲ့ဖြစ်ရမယ်...ငါပြောတာမှန်တယ်မလား ထို့ပါဟောင်"

ထို့ပါဟောင်က ခေါင်းညိတ်ပြလိုက်သည်။

"ထီးနန်းကို အမှန်တကယ်လိုချင်တဲ့သူကနည်းနည်းပဲရှိတယ်...အဲ့ကိစ္စက မခက်ခဲပါဘူး"

မုတ်ဆိတ်နီအတုသည် သူတို့နှစ်ယောက်ကြားစကားသံကိုကြားချိန်တွင် ဆွံ့အသွားခဲ့ရသည်။ထိုနှစ်ယောက်သည် သူ့ထံမှအရေးကြီးအချက်အလက်ကိုမရရှိပါက ခွေးစာကျွေးရန်တုံ့ဆိုင်းမှုမရှိကြပေ။

"မဟုတ်ဘူး...မင်းထင်တာမှားနေပြီ...အဲ့လူကထီးနန်းကိုယှည်ပြိုင်နေတာမဟုတ်ဘူး....သူကအကြံကြီးတဲ့လူတစ်ယောက်ဖြစ်ပြီးတော့ ဒီနှစ်တွေမှာ သူ့အတွက်ကိုယ်ပိုင်စွမ်းအားကို တိတ်တဆိတ်စုဆောင်းနေခဲ့တယ်...မင်းသားတွေအားလုံးက သူ့အတွက်ပြဿနာဖြစ်လာမှာမဟုတ်ဘူး"

မုတ်ဆိတ်နီအတုကအော်ပြောလိုက်သည်။

"အဲ့ဒါဆိုရင် အဲလူအကြောင်း မင်းသိထားသလောက်ပြော"

ထို့ပါဟောင်က ချက်ချင်းပြောလိုက်သည်။

မုတ်ဆိတ်နီအတုသည် သူအမှားလုပ်မိကြောင်းနားလည်သွားသော်လည်း ယခုအချိန်ရောက်မှ မည်သည့်အရာကိုမဆိုပြောင်းလဲရန် အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။

"ဟင်း....ထီးနန်းကိုသိမ်းပိုက်ဖို့ကြိုးစားနေတာ သူမဟုတ်ဘူး...သူ့အဖေပဲ...သူတို့လူတွေကနန်းတွင်းမှာ အဓိကအရေးပါတဲ့ရာထူးတွေကိုရရှိထားပြီးတော့ သူတို့ကအနောက်တိမ်တိုက်အင်ပါယာကိုလွှမ်းခြုံထားတဲ့ ပင့်ကူတွေနဲ့တူတယ်...အရင်ကအင်ပါယာဟာအရမ်းကိုတိုးတက်ကြီးပွားခဲ့တာကြောင့် သူတို့ရဲ့အကြံအစည်တွေကိုမလုပ်ဆောင်နိုင်ခဲ့ပေမဲ့ ခုတော့သူ့ရဲ့သားဖြစ်သူကထီးနန်းကိုသိမ်းပိုက်ဖို့အဆင်သင့်ဖြစ်နေပြီ...ဒါ့အပြင်မုတ်ဆိတ်နီအစစ်ဆိုတာကလည်း အဲ့လူရဲ့အဖေကပဲလေ့ကျင့်ပေးထားတာပဲ"

မုတ်ဆိတ်နီအတုသည် မည်သည့်အရာကိုမှဆက်လက်ဖုံးကွယ်မထားတော့ဘဲ သူသိထားသမျှကိုရှင်းပြလိုက်သည်။

"အဲ့ဒါဆို သူဖြစ်နေတာပဲ"

ထို့ပါဟောင်က တိုးတိုးလေးရေရွတ်လိုက်သည်။အမှန်တော့ မုတ်ဆိတ်နီအတုသည် ဤအကြောင်းကိုမပြောမှီကပင် သူသည်ထိုလူမည်သူဖြစ်ကြောင်းရိပ်မိနေခဲ့သည်။သို့သော်ယခုအချိန်၌မူ ထိုလျှို့ဝှက်ဆန်းကြယ်သောသူသည်မည်သူဖြစ်ကြောင်း ထို့ပါဟောင်သိရှိသွားခဲ့ပြီဖြစ်သည်။

All Chapters