← Chapters

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အခန်း ၂၄၇ - ရှုပ်ထွေးလာသည့်ပြဿနာများ

ထို့ပါကွေ့သည် ထို့ပါယီ၏ခမ်းနားကြီးကျယ်သော အသွင်အပြင်ကိုတွေ့မြင်ချိန်၌ အံ့သြမှင်သက်သွားခဲ့သည်။

ထို့ပါယီ၏အသွင်အပြင်သည် သေခြင်းတရားကိုကြောက်ရွံ့မှုမရှိသည့် အစွမ်းထက်သူရဲကောင်းတစ်ယောက်နှင့် တူနေခဲ့သည်။ထို့ပါကွေ့သည် ထို့ပါယီအားနောက်ထပ်တပ်ဖွဲ့များထပ်မံစုဆောင်းခွင့် မပေးနိုင်တော့ပေ။သူသည် ထို့ပါယီအားသတ်ဖြတ်ကာ ယခုပင်ထီးနန်းကိုသိမ်းပိုက်တော့မည်ဖြစ်သည်။

ထို့ပါကွေ့သည် လက်ရှိအခြေအနေအား အလွန်စိတ်ပျက်ဒေါသထွက်နေခဲ့သည်။သူသည် အရာအားလုံးအချိန်အတော်ကြာအောင် တွက်ချက်ခဲ့ပြီးနောက်တွင် သူသည် အနောက်တိမ်တိုက်အင်ပါယာ၏ဧကရာဇ်အသစ်ဖြစ်လာမယ့် တရားမျှတသည့်မြင်ကွင်းတစ်ခုအား ဖော်ထုတ်နိင်မည်ဟု တွေးတောခဲ့ဖူးသည်။သို့သော်ထို့ပါယီသည် လက်ရှိအခြေအနေနှင့်ပတ်သက်၍ မည်သို့မည်ပုံသတင်းရသွားကြောင်း သူမသိခဲ့ပေ။ထို့ပါယီ၏လုပ်ဆောင်ချက်များသည် သူ၏အကြံအစည်များကို ကြီးစွာ အနှောင့်အယှက်ဖြစ်စေခဲ့သည်။

ထို့ပြင် ထို့ပါယီသည် ရက်စက်ကြမ်းကြုတ်သူတစ်ယောက်ဖြစ်ကြောင်း ထို့ပါကွေ့ကနားလည်သွားခဲ့သည်။ထို့ပါယီသည် ဝန်ကြီးများ၊မှူးမတ်များနှင့်စစ်သူကြီးများကို မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်ခဲ့သည်။ထိုနည်းအားဖြင့် ထို့ပါကွေ့သည် အင်ပါယာကိုအလွယ်တကူထိန်းချုပ်နိုင်မည်မဟုတ်တော့ပေ။ထို့သို့လုပ်ဆောင်မှု၏နောက်ဆက်တွဲကြောင့် အနောက်တိမ်တိုက်အင်ပါယာတခွင်တွင် မငြိမ်မသက်မှုများဖြစ်ပေါ်လာမှာဖြစ်သည်။

"မင်းကဧကရာဇ်အတုပဲ...မင်းကဧကရာဇ်အစစ်ကိုအကျဉ်းချပြီးတော့ တိုင်းပြည်ကိုလုယူဖို့ အရှင်မင်းမြတ်ရဲ့ပုံစံကိုအတုယူထားခဲ့တာပဲ...ဒီအတုကောင်ပြောတဲ့စကားကိုနားမထောင်ကြနဲ့...သူကအတုအယောင်ပဲ...သူကဧကရာဇ်မင်းမြတ်ကိုဖမ်းဆီးခဲ့ရုံတင်မက မှူးမတ်တွေဝန်ကြီးတွေအားလုံးကို သတ်ဖြတ်ခဲ့တယ်...မင်းတို့ကသာဧကရာဇ်မင်းမြတ်အပေါ်သစ္စာစောင့်သိနေတယ်ဆိုရင် ငါနဲ့အတူပူးပေါင်းပြီးတော့ ဒီဧကရာဇ်အတုကိုသတ်ပစ်ကြ"

ထို့ပါကွေ့သည် ဤအတိုင်းငြိမ်ခံနေမည်မဟုတ်ပေ။သူသည် မဟုတ်မမှန်စကားများကိုပြောဆိုကာ ထို့ပါယီအားလူအများမယုံကြည်အောင်ပြုလုပ်ခဲ့သည်။

အကယ်၍သူသာ ယခုအခြေအနေအတိုင်း ထို့ပါယီအားရင်ဆိုင်မည်ဆိုပါက သူသည်အင်ပါယာ၏သစ္စာဖောက်ဖြစ်လာမည်ဟု ထို့ပါကွေ့နားလည်ခဲ့သည်။ထိုအရာသည် သူ့အတွက်အဆင်မပြေပေ။ထို့ပြင် ထို့ပါယီသည် စစ်သားများအားလုံး၏ယုံကြည်မှုကိုရရှိခဲ့ကာ ၎င်းတို့အားသိမ်းသွင်းလိုက်န်ိုင်ပါက ထို့ပါကွေ့သည်ရှုံးနိမ့်သွားမည်ဖြစ်သည်။အဆုံးသတ်တွင် ထိုစစ်သည်များသည်ဧကရာဇ်မင်းမြတ်အပေါ်၌သာသစ္စာစောင့်သိကြပြီး အခြားအရာများထက်အင်ပါယာအပေါ်က်ို သစ္စာစောင့်သိကြသည်။

ထို့ပါကွေ့သည် စစ်သားများကိုမျှော်လင့်ချက်တစ်စွန်းတစ်စပေးရန်အတွက် ဧကရာဇ်အစစ်သည်အကျည်းချခြင်းခံထားရပြီး ယခုထိတိုင်သေဆုံးခြင်းမရှိသေးဟု လိမ်လည်ပြောဆိုခဲ့သည်။အကယ်၍ ဧကရာဇ်အတုကသာ ဧကရာဇ်အားသတ်ဖြတ်ခဲ့သည်ဟုဆိုခဲ့လျှင် အခြားသူများကသူလိမ်လည်သည်ဟု သံသယဖြစ်လာကြမည်ဖြစ်သည်။

"ဟားဟား...ထို့ပါကွေ့...မင်းကငါကိုယ်တော်ကိုဧကရာဇ်အတုလို့ စွပ်စွဲချင်တာလား...တကယ်လ်ို့ငါသာဧကရာဇ်အတုဆိုရင် မင်းရဲ့လက်မနောက်မှာ မွေးရာပါအမှတ်အသားတစ်ခုရှိနေတာကို ဘယ်လိုသိနိုင်မှာလဲ...မင်းကငယ်ငယ်ကတည်းက အဲ့မွေးရာပါအမှတ်အသားကိုရှက်ရှက်နဲ့ဖုံးကွယ်ထားခဲ့တာလေ...ငါသာဧကရာဇ်အတုဆိုရင် အဲ့အကြောင်းကိုဘယ်လ်ိုသိနိုင်မှာလဲ...တကယ်လို့ငါသာဧကရာဇ်အတုဖြစ်နေခဲ့ရင် ငါအမဲလိုက်ဖို့သွားတိုင်း ငါ့ကိုကာကွယ်ဖို့အတွက်အနောက်ဘက်စခန်းက စစ်သား၁၀ယောက်ကိုပဲ ခေါ်သွားလေ့ရှိတာကိုငါဘယ်လိုသိမှာလဲ...ငါဒေါသထွက်တုံးကဆိုရင် သစ်သားသေတ္တာနဲ့ဖန်ခွက်တွေကိုရိုက်ခွဲပြီး သူတို့ရဲ့ဆုကြေးတွေကိုပယ်ဖျက်ခဲ့တယ်...တကယ်လို့ငါသာဧကရာဇ်အတုဆိုရင် မြောက်ပိုင်းစခန်းကတန်ဟူလို့ခေါ်တဲ့စစ်သားတစ်ယောက် ငါ့ကိုမတော်တဆတိုက်မိတုံးက ငါကိုယ်တ်ိုင်အပြစ်မတင်ဘဲ ကူညီပေးခဲ့တာကို ဘယ်လိုသိနိုင်မှာလဲ"

ထို့ပါယီသည် ထို့ပါကွေ့၏နည်းဗျူဟာကို ဖောက်ထွင်းတွေ့မြင်ခဲ့၍ သူသည်ဧကရာဇ်တစ်ပါးသာသိနိုင်သော လျှို့ဝှက်ချက်များကိုကျယ်လောင်စွာပြောဆိုခဲ့သည်။ထို့ပြင် ထိုလျှို့ဝှက်ချက်နှင့်ပတ်သက်ဆက်နွယ်နေသူများသည် တစ်နည်းမဟုတ်တစ်နည်း စခန်း၄ခုမှစစ်သားဖြစ်ကြပေရာ သူပြောခဲ့သည့်စကားများကိုသက်သေခံရန်အတွက် ယခုချက်ချင်းထွက်လာနိုင်သည်။

"ဟားဟား...ငါကဧကရာဇ်အတုဆိုရင် ငါကဧကရာဇ်အစစ်အဖြစ်ဘယ်အချိန်ကစဖြစ်ခဲ့တာလဲ...ပြီးတော့ထို့ပါကွေ့ဆိုတဲ့မင်းက အဲ့အကြောင်းကိုဘယ်အချိန်တုံးကရှာတွေ့ပြီး ဘယ်တုံးကသိသွားခဲ့တာလဲ...ငါကဘာလို့ပုန်ကန်ချင်နေတာလဲ...ဘယ်သူကငါ့ကိုဒီလိုလုပ်ဖို့ညွန်ကြားခဲ့တာလဲ မင်းပြောနိုင်လား"

ထို့ပါယီက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

ထို့ပါကွေ့သည် ထို့ပါယီမှထိုကဲ့သို့သောစကားလုံးများဖြင့် တန်ပြန်တိုက်ခိုက်လာခဲ့သည်ကို ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ မချေပနိုင်ခဲ့ပေ။ထို့ပြင် စစ်သားများစွာတို့သည် ထို့ပါယီ၏ပြောဆိုချက်များနှင့်ပတ်သက်၍ ချက်ချင်းသက်သေခံလာကြသည်။

"မင်းကခုလိုအကြံအစည်တွေကို ဖန်တီးနိုင်ပေမဲ့ မင်းကဧကရာဇ်အတုဖြစ်တယ်ဆိုတာကိုတော့ ဖုံးကွယ်ထားလို့မရဘူးကွ...သူ့က်ိုသတ်ကြ...ဧကရာဇ်အတုကိုသတ်ပြီး အင်ပါယာကိုကာကွယ်ကြ"

ထို့ပါကွေ့သည် ထို့ပါယီနှင့်စကားလုံးတိုက်ပွဲဆင်နွဲနေပါက ဆိုးရွားသောအကျိုးဆက်များဖြစ်ပေါ်လာမည်ကိုသတိထားမိသည်။ထို့ကြောင့် နောက်ဆုံးနည်းလမ်းအနေဖြင့် ထို့ပါယီအားချက်ချင်းသတ်ဖြတ်ရန် သူ၏လက်အောက်ငယ်သားများကိုအမိန့်ပေးကာ အရာအားလုံးကိုအမြန်ဆုံးအဆုံးသတ်ရန် ပြင်ဆင်ခဲ့သည်။

ယား....

ထို့ပါကွေ့မှ အထူးလေ့ကျင့်ပေးထားသော လက်အောက်ငယ်သားများသည် ချက်ချင်းပြေးထွက်လာကြပြီး ထို့ပါယီအားသတ်ဖြတ်ရန်ကြိုးစားလိုက်ကြသည်။

အရိပ်အစောင့်များသည် ထို့ပါယီအားတိုက်ခိုက်လာသူများသည် ခုခံရန်အတွက် ထို့ပါယီ၏နောက်မှနေ၍ ခုန်ထွက်လာခဲ့ကြသည်။

"ထို့ပါကွေ့....မင်းကသာထီးနန်းကိုသိမ်းပိုက်ဖို့မကြံစည်ထားဘူးဆိုရင် မင်းဘေးမှာခုလိုခွန်အားကြီးတဲ့သူတွေ ဘာလို့အများကြီးရှိနေမှာလဲ...မင်းကဘာမှမဟုတ်တဲ့မင်းသားတစ်ပါးသာသာပဲ...မင်းဘေးနားမှာခုလိုခွန်အားကြီးတဲ့ကျွမ်းကျင်သူတွေ အများကြီးစုစည်းနေရတာလဲ...စစ်သားတွေသတိထားကြ...ငါကလက်ရှိဧကရာဇ်ဖြစ်ပြီးတော့ ထို့ပါကွေ့ကထီးနန်းကိုသိမ်းပိုက်ဖို့ပြင်ဆင်နေတယ်...မင်းတို့ဘာဆက်လုပ်ကြမှာလဲ"

ထို့ပါယီက အော်ဟစ်လိုက်သည်။

ထို့ပါကွေ့က ထို့ပါယီသည်သူအားဆွဲချရန်အတွက် အချိန်ရယူရန်အစွမ်းကုန်ကြိုးစားနေကြောင်း နားလည်သဘောပေါက်လိုက်သည်။ထို့ကြောင့်သူသည် ထို့ပါယီအားသတ်ဖြတ်ရန်အတွက် ပိုမိုအားကောင်းသည့်ကျွမ်းကျင်သူများကို စေလွှတ်ခဲ့သည်။

အနောက်ဘက်စခန်းမှစစ်သားများသည် ကျယ်လောင်စွာအော်ဟစ်လိုက်ကြပြီး ထို့ပါယီအားသတ်ဖြတ်ရန်ကြိုးစားနေသူများကို ပိတ်ဆို့တားဆီးလိုက်သည်။စခန်းလေးခု၏တပ်သားများအနေဖြင့် သူတို့၏တာဝန်မှာ ဧကရာဇ်၏လုံခြုံမှုကိုအသက်ပေး၍ ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။

"ဧကရာဇ်ရဲ့အစ်ကိုက အာဏာသိမ်းဖို့ကြိုးစားနေတယ်...ဧကရာဇ်ကိုကာကွယ်ကြ..."

မြောက်ပိုင်းစခန်းမှစစ်သားအချို့သည် ထို့ပါကွေ့ဘက်တွင် ပုံမှန်မဟုတ်သည့်အားကောင်းသော ကျွမ်းကျင်သူများရှိနေသည်ကို သတိထားမိလိုက်သည်။

အောက်ခြေတပ်မှူးတချို့ကလည်း ထိုအခြေအနေကိုသတိပြုမိကြသည်။ထို့ပါကွေ့သည် အမည်ခံမင်းသားတစ်ပါးသာဖြစ်၍ ထိုကဲ့သို့သောလူတစ်ယောက်သည် အချိန်တိုအတွင်း ယခုလိုစွမ်းအားကြီးမားသည့်ကျွမ်းကျင်သူများကို စုစည်းရန်မဖြစ်နိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ စစ်သားများက အခြေအနေကိုစောင့်ကြည့်ရန် ရွေးချယ်ခဲ့ကြသည်။အများစုသည် ထို့ပါယီအစစ်လား အတုလားသေချာမဆုံးဖြတ်နိုင်ကြသေးပေ။ထို့ပြင် သူတို့၏တပ်မှူးများကလည်းယခုအချိန်ထိ မလှုပ်ရှားကြသေးပေ။သူတို့သည်မည်သူ့က်ိုကူညီရမှန်း မသိဖြစ်နေကြကာ သူတို့၏နှလုံးသားများကမောက်ကမဖြစ်ကုန်ကြသည်။

"ဧကရာဇ်ကိုကာကွယ်ရမယ်လို့ ကတိပြုထားတာက ငါတို့စခန်းလေးခုရဲ့တပ်သားတွေပဲ...ငါတို့ဟာဧကရာဇ်မင်းမြတ်အပေါ် သစ္စာစောင့်သိဖို့မွေးဖွားလာကြတာပဲ...မင်းတို့ဘာတွေတွေးနေကြတာလဲ"

ထို့ပါကွေ့စေလွှတ်လိုက်သည့် ကျွမ်းကျင်သူများသည် ထို့ပါယီအားကာကွယ်ရန်ကြိုးပမ်းနေသူများကို သတ်ဖြတ်နေကြောင်း စစ်သားများတွေ့မြင်နေရသည်။အရိပ်အစောင့်များသည် ထို့ပါယီအားကာကွယ်ရန်အတွက် သူတို့၏အသွေးအသားများကိုအသုံးပြုနေကြသည်။

ထို့ပါကွေ့၏လူများသည် အလွန်အားကောင်းသန်မာကြပြီး သူတို့အထဲတွင် ဆဌမအဆင့်ကျွမ်းကျင်သူများပင်ပါဝင်ကြသည်။ထို့ပါယီသည် အရိပ်အစောင့်များ၏ကာကွယ်ပေးမှုကို မရရှိထားပါက သေဆုံးနေသည်မှာ ကြာမြင့်လှပြီဖြစ်သည်။

ထို့ပါယီ၏ယခင်ဧကရာဇ်များသည် အရိပ်အစောင့်များကို အဆင့်ဆင့်ပြုစုပျိုးထောင်လာခဲ့ရာ အရိပ်အစောင့်များအနက် ဆဌမအဆင့်လုပ်ကြံသူ၂ဦးပင်ရှိနေခဲ့သည်။သို့သော် ထိုအရိပ်အစောင့်၂ဦးလုံးသည် ပဥ္စမအဆင့်နှင့်ဆဌမအဆင့်ကျွမ်းကျင်သူများ၏ ဝိုင်းရံပိတ်ဆို့မှုဒဏ်ကိုခံနေရသည်။

စစ်သားများနှင့် အရိပ်အစောင့်များသည် တစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်ခံနေရသော်လည်း ထို့ပါယီသည်နောက်သို့ ခြေတစ်လှမ်းတောင်မဆုတ်ခွာခဲ့ပေ။သူသည်မြင်းက်ိုစီးနင်းလျက် ရှေ့သို့တိုးလာခဲ့ပြီး ထို့ပါကွေ့အားမကြောက်မရွံ့စိုက်ကြည့်လိုက်သည်။

"သူကဧကရာဇ်အစစ်ပဲ...ညီအစ်ကိုတို့ ဒီဝတ်ရုံနက်တွေကိုသတ်ဖြတ်ပြီးတော့ ဧကရာဇ်အပေါ်သစ္စာစောင့်သိမှုကိုပြသကြ..."

မြောက်ပိုင်းစခန်းမှတပ်သားများသည် ထို့ပါယီအားကာကွယ်ရန်ပြေးထွက်လာခဲ့ကြသည်။သို့သော်လည်း ထို့ပါကွေ့ဘက်မှမှော်ဆရာအနည်းငယ်ထွက်ပေါ်လာကာ သာမန်စစ်သားများစွာကိုသေဆုံးစေမယ့် အဆင့်မြင့်မှော်မန္တန်များကို ထုတ်ဖော်လိုက်ကြသည်။ရန်သူများသည် အရိပ်အစောင့်များထက် အရေအတွက်များစွာသာလွန်သည့်အတွက်ကြောင့် အရိပ်အစောင့်များသည် တစ်ဦးပြီးတစ်ဦးအသတ်ခံခဲ့ရသည်။

"ဟားဟား...ထို့ပါကွေ့...ငါဒီနေ့သေဆုံးသွားရမယ်ဆိုပေမဲ့ မင်းလည်းဒီနေ့လိုမျိုး ထာဝရလွတ်မြောက်နေလိမ့်မယ်လို့ မမျှော်လင့်ထားနဲ့...ငါသေသွားခဲ့ရင်တောင်မှ ငါ့ရဲ့သားဖြစ်တဲ့ထို့ပါဟောင်က ငါ့အတွက်လက်စားချေပေးလိမ့်မယ်...ဒါ့အပြင် ငါသေဆုံးသွားပြီးတဲ့နောက် ထို့ပါဟောင်ကနောင်တက်လာမယ့် ဧကရာဇ်ဖြစ်လိမ့်မယ်"

ထို့ပါယီသည် ကျယ်လောင်စွာအော်ဟစ်ကြွေးကြော်လိုက်သည်။ထို့နောက် ရုတ်တရက်သူ၏ဓားကိုဆွဲထုတ်လိုက်ကာ သူ၏လည်ပင်းကိုဖြတ်ပိုင်း၍ အဆုံးစီရင်လိုက်သည်။

ယနေ့တွင် အနောက်တိမ်တိုက်အင်ပါယာ၏ ဧကရာဇ်သည် သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့သည်။

ထို့ပါယီသည် သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့သည်ကို စစ်သားများမြင်တွေ့လိုက်ချိန်တွင် ဝမ်းနည်းပူဆွေးစွာအော်ဟစ်လိုက်ကြသည်။စစ်သားများသည် အသက်ကိုစွန့်ကာ ထို့ပါကွေ့အားသတ်ဖြတ်ရန် အပြေးအလွှားတိုက်ခိုက်လိုက်ကြသော်လည်း အချို့ကမူတိတ်တဆိတ်ဆုတ်ခွာထွက်ပြေးရန် ရွေးချယ်လိုက်ကြသည်။သူတို့သည် ထို့ပါယီပြောခဲ့သည့်စကားများကိုမမေ့သေးပေ။ထို့ပါကွေ့သည် ထီးနန်းအားသိမ်းပိုက်လိုက်ပါက သူတို့သည်ထို့ပါဟောင်အားထောက်ပံ့ကူညီပေးရမည်ဖြစ်သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ထို့ပါကွေ့၏မျက်နှာသည်ဖြူဖျော့သွားခဲ့သည်။အရာအားလုံးသည် ကြီးကြီးမားမားရှုပ်ထွေးနေခဲ့သည်။ထို့ပါယီကွယ်လွန်သွားခဲ့သော်လည်း ထို့ပါယီသေဆုံးပြီးနောက် ဖြစ်ပျက်လာမယ့်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်လုံးဝမလွယ်ကူပေ။ထို့ပြင် ရာဇပလ္လင်ပေါ်၌သူအောင်မြင်စွာ ထိုင်နိုင်ခဲ့ပါကလည်း သဘောထားကွဲလွဲနေမှုများကို နှုတ်ပိတ်ရန်အလွန်ခက်ခဲမည်ဖြစ်သည်။

အခန်း ၂၄၈ - ဆိုးရွားသည့်သတင်း

ထို့ပါကွေ့သည် ရာဇပလ္လင်ပေါ်၌ထိုင်နေရင်း ဒေါသတကြီးဖြစ်နေခဲ့သည်။

သူသည် အနောက်တိမ်တိုက်အင်ပါယာတွင် အမြင့်ဆုံးသောရာထူးကို ရရှိပိုင်ဆိုင်ထားသော်လည်း ပျော်ပိုက်ခြင်းမရှိပေ။လက်ရှိအခြေအနေသည် သူ၏မူလမျှော်လင့်ချက်နှင့်လုံးဝကွဲပြားနေသော အခြေအနေတစ်ခုပင်ဖြစ်သည်။သူ့အားသစ္စာခံထားသည့် ဝန်ကြီးများနှင့်နန်းတွင်းစောင့်တပ်မှူးများအားလုံးသည် သတ်ဖြတ်ခံခဲ့ရပြီဖြစ်သည်။

ထိုလူများသည် ထို့ပါကွေ့၏ထီးနန်းတက်မှုကိုထောက်ခံကြသည့်အတွက်ကြောင့် ဤအသွင်ကူးပြောင်းရေးကာလက်ို တည်ငြိမ်စေမှာဖြစ်သည်။သို့သော်လည်းယခုအခါတွင် ထို့ပါဟောင်၏နောက်သို့ မလွဲရှောင်သာလိုက်ပါမည့်သူများရှိလာမှာဖြစ်သည်။ထို့ပါကွေ့၏မူလရည်ရွယ်ချက်မှာ အသွင်ကူးပြောင်းရေးကာလတည်ငြိမ်ပြီးနောက် ကောင်းကင်ခြင်္သေ့မင်းဆက်ကိုတိုက်ခိုက်ကာ တိုက်ကြီးတစ်ခုလုံးကိုပေါင်းစည်းမှာဖြစ်ပြီး ဤပရမ်းပတာကာလကိုအဆုံးသတ်မှာဖြစ်သည်။

ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်သည် ထို့ပါကွေ့နှင့်မနီးမဝေးတွင်ရပ်နေခဲ့သည်။သူသည် တော်ဝင်သမိုင်းပညာရှင်တစ်ယောက်ဟု အဓိပ္ပါယ်ရသည့် သရဖူကိုရေးထွင်းထားသော အထူးဝတ်စုံက်ိုဝတ်ဆင်ထားခဲ့သည်။

"ဒီကိစ္စကို သမိုင်းစာမျက်နှာတွေပေါ်မှာ ဘယ်လိုရေးထိုးထားသလဲ..."

ထို့ပါကွေ့သည် ထိုတော်ဝင်သမိုင်းပညာရှင်အား အေးစက်သည့်လသေံဖြင့်မေးမြန်းလိုက်သည်။

ထိုလူသည် ရှေ့သို့တိုးလာကာဦးညွတ်လို်က်မိသည်။

"အရာအားလုံးကိုချရေးပြီးပါပြီ...ဧကရာဇ်"

"အိုး...ဘယ်လိုရေးထားတာလဲ..."

ထိုတော်ဝင်သမိုင်းပညာရှင်သည် လက်ရှိအာဏာသိမ်းသောအခြေအနေကို ဖုံးကွယ်ရန်အတွက်အချိန်တိုအတွင်း အကြောင်းပြချက်တစ်ခုရှာနိုင်လိမ့်မည်ဟု ထို့ပါကွေ့မျှော်လင့်မထားပေ။

ထို့ပါကွေ့၏အမေးကြောင့် ထိုသက်လတ်ပိုင်းအရွယ်အဘိုးအိုးသည် မှတ်စုစာအုပ်ငယ်တစ်ခုအား ထုတ်ယူလိုက်သည်။

တော်ဝင်သမိုင်းပညာရှင်သည် အဓိကသမိုင်းမှတ်တမ်းများကို ချရေးရမည်ဖြစ်ပြီး အင်ပါယာ၏သမိုင်းဝင်ဖြစ်ရပ်များကို မှတ်တမ်းတင်ရန်တာဝန်ရှိပေသည်။ထို့ပါကွေ့သည် ထိုမှတ်စုစာအုပ်ငယ်ကိုကောက်ယူကာ ဖွင့်ဖတ်လိုက်သည်။ထိုအခိုက်အတန့်တွင် သူ၏လက်များသည်တဆတ်ဆတ်တုန်ယင်သွားခဲ့ပြီး အလွန်ဒေါသပေါက်ကွဲသွားခဲ့သည်။

"သတ္တိကောင်းလိုက်တာ...သူ့ကိုချက်ချင်းခေါင်းဖြတ်..."

ထို့ပါကွေ့က ဒေါသတကြီးအမိန့်ပေးလိုက်သည်။

အာဏာသိမ်းသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ မှတ်စုစာအုပ်ငယ်အတွင်း၌ စကားလုံး၅လုံးသာ ရေးထိုးထားခဲ့သည်။

ထို့ပါကွေ့က ဧကရာဇ်ကိုသတ်ခဲ့သည်...

"ဒုတိယသမိုင်းပညာရှင်ကိုဆင့်ခေါ်လိုက်..."

ထို့ပါကွေ့သည် ဒေါသတကြီးဖြင့်မှတ်စုစာအုပ်ငယ်အား ဖျက်ဆီးလိုက်ကာ ဒုတိယမြောက်သမိုင်းပညာရှင်ကိုဆင့်ခေါ်လ်ိုက်သည်။

တော်ဝင်သမိုင်းပညာရှင်များသည် တော်ဝင်နန်းတော်အတွင်းရှိ အခြေအနေအားလုံးကို သိရှိနားလည်ထားကြပြီးဖြစ်ရာ အရာအားလုံးကိုဖုံးကွယ်ရန် နည်းလမ်းတစ်ခုမကရှိကြောင်း နားလည်ထားခဲ့သည်။

ထိုအချိန်၌ ဒုတိယသမိုင်းပညာရှင်သည် ခန်းမအတွင်းသို့ဝင်လာကာ ဦးညွတ်ခဲ့သည်။

"ဒီနေ့အဖြစ်အပျက်ကို ဘယ်လိုမှတ်တမ်းတင်ထားလဲ..."

ထို့ပါကွေ့ကမေးမြန်းလိုက်သည်။

ထို့ပါကွေ့သည် သူ့အားဆင့်ခေါ်လာချိန်၌ ယခင်သမိုင်းပညာရှင်မည်သို့အဆုံးသတ်သွားသည်ကို ထိုသမိုင်းပညာရှင်ကသတိထားမိလိုက်သည်။

ထို့နောက်သူသည် ရှေ့သို့တိုးကာ ထို့ပါကွေ့အားမှတ်စုစာအုပ်ငယ်ကို လှမ်းပေးလိုက်သည်။

"အရာအားလုံးကို ဒီစာအုပ်ထဲမှတ်တမ်းတင်ထားပါတယ်"

ထို့ပါကွေ့သည် မှတ်စုစာအုပ်ငယ်အား ဖွင့်ဖတ်ကြည့်လိုက်သည်။

"ထို့ပါကွေ့က ဧကရာဇ်ကိုသတ်ခဲ့သည်"

"သူ့ကိုခေါင်းဖြတ်..."

ထို့ပါကွေ့သည် ရူးသွပ်လုမတတ်ဒေါသထွက်သွားခဲ့သည်။

"နောက်ထပ်သမိုင်းပညာရှင်ကို ခေါ်လိုက်"

ထို့ပါကွေ့က ဒေါသတကြီးအော်ဟစ်လိုက်သည်။

တတိယမြောက်သမိုင်းပညာရှင်သည် ယခင်သမိုင်းပညာရှင်နှစ်ယောက်၏ အဖြစ်ဆိုးကိုကြိုတင်သိရှိထားပုံရသည်။ထို့ကြောင့် သူသည်စကားတစ်ခွန်းမှမပြောဘဲ မှတ်စုစာအုပ်ကိုသာ လှမ်းပေးလိုက်သည်။

ထို့ပါကွေ့သည် မှတ်စုစာအုပ်ငယ်ပေါ်ရှိ တူညီသောစာလုံး၅ခုကိုသတိထားမိချိန်တွင် သူ၏လက်များတုန်ရီသွားခဲ့သည်။

"ထို့ပါကွေ့က ဧကရာဇ်ကိုသတ်ခဲ့သည်"

ထို့ပါဟောင်သည် ဝူဟယ်မြို့၏အမြင့်ဆုံး အဆောက်အဦးပေါ်၌ မတ်တပ်ရပ်နေခဲ့ပြီး နေဝင်ချိန်အားစောင့်ကြည့်နေခဲ့သည်။ထိုအခိုက်အတန့်တွင် သူ၏မျက်နှာပေါ်၌ဝမ်းနည်းနေသော အမူအရာများဖြစ်ပေါ်လာသော်လည်း ထိုသို့ဖြစ်ပေါ်လာရသည့်အကြောင်းရင်းကို မသိရပေ။

"ဘာဖြစ်နေတာလဲ..."

ရှောင်ယုက မေးလိုက်သည်။

ထို့ပါဟောင်သည် ခေါင်းယမ်းကာ ပြုံးပြလိုက်သည်။

"ဒါကတစ်ခုခုတော့လွဲနေသလိုပဲ..."

ရှောင်ယုကခေါင်းညိတ်ပြလို်က်သည်။

"အများကြီးစဉ်းစားမနေပါနဲ့...ဝူဟယ်မြို့တော်ရဲ့ကာကွယ်ရေးက တော်တော်ကောင်းတယ်...ငါတို့ထို့ပါကွေ့ကိုယှည်နိုင်မှာပါ"

ထို့ပါဟောင် တိုးလျစွာရေရွတ်လိုက်သည်။

"ငါ့ရဲ့ဆရာကိုအကြောင်းကြားထားတယ်...သူကအဖေ့ကိုကယ်တင်နိုင်ဖို့ တော်ဝင်မြို့တော်ကိုသွားလိမ့်မယ်...သူကအဖေ့ကကယ်တင်နိုင်ဖို့ မျှော်လင့်ရတာပဲ"

ရှောင်ယုသည် ထို့ပါဟောင်၏ပုခုံးကိုပုတ်၍ နှစ်သိမ့်ရန်ကြိုးစားလိုက်သည်။

"ဆရာအောင်းတူကိုယ်တိုင် မင်းအဖေကိုသွားကယ်တာဆိုတော့ ဧကရာဇ်ဘာမှမဖြစ်လောက်ပါဘူး"

ထို့ပါဟောင်သည် ကူကယ်ရာမဲ့စွာခေါင်းခါပြလိုက်သည်။

"သေချာပေါက်အဲလိုဖြစ်မှာပါ...ဒါပေမဲ့ ကျား(မုတ်ဆိတ်နီအတု)ရဲ့ပြောပုံအရဆိုရင် ငါ့ရဲ့ဆရာကိုရင်ဆိုင်ဖို့အတွက် သေချာလေ့ကျင့်ထားတဲ့ဆဌမအဆင့်ကျွမ်းကျင်သူတွေအများကြီးရှိနေလောက်တယ်...အခုငါလုပ်နိုင်တဲ့အရာက ဆုတောင်းပေးဖို့ဘဲ ကမ္ဘာမြေကြီးရဲ့နတ်ဘုရားအရှင် အဖေ့ကိုကောင်းချီးပေးပါ"

ရှောင်ယုသည် ထို့ပါဟောင်၏စကားကို တိတ်ဆိတ်စွာနားထောင်ခဲ့သည်။သူသည် အခြေအနေအရပ်ရပ်ကိုစုံစမ်းရန်အတွက် ခြင်္သေ့နယ်မြေဆီသို့အဖွဲ့တစ်ခုပြန်ပို့ပေးထားသည်။အကယ်၍ ခြင်္သေ့နယ်မြေ၌အကျပ်အတည်းမရှိပါက သူသည်ဝူဟယ်မြို့ရှိထို့ပါဟောင်ကိုကူညီရန် တပ်ဖွဲ့တစ်ခုဖွဲ့စည်းမှာဖြစ်သည်။

ဤပုန်ကန်မှု၌ အစောပိုင်းကာလများသည် ဖိအားအကြီးဆုံးနှင့်အကြီးကျယ်ဆုံးဖြစ်လိမ့်မည်ဟု ရှောင်ယုသတိပြုမိပေသည်။ထို့ပါယီသေဆုံးသွားပြီးနောက် ရန်သူ၏ပစ်မှတ်မှာ အခြားမင်းသားများဖြစ်ကြသည်။ထို့ပါဟောင်သည် ထိုမင်းသားများအနက် အလားအလာအကောင်းဆုံးဖြစ်၍ ထို့ပါကွေ့သည် ထို့ပါယီ၏အသက်ကိုရယူရန်ရည်ရွယ်ထားခဲ့သည်။

ရှောင်ယုသည် ထို့ပါဟောင်အား တိုက်ခိုက်လာမှုကိုကူညီတားဆီးပေးပြီးနောက် ထို့ပါဟောင်အားကူညီ၍ သန်မာအားကောင်းသည့်စစ်တပ်တစ်ခုကို ဖွဲ့စည်းပေးနိုင်အောင် ဖြေးဖြေးချင်းထောက်ပံ့ပေးသွားမည်ဖြစ်သည်။ထို့နောက်တွင်ရှောင်ယုသည် စစ်မြေပြင်မှဆုတ်ခွာသွားကာ ထို့ပါဟောင်ကိုကိုယ်တိုင်လုပ်ဆောင်ခွင့်ပေးမည်ဖြစ်သည်။

ထို့ပါဟောင်သည် အရည်အချင်းရှိသူဖြစ်သည်။ရှောင်ယုသည် ထို့ပါဟောင်၏အနေအထားကိုတည်ငြိမ်စေရန်နှင့် နောင်တွင်အနောက်တိမ်တိုက်အင်ပါယာ၏ ဧကရာဇ်ဖြစ်လာစေရန် ထို့ပါကွေ့အားဖယ်ရှားရန်စီစဉ်နေခဲ့သည်။

သို့သော်လည်း ရှောင်ယုသည် ထို့ပါဟောင်အား အလုံးစုံအားထုတ်၍ထောက်ပံ့ပေးရန် မရည်ရွယ်ထားပေ။ထို့ပြင် ထို့ပါဟောင်ကိုလည်း ထို့ပါကွေ့မှ မြန်မြန်ဆန်ဆန်ဖယ်ရှားသွားမည်ကိုမလိုလားပေ။အနောက်တိမ်တိုက်အင်ပါယာသာ မြန်မြန်ဆန်ဆန်ငြိမ်သက်သွားပါက ရှောင်ယုအတွက်အကျိုးရှိမည်မဟုတ်ပေ။

ရှောင်ယုအတွက် အသင့်တော်ဆုံးသောအခြေအနေမှာ ဖရိုဖရဲဖြစ်နေသည့် အနောက်တိမ်တိုက်အင်ပါယာဖြစ်သည်။ထိုမှသာ လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များသည် ခြင်္သေ့နယ်မြေအားတိုက်ခိုက်နိုင်မည်မဟုတ်ပေ။သို့ဖြစ်ရာ ယခုစစ်ပွဲကြီးတွင် လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များသည် ထို့ပါကွေ့အားထောက်ပံ့ပေးမည်ဖြစ်ပြီး ရှောင်ယုသည် ထို့ပါဟောင်အားထောက်ပံ့ပေးသွားမည်ဖြစ်သည်။

အချိန်များတဖြည်းဖြည်းကုန်လွန်လာပြီးနောက်တွင် ဖော်ရာ၏ဦးဆောင်မှုအောက်ရှိ အလုပ်သမားအင်အားစုသည် ဝူဟယ်မြို့၏ကာကွယ်ရေးကိုအားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့သည်။ထိုအချိန်တွင် မြင်းတပ်သားတစ်ဖွဲ့သည် ဝူဟယ်မြို့သို့သတင်းစကားပေးပို့လာခဲ့သည်။

မြင်းတပ်သားများသည် ထို့ပါဟောင်ကိုတွေ့တွေ့ချင်း ဒူးထောက်ဦးညွတ်လိုက်ကြသည်။

"အရှင်မင်းမြတ်..."

ထို့ပါဟောင်သည် ထိုစကားကိုကြားချိန်၌ ထိတ်လန့်တုန်လှုပ်သွားခဲ့ကာ သူ့အဖေတစ်စုံတစ်ခုဖြစ်သွားကြောင်း နားလည်လိုက်သည်။မြင်းတပ်သားများသည် တော်ဝင်မြို့တော်၌ဖြစ်ပျက်ခဲ့သော အခြေအနေအသေးစိတ်ကို ထို့ပါဟောင်အားပြောပြခဲ့သည်။သူတို့သည် ထို့ပါယီမှ အနောက်ဘက်စစ်စခန်းကို ဦးဆောင်ခဲ့ပြီး ထို့ပါကွေ့အားပြတ်ပြတ်သားသားတိုက်ခိုက်ခဲ့ကြောင်း ထို့ပါဟောင်ကိုရှင်းပြခဲ့သည်။ထို့ပြင် ထို့ပါဟောင်သည်နောင်လာမယ့်ဧကရာဇ်ဖြစ်ကြောင်း ထို့ပါယီမှနောက်ဆုံးစကားအဖြစ်ကြေငြာခဲ့ကြောင်းကိုလည်း ထို့ပါဟောင်အားအသိပေးခဲ့သည်။

ထို့ပါကွေ့သည် တော်ဝင်နန်းတော်တစ်ခုလုံးအား ပိတ်ဆို့ထားခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့ကာ အခြားတပ်ဖွဲ့များထံသတင်းပေးပို့နိုင်သူများရှိနေခဲ့သည်။ထို့ပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများမှနေ၍ ထွက်ပြေးလွတ်မြောက်အောင်စွမ်းဆောင်နိုင်ခဲ့သော အရိပ်အစောင့်များစွာရှိခဲ့သည်။သူတို့အဖို့တော်ဝင်မြို့တော်မှ ထွက်ခွာရန်မှာ လွယ်ကူသောကိစ္စဖြစ်ခဲ့သည်။

"အဖေ.."

ထို့ပါဟောင်သည် အခြေအနေအပြည့်အစုံကိုသိရှိပြီးနောက် ဝမ်းနည်းကြေကွဲစွာရေရွတ်လိုက်သည်။

သူကြီးပြင်းလာချိန်၌ အရပ်မြင့်မြင့်ဖြင့်သူရဲကောင်းကြီးဖြစ်လာမည်ဟု အဖေကပြောခဲ့သည်ကို သူယခုထိမှတ်မိနေသေးသည်။ထို့ပါယီတွင် သားများစွာရှိသော်လည်း ထို့ပါဟောင်ကိုမူသူအချစ်ဆုံးဖြစ်ပေသည်။နိုင်ငံရေးပြဿနာအချို့ကြောင့် သူ့အားအိမ်ရှေ့မင်းသားအဖြစ် မခန့်အပ်နိုင်ခဲ့သော်လည်း ယခုသူ၏အာဏာစက်ပြိုကွဲသွားချိန်တွင် ထို့ပါဟောင်သည် အနောက်တိမ်တိုက်အင်ပါယာ၏ဧကရာဇ်အသစ်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ထို့ပါယီသည် ထွက်ပြေးနိုင်သော်လည်း ထို့ပါဟောင်အတွက်လမ်းခင်းပေးနိုင်ရန်အတွက် တော်ဝင်မြို့တော်၌အသေခံခဲ့ကြောင်း ထို့ပါဟောင်ကနားလည်ပေသည်။

ထို့ပါဟောင်သည် အမြင့်ဆုံးအဆောက်အဦးပေါ်၌ရပ်နေရင်း အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် သူ့အဖေအားကတိပေးလိုက်သည်။

"အဖေ...ငါ့ကိုစိတ်မပျက်စေရပါဘူး...အနောက်တိမ်တိုက်အင်ပါယာကို အရင်အထွတ်အထိပ်အချိန်အခါတွေထက် ပိုမ်ိုတိုးတက်အောင်ငါလုပ်ဆောင်ပေးသွားမယ်...အနောက်တိမ်တိုက်အင်ပါယာရဲ့သမိုင်းမှာ အကြီးမြတ်ဆုံးဘုရင်တစ်ပါးဖြစ်လာစေရမယ်"

အခန်း ၂၄၉ - ခံစစ်က်ိုကျစ်လစ်စေခြင်း

ဖော်ရာသည် ဝူဟယ်မြို့အတွက် တံတိုင်းများကိုတည်ဆောက်ရန် လူများကိုဦးဆောင်ခဲ့သည်။

ဤနေရာတဝိုက်တွင် ကျောက်တုံးကြီးများနှင့်အုတ်ကျောက်များကိုရှာဖွေရန် အလွန်ခက်ခဲသည့်အတွက်ကြောင့် သူတို့သည်မြေကြီးကိုအသုံးပြုကာ နံရံများပြုလုပ်ခဲ့သည်။ထို့ပြင် ကျောက်တုံးကြီးများကိုအသုံးပြုပါက အချိန်တိုအတွင်း တံတိုင်းနံရံကြီးတစ်ခုတည်ဆောက်ရန် အလွန်ခက်ခဲသွားမည်ဖြစ်သည်။

ထို့ကြောင့်ဖော်ရာသည် ရိုးရိုးမြေကြီးကိုအသုံးပြုကာ နံရံများကိုတည်ဆောက်ခဲ့သည်။သူတို့သည်မြေဆီလွှာကို ရွှံ့အဖြစ်ပြောင်းလဲ၍ အလွန်ကောင်းမွန်သောရွှံ့အုတ်များဖြစ်အောင် စပါးခွံ့များနှင့်ကောက်ရိုးများထည့်သွင်းခဲ့သည်။

"ရွှံအုတ်တွေ..."

ရှောင်ယုသည် ဖော်ရာကိုကြည့်ရင်း ခေါင်းညိတ်မိလိုက်သည်။

ရှောင်ယုသည် ယခင်ဘဝတွင် ကမ္ဘာမြေ၏ကျေးလက်ဒေသခံတစ်ယောက်ဖြစ်ခဲ့သည်။သူသည်အတိတ်ဘဝ၌ လူများကရွှံအုတ်များပြုလုပ်သည်ကိုတွေ့မြင်ဖူးသည်။၎င်းတို့အားပြုလုပ်ရသည်မှာ အလွန်ရိုးရှင်းပြီး ထိုရွှံ့အုတ်များကအလွန်အကြမ်းခံပေသည်။၎င်းတို့သည် ကျောက်အုတ်များလောက်ခိုင်ခံ့ခြင်းမရှိသော်လည်း ရွှံ့အုတ်အလွှာအနည်းငယ်သည် ရန်သူများ၏တိုက်ခိုက်ခြင်းကိုတားဆီးရန် လုံလောက်သည်ထင်ပိုပေသည်။ထိုကဲ့သို့သောတံတိုင်းနံရံတစ်ခုသည် လွယ်ကူစွာကျော်လွှားရန် မဖြစ်နိုင်ပေ။

ရှေးခေတ်တရုတ်နိုင်ငံ၌ အချို့သောနယ်စပ်မြို့များတွင် တံတိုင်းနံရံများတည်ဆောက်ရန်အတွက် ရွှံ့အုတ်များကိုအသုံးပြုခဲ့ကြသည်။ဤနည်းဖြင့် ရွှံအုတ်များကိုပြုလုပ်ရာတွင် လေနှင့်သဲတို့၏တိုက်စားမှုအား ခံနိုင်ရည်ရှိလောက်သည်အထိ လျင်မြန်စွာခိုင်ခံ့အောင်ပြုလုပ်ကြရသည်။

ဖော်ရာသည် အင်ဂျင်နီယာစာအုပ်မှနေ၍ ရွှံအုတ်ပြုလုပ်နည်းကိုရှာဖွေတွေ့ရှိခဲ့သည်။စာအုပ်ထဲတွင် ရွှံ့အုတ်များကို ပိုမိုခိုင်ခံ့စေရန်အတွက် ထည့်သွင်းရမယ့်အထူးပစ္စည်းတချို့ကိုရေးသားထားခဲ့သည်။ဤနည်းဖြင့် သူတို့သည်ဝူဟယ်မြို့အတွက် အချိန်တိုအတွင်း ခံစစ်တံတိုင်းနံရံများတည်ဆောက်ထားနိုင်ခဲ့သည်။

ထို့ပြင် ထို့ပါဟောင်၏တပ်အင်အားသည် မများလှပေ။ရှောင်ယုသည် ခံစစ်အရာ၌ အလွန်ထူးချွန်သူတစ်ဦးဖြစ်ကာ ကိုယ်ပိုင်တပ်အင်အားထက် ၁၀ဆခန့်ပိုမ်ိုသန်မာသော ရန်သူများကိုခုခံရန် တံတိုင်းနံရံတစ်ခုအားတည်ဆောက်နိုင်သည်။

...

...

"ဒါဆိုရင် မင်းရဲ့နာမည်အရင်းကရှောင်ယုဖြစ်ပြီး ခြင်္သေ့နယ်မြေရဲ့အရှင်သခင်ပေါ့"

ထို့ပါဟောင်က ပြုံးပြလိုက်သည်။

ရှောင်ယုသည် သူ၏အထောက်အထားအမှန်ကို ထို့ပါဟောင်ထံမှ ဖုံးကွယ်ထားရန်မလိုအပ်တော့သည့်အတွက် အမှန်အတိုင်းပြောဆိုခဲ့သည်။

ရှောင်ယုသည် အပြုံးမပျက်ပြောလိုက်သည်။

"အစောပိုင်းက အနောက်တိမ်တိုက်အင်ပါယာကလူတွေနဲ့ အဆက်အဆံလုံးဝမရှိသေးတဲ့အတွက် ငါ့ရဲ့အထောက်အထားကိုဖုံးကွယ်ထားခဲ့တာပဲ...ဒါပေမဲ့ငါတို့ကခုဆိုရင် မဟာမိတ်တွေဖြစ်နေပြီးတော့ သဘောင်္တစ်စီးမှာတူတူရှိနေကြတယ်...မင်းကိုလှည့်စားဖို့ဘာအကြောင်းပြချက်မှမရှိဘူး...ခုခံမှုအစောပိုင်းကာလတွေမှာ မင်းကိုကူညီဖို့အတွက်တပ်တွေစေလွှတ်ပေးဖို့ ငါ့ရဲ့နယ်မြေကိုလူလွတ်အကြောင်းကြားပေးထားတယ်...ဒါပေမဲ့ထို့ပါကွေ့ကို ချေမှုန်းဖို့အတွက်တော့ မင်းကိုငါကူညီမှာမဟုတ်ဘူး...ငါကကောင်းကင်ခြင်္သေ့မင်းဆက်ကမလို့ အဲ့ကိစ္စကိုကူညီရင် ငါပြဿနာတက်လိမ့်မယ်"

ထို့ပါဟောင်သည် ကူကယ်ရာမဲ့စွာခေါင်းညိတ်ပြလိုက်သည်။ရှောင်ယုသည် ယခုအချိန်၌သူ၏ အယုံကြည်ရဆုံးသောမဟာမိတ်ဖြစ်၍ သူ့အားဆန့်ကျင်ရန်မဖြစ်နိုင်ပေ။

ထို့ပြင် ရှောင်ယုသည် သူ၏အထောက်အထားက ခြင်္သေ့နယ်မြေအရှင်သခင်ဖြစ်ကြောင်း အမှန်အတိုင်းဖော်ပြလာချိန်တွင် ရှောင်ယု၏ရိုးသားမှုကို ထို့ပါဟောင်ကယုံကြည်ခဲ့သည်။ထို့ပါကွေ့သည်သာ အနောက်တိမ်တိုက်အင်ပါယာကိုပေါင်းစည်းသွားနိုင်ပါက ကောင်းကင်ခြသင်္သေ့မင်းဆက်ကို တိုက်ခိုက်မည်ဖြစ်ကြောင်း ထို့ပါဟောင်နားလည်ပေသည်။ထိုသို့သောအခြေအနေတွင် ပထမဆုံးခံစားရမည့်သူမှာ ရှောင်ယုသာဖြစ်သည်။ထို့ကြောင့် ရှောင်ယုသည် ထို့ပါဟောင်က ထို့ပါကွေ့အားရင်ဆိုင်ရာတွင် မည်သည့်အကူအညီကိုမဆို ပေးအပ်ရန်နှမြောနေမည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။

."မင်းရဲ့တပ်မှာ လူဘယ်လောက်ပါလဲ"

ထို့ပါဟောင်က မေးမြန်းလိုက်သည်။

"၃၀၀၀..."

"၃၀၀၀ပဲလား...."

ထို့ပါဟောင်သည် သူ၏ထိုင်ခုံမှခုန်ဆင်းလုနီးပါးဖြစ်သွားခဲ့သည်။

"တပ်သား၃၀၀၀နဲ့ဘာလုပ်လို့ရမှာလဲ...ရှောင်ယုငါကခုဆိုရင် စစ်တပ်ကြီးတစ်ခုနဲ့ရင်ဆိုင်ရတော့မယ်ဆိုတာ မင်းနားလည်ထားသင့်တယ်...ခုချိန်မှာတပ်သား၃၀၀၀ကိုဘယ်လိုသုံးရမှာလဲ...နောက်ထပ်လူများများမခေါ်နိုင်ဘူးလား"

ရှောင်ယုသည် ရှက်ရွံ့စွာပြုံးလိုက်မိသည်။

"၃၀၀၀က ကောင်းကောင်းကြီးလုံလောက်ပါတယ်"

ရှောင်ယုသည် စစ်ကူပေးမယ့်တပ်ဖွဲ့ကို သေချာစီစဉ်ထားခဲ့သည်။ထိုတပ်ဖွဲ့တွင် အောစ့်စစ်သည်၁၀၀၀ ၊ ရိုင်ဖယ်သမား ၁၀၀ ၊ မုဆိုး ၅၀ ၊ လင်းနို့စီးနင်းသူ ၅၀၀ ၊ ကိုဒိုသားရဲ ၅၀ ၊ နတ်ဆရာ ၁၅၀ ၊ ပယောဂဆရာ ၅၀ ၊ အောစ့်စီးနင်းသူ ၆၀၀ ၊ တောင်ဘီလူး ၅၀ ၊ မှော်စုန်းဆရာ ၃၀၀ ၊ နတ်သူငယ်လေးသမား ၅၀၀ နှင့် နတ်မြင်းပျံ၁၅၀တို့ကိုစုစည်းခဲ့သည်။

ရှောင်ယုသည် သူ၏နယ်မြေလုံခြုံမှုကိုလည်း အာရုံစိုက်ရသေးသည်။သူသည် လူများစွာကိုစော်ကားခဲ့သည့်အတွက်ကြောင့် တပ်ဖွဲ့အားလုံးကိုမခေါ်ထုတ်နို်င်ပေ။သူသည် နယ်မြေအားကာကွယ်ရန်အတွက် အခြေစိုက်စခန်းများမှ ဆင့်ခေါ်ထားသည့်တပ်ဖွဲ့ဝင်ထက်ဝက်ခန့်အား ချန်ရစ်ထားခဲ့ရမည်ဖြစ်သည်။

ရှောင်ယုသည် သရောလ်နှင့်အူသာတို့ကိုနယ်မြေ၌ချန်ရစ်ခဲ့ပြီး ခိုင်ရင်း၊အိုနေးလ်၊ရာအူးလ်နှင့်မိုင်ယဗ်တို့ကို ဆင့်ခေါ်ခဲ့သည်။အူသာနှင့်သရောလ်တို့သည် ဦးဆောင်နိုင်မှုအရည်အချင်းရှိသည့် ထူးခြားသောခေါင်းဆောင်များဖြစ်ကြပြီး သူတို့၏စွမ်းအားများက ထောင်နှင့်ချီသောစစ်သားများ၏ ခွန်အားကိုတိုးမြင့်ပေးနိုင်သည်။

တစ်ချိန်တည်းမှာပင် ရှောင်ယုသည် ဆီဇာနှင့်အခြားသောသူရဲကောင်းများကို နယ်မြေ၌ထားရစ်ခဲ့ကာ ရန်သူ၏တိုက်ခိုက်လာမှုကို ကြိုတင်ကာကွယ်ခိုင်းစေခဲ့သည်။

အနောက်တိမ်တိုက်အင်ပါယာ၏မြက်ခင်းပြင်ဒေသများတွင် အောစ့်စီးနင်းသူများက အသန်မာဆုံးတပ်သားများဖြစ်၍ သူတို့အားလုံးကိုဝူဟယ်မြို့သို့ဆင့်ခေါ်ခဲ့သည်။ထို့ပြင် သူတို့၏အင်အားကိုနောက်တစ်ဆင့်သို့မြင့်တင်ရန်အတွက် မှော်စုန်းဆရာများကိုလည်းခေါ်ယူခဲ့သည်။သူတို့သည်မှော်ဆရာများဖြစ်ကြသည်နှင့်အညီ ခံစစ်တိုက်ပွဲများတွင် ထူးချွန်ပြောင်မြောက်ကြသည်။သူတို့သည်ဆိုင်ကလုန်းမုန်တိုင်းကို အသုံးပြုခြင်း သို့မဟုတ် ကျီးကန်းများအဖြစ်သို့ပြောင်းလဲခြင်းများကို လုပ်ဆောင်နိုင်သည်။

ရှောင်ယုသည် မိုင်ယဗ်ကိုအဆင့်မြင့်တင်လို၍ သူမအားစစ်မြေပြင်သို့ ဆင့်ခေါ်ခဲ့သည်။ယခုအချိန်တွင် မိုင်ယဗ်သည်အဆင့်၉သို့သာရောက်ရှိသေးပြီး သားရဲများကိုသာသတ်ဖြတ်နေရသည့် အားသက်စ်သည်လည်း အဆင့်၁၃သို့သာရောက်ရှိခဲ့သည်။

မိုင်ယဗ်သည် ယခုလိုပွင့်လင်းသောစစ်မြေပြင်နှင့် မသင့်တော်သော်လည်း သူမသည်လအနည်းငယ်ကြာအောင် သူနှင့်အတူဤနေရာ၌တိုက်ပွဲဝင်ပါက မကြာမှီအဆင့်၂၀သို့ဝင်ရောက်သွားလိမ့်မည်ဟု ရှောင်ယုကယုံကြည်ထားခဲ့သည်။အစောပိုင်းတွင် ရှောင်ယုက စစ်မြေပြင်၌မိုင်ယဗ်၏အသုံးဝင်မှုသည် ဂရင်းနှင့်ခိုင်ရင်းတို့အောက်၌သာရှိမည်ဟု ယုံကြည်ခဲ့သည်။သို့သော်လည်းမိုင်ယဗ်သည် ဆိုလိုမွန်း၏နယ်မြေကိုတိုက်ခိုက်ချိန်တွင် ခိုင်ရင်းနှင့်ဂရင်းတို့ထက် ၁၀ဆခန့်မနည်းသတ်ဖြတ်နိုင်ခဲ့သည်။

မိုင်ယဗ်၏စွမ်းဆောင်ရည်သည် ရှေ့တန်းစစ်မြေပြင်၌ အံ့မခန်းဖြစ်ခဲ့ပြီး ရန်သူများလူစုကွဲလာချိန်တွင် သူမကအသံတိတ်လူသတ်သမားတစ်ယောက်လို ဆောင်ရွက်နိုင်ခဲ့သည်။သူမ၏လျင်မြန်လှသည့် ရွေ့လျားမှုများကြောင့် သူမသည်အရှိန်လုံးဝမလျော့ဘဲ ရာနှင့်ချီသည့်ရန်သူတစ်ယောက်ချင်းစီတိုင်းကို သတ်ဖြတ်နိုင်ခဲ့သည်။

ယခုဆိုလျှင် ရှောင်ယုသည် သူ၏ပတ်ဝန်းကျင်၌ တိုင်ရန်ဒီကဲ့သို့သူရဲကောင်းတစ်ဦးရှိနေသော်လည်း သူမသည်တာဝေးပစ်ထောက်ပံ့မှုအမျိုးအစားဖြစ်သည်။အမှန်တော့ သူမသည်သက်တော်စောင့်တစ်ယောက်အတွက် အကောင်းဆုံးသောရွေးချယ်မှုမဟုတ်ခဲ့ပေ။သို့သော်လည်း မိုင်ယဗ်ကမူ မှောင်ရိပ်ထဲ၌ခိုအောင်းနေသည့် အဆင့်မြင့်လူသတ်သမား လုပ်ကြံသူများကို သတ်ဖြတ်နိုင်သည်။

...

...

ထို့ပါဟောင်သည် ဝူဟယ်မြို့မှလူများအား ထို့ပါကွေ့၏ပုန်ကန်မှုအကြောင်းကို ကြေငြာခဲ့သည်။သူသည် အနောက်တိမ်တိုက်အင်ပါယာ၏ လက်ရှိဧကရာဇ်ဖြစ်ပြီး မြို့တွင်းရှိလူများသည် သူ့အားသစ္စာခံရန်သို့မဟုတ် မြို့တွင်းမှထွက်သွားရန်ရွေးချယ်နိုင်ကြောင်း ကြေငြာခဲ့သည်။

ထိုသို့တုန်လှုပ်ခြောက်ခြားဖွယ်သတင်းကို လူတိုင်းကတူညီစွာမတုံ့ပြန်ခဲ့ကြပေ။အများစုသည် ထို့ပါဟောင်နှင့်အတူ တိုက်ပွဲဝင်ရန်အတွက် ယာယီတပ်ဖွဲ့တစ်ခုဖွဲ့ရန် မြို့တွင်း၌ကျန်ရစ်ခဲ့သော်လည်း အချို့သည်ထို့ပါကွေ့ဆီသို့ထွက်သွားရန် ရွေးချယ်ခဲ့ကြသည်။

ထို့ပါဟောင်သည် အနောက်တိမ်တိုက်အင်ပါယာ၌ မှန်ကန်မှုရှိပြီး ရဲ့ရင့်သောမင်းသားတစ်ပါးအဖြစ် ထူးထူးခြားခြား ကျော်ကြားပေသည်။ထို့ပြင် အချို့သောမျိုးနွယ်စုများသည် ဝူဟယ်မြို့သို့လာရောက်ကာ ထို့ပါဟောင်နှင့်အတူပူးပေါင်းခဲ့ကြပြီး တပ်ဖွဲ့များဖွဲ့ခဲ့ကြသည်။

ဝူဟယ်မြို့သို့လူပေါင်းများစွာ ရုတ်တရက်ရောက်ရှိလာသည့်အတွက်ကြောင့် လူတိုင်းသည် စားနပ်ရိက္ခာ ပြဿနာကြုံတွေ့ခဲ့ရသည်။ကံကောင်းထောက်မစွာဖြင့် ရှောင်ယုသည်ဤပြသနာကို ဟိုးအရင်ကတည်းကဖြေရှင်းခဲ့ပြီးဖြစ်သည်။သူသည် အရင်းအမြစ်များစွာကိုဝယ်ယူ၍ မြို့တွင်းရှိဂိုဒေါင်များတွင် သ်ိုလှောင်ရန်လူများစွာကို အမိန့်ပေးစေလွှတ်ခဲ့သည်။မုတ်ဆိတ်နီ၏အခြေစိုက်စခန်း၌ စားနပ်ရိက္ခာများစွာရှိသော်လည်း ရှောင်ယုနှင့်အခြားသူများက မီးလောင်တိုက်သွင်းခဲ့ပြီးဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ ရှောင်ယုထံ၌အစားအစာများဝယ်ယူရန် ငွေအလုံအလောက်ရှိနေခဲ့သည်။

ရှောင်ယုသည် ခြင်္သေ့နယ်မြေရှိစပါးနှင့်ဆန်များကိုဝယ်ယူရန် ထိုငွေများကိုအသုံးချခဲ့သည်။ရှောင်ယုသည် သူ့နယ်မြေရှိလယ်သမားများကို အခွန်ကောက်ခံခြင်းမပြုသည်မှာ ကြာမြင့်ပြီဖြစ်၍ လယ်သမားများ၏သိုလှောင်ရုံများအတွင်း၌ အရင်းအမြစ်များစွာရှိကြသည်။ထို့ကြောင့်လယ်သမားများသည် ထိုအပိုဆောင်းရိက္ခာများကို ရှောင်ယုထံသို့ပျော်ရွှင်စွာရောင်းချကြသည်။

...

...

ရှောင်ယုနှင့်ထို့ပါဟောင်တို့သည် တိုက်ပွဲအစီအစဉ်အကြောင်းကို အသေးစိတ်ဆွေးနွေးနေသည့် အခိုက်အတန့်တွင် အခန်းထဲ၌လူတစ်ယောက်ရုတ်တရက်ပေါ်လာသည်ကို သတိထားမိလိုက်သည်။ထိုလူသည် အဖြူရောင်သာမန်ဝတ်ရုံကိုဝတ်ဆင်ထားပြီး သူ့အားကြည့်ရသည်မှာ ရ်ိုးရှင်းသည့်လူလတ်ပိုင်းတစ်ယောက်နှင့်တူသည်။သူ၏ဆံပင်များသည် ထူးဆန်းစွာဖြင့်ဖြူနေသော်လည်း သူ၏မျက်နှာပေါ်၌ အရေးအကြောင်းများမရှိဘဲ ချောမွေ့နေခဲ့သည်။

ရှောင်ယုသည် အခန်းထဲသို့ ထိုလူရောက်လာလာချင်း သတိမထားမိလိုက်ပေ။ထိုဝှက်ဆန်းကြယ်သောသူကသာ သူတို့နှစ်ဦးအားသတ်ဖြတ်လိုပါက ရှောင်ယုရောထို့ပါဟောင်ကပါ မည်သို့မှတုံ့ပြန်နိုင်မည်မဟုတ်ပေ။

သို့သော် ရှောင်ယုသည် ထို့ပါဟောင်၏နှုတ်ဆက်သံကိုကြားချိန်၌ ကျော်တပြင်လုံးချွေးအေးများဖြင့် စိုရွဲသွားခဲ့သည်။

"ဆရာ ရောက်လာပီလား..."

All Chapters