အခန်း (၂၅၃-၂၅၅)
Vol. 17 Ch. 253-255
အခန်း ၂၅၃ - စစ်ပွဲမစမှီ စိတ်ပိုင်းဆိုင်ရာထိုးနှက်ခြင်း
ထို့ပါဟောင်သည် အိပ်မပျော်တော့၍ မတ်တပ်ထရပ်လိုက်သည်။
"ဝူဟယ်မြို့ကို အချိန်အကြာကြီးထိန်းထားနိုင်မှာမဟုတ်ဘူး"
ထိုဝံပုလွေစီးစစ်သည်များသာ ဝူဟယ်မြို့အားတိုက်ခိုက်လာပါက ပရမ်းပတာဖြစ်သွားမည်ကို ထို့ပါဟောင်နားလည်ထားသည်။
ရှောင်ယုသည်လည်း သူ့တပ်များရောက်ရှိလာမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။ယခုအခါ သူ့နံဘေး၌ သူ၏ကိုယ်ပိုင်တပ်များမရှိ၍ အနည်းငယ်မလုံခြုံသလိုခံစားလိုက်ရသည်။
ဝံပုလွေစီးစစ်သည်များသည် ခွန်အားကြီးမားသော်လည်း ရှောင်ယုသည်သူတို့အားကြောက်ရွံ့မှုမရှိပေ။ရှောင်ယု၏ အောစ့်စီးနင်းသူများသည် ထိုဝံပုလွေစီးစစ်သည်များကို အလွယ်တကူဖိနှိပ်နိုင်မည်ဟု ယုံကြည်မှုရှိသည်။အောစ့်စီးနင်းသူများသည် လက်ရွေးစင်ဝံပုလွေစီးနင်းသူများဖြစ်သည်။ထို့ပြင် ဆင့်ခေါ်ထားသည့်အောစ့်များသည်လည်း အဆင့်၁၀သို့ရောက်ရှိနေခဲ့ပြီဖြစ်သည်။ထို့ပြင် ကိုဒိုသားရဲများ၊ခိုင်ရင်း၏တိုက်ပွဲအော်သံ၊နတ်ဆရာများ၏သွေးဆာလောင်ခြင်းအစွမ်းတို့ကို ထည့်ပေါင်း၍ရသေးသည်။ထိုအချိန်တွင် သာမန်ဒုတိယအဆင့်သားရဲများသည် သူတို့၏ပြိုင်ဘင်မဟုတ်တော့ပေ။ထိုဝံပုလွေစီးစစ်သည်များ၊ ဝံပုလွေများသည် ဒုတိယအဆင့်သားရဲများနှင့်နှိုင်းယှဉ်ရန်မဖြစ်နိုင်ပေ။
ရှောင်ယုသည် အရပ်သားများနှင့်ကျွန်များကိုအသုံးပြု၍ နံရံတံတိုင်းအားတည်ဆောက်နေခဲ့သည်။ဝိုင်းရံခံထားရသည့် ၃ရက်မြောက်နေ့သို့ရောက်လာချိန်တွင် ထိုအလုပ်သမားများကိုနံရံတည်ဆောက်နေခြင်းအား ရပ်တန့်ရန် စစ်သားများကအမိန့်ပေးခဲ့သည်။ယနေ့လို့နေ့မျိုးတွင် ရန်သူများသည်စတင်တိုက်ခိုက်လာနိုင်သည်ဟု ရှောင်ယုကယူဆခဲ့သည်။
ထို့ပြင်ရှောင်ယုသည် တိုက်ပွဲမတင်မှီတွင် ဝါဒဖြန့်စာစောင်များစွာကို ထုတ်ယူရေးသားခဲ့ကာ ထိုစာစောင်များကို လေတိုက်ရာဘက်သို့ဦးတည်လွှင့်ပစ်ရန် အမိန့်ပေးခဲ့သည်။ထိုဝါဒဖြန့်စာစောင်များ၌ ထို့ပါကွေ့၏ပုန်ကန်သောလုပ်ရပ်များအကြောင်းကို ရေးသားထားခဲ့သည်။
အကယ်၍ သူတို့ကသာမင်းဧကရာဇ်အစစ်အမှန်ကို ဆန့်ကျင်တိုက်ခိုက်နေကြောင်း သိသွားပါက သူတို့၏မိသားစုကိုမျက်နှာချင်းဆိုင်ဝံ့ကြတော့မည်မဟုတ်ပေ။ထိုသို့တိုက်ခိုက်ခဲ့ပါက ထို့ပါယီနှင့်ဘိုးဘေးများအပေါ် အသက်ပေး၍ခုခံကာကွယ်ခဲ့ကြသည့် သူတို့၏ဘိုးဘေးများကကောင်းကင်ပေါ်မှ ကျိန်ဆဲနေကြမည်ဖြစ်သည်။
ရှောင်ယုသည် ထိုကဲ့သို့စိတ်ပိုင်းဆိုင်ရာ ထိုးနှက်တိုက်ခိုက်မှု၌ ထူးချွန်သူတစ်ဦးဖြစ်သည်။သူသည် တိုက်ပွဲမစတင်မှီ၌ ရန်သူတပ်ဖွဲ့များ၏တိုက်ခိုက်လိုစိတ်ကို ထိခိုက်ပျက်စီးစေမယ့် နည်းလမ်းပေါင်းစုံကိုရှာဖွေရန် ကြိုးစားထားခဲ့သည်။
...
အနောက်တိမ်တိုက်အင်ပါယာမှ စစ်သားများသည် မရေမတွက်နိုင်သောစာရွက်များ ကောင်းကင်ပေါ်မှပြုတ်ကျလာသည်ကို မြင်တွေ့လိုက်ရ၍အနည်းငယ်အံ့သြသွားကြသည်။ထို့နောက်သူတို့သည် စာရွက်ကိုစစ်ဆေးရန်အတွက် စိတ်ဝင်စားလာကြသည်။
သို့သော် စာရွက်ပေါ်မှအကြောင်းအရာအများစုကို စတင်ဖတ်ရှုမိချိန်တွင် စစ်သားအများစုသည် မျက်နှာပျက်သွားကြသည်။အမှန်တော့ သူတို့အများစုသည် ပုန်ကန်မှုနှင့်ပတ်သက်သော ကောလဟာလများကိုကြားဖူးကြလေသည်။သူတို့သည် ပုံပြောသူများ၏စကားများကိုနားထောင်ကာ သူတို့ကိုယ်တိုင်လည်း မှန်းဆခဲ့ဖူးသည်။သူတို့ထဲမှအများစုက ပုန်ကန်သူသည်ထို့ပါကွေ့ဖြစ်ကြောင်း သိထားကြသည်။
ထို့ပြင် ထို့ပါဟောင်သည် ထို့ပါယီ၏သားတော်များအနက် ဧကရာဇ်ဂုဏ်အယူရဆုံးသားတော်ဖြစ်သည်။ထို့ပါဟောင်သည် အဘယ်ကြောင့်သူပုန်ဖြစ်ရမည်နည်း။ထို့ပါကွေ့က ထို့ပါယီသည် သူ၏ညီအစ်ကိုများကိုသတ်ဖြတ်ကာ အောင်းတူသည်ဧကရာဇ်အားသတ်ဖြတ်ခဲ့သည်ဟု လိမ်ညာပြောဆိုခဲ့သော်လည်း စဉ်းစားညဏ်ရှိသည့်စစ်သားတိုင်းက တစ်စုံတစ်ခုမူမမှန်ဖြစ်နေကြောင်း သတိထားမိကြသည်။
ထို့ပါကွေ့သည်လည်း ထက်မြက်သည့်လူတစ်ယောက်ဖြစ်သည်။သူသည် ပုန်ကန်ပြီးနောက် အချိန်ဆွဲနေ၍မရကြောင်း နားလည်ထားသည်။လူတိုင်းသည် ဧကရာဇ်အတုဟုသူလိမ်ညာထားသည့် အလိမ်အညာကိုအချိန်ကြာမြင့်စွာ ယုံကြည်နေကြမည်မဟုတ်ပေ။ထို့ကြောင့်သူသည် မြန်မြန်ဆန်ဆန်လှုပ်ရှားနေရခြင်းဖြစ်သည်။သူသည် ထို့ပါယီအပြင် ထို့ပါယီ၏သားတော်များသေဆုံးရသည့်အကြောင်းရင်းကို အောင်းတူထံသို့တွန်းပို့ခဲ့သည်။အနောက်တိမ်တိုက်အင်ပါယာမှလူများ၏ နှလုံးသားထဲတွင် အောင်းတူသည် သူတော်စင်တစ်ပါးကဲ့သို့ဖြစ်တည်မှုဖြစ်ကြောင်း ထို့ပါကွေ့နားလည်ထားသည်။ယခုအခါ အောင်းတူသည်ထို့ပါဟောင်ဘက်တွင် ရပ်တည်ရန်ဆုံးဖြတ်ထားသည့်အတွက်ကြောင့် ထို့ပါကွေ့သည် အောင်းတူ၏ဂုဏ်သိက္ခာကို တစ်နည်းမဟုတ်တစ်နည်းညစ်ပတ်အောင် ပြူလုပ်ရန်ကြိုးပမ်းခဲ့သည်။
ထို့ပါကွေ့သည် လက်ရှိဖြစ်ပေါ်လာသည့် အခြေအနေအတွက် ဆင်ခြေဆင်လက်များစွာကိုပြင်ဆင်ခဲ့သည်။သူသည် ထို့ပါဟောင်နှင့်သူ၏ညီအစ်ကိုများအကြား၌ ပြဿနာများစွာကိုဖန်တီးခဲ့သည်။ထို့နောက် ထို့ပါဟောင်သည် ထီးနန်းကိုရယူနိုင်ရန်အတွက် သူ၏ညီအစ်ကိုများကိုသတ်ဖြတ်ရန် အောင်းတူကိုတောင်းဆိုခဲ့သည်ဟု လိမ်ညာပြောဆိုခဲ့သည်။
ထိုသို့လိမ်ညာဖန်တီးပြီးနောက် အချိန်အတော်ကြာသည်အထိ လူထုကြားထဲ၌ သဘောထားကွဲလွဲမှုရှိနေခဲ့သည်။သို့သော်လည်း လူတော်တော်များများသည် အလိမ်အညာများကြားထဲမှ အမှန်တရားကိုမမြင်န်ိုင်ခဲ့ကြပေ။
ယခုမူ ရှောင်ယုသည် စစ်သားများ၏စိတ်နှလုံးကို တိုက်ခိုက်ရန်အတွက် သူကြိုတင်ရေးသားထားသည့်စာရွက်များက်ို ပစ်ချထားခဲ့သည်။ထို့ပါဟောင်သည် ထို့ပါယီ၏သားအရင်းဖြစ်ကာ အနာဂတ်တွင် အနောက်တိမ်တိုက်အင်ပါယာကိုဆက်ခံမည့်သူဖြစ်ကြောင်း စစ်သားများသိထားကြသည်။ထို့ကဲ့သို့လူတစ်ယောက်သည် အဖေဖြစ်သူအားသတ်စရာအကြောင်းမရှိပေ။
အကယ်၍ သူတို့သာစစ်ရှုံးကာ ထို့ပါဟောင်သည်ထို့ပါကွေ့ကိုအနိုင်ယူပြီး နန်းတက်လာခဲ့ပါက သူတို့၏မိသားစုများအရှက်ကွဲမည်ဖြစ်သည်။ထို့ကြောင့် စစ်သားအများစုသည် စိတ်ရှုပ်ထွေးသွားကြသည်။ဧကရာဇ်အားသတ်ဖြတ်ခြင်းသည် ဂုဏ်ကျက်သရေလုံးဝမရှိပေ။
ပါထျန်းမင်သည် စာရွက်တစ်ရွက်ကိုတွေ့ရှိချိန်တွင် သူ၏မျက်နှာအမူအရာသည် အလွန်ဆိုးရွားသွားခဲ့သည်။
"ငါကဒီကောင်လေးကို လျော့တွက်မိလိုက်တာပဲ...စစ်ပွဲတစ်ခုမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာက ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာ သူနားလည်ထားတာပဲ...ငါတို့ဆက်စောင့်နေလို့မရတော့ဘူး...အမိန့်ပေးလိုက်တော့ ဝူဟယ်မြို့ကိုနေရာပေါင်းစုံကစပြီးတိုက်ခိုက်ကြ"
ပါထျန်းမင်သည် ချက်ချင်းအမိန့်ချမှတ်ခဲ့သည်။အကယ်၍ တစ်စုံတစ်ယောက်သာ စာရွက်အကြောင်းပါးစပ်ဟပါက ချက်ချင်းသတ်ဖြတ်မည်ဟုခြိမ်းခြောက်လိုက်ရာ မည်သူကမှထိုအကြောင်းကိုမပြောရဲတော့ပေ။သူတို့သည် တစ်ယောက်ကိုတစ်ယောက်ငေးကြည့်မိလိုက်ကြသည်။သူတို့၏စိတ်ထဲတွင် မည်သူသည်ဧကရာဇ်အစစ်ဖြစ်ကြောင်း နားလည်ထားကြသော်လည်း သူတို့သည်စစ်သားများသာဖြစ်ကြသည်။သူတို့လုပ်ဆောင်နိုင်သည်မှာ အထက်လူကြီး၏အမိန့်ကိုနာခံရန်ဖြစ်သည်။
အကယ်၍ သူတို့သည် ဧကရာဇ်မင်းမြတ်နှင့်မျက်နှာချင်းဆိုင်တိုက်ခိုက်ခဲ့ပါက မည်သည့်အခါမှတိုက်ခိုက်မည်မဟုတ်ပေ။သူတို့သည် ထို့ပါဟောင်အား ပုဂ္လိုလ်ရေးအရလုံးဝတိုက်ခိုက်မည်မဟုတ်ပေ။သူတို့ထဲမှအများစုသည် ထို့ပါဟောင်ကိုလုံးဝမတိုက်ခိုက်ဟု ဆုံးဖြတ်ထားခဲ့ကြသည်။
မည်သို့ပင်ဆိုစေ ဆုလာဘ်ကိုလိုချင်တပ်မက်သူများလည်း ရှိနေခဲ့သည်။သူတို့သည် များပြားလှသောဆုလာဘ်က်ိုရရှိရန်အတွက် အခွင့်အရေးရပါက ထို့ပါဟောင်အား တိုက်ခိုက်ကြမည်ဖြစ်သည်။
ဘန်း...ဘန်း...ဘန်း
ပါထျန်မင်းကအမိန့်ပေးလိုက်ပြီးနောက် စစ်သားများကဒရမ်များကို စတင်တီးခတ်ခဲ့ကြသည်။ထိုအချိန်တွင် နံရပေါ်ရှိစစ်သားများကလည်း စတင်အော်ဟစ်လိုက်ကြသည်။
"ငါတို့အားလုံးက ဧကရာဇ်ကိုခုခံကာကွယ်ပေးရမယ်လို့ ကျိန်ဆိုထားခဲ့ကြတယ်...မင်းတို့ကတကယ်ကြီးဧကရာဇ်ကိုသတ်ဖြတ်ချင်နေတာလား"
ထိုအော်ဟစ်ကြွေးကြော်သံသည် ဒရမ်သံများကိုပင် လွှမ်းမိုးသွားခဲ့လေသည်။ထိုအော်ဟစ်သံများကိုကြားချိန်တွင် တိုက်ခိုက်ရန်ပြင်ဆင်နေကြသည့်စစ်သားများ၏ အရှိန်အဟုန်သည်နှေးကွေးသွားခဲ့သည်။
"မြှားတွေအသင့်ပြင်...ပစ်"
တံတိုင်းနံရံပေါ်ရှိ တပ်မှူးကအမိန့်ပေးလိုက်သည်။
ရွှီး...ရွှီး...ရွှီး
မရေမတွက်နိုင်သည့်မြှားတံများသည် မိုးရွာနေသကဲ့သို့ စစ်သားများကိုတရစပ် ထိမှန်နေခဲ့သည်။ထိုသို့ထိမှန်ခံရသည့် စစ်သားများသည် တစ်ယောက်ပြီးတစ်ယောက် လဲကျသွားခဲ့ကြသည်။စစ်မြေပြင်သည် ကြမ်းတမ်းသောနေရာတစ်ခုဖြစ်သည်။အသက်ရှင်လိုသူတိုင်းသည် ရန်သူအားသတ်ဖြတ်ရမည်ဖြစ်သည်။
တံတိုင်းပေါ်၌ ခုခံနေသောစစ်သားများက အော်ဟစ်ကြွေးကြော်နေကြသည်။
"မင်းတို့က ဧကရာဇ်ကိုသတ်ဖြတ်ချင်တာလား"
ထိုအော်ဟစ်သံများကြောင့် လှေကားပေါ်တက်နေကြသည့် စစ်သားများသည် ထိခိုက်နစ်နာခဲ့ရသည်။
သို့သော်လည်း ထို့ပါဟောင်ဘက်မှ စစ်သားများသည် အလွန်ရဲရင့်စွာပြုမူနေကြသည်။သူတို့သည် စစ်မှန်သောဧကရာဇ်ကို စောင့်ကြပ်ကာကွယ်နေပြီး ဧကရာဇ်ကိုကာကွယ်ရန်အတွက် အသေခံတိုက်ခိုက်ခြင်းသည် ကြီးကျယ်ခမ်းနားသည့်လုပ်ရပ်ဖြစ်သည်။
မရေမတွက်နိုင်သောစစ်သားများသည် တံတိုင်းပေါ်မှ ပြုတ်ကျလာခဲ့ကြပြီး မြို့ရိုးတံတိုင်းပေါ်တွင် အနီရောင်သွေးများဖြင့်စွန်းထင်းသွားခဲ့သည်။
ထိုမြို့နံရံတံတိုင်းသည် ဝူဟယ်မြို့အားခုခံကာကွယ်ရာ၌ အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်ခဲ့သည်။ဝူဟယ်မြို့အားခုခံကာကွယ်သည့်စစ်သားများကို တိုက်ခိုက်လိုသောရန်သူများသည် မြင့်မားသည့်မြို့နံရံတံတိုင်းအား ဖြတ်ကျော်ရန်အချိန်အမြောက်အများယူခဲ့ရသည်။ရှောင်ယုသည် နံရံများပေါ်တွင် မြေခဲအမြောက်အများကိုပြင်ဆင်ထားရန် ကြိုတင်မှာကြားထားကြသည်။ဤသို့ဖြင့်ရန်သူစစ်သားများသည် တံတိုင်းနံရံကိုဖြတ်ကျော်ရန် ကြိုးစားတိုင်းထိုမြေခဲများကို ပစ်ချကြသည်။ထိုအခါ မြေမှုန်များသည် ရန်သူများ၏အမြင်အာရုံကို ဖုံးကွယ်ထားပြီး နံရံပေါ်မှပြုတ်ကျစေခဲ့သည်။
ရှောင်ယုသည် ဝူဟယ်မြို့အားကာကွယ်ရန်အတွက် စက်ဆုပ်ဖွယ်ကောင်းသည့်နည်းလမ်းများစွာကို အသုံးပြုခဲ့ကြသည်။ဤတိုက်ပွဲသည် သူရင်ဆိုင်ရမည့်ကြီးမားသည့်စမ်းသပ်မှုတစ်ခုဖြစ်သည်။
အခန်း ၂၅၄ - မီးနှင့်ကစားခြင်း
ပါထျန်းမင်သည် လက်ရွေးစင်စစ်သားများကိုဦးဆောင်လာခဲ့သော်လည်း ဝူဟယ်မြို့သည် စစ်သားများကိုနစ်နာကြေးအမြောက်အများပေးမည်ဟု မက်လုံးပေးထားခဲ့သည်။
ထို့ကြောင့် ယခုအချိန်တွင် တိုက်ပွဲတစ်ခုလုံးသည် အလွန်ပြင်းထန်နေခဲ့သည်။
ပါထျန်းမင်သည် စစ်မြေပြင်ကိုကြည့်ရင်း ရေရွတ်မိလို်က်သည်။
"ထို့ပါဟောင်မှာ ကျွမ်းကျင်မှုအချို့ရှိနေတာပဲ...ဒါပေမဲ့မြို့ကိုသိမ်းပိုက်ပြီးတော့ သူ့ကိုဖမ်းဆီးဖို့အတွက်ဆိုရင် ငါ့အတွက်အချိန်နည်းနည်းပဲလိုတယ်"
ပါထျန်းမင်သည် ဤတိုက်ပွဲ၌ပတ်သက်၍ ယုံကြည်မှုအပြည့်ရှိနေခဲ့သည်။ထို့ပါကွေ့သည် သူ့အားအထောက်အပံ့များစွာပေးအပ်ထားသည့်အတွက်ကြောင့် သူသာယခုအချိန်တွင် ဝူဟယ်မြို့အားသိမ်းပိုက်ရန်ကျရှုံးခဲ့ပါက သူသည် နောက်ရာစုနှစ်များစွာကြာသည်အထိ သမိုင်းမှတ်တမ်းများထဲမှ ဟာသတစ်ခုဖြစ်နေမှာဖြစ်သည်။
နှစ်ဖက်တပ်များသည် အပြင်းအထန်တိုက်ခိုက်နေကြပြီး တိုက်ပွဲသည်အရှိန်အဟုန်ပြင်းထန်နေခဲ့သည်။ထိုအချိန်တွင် ပါထျန်းမင်အနားသို့ ဗိုလ်ချုပ်တစ်ဦးရောက်ရှိလာခဲ့သည်။
"ဗိုလ်ချုပ်ငါတို့က ဝံပုလွေစီးစစ်သည်တွေကို ဘာလို့မတိုက်ခိုက်ခိုင်းတာလဲ...သူတို့သာဝင်တိုက်ရင်မြို့ကိုလွယ်လွယ်ကူကူသိမ်းပိုက်နိုင်လိမ့်မယ်"
ပါထျန်းမင်သည် ချက်ချင်းခေါင်းခါပြလိုက်သည်။
"မဟုတ်ဘူး...နောက်ဆုံးတိုက်ပွဲမစခင် သူတို့ရဲ့ဝှက်ဖဲအားလုံးက်ို ငါတို့ထုတ်သုံးခိုင်းရမယ်...သူတို့က အချိန်တိုအတွင်းမှာ ခုလိုတံတိုင်းအမြင့်ကြီးတည်ဆောက်ထားတာဆိုတော့ ရေရှည်စစ်ပွဲတစ်ခုအတွက် ကြိုတင်ပြင်ဆင်ထားတာပဲ...ခုချိန်မှာ ဝံပုလွေစီးစစ်သည်တွေနဲ့နတ်ဆရာတွေကို တိုက်ခိုက်ခွင့်မပြုနိုင်သေးဘူး"
ပထမတိုက်ခိုက်မှုသည် တစ်နာရီခန့်ကြာအောင်ဆက်လက်ဖြစ်ပွားခဲ့သည်။ပါထျန်းမင်၏တပ်များသည် မြို့စောင့်တပ်၏ရဲရဲဝံ့ဝံ့ခုခံမှုကြောင့် မြို့ရိုးကိုမသိမ်းပိုက်နိုင်ခဲ့ပေ။
ရှောင်ယုနှင့်ထို့ပါဟောင်တို့သည် ယခုလ်ိုအနားရနေချိန်အတွင်း မြို့ရိုးပေါ်ရှိစစ်သားများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။စစ်သားများသည် ဧကရာဇ်ကိုယ်တိုင်ကသူတို့အား ကိုယ်တိုင်လာရောက်အားပေးသည်ကို တွေ့မြင်လိုက်ရချိန်တွင် တိုက်ပွဲဝင်လိုစိတ်များ အပြည့်ဖြစ်လာခဲ့သည်။
"သူတို့ကို ဘယ်လောက်ကြာကြာထိန်းထားနိုင်မယ်ထင်လဲ..."
ထို့ပါဟောင်သည် ရှောင်ယုအားမေးမြန်းလိုက်သည်။သူတို့သည် ယခုအချိန်၌မြို့အားအောင်အောင်မြင်မြင်ကာကွယ်နိုင်ခဲ့သော်လည်း အခြေအနေများကကောင်းမွန်နေခြင်းမရှိပေ။ပါထျန်မင်း၏တပ်ဖွဲ့သည် အရေအတွက်နှင့်အရည်အသွေးပိုင်း၌ သူတို့ထက်များစွာသာလွန်နေခဲ့သည်။
"မင်းစိတ်မပူပါနဲ့...မင်းကိုရာဇပုလ္လင်ပေါ်မှာ ထိုင်လို့ရအောင်ကူညီပေးမယ်လို့ မင်းကိုငါကတိပေးထားခဲ့ပြီ...ငါ့တပ်တွေကမနက်ဖြန်ကျရင် ဝူဟယ်မြို့ကိုရောက်လာမှာမလို့ ဒီနေ့ညအထိတော့ ဝူဟယ်မြို့ကိုခုခံကာကွယ်ထားရမယ်"
ရှောင်ယုကနှစ်သိမ့်ပေးလိုက်သည်။
ထို့ပါဟောင်သည် ရှောင်ယု၏စကားကြောင့်မျက်မှောင်ကြုတ်မိလိုက်သည်။
"မင်းရဲ့တပ်တွေက တကယ်စွမ်းအားကြီးတာလား"
ရှောင်ယုက လျှို့ဝှက်ဆန်းကြယ်သောအပြုံးကို ဖော်ပြလိုက်သည်။
"ဒီနေ့ညအထိတော့ မင်းကဝူဟယ်မြို့ကိုအစွမ်းကုန်ခုခံထားမှရမယ်...မနက်ဖြန်ကျရင်တော့ မင်းကငါ့တပ်တွေရဲ့စွမ်းအားကို တွေ့မြင်ရမှာပါ"
ထို့ပါဟောင်သည် ရန်သူများစခန်းချရာတဲများကို လှမ်းကြည့်လိုက်သည်။
"သူတို့က ဝံပုလွေစီးစစ်သည်တွေကိုထုတ်သုံးလာမှာ ငါတကယ်စိုးရိမ်နေတယ်...အဲလိုဆိုရင်ငါတို့ကဝူဟယ်မြို့ကိုထိန်းထားနိုင်မှာမဟုတ်ဘူး"
ရှောင်ယုသည် ရွှံ့နံရံအောက်ခြေရှိ ကောက်ရိုးများကိုလက်ညိုးထိုးပြရင်း ပြုံးပြလိုက်သည်။
"မင်းအဲ့ဒါတွေကိုတွေ့တယ်မလား...မင်းသာအဲ့ဒါတွေကိုသုံးလိုက်ရင် ဝံပုလွေစီးစစ်သည်တွေကိုပြသနာတက်စေလိမ့်မယ်"
ထို့ပါဟောင်က တအံ့တသြရေရွတ်လိုက်သည်။
"ဒီကောက်ရိုးနဲ့မြက်ခြောက်တွေက ဝံပုလွေစီးစစ်သည်တွေကို ဘယ်လိုပြသနာတက်စေမှာလဲ"
ရှောင်ယုသည် ထို့ပါဟောင်အား လှည့်ကြည့်လိုက်မိသည်။
"မင်းကငတုံးလား...ဒါမှမဟုတ်ညဏ်မမှီတာလား...ဒါပေါ့ကောက်ရိုးတွေချည်းသက်သက်နဲ့ ဝံပုလွေတွေကိုဘယ်လိုဒုက္ခပေးနိုင်မှာလဲ...ဒါပေမဲ့မီးကိုသုံးရင် ဝံပုလွေတွေကိုမထိခိုက်စေဘူးလို့မင်းထင်နေတာလား...သူတို့ကလေ့ကျင့်ထားတဲ့ဝံပုလွေတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်...မီးကိုမကြောက်တာလဲဖြစ်နိုင်တာပဲ...ဒါပေမဲ့သူတို့ရဲ့အမွေးရှည်တွေကို တစ်ခုချင်းစီလောင်ကျွမ်းသွားအောင် မင်းမီးမရှိ့နိုင်ဘူးလား"
အမှန်တော့ရှောင်ယုသည် ရန်သူစခန်းများကိုမီးလောင်တိုက်သွင်းရန်အတွက် ဟိုးယခင်ကတည်းကလောင်စာဆီများကို ပြင်ဆင်ထားခဲ့သည်။ယခုအခါ ၎င်းတို့ကိုအခြားနည်းလမ်းတစ်ခုဖြင့် အသုံးပြုရန် အချိန်ကျရောက်လာခဲ့ပြီဖြစ်သည်။ထို့ပြင် သူတို့သည် ဝံပုလွေစီးစစ်သည်များကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းမရှိပေ။
ထို့ပါဟောင်၏ မျက်လုံးများသည် တလက်လက်တောက်ပလာခဲ့သည်။
"သူတို့အားလုံးက်ိုမသတ်နိုင်ဘူးဆိုရင်တောင်မှ သူတို့ရဲ့တိုက်ခိုက်မှုတွေကို ရပ်တန့်အောင်လုပ်ဖို့အတွက် ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်လာမှာအမှန်ပဲ"
ပါထျန်းမင်သည် ဝူဟယ်မြို့ခံများအား ထိတ်လန့်ကြောက်ရွံ့စေရန်အတွက် တိုက်ခိုက်မှုများကိုဆက်လုပ်ရန် အမိန့်ပေးထားခဲ့သည်။ယခုအခါသူ၏တပ်ဖွဲ့သို့ နောက်ထပ်အဖွဲ့နှစ်ခုပူးပေါင်းလာခဲ့ပြီး စုစုပေါင်းအင်အား၁၀၀၀၀၀ ခန့်ရှိလာပြီဖြစ်သည်။ထို့ကြောင့်သူသည် တိုက်စစ်ဆင်ရန်အတွက် နည်းဗျူဟာများကိုအလွယ်တကူလှည့်ပတ်အသုံးချနိုင်ကာ ခံစစ်သမားများ၏အားအင်ကို နုတ်ယူနိုင်မည်ဟု ယုံကြည်မှုအပြည့်ရှိနေခဲ့သည်။ပါထျန်းမင်သည် ဝူဟယ်မြို့ရှိလူတိုင်း၏အားအင်ကို ကုန်ဆုံးစေရန်အတွက် အထပ်ထပ်အခါခါတိုက်ခိုက်ရန် စီစဉ်ထားခဲ့သည်။
ထိုသို့အဆက်မပြတ်တိုက်ခိုက်နေမှုများသည် အချိန်အတော်ကြသည်အထိ ဆက်လက်ဖြစ်ပွားနေခဲ့ပြီးနောက် နှစ်ဖက်လုံးသည် နေဝင်စအချိန်၌ အနားယူခဲ့ကြသည်။
"ဗိုလ်ချုပ်...ငါတို့ညဘက်မှာဆက်ပြီးတိုက်ခိုက်ကြမလား..."
တပ်မှူးကမေးမြန်းလိုက်သည်။
ပါထျန်းမင်သည် သူ၏မျက်လုံးများကိုမှိတ်ထားလိုက်ကာ အဖြေပေးလိုက်သည်။
"ဟုတ်တယ်...ညဘက်တိုက်ခိုက်မှုက သူတို့ရဲ့ခွန်အားကိုအများကြီးဆုံးရှံးစေလိမ့်မယ်...ဒါ့အပြင်ဝံပုလွေစီးစစ်သည် ၁၀၀ကိုလည်းစေလွှတ်လိုက်"
"ဗိုလ်ချုပ်...ငါတို့က ဝံပုလွေစီးစစ်သည်တွေအားလုံးကို နောက်ဆုံးတိုက်ပွဲအတွက် ဘာလို့မသိမ်းထားရတာလဲ"
ဗိုလ်ချုပ်၏အမေးကြောင့် ပါထျန်းမင်၏မျက်နှာပေါ်၌ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
"ဝံပုလွေစီးစစ်သည်တွေက အနောက်တိမ်တိုက်အင်ပါယာမှာ လူသိများတယ်...ဒါကြောင့်ခံစစ်ဆင်နေတဲ့လူတွေအပေါ် ဖိအားပေးဖို့အတွက် အယောက်၁၀၀ပဲစေလွှတ်ခဲ့တာပဲ...ခံစစ်ဆင်နေတဲ့လူတော်တော်များများက ငါတို့မှာဝံပုလွေစီးစစ်သည်တွေ ရှိနေတယ်ဆိုတာသိသွားရင် သူတို့ရဲ့တိုက်ပွဲဝင်လ်ိုစိတ်ကိုဆုံးရှုံးရလိမ့်မယ်"
တပ်မှူးက သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
အာ...ဝူး...
မြို့ထဲမှလူများသည် ညဘက်၌ ဝံပုလွေအော်ဟစ်သံများကိုကြားလိုက်ရ၍ ဝံပုလွေစီးစစ်သည်များတိုက်ခိုက်တော့မည်ဖြစ်ကြောင်း သိရှိလိုက်သည်။ဝံပုလွေစီးစစ်သည်တစ်ယောက်သည် စစ်မြေပြင်၏ဘုရင်တစ်ပါးဖြစ်ကာ လက်ရွေးစင်တပ်သားဒါဇင်ချီကိုအလွယ်တကူရင်ဆိုင်နိုင်ကြောင်း လူသိများပေသည်။အနောက်တိမ်တိုက်အင်ပါယာတွင် ဝံပုလွေစီးစစ်သည်များသည် အင်ပါယာ၏လက်ရွေးစင်တပ်များဖြစ်သည်။ဝူဟယ်မြို့ကိုကာကွယ်နေသောစစ်သားများသည် စတင်၍စိတ်ဓာတ်ကျလာခဲ့သည်။သူတို့သည် ဝံပုလွေစီးစစ်သည်များအားမတိုက်ခိုက်ချင်ကြပေ။
ရှောင်ယုသည် ထိုစစ်သားများ၏မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုအရိပ်အယောင်တို့ကိုသတိထားမိလိုက်သောအခါ မတတ်သာဘဲသူ၏နှာခေါင်းကိုထိပွတ်မိလိုက်သည်။ထိုဝံပုလွေစီးစစ်သည်များသည် သာမန်စစ်သားများအပေါ် သက်ရောက်စေသည့်ကြောက်ရွံ့မှုအပေါ် သူအနည်းငယ်လျော့တွက်ထားမိခဲ့သည်။ဤဝံပုလွေစီးစစ်သည်များ၏ နာမည်ကျော်ကြားမှုသည်သူထင်ထားသည်ထက်ပင် ပိုမိုမြင့်မားလေသည်။
သို့သော်လည်း သူသည်ဝူဟယ်မြို့ကိုဤညကုန်သည်ထိ ခုခံထားရမည်ဖြစ်သည်။
"စစ်သားတွေ...ငါ့အမိန့်ကိုနာခံကြ...ဝံပုလွေစီးစစ်သည်တွေကိုတိုက်ခိုက်ဖို့အတွက် ငါတို့မှာအထူးလက်နက်တွေရှိတယ်...မင်းတို့ကသာမန်စစ်သားတွေကိုပဲတွန်းလှန်ဖို့လိုအပ်တယ် ငါတို့ကဝံပုလွေစီးစစ်သည်တွေကို တာဝန်ယူမယ်"
ရှောင်ယုသည် လက်ရှိအခြေအနေအားတည်ငြိမ်အောင်လုပ်ဆောင်ရမည်ဟု ခံစားမိလိုက်သည်။
အမှန်တော့သူသည် ဝံပုလွေစီးစစ်သည်များကိုရင်ဆိုင်ရန်အတွက် ခြေလျင်တပ်သားများနှင့်အမာခံမြင်းတပ်သားများကို အသုံးပြုရမည်ဖြစ်သည်။
ခြေလျင်တပ်သားများသည် ဒိုင်းလွှားများကိုသူတို့၏လက်နက်များကဲ့သို့ ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုနိုင်ကြသည်။ခွန်အားကြီးမားသည့် ဝံပုလွေစီးစစ်သည်များသည် သူတို့၏ခုခံမှုအား ဖြတ်ကျော်ဝင်ရောက်နိုင်မည်မဟုတ်ပေ။အမာခံမြင်းတပ်သားများသည် လေးလံသောအမာခံချပ်ဝတ်များကို ဝတ်ဆင်ထားကြသည့်အတွက် ဝံပုလွေစီးစစ်သည်များ၏ပြင်းထန်သောတိုက်ခိုက်မှုအား အလွယ်တကူခုခံနိုင်ကြမည်ဖြစ်သည်။ထို့ပြင် အမာခံမြင်းတပ်သားများသည် ဓားရှည်များကိုအသုံးပြုကြသည့်အတွက်ကြောင့် ထိုဓားရှည်ကြီးများသည် ဝံပုလွေများကိုထိုးဖောက်နိုင်လိမ့်မည်ဟု ရှောင်ယုကယုံကြည်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှောင်ယုသည်မြို့ရိုးပေါ်သို့ လောင်စာဆီများကိုသယ်ဆောင်သွားရန် လူတိုင်းကိုအမိန့်ပေးလိုက်သည်။
"ငါသာအမှတ်မမှားဘူးဆိုရင် ဝံပုလွေစီးစစ်သည်အယောက်၁၀၀လောက်က အနောက်ဘက်ကနေပြီး တိုက်ခိုက်လိမ့်မယ်"
ရှောင်ယုသည် ဝံပုလွေအူသံက်ိုနားထောင်ပြီးနောက် သူတို့စတင်တိုက်ခိုက်မည့်နေရာကို အဆုံးအဖြတ်ပေးခဲ့သည်။
အာ...ဝူး...
ဝံပုလွေများ၏အူသံသည် မြို့နှင့်နီးကပ်လာသည်နှင့်အမျှ စစ်ဗုံသံများကပဲ့တင်ထပ်လာခဲ့သည်။ပါထျန်းမင်၏စစ်တပ်သည် အမှောင်ထုအားအခွင့်ကောင်းယူကာ နောက်ထပ်တစ်ကြိမ်တိုက်ခိုက်လာခဲ့ခြင်းဖြစ်သည်။
ရန်သူစစ်သားများသည် လှေကားများကိုအသုံးပြုကာ မြို့ရိုးပေါ်တက်ရန်ကြိုးစားလာကြသည်။
"မီးကိုသုံးကြ.."
ရှောင်ယုက အော်ဟစ်အမိန့်ပေးလိုက်သည်။
ရှောင်ယုသည် ချက်ချင်းပင်မီးကိုအသုံးပြုတိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ဝံပုလွေစီးစစ်သည်များသည် အလွန်လျင်မြန်စွာတိုက်ခိုက်ကြမည်ဖြစ်ကြောင်း သူနားလည်ပေသည်။သို့ဖြစ်ရာ ဝံပုလွေစီးစစ်သည်များနီးကပ်လာသည်ထိ စောင့်ဆိုင်းနေပါက အချိန်နှောင်းသွားမှာဖြစ်သည်။
မြို့ရိုးပေါ်ရှိစစ်သည်များသည် မီးတိုင်များကိုထွန်းညှိကာ မီးတောက်ဆီများကိုသွန်ချခဲ့ကြသည်။မီးတောက်များသည် ချက်ချင်းပင်လောင်ကျွမ်းလာပြီး ညအမှောင်ထုကိုဖြိုခွဲလင်းထိန်စေခဲ့သည်။
ရှောင်ယုသည် မီးတောက်များကိုပိုမိုတိုးမြင့်လောင်ကျွမ်းစေရန်အတွက် လောင်စာထင်းများကိုပိုထည့်ရန် စစ်သားများကိုအမိန့်ပေးခဲ့သည်။
"အား....ဘာတွေဖြစ်နေတာလဲ"
လှေကားပေါ်တက်နေကြသည့် စစ်သည်များသည်အလွန်အံ့သြသွားခဲ့ကြသည်။သူတို့၏အောက်မှမြေပြင်သည် မီးလောင်နေသည်ကိုသတိထားမိချိန်၌ နောက်ဆုတ်ရန်အလွန်နောက်ကျနေခဲ့ပြီဖြစ်သည်။သူတို့သည်ရှေ့သို့အမြန်တက်လျင်လည်း အသတ်ခံရမည်ဖြစ်ကာ စစ်ကူများကလည်း မီးတောက်များ၏တားဆီးမှုကြောင့် လှေကားပေါ်တက်လာနိုင်မည်မဟုတ်ပေ။
အခြေအနေများသည် ပရမ်းပတာစဖြစ်လာခဲ့သည်။
ထိုအချိန်တွင် မြို့ရိုးပေါ်ရှိစစ်သားများက ရန်သူကိုစဉ်းစားရန်အချိန်မပေးခဲ့ပေ။သူတို့သည် မြှားများကိုပစ်လွှတ်၍ မြို့ရိုးပေါ်တက်ရန်ကြိုးပမ်းနေကြသည့် ရန်သူစစ်သားများကို မီးတောက်များထဲ ပြုတ်ကျစေခဲ့သည်။
အာ..ဝူး
ဝံပုလွေများသည်လည်း သူတို့ရှေ့ရှိ မီးပင်လယ်ကိုမြင်သောအခါ ရပ်တန့်သွားကြသည်။
ဝံပုလွေများသည် သူတို့၏စီးနင်းသူများနှင့် စိတ်ဝိညာဉ်ချင်းချိတ်ဆက်ထားသည်။ဝံပုလွေများကိုထိန်းချုပ်ထားသည့် သူရဲကောင်းများသည် ငတုံးများမဟုတ်ကြပေ။ဝံပုလွေများသည် မြက်ခင်းလွင်ပြင်ဒေသ၏ ညဘက်အအေးဒဏ်ကိုခံနိုင်ရည်ရှိစေရန်အတွက် ထူထဲသောအမွှေးများကို ပိုင်ဆိုင်ထားကြသည်။သ်ို့သော်လည်း ထိုထူထဲသောအမွှေးများကြောင့် မီးလောင်နိုင်စွမ်းအလွန်မြင့်မားကာ ငြိမ်းသတ်ရန်အလွန်ခက်ခဲပေသည်။
"ဟမ့်...မီးတောက်တွေလား...ထို့ပါဟောင်ကတကယ်ညဏ်ကောင်းတာပဲ...ဒါပေမဲ့ဒီမီးတောက်တွေက ဘယ်လောက်ကြာကြာခံမှာလဲ"
ပါထျန်းမင်သည် သူ၏တပ်များကိုဆက်လက်တိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။မီးတောက်များသည် အချိန်တစ်ခုကြာသည်နှင့် ပြန်လည်ပျောက်ကွယ်သွားမည်ဖြစ်ရာ ပြဿနာမရှိပေ။
အခန်း ၂၅၅ - အမျိုးမျိုးသောဝှက်ဖဲများ
"ငါတို့က ထင်းတွေကိုအကန့်အသတ်မရှိ ဆက်ပြီးတော့ထောက်ပံ့မပေးနိုင်ဘူး...ငါတို့ဒီမီးကိုဘယ်လောက်ကြာကြာဆက်ပြီးထိန်းထားနိုင်မှာလဲ..."
ထို့ပါဟောင်က စိတ်မထိန်းနိုင်ဘဲမေးမြန်းလိုက်သည်။သူသည် တဖြည်းဖြည်းဖြင့် ရှောင်ယုကိုအားကိုးမိလာသည်ကိုသတိမထားမိပေ။ရှောင်ယုသည် သူတို့ကြုံတွေ့နေရသည့်ပြဿနာများကို မည်သည့်ပြဿနာမဆို အမြဲဖြေရှင်းပေးနိုင်ပေသည်။
"ကြောက်နေစရာမလိုပါဘူး...ထင်းတွေအားလုံးကိုတစ်စုတစ်စည်းထဲပစ်ချနေစရာမလိုဘူး...မီးအားနည်းလာရင်ထင်းနည်းနည်းစီပစ်ထည့်လိုက်...အဲလ်ိုဆိုရင် နာရီနည်းနည်းလောက်ကြာတဲ့အထိအချိန်ဆွဲနိုင်လိမ့်မယ်"
ရှောင်ယုကပြုံးပြီးပြောလိုက်သည်။
ရှောင်ယုသည် ရန်သူကတိုက်ခိုက်လာသည်ကိုမြင်ချိန်၌ ထင်းကိုပစ်ထည့်လိုက်သည်။ထိုသို့မဟုတ်ပါက နံရံအောက်ခြေ၌မီးတောက်မတည်မငြိမ်ဖြစ်လာချိန် ထင်းထည့်ခဲ့သည်။ဤသို့ဖြင့် သူတို့သည်မီးတောက်ကိုနာရီအနည်းငယ်ကြာ ဆက်လက်ထိန်းထားနိုင်ခဲ့သည်။
"ထင်းကုန်ပြီ..."
ထို့ပါဟောင်က သက်ပြင်းချလိုက်သည်။
"စိတ်မပူပါနဲ့..."
ရှောင်ယုကပြုံးပြလိုက်သည်။
မီးတောက်သည် တဖြည်းဖြည်းအားနည်းလာကြောင်း တွေ့မြင်လိုက်ချိန်တွင် ရန်သူများသည်စတင်တိုက်ခိုက်လာကြသည်။ယခုအခါတွင် ဝံပုလွေစီးစစ်သည်များသည် တိုက်ပွဲ၌စတင်ပါဝင်လာကြသည်။သို့သော်လည်း ရှောင်ယုသည်သူတို့ထက်ပိုမီုမြန်ဆန်နေခဲ့ပြီး မှော်စာလိပ်အားထုတ်ယူဆုတ်ဖြဲကာ ဝံပုလွေစီးစစ်သည်များထံပစ်ချလိုက်သည်။
ဗုံး...
ကြီးမားသောမီးတောက်ကြီးတစ်ခုသည် နံရံအောက်ခြေ၌ထွက်ပေါ်လာကာ အရှေ့သို့ပျံ့လွှင့်သွားခဲ့သည်။ရန်သူစစ်သားများသည် ထိုမြင်ကွင်းအားတွေ့မြင်ချိန်၌ အံ့သြထိတ်လန့်သွားကြသည်။သူတို့သည်ထွက်ပြေးလိုသော်လည်း မီးတောက်များကသူတို့ထက်မြန်ဆန်နေခဲ့သည်။ထိုမီးတောက်များသည် သာမန်စစ်သားများနှင့်ဝံပုလွေစီးစစ်သည် တစ်ဒါဇင်ခန့်ကိုပြာများဖြစ်သည်အထိ လောင်ကျွမ်းစေရန် အချိန်ခဏသာကြာလိုက်သည်။
ပါထျန်းမင်သည် ထိုမြင်ကွင်းအားတွေ့မြင်လိုက်ချိန်၌ ချက်ချင်းမတ်တပ်ထရပ်လိုက်သည်။
"သူတို့မှာမှော်ဆရာတွေရှိနေတယ်...အနည်းဆုံးတော့ပဥ္စမအဆင့်မှော်ဆရာပဲ...ထို့ပါဟောင်ကခုခံဖို့ဆန္ဒရှိနေတာ အံ့သြစရာမဟုတ်တော့ဘူး...သူ့ဘေးမှာမှော်ဆရာတစ်ယောက်ရှိနေတာပဲ"
ပါထျန်းမင်သည် မှော်စာလိပ်၏စွမ်းအားကိုတွေ့မြင်လိုက်သော်လည်း ရှောင်ယု၏လက်ချက်ဖြစ်ကြောင်း မသိသေးပေ။
ရှောင်ယုသည် မြို့ရိုးပေါ်၌အခြေအနေကိုစောင့်ကြည့်ရင်း ပြုံးလိုက်မိသည်။
"သူတို့ရဲ့ခေါင်းဆောင်ကို ခဏလောက်စိတ်ရှုပ်ထွေးအောင်လုပ်လိုက်တာပဲ"
ရန်သူတပ်သားများသည် မှော်စာလိပ်၏ပြင်းထန်သောစွမ်းအားကြောင့် နောက်သို့ဆုတ်ခွာလာကြရသည်။
ပါထျန်းမင်သည်လည်း အခြေအနေကိုစတင်စဉ်းစားနေခဲ့သည်။ထို့ပါဟောင်ထံ၌ ဝှက်ဖဲမည်မျှထိရှိကြောင်း သူအတိအကျမသိပေ။ထို့ကြောင့် သူ၏တပ်များကိုအုပ်စုများခွဲကာ ဝူဟယ်မြို့အားအရပ်မျက်နှာအသီးသီးမှတိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ထို့ပါဟောင်ဘက်တွင် ပဥ္စမအဆင့်မှော်ဆရာတစ်ဦးရှိနေနိုင်သော်လည်း ပါထျန်းမင်ကသာသူ၏တပ်များကို ကျယ်ကျယ်ပြန့်ပြန့်ခွဲထုတ်လိုက်နိုင်ပါက မှော်ဆရာသည်သူ၏တပ်အားလုံးကို သတ်ဖြတ်ရန်မဖြစ်န်ိုင်ပေ။ထို့ပြင် မှော်ဆရာတစ်ယောက်၏ မှော်စွမ်းအင်သ်ိုလှောင်နိုင်စွမ်းသည် အကန့်အသတ်ရှိပေသည်။အထူးသဖြင့် ဝံပုလွေစီးစစ်သည်များသည် အလွန်လျင်မြန်၍ ပါထျန်းမင်သည် မှော်ဆရာအားသတ်ဖြတ်ရန် အခွင့်အရေးရလာနိုင်သည်။
အာ...ဝူး...
ဝံပုလွေများသည် ကျယ်လောင်စွာအော်ညည်းလိုက်ကြကာ အရပ်ရပ်သို့ပြန့်ကျဲသွားပြီး မြို့ထဲသို့ဝင်ရန်ကြိုးပမ်းကြသည်။
ဘန်း...ဘန်း
ပေါက်ကွဲသံများတဖန်ပြန်လည်ထွက်ပေါ်လာချိန်တွင် စစ်သားအမြောက်အများ ထပ်မံသေဆုံးသွားရသည်။ထိုပေါက်ကွဲသံများသည် မှော်မန္တန်ပေါက်ကွဲမှုနှင့် လုံးဝကွဲပြားနေခဲ့သည်။
"သေစမ်း...အဲ့ဒါကဘာတွေလဲ...ဒီလိုကျယ်လောင်တဲ့ပေါက်ကွဲသံတွေနဲ့ပြင်းထန်တဲ့အကျိုးသက်ရောက်မှုကို ဘာတွေကဖြစ်စေတာလဲ...အဲ့ဒါတွေကဘာတွေလဲ"
ပါထျန်းမင်သည် စစ်မြေပြင်ကိုလှမ်းကြည့်ရင်း တုန်လှုပ်နေခဲ့သည်။သူသည်ရန်သူ၏စွမ်းအားကို ဖြည်းဖြည်းချင်းဖြိုခွဲရန်အတွက် ကြိုးစားခဲ့သော်လည်း အစုလိုက်အပြုံလိုက်တိုက်ခိုက်မှုအား မလုပ်ဆောင်မိခဲ့၍ နတ်ဘုရားအပေါင်းကိုကျေးဇူးတင်ရမည်ဖြစ်သည်။
ဘန်း...ဘန်း...
ရှောင်ယုသည် ရန်သူတပ်များကိုတိုက်ခိုက်ရန်အတွက် သံဗုံးများကိုပစ်ချလိုက်သည်။မည်သို့ပင်ဆိုစေကာမူ ရန်သူများသည်လှေကားများအတိုင်း မြို့ရိုးပေါ်သို့မနားတမ်းတက်လာကြဆဲပင်ဖြစ်သည်။ထိုအချိန်တွင် ဝံပုလွေစီးစစ်သည်အချို့သည် လှေကားများအတိုင်းပြေးတက်လာကြသည်။ထိုဝံပုလွေများသည် တစ်ခါခုန်ရုံဖြင့် မီတာ၃၀ခန့်မြင့်သည့်နံရံများကို ဖြတ်ကျော်နိုင်ကြသည်။
"သူတို့ကသန်မာတယ်...သာမန်သားရဲတွေထက်စာရင် အများကြီးသန်မာတာပဲ..."
ရှောင်ယုသည် ဝံပုလွေစီးစစ်သည်များကိုကြည့်၍ ညည်းညူမိလိုက်သည်။ထို့ပါဟောင်သည် ဤဝံပုလွေစီးစစ်သည်များအား အဘယ်ကြောင့်ကြောက်လန့်နေရသည်ကို သူယခုနားလည်သွားခဲ့ပြီဖြစ်သည်။
သာမန်လူသားစစ်သည်များသည် ဤမျှစွမ်းအားကြီးမားလှသော တပ်ဖွဲ့များအားမဆန့်ကျင်နိုင်သည်မှာ အံ့သြစရာတော့မဟုတ်တော့ပေ။
အာဝူး...
ဝံပုလွေစီးစစ်သည်တစ်ဦးသည် မြို့ရိုးပေါ်မှခုန်ဆင်းလာကာ စစ်သားတစ်ဦးအား ကိုက်ခဲရန်ကြိုးပမ်းလာခဲ့သည်။သို့သော်လည်း ရုတ်ချည်းဆိုသလိုပင် အလင်းတန်းတစ်ခုဖြတ်ပြေးသွားပြီး ဝံပုလွေသည် ထက်ပိုင်းကွဲသွားခဲ့သည်။
အား....
ဂရင်းသည် သူ၏ခန္ဓာကိုယ်အားလွှမ်းခြုံထားသည့် အနက်ရောင်ဝတ်ရုံကြီးအား ပစ်လွှင့်လိုက်သည်။သူသည်အဆင့်၂ချပ်ဝတ်တန်ဆာအား ဝတ်ဆင်ထားခဲ့ကာ သူ၏ခန္ဓာကိုယ်မှဒေါသများသည် သူ၏မျက်နှာပေါ်၌ထင်ဟပ်နေခဲ့သည်။
"အောစ့်...သူကအောစ့်ပဲ"
ရန်သူစစ်သားများသည် အလန့်တကြားအော်ဟစ်လိုက်ကြသည်။လှေကားကိုတက်နေသူများသည် ဂရင်းကိုပိုမိုရှင်းလင်းစွာတွေ့မြင်နိုင်ကြသည်။သူတို့သည် ဂရင်း၏ကြီးမားသောခန္ဓာကိုယ်ကြီးအားတွေ့မြင်လိုက်ရချိန်တွင် သူတို့၏တိုက်ပွဲဝင်လိုစိတ်သည် ပျောက်ဆုံးသွားခဲ့ရသည်။
ရန်သူများတွင် သူတို့ဂုဏ်ယူခဲ့ရသော ဝံပုလွေစီးစစ်သည်များရှိနေသော်လည်း ထို့ပါဟောင်ထံတွင် သူ့အတွက်တိုက်ပွဲဝင်ပေးနေသည့် အောစ့်များရှိနေပုံရသည်။ထိုအရာသည် သူတို့မျှော်လင့်ထားသည်ထက်ကျော်လွန်နေခဲ့သည်။
ထို့ပြင် အောစ့်၏ခန္ဓာကိုယ်၌ ဝတ်ဆင်ထားသော ထူထဲသည့်ချပ်ဝတ်တန်ဆာသည် ဖြိုခွဲ၍မရနိုင်ပုံပေါ်နေခဲ့သည်။ထိုအောစ့်သည် အလွန်ကြီးမားကာလေးလံပုံရသည့် ဓားကြီးတစ်လက်ကိုကိုင်ဆောင်ထားခဲ့သည်။
မူလကသူတို့သည် ဝံပုလွေစီးစစ်သည်များ၏အကူအညီဖြင့် ဝူဟယ်မြို့အား အလွယ်တကူသိမ်းပိုက်နိုင်မည်ဟု ရန်သူများကယူဆခဲ့သော်လည်း ယခုအခါမဖြစ်နိုင်တော့ပုံရသည်။
မြို့ထဲ၌အောစ့်မည်မျှရှိနေမည်ကို နတ်ဘုရားများကသာသိပေလိမ့်မယ်...
ထို့ပါဟောင်သည် ဝှက်ဖဲမည်မျှကိုဖုံးကွယ်ထားသနည်း...
ဝေါင်း...
ရန်သူစစ်သားများ၏မျက်နှာပေါ်ရှိ ထိတ်လန့်ကြောက်ရွံ့နေသောအမူအရာကိုမြင်သောအခါတွင် ဂရင်းကကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ထို့နောက် မြို့ရိုးပေါ်သို့တက်နေသောရန်သူစစ်သားများကို သတ်ဖြတ်ရန်အတွက်သူ၏ဓားကို အဆက်မပြတ်ဝှေ့ယမ်းလိုက်သည်။
ဂရင်း၏ဟိန်းဟောက်သံသည် မှောင်မဲနေသည့်ညကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။မြို့နှင့်အတော်ဝေးဝေးတွင်ရှိနေသော ပါထျန်းမင်သည်ပင် ဖြစ်ပျက်နေသည်တို့ကိုမမြင်တွေ့နိုင်သော်လည်း တစ်ခုခုမှားယွင်းနေကြောင်း သိရှိလိုက်ရသည်။လူသားများသည် ထိုကဲ့သို့အားကောင်းသောဟိန်းဟောက်သံကို မပြုလုပ်နိုင်ပေ။သူ၏ ဝံပုလွေစီးစစ်သည်များပင် ထိုသို့မဟိန်းဟောက်နိုင်ကြပေ။ထိုသို့ဆိုလျှင် မည်သူ့လက်ချက်နည်း...ထို့ပါဟောင်သည်မည်သို့သောသားရဲမျိုးကို တိုက်ပွဲအတွက်လေ့ကျင့်ပေးခဲ့သနည်း...
ပါထျန်းမင်၏မျက်နှာအမူအရာသည် ဤအခိုက်အတန့်၌ အလွန်ပင်ဆိုးရွားနေခဲ့သည်။ထို့ပါဟောင်၏ ဝှက်ဖဲများကသူ့အား အကြိမ်ကြိမ်တုန်လှုပ်စေခဲ့သည်။
ဂရင်းသည် လေလမ်းလျှောက်ခြင်းအား အသက်သွင်းကာ မြို့ရိုးတလျှောက်သွားလာနေရင်း ဝံပုလွေစီးစစ်သည်များ၏အသက်ကိုနှုတ်ယူနေခဲ့သည်။ဝံပုလွေစီးစစ်သည်များသည် အစွမ်းထက်ကြသော်လည်း ဂရင်းသည်အဆင့်၂၁သို့ရောက်ရှိနေပြီး သူ၏အရည်အချင်းများသည် များစွာတိုးတက်လာခဲ့သည်။ထို့ပြင် ဂရင်းသည် ပြင်းထန်သောတိုက်ပွဲဝင်လိုစိတ်နှင့်သွေးဆာနေသည့်စိတ်ဆန္ဒကြောင့် ပြင်းထန်စွာတိုက်ခိုက်နိုင်ခဲ့သည်။သူသည် အစွမ်းထက်သော ဝံပုလွေစီးစစ်သည်များကိုသတ်ဖြတ်ခြင်းဖြင့် သူ၏သွေးဆာလောင်မှုကိုတိုးပွားစေခဲ့သည်။
ဒီရွန်သည်လည်း ဝံပုလွေစီးစစ်သည်တစ်ဦးနှင့်တိုက်ခိုက်ရန် အမြန်ဆုံးပြေးဝင်သွားခဲ့သည်။သူသည် သူရဲကောင်းတစ်ဦးဖြစ်ပြီး သူ၏စွမ်းအားသည် သာမန်ခြေလျင်တပ်သားတစ်ဦးထက် များစွာပိုမိုအစွမ်းထက်ပေသည်။ထို့ပြင် သူသည်ခုခံကာကွယ်မှုအရာ၌ပြိုင်ဘက်ကင်းသော ကာလ်ဆာရာကိုအသုံးပြုနေခဲ့သည်။သို့ဖြစ်ရာ ဒီရွန်နှင့်တိုက်ခိုက်နေသော ဝံပုလွေစီးစစ်သည်သည် ဒီရွန်ကိုလုံးဝမထိခိုက်စေခဲ့ပေ။ခရမ်းရောင်အလင်းတန်းများသည် ရံဖန်ရံခါထွက်ပေါ်လာပြီး ဒီရွန်၏ခန္ဓာကိုယ်အားဖုံးလွှမ်းထားရာ ဝံပုလွေ၏ခြေသည်းက ဒီရွန်၏ချပ်ဝတ်တန်ဆာကို ထိုးဖောက်ရန်ပိုမိုခက်ခဲနေခဲ့သည်။
အခြားသောခြေလျင်တပ်သားများကလည်း ဝံပုလွေစီးစစ်သည်များကိုတွေ့ရှိကာ သူတို့နှင့်ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။အခြားသောစစ်သားများက ဝံပုလွေစီးစစ်သည်များကိုတိုက်ခိုက်နေစဉ် ခုခံကာကွယ်ရန်သူတို့၏ဒိုင်းများကို အသုံးပြုခဲ့ကြသည်။သူတို့၏ဓားကြီးများသည် ဝံပုလွေစီးစစ်သည်များကိုတိုက်ခိုက်ရန် အလွန်သင့်တော်ပေသည်။သို့သော်လည်း ဝံပုလွေစီးစစ်သည်များသည်အမြန်နှုန်းအားသာချက်ရှိသည့်အပြင် ဝံပုလွေများကလည်းသူတို့၏ခြေသည်းလက်သည်းများဖြင့် တိုက်ခိုက်နိုင်ကြသည်။သို့သော်လည်း သူတို့ရရှိသောဒဏ်ရာများသည် မပြင်းထန်ပေရာ ရှောင်ယုသည်သူတို့အားကူညီရန်အတွက် အမာခံမြင်းတပ်သားများအားအမိန့်ပေးရန် မလိုအပ်ခဲ့ပေ။ဝံပုလွေများသည် ကြမ်းတမ်းသော်လည်း သူတို့၏ခြေသည်းများက ခြေလျင်တပ်သားများ၏ ခုခံမှုကိုမထိုးဖောက်နိုင်ခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ခြေလျင်တပ်သားများသည် ဝံပုလွေစီးစစ်သည်များကို ကောင်းကောင်းဟန့်တားနိုင်ခဲ့သည်။
ရှောင်ယုသည်လည်း ဆန်းကြယ်ပုဆိန်အားထုတ်ယူကာ ဝံပုလွေစီးစစ်သည်များကိုသတ်ဖြတ်ရန် ပြေးဝင်သွားခဲ့သည်။ရံဖန်ရံခါတွင် အခြေအနေတစ်ခုလုံး ဖရိုဖရဲဖြစ်စေရန်အတွက် နံရံပေါ်မှနေ၍သံဗုံးများကိုပစ်ပေါက်နေခဲ့သည်။ဆန်းကြယ်ပုဆိန်သည် ဝံပုလွေများကို အလွယ်တကူသတ်ဖြတ်နိုင်သည့် မှော်ကွန်းဝင်လက်နက်ဖြစ်သည်။ရှောင်ယုသည် အန္တိမခုတ်ပိုင်းချက်ကိုထုတ်ဖော်လိုက်ပါက ဝံပုလွေစီးစစ်သည်များကိုတစ်ချက်တည်းဖြင့်သတ်ဖြတ်နိုင်သည်။ထိုသို့မဟုတ်ပါကလည်း မည်သည့်ဝံပုလွေစီးစစ်သည်ကမှ သူ၏တိုက်ခိုက်မှုနှစ်ခုထက်ပို၍မခုခံနိုင်ခဲ့ပေ။
ဝံပုလွေစီးစစ်သည်များသည် စွမ်းအားကြီးမားသော်လည်း သူတို့၏စွမ်းအားအနည်းအများသည် သူတို့ရင်ဆိုင်ရသည့်ရန်သူအပေါ်၌မူတည်ပေသည်။
ပါထျန်းမင်သည် မြို့ကိုကာကွယ်နေသောစစ်သားများ၏နှလုံးသားထဲတွင် အကြောက်တရားကိုမွေးဖွားစေလိုသောကြောင့် ဝံပုလွေစီးစစ်သည်အမြောက်အများကို မစေလွှတ်ခဲ့ပေ။ပထမမီးလျှံမှော်စာလိပ်သည် ဝံပုလွေစီးစစ်သည်တစ်ဒါဇင်ကျော်ကိုသေဆုံးစေပြီးနောက် အကောင်၈၀ကျော်သာကျန်ရစ်ခဲ့သည်။ထို့နောက် ဂရင်း၊ရှောင်ယုနှင့်ခြေလျင်တပ်သားတို့သည် မြို့အားတိုက်ခိုက်လာသည့် ဝံပုလွေစီးစစ်သည်များအားလုံးကို ဖြည်းညင်းစွာဖယ်ရှားနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေ ဝံပုလွေစီးစစ်သည်များသည် အချိန်တိုလေးအတွင်း မြို့ရိုးတလျှောက်ကြီးမားသည့် ပျက်စီးဆုံးရှံးမှုများကိုဖြစ်ပေါ်စေခဲ့ကာ သာမန်စစ်သားများစွာကိုသတ်ဖြတ်နိုင်ခဲ့သည်။
ပါထျန်းမင်သည် သူစေလွှတ်လိုက်သည့် ဝံပုလွေစီးစစ်သည်များ၏သေဆုံးမှုကို သတင်းရရှိချိန်၌ တပ်ဆုတ်ရန်အမိန့်ပေးခဲ့သည်။
"အောစ့်တွေ....ထို့ပါဟောင်မှာအောစ့်တွေရှိနေတာလား..."
ပါထျန်းမင် တိုက်ပွဲအစီအရင်ခံစာကိုရရှိပြီးနောက် စကားမပြောနိုင်ဖြစ်သွားရသည်။
Thank For Reading.