← Chapters

အခန်း (၂၄၄-၂၄၆)

Vol. 17 Ch. 244-246

အခန်း (၂၄၄-၂၄၆)

Vol. 17 Ch. 244-246

အခန်း ၂၄၄ - အင်ပါယာ၏ဧကရာဇ်အသစ်

"ခုချိန်မှာသူတို့ရဲ့ခွန်အားနဲ့စိတ်ဓာတ်က အနိမ့်ဆုံးအခြေအနေကိုရောက်နေပြီဖြစ်တာကြောင့် ငါတို့အခုပဲတိုက်ခိုက်လို့ရပြီ"

ယခုလိုအချိန်အတော်ကြာအောင် တိုက်ခိုက်ပြီးနောက် ဓားပြများ၏စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာသည် ပင်ပန်းနွမ်းနယ်နေပြီဟု ရှောင်ယု ကောက်ချက်ချခဲ့သည်။ထို့ပြင်ဓားပြများသည် ရိက္ခာအလုံအလောက်မရရှိကြသည့်အတွက်ကြောင့် သူတို့၏ခွန်အားသည်များစွာဆုတ်ယုတ်လျက်ရှိသည်။

"အားလုံး...တိုက်ကြ"

ရှောင်ယု၏ အမာခံမြင်းတပ်သားများသည် ရှေ့ဆုံးမှချီတက်သွားကြပြီး ကျန်လူများသည်နောက်မှလိုက်ပါလာခဲ့ကာ ဓားပြများကိုဖြတ်ကျော်သုတ်သင်ခဲ့ကြသည်။တိုက်ပွဲသည်မျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်စွာပြီးဆုံးသွားခဲ့သည်။ဓားပြ၁၀၀၀ခန့်သာ အသက်ရှင်လျက်ထွက်ပြေးနိုင်ခဲ့ပြီး ကျန်ဓားပြများမှာပွဲချင်းပြီးသေဆုံးသွားကြသည်။

ရှောင်ယုသည် ဓားပြများကိုဖြေရှင်းအပြီးတွင် တပ်ဖွဲ့များအားလုံးက်ို ဤနေရာမှချက်ချင်းရွေ့ပြောင်းရန် အမိန့်ပေးခဲ့ကာ အရာအားလုံးကိုမီးရှိ့ဖျက်ဆီးရန် အမိန့်ပေးခဲ့သည်။ရှောင်ယုသည် မုတ်ဆိတ်နီအစစ်ကလက်ရှိအခြေအနေကိုသတင်းရကာ ဤနေရာအားလာရောက်စစ်ဆေးလိမ့်မည်ဟုနားလည်ထားသည်။ထိုအချိန်သို့ရောက်ပါက အခြေအနေများသည် ပိုမိုခက်ခဲလာမည်ဖြစ်သည်။

သို့သော်အချို့လူများသည် လက်မှုအနုပညာများ၊အဝတ်အထည်များနှင့် အခြားအရာအားလုံးကိုမီးရှိ့ရန် အလွန်ဝန်လေးနေကြသည်။သူတို့သည် ထိုအရာများကိုသယ်ဆောင်ရန်လှည်းယာဉ်တန်းများကိုအသုံးပြုကာ ရတ်ချက်မြို့သို့ပြန်လာခဲ့ကြသည်။ထိုပစ္စည်းများကို ဓပြများကဆယ်စုနှစ်တစ်ခုကျော်ကြာ စုဆောင်းခဲ့ကြရာ ထိုပစ္စည်းများ၏တန်ဖိုးသည် ကုန်သည်အဖွဲ့များနှစ်အနည်းငယ်ကြာအောင် အလုပ်လုပ်ပြီးမှရရှိလာသည်ထက် ပိုမိုများပြားလေသည်။ထိုအရာများကိုရောင်းချပါက သူတို့ချက်ချင်းချမ်းသာလာနိုင်၍ ထိုပစ္စည်းများကိုရှောင်ယုကမီးရှိ့ခိုင်းချိန်တွင် ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည်။ရှောင်ယုသည် ထိုကဲ့သို့လူများအား အခြေအနေတစ်ခုလုံးကို ရှင်းပြရန်ပျင်းရိနေခဲ့သည်။ရှေးခေတ်အချိန်ကတည်းက ဤကဲ့သို့သောလူများအတွက် လောဘသည် သူတို့သေဆုံးရခြင်း၏အဓိကအကြောင်းရင်းဖြစ်သည်။

ရှောင်ယုသည် ထိုလူများနှင့်ပတ်သက်၍ ပြတ်သားစွာလုပ်ဆောင်ခဲ့ပြီး ဤနေရာမှချက်ချင်းထွက်ခွာရန် အမိန့်ပေးခဲ့သည်။

ရတ်ချက်မြို့သည် မကြာမှီအချိန်အတွင်း ပရမ်းပတာဖြစ်တော့မည်ဖြစ်၍ ရှောင်ယုသည် ထို့ပါဟောင်အားအမာခံနယ်မြေတစ်ခုကို ရှာဖွေရန်တောင်းဆိုခဲ့သည်။ရှောင်ယုသည် အခြားသူများကိုလုံးဝဂရုမစိုက်တော့ပေ။

ရှောင်ယုသည် ထို့ပါဟောင်၏ အမာခံနယ်မြေအဖြစ် ခြင်္သေ့မြို့နှင့်နီးကပ်သော ဝူဟယ်မြို့အားရွေးချယ်စေလိုခဲ့သည်။ထိုမြို့သည် အနောက်တိမ်တိုက်အင်ပါယာနှင့် ကောင်းကင်ခြင်္သေ့မင်းဆက်အား ချိတ်ဆက်ထားရာမြို့ဖြစ်သည်။ဤနည်းဖြင့် အရေးပေါ်အခြေအနေများတွင် သူသည်ထို့ပါဟောင်အား ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ထို့ပြင် ဝူဟယ်မြို့သည် အင်ပါယာမြို့တော်နှင့်အတန်ငယ်ဝေးကွာကာ ရန်သူများရုတ်တရက်လက်လှမ်းမမှီနိုင်ပေ။

ရှောင်ယုနှင့်အခြားသူတို့သည် ရတ်ချက်မြို့သို့သွားရောက်ကာ တိုင်ရန်ဒီတို့အဖွဲ့နှင့်ပူးပေါင်းခဲ့ပြီးနောက် သူတို့သည်အချိန်ဆွဲမနေဘဲ ဝူဟယ်မြို့သို့ထွက်ခွာလာခဲ့သည်။

...

...

လူအများစုသည် ရတ်ချက်မြို့၌သာနေထိုင်ရန် ရွေးချယ်ခဲ့ကြသောကြောင့် ရှောင်ယု၏အကြံပြုချက်ကိုလိုက်နာသူ အနည်းငယ်သာရှိနေခဲ့သည်။လူအများစုသည် ဓားပြစခန်း၌ကျန်ရစ်ခဲ့သောအဖိုးတန်ပစ္စည်းများကိုရယူရန် စခန်းသို့ပြန်သွားခဲ့ကြသည်။ထိုလူတို့သည် သူတို့အားအမိန့်ပေးမယ့်သူမရှိကြတော့ရာ အချင်းချင်းမတိုက်ခိုက်ကြရန် မည်သူမှမစဉ်းစားကြတော့ပေ။သူတို့သည် အဖိုးတန်ပစ္စည်းများကိုရယူရန် အချင်းချင်းတိုက်ခိုက်ကြရင်း အများအပြားဒဏ်ရာရကာ သွေးချောင်းစီးကုန်ကြသည်။ထိုအချိန်တွင် လူတစ်စုသည်စခန်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြပြီး ထိုလူစုကိုအနီရောင်ဝတ်ရုံနှင့်မျက်နှာဖုံးဝတ်ဆင်ထားသူက ဦးဆောင်ခဲ့သည်။

ထိုလူသည် အခြေစိုက်စခန်း၌ဖြစ်ပျက်နေသည့် မြင်ကွင်းတို့အားတွေ့မြင်ချိန်၌ ဒေါသအလွန်ထွက်သွားခဲ့ကာ သူ့နောက်လိုက်တို့အားအချက်ပေး၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်စေခဲ့သည်။သူ့နောက်မှလိုက်ပါလာသည့် မြင်းတပ်သားများကကုန်သည်အဖွဲ့များကို ရှင်းလင်းခဲ့ပြီး မေးခွန်းမေးရန်အနည်းငယ်ကိုသာ အသက်ရှင်ခွင့်ပေးခဲ့သည်။

ထိုအဖွဲ့ခေါင်းဆောင်သည် အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း သူမ၏အသံအနေအထားအရ သုံ့ပန်းများကသိရှိသွားကြသည်။ထို့ပြင် သူမ၏အသံသည်အလွန်ပင်အံ့သြဖွယ်ကောင်းလှပေသည်။

"ထို့ပါဟောင်...အဲ့မင်းသားလေးက ငါ့ရဲ့အခြေစိုက်စခန်းကိုဖျက်ဆီးလိမ့်မယ်လို့ ငါမထင်ထားဘူး...မင်းအဖေသာရာထူးကအဖြုတ်ခံရရင် ထို့ပါမျိုးနွယ်ကိုငါရှင်းလင်းပစ်မယ်"

အမျိုးသမီး၏အေးစက်သောစကားသံက တိတ်ဆိတ်နေသောပတ်ဝန်းကျင်၌ ပဲ့တင်ထပ်လာခဲ့သည်။

...

...

"မင်းဘာတွေတွေးနေတာလဲ..."

ရှောင်ယုသည် ဝူဟယ်မြို့သို့ရောက်ရှိပြီးနောက် ထို့ပါဟောင်နှင့်ပူးပေါင်းရန် လူသူလိုက်လံစုဆောင်းနေခဲ့သည်။သို့သော်လည်း ထို့ပါဟောင်သည် ဤနေရာ၌မဟုတ်ဘဲ အခြားတစ်နေရာသို့အတွေးရောက်နေပုံရသည်။

"မကြာခင်...အာဏာသိမ်းတော့မယ်လို့ မင်းပြောခဲ့တယ်မလား...ငါ့အဖေနဲ့ညီအစ်ကိုတွေက အသက်အန္တာရယ်ရှိတဲ့အခြေအနေမှာ ရောက်နေခဲ့ပြီ...သူတို့ကိုငါကယ်တင်ရမယ်"

ထို့ပါဟောင်သည် တော်ဝင်မြို့တော်ရှိရာဘက်သို့လှမ်းကြည့်လိုက်ရင်း မှုန်ကုန်ကုပ်အမူအရာဖြင့်ပြောလိုက်သည်။

အစောပိုင်းတွင် ထို့ပါဟောင်သည် အာဏာသိမ်းမှုမတိုင်မှီ အချိန်ရသေးသည့်အတွက်ကြောင့် စစ်တပ်တစ်ခုအားတည်ထောင်ပြီးနောက်တွင် သူ၏ဆွေမျိုးများကိုကယ်တင်ရန် စီစဉ်ထားခဲ့သည်။သို့သော်လည်း ရှောင်ယု၏အဆိုအရသူ့ထံတွင် အချိန်မရှိတော့ပေ။

ရှောင်ယုသည် သက်ပြင်းတစ်ချက်ချရင်း အကြံပေးလိုက်သည်။

"မင်းအဖေဆီကို မင်းကိုယ်တိုင်သွားဖို့အန္တာယ်များလွန်းတယ်ဆိုပေမဲ့ သတင်းပို့ပေးလို့တော့ရတယ်...မင်းကိုသာဖမ်းမိသွားရင် အနောက်တိမ်တိုက်အင်ပါယာတစ်ခုလုံး ပြီးဆုံးသွားလိမ့်မယ်...ခုချိန်မှာမင်းရဲ့စစ်တပ်ကိုတည်ဆောက်ဖို့ကိစ္စကိုပဲ အတတ်နိုင်ဆုံးအာရုံစိုက်ထားရလိမ့်မယ်....ဒါ့အပြင်မင်းအဖေကို ဒီအကြောင်းပြောလိုက်ရင်တောင်မှ အခြေအနေတွေကပြောင်းလဲသွားလိမ့်မယ်လို့ အာမမခံနိုင်ဘူး...သူကမင်းပြောတဲ့စကားကိုတောင် ယုံချင်မှယုံလိမ့်မယ်...ဒါကြောင့်မင်းအခုလှမ်းနေတဲ့ခြေလှမ်းတိုင်းကို အထူးသတိထားရလိမ့်မယ်...တကယ်လို့မင်းရဲ့အဖေက မင်းရဲ့စကားကိုယုံကြည်ရင်တောင်မှ အဲ့လူက်ိုသတ်ဖြတ်နိုင်မှာမဟုတ်ဘူး....အဲ့ဒါကြောင့်တော်ဝင်မြို့တော်ကို မင်းကိုယ်တိုင်သွားတာက ဘာအဓိပ္ပါယ်မှမရှိနိုင်ဘူး...မင်းအဲ့ဒီကိုရောက်သွားရင် အာဏာသိမ်းမယ့်သူက စိတ်ပြောင်းသွားမယ်လို့ထင်လား"

ရှောင်ယု၏အကြံပေးချက်ကိုနားထောင်ပြီးနောက် ထို့ပါဟောင်သည်ခေါင်းညိတ်လက်ခံလိုက်သည်။သူသည် သူ၏အယုံကြည်ရဆုံးလက်အောက်ငယ်သားတစ်ယောက်အား သူ၏ဖခင်ထံသို့အထူးလက်ဆောင်များ ပေးပို့လိုက်သည်။ထိုလက်ဆောင်များအကြားတွင် အာဏာသိမ်းမှုနှင့်ပတ်သက်သည့်အထူးစာတစ်စောင်ကို ထည့်ပေးလိုက်မည်ဖြစ်သည်။ထို့ပါဟောင်က သူပေးလိုက်သည့်စာသည် သူ့အဖေ၏လက်ထဲသို့ ကျိန်းသေပေါက်ရောက်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။

...

...

ဧကရာဇ်ထို့ပါယီသည် တော်ဝင်နန်းတော်အတွင်း၌ သူ၏ဝန်ကြီးများနှင့်အတူ စားသောက်ပွဲတစ်ခုအား တည်ခင်းဧည့်ခံနေခဲ့သည်။ထိုသို့သောပွဲမျိုးသည် ဧကရာဇ်အတွက်ကောင်းမွန်သည်ဟု ထင်မြင်ယူဆကြသည်။

ထို့ပါယီသည် နည်းစနစ်ပိုင်းနှင့်နည်းဗျူဟာအရ ထူးချွန်သည့်ဧကရာဇ်တစ်ပါးဖြစ်သည်။သူသည် အရပ်ဘက်နှင့်စစ်ဘက်ကို ညီညွတ်မျှတစေရန်ပြုလုပ်ပေးခဲ့သည်။ထို့ပါယီသည် အင်ပါယာတစ်ခု၏သာယာဝပြောမှု၏သင်္ကေတဖြစ်သော ပြည်သူလူထုပျော်ရွှင်ချမ်းမြေ့စေရန် စိတ်ရင်းမှန်ဖြင့်အုပ်ချုပ်ခဲ့သည်။အနာဂတ်တွင် အနောက်တိမ်တိုက်အင်ပါယာ၏အခြေအနေသည် ကောင်းကင်ခြင်္သေ့မင်းဆက်ထက်ပင် ကျော်လွန်သွားလိမ့်မည်ဟု ထို့ပါယီကယူဆထားခဲ့သည်။

အမှန်တော့သူသည် ကောင်းကင်ခြင်္သေ့မင်းဆက်သို့ ချီတက်တိုက်ခိုက်နိုင်ရန်အတွက် အခွင့်ကောင်းကိုစောင့်မျှော်နေသူဖြစ်သည်။သူသည် အနောက်တိမ်တိုက်အင်ပါယာ၏ ဧကရာဇ်ဖြစ်ရုံသာမက တိုက်ကြီးတစ်ခုလုံး၏ ဧကရာဇ်ဖြစ်လိုခဲ့သည်။

ထို့ပါယီသည် တိုက်ကြီးတစ်ခုလုံးက်ိုထိန်းချုပ်နိုင်ပါက ပရောဖက်ချက်များတွင် ဟောပြောခဲ့သည့် သမိုင်းတစ်လျှောက်တွင် အကြီးမြတ်ဆုံးအရှင်သခင်ဖြစ်လာမည်ဟု ယုံကြည်ခဲ့သည်။သူသည် ထိုပရောဖက်ချက်အကြောင်းကိုသိသိချင်းတွင် ဗေဒင်ဆရာ၊နမိတ်ဖတ်ဆရာအမြောက်အများကိုရှာဖွေမေးမြန်းခဲ့ရာ အကြီးမြတ်ဆုံးအရှင်သခင်သည် ဤခေတ်၌မွေးဖွားလိမ့်မည်ဟု တူညီစွာဟောပြောခဲ့ကြသည်။ထိုအရှင်သခင်သည် လှပသောချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားကာ နဂါးကိုစီးနင်းပြီး တိုက်ကြီးကိုအုပ်စိုးရန် သူ၏တပ်ဖွဲ့ကိုအသုံးပြုသွားမှာဖြစ်သည်။ထို့ကြောင့် သူသည်ပရောဖက်ချက်များ၌ပါဝင်သည့် အကြီးမြတ်ဆုံးအရှင်သခင်ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။

မည်သို့ပင်ဆိုစေ ထို့ပါယီသည် မကြာသေးမှီက တစ်စုံတစ်ခုမှားယွင်းနေသလိုခံစားနေရပြီး မကြာမှီအချိန်အတွင်း ထူးထူးခြားခြားအရာတစ်ခုဖြစ်လာတော့မည်ဟု ယုံကြည်ခဲ့သည်။ထို့ပြင်သူသည် သူ၏အမှုထမ်းများကို စောင့်ကြည့်လေ့လာခဲ့ရာ သူတို့သည်လွန်ခဲ့သောနှစ်များကတည်းက သူ့အပေါ်အကြောက်တရားမရှိတော့ကြောင်း တွေ့မြင်ခဲ့သည်။ထိုဝန်ကြီးများနှင့်လက်အောက်ခံများသည် ပုံမှန်အတိုင်းသူ့အပေါ်တွင် အလွန်သစ္စာစောင့်သိကြပြီး ယခင်ကလိုသူ၏အခက်အခဲများကို ဖြေရှင်းပေးကြသော်လည်း ထို့ပါယီသည်သူ့ကိုယ်သူသံသယဖြစ်နေခဲ့သည်။ထို့ပြင် ဝန်ကြီးများသည် အချင်းချင်းဆွေးနွေးငြင်းခုံမှုများ မရှိသလောက်နည်းပါးသွားခဲ့သည်။သာမန်အားဖြင့်ဆိုလျှင် ထိုဝန်ကြီးများသည် နိုင်ငံ့အာဏာက်ိုပိုမိုရရှိရန် နေ့ရောညပါငြင်းခုံနေကြသူများဖြစ်ကြသည်။

ထိုသို့ဆွေးနွေးငြင်းခုံမှုများ လျော့နည်းသွားပြီးနောက်တွင် ဝန်ကြီးအနည်းငယ်သာသေဆုံးခဲ့ပြီး ကျန်ဝန်ကြီးအားလုံးသည် အတူတကွစည်းလုံးနေခဲ့ကြသည်။ထိုအပြုအမူသည်ကောင်းမွန်သည့်အရာဖြစ်သော်လည်း ထို့ပါယီသည်တစ်စုံတစ်ခုမှားယွင်းနေသလို အမြဲခံစားခဲ့ရကာ အလွန်စိတ်မသက်မသာဖြစ်နေခဲ့ရသည်။

ထိုအချိန်တွင် သက်တော်စောင့်တစ်ယောက်သည် ခန်းမအတွင်းသို့ဝင်ရောက်လာကာ ထို့ပါဟောင်သည် အဖိုးတန်လက်ဆောင်ပဏ္ဍာများကို ဧကရာဇ်မင်းမြတ်ထံဆက်သလာကြောင်း သတင်းပို့ပေးခဲ့သည်။

ထို့ပါယီသည် ထိုသတင်းကိုကြားချိန်တွင် စိတ်ရင်းမှန်ဖြင့်ရယ်မောမိလိုက်သည်။သူသည် သူ၏၉ယောက်မြောက်သားအပေါ် အမှန်တကယ်ဂုဏ်ယူမိသည်။သူ၏သားသည် ငယ်ရွယ်စဉ်ကတည်းက သခင်အောင်းတူ၏ တပည့်အဖြစ်ရွေးချယ်ခံခဲ့ရကာ သူ၏ထူးခြားသောစွမ်းရည်များကိုပြသနိုင်ခဲ့သည်။အရေးအကြီးဆုံးမှာ ထို့ပါဟောင်သည် ဝတ္တုရားကျေပွန်သူတစ်ယောက်ဖြစ်ပြီး ထို့ပါဟောင်အားအစဉ်အမြဲလက်ဆောင်ပို့ပေးလေ့ရှိသည်။

ထို့ပါယီသည် ထို့ပါဟောင်အား ထီးနန်းလွဲပြောင်းလိုသော်လည်း နိုင်ငံရေးအခြေအနေများကြောင့် ထိုသို့မပြုလုပ်နိုင်ခဲ့ပေ။

ထို့ပါဟောင်စေလွှတ်လိုက်သူသည် ထို့ပါယီ၏ရှေ့တွင်ဦးညွတ်ကာ တင်ပြလိုက်သည်။

"၉ယောက်မြောက်မင်းသားထို့ပါဟောင်က ဧကရာဇ်မင်းမြတ်အပေါ်သူ့ရဲ့ကြည်ညိုမှုကိုပြသလိုတဲ့အတွက် ဟောဒီအထူးလက်ဆောင်တွေကို ပေးပို့ခဲ့ပါတယ်"

"ဟားဟား...မတ်တပ်ရပ်နိုင်ပြီ"

ထို့ပါယီသည် ဝမ်းသားအားရရယ်မောလိုက်ကာ လက်ဆောင်သေတ္တာကိုဖွင့်ရန်ပြင်ဆင်လိုက်သော်လည်း ဝန်ကြီးတစ်ဦးကသူနှင့်စကားပြောရန်ရှေ့တိုးလာခဲ့သောကြောင့် ထို့ပါယီသည်လက်ဆောင်သေတ္တာကိုမဖွင့်သေးဘဲ စားပွဲပေါ်တင်ထားလိုက်သည်။

သို့သော် ထို့ပါဟောင်၏လူသည် ထွက်မသွားသေးဘဲ တုံ့ဆိုင်းနေသောလေသံဖြင့် လျှောက်တင်လိုက်သည်။

"အရှင်မင်းမြတ်ရဲ့ဘုန်းအာနုဘော်ကြောင့် လက်ဆောင်ကိုကိုယ်တိုင်စစ်ဆေးပေးဖို့ ၉ယောက်မြောက်မင်းသားကမျှော်လင့်ပါတယ်"

ထို့ပါယီသည် ထို့ပါဟောင်၏လူက သူ့အားနှောင့်ယှက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဘာတွေဖြစ်နေတာလဲ....လက်ဆောင်လေးတစ်ခုအတွက်နဲ့ ဝန်ကြီးတွေကိုတောင် လျစ်လျူရှုထားရမှာလား....

မည်သို့ပင်ဆိုစေကာမူ ထို့ပါယီသည် ထို့ပါဟောင်၏တောင်းဆိုချက်အား ပြောင်ပြောင်တင်းတင်းလျစ်လျူရှုလိုက်ရန် မရည်ရွယ်ထားဘဲ ရယ်မောလိုက်သည်။

"ထို့ပါဟောင်ကလုံးဝပြောင်းလဲမသွားဘူးပဲ...သူကငါ့အပေါ်အမြဲသိတတ်တဲ့ကလေးပဲ"

ထို့ပါယီသည် လက်ဆောင်သေတ္တာကိုဖွင့်၍ တစ်ချက်စစ်ဆေးလိုက်သည်။ထိုအချိန်တွင် သေတ္တာအတွင်း၌ လက်ဆောင်များနှင့်ဖုံးကွယ်ထားသည့်အရာတစ်ခုကို သူသတိထားမိလိုက်သည်။ထိုအရာမှာ စာရွက်တစ်ခုဖြစ်ပြီး ၎င်းအပေါ်၌ရေးဆွဲထားသည့် အထူးပုံစံတစ်ခုရှိသည်။ထို့ပြင် သွေးစက်အနည်းငယ်စွန်းထင်းနေသည့် ဓားငယ်တစ်ချောင်းလည်းပါရှိပေသည်။

ထိုအဓိပ္ပါယ်မှာ ဝန်ကြီးအချို့သည် သူ့အားဆန့်ကျင်ကာ ကြီးကြီးမားမားအဖြစ်အပျက်တစ်ခုဖြစ်လာမည်ဟု ဆိုလိုခြင်းဖြစ်သည်။ရှင်းရှင်းပြောရလျှင် အာဏာဖီဆန်မှုပေါ်ပေါက်လာမည့် လက္ခဏာဖြစ်သည်။

ထို့ပါဟောင်က ဘာလို့ဒီပုံစံက်ို ရေးဆွဲထားတာလဲ...

လက်ရှိအခြေအနေသည် အလွန်ထူးခြားနေကြောင်း ထို့ပါယီနားလည်လိုက်သည်။သူသည် လက်ဆောင်သေတ္တာအတွင်းမှ လက်ဆောင်တို့အား ဂရုတစိုက်စစ်ဆေးနေဟန်ဖြင့် လက်ဆောင်သေတ္တာအားသေချာဖုံးအုပ်ထားလိုက်သည်။ထိုအခါ သူ့နောက်တွင်ရပ်နေသည့် အစေခံတောင်မှ သေတ္တာအတွင်း၌မည်သည့်အရာများပါသည်ကို မမြင်ရတော့ပေ။

ထို့ပါယီသည် သေတ္တာအတွင်းမှ သံပတ်စက်ရုပ်လေးတစ်ခုကို ထုတ်ယူလိုက်ကာ စက်ရုပ်ကိုသံပတ်ပေး၍ စားပွဲပေါ်တင်လိုက်သည်။ထိုအခါ အရုပ်လေးသည်ခေါင်းလှုပ်ကာ ကလေးငယ်တစ်ယောက်လိုပြုမူလာခဲ့သည်။ထိုအပြုအမူတို့သည် အချိုးမကျသော်လည်း ချစ်စရာအလွန်ကောင်းပေသည်။

"ဟားဟား...ထို့ပါဟောင်ကတကယ်သိတတ်တဲ့ကလေးပဲ...သူကငါသဘောကျမယ့် ရှားရှားပါးပါးအတွေးတစ်ခုကိုပေးပို့ခဲ့တာပဲ"

ထို့ပါဟောင်က ရေရွတ်ပြောဆိုလိုက်သည်။

ထိုအခါဝန်ကြီးများကလည်း ထို့ပါဟောင်နှင့်ပတ်သက်သည့် ကောင်းမွန်သောစကားများကို ပူးပေါင်းပြောဆိုခဲ့ကြသည်။

ထို့ပါယီသည်ဝန်ကြီးများ၏ချီးကျူးသံကိုနားထောင်ပြီးနောက် မေးခွန်းတစ်ခုမေးလိုက်သည်။

"မင်းတို့အားလုံးက ထို့ပါဟောင်အကြောင်းဘယ်လိုထင်ကြလဲ"

ဝန်ကြီးများသည် ထို့ပါဟောင်နှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် အရာများကိုရွေးချယ်ပြောကြားခဲ့ကြသည်။

ထို့နောက် ထို့ပါယီသည် အချိန်အတော်ကြာစဉ်းစားပြီးနောက် မျက်လုံးမှိတ်ကာ ခေါင်းညိတ်ပြလိုက်သည်။

"အဲ့ဒါဆိုရင် အင်ပါယာရဲ့လက်ရှိဧကရာဇ်တစ်ယောက်အနေနဲ့ အမိန့်ပေးမယ်...ထို့ပါဟောင်က အင်ပါယာရဲ့နောက်လာမယ့်ဧကရာဇ်ဖြစ်လာလိမ့်မယ်...သူထီးနန်းဆက်ခံဖို့အတွက် ဘယ်လိုအခမ်းအနားမှကျင်းပစရာမလိုဘူး...ဒီအမိန့်ကိုဖောက်ဖျက်ကျူးလွန်သူတိုင်းကို ဘယ်သူမဆိုသစ္စာဖောက်တစ်ယောက်အဖြစ်သတ်မှတ်မယ်....ဒီအမိန့်ကိုအင်ပါယာတစ်ခုလုံးကို သတင်းပို့ဆောင်စေ"

အခန်း ၂၄၅ - သတ်...သတ်...အကုန်လုံးကို သတ်ကြ

ထို့ပါယီ၏အမိန့်ကြောင့် လူတိုင်းထိတ်လန့်တုန်လှုပ်သွားကြသည်။ဝန်ကြီးများသည် ဧကရာဇ်၏အမိန့်ကိုမနာခံကြောင်း ပြသသည့်အနေဖြင့် ဒူးထောက်လိုက်ကြသည်။

ထို့ပါယီသည် ထိုလူများကိုအေးစက်စွာစိုက်ကြည့်လိုက်သည်။

အချို့သောဝန်ကြီးများသည် တစ်ယောက်က်ိုတစ်ယောက်ကြည့်၍ မျက်လုံးမှိတ်ပြလိုက်ကြသည်။ထိုသေတ္တာအတွင်းရှိ အချို့သောအချက်အလက်များသည် ဧကရာဇ်၏စိတ်ကိုပြောင်းလဲစေခဲ့ကြောင်း သူတို့သိသွားပုံရသည်။ထိုအချိန်တွင် ထို့ပါယီသည် မကြာသေးမှီကသူစိတ်မသက်မသာဖြစ်သွားရသည့် အကြောင်းရင်းက်ိုနားလည်သွားခဲ့သည်။

ထို့ပါဟောင်၏စာတွင်ပါရှိသည့် အချက်အလက်များသည်မှန်ကန်နေပုံရသည်။သို့ဖြစ်ရာ ယခုခေတ်၏အကြီးမြတ်ဆဖု့းအရှင်သခင်ဖြစ်လာရမည့် သူ၏ဆန္ဒသည်ပြီးမြောက်တော့မည်မဟုတ်ကြောင်း သူနားလည်သွားခဲ့သည်။သူ့ထံတွင် ထိုအတွက်ကံကြမ္မာရှိလာပုံမရပေ။သို့သော် တော်ဝင်မြို့တော်၏အပြင်ဘက်၍ သူ၏သားတစ်ယောက်ရှိနေခဲ့သည်။ထိုသားဖြစ်သူသည် အခြေအနေကိုသတိပြုမိကာ ပြနာကိုရင်ဆိုင်နိုင်စွမ်းရှိသည်။သူသည်အကြီးုမြတ်ဆုံးအရှင်သခင်ဖြစ်မလာနိုင်သော်လည်း သူ၏သားဖြစ်သူထံတွင် အခွင့်အရေးရှိနေပေသည်။

ထို့ပါယီသည် ဆူညံပွက်လောရိုက်နေသော ဝန်ကြီးများ၊မှူးမတ်များနှင့်သူ၏လက်အောက်ငယ်သားများကို စိုက်ကြည့်နေသော်လည်း သူ၏အမူအရာသည် လက်ရှိအခြေအနေနှင့်နေသားကျနေပုံရသည်။ထို့ပါယီသည် သူ၏နောက်တွင်ရပ်နေသောအစေခံများနှင့်အစောင့်များကိုကြည့်လိုက်ရာ သူတို့၏မျက်လုံးများရှိထိတ်လန့်ကြောက်ရွံ့မှုအားသတိထားမိလိုက်သည်။ထိုအကြည့်တစ်စုံသည် သူတို့နှစ်ပေါင်းများစွာသိမ်းဆည်းထားခဲ့သော လျှိ့ဝှက်ချက်များအားဖောက်ထွင်းမြင်တွေ့သွားပုံရသည်။

"ထို့ပါကွေ့...မင်းကငါ့အနီးအနားကလူတွေကို နှစ်ပေါင်းများစွာအကြာကတည်းက တိတ်တဆိတ်အစားထိုးနေခဲ့တယ်...ဒါပေမဲ့ငါကသာမန်လူတစ်ယောက်လို့ထင်နေတာလား..."

ထို့ပါယီသည် သူ့နှလုံးသားထဲတွင် တိုးတိုးလေးရေရွတ်လိုက်သည်။

သူသည် ပြောင်းလဲမှုကိုလ်ိုလားသော ဧကရာဇ်တစ်ပါးဖြစ်သော်လည်း ယခုအခါသူ၏လက်နှင့်ခြေထောက်များကို ချည်နှောင်ခံထားရသည်။ယခုအချိန်၌ သူလုပ်ဆောင်နိုင်သည့်တစ်ခုတည်းသောအရာမှာ သူ၏သားတော်ဖြစ်သူ ထို့ပါဟောင်မှ ထီးနန်းကိုအမွေဆက်ခံနိုင်ရန်အတွက် ကြုံတွေ့ရမယ့် အတားအဆီးများကိုတတ်နိုင်သမျှ ရှင်းထုတ်ပစ်ရမည်ဖြစ်သည်။

"ငါ့ကိုနာခံမှုမရှိတဲ့လူတွေကိုမလိုအပ်ဘူး...ဒီလိုအခြေအနေကိုရောက်လာမှတော့ ဘယ်သူမှအသက်ရှင်နေစရာမလိုတော့ဘူး..."

ထို့ပါယီက ရက်စက်သောသားရဲတစ်ကောင်ကဲ့သို့ ပြောလိုက်သည်။

ခန်းမအတွင်းရှိနေကြသူများသည် ထို့ပါယီ၏စကားများကြောင့် အလွန်အံ့သြသွားခဲ့ကြသည်။ထို့ပါယီသည် ဘယ်ညာနှစ်ဘက်ရှိအစောင့်များကို အမိန့်ပေးလိုက်သည်။

"သူတို့ကိုခေါင်းဖြတ်လိုက်ကြ..."

ထို့ပါယီသည် သူ့အားသစ္စာဖောက်သူမည်မျှရှိနေသည်ကိုမသိရှိပေ။ထို့ပြင် သူ့အားမည်သူကသစ္စာဖောက်ခဲ့သည်ကိုလည်း စစ်ဆေးနေရန်အချိန်မရှိပေ။ထို့ကြောင့် သူသည်ရိုးရှင်းသောဆုံးဖြတ်ချက်တစ်ခုအား ချမှတ်ခဲ့ကာ လူတိုင်းကိုသတ်ဖြတ်ရန်ဆုံးဖြတ်ခဲ့သည်။ဤနည်းဖြင့် အင်ပါယာတစ်ခုလုံးသည် ဖရိုဖရဲဖြစ်သွားမှာဖြစ်ပြီး ထို့ပါဟောင်သည်အခွင့်အရေးရလာမည်ဖြစ်သည်။ထိုသို့မဟုတ်ပါက ထို့ပါကွေ့နန်းတက်လာချိန်တွင် ထို့ပါဟောင်ကခုခံနိုင်မည်မဟုတ်ပေ။

အစောင့်များသည် ဧကရာဇ်၏အမိန့်ကိုကြားကြသော်လည်း မည်သူမှရှေ့မတိုးခဲ့ကြပေ။

"ဒီမှာ ငါ့အမိန့်ကိုဘယ်သူကမှ ထည့်မတွက်ကြတော့ဘူးလား"

ထို့ပါယီသည် ထိုအစောင့်များကိုကြည့်ရင်း ဒေါသတကြီးဟိန်းဟောက်လိုက်သည်။အစောင့်များသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း အံ့သြသွားကြသည်။ဧကရာဇ်၏လုပ်ရပ်များသည် သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။

ထို့ပါယီသည် သူ၏အမိန့်ကိုပြန်လည်မဖြေကြားသည့် အစောင့်များကိုကြည့်ရင်း အရှုပ်အထွေးအားလုံးကို နားလည်လိုက်ကြသည်။ပုံမှန်အချိန်ဆိုလျှင် သူတို့သည်တုံ့ဆိုင်းခြင်းမရှိဘဲ သူ့အမိန့်တိုင်းကိုအကောင်အထည်ဖော်ကြမည်ဖြစ်သည်။ဧကရာဇ်၏အမိန့်သည် မှားယွင်းနေလျှင်တောင်မှ သူတို့ကလိုက်နာကြမည်ဖြစ်သည်။

"အရိပ်အစောင့်တွေ..."

ထို့ပါယီက တိုးတိုးလေးရေရွတ်လိုက်သည်။

ချက်ချင်းပင်ထို့ပါယီ၏အနား၌ လူတစ်စုရောက်ရှိလာခဲ့သည်။

"အရိပ်အစောင့်တွေက ဧကရာဇ်ကိုသတင်းပို့ပါတယ်"

ထို့ပါယီ၏အနားတွင် ရုတ်တရက်ပေါ်လာသူတိုင်းသည် တိုးတိတ်သောလေသံဖြင့် သတင်းပို့လိုက်ကြသည်။

"ဒီအစောင့်တွေက ငါ့ရဲ့အမိန့်ကိုနားမထောင်ကြဘူး...မင်းတို့ကရော ငါ့ရဲ့အမိန့်ကိုနာခံကြမှာလား"

ထို့ပါယီက မေးမြန်းလိုက်သည်။

"နာခံရန်အသင့်ရှိပါတယ်..."

အရိပ်အစောင့်များက ပြန်ဖြေလိုက်သည်။

"ဒါဆိုရင် ဆက်လုပ်ကြ"

ထို့ပါယီက ထူးခြားမှုမရှိစွာပြောလိုက်သည်။

အရိပ်အစောင့်များသည် ကျားသစ်များကဲ့သို့ ခန်းမအတွင်းသို့ခုန်ဆင်းလိုက်ကြသည်။သူတို့သည် သားကောင်အုပ်ထဲသို့ရောက်သွားသည့် ကျားများကဲ့သို့ ဝန်ကြီးများ၊အရာရှိများနှင့်မှူးမတ်များကို တစ်ယောက်ပြီးတစ်ယောက်လျင်မြန်စွာသတ်ဖြတ်ခဲ့ကြသည်။ထိုဝန်ကြီးများနှင့်မှူးမတ်များအကြားတွင် စစ်ဗိုလ်ချုပ်အချို့လည်းပါဝင်ပေသည်။သို့သော်လည်း သူတို့သည်မမျှော်လင့်ထားသော အခြေအနေကြောင့် ပြန်လည်တုံ့ပြန်နိုင်စွမ်းမရှိခဲ့ကြပေ။ထို့ပါယီသည် လက်ရှိအင်ပါယာ၏ဧကရာဇ်ဖြစ်ကာ ထို့ပါယီ၏သတ်ဖြတ်ခြင်းနှင့်ပတ်သက်၍ ထိုဗိုလ်ချုပ်များသည်မည်သို့လုပ်ဆောင်ရမည်ကို မသိရှိကြပေ။မည်သို့ပင်ဆိုစေကာမူ အရိပ်အစောင့်များ၏ဓားမြှောင်များသည် သူတို့၏နှလုံးသားက်ိုဖောက်ထွင်းဝင်ရောက်ကာ အသက်ကိုနှုတ်ယူသွားခဲ့သည်။

အရိပ်အစောင့်များသည် ငယ်ရွယ်စဉ်ကတည်းက ဆင့်ခေါ်လာခဲ့သည့် မိဘမဲ့ကလေးများဖြစ်ကြပြီး ပြီးပြည့်စုံသောလုပ်ကြံသူများဖြစ်လာစေရန် လေ့ကျင့်ပေးထားခဲ့သည်။သူတို့သည် ထို့ပါယီ၏အမိန့်များကိုသာ နားထောင်ကြမည်ဖြစ်သည်။သူတို့တစ်ယောက်ချင်းစီတိုင်းသည် ပဥ္စမအဆင့်လုပ်ကြံသူများဖြစ်ကြသည်။

"ထို့ပါယီ...မင်းရဲ့အာဏာရှင်ဆန်မှုက ကြာရှည်ခံနိုင်မယ်လို့မင်းထင်လား...မင်းကဒီပလ္လင်မှာအချိန်အကြာကြီးထိုင်နိုင်မယ်လို့ မင်းထင်နေတာလား"

ဝန်ကြီးတစ်ယောက်သည် သေခြင်းတရားနှင့်ရင်ဆိုင်ရန် နီးကပ်လာချိန်၌ စိတ်ပျက်လက်ပျက်အော်ဟစ်လိုက်သည်။

"ဟားဟား....နောက်ဆုံးတော့မင်းဝန်ခံလာပြီပေါ့...ငါကဒီပလ္လင်ပေါ်မှာ ဘယ်လောက်ကြာကြာနေရမယ်ဆိုတာကို မသိပေမဲ့...ဒီအင်ပါယာကထို့ပါကွေ့ထိန်းချုပ်ရမယ့်အရာမဟုတ်ဘူး...အနောက်တိမ်တိုက်အင်ပါယာဟာ ငါနဲ့ငါ့ရဲ့သားသမီးတွေနဲ့ပဲသက်ဆိုင်ပြီးတော့ ဘယ်သူကမှဒီအင်ပါယာကိုသိမ်းပိုက်အုပ်ချုပ်နိုင်မှာမဟုတ်ဘူး..."

"ဒီ..."

ထိုဝန်ကြီးသည် သူ၏စကားမှားယွင်းသွားကြောင်း နားလည်လိုက်သော်လည်း ထိုသို့ပြောပြီးပြီးချင်းတွင် ဓားမြှောင်တစ်လက်သည် သူ၏ရင်ဘတ်အားထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

အရိပ်အစောင့်များသည် ခန်းမအတွင်းရှိအစောင့်များနှင့်အစေခံများအပါအဝင် လူတိုင်းကိုသတ်ဖြတ်လိုက်သည်။

"အရှင်မင်းကြီးရဲ့အမိန့်အတိုင်း လူတိုင်းကိုသတ်ဖြတ်ပြီးပါပြီ"

အရိပ်အစောင့်များသည် ထို့ပါယီ၏အရှေ့တွင် ဒူးထောက်လိုက်ကြသည်။

သို့သော်လည်း ထို့ပါယီကခေါင်းခါပြလိုက်သည်။

"ငါတို့မပြီးသေးဘူး...ကံကောင်းတာကငါ့ရဲ့သားဖြစ်တဲ့ ထို့ပါဟောင်က တော်ဝင်မြို့တော်မှာမရှိခဲ့ဘူး"

ခန်းမအပြင်ဘက်ရှိအစောင့်များသည် ရုန်းရင်းဆန်ခတ်ဖြစ်နေမှုတို့ကို သတိထားမိပြီး အပြေးရောက်လာကြသည့်အချိန်တွင် ခန်းမပတ်လည်၌ အလောင်းများဖြင့်ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။သူတို့သည် ထိုမြင်ကွင်းအားတွေ့မြင်ပြီးနောက် ဧကရာဇ်ရှေ့မှောက်၌ဒူးထောက်လိုက်ကြသည်။

"အရှင်မင်းကြီး...ဒီငယ်သားတွေကအချိန်နောက်ကျပြီးမှရောက်ရှိလာတဲ့အတွက် ခွင့်လွှတ်ပေးပါ"

ထို့ပါယီသည် ထိုအစောင့်များကိုကြည့်ရင်း သူ၏အကြည့်များသည် စတင်တောက်ပလာခဲ့သည်။

"ငါမင်းတို့ကိုအပြစ်မတင်ပါဘူး...လုပ်ကြံသူတွေက ဘယ်နေရာကမှန်းမသိထွက်ပေါ်လာပြီးတော့ လူတိုင်းကိုသတ်ဖြတ်ခဲ့ကြတယ်...အရိပ်အစောင့်တွေကသာ အချိန်မှီမထွက်ပေါ်လာခဲ့ဘူးဆိုရင် ငါတကယ်သေသွားလိမ့်မယ်...ငါ့ရဲ့အမိန့်ကိုလူတိုင်းကိုဖြန့်ဝေလိုက် တပ်မှူးတိုင်းက လေ့လာရေး ခန်းမဆောင်ထဲကို၁၀မိနစ်အတွင်းရောက်လာရမယ်...မရောက်လာတဲ့သူကို ချက်ချင်းသတ်ပစ်မယ်"

အစောင့်များသည် တညီတညွတ်တည်းအော်ဟစ်လိုက်ကြသည်။

"အမိန့်အတိုင်းပါ အရှင်မင်းမြတ်"

သူ၏အစ်ကိုတော်ဖြစ်သူ ထို့ပါကွေ့သည် အစောင့်များအားလုံးကိုသိမ်းသွင်းခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းပြုလုပ်နိုင်မည်မဟုတ်ကြောင်း ထို့ပါယီနားလည်ခဲ့သည်။မည်သို့ပင်ဆိုစေကာမူ ထို့ပါကွေ့သည်မည်သည့်ပမာဏတစ်ခုအထိ ထိန်းချုပ်ထားသည်ကို သူမသိခဲ့ပေ။ယခုအခါသူ့ထံ၌ အခွင့်အရေးတစ်ခုသာရှိပြီး ထို့ပါယီသည်ထိုအခွင့်အရေးအားအကောင်းဆုံးအသုံးချလိုခဲ့သည်။

"မင်းကငါ့ကိုလွယ်လွယ်နဲ့သတ်နိုင်မယ်လို့ထင်နေတာလား...ငါသေရင်တောင်မင်းရဲ့အကြံအစည်ကို လွယ်လွယ်နဲ့အောင်မြင်ခွင့်မပြုဘူး"

ထို့ပါယီက တိတ်တဆိတ်ညည်းညူလိုက်သည်။

နန်းတော်အတွင်းရှိ တပ်မှူးများအားလုံးသည် ဆယ်မိနစ်အတွင်း လေ့လာရေးခန်းမအတွင်းသို့ စုရုံးရောက်ရှိလာကြသော်လည်း သူတို့အားလုံးကို အရိပ်အစောင့်များကသတ်ဖြတ်ခဲ့ကြသည်။ထို့ပါယီသည် သူတို့ထဲမှ မည်သူကသစ္စာဖောက်ဖြစ်ကြောင်း အချိန်တိုအတွင်းမဆုံးဖြတ်နိုင်သည့်အတွက်ကြောင့် လူတိုင်းကိုသတ်ဖြတ်ရန်ရွေးချယ်ခဲ့သည်။ထိုတပ်မှူးများသည် သစ္စာဖောက်ဖြစ်နေပါက သာမန်အစောင့်များကိုဦးဆောင်၍ပုန်ကန်နိုင်ပေသည်။

အကယ်၍ ခေါင်းဆောင်များမပါရှိပါက အစောင့်များသည်သူတို့ကိုယ်တိုင် ပုန်ကန်မှုတစ်ခုအားပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်စွမ်းမရှိပေ။သာမန်အစောင့်များအားလုံးသည် အမှောင်ထဲ၌မည်သို့ဖြစ်နေသည်ကို မသိရှိကြပေ။ထို့ကြောင့်သူတို့အားညွန်ကြားမယ့် စစ်သူကြီးမရှိပါက သူတို့၏ပထမဆုံးရွေးချယ်မှုမှာ ဧကရာဇ်အပေါ်သစ္စာစောင့်သိရန်ဖြစ်သည်။

ထို့ပါယီသည် အခြေအနေအားလုံးက်ို သူ့ဘာသာထိန်းချုပ်နိုင်ပေသည်။သူသည် စစ်တိုက်ရန်တပ်မှူးများ၏အကူအညီကိုမလိုအပ်ပေ။မင်းသားတစ်ယောက်အနေဖြင့် သူသည်စစ်ပွဲများစွာကိုရင်ဆိုင်ဖူးပေသည်။

"အင်ပါယာမှာရှိတဲ့လူတိုင်းကို အသိပေးလိုက်...ငါသေသွားတဲ့အခါကျရင် ထို့ပါဟောင်က အင်ပါယာရဲ့ဧကရာဇ်အသစ်ဖြစ်လာလိမ့်မယ်...သူနန်းတက်ဖို့အထိမ်းအမှတ်အခမ်းအနားတွေ မလိုအပ်ဘူး...ဒါကဧကရာဇ်ရဲ့အမိန့်ပဲ"

ထို့ပါယီသည် နန်းတော်အတွင်းရှိတပ်မှူးများကို သတ်ဖြတ်ပြီးနောက်တွင် တော်ဝင်မြို့တော်အတွင်းရှိတပ်မှူးများကို သတ်ဖြတ်ရန်ဆုံးဖြတ်ခဲ့သည်။သ်ု့ိသော်လည်း နန်းတော်သည်ကြီးမားသောနေရာတစ်ခုဖြစ်ရာ နန်းတော်အတွင်းဖြစ်ပျက်ခဲ့သည့်အခြေအနေနှင့် ပတ်သက်သည့်သတင်းအချက်အလက်များသည် ပြင်ပသို့လျင်မြန်စွာပေါက်ကြားနှင့်နေပြီဖြစ်သည်။

နာရီဝက်အတွင်း မြို့တော်အတွင်းရှိတပ်မှူးများ (လူ၁၀၀နှင့်အထက်)သည်သာ နန်းတွင်း၌စုရုံးရောက်ရှိလာကြသည်။ထိုပမာဏသည် မြို့တော်အတွင်းရှိတပ်မှူးများ၏ ၂၀ရာခိုင်နှုန်းသာရှိပေသည်။ထို့ပါယီသည် ထိုလူများကိုမြင်တွေ့ချိန်၌ ရယ်မောလိုက်သည်။

"အခုတော့မင်းတို့ဟာ အင်ပါယာနဲ့ဧကရာဇ်တို့အပေါ် သစ္စာစောင့်သိနေဆဲဖြစ်တယ်လို့ ငါယုံကြည်တယ်...ခုတော့မင်းတို့ရဲ့ဧကရာဇ်နောက်ကိုလိုက်ခဲ့ပြီး စစ်မြေပြင်မှာရန်သူတွေကိုသတ်ဖြတ်ကြဖို့ အချိန်ရောက်ပြီ"

ရောက်ရှိလာသူများထဲတွင် အင်ပါယာမြို့တော်ကိုကာကွယ်ထားသည့် စစ်တပ်၏တစ်စိတ်တစ်ပိုင်းကိုချုပ်ကိုင်ထားသော တပ်မှူးအများအပြားမပါဝင်ခဲ့ပေ။ဆိုလိုသည်မှာ ထို့ပါကွေ့သည် ထို့ပါယီ၏အမိန့်ကိုမနာခံရန် ပြောဆိုထားခဲ့ခြင်းဖြစ်သည်။ထိုသို့မဟုတ်ပါက သူတို့သည်ဧကရာဇ်မင်း၏ ဆင့်ခေါ်မှုအားအဘယ်ကြောင့်ဖီဆန်ကြမည်နည်း...

"ငါ့နောက်ကိုလိုက်ခဲ့ကြ..."

ထို့ပါယီသည် မြင်းကိုဒုန်းစိုင်းစီးနင်းရင်း အော်ဟစ်လိုက်သည်။

အခန်း ၂၄၆ - နက်ရှိင်းသောအကြံအစည်

ထို့ပါယီသည် အစောင့်များနှင့်တပ်မှူးများကို အင်ပါယာမြို့တော်၏ အနောက်ဘက်စစ်စခန်းသ်ို့ပို့ဆောင်ခဲ့သည်။

ထိုစခန်းတွင် လက်ရွေးစင်စစ်သည် ၁၀၀၀၀ခန့်တပ်စွဲထားခဲ့သည်။

"တပ်မှူးက ဘယ်ရောက်နေတာလဲ"

ထို့ပါယီသည် စခန်းအဝင်ဝသို့ရောက်သောအခါ ကျယ်လောင်စွာအော်ဟစ်မေးမြန်းလိုက်သည်။

"ခေါင်းဆောင်ကဒီမှာရှိပေမဲ့ လက်ထောက်တပ်မှူးကတော့ရှိပါတယ်...အရှင်မင်းမြတ်"

ထို့ပါယီ၏အမေးကို တပ်သားတစ်ယောက်က တုန်ယင်စွာပြန်ဖြေလိုက်သည်။

"သူ့ကိုခေါ်လိုက်...ပုန်ကန်မှုကိုတိုက်ထုတ်ဖို့အတွက် စစ်သားအားလုံးကို စုဝေးခိုင်းလိုက်"

ထို့ပါယီက အမိန့်ပေးလိုက်သည်။

စစ်သားသည် အခြေအနေအရပ်ရပ်ကို နားမလည်သေး၍ စိတ်ရှုပ်ထွေးသွားခဲ့သည်။

သို့သော်လည်း ဧကရာဇ်မှပေးအပ်လာသည့်အမိန့်အတိုင်း အခြားစစ်သားများကို စုစည်းရန်အမိန့်ပေးခဲ့သည်။

ထို့ပါယီသည် အခြားသူများနှင့်အတူ စခန်း၏ဗဟိုသို့ဝင်ရောက်လာခဲ့သည်။

စစ်သားများအားလုံးသည် ဧကရာဇ်၏အဝါရောင်နဂါးအလံကို တွေ့မြင်လိုက်ချိန်တွင် ဒူးထောက်ဦးညွတ်လ်ိုက်ကြသည်။ထို့ပါယီသည် မြင်းကိုစီးနေရင်း ကျယ်လောင်စွာအော်ဟစ်အမိန့်ပေးလိုက်သည်။

"စစ်သားအားလုံး...မင်းတို့ရဲ့မြင်းတွေပေါ်တက်ကြ...တော်ဝင်မြို့တော်မှာ ပုန်ကန်မှုတစ်ခုဖြစ်နေပြီ...သောင်းကျန်းသူတွေကိုသတ်ကြ"

စစ်သားများသည် အချိန်ကြာမြင့်စွာလေ့ကျင့်ထားသူများဖြစ်သော်လည်း ထိုသတင်းကိုရရှိချိန်တွင် တုန်လှုပ်သွားကြသည်။သို့သော်လည်း သူတို့၏မြင်းများပေါ်ချက်ချင်းတက်၍ ထို့ပါယီနောက်သို့လိုက်သွားကြသည်။

များမကြာမှီသူတို့သည် စစ်သူကြီး၏တန်းလျားသို့ ရောက်ရှိလာခဲ့သည်။

"လက်ထောက်တပ်မှူးထွက်လာခဲ့..."

ထို့ပါယီက အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် အရပ်ရှည်ရှည်နှင့်လူတစ်ယောက်သည် တန်းလျားအတွင်းမှထွက်လာခဲ့သည်။သာမန်အားဖြင့် ထိုလူသည်လွှမ်းမိုးချုပ်ကိုင်တတ်သူတစ်ယောက်ဖြစ်သော်လည်း ယခုအခါတွင်သူသည် ထို့ပါယီကိုကြည့်ရင်း သတိကြီးစွာပြုမူနေခဲ့သည်။

"လက်ထောက်ချီက ဧကရာဇ်ကိုနှုတ်ခွန်းဆက်သပါတယ်"

ချီဟုခေါ်သောလက်ထောက်တပ်မှုးသည် သူ၏ချပ်ဝတ်တန်ဆာကြောင့် ဒူးမထောက်ဘဲဦးညွတ်ခဲ့သည်။

"မင်းကငါ့က်ို ဧကရာဇ်လို့ခေါ်ဝံ့သေးတာလား...ငါကတပ်မှူး၁၀၀ကျော်ကို နန်းတော်ထဲအခစားဝင်ဖို့အတွက် ချက်ချင်းအမိန့်ပေးခဲ့တယ်...မင်းကဘာလို့ရောက်မလာတာလဲ"

ထို့ပါယီသည် လက်ထောက်ချီကိုစိုက်ကြည့်နေလိုက်သည်။

"အမိန့်ကို မရခဲ့လို့ပါ"

လက်ထောက်ချီက ပြန်လည်ဖြေကြားခဲသည်။

"အမိန့်မရခဲ့ဘူးဟုတ်လား...မင်းကဧကရာဇ်ရဲ့တမန်တော်ကိုသတ်ခဲ့တာလား...စစ်သားတွေ..ဧကရာဇ်ရဲ့တမန်တော် စခန်းထဲဝင်သွားတာကိုမြင်တွေ့လိုက်ကြလား"

ထို့ပါယီက ချက်ချင်းအော်ဟစ်မေးမြန်းလိုက်သည်။

"မြင်လိုက်ပါတယ်..."

စစ်သားများကသံပြိုင်အော်ဟစ် အဖြေပေးလိုက်သည်။

စစ်သားများသည် ပြသနာ၏အနှစ်သာရကိုမသိကြပေ။သို့သော်လည်း သူတို့၏သစ္စာရှိမှုကြောင့် သူတို့သည်ထို့ပါယီ၏အမိန့်ကိုသာ လိုက်နာခဲ့ကြသည်။

"လက်ထောက်ချီ...သူတို့ပြောတာကြားတယ်မလား...မင်းမှာပြောစရာဘာရှိသေးလဲ"

ထို့ပါယီက ကျယ်လောင်စွာမေးခွန်းထုတ်လိုက်သည်။

လက်ထောက်ချီသည် ထို့ပါယီ၏အမေးကိုကြားသော် ချွေးများဖြင့်စိုရွဲသွားခဲ့သည်။

"ဧကရာဇ်....ဒီကျွန်မျိုးကိုခွင့်လွှတ်ပေးပါ...ကျေးဇူးပြုပြီးတော့ အင်ပါယာရဲ့အကျိုးကိုသယ်ပိုးဖို့...ဒုတိယအကြိမ်အခွင့်အရေးပေးပါ"

လက်ထောက်ချီက ဒူးထောက်၍တောင်းပန်လိုက်သည်။

ထို့ပါယီသည် ထိုအခြေအနေကိုမြင်သောအခါ အေးစက်သောလေသံဖြင့် အမိန့်ပေးလိုက်သည်။

"မင်းတို့ရဲ့လက်အောက်မှာ တပ်သား၁၀၀၀ကိုအုပ်ချုပ်ရတဲ့ တပ်မှူးတွေအကုန်လုံးရှေ့ထွက်လာခဲ့..."

ထို့ပါယီ၏အမိန့်ကြောင့် တပ်မှူးများသည်ချက်ချင်းရှေ့ထွက်လာခဲ့သည်။

ထို့ပါယီသည် ထိုတပ်မှူးများကိုစိုက်ကြည့်ကာ ချက်ချင်းအမိန့်ပေးလိုက်သည်။

"အရိပ်အစောင့်တွေ သူတို့ကိုသတ်...."

အရိပ်အစောင့်များသည် အမိန့်ကိုရရှိသည်နှင့် တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းတိုက်ခိုက်ကြပြီး ထိုလူတို့အားတုံ့ပြန်ချိန်မပေးဘဲ သတ်ဖြတ်လိုက်ကြသည်။

"မင်းတို့အားလုံးရဲ့အမြင်မှာ ငါ့ရဲ့လုပ်ရပ်ကထူးဆန်းနေတယ်လို့ ထင်ကောင်းထင်နိုင်တယ်....ငါကဘာလို့ကိုယ့်တပ်မှူးတွေကိုပြန်သတ်ရမှာလဲ...ငါအားလုံးသိအောင်ပြောလိုက်မယ်...မင်းသားကြီးထို့ပါကွေ့ဟာ ထီးနန်းကိုသိမ်းပိုက်ပြီးပုန်ကန်ဖို့စီစဉ်နေတယ်...သူကမြို့တော်ထဲကတပ်မှူးအများစုကို သိမ်းသွင်းထားပြီးဖြစ်တယ်...ဒါကြောင့်မင်းတို့ရဲ့တပ်မှူးက သံသယဝင်စရာတစ်ခုခုဖြစ်လာရင် အမေးအမြန်းမရှိသတ်ဖြတ်ကြ...ငါ့အတွက်သစ္စာစောင့်သိကြတဲ့စစ်သားတွေအတွက် ငါ့ရဲ့ခွင့်ပြုချက်မလိုအပ်ဘူး"

ထို့ပါယီသည် စစ်သားများကိုကြည့်ရင်း လက်ရှိအခြေအနေကိုရှင်းပြလိုက်သည်။

"ဒီလူတွေအားလုံးက ဧကရာဇ်မင်းမြတ်ကိုသေတဲ့အထိ သစ္စာစောင့်သိဖို့ရည်ရွယ်ပါတယ်"

စစ်သားများသည် ပြင်းထန်သောအရှိန်အဟုန်ကိုဖန်တီး၍ အော်ဟစ်လို်က်ကြသည်။

ထို့ပါယီ၏ မျက်လုံးများသည် သူ၏စစ်သားများကိုကြည့်ရင်း တဖြည်းဖြည်းတောက်ပလာခဲ့သည်။သူသည် စစ်တပ်ကိုနှစ်ပေါင်းများစွာကြာသည်အထိ ပြုစုပျိုးထောင်လာခဲ့ရာ ယခုအခါထိုစစ်သားများသည် သူ့အတွက်အသက်စွန့်ရန် ဆန္ဒရှိနေကြပြီဖြစ်သည်။

"တကယ်လို့...ငါသေသွားရင်...အရှုံးမပေးကြနဲ့...မြို့ပြင်ကိုဖောက်ထွက်ပြီးတော့ မင်းသားထို့ပါဟောင်ကိုရှာဖို့ မင်းတို့သုံးနိုင်သမျှနည်းလမ်းကိုသုံးကြ...သူကအနောက်တိမ်တိုက်အင်ပါယာရဲ့ အနာဂတ်ဧကရာဇ်ဖြစ်တယ်...သူ့အပေါ်သစ္စာစောင့်သိကြပါ"

ထို့ပါယီသည် လက်ရှိသူ့အားသစ္စာခံနေသေးသော စစ်သားများဖြင့် ထို့ပါကွေ့အားတိုက်ခိုက်ရန် အလွန်ခက်ခဲမည်ဖြစ်ကြောင်း နားလည်သွားခဲ့သည်။သို့ဖြစ်ရာ သူသေဆုံးချိန်၌ သူ့သားဖြစ်သူအတွက် အခွင့်အရေးအချို့ ချန်ထားခဲ့ရမည်ဖြစ်သည်။

"မင်းတို့ငါပြောတာကြားကြလား..."

ထို့ပါယီက နောက်ထပ်တစ်ကြိမ်အော်ဟစ်မေးမြန်းလိုက်သည်။

"ကြားပါတယ်.."

စစ်သားများက တင်းမာသောလေသံဖြင့်ပြန်ဖြေလိုက်ကြသည်။သူတို့အားလုံးသည် ငယ်ရွယ်စဉ်ကတည်းက ရွေးချယ်ခံထားရသူများဖြစ်ကာ အနောက်တိမ်တိုက်အင်ပါယာ၏အကောင်းဆုံးသော လက်ရွေးစင်စစ်သားများဖြစ်သည်။ယခုအခါ ဧကရာဇ်အားသတ်ဖြတ်လိုသူက သူတို့မျက်နှာကိုကြည့်၍ လှောင်ပြောင်နေသလ်ိုခံစားလိုက်ရသည်။ဧကရာဇ်ကိုပင်မကာကွယ်နိုင်ပါက သူတို့အားစစ်သားဟုမခေါ်ထိုက်တော့ပေ။ဤစစ်သားများသည် နှစ်ပေါင်းများစွာကြာအောင် ကောင်းမွန်စွာနေထိုင်ခဲ့ရပြီး လူထု၏သဘောကျမှုကိုရရှိခြင်းမှာ ဧကရာဇ်၏လုပ်ဆောင်မှုကြောင့်ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင် သူတို့၏တပ်မှူးသည်ပင် ဧကရာဇ်အားသစ္စာဖောက်နေပြီဖြစ်သည်။ယခုအခါ ဧကရာဇ်သည်သူတို့အားပြန်လည်လိုအပ်နေပြီး သူတို့ကပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

"ငါ့နောက်က်ိုလိုက်ခဲ့ကြ..."

ထို့ပါယီသည် တပ်သား၁၀,၀၀၀ကိုဦးဆောင်ကာ အနောက်ဘက်စခန်းမှထွက်ခွာခဲ့ပြီး မြောက်ဘက်စခန်းဆီသို့ခေါ်ဆောင်သွားခဲ့သည်။သို့သော်လည်း အနောက်ဘက်စခန်းသို့ချီတက်စဉ်ကလို သူ၏ကံကြမ္မာသည်ကောင်းမွန်ခြင်းမရှိတော့ပေ။အမှန်တော့ ထို့ပါယီသည်လည်းအင်ပါယာမြို့တော်မှ ထွက်ပြေးရန်မကြံစည်ခဲ့ပေ။ထို့ပါကွေ့၏ထိန်းချုပ်မှုအောက်တွင် စခန်းလေးခုမှလူများရှိနေမည်ကို သူသိထားပေသည်။အကယ်၍ ထို့ပါယီသာတောင်ဝင်မြို့တော်မှထွက်ပြေးရန် ဆုံးဖြတ်လိုက်မည်ဆိုပါက သူသည်မကြာမှီလိုက်လံဖမ်းဆီးခံရမည်ဖြစ်သည်။ထို့နောင် မြက်ခင်းလွင်ပြင်ပေါ်ရှိ အိုးအိမ်မဲ့ခွေးတစ်ကောင်လို သတ်ဖြတ်ခံရမည်ဖြစ်သည်။

ထိုသို့ဖြစ်လာပါက ထို့ပါကွေ့သည် ထို့ပါယီရုတ်တရက်ကွယ်လွန်မှုကြောင့် ထီးနန်းကိုသိမ်းပိုက်လိုက်ရသည်ဟု သတင်းမှားလွှင့်လာန်ိုင်ပေသည်။သို့ရာတွင် ထို့ပါယီသည်တော်ဝင်မြို့တော်၌တိုက်ပွဲဝင်ကာ ကျဆုံးသွားခဲ့မည်ဆိုပါက ဧကရာဇ်သေဆုံးသည့်အကြောင်းရင်းကို လူတိုင်းသိရှိသွားကြမည်ဖြစ်ကာ သူ၏အရိုက်အရာကိုဆက်ခံမည့်သူသည် ထို့ပါဟောင်ဖြစ်လာမည်ဖြစ်သည်။ဤနည်းဖြင့် အင်ပါယာမှလူများသည် ထို့ပါကွေ့၏အုပ်ချုပ်မှုအောက်၌မနေဘဲ ထို့ပါဟောင်နောက်သို့သာလိုက်ပါကြမည်ဖြစ်သည်။

ထို့ပါကွေ့သည် ရာဇပလ္လင်အားသိမ်းပိုက်ရန်အတွက် မည်သို့အသေးစိတ်ပူးပေါင်းကြံစည်ခဲ့သည်ကို သူမသိရှိသော်လည်း ထို့ပါကွေ့သည် ထို့ပါယီတစ်ယောက်လူမသိသူမသိနေရာ၌ တိတ်တဆိတ်သေဆုံးသွားမည်ကိုလိုလားကြောင်း မှန်းဆနိုင်သည်။ထို့နောက်တွင် ထို့ပါကွေ့သည် မင်းသားအနည်းငယ်ကိုသတ်ဖြတ်ကာ အခြားသူများကိုထိန်းချုပ်မည်ဖြစ်သည်။

ဤနည်းဖြင့် ထို့ပါကွေ့သည် တရားမျှတသည့်နည်းလမ်းဖြင့် ထီးနန်းအမွေကိုဆက်ခံနိုင်မည်ဖြစ်သည်။အင်ပါယာ၏ဝန်ကြီးများ၊မှူးမတ်များ၊အရာရှိများနှင့် စစ်သူကြီးများကို ထို့ပါကွေ့မှထိန်းချုပ်ထားခဲ့ပြီဖြစ်ရာ အင်ပါယာ၏အုပ်ချုပ်မှုကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် လွဲပြောင်းရယူရန်မှာပြဿနာမရှိနိုင်ပေ။

ထိုနည်းအတိုင်းသာဆိုပါက အာဏာသိမ်းမှုနှင့်အုပ်ချုပ်သူအပြောင်းအလဲကို မည်သူကမှသိရှိမည်မဟုတ်ပေ။သို့ဖြစ်ရာ ထို့ပါယီသည် ထို့ပါကွေ့၏အစီအစဉ်မအောင်မြင်စေရန် လုပ်ဆောင်ခဲ့သည်။သူသည်သေဆုံးရမည်ဆိုလျှင်တောင်မှ ထို့ပါကွေ့သည်ဧကရာဇ်ကိုသတ်ဖြတ်သူဖြစ်ကြောင်း လူတိုင်းကိုသိရှိစေမည်ဖြစ်သည်။

"ဟားဟား...ထို့ပါကွေ့ မင်းမှာဘောတွေရှိရင်ရှေ့ထွက်လာခဲ့..."

ထို့ပါယီသည် သူ၏တပ်များရှေ့သို့ထွက်လာရင်း မကြောက်မရွံ့ကြိမ်းမောင်းလိုက်သည်။

All Chapters