အခန်း (၂၄၁-၂၄၃)
Vol. 17 Ch. 241-243
အခန်း ၂၄၁ - မုတ်ဆိတ်နီ၏ရတနာသိုက်
အချိန်အတော်ကြာမှ ထို့ပါဟူ၏အမည်ကို သူတို့စိတ်ဓာတ်ကျစေရန်အတွက် အသုံးပြုခဲ့ကြောင်း သိလိုက်ရ၍ ဓားပြများသည် ဒေါသပေါက်ကွဲခဲ့ကြသည်။
သို့သော်လည်း သူတို့သည်လက်နက်ချထားပြီးပြီဖြစ်ရာ နောင်တရရန်နောက်ကျနေပြီဖြစ်သည်။ယခုအခါ အစောင့်များနှင့်စွန့်စားသူများက သူတို့အားဝိုင်းရံထားခဲ့သည်။
ထို့ပါဟောင်သည် ကျွန်များကိုစနစ်တကျလွှတ်ပေးခဲ့ပြီး သူတို့အားနေရပ်သို့ပြန်သွားရန် တိုက်တွန်းခဲ့သည်။ထို့အခိုက်အတန့်တွင် ကုန်သည်အဖွဲ့ဝင်အချို့သည် အပြေးအလွှားဝင်ရောက်လာပြီး မုတ်ဆိတ်နီ၏ရတနာများကိုလုယူရန်ကြိုးပမ်းခဲ့ကြသော်လည်း ရှောင်ယု၏မြင်းတပ်သားများနှင့်ခြေလျင်တပ်သားများကတားဆီးခဲ့သည်။အမိန့်မရှိဘဲ ထိုကဲ့သို့သတ္တိရှိရှိကျူးကျော်သူတိုင်း အသတ်ခံရမည်ဟု ရှောင်ယုကပြောခဲ့သည်။
ထိုအချိန်တွင် ထို့ပါဟောင်က ရရှိလာသည့်ရတနာများကို လူတိုင်းအားဆုလာဘ်အဖြစ် ခွဲဝေပေးအပ်သွားမည်ဖြစ်ကာ မည်သူ့ကိုမှမတရားဆက်ဆံမည်မဟုတ်ကြောင်း ထပ်မံကြေငြာခဲ့သည်။သို့သော် ရုန်းရင်းဆန်ခန်ဖြစ်မှုကို အခွင့်ကောင်းယူရန် ကြိုးပမ်းမည့်သူများကို ခြွင်းချက်မရှိသတ်ဖြတ်မည်ဖြစ်သည်။
ထို့ပါဟောင်သည် မင်းသားတစ်ယောက်ဖြစ်ပြီး ဖြောင့်မတ်သည့်အကြောင်းပြချက်ဖြင့် ဤနေရာသို့ရောက်ရှိလာသူဖြစ်သလို ရှောင်ယုနှင့်လက်ရွေးစင်တပ်သားများ၏တည်ရှိမှုကြောင့် သူတို့နှစ်ယောက်လုံးအား မည်သူကမှမလွန်ဆန်ဝံ့ကြပေ။
ထို့ပါဟောင်ဦးဆောင်သော ဤစစ်တပ်သည် စည်းကမ်းရှိသောစစ်တပ်တစ်ခုမဟုတ်သလို ထိုစစ်တပ်တစ်ခုကဲ့သို့မစွမ်းဆောင်နိုင်ပေ။ရှောင်ယုနှင့်ထို့ပါဟောင်တို့ထံတွင် ထိုကဲ့သို့စစ်တပ်တစ်ခုကို ထိန်းချုပ်ကွပ်ကဲနိုင်သည့် အရည်အချင်းကောင်းများရှိနေ၍သာ ဤတိုက်ပွဲအားအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ရှောင်ယုနှင့်သူ့အနီးအနားရှိလူများသည် ရတနာများကိုဦးစွာရှာဖွေစစ်ဆေးရန်အတွက် အထဲသို့ဝင်ရောက်သွားကြသည်။ရှောင်ယုသည် ထိုသို့ရှာဖွေ၍မပြီးမချင်း ထို့ပါဟောင်သည်အပြင်ဘက်အခြေအနေများကို စတင်ထိန်းချုပ်ရမည်ဖြစ်သည်။ထို့ပြင် ထို့ပါဟောင်သည် ရှောင်ယုအပေါ်၌ အတတ်နိုင်ဆုံးရက်ရက်ရောရောပြုမူခဲ့ကာ သူတို့၏မဟာမိတ်ကို ပိုမိုကောင်းမွန်လာအောင် ကြိုးစားခဲ့သည်။အထူးသဖြင့် ဤတိုက်ပွဲအပြီးတွင် သူသည်ရှောင်ယု၏ကျွမ်းကျင်မှုကိုလ်ိုအပ်ကြောင်း ထို့ပါဟောင်ကပိုမိုယုံကြည်လာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ထို့ပါဟောင်သည် ရှောင်ယုထံ၌သိုလှောင်လက်စွပ်များစွာရှိနေသည်ကို သတိမထားမိခဲ့ပေ။
"အဲ...မဟုတ်သေးဘူး...အဲ့သာမန်ပစ္စည်းတွေကို အခြားသူတွေယူလို့ရအောင် ချန်ထားခဲ့လိုက်"
ရှောင်ယုသည် ဒီရွန်၊လီအာ၊ဆူရှာနှင့်အခြားသူများကို ရတနာများအားစတင်သိမ်းဆည်းခိုင်းခဲ့သည်။သို့သော် ဂ်ိုဒေါင်အတွင်းရှိစည်းစိမ်ဥစ္စာများကြောင့် သူများစွာအံ့သြသွားခဲ့ရသည်။
"သခင်...ဒီမှာလျှို့ဝှက်ခန်းတစ်ခုရှိတယ်..."
ဖော်ရာသည် ရှောင်ယုထံသို့ပြေးလာရင်းတိုးတ်ိုးလေးပြောလိုက်သည်။မှင်စာများသည် ဆောက်လုပ်ရေးအပိုင်း၌အလွန်ကျွမ်းကျင်သောကြောင့် ထိုလျှို့ဝှက်အခန်းအားသူတို့၏မျက်လုံးများမှ ဖုံးကွယ်ရန်မဖြစ်နိုင်ပေ။ထို့ကြောင့် ရှောင်ယုသည်ဖော်ရာအားသူနှင့်အတူခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
ရှောင်ယုက ပြုံးပြီးပြောလိုက်သည်။
"ရှေ့ကသွား..."
ဖော်ရာသည် သူ့အားထောင့်တစ်နေရာသို့ ခေါ်သွားခဲ့သည်။
"ဝင်ပေါက်ကဒီမှာပဲအရှင်...ဒါပေမဲ့ဖွင့်ဖို့ခလုတ်ကိုငါရှာမတွေ့သေးဘူး"
"သော့နဲ့ခလုတ်တွေကိုမေ့ထားလိုက်တော့...မင်းခဏလောက်ဘေးဖယ်လိုက်"
ရှောင်ယုသည် သံဗုံးအနည်းငယ်ကိုထုတ်ယူကာ ဝင်ပေါက်အနီး၌ထားလိုက်သည်။
ဗုံး....
ချက်ချင်းဆိုသလို ကျယ်လောင်သောပေါက်ကွဲသံကပဲ့တင်ထပ်လာခဲ့ပြီး ဝင်ပေါက်သည်ချက်ချင်းအက်ကွဲသွားခဲ့သည်။
"ဟားဟားဟား....ဒါဆိုရင်ဘယ်သော့မှရှာစရာမလိုတော့ဘူး"
ရှောင်ယုသည် သူ၏အဝတ်အစား၌ကပ်ညှိနေသော ဖုန်မှုန့်များကိုသုတ်ချလိုက်သည်။
"ဟုတ်...ဟုတ်တယ် အရှင်ကညဏ်ပညာတော်တော်ကြီးတာပဲ"
ဖော်ရာသည် ရှောင်ယုအားချက်ချင်းချီးကျူးလိုက်သည်။
ဖော်ရာသည် ရှောင်ယုနောက်သို့လိုက်လာရင်း ရှောင်ယုသည်လျှို့ဝှက်ချက်များစွာကို ကိုင်ဆောင်ထားကြောင်း တဖြည်းဖြည်းသိမြင်လာရသည်။ဖော်ရာသည် ထိုလျှို့ဝှက်ချက်များကို ပိုမိုသိရှိလာလေလေ ရှောင်ယု၏အစွမ်းက်ို ပိုမိုသိရှိလာလေလေဖြစ်သည်။
ရှောင်ယုသည် ဝင်ပေါက်က်ိုဖောက်ခွဲပြီးနောက် အလျင်စလိုဝင်ရောက်ခြင်းမပြုပေ။ဤလမ်းကြောင်းတလျှောက်၌ ထောင်ချောက်များရှိနေမည်မှာ သိသာနေသည့်အတွက်ကြောင့် ၎င်းတို့အားသတိထားရမည်ဖြစ်သည်။ထို့အစားသူသည် ဂရင်းအားကျောက်တုံးကြီးတစ်ခုကိုမ၍ အထဲသို့ပစ်ချခိုင်းလိုက်သည်။
ထိုကျောက်တုံးသည် လမ်းကြောင်းတလျှောက်တွင်ရှိနေသော ထောင်ချောက်အားလုံးကို တစ်ခုပြီးတစ်ခုတွန်းထုတ်ပစ်ခဲ့သည်။
ရှောင်ယု၏လုပ်ရပ်ကိုမြင်သောအခါ ဖော်ရာသည် ရှောင်ယုအပေါ်ပိုမိုလေးစားလာခဲ့သည်။ရှောင်ယု၏လုပ်ရပ်များသည် တဲ့တိုးဆန်သော်လည်း အလွန်ပင်ထိရောက်မှုရှိပေသည်။
ထို့နောက်သူတို့သည် လမ်းကြောင်းကိုဖြတ်ကျော်၍ လျှို့ဝှက်ခန်းတစ်ခုထဲသို့ရောက်ရှိလာကြသည်။
"သေစမ်း...အများကြီးပဲ....ခြင်္သေ့နယ်မြေမှာ ဓားပြတွေအကုန်လုံးကို ငါလုယက်ခဲ့ပေမဲ့ သူတို့မှာရတနာတွေအများကြီးမရှိခဲ့ဘူး...ဒီနေ့ကစပြီး ငါတော့တော်တော်ချမ်းသာပြီ"
ရှောင်ယုသည် ရတနာများကိုကြည့်ပြီး ကျေနပ်စွာပြုံးလိုက်မိသည်။
"သိုလှောင်လက်စွပ်တွေကိုသုံးပြီး...ဒါတွေအကုန်လုံးကိုသိမ်းယူကြ"
ရှောင်ယုက အော်ဟစ်အမိန့်ပေးလိုက်သည်။
ရှောင်ယုသည် အခန်းတွင်းရှိ ရတနာပစ္စည်းများကိုတွေ့မြင်ပြီးနောက်တွင် ဂိုဒေါင်အတွင်းရှိပစ္စည်းများကို ဂရုမစိုက်တော့ပေ။သူသည် ဂိုဒေါင်အတွင်းရှိပစ္စည်းများကို ထို့ပါဟောင်အတွက်ချန်ပေးခဲ့ရန်ရည်ရွယ်ခဲ့သည်။အဆုံးသတ်တွင် ထို့ပါဟောင်သည်စစ်တပ်တစ်ခုတည်ထောင်ရန် အရင်းအနှီးလိုအပ်နေခဲ့သည်။
ရှောင်ယုသည် ရာနှင့်ချီသောသိုလှောင်လက်စွပ်များ ပြည့်နှက်သွားသည်အထိ ရတနာများကိုသိမ်းဆည်းခဲ့သည်။အမှန်တော့သူသည် လျှို့ဝှက်ခန်းထဲရှိ အသုံးမဝင်သောအရာအချို့ကို ပစ်ချထားခဲ့သည်။
"ငွေ...ငွေ....လက်တစ်ဖက်မှာမော်တော်ကားတစ်စီး...နောက်တစ်ဖက်မှာစဖတ်ဖုန်းတစ်လုံး...ဟုတ်တယ်မလား...ဒီမှာကငွေတွေတောင်လိုပုံနေတာပဲ"
ရှောင်ယုသည် ပျော်ရွှင်မှုကြောင့် ခုန်ပေါက်နေပြီဖြစ်သည်။
ရှောင်ယုသည် ဖော်ရာအားအလားတူ လျှို့ဝှက်ခန်းများရှိမရှိ ရှာဖွေခိုင်းခဲ့သည်။သူသည် ယခုအချိန်တွင် သာမန်ရတနာများကို စိတ်ဝင်စားခြင်းမရှိတော့ပေ။
...
...
ခဏအကြာတွင် ရှောင်ယုနှင့်ကျန်လူများသည် ဂိုဒေါင်အတွင်းမှလက်ဗလာဖြင့်ထွက်လာသည်ကို လူတိုင်းတွေ့မြင်လိုက်ကြသည်။သူတို့သည် မည်သည့်အရာကိုမှသယ်ဆောင်မလာခဲ့ကြပေ။
သို့သော်ရှောင်ယုသည် ရတနာတောင်တန်းတစ်ခုလုံးကို ဖယ်ရှားလုနီးပါးဖြစ်ခဲ့ကြောင်း သူတို့မသိကြပေ။
ရှောင်ယုသည် ထို့ပါဟောင်ကိုကြည့်ရင်း ပြုံးပြလိုက်သည်။
"အစ်ကိုကြီး...ငါတော့လိုချင်တာတွေရခဲ့ပြီ...ကျန်တဲ့ရတနာတွေက မင်းအတွက်လုံလောက်တဲ့အရင်းအနှီးကိုရစေမှာပါ...အခုငါကသူတို့ရဲ့အုပ်ချုပ်ရေးခန်းမကိုသွားပြီးတော့ အသုံးဝင်တဲ့အချက်အလက်အချို့ ရလိုရငြားသွားကြည့်လိုက်မယ်"
ရှောင်ယု၏အသံကိုကြားပြီးနောက် ထို့ပါဟောင်ကခေါင်းညိတ်ပြလိုက်သည်။
...
...
ရှောင်ယုသည် အုပ်ချုပ်ရေးခန်းမအတွင်းသို့ဝင်ရောက်ပြီးနောက် စာရွက်စာတမ်းတချို့ကို စစ်ဆေးကာခွဲခြမ်းစိတ်ဖြာခဲ့သည်။
ဖော်ရာသည် အုပ်ချုပ်ရေးခန်းမ၌ နောက်ထပ်လျှို့ဝှက်ခန်းတစ်ခုအား ရှာတွေ့ခဲ့သည်။
ဤတစ်ကြိမ်တွင်မူ ဖော်ရာသည် လျှို့ဝှက်ခန်း၏ဝင်ပေါက်နှင့်အတူ ခလုတ်ကိုပါရှာတွေ့ခဲ့သောကြောင့် ရှောင်ယုသည် လျှို့ဝှက်ခန်းဝင်ပေါက်ကိုအတင်းအကျပ်ဖောက်ခွဲနေစရာမလိုတော့ပေ။
သူတို့သည် အလွန်မှောင်မိုက်နေသော အခန်းတစ်ခုထဲသို့ရောက်လာကြသည်။အခန်းထဲ၌ မီးရှူးတိုင်များရှိသော်လည်း သူတို့သည်ငရဲသို့ရောက်သွားသလိုခံစားလိုက်ရသည်။
ရှောင်ယုသည် အခန်းတွင်း၌ရတနာများစွာရှိနေမည်ဟု မျှော်လင့်ထားခဲ့သောလည်း အခန်းထဲသို့ရောက်ချိန်တွင် သူစိတ်ပျက်သွားခဲ့ရသည်။အခန်းထဲ၌ အဖိုးတန်သောအရာများမရှိပေ။အခန်းအလယ်တွင် မြင့်မားသောရုပ်တုကြီးတစ်ခုသာရှိနေခဲ့သည်။
"အရူးတွေ...ဒါကသူတို့ရဲ့နတ်ဘုရားရုပ်တုလား...ဒါကဘယ်လိုဖြစ်တာလဲမသိဘူး"
ထိုရုပ်တုသည် လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များ ဆုတောင်းနေသည့်နတ်ဘုရားဆိုသူဖြစ်သည်။သို့သော် ထိုရုပ်တုသည်အမှောင်ထုထဲ၌ ဖုံးလွှမ်းနေပုံရပြီး ထိုအမှောင်ထုလွှမ်းခြုံထားသည့်ကြားမှ ၎င်း၏မျက်လုံးတစ်စုံက်ိုသာ တွေ့မြင်နေရသည်။
ထိုအရာသည် ရုပ်တုတစ်ခုသာဖြစ်သော်လည်း ထိုမျက်လုံးတစ်စုံသည် မှော်ဆန်လှပြီးဤနေရာတစ်ခုလုံးကို စောင့်ကြည့်နေပုံရသည်။ရှောင်ယုနှင့်ဆုရှာတို့သည် ရုပ်တုရှေ့သို့ရောက်လာချိန်တွင် ထိုရုပ်တု၏မျက်လုံးများကိုမြင်လိုက်ရသည့်ဆုရှာသည် စိတ်မထိန်းနိုင်ဘဲ တုန်လှုပ်သွားခဲ့ရသည်။သို့သော်လည်း ရှောင်ယုကမူထိုမျက်လုံးတစ်စုံကို ဂရုမစိုက်ခဲ့ပေ။လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များကသာ ရှောင်ယုကသူတို့၏နတ်ဘုရားကို အထင်သေးသောအကြည့်ဖြင့်ကြည့်နေသည်ကိုတွေ့မြင်သွားပါက ဒေါသပေါက်ကွဲကြမည်ဖြစ်သည်။
ရှောင်ယုသည် နေရာအနှံ့ကိုလိုက်လံရှာဖွေခဲ့ပြီး ရုပ်တု၏ခြေရင်းကိုပင်စေ့စေ့စပ်စပ်ရှာဖွေခဲ့သည်။အခန်းထဲတွင် ထူးထူးခြားခြားမည်သည့်အရာကိုမှ မတွေ့ခဲ့ရသည့်အတွက်ကြောင့် ရှောင်ယုသည် ရုပ်တုကိုသာစိတ်ဝင်တစားစိုက်ကြည့်နေမိသည်။
"ဟေး...တွေ့ရတာဝမ်းသာပါတယ်...မင်းငါပြောတာကြားရလား...ငါပြောတာကြားရရင် ငါ့အစားမင်းအမေကိုနှုတ်ဆက်ပေး"
ရှောင်ယုသည် ဆန်းကြယ်ပုဆိန်အားသူ့ပုခုံးထက်တွင်တင်ရင်း ရုပ်ထုအားလှောင်ပြောင်ပြောဆိုလိုက်သည်။
တစ်ချိန်တည်းမှာပင် ရုပ်တု၏မျက်လုံးတစ်စုံသည် တောက်ပလာခဲ့ကာ အလင်းရောင်ခြည်တန်းနှစ်ခုကို ရှောင်ယုထံသို့ပစ်လွှတ်လိုက်သည်။ရှောင်ယုသည် ထ်ိုအလင်းရောင်ခြည်တန်းများကို ပိတ်ဆို့ရန်အတွက် ဆန်းကြယ်ပုဆိန်အားမြှောက်လိုက်ကာ ရောင်ပြန်ဟပ်စေလိုက်သည်။
"သေစမ်း...မင်းကတကယ့်နတ်ဘုရားလား...မင်းကငါ့ကိုတိုက်ခိုက်ဖို့အတွက် ခုလိုခိုးကြောင်ခိုးဝှက်နည်းလမ်းမျိုးကိုအသုံးပြုဖို့ ဘာကြောင့်ကြိုးစားခဲ့တာလဲ...မင်းမှာဘောတွေရှိရင် ထွက်လာခဲ့စမ်း...မင်းအဖေငါက မင်းကိုဆောင့်ကန်ပစ်လိုက်မယ်"
ရှောင်ယုသည် အဆက်မပြတ်ကျိန်ဆဲရင်း ရုပ်တုကိုစိုက်ကြည့်လိုက်သည်။ထိုရုပ်တုသည် သူ့အားမထိခိုက်စေသည့်အတွက်ကြောင့် ရှောင်ယုသည် ကြောက်ရွံ့မှုမရှိဘဲ ဆက်တိုက်ကျိန်ဆဲနေခဲ့သည်။
အကယ်၍ ထိုနတ်ဘုရားဆိုသူသာ ရွေ့လျားနိုင်ပါက အစောကြီးကတည်းက သူ့ထံရောက်ရှိလာမှာဖြစ်သည်။ထို့ပြင်ဤနတ်ဘုရားသည် ကိစ္စအားလုံးကိုသူကိုယ်တိုင်လုပ်ဆောင်နိုင်ပါက တိုက်ကြီးအားထိန်းချုပ်ရန် လက်အောက်ခံများကိုမလိုအပ်ပေ။
အခန်း ၂၄၂ - နတ်ဘုရားအဆင့် ကျိန်ဆဲမှု
"ထွက်လာခဲ့....မအေပေးလေး...ထွက်လာပြီးတော့ငါ့ကိုလာတိုက်စမ်းပါ"
ရှောင်ယုသည် ၁၀မိနစ်ကျော်ကြာဆဲဆိုကြိမ်းမောင်းနေခဲ့ပြီး သူ၏တံတွေးများသည်ပင် ရုပ်တုကိုထိမှန်သွားခဲ့သည်။
"မအေပေး...မင်းမှာဘောတွေမပါဘူးလား...ထွက်လာခဲ့ မင်းနဲ့ငါနဲ့ပဲ တိုက်ကြရအောင်"
ရှောင်ယုသည် အသံကျယ်ကျယ်လောင်လောင်ဖြင့်အော်ဆဲလိုက်သည်။သူသည် ရုပ်တုကိုနိုးဆွနိုင်ရန်အတွက် အစွမ်းကုန်ကြိုးစားနေခဲ့သည်။ထိုသို့အချိန်အတော်ကြာအောင် ကြိုးစားပြုလုပ်ပြီးနောက်တွင် ရုပ်တုသည်အနည်းငယ်လှုပ်ရှားလာခဲ့သည်။
ဘန်း...
ရုပ်တုမှနေ၍ အပြာရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး အပျက်အစီးများသည် ရုပ်တု၏ပတ်လည်၌ လွှင့်ပျံထွက်သွားခဲ့သည်။ထိုသို့ရုတ်တရက်ပေါက်ကွဲမှုကြောင့် မှောင်မိုက်နေသောအခန်းသည် အလင်းရောင်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။သို့သော်ခဏအကြာ၌ အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြန်သည်။မည်သို့ပင်ဆိုစေ ထိုပေါက်ကွဲမှုအပြီးတွင် အခန်းတွင်းရှိထိတ်လန့်ဖွယ်ခံစားချက်များသည် လျော့နည်းပျောက်ကွယ်သွားခဲ့ကာ သာမန်အခန်းတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့သည်။
"ဟမ့်...ငါ့ကိုဘာထင်နေတာလဲ"
ရှောင်ယုသည် သူ၏အဝတ်အစားပေါ်၌ကပ်ညှိနေသောဖုန်မှုန့်များကို သုတ်လိုက်သည်။သူသည်နတ်ဘုရားတစ်ပါး၏ရုပ်တုကိုပင် ကိုယ်တ်ိုင်ဖျက်ဆီးစေသည့်အထိ ကျိန်ဆဲနိုင်ခဲ့ရာ သူ၏ကျိန်ဆဲခြင်းအစွမ်းကို နတ်ဘုရားအဆင့်တွင်ရှိနေသည်ဟု ယူဆနိုင်သည်။
ဆုရှာသည် ထိုအဖြစ်အပျက်တစ်ခုလုံးအား စောင့်ကြည့်ရင်းစကားပင်မပြောနိုင်တော့ပေ။ဆုရှာသည် ထိုရုပ်တု၏မျက်လုံးများကိုစိုက်ကြည့်မိချိန်တွင် သူမ၏ဝိညာဉ်စုပ်ယူခံရသလ်ိုခံစားလိုက်ရကာ ရုပ်တု၏ထိန်းချုပ်မှုကိုခံလိုက်ရသည့်အတိုင်း ထူးဆန်းသောခံစားချက်ကိုရရှိလိုက်သည်။သို့သော် ထိုထူးဆန်းသောခံစားချက်သည် နတ်ဘုရားရုပ်တုပေါက်ကွဲသွားချိန်တွင် လုံးဝကိုပျောက်ကွယ်သွားခဲ့သည်။
ရှောင်ယုသည် စခန်းသို့ပြန်ရောက်လာမည့် ဓားပြ၂၀၀၀၀ကိုကိုင်တွယ်ရန်အတွက် လျှို့ဝှက်ခန်းမှထွက်လာခဲ့သည်။ထိုဓားပြ၂၀၀၀၀ပြန်လာပြီး မကြာမီှတွင်ခက်ခဲကြမ်းတမ်းသောတိုက်ပွဲတစ်ခုဖြစ်လိမ့်မည်ဟု သူခံစားနေမိသည်။
ရှောင်ယုနှင့်ကျန်အဖွဲ့သားများသည် ဓားပြစခန်းမှနေ၍ လှံပစ်စက်များ၊လောက်လွဲများနှင့်အခြားလက်နက်များကို ရှာဖွေခဲ့ကြသည်။သူသည်ဓားပြများ၏လက်နက်ကိုအသုံးပြုကာ ဓားပြများကိုပြန်လည်တိုက်ခိုက်ရန် ကြံရွယ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ထို့ပါဟောင်သည် စွန့်စားသူများနှင့်အစောင့်များကို သူတို့၏ဝန်ဆောင်မှုအတွက် ငွေကြေးအမြောက်အများကို ဆုချီးမြင့်ပေးခဲ့သည်။ထို့ပါဟောင်သည် မဝေးလှသောအနာဂတ်တွင် ကြီးမားသည့်အခက်အခဲတစ်ခုနှင့်ရင်ဆိုင်ရမည်ကို သိရှိထားသည့်အတွက်ကြောင့် လူများစွာ၏စိတ်နှလုံးကိုအနိုင်ရရှိနိုင်ရန်အတွက် ရက်ရောသောဆုလာဘ်များကို အတတ်နိုင်ဆုံးပေးကမ်းခဲ့သည်။ထို့ပါဟောင်၏ ဆုကြေးငွေခွဲဝေပေးမှုအပေါ် မကျေနပ်သည့်လူအနည်းငယ်ရှိသော်လည်း လူအများစုကသူ၏နည်းလမ်းများကို သဘောတူခဲ့ကြသည်။
အစောင့်များနှင့်စွန့်စားသူများသည် ဓားပြများပြန်လည်ရောက်ရှိလာမည်ကို သိရှိထားသည့်အတွက်ကြောင့် ဓားပြစခန်းအားခုခံရန်အသင့်ပြင်ထားကြသည်။သူတို့သာရတ်ချက်မြို့အားတိုက်ခိုက်ရန် ထွက်ခွာသွားသည့် ဓားပြ၂၀၀၀၀ကိုမသတ်ဖြတ်နိုင်ခဲ့ပါက ယနေ့ရရှိထားသည့်ဆုကြေးငွေအားလုံးက်ိုဆုံးရှုံးရမည်ဖြစ်သည်။ထို့ပါဟောင်သည် စွန့်စားသူအချို့နှင့်အစောင့်များကို ညဘက်တွင်ကင်းလှည့်နေစေခဲ့ကာ ကျန်လူများကိုမူနောက်တစ်နေ့တွင်ဖြစ်ပွားမယ့် တိုက်ပွဲအတွက်ကောင်းစွာအနားယူရန် စီစဉ်မှုများပြုလုပ်ခဲ့သည်။
ရှောင်ယုသည် ဓားပြများကိုကျောထောက်နောက်ခံပေးထားသည့် လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်များအကြောင်း ထို့ပါဟောင်ကိုသတိပေးထားခဲ့သည်။ထို့ပြင်သူသည် အုပ်ချုပ်ရေးခန်းမရှိ လျှို့ဝှက်အခန်းအတွင်း သူတွေ့ရှိခဲ့ရသည့် ရုပ်တုအကြောင်းကိုထို့ပါဟောင်အား ပြောပြခဲ့သည်။ထို့ပြင် ရှောင်ယုသည်လက်ရှိအခြေအနေတစ်ခုလုံးအား ခွဲခြမ်းစိတ်ဖြာ၍တင်ပြခဲ့သေးသည်။
ထို့ပါဟောင်သည် ရန်သူကိုထိပ်တိုက်ရင်ဆိုင်မည်မဟုတ်သော်လည်း အနောက်တိမ်တိုက်အင်ပါယာကို သိမ်းယူရန်အတွက် ကြံစည်နေသောအင်အားစုသည် အလွန်ပင်အစွမ်းလှပေသည်။ထိုသို့အောင်မြင်ပြီးပါက အစီအစဉ်၏နောက်တစ်ဆင့်အနေဖြင့် ရှောင်ယု၏ခြင်္သေ့နယ်မြေအား သူတို့၏နယ်မြေအဖြစ်သိမ်းယူကာ ကောင်းကင်ခြင်္သေ့မင်းဆက်အား တိုက်ခိုက်သိမ်းပိုက်ရန်အတွက် အနောက်တိမ်တိုက်အင်ပါယာမှလူများကိုပို့ဆောင်မှာဖြစ်သည်။
ထို့ပြင် ရှောင်ယုသည် ထိုလျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များ၏လွှမ်းမိုးမှုအောက်၌ ကောင်းကင်ခြင်္သေ့မင်းဆက်တွင် လူမည်မျှရှိနေမည်မှန်း မသိခဲ့ပေ။
ထိုလျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များသည် ဆိုလိုမွန်းအားအဘယ်ကြောင့် ထောက်ပံ့ပေးခဲ့ရသည့်အကြောင်းရင်းက်ို ရှောင်ယုနားလည်သွားခဲ့သည်။သူတို့သည် ရှောင်ယုနှင့်တူညီသောအတွေးအမြင်ကို ပိုင်ဆိုင်ကြသည်။ထိုလျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များသည် ခြင်္သေ့နယ်မြေ၏ ဗျူဟာမြောက်တည်နေရာကို နားလည်သဘောပေါက်ကြသည်။
"သေစမ်း...ငါ့ရဲ့ရည်မှန်းချက်ကိုလုယူဖို့ သူတို့ကပြင်ဆင်ရဲတယ်ပေါ့"
ရှောင်ယုသည် ထိုအခြေအနေကိုတွေးတောရင်း ဒေါသတကြီးဖြစ်သွားခဲ့သည်။
မည်သို့ပင်ဆိုစေ ရှောင်ယုသည် အနောက်တိမ်တိုက်အင်ပါယာသို့လာရောက်လှည့်ပတ်ရန် ပြင်ဆင်ခဲ့သည့်သူ၏အစီအစဉ်အပေါ် အမှန်တကယ်အားရနှစ်သက်သွားခဲ့သည်။ဤခရီးစဉ်တွင် သူသည်ထို့ပါဟောင်ကဲ့သို့ ခိုင်မာသောမဟာမိတ်တစ်ယောက်ကိုပါ ရရှိခဲ့သည်။
သူသည် ထို့ပါဟောင်ကိုအသုံးချခြင်းဖြင့် အနောက်တိမ်တိုက်အင်ပါယာကို အချိန်တစ်ခုအထိပရမ်းပတာဖြစ်စေမှာဖြစ်သည်။ဤနည်းဖြင့် ထိုဝတ်ရုံနက်များသည် အနောက်တိမ်တိုက်အင်ပါယာကိုပေါင်းစည်းရန်အတွက် ပုံမှန်ထက်အချိန်ယူရတော့မည်ဖြစ်သည်။
"ကံဆိုးလိုက်တာ...ငါကဆိုလိုမွန်းကိုဖယ်ရှားပြီးပြီဆ်ိုတော့ နည်းနည်းလောက်အသက်ရှုချောင်ခဲ့ပြီလို့ထင်ထားခဲ့တာ....ခုတော့ငါ့မှာအနားယူဖို့တောင်အချိန်မရှိတော့ပါလား....ဘဝကခက်ခဲလိုက်တာ"
ထို့ပါဟောင်သည် စာရွက်စာတမ်းများကို ရှာဖွေနေစဉ်အတွင်း စာရင်းစာအုပ်တစ်အုပ်ကိုတွေ့ရှိခဲ့သည်။ထိုစာရင်းစာအုပ်တွင် လျှို့ဝှက်ခန်းတစ်ခုအတွင်း ရတနာများစွာကိုသိမ်းဆည်းထားကြောင်း မှတ်တမ်းတင်ထားခဲ့သည်။သို့သော်လည်း ထို့ပါဟောင်သည် ထိုလျှို့ဝှက်ခန်းအတွင်း၌ မည်သည့်ရတနာကိုမှမတွေ့ခဲ့ပေ။ရှောင်ယုသည် ထိုနေရာမှနောက်ဆုံးထွက်လာသူဖြစ်ကြောင်း သူသိထားပေသည်။ရှောင်ယုထံတွင် သိုလှောင်လက်စွပ်တစ်ကွင်းရှိနေပုံရသော်လည်း လျှို့ဝှက်ခန်းအတွင်းမှ ရတနာများစွာကို သိုလှောင်လက်စွပ်တစ်ကွင်းတည်းဖြင့် မသိမ်းဆည်းနိုင်ပေ။
စာရင်းထဲရှိအချက်အလက်များသည် မှားယွင်းနေပါသလား...
နောက်တစ်နေ့မွန်းလွဲပ်ိုင်း၌ ကင်းထောက်များက ဓားပြ၂၀၀၀၀ပြန်လာပြီဖြစ်ကြောင်း သတင်းပေးလာခဲ့သည်။
ရှောင်ယုနှင့်ထို့ပါဟောင်တို့သည် တိုက်ပွဲအတွက်လူများကိုစတင်ဖြန့်ကျက်ခဲ့ကြပြီး ဓားပြများကိုလှောင်ပိတ်ရန်ပြင်ဆင်ခဲ့ကြသည်။ရှောင်ယုသည် ခံစစ်နတ်ဘုရားတစ်ပါးဖြစ်ကာ ရန်သူများ၏တိုက်စစ်က်ိုခုခံရာတွင် ထူးချွန်သောမှတ်တမ်းများပိုင်ဆ်ိုင်ထားသည်။လက်ရှိအချိန်တွင် သူ့ထံ၌အခြေစိုက်စခန်းမှ တပ်သားများမရှိသော်လည်း အစောင့်များနှင့်စွန့်စားသူတို့၏ခွန်အားများဖြင့် ဤတိုက်ပွဲကိုဆင်နွဲနိုင်သည်။
"သူတို့ပြန်လာကြတော့မယ်...မင်းတို့ရဲ့ဆုငွေတွေကို မဆုံးရှံးချင်ရင် ငါ့အမိန့်ကိုနာခံပြီးတော့ အစီအစဉ်တကျလုပ်ကြ...ငါ့အမိန့်ကိုမနာခံတာမျိုး အခြားသူတွေရဲ့ပြင်ဆင်မှုကိုအနှောင့်အယှက်လုပ်တာမျိုးငါတွေ့ရင် မင်းတို့ကိုချက်ချင်းသတ်ပစ်မယ်"
ရှောင်ယုက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
တပ်ဖွဲ့ဝင်များသည် ရှောင်ယု၏စကားကိုနားထောင်ကြသည်။သူတို့သည် ဓားပြစခန်းအားသိမ်းပိုက်စဉ်အခါကပင် အသေအပျောက်မရှိ၍အောင်မြင်ခဲ့သောကြောင့် ရှောင်ယု၏အမိန့်ကိုနာခံသည်မှာ သဘာဝကျပေသည်။
ထို့ပါဟောင်သည် ရှောင်ယုကိုလှမ်းကြည့်လိုက်ချိန်တွင် မဟာစစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ကိုကြည့်နေရသကဲ့သို့ ခံစားမိ၍ သက်ပြင်းချမိလိုက်သည်။ကံကောင်းထောက်မစွာဖြင့် ထိုလူသည်သူ၏မဟာမိတ်ဖြစ်နေခဲ့သည်။
"တံခါးဖွင့်...တံခါးဖွင့်"
ဓားပြများသည် စခန်းဝင်ပေါက်နားသို့ရောက်ချိန်တွင် ညနေစောင်းနေပြီဖြစ်သည်။ဓားပြခေါင်းဆောင်သည် ဖုံးကွယ်မှော်အစီအရင်ကို ဖြတ်ကျော်ပြီးနောက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
သို့သော်လည်း သူတို့သည်မြှားမိုးရွာသွန်းမှုနှင့်ကြုံကြိုက်ခဲ့ရသည်။ထောင်ပေါင်းများစွာသော ကျိုင်းကောင်များသည် တညီတညာတည်း သံပြိုင်အော်ဟစ်နေသကဲ့သို့ မြှားတံများသည်ဓားပြများက်ို ဆူနာမီလှိုင်းများကဲ့သ်ို့ ရိုက်ခတ်နေခဲ့သည်။
အား...အား...အား
နာကျင်စွာအော်ဟစ်သံများ ပဲ့တင်ထပ်လာခဲ့ပြီး ထိုအချိန်ခဏလေး၌ ဓားပြထောင်နှင့်ချီ၍ သေဆုံးသွားခဲ့ရသည်။
အခန်း ၂၄၃ - လှည့်စားခြင်း
"ဘာတွေဖြစ်နေတာလဲ..."
ဓားပြအဖွဲ့၏ခေါင်းဆောင်သည် စွမ်းအားကြီးသောသူရဲကောင်းတစ်ယောက်ဖြစ်ကာ သူ၏ဒိုင်းလွှားကိုအသုံးပြူ၍ မြှားများကိုပိတ်ဆို့နေခဲ့သည်။
သို့သော်လည်း သူသည်စခန်း၏ခံစစ်နံရံများကိုကြည့်ရင်း အာရုံများနေခဲ့သည်။သူတို့၏မဟာမိတ်များက အဘယ်ကြောင့်သူတို့အားတိုက်ခိုက်ရသည်ကို သူနားမလည်နိုင်သေးပေ။
"လှံပစ်စက်တွေ...အသင့်ပြင်...ပစ်"
ရှောင်ယုသည် ကျယ်လောင်စွာအမိန့်ပေးလိုက်ရာ လှံပစ်စက်များသည် ဓားပြအုပ်စုထဲသို့ချိန်ရွယ်၍ ပစ်ခတ်လိုက်ကြသည်။
ရွှီး...ရွှီး...ရွှီး...
ဓားပြခေါင်းဆောင်ဖြစ်သူသည် အတတ်နိုင်ဆုံးရှောင်တိမ်းနေခဲ့သော်လည်း လှံပစ်စက်များမှပစ်လွှတ်နေသည့် လှံတံများကိုခက်ခက်ခဲခဲရှောင်တိမ်းနေရသည်။သူသည်ဒိုင်းဖြင့်ပိတ်ဆို့ရန် ကြိုးစားခဲ့သော်လည်း လှံများ၏ထိုးဖောက်နိုင်စွမ်းသည် ဒိုင်း၏ခုခံနိုင်စွမ်းကိုကျော်လွန်နေခဲ့သည်။ထို့ကြောင့် လှံတစ်ချောင်းသည်သူ၏ခန္ဓာကိုယ်အား ထိုးဖောက်၍ ထိုနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။
ရှောင်ယုသည် ရန်သူများကိုအချိန်တိုအတွင်း ချေမှုန်းနိုင်ရန်အတွက် အကြီးစားလှံပစ်စက်များကို အသုံးပြုကာ စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့သည်။ထိုသို့ပြုလုပ်ခြင်းသည် ဖြုန်းတီးရာရောက်သော်လည်း ထိရောက်သောနည်းလမ်းတစ်ခုဖြစ်သည်။
ထို့ပါဟောင်သည် ဓားပြခေါင်းဆောင်၏အခြေအနေကိုမြင်တွေ့လိုက်ချိန်တွင် စိတ်လှုပ်ရှားသွားခဲ့သည်။သူသာ ယခုလိုအခြေအနေမျိုး၌ကျရောက်နေပါက ရုန်းထွက်ရန်အလွန်ခက်ခဲမည်ဖြစ်သည်။
"တံခါးဖွင့်...တိုက်ကြ"
ရှောင်ယုက ချက်ချင်းအမိန့်ပေးလိုက်သည်။
ရှောင်ယု၏အမိန့်နှင့်အတူ တံခါးများချက်ချင်းဖွင့်လာကာ အမာခံ မြင်းတပ်သား၄၀၀တို့သည် ရှေ့ဆုံးမှပြေးထွက်လာပြီး ထို့ပါဟောင်ဦးဆောင်သည့် စွန့်စားသူနှင့်အစောင့်များနှင့်အတူ ဓားပြများကိုဦးစွာတိုက်ခိုက်လိုက်သည်။
ဘန်း...
ဓားပြများသည် မြင်းတပ်သားများ၏သုတ်သင်မှုကို ခံရချိန်အထိ မည်သို့ဖြစ်သွားသည်ကို မရိပ်မိကြသေးပေ။သူတို့သည် အနားယူခြင်းမရှိဘဲ နှစ်ရက်ဆက်တိုက်ခရီးပြင်းနှင်လာရ၍ အလွန်ပင်ပန်းနွမ်းနယ်နေခဲ့သည်။ထို့ပြင်သူတို့သည် အခြေစိုက်စခန်းဆီသို့ပြန်လာချိန်တွင် မည်သည့်ဖွဲ့စည်းပုံကိုမှပြင်ဆင်ထားခဲ့ခြင်းမရှိခဲ့ပေ။ထို့ကြောင့် အမာခံမြင်းတပ်သားများသည် ဓားပြများကိုအခက်အခဲမရှိနင်းခြေနိုင်ခဲ့ကြသည်။
ထိုဓားပြများသည် မုတ်ဆိတ်နီ၏လက်ရွေးစင်တပ်ဖွဲ့များဖြစ်ကြောင်း ရှောင်ယုသိရှိထားပေသည်။ထို့ကြောင့်သူသည် ခံတပ်နံရံများကိုအားကိုး၍ မြှားနှင့်လှံများကိုအသုံးပြုကာ အမာခံမြင်းတပ်သားများနှင့်အပေါ့စားမြင်းတပ်တို့အားပူးတွဲအသုံးပြု၍ ဤအခိုက်အတန့်လေးတွင် တဟုန်ထိုးဖိနှိပ်တိုက်ခိုက်ခဲ့သည်။
အမာခံမြင်းတပ်သားများသည် ဓားပြများကိုချနင်းသွားစဉ်တွင် အပေါ့စားမြင်းတပ်သားများအတွက် လမ်းဖွင့်ပေးထားခဲ့သည်။ဓားပြများသည် တန်ပြန်တိုက်ခိုက်ရန်ပင် အခွင့်အရေးမရခဲ့ပေ။သူတို့သည် အရပ်မျက်နှာမျိုးစုံကိုပြန့်ကျဲသွားခဲ့ကြသည်။အကယ်၍ ဓားပြများသာအုပ်စုငယ်လေးများအဖြစ် ကွဲထွက်သွားပါက သူတို့အားဖမ်းဆီးရန်ခက်ခဲမည်ဖြစ်၍ ရှောင်ယုသည်ပထမတစ်ကြိမ်တိုက်ခိုက်ပြီးနောက် သူတို့အားပြန်လှည့်လာရန် ကြိုတင်အမိန့်ပေးထားခဲ့သည်။
"ဒါတွေက ရတ်ချက်မြို့မှာ ငါတို့ရဲ့တပ်တွေကိုချေမှုန်းခဲ့တဲ့ မြင်းတပ်တွေမဟုတ်ဘူးလား..."
ရတ်ချက်မြို့တိုက်ပွဲ၌ ပါဝင်ခဲ့သောဓားပြတစ်ယောက်သည် အမာခံမြင်းတပ်သား၄၀၀ကိုမှတ်မိသွားပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
အနောက်တိမ်တိုက်အင်ပါယာတွင် အမာခံမြင်းတပ်သားများမရှိသောကြောင့် အသက်ရှင်ကျန်ရစ်ခဲ့သောဓားပြများသည် ရှောင်ယု၏တပ်သားများကို ချက်ချင်းမှတ်မိသွားကြသည်။
"ဘာဖြစ်တာလဲ...ငါတို့အပြင်ထွက်သွားတဲ့အချိန်မှာ ငါတို့စခန်းတိုက်ခိုက်ခံလိုက်ရတာလား...ငါတို့ကဘယ်လိုဖြစ်ပြီး အခြေစိုက်စခန်းကိုဆုံးရှံးလိုက်ရတာလဲ...ငါတို့မှာတပ်ဖွဲ့ဝင်များစွာရှိပြီး ခိုင်မာတဲ့ခံစစ်နံရံတံတိုင်းတွေလည်းရှိနေတာပဲ...ဒီလောက်ကောင်းတဲ့ ကာကွယ်ရေးအလွှာကို သူတို့ဘယ်လိုကျော်ဖြတ်နိုင်ခဲ့တာလဲ"
ဓားပြများသည်ရူးသွပ်လုနီးပါးဖြစ်သွားကြသည်။သူတို့သည် ကျားကိုကယ်တင်ရန်အတွက် ရတ်ချက်မြို့အားတိုက်ခိုက်စဉ်က မြို့သည်ဗလာဖြစ်နေကြောင်းသိလိုက်ရ၍ စိတ်ပျက်ကာဒေါသထွက်ခဲ့ရသည်။ယင်းနောက်သူတို့သည် စခန်းသို့အမြန်ပြန်သွားလာခဲ့သော်လည်း အပြင်လူများက ထိုစခန်းကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း သိလိုက်ရသည်။ထို့ပြင် အချိန်တိုလေးအတွင်းမှာပင် သူတို့၏ရဲဘော်ရဲဖက်များသည် ချက်ချင်းသတ်ဖြတ်ခံလိုက်ရသည်။
"ငါတို့ခုဘာဆက်လုပ်ကြမလဲ..."
ဓားပြများသည် ကျန်ရှိနေသောခေါင်းဆောင်များကို လှမ်းကြည့်လိုက်ကြသည်။သူတို့၏အခြေစိုက်စခန်းသည် သိမ်းပိုက်ခံလိုက်ရ၍ သူတို့ပြန်သွားရန်နေရာမရှိတော့ပေ။သူတို့၏အခြေစိုက်စခန်းမရှိတော့ခြင်းကြောင့် သူတို့သည်ဦးတည်ရာမဲ့ဖြစ်သွားပြီဟု ဆိုလိုခြင်းဖြစ်သည်။
"သူတို့ကတိုက်ခိုက်ခံရပြီးချင်းချင်း ငါတို့စခန်းကိုလာရောက်သိမ်းပိုက်တာဆိုတော့ သူတို့မှာလူအင်အားများများမပါလောက်ဘူး...မဟုတ်ရင် သူတို့ကဒီအခြေအနေကိုအခွင့်ကောင်းယူပြီး ငါတို့ကိုချက်ချင်းအမြစ်ဖြုတ်ရှင်းလင်းလိမ့်မယ်...သူတို့ကဒီအခြေစိုက်စခန်းကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့ အသေအပျောက်အများကြီးရှိလိမ့်မယ်"
ဓားပြခေါင်းဆောင်က ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ ငါတို့မှာစခန်းကိုပြန်သိမ်းဖို့ လက်နက်ကြီးတွေမရှိဘူးလေ...ဘယ်လိုနည်းနဲ့စခန်းကိုပြန်သိမ်းကြမှာလဲ..."
အခြားဓားပြတစ်ဦးက မေးမြန်းလိုက်သည်။
"မတတ်နိုင်ဘူး...ဒီအနီးအနားကတောင်တွေကနေပြီးတော့ သစ်ပင်တွေခုတ်ပြီး လှေကားတွေလုပ်ရမယ်...ပြီးတော့စခန်းကိုချက်ချင်းပြန်သိမ်းရမယ် မဟုတ်ရင် ငါတို့ခွေးလ်ိုသေရလိမ့်မယ်"
ဓားပြခေါင်းဆောင်က ခါးသီးသောလေသံဖြင့်ပြောလ်ိုက်သည်။အမှန်တော့ သူကိုယ်တိုင်ကရာထူးကြီးသောခေါင်းဆောင်မဟုတ်ပေ။သူသည် မုတ်ဆိတ်နီအစစ်၏အထောက်အထားသို့မဟုတ် သူတို့အားထောက်ပံ့ပေးထားသည့် အင်အားစုကိုပင်မသိခဲ့ပေ။ထို့ကြောင့်သူတို့သည် တန်ပြန်တိုက်စစ်တစ်ခုကို စတင်ရန်အတွက် သူတို့၏ခေါင်းဆောင်အစစ်အား ရှာဖွေရမည်သို့မဟုတ် စောင့်ဆိုင်းရမည်က်ိုမသိခဲ့ပေ။
ထို့နောက် ဓားပြများသည် သစ်ပင်များကိုရှာဖွေခုတ်ထစ်ကာ လှေကားများပြုလုပ်ကြသည်။ထို့ကြောင့် ဤအကွာအဝေးတဝိုက်ရှိ တောင်အများစုသည် ပြောင်သလင်းခါသွားကြသည်။သို့သော်လည်း ဤနေရာတွင်သစ်ပင်များပေါများ၍ လှေကားများအလုံအလောက်ပြုလုပ်နိုင်ခဲ့သည်။
ဓားပြ၁၀၀၀၀ကျော်သည် ညလုံးပေါက်အနားယူခြင်းမရှိဘဲ ဝိုင်းရံစစ်ဆင်ရေးအတွက် လှေကားဒါဇင်ကျော်က်ိုပြုလုပ်နိုင်ခဲ့သည်။
ရှောင်ယုသည် လှေကားများပြုလုပ်နေသည့် ဓားပြများကိုကြည့်ရင်း လှောင်ပြုံးပြုံးလိုက်မိသည်။
"ဟမ့်...အဲ့ကောင်တွေသာငါတို့ဘက်ကအင်အားအများကြီးရှိနေတာမြင်ရင် ခုလ်ိုလှေကားတွေလုပ်နေမှာမဟုတ်ဘူး"
ရှောင်ယုတို့ဘက်တွင် စွန့်စားသူများနှင့်အစောင့်များကိုထည့်ပေါင်းလိုက်ပါက အင်အား၁၀၀၀၀ကျော်ရှိပေသည်။သူတို့သည် လက်ရွေးစင်တပ်သားများမဟုတ်ကြသော်လည်း လက်ရှိအချိန်ထက် အရည်အသွေးထက်စာလျှင် အရေအတွက်ကပိုမိုအရေးပါနေခဲ့သည်။သူတို့သည် မနေ့ညကလည်း ဓားပြများစွာကိုသတ်ဖြတ်နိုင်ခဲ့၍ ဓားပြအရေအတွက်အလွန်လျော့နည်းသွားခဲ့သည်။ဓားပြများသည် လက်ရွေးစင်တပ်များဖြစ်ကြသော်လည်း ဝိုင်းရံတိုက်ခိုက်မှုကိုပြုလုပ်မည်ဆိုပါက အသေအပျောက်များစွာကြုံတွေ့ရမည်ဖြစ်သည်။ရှောင်ယုသည် ဓားပြများထိတ်လန့်သွားမည်ကိုမစိုးရိမ်ပါက ယခုအချိန်တွင် သူ့တွင်ရှိနေသည့် တပ်သားအရေအတွက်အစစ်အမှန်ကို ပြသလိုက်ပြီဖြစ်သည်။
ရှောင်ယုသည် စွန့်စားသူအချို့နှင့်အစောင့်အချို့ကို နံရံများ၌ရှိနေရန် အမိန့်ပေးထားခဲ့ပြီး ကျန်သူများအားခံတပ်နံရံအောက်၌ ပုန်းအောင်းကာ တိုက်ခိုက်ရန်အကောင်းဆုံးအခွင့်အရေးကို စောင့်ဆိုင်းနေစေခဲ့သည်။
ဓားပြများသည် ခံတပ်နံရံပေါ်၌ လူအမြောက်အများမရှိကြောင်း သတိပြုမိကြသည်။ထို့ကြောင့်သူတို့သည် သူတို့၏အခြေစိုက်စခန်းအား ပြန်လည်သိမ်းယူရန်အတွက် ကျယ်လောင်စွာအော်ဟစ်လိုက်ကြပြီး ပြင်းထန်စွာပြန်လည်တိုက်ခိုက်ခဲ့ကြသည်။
ရှောင်ယုသည် ဓားပြများကြောက်ရွံ့မသွားစေရန်အတွက် နံရံနောက်ဘက်ရှိလေးတပ်များကို တန်းစီတိုက်ခိုက်ရန် အမိန့်ပေးထားခဲ့သည်။
"ငါတို့လူတွေက ဓားပြတွေရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုပေမဲ့ ခုဆိုရင်ဓားပြတွေအများကြီးသေသွားခဲ့ပြီမလို့ ငါတို့မှာအားသာချက်တွေရှိနေပြီ...ငါတို့ရဲ့အရေအတွက်နဲ့သာဆို သူတို့ကိုမျက်နှာချင်းဆိုင်တိုက်ခိုက်နေရင်တောင်မှ အောင်နိင်နေပြီ ဘာလို့ခုလိုတိုက်ခိုက်နေရတာလဲ..."
ထို့ပါဟောင်က မေးမြန်းလိုက်သည်။
ရှောင်ယုသည် ထို့ပါဟောင်၏စကားကြောင့်ပြုံးလိုက်မိသည်။
"မင်းပြောတာအမှန်ပဲ...ဒါပေမဲ့ခုချိန်မှာဓားပြတွေက ဒေါသတကြီးဖြစ်နေတဲ့ ခွေးရူးတွေနဲ့တူနေတယ်ဆိုတာ မင်းမမေ့လိုက်နဲ့...သူတို့ကိုမျက်နှာချင်းဆိုင်တိုက်ခိုက်နိုင်တယ်ဆိုပေမဲ့ ဒီလိုမျိုးကိုယ့်အသက်ကိုဂရုမစိုက်တဲ့ လူ၁၀၀၀၀နဲ့တိုက်ခိုက်ရင် ဘယ်လိုဖြစ်လာမလဲတွေးမိလား...ဒါကြောင့်ခုလိုနည်းလမ်းနဲ့ဓားပြတွေကိုတိုက်ခိုက်တာအကောင်းဆုံးပဲ...ငါတို့ကပိုလွယ်တဲ့နည်းလမ်းကိုပိုင်ဆိုင်ထားရင် ငါတို့လူတွေကိုသေလမ်းပို့ဖို့မရွေးချယ်နိုင်ဘူး"
ရှောင်ယုသည် တိတ်ဆိတ်စွာဖြင့် တိုက်ပွဲအခြေအနေကိုစောင့်ကြည့်နေစဉ် ထို့ပါဟောင်သည်လည်း အမြင်မှန်ရသွားခဲ့ကာ ရှောင်ယုထံမှသူသင်ယူရမည့်အရာများစွာ ရှိနေကြောင်းနားလည်သွားခဲ့သည်။သူသည် စစ်သူကြီးကောင်းတစ်ဦးဖြစ်သော်လည်း ထို့ပါဟောင်သည် ရှောင်ယုနှင့်နှိုင်းယှည်မည်ဆိုပါက အရည်အချင်းပြည့်မှီခြင်းမရှိသေးပေ။သူ၏နည်းဗျူဟာများနှင့်အစီအစဉ်များကိုချမှတ်မှုအပိုင်းတွင် ရှောင်ယုထက် သိသိသာသာကိုနိမ့်ကျနေလျက်ရှိသည်။
ထို့ပြင် ရှောင်ယုသည် စည်းကမ်းကြီးသောစစ်သူကြီးတစ်ယောက်ဟု မထင်ရပေ။ရံဖန်ရံခါတွင် ရှောင်ယုသည်စစ်တိုက်သည့်ဂိမ်းကစားနေသည့် ကလေးတစ်ယောက်လိုပင်ဖြစ်သည်။သို့သော်သူသည် သူရှေ့ဆက်လှုပ်ရှားမည့်ခြေလှမ်တိုင်းကို အသေးစိတ်တွက်ချက်ထားကြောင်း ထို့ပါဟောင်ကနားလည်ထားသည်။ရှောင်ယုသည် တိုက်ပွဲစတင်ချိန်၌ ရန်သူ၏စိတ်ဓာတ်ကိုဖျက်ဆီးချိုးနှိမ်ရန်အတွက် အထိရောက်ဆုံးနည်းလမ်းများကို အမြဲအသုံးပြုခဲ့သည်။ထိုအအမြဲအသုံးပြုခဲ့သည်။ထိုအရာများသည် စကားဖြင့်ပြောပါကလွယ်ကူသော်လည်း အမှန်တကယ်လက်တွေ့လုပ်ဆောင်မည်ဆိုပါက သင်ယူရန်ခက်ခဲလှပေသည်။
ဓားပြများသည် သူတို့မည်မျှကုန်ကျပါစေ စခန်းအားပြန်လည်သိမ်းပိုက်ရမည်ကို နားလည်သွားခဲ့သည်။
သူတို့သည် အသက်ကိုပင်ဂရုမစိုက်ဘဲ ဝံ့ဝံ့ရဲရဲချီတက်တိုက်ခိုက်နေကြသည်။သူတို့သည် အသေအပျောက်များစွာရင်ဆိုင်ခဲ့ရသော်လည်း ခံတပ်နံရံအားသိမ်းပိုက်ရန် အသည်းအသန်ကြိုးစားနေကြသည်။ရှောင်ယုနှင့်ဂရင်းတို့သည့် ဓားပြများဝိုင်းအုံနေသည့်ခံတပ်နေရာများကို ကူညီပေးရန် နံရံနှစ်ဘက်သို့အကြိမ်ကြိမ်သွားရောက်နေကြသည်။
အန်တိုနီဒက်စ်သည်လည်း အကောင်းဆုံးလုပ်ဆောင်နေကာ သူ၏ရေခဲဆူးချွန်သည် တစ်ကြိမ်လျှင် ဓားပြဒါဇင်ပေါင်းများစွာကိုသတ်ဖြတ်နေခဲ့သည်။
တိုက်ပွဲသည် ရှေ့မတိုးနောက်မဆုတ်အခြေအနေဖြင့် အပြီးသတ်သွားခဲ့သည်။ဓားပြများသည် အကြိမ်ကြိမ်ရှေ့တိုးတိုက်ခိုက်ခဲ့ကြသော်လည်း ခုခံရေးလိုင်းကိုဖြတ်သန်းရန် မအောင်မြင်ခဲ့ပေ။ဓားပြများ၏အသေအပျောက်သည် ရှောင်ယုမျှော်မှန်းထားသည်ထက် ကျော်လွန်နေခဲ့သည်။
အဆုံးသတ်တွင် ဓားပြများသည် ၆ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့ကြပြီး ထို့နေ့အကုန်တွင် အရေအတွက်၁၀၀၀၀အောက်သာကျန်ရစ်ခဲ့သည်။
"ငါတို့အခုတိုက်ခိုက်ကြတော့မှာလား..."
ထို့ပါဟောင်သည် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာနှစ်ခုလုံးနွမ်းနယ်နေသည့်ဓားပြများကိုကြည့်၍ ပြောလိုက်သည်။လက်ရှိအချိန်တွင်သူတို့တိုက်ခိုက်ပါက အောင်မြင်နိုင်ပေသည်။
ရှောင်ယုက ချက်ချင်းခေါင်းခါပြလိုက်သည်။
"သူတို့မှာရိက္ခာလုံလုံလောက်လောက်မရှိဘူး...မနက်ဖြန်သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းကျဆင်းသွားလိမ့်မယ်...သူတို့သာအကြိမ်အနည်းငယ်ထပ်တိုက်ပြီးသွားရင် သူတို့ကိုဖယ်ရှားပစ်လို့ရပြီ"
အနောက်တိမ်တိုက်အင်ပါယာ၏ အပေါ့စားမြင်းတပ်သားများသည် အလေးချိန်ကြောင့် ရိက္ခာပမာဏများများစားစားကို မသယ်ဆောင်တတ်ကြပေ။ရှောင်ယုသည် ထိုအကြောင်းကိုသိရှိပြီးနောက် အကျိုးရှိရှိအသုံးချခဲ့သည်။သူ၏တပ်များသည် ခံတပ်နံရံနောက်တွင် ကောင်းကောင်းအနားယူခဲ့ရ၍ ဓားပြများကိုတိုက်ခိုက်ရာ၌ များစွာအားစိုက်ထုတ်ရခြင်းမရှိပေ။
"ဒီတိုက်ပွဲအကြောင်း အများကြီးစဉ်းစားမနေနဲ့ ခုမင်းလုပ်ရမှာက အာဏာသိမ်းမယ့်မင်းရန်သူအကြောင်းကို စဉ်းစားရမယ်...ဘယ်ချိန်ကအာဏာသိမ်းဖို့အကောင်းဆုံးအချိန်လဲ..."
ရှောင်ယုသည် ဤတိုက်ပွဲထက်ပိုမိုကြီးမားသည့် ပြဿနာရှိနေကြောင်း သတိပြုမိပေသည်။အာဏာသိမ်းမှုအောင်မြင်သွားပါက အနောက်တိမ်တိုက်အင်ပါယာတစ်ခုလုံး ပရမ်းပတာဖြစ်သွားနိုင်သည်။ထိုအချိန်သို့ရောက်လျှင် ၎င်းတို့အားဆန့်ကျင်တိုက်ခိုက်ရန်အတွက် ထို့ပါဟောင်အားတပ်ဖွဲ့တစ်ခုထူထောင်နိုင်ရန် ကူညီပေးရမည်ဖြစ်သည်။
"သူတို့အခုတော့ အာဏာသိမ်းမယ်လို့မထင်ဘူး...သူတို့ကပူးပေါင်းကြံစည်နေတာကြာပြီဆိုတော့ အလျင်စလိုမလုပ်လောက်ပါဘူး"
ထို့ပါဟောင်က စဉ်းစား၍ပြောလိုက်သည်။
ရှောင်ယုက ချက်ချင်းခေါင်းခါပြလိုက်သည်။
"မကြာခင် ဖြစ်လာလိမ့်မယ်"
"မင်းဘာလို့ဒီလိုထင်ရတာလဲ..."
ထို့ပါဟောင်က အံ့သြတကြီးမေးမြန်းလိုက်သည်။
"ငါ့ရဲ့မသိစိတ်ကြောင့်ပဲ"
ရှောင်ယုကရှင်းရှင်းလင်းလင်း အဖြေပြန်မပေးခဲ့ပေ။
အမှန်တော့ ရှောင်ယုသည် မသိစိတ်နှင့်ခံစားချက်များကို အားကိုးနေမည့်သူမဟုတ်ပေ။သို့သော် လျှိ့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များက အနောက်မြေရိုင်းဒေသအားထိန်းချုပ်နိုင်အောင် ဆိုလိုမွန်းအားထောက်ပံ့ပေးနေ၍ အနောက်တိမ်တိုက်အင်ပါယာအား အာဏာသိမ်းမည့်ကိစ္စသည် အနှေးနှင့်အမြန်ဖြစ်လာမည်ဖြစ်ကြောင်း သူသိရှိထားသည်။