← Chapters

အခန်း (၂၅၉-၂၆၁)

Vol. 18 Ch. 259-261

အခန်း (၂၅၉-၂၆၁)

Vol. 18 Ch. 259-261

အခန်း ၂၅၉ - တစ္ဆေစစ်သည်တော်များ

"အရှင်တို့...အောစ့်တွေနဲ့ဧရာမတောင်ဘီလူးတွေက ရုတ်တရက်ထွက်ပေါ်လာကြပြီး ထို့ပါဟောင်ကိုထောက်ပံ့ပေးထားကြတယ်..."

"ငါတို့သာဒီတိုင်းဆက်လက်တိုက်ခိုက်ကြမယ်ဆိုရင် အရမ်းခက်ခဲလိမ့်မယ်...ငါတို့ဝူဟယ်မြို့ကိုသိမ်းပိုက်ပြီးတော့ ထို့ပါဟောင်ကိုဖမ်းဆီးနိုင်ဖို့ အကူအညီပေးမယ်လို့မျှော်လင့်ပါတယ်..."

ပါထျန်းမင်သည် စခန်းအနောက်ဘက်သို့ရောက်ရှိလာခဲ့ပြီး ဝတ်ရုံနက်များနေထိုင်သည့် အထူးတဲအိမ်တစ်ခုအတွင်းဝင်ရောက်ကာ အကူအညီတောင်းလိုက်သည်။

ထို့ပါကွေ့က ပါထျန်းမင်အား ထိုဝတ်ရုံနက်များကို သူ့အားဆက်ဆံသလိုဆက်ဆံရန် အထူးအမိန့်ပေးညွန်ကြားထားခဲ့သည်။ပါထျန်းမင်သည်လည်း မေးခွန်းလုံးဝမထုတ်ဘဲ အမိန့်ကိုလေးစားစွာလိုက်နာခဲ့သည်။

ပါထျန်းမင်က ထို့ပါကွေ့သည် လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များ၏ အကူအညီကြောင့်သာ ထီးနန်းကိုရရှိခဲ့ကြောင်းသိရှိခဲ့ရသည်။ဤလျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များ၏ အထောက်အထားကို သူအတိအကျမသိရှိသော်လည်း သူတို့သည်အောင်းတူက်ိုရင်ဆိုင်တားဆီးရန်အတွက် ဆဌမအဆင့်သူရဲကောင်းအနည်းငယ်ကိုပင် ခေါ်ဆောင်လာကြောင်းသူသိနေခဲ့သည်။

အောင်းတူသည် တိုက်ကြီးတခွင်လုံးတွင် ကျော်ကြားသောဆဌမဆင့်သူရဲကောင်းတစ်ဦးဖြစ်ပေရာ အောင်းတူအားရင်ဆိုင်တားဆီးရန်အတွက် အနည်းဆုံးသာမန်ဆဌမအဆင့်သူရဲကောင်း ၂ ဦးမှ၃ဦးထိလိုအပ်ပေသည်။

"ဟမ့်...အောစ့်တွေနဲ့တောင်ဘီလူးတွေ...ကြည့်ရတာငါတို့ကခြင်္သေ့နယ်မြေရဲ့အရှင်သခင်ကို နောက်ထပ်တစ်ကြိမ်ရင်ဆိုင်ရတော့မယ့်ပုံဘဲ"

ဝတ်ရုံနက်တစ်ယောက်သည် မထီမဲ့မြင်ပြုသည့်လေသံဖြင့်ရေရွတ်လိုက်သည်။

"ခြင်္သေ့နယ်မြေ...အရှင်တို့ပြောတာက ခြင်္သေ့နယ်မြေရဲ့အရှင်သခင်ဖြစ်တဲ့ရှောင်ယုလား....သူကအောစ့်တွေကိုအမိန့်ပေးနိုင်တာလား...သူကထို့ပါဟောင်နဲ့ဘယ်လိုဆက်စပ်နေတာလဲ"

ပါထျန်းမင်သည် အနည်းငယ်အံ့သြသွားခဲ့သည်။ရှောင်ယုနှင့်သူ၏တပ်ဖွဲ့များအကြောင်းကို သူကြားသိဖူးသော်လည်း ရှောင်ယုထံ၌ဤမျှများပြားသည့် အောစ့်များရှိနေမည်ဟု မထင်ထားခဲ့ပေ။ထို့ပြင် သူသည်ထို့ပါဟောင်နှင့်ရှောင်ယုတို့အကြား ဆက်စပ်မှုကိုနားမလည်ခဲ့ပေ။

"အဲ့နယ်မြေသခင်လေးကို လျော့တွက်လို့မရဘူး...ငါတို့သူ့ကိုတိုက်ခိုက်ဖို့ တပ်ဖွဲ့နည်းနည်းစေလွှတ်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့ရတယ်...သူ့မှာအောစ့်တွေရှိရုံတင်မကဘူး...နတ်သူငယ်တွေ၊လူပုတွေနဲ့ဧရာမတောင်ဘီလူးတွေလည်း သူ့အတွက်တိုက်ပွဲဝင်ပေးနေတယ်...ထို့ပါဟောင်နဲ့ရှောင်ယုတို့လက်တွဲထားရတဲ့ အကြောင်းရင်းကိုတိတိကျကျမသိပေမဲ့ ဖြစ်နိုင်တာကတော့ ရှောင်ယုကထို့ပါကွေ့ကိုတားဆီးဖို့အတွက် ထို့ပါဟောင်ကိုထောက်ပံ့ပေးနေတာပဲ...ငါတို့သာအောင်မြင်ရင် နောက်ထပ်ပစ်မှတ်ကခြင်္သေ့နယ်မြေဆိုတာကို သူနားလည်ထားသင့်တယ်"

ထိုလျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များတွင် အလွန်ကျယ်ပြန့်သော ထောက်လှမ်းရေးကွန်ရက်တစ်ခုရှိသော်လည်း ယခုလိုအရေးကြီးသောအခိုက်အတန့်တွင် ရှောင်ယုသည် ထို့ပါဟောင်အားကူညီပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးသည် မတော်တဆမှုတစ်ခုကြောင့်ဖြစ်ပျက်သွားပုံရသည်။

"ခုငါတို့ဘာဆက်လုပ်ကြမလဲ..."

သူ့တပ်များ၏စွမ်းအားသည် ယခုအသစ်ရောက်ရှိလာသော ရှောင်ယု၏တပ်ကူများနှင့် နှိုင်းယှဉ်ရန်မဖြစ်နိုင်ကြောင်း ပါထျန်းမင်နားလည်ပေသည်။

လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များသည် ခဏလောက်ငြိမ်သက်စွာစဉ်းစားနေကြသည်။ခဏအကြာတွင် သူတို့ထဲမှတစ်ယောက်က စကားစလိုက်သည်။

"တိုက်ခိုက်မှုတွေကို ခဏလောက်ရပ်ထားလိုက်...ပြီးတော့လက်ရွေးစင်တပ်သား၁၀၀၀ကိုငါတို့ဆီလွှတ်ပေးလိုက်...အချိန်တိုအတွင်းသူတို့ရဲ့ခွန်အားကို သိသိသာသာတိုးတက်လာစေဖို့ ငါသူတို့ကိုအသွင်ပြောင်းပေးလိုက်မယ်...မင်းမှာအထူးစစ်တပ်တစ်ခုပ်ိုင်ဆိုင်သွားလိမ့်မယ်"

"အဲလိုဆိုရင် ငါ့ရဲ့စစ်သားတွေအားလုံးကို အရှင်တို့အသွင်ပြောင်းပေးနိုင်မလား..."

ပါထျန်းမင်သည် သူ၏စစ်သားများအားလုံးကို အထူးတိုက်ခိုက်ရေးသမားများအဖြစ် အသွင်ပြောင်းလဲပေးရန်စိတ်ဝင်စားနေခဲ့သည်။ကျော်ကြားသည့်ဗိုလ်ချုပ်တစ်ယောက်အနေဖြင့် သူသည်ပြီးပြည့်စုံသောစစ်သားများကိုသာ အလိုရှိပေသည်။

"သူတို့ကို လွယ်လွယ်ကူကူနဲ့အသွင်ပြောင်းပေးနိုင်မယ်လို့ မင်းထင်နေတာလား...စစ်သားတစ်ယောက်ကိုအသွင်ပြောင်းဖို့အတွက် ရွှေပြားထောင်ပေါင်းများစွာကို အသုံးပြုရလိမ့်မယ်...ငါတို့ရဲ့လူတွေက စစ်သားတွေကိုအသွင်ပြောင်းဖို့ ငါတို့ရဲ့သီးသန့်မှော်စွမ်းအင်ကိုအသုံးပြုရလိမ့်မယ်...ဒါ့အပြင်အသွင်ပြောင်းစစ်သည်၁၀၀၀နဲ့ ဝူဟယ်မြို့ကိုမသိမ်းပိုက်နိုင်ရင် ငါတို့ဆီကဘာမှဆက်တောင်းဖို့ မမျှော်လင့်နဲ့...အဲ့ဒါကမင်းရဲ့အသုံးမကျမှုပဲ"

လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်က မျက်မှောင်ကြုတ်၍ပြောလိုက်သည်။သူသည် သူတို့၏အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်မှုအပြည့်အဝရှိနေကြောင်း ထင်ရှားပေသည်။

ပါထျန်းမင်သည် လျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များ၏ အထူးစစ်သည်တော်များသည် သူ၏ဝံပုလွေစီးစစ်သည်များထက် ပိုမိုအစွမ်းထက်ကြောင်းနားလည်သွားခဲ့သည်။

"အဲ့ဒီအထူးစစ်သည်တော်တွေကို ဘယ်လ်ိုခေါ်လဲ"

ပါထျန်းမင်က သိချင်စိတ်ဖြင့်မေးခွန်းထုတ်လိုက်သည်။

"တစ္ဆေစစ်သည်တော်..."

ဝတ်ရုံနက်က တစ်ခွန်းတည်းပြန်ဖြေလိုက်သည်။

နောက်ထပ်ရက်အနည်းငယ်ကြာသည်အထိတိုင်အောင် ပါထျန်းမင်သည် နေ့ခင်းဘက်အချိန်များ၌ မည်သူ့ကိုမှတိုက်ခိုက်ရန် မစေလွှတ်ခဲ့ပေ။သူသည် ဝူဟယ်မြို့အားနှောင့်ယှက်ရန်ပင် မကြိုးစားခဲ့ပေ။ရှောင်ယုသည် နေ့တိုင်းလိုလိုပင် မြို့ရိုးနံရံပေါ်၌ စားသောက်နေဆဲဖြစ်ကာ စစ်သားများကိုလည်းကျွေးမွေးခဲ့သည်။လတ်တလော တိုက်ပွဲဖြစ်ပွားနေမှုမရှိသည့်အတွက်ကြောင့် လူတိုင်းသည်သတိကြီးကြီးမားမားထားစရာမလိုအပ်ခဲ့ပေ။ရှောင်ယု၏လုပ်ရပ်များသည် စစ်သားများ၏ဖိအားကိုတွန်းလှန်နိုင်စေကြောင်း ထို့ပါဟောင်တွေ့မြင်ခဲ့သည်။စစ်သားများအားလုံးသည် စိတ်ကောင်းဝင်နေခဲ့ကြပြီး သူတို့၏ဧကရာဇ်မင်းက သူတို့အားအစားအစာများဝေမျှပေးချိန်၌ အလွန်ကျေးဇူးတင်ခဲ့ကြသည်။သူတို့ကိုပေးသည့်အစားအစာများ၏ အရသာသည်ကောင်းမွန်ခြင်းမရှိသော်လည်း ဧကရာဇ်ကိုယ်တိုင်ပေးအပ်ခြင်းဖြစ်၍ သူတို့၏ဂုဏ်ကျက်သရေကိုတိုးပွားစေသည်။

စစ်သားများသည် အောစ့်များ၊နတ်သူငယ်များ၊လူပုများနှင့်တောင်ဘီလူးများကို တွေ့မြင်ချိန်၌ အလွန်စိတ်ဝင်စားနေကြသည်။အချို့မှာ အောစ့်များကိုပင်ရန်စစိန်ခေါ်ခဲ့ကြသော်လည်း အများစုမှာပါးတစ်ချက်ရိုက်ရုံဖြင့် လွှင့်ထွက်သွားခဲ့ရသည်။သာမန်စစ်သည်များသည် အောစ့်များကိုလုံးဝမယှဉ်နိုင်ပေ။

ရှောင်ယု၏တပ်ဖွဲ့များအနက် အောစ့်စီးနင်းသူများက သူတို့အတွက်အလွန်စိတ်ဝင်စားဖွယ်ကောင်းနေခဲ့သည်။အနောက်တိမ်တိုက်အင်ပါယာ၏တိုတမ်သည် ဝံပုလွေဖြစ်သည်။အနောက်တိမ်တိုက်အင်ပါယာ၏ ရှေးလူများသည် ဝံပုလွေများကိုသူတို့၏စီးနင်းကောင်များအဖြစ် အသုံးပြုခဲ့ကြသည်။ဝံပုလွေက်ိုစီးနေသောသူရဲကောင်းသည် နယ်ချဲ့ခြင်း၏သင်္ကေတဖြစ်သည်။တော်ဝင်နန်းတော်၏နံရံများထက်၌လည်း ဝံပုလွေစီးသောသူရဲကောင်းများ၏ ပုံရိပ်ကိုရေးထိုးထားခဲ့သည်။

ရှောင်ယုသည် အောစ့်စီးနင်းသူများကို ယူဆောင်လာသည့်အချိန်တွင် ထို့ပါဟောင်သည် ရှောင်ယုအားအပိုထပ်ဆောင်းဆုများစွာပေးကာ အောစ့်စီးနင်းသူအချို့ကိုတောင်းခံခဲ့သည်။သို့သော်လည်း ရှောင်ယုသည်ထိုတောင်းဆိုချက်ကိုချက်ချင်းငြင်းဆန်ခဲ့ပြီး သူ၏တပ်ဖွဲ့များနှင့်ပတ်သက်၍ မည်သည့်ဆွေးနွေးမှုမှမပြုလုပ်လိုကြောင်း စကားအပြတ်ပြောခဲ့သည်။အခြေစိုက်စခန်းမှဆင့်ခေါ်ထားသည့် စစ်သားများသည် သူ၏သားသမီးများနှင့်အတူတူပင်ဖြစ်သည်။

အောစ့်စီးနင်းသူများသည်လည်း အနောက်တိမ်တိုက်အင်ပါယာ၏ ဝံပုလွေစီးစစ်သည်များအကြောင်းကို သိရှိခဲ့သည်။သူတို့သည် ထိုဝံပုလွေစီးစစ်သည်များနှင့်တိုက်ခိုက်ရန် အလွန်စိတ်အားထက်သန်နေခဲ့သည်။အချိန်အတော်ကြာပြီးနောက်တွင် အောစ့်စီးနင်းသူများသည် အဆင့်၁၀သို့ရောက်ရှိလာခဲ့ကြပြီး သူတို့၏ဉာဏ်ရည်နှင့်စဉ်းစားဆင်ခြင်နိုင်စွမ်းတိုးတက်လာခဲ့သည်။

...

"သူတို့ဘာလို့ မတိုက်ကြသေးတာလဲ..."

ထို့ပါဟောင်သည် ငြိမ်သက်နေသည့်ရန်သူစခန်းကိုကြည့်၍ မေးမြန်းလိုက်သည်။ဧကရာဇ်တစ်ပါးအနေဖြင့် သူသည်ပေါ့ပေါ့ဆဆနေ၍မရပေ။သူသည်အရာအားလုံးကို စီမံခန့်ခွဲနေမှာဖြစ်ပြီး ရိုးရှင်းသည့်အသေးစိတ်အချက်အလက်လေးတစ်ခုတောင်မှ လက်လွှတ်မခံသင့်ပေ။ဤအရာသည် သူ၏ကိုယ်ပိုင်စစ်ပွဲဖြစ်ကာ သူသာပေါ့ဆမိပါက သေဆုံးသွားနိုင်သည်။

ရှောင်ယုက ပေါ့ပေါ့ပါးပါးပြုံးလိုက်မိသည်။

"သူတို့ကငါတို့ရဲ့ခွန်အားကိုမြင်ပြီးပြီဆိုတော့ လွယ်လွယ်နဲ့လာတိုက်တော့မှာမဟုတ်ဘူး...ဖြစ်နိုင်တာကတော့ ငါတို့ရဲ့ရိက္ခာတွေကုန်ခမ်းပြီး အငတ်ဘေးနဲ့ရင်ဆိုင်ရအောင်လို့ တတ်နိုင်သမျှကြာကြာမြို့ကိုဝိုင်းရံထားဖို့ဘဲ"

အမှန်တော့ တစ္ဆေစစ်သည်တော်များကိုမရရှိပါက ပါထျန်းမင်သည်ထိုအစီအစဉ်အတိုင်း လုပ်ဆောင်ရမည်ဖြစ်သည်။သို့သော်လည်း ရှောင်ယုသည်ထိုကဲ့သို့စက်ဆုပ်ဖွယ်ကောင်းသော အစီအစဉ်တစ်ခုဖြင့် သူတိုအားအောင်နိုင်ရန်ခွင့်ပြုမည်မဟုတ်ပေ။

"ဒါဆိုရင် ငါတို့ဘာဆက်လုပ်ကြမလဲ"

ထို့ပါဟောင်ကမေးမြန်းလိုက်သည်။ရေရှည်၌စားနပ်ရိက္ခာမလုံလောက်မှုသည် သူတို့အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်ကြောင်း ထို့ပါဟောင်နားလည်ပေသည်။

ရှောင်ယုသည် မတ်တပ်ထရပ်လိုက်ကာ သူ၏ပါးစပ်ကိုသုတ်လိုက်သည်။

"သူတို့ကမတိုက်ခိုက်ချင်မှတော့ ငါတို့ဘက်ကနေပြီးတော့စပြီးတိုက်ခိုက်ရမှာပေါ့...ငါတို့ကအချိန်ပြည့်ခုခံစစ်ကိုပဲ ဆင်နွဲနေမယ်လို့သူတို့ထင်နေကြတာလား..."

"ငါတို့ဘက်ကစပြီးတိုက်ခိုက်ကြမှာလား..အဲလိုသာတိုက်ခိုက်ကြမယ်ဆိုရင် ငါတို့ဘက်ကအကြီးအကျယ်ဆုံးရှံးရမှာမဟုတ်ဘူးလား..."

ထို့ပါဟောင်သည် စိုးရိမ်နေသောလေသံဖြင့်မေးမြန်းလိုက်သည်။

ရှောင်ယုသည် သူ၏မျက်လုံးများကိုမှိတ်ထားလိုက်သည်။

"မင်းရဲ့စစ်တပ်ကိုသုံးရင်တော့ အဲလိုဖြစ်လာမှာပေါ့...ဒါပေမဲ့ငါ့ရဲ့စစ်တပ်ကတော့မတူဘူး...အချိန်တန်ရင်မင်းစောင့်ကြည့်နေလိုက်"

...

နေမင်းသည် အနောက်ဖက်သို့ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။တိမ်များသည် ကောင်းကင်ကိုဖုံးလွှမ်းနေသည့်အတွက်ကြောင့် ကြယ်များကိုမမြင်ရပေ။ရှောင်ယုသည် အောစ့်စီးနင်းသူများနှင့်အောစ့်များကိုဦးဆောင်ကာ ဝူဟယ်မြို့မှ တိတ်တဆိတ်ထွက်ခွာလာခဲ့သည်။

"မင်းအမေပဲ...သူတို့ကငါတို့ကိုအထင်သေးနေတာလား...သူတို့ကကင်းတောင်မစောင့်တော့ဘူး...ဒီယိုင်နဲ့နေတဲ့သစ်သားခြံစည်းရိုးနည်းနည်းက ငါချီတက်လာတာကို ရပ်တန့်နိုင်မယ်လို့မင်းထင်နေတာလား...ရှောင်ယုသည်စခန်းကိုကာရံထားသည့် ခြံစည်းရိုးများကိုကြည့်လိုက်ရင်း သံဗုံးတစ်ခုကိုထုတ်ယူကာ စခန်းဝ၌ပစ်ချလိုက်သည်"

ဗုံး....

"သတ်ကြ..."

ရှောင်ယုသည် ကျယ်လောင်စွာအော်ဟစ်အမိန့်ပေးလိုက်သည်။

ရှောင်ယု၏အမိန့်ကိုကြားကြားချင်း အောစ့်စစ်သည်များနှင့် အောစ့်စီးနင်းသူများသည် ကျယ်လောင်စွာဟိန်းဟောက်လိုက်ကြသည်။သူတို့၏ဟိန်းဟောက်သံများသည် မိုးခြိမ်းသံလိုပဲ့တင်ဖပ်သွားခဲ့သည်။

"သေစမ်း...ငါတို့တိုက်ခိုက်ခံနေရပြီ..."

ရှောင်ယုကစတင်တိုက်ခိုက်လာချိန်တွင် စစ်သားများသည်အိပ်ပျော်နေရာမှ လန့်နိုးလာခဲ့သည်။သူတို့သည် ရှောင်ယုတို့ဘက်မှစတင်တိုက်ခိုက်လာမည်ဟု မမျှော်လင့်ထား၍ ထိုတိုက်ခိုက်မှုအား မခုခံနိုင်ခဲ့ပေ။

အောစ့်စီးနင်းသူများသည် စခန်းအတွင်းသို့လျင်မြန်စွာပြေးဝင်လာခဲ့ကာ စစ်သားများကိုတတ်နိုင်သမျှ များများသတ်ဖြတ်ခဲ့ကြသည်။ရှောင်ယုသည် ရန်သူစစ်သားများကို အထိနာအောင်တိုက်ခိုက်ရန်အတွက် ရရှိလာသည့်အခွင့်အရေးကို အကောင်းဆုံးအသုံးချရန်စီစဉ်ခဲ့သည်။ထို့ပြင်ရှောင်ယုသည် စခန်းအပြင်ဘက်၌ရှိနေသော ကင်းထောက်အနည်းငယ်ကိုလည်း ကြိုတင်သတ်ဖြတ်ခဲ့သည်။ထို့ပြင် ညအမှောင်ထု၌အကောင်းဆုံးလှုပ်ရှားနိုင်သည့်တပ်အမျိုးအစားဖြစ်သော နတ်မြင်းပျံများကိုလည်းထုတ်သုံးခဲ့သည်။

နတ်မြင်းပျံများသည် လေထုအတွင်း၌ လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာနိုင်၍ အားသာချက်ရှိနေခဲ့သည်။သူတို့၏တစ်ခုတည်းသောအားနည်းချက်မှာ လှံပစ်စက်များပင်ဖြစ်သည်။ထို့ကြောင့်ရှောင်ယုသည် နတ်မြင်းပျံများကိုသတိထား၍ စေလွှတ်လေ့ရှိသည်။သို့သော်ယနေ့တွင်မူ ကောင်းကင်သည်မှောင်မိုက်နေကာ သူတို့၏အားနည်းချက်များကို ဖုံးကွယ်နိုင်ခဲ့သည်။ထို့ကြောင့်ရှောင်ယုသည် ရန်သူစစ်သားများကိုတိုက်ခိုက်ရန်အတွက် နတ်မြင်းပျံအားလုံးကိုစေလွှတ်ခဲ့သည်။ညအမှောင်ထု၌ သာမန်မျက်စိများသည် ထိုးဖောက်မြင်နိုင်စွမ်းမရှိသော်လည်း နတ်မြင်းပျံကိုစီးနင်းသည့်နတ်သူငယ်များသည် အလွန်ကောင်းမွန်သောညဘက်အမြင်အာရုံနှင့်လေးပစ်စွမ်းရည်ကို ပိုင်ဆိုင်ကြသည်။

ထို့ပြင် စစ်စခန်းတစ်ခုလုံးသည် ပရမ်းပတာဖြစ်နေခဲ့ပြီး ရန်သူများသည်တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးမရခဲ့ပေ။ထို့ကြောင့် ရန်သူများသည်အသေအပျောက်ပြင်းထန်ခဲ့သည်။

ရှောင်ယုသည် ဆုတ်ခွာရန်အချက်ပြသည့်ဟွန်းကို ချက်ချင်းအသုံးပြုလိုက်သည်။ရန်သူစစ်သားများကို သတ်ဖြတ်မှုတာရှည်မခံနိုင်ကြောင်း ရှောင်ယုနားလည်ပေသည်။ဆင့်ခေါ်ထားသည့်စစ်သည်များသည် သတ်ဖြတ်ခြင်းအားသဘောကျနှစ်သက်ကြသော်လည်း ရှောင်ယု၏အမိန့်ကိုရသည့်အချိန်၌ ချက်ချင်းပြန်လည်ဆုတ်ခွာသွားကြသည်။

"သေစမ်း...ဘာတွေဖြစ်နေတာလဲ..."

စခန်း၏တပ်မှုးသည် တိုက်ပွဲဖြစ်ပွားရာနေရာသို့ရောက်လာချိန်၌ ရှောင်ယုသည်ထွက်ပြေးသွားပြီဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ရှောင်ယု၏တပ်များသည် အချိန်တစ်ခုကြာသည်အထိတိုင်အောင် အခြားသောစခန်းများကိုဆက်လက်တိုက်ခိုက်ခဲ့သည်။သို့သော်လည်း ရှောင်ယုသည်ရန်သူများတန်ပြန်မတိုက်ခိုက်နိုင်မှီ ဆုတ်ခွာထွက်ပြေးခဲ့သည်။

ထို့ကြောင့် ရှောင်ယုသည်တစ်ညတာအတွင်း ရန်သူစခန်းအားလုံးကိုတိုက်ခိုက်နိုင်ခဲ့ကာ စိတ်အေးလက်အေးအိပ်စက်အနားယူခဲ့သည်။

အခန်း ၂၆၀ - ကောင်းမွန်သည့်အရာများ

ရှောင်ယုသည် တစ်ညလုံးစခန်းလေးခုလုံးကို တိုက်ခိုက်နှောင့်ယှက်ခဲ့ကာ လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သော်လည်း ရန်သူသည်သူ၏အရိပ်ကိုပင် မထိနိုင်ခဲ့ပေ။

ထို့ပါဟောင်သည် ထိုမြင်ကွင်းကိုကြည့်ပြီး ရယ်မောလိုက်သည်။

"ရှောင်ယု...မင်းကတကယ်အရည်အချင်းရှိတဲ့လူပဲ...ငါတို့ကခုခံကာကွယ်ခဲ့တယ်ဆိုပေမဲ့ မင်းကအခြေအနေကိုပြောင်းလဲခဲ့ပြီး သူတို့ရဲ့ဟန်ချက်ကိုလည်း အနှောင့်အယှက်ဖြစ်စေခဲ့တယ်"

ရှောင်ယုသည် ထို့ပါဟောင်၏ပုခုံးကိုပုတ်ရင်း သူ၏မေးစေ့ကိုမြှောက်ထားလိုက်သည်။

"ကောင်းကောင်းလေ့လာစမ်းပါ...ဒါကိုစစ်ပညာလို့ခေါ်တယ်...ဘယ်အချိန်မဆို မင်းကအခွင့်အရေးရရင်တိုက်ခိုက်တတ်ရမယ်...ဒါ့အပြင်မင်းကအရမ်းကိုကြမ်းတမ်းခက်ခဲတဲ့ အခြေအနေမှာရောက်နေရင်တောင်မှ အဲ့အခြေအနေကနေရုန်းထွက်ဖို့နည်းလမ်းတွေကိုရှာရမယ်...မင်းကတစ်ချိန်ပျင်းပျင်းရိရိထိုင်စောင့်နေပြီး ရန်သူကတိုက်ခိုက်အလာကိုစောင့်နေလို့မရဘူး...မင်းကတိုက်ပွဲရေစီးကြောင်းကိုပြောင်းလဲပစ်နိုင်ရင် အောင်နိုင်သူဖြစ်လာလိမ့်မယ်"

ထို့နောက်ရှောင်ယုသည် လီအာကိုကြည့်ရင်းပြောလိုက်သည်။

"သွားအိပ်ရအောင်..."

လီအာသည်ရှောင်ယုအား စူးစူးရဲရဲစိုက်ကြည့်လိုက်သော်လည်း စကားပြန်မပြောခဲ့ပေ။ရှောင်ယုသည် စကားအဖြစ်သာပြောပြီး သူမကိုလုံးဝထိမည်မဟုတ်ကြောင်း သူမသာသိပေသည်။ရှောင်ယုသည် မနေ့ညတိုက်ပွဲကြောင့် ပင်ပန်းနွမ်းနယ်နေပြီး အိပ်ရာပေါ်လဲလျောင်း၍ အိပ်စက်အနားယူရန်ကြိုးစားလိုက်သည်။သို့သော်ထိုအချိန်၌ တစ်စုံတစ်ယောက်က အနောက်မှနေ၍သူ့အားလာထိနေသည်ကို ခံစားမိလိုက်သည်။သူသည်နောက်လှည့်ကြည့်လိုက်ရာ လီအာသည်သူမ၏ချပ်ဝတ်တန်ဆာကို ချွတ်ထားပြီး ပါးလွှာသည့်အဝတ်တစ်ထည်ကိုသာဝတ်ဆင်ထားကြောင်း တွေ့လိုက်ရသည်။သူမသည်ရှောင်ယုအားကြည့်၍ ပြုံးပြလိုက်သည်။

"ဟ...မင်းကဘာလို့ဒီကိုရောက်နေတာလဲ..."

ရှောင်ယုသည် အိပ်ရာပေါ်မှခုန်ထမိလိုက်သည်။

"ငါတို့ဘာလို့အတူတူမအိပ်ရမှာလဲ"

လီအာသည် သူမ၏တောင်ထိပ်နှစ်ခုဖြင့် ရှောင်ယု၏ခြေထောက်နှစ်ဖက်ကိုညင်သာစွာပွတ်သပ်ရင်း မေးမြန်းလိုက်သည်။

"ပါးစပ်ပိတ်ထား...မင်းစိတ်ထဲမှာဘာတွေရှိနေလဲပြော..."

လီအာလိုလူမျိုးသည် သူနှင့်အတူအိပ်ရန်မည်သည့်အခါမှ သဘောတူမည်မဟုတ်ကြောင်း ရှောင်ယုသိရှိထားပေသည်။ဤကိစ္စ၏နောက်ကွယ်၌ တစ်စုံတစ်ခုဖြစ်ပျက်ထားသည်မှာသေချာပေသည်။သူသာထိုသို့လုပ်ဝံ့ပါက လီအာသည်သူ၏ညီလေးကို ဖြတ်တောက်ရန်ကြိုးပမ်းမည်ဖြစ်သည်။

ရှောင်ယုသည် ကျွန်ဆွဲသီးကြောင့် လီအာကိုထိန်းချုပ်နိုင်သော်လည်း သူမ၏စိတ်ကိုမထိန်းချုပ်နိုင်ပေ။

"ဘာမှတော့မဟုတ်ပါဘူး...မုတ်ဆိတ်နီရဲ့သိုလှောင်ရုံထဲမှာ တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုကိုတွေ့ခဲ့လို့ မင်းသုံးလို့ရအောင်ယူလာပေးခဲ့တာ"

လီအာသည် သူမ၏လက်ညိုးပေါ်ရှိ သိုလှောင်လက်စွပ်ကိုတစ်ချက်ပွတ်သပ်လိုက်ပြီးနောက် ရှောင်ယုကိုပြုံးပြလိုက်သည်။

ရှောင်ယုသည် လီအာ၏မျက်နှာပေါ်ရှိ ဆိုးယုတ်သောအပြုံးကိုသတိထားမိလိုက်သည်။

"ကောင်းတာတစ်ခုခု...အဲ့တာဘယ်လိုဟာလဲ"

ရှောင်ယုသည် ကုတင်ထောင့်သို့ချဉ်းကပ်သွားခဲ့သည်။သူသည် ဝံပုလွေဆိုးတစ်ကောင်ထံမှ သူ့ကိုယ်သူကာကွယ်နေသည့် အဖိုးတန်ကလေးငယ်တစ်ယောက်ကဲ့သို့ ပြုမူနေခဲ့သည်။

ထိုအချိန်တွင် လီအာ၏လက်ထဲ၌ ပုလင်းငယ်တစ်ခုထွက်ပေါ်လာခဲ့သည်။

"ဒါကဘာလဲဆိုတာ သိလား"

ရှောင်ယုသည် ထိုပုလင်းငယ်အားစစ်ဆေးလိုက်သည်။ပုလင်း၏ကိုယ်ထည်သည် အလွန်နက်မှောင်နေသော်လည်း အလွန်တောက်ပသည့်အလင်းရောင်တစ်ခုက ၎င်းကိုဖြတ်ကျော်ရန်ကြိုးပမ်းနေခဲ့သည်။

ရှောင်ယုသည် ထိုပုလင်းငယ်ကိုကိုင်ဆောင်ရင်း မေးမြန်းလိုက်သည်။

"ဒါကဘာလဲ..."

"ဒါကို မက်မွန်ပန်းလို့ခေါ်တယ်...ယောကျ်ားရောမိန်းမကိုပင် ရိုင်းရိုင်းစိုင်းစိုင်းဖြစ်သွားအောင်လို့ တွန်းအားပေးနိုင်တဲ့အရမ်းကိုအားကောင်းတဲ့ဆေးတစ်ခုပေါ့..."

လီအာကပြောလိုက်သည်။

ရှောင်ယုသည် လီအာအားစိုက်ကြည့်ကာ ကျီစယ်လိုက်သည်။

"မင်းကဒါကိုငါ့အပေါ်သုံးချင်နေတာလား...ငါကလူပျိုတစ်ယောက်နော် မင်းငါ့ကိုအဲလိုလုပ်လို့မရဘူး...ဟဲဟဲ"

"ပါးစပ်ပိတ်ထား..."

လီအာသည် သူ့ကိုကြည့်၍အော်ဟစ်လိုက်သည်။

"ယောကျ်ားလိုချင်နေရင်တောင် ငါမင်းကိုရှာမှာမဟုတ်ဘူး ရှောင်ယု...ငါမင်းကိုနောက်ဆုံးတစ်ခါသတိပေးမယ် နောက်တစ်ကြိမ်ကျွန်ဆွဲသီးကိုအလွဲသုံးစားအသုံးပြုဖို့မစဉ်းစားနဲ့ မဟုတ်ရင်လူအများရှေ့မှာဒီဆေးကို မင်းအပေါ်အသုံးပြုလိုက်မယ်...မင်းရဲ့စွမ်းဆောင်ရည်ကိုလူတိုင်းစောင့်ကြည့်စေချင်ရင်လုပ်လိုက်ပေါ့"

ရှောင်ယုကရယ်မောလိုက်သည်။

"မင်းကတုံးအနေတာလား...ကျွန်ဆွဲသီးကြောင့် ပထမဆုံးအဓမ္မကျင့်ခံရမှာက မင်းဖြစ်နေမှာပဲ"

လီအာ၏အကြည့်များသည် ချက်ချင်းတောက်ပလာခဲ့သည်။

"ငါကအဲ့ဒါကိုစီစဉ်ထားတဲ့အချိန် အဝေးမှာရှိနေမှာမလို့အဲ့အတွက်စိတ်ပူနေစရာမလိုဘူး...မင်းကကျွန်ဆွဲသီးကိုအသုံးမပြုနိင်တဲ့ အကွာအဝေးတစ်ခုမှာ ငါရှိနေမှာပါ...ဒါ့အပြင်မက်မွန်ပန်းကအရမ်းကိုအားကောင်းတဲ့အာနိသင်ရှိလို့ ကျွန်ဆွဲသီးကိုတောင်အချိန်မှီသုံးနိုင်မှာမဟုတ်ဘူး...ဒီဆေးကိုမင်းလျော့မတွက်နဲ့ မက်မွန်ပန်းကသာအစွမ်းမထက်ဘူးဆိုရင် မုတ်ဆိတ်နီကဒီဆေးကို ရတနာတွေရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် သိမ်းထားမှာမဟုတ်ဘူး"

ရှောင်ယုက အထင်သေးသည့်လေသံဖြင့်ပြောလိုက်သည်။

"ငါမယုံဘူး"

လီအာက ထပ်မံခြိမ်းခြောက်လိုက်သည်။

"ဒါကတကယ်အစွမ်းထက်တယ်...မင်းငါ့ကိုမယုံဘူးဆိုရင် ဒီဆေးကိုစမ်းသပ်ဖို့အတွက် ဆုရှာက်ိုမင်းနဲ့အတူရှိစေဖို့ ငါလုပ်ပေးနိုင်တယ်...ဒါမှမဟုတ်ရင်လည်း သွေးနတ်သူငယ်ကယ်လီကို မင်းနဲ့အတူပျော်ခိုင်းလိုက်မယ်လေ...သူမကသာမက်မွန်ပန်းကို သုံးမိသွားရင်အသိစိတ်တွေဝေဝါးသွားပြီးတော့ ဒြပ်စင်မှော်တိုက်ခိုက်မှုကိုလည်း အသုံးပြုနိုင်တော့မှာမဟုတ်ဘူး..အဲ့ဒါဆိုရင်သူမနဲ့အတူ မင်းစိတ်ရှိလက်ရှိပျော်ပါးနိုင်မှာပါ

"ဆုရှာက ငါ့ရဲ့မရီးလေ...မင်းဘာတွေပြောနေတာလဲ...ငါကအဲလိုလူတစ်ယောက်နဲ့တူနေလို့လား"

ရှောင်ယုကရေရွတ်လိုက်သည်။

"ဟမ့်...မင်းရဲ့အတွင်းစိတ်ကိုငါဖောက်ထွင်းမြင်နေရတယ်...မင်းရဲ့မရီးအကြောင်းကို မနက်ရောညပါမင်းအိပ်မက်မက်နေတာမဟုတ်လား..."

လီအာကရှောင်ယုအား လှောင်ပြောင်လိုက်သည်။

ရှောင်ယုသည် ထိုပုလင်းသေးသေးလေးအား စိုက်ကြည့်လိုက်သည်။

"ငါ့အတွက် ဒီပုလင်းကတစ်နေရာမှာတော့အသုံးဝင်လာမှာပါ...မင်းကိုဒီပုလင်းလာပေးဖို့အတွက် ငါကျွန်ဆွဲသီးကိုသုံးရမှာလား"

"ငါကအဲ့လောက်ထိတုံးအနေမယ်လို့ထင်လား...ငါကမက်မွန်ပန်း ပုလင်းနည်းနည်းကိုလုံခြုံဘေးကင်းတဲ့နေရာမှာ သိမ်းဆည်းထားပြီးပြီ...မင်းသာငါ့ဆီကနေ မက်မွန်ပန်းပုလင်းကို အတင်းအကြပ်ရယူဖို့ကြိုးစားရင် မင်းကိုမက်မွန်ပန်းရဲ့အကျိုးဆက်တွေကိုခံစားနိုင်ဖို့အတွက် ငါကနောက်ထပ်အခွင့်အရေးတစ်ခုကိုရှာဖွေရလိမ့်မယ်...ဒါ့အပြင်မင်းက ငါ့ရဲ့ခန္ဓာကိုယ်က်ို ကျွန်ဆွဲသီးနဲ့ထိန်းချုပ်နိုင်တယ်ဆိုပေမဲ့ ငါ့ရဲ့စိတ်ကိုတော့မထိန်းချုပ်နိုင်ဘူး...မင်းကအဲ့ပုလင်းတွေရဲ့တည်နေရာကို သိနိုင်မှာမဟုတ်ဘူး"

လီအာသည် ဂရုမစိုက်သောလေသံဖြင့်ပြောလိုက်သည်။

ရှောင်ယုသည် ထိုပုလင်းလေးကိုကြည့်ရင်း ပါးစပ်မှစီးကျလာသည့်တံတွေးများကိုသုတ်လိုက်သည်။

"မင်းသာငါ့ကိုအဲ့ဆေးပုလင်းပေးရင် မင်းကိုထပ်ပြီးမနှောင့်ယှက်တော့ဘူးလို့ ငါကတိပေးတယ်...မင်းဘာပြောချင်သေးလဲ"

လီအာက မယုံသင်္ကာလေသံဖြင့်ပြောလိုက်သည်။

"မင်းက အခြားမိန်းကလေးတွေကိုဖျက်ဆီးဖို့အတွက် ဒီဆေးကိုအသုံးပြုချင်နေတာလား..ငါပြောတာမမေ့နဲ့ ငါ့ကိုနောက်တစ်ခါထပ်ပြီးနှောင့်ယှက်ရင် မင်းပဲနာမည်ပျက်လိမ့်မယ်"

ရှောင်ယုသည် ကုတင်ပေါ်တွင်လဲလျောင်းနေရာမှ ထပြောလိုက်သည်။

"ငါလုပ်နေတာကိုအခြားသူတွေမြင်သွားမှာကို ဂရုစိုက်နေတယ်လို့မင်းထင်နေတာလား..ငါတကယ်ဂရုမစိုက်ဘူး"

"မင်းဂရုမစိုက်ဘူးဆိုရင်...မင်းရဲ့မရီးကကောဂရုမစိုက်ဘူးထင်လား"

လီအာကခြိမ်းခြောက်လိုက်သည်။

"ကောင်းပြီ...ကောင်းပြီ"

"လီအာသည် သူအနိုင်ကျင့်သောအခါတိုင်း ယခုလိုငြိမ်ခံနေရသည်ကိုကျေနပ်ဟန်မရပေ...ထို့ကြောင့်သူမကိုယ်သူမပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် နည်းလမ်းများစွာကိုဆက်လက်ကြိုးစားရှာဖွေခဲ့သည်။"

လီအာသည် အောင်နိုင်သူတစ်ယောက်လို ရယ်မောလိုက်သည်။

"မင်းကတကယ်အရှက်မရှိတဲ့သူပဲ...ကျွန်ဆွဲသီးရှိတယ်ဆိုတိုင်း မင်းကိုလက်တုံ့ပြန်ဖို့နည်းလမ်းမရှာရင် ငါ့နာမည်လီအာမဟုတ်တော့ဘူး"

ရှောင်ယုသည် ပုလင်းသေးသေးလေးကို တစ်ချက်စစ်ဆေးကြည့်လိုက်သည်။

"ဒီလိုပုလင်းသေးသေးလေးက မင်းပြောသလိုအစွမ်းထက်မယ်ဆိုရင် စစ်မြေပြင်မှာကောင်းကောင်းအသုံးချနိုင်မှာပါ...အိုးငါမေ့နေတာပဲ...ရန်သူတွေဘက်ကဗိုလ်ချုပ်ကိုပါထျန်းမင်လို့ခေါ်တယ်မလား...သူနဲ့ဆွေးနွေးညှိနှိုင်းချင်ယောင်ဆောင်ပြီးတော့ ဒီဆေးကိုလူမြင်ကွင်းမှာ လျှို့ဝှက်သုံးလိုက်လို့ရတယ်...ငါသာအောင်မြင်ခဲ့ရင် စစ်တပ်ထဲမှာသူ့ရဲ့ဂုဏ်သတင်းကပိုပြီးတော့မွှေးကြိုင်လာမှာပဲ..."

ရှောင်ယု၏စကားများကိုနားထောင်ရင်း လီအာ၏မျက်လုံးများသည် တောက်ပသွားခဲ့သည်။

"မင်းကအရှက်မရှိတဲ့လှည့်စားသူတစ်ယောက်ပဲ...မင်းကအရမ်းရက်စက်မယ့်ပုံပေါ်လို့ မင်းကိုငါမပေးချင်တော့ဘူး...တကယ်လို့မင်းကိုပေးလိုက်ရင် ကောင်မလေးတွေအများကြီးပျက်စီးကုန်လိမ့်မယ်"

ရှောင်ယုကပြုံးလိုက်ကာ မထီမဲ့မြင့်လေသံဖြင့်ပြောလိုက်သည်။

"ငါကမိန်းကလေးတစ်ယောက်ကိုရဖို့အတွက် မက်မွန်ပန်းလိုဆေးမျိုးလိုနေမယ်ထင်လား...ငါသာအရက်ဆိုင်ဒါမှမဟုတ် ဆောင်ကြာမြိုတစ်ခုကိုသွားလိုက်မယ်ဆိုရင် မရေမတွက်နိုင်တဲ့မိန်းမတွေက ငါ့အပေါ်ခုန်အုပ်ဖို့အစပြုလာလိမ့်မယ်"

"အရှက်ကိုမရှိဘူး..."

ရှောင်ယုသည် မက်မွန်ပန်းအကြောင်းဆက်တွေးနေစဉ် လီအာသည်ရှောင်ယုကိုကျိန်ဆဲ၍ တဲထဲမှထွက်လာခဲ့သည်။

"ဒါဆိုရင် ဘာလို့မလုပ်ဘဲနေရမှာလဲ"

ရှောင်ယုသည် နတ်ဆိုးဆန်စွာပြုံးလိုက်မိသည်။

အခန်း ၂၆၁ - ဖိတ်ကြားချက်ပေးပို့ခြင်း

ရှောင်ယုသည် နောက်တစ်နေ့မနက်အထိ အိပ်ပျော်သွားခဲ့သည်။

သူသည် ဝူဟယ်မြို့၏အပြင်ဘက်၌တပ်စွဲထားသည့် စစ်တပ်အားလုံးဝဂရုမစိုက်ပေ။သူသည် ညဘက်အချိန်၌ သူ၏စစ်သည်များကိုဦးဆောင်ကာ ရန်သူစခန်းများကိုတိုက်ခိုက်ရန် ဆုံးဖြတ်ထားခဲ့သည်။ထိုသို့ဆိုလျှင် ရန်သူများကဝူဟယ်မြို့အားနောက်တစ်ကြိမ်မတိုက်ခိုက်မှီ ရန်သူအားလုံးကိုသုတ်သင်န်ိုင်လိမ့်မည်ဟု ရှောင်ယုယုံကြည်ခဲ့သည်။

နတ်မြင်းပျံစီးနင်းသူများသည် ညဘက်တွင် ထူးခြားသောစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ကြသည်။ညအမှောင်၌ ရန်သူအားရှာဖွေရန်အလွန်ခက်ခဲသော်လည်း နတ်သူငယ်များ၏အမြင်အာရုံသည် ရန်သူတပ်ဖွဲ့များ၏အနေအထားကို အတိအကျတွေ့မြင်န်ိုင်ပေရာ ရန်သူများအားသတ်ဖြတ်ရသည်မှာ လွယ်ကူပေသည်။

ရှောင်ယုသည် မနေ့ညက စစ်စခန်းများကို တိုက်ခိုက်ခဲ့ပြီးဖြစ်သည့်အတွက်ကြောင့် ယနေ့ညတွင် တိုက်ခိုက်မှုကိုထပ်မံမပြုလုပ်ခဲ့ပေ။ထို့အစား နောက်တစ်နေ့ည၌တိုက်ခိုက်ရန်ရွေးချယ်ခဲ့သည်။ရှောင်ယုသည် သူ၏တပ်များရောက်ရှိပြီး ၂ရက်အကြာတွင် ရန်သူတပ်များပြန်လည်တုံ့ပြန်ခွင့်မရရှိဘဲ ရန်သူများစွာကိုသတ်ဖြတ်နိုင်ခဲ့သည်။ခိုင်ရင်းသည် ရန်သူစခန်း၏တံခါးများကိုဖြတ်ကျော်ကာ အောစ့်များကသူ့နောက်မှလိုက်ပါခဲ့ကြသည်။ထိုအခိုက်အတန့်၌ စခန်းတစ်ခုလုံးပရမ်းပတာဖြစ်နေခဲ့ကြကာ ရန်သူများသည်တုံ့ပြန်နိုင်စွမ်း လုံးဝမရှိခဲ့ကြပေ။

ရန်သူတပ်မှူးများသည် ရှောင်ယုတို့အားကြိုတင်တားဆီးရန်အတွက် ထောင်ချောက်များအားအသုံးပြုရန် ကြိုးစားခဲ့ကြသော်လည်း ရှောင်ယုသည်ထိုထောင်ချောက်များအား ရှာဖွေရန်အတွက် လီအာနှင့်မိုင်ယဗ်တို့အား အမြဲကြိုတင်စေလွှတ်ခဲ့သည်။သူမတို့သည် ထိုထောင်ချောက်များရှိသည့်နေရာကို မှတ်သားခြင်းသို့မဟုတ် ဖျက်ဆီးခြင်းတို့ပြုလုပ်ခဲ့ကြသည်။ရံဖန်ရံခါတွင် ရန်သူများသည် အောစ့်များကိုတိုက်ခိုက်ရန် လှံပစ်စက်များကိုကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း မိုင်ယဗ်သည်ထိုစက်များကိုဖျက်ဆီးရန်အတွက် သံဗုံးများကိုအသုံးပြုခဲ့သည်။

ထို့ပြင် မိုင်ယဗ်သည်ရံဖန်ရံခါတွင် ရန်သူတပ်များအတွင်းသို့ တစ်ကိုယ်တော်ဖောက်ဝင်ကာ ရန်သူစစ်သားများကိုလုပ်ကြံသတ်ဖြတ်လေ့ရှိသည်။ရှောင်ယုသည်သူမအား စခန်းအနက်ပိုင်းထိတိုးမဝင်ရန်သတိပေးထားခဲ့သည်။စခန်း၏အနက်ပိုင်းတွင် စွမ်းအားကြီးသောကျွမ်းကျင်သူများရှိနေပြီး မိုင်ယဗ်သာသူတို့နှင့်တိုက်ခိုက်ရမည်ဆိုပါက အလွန်ကြီးမားသည့်အန္တာရယ်နှင့်ရင်ဆိုင်ရမည်ဖြစ်သည်။

ရှောင်ယုတို့တပ်ဖွဲ့သည် ရက်ပေါင်းများစွာကြာအောင် အဆက်မပြတ်တိုက်ခိုက်ခဲ့ပြီးနောက်တွင် စစ်သား၁၀၀၀၀ကျော်အားသုတ်သင်နိုင်ခဲ့သည်။နတ်မြင်းပျံများသည် ထိုတိုက်ခိုက်မှုများ၌ အရေးပါသည့်အခန်းကဏ္ဍမှပါဝင်ခဲ့သည်။ထို့ပြင်ရှောင်ယုသည် ရန်သူများက နတ်မြင်းပျံများအားချိန်ရွယ်ပစ်ခတ်ခြင်းမပြုနိုင်အောင် နေရာအနှံ့ဖြန့်ကျက်ပျံသန်းရန် အမိန့်ပေးထားခဲ့သည်။

ပါထျန်းမင်သည် ထိုမြင်ကွင်းကိုကြည့်၍ အလွန်ဒေါသထွက်နေခဲ့သည်။သူ၏စစ်တပ်သည် ရှောင်ယု၏နေ့တိုင်းလိုလိုတိုက်ခိုက်နှောင့်ယှက်မှုကြောင့် ဆုံးရှံးမှုများစွာခံစားနေရသော်လည်း သူဘာမှမလုပ်နိုင်ခဲ့ပေ။မူလကသူသည် ဝံပုလွေစီးစစ်သည်များနှင့်နတ်ဆရာများကိုအသုံးပြုကာ ရှောင်ယုတို့အားတန်ပြန်ဝိုင်းရံရန်စီစဉ်ခဲ့သော်လည်း ရှောင်ယုသည်ထိုတပ်များကိုရှောင်ကွင်းနိုင်ခဲ့သည်။

"လုပ်ကြံသူတွေ...ငါတို့စခန်းတွေကိုကြိုတင်စုံစမ်းဖို့ သူတို့ကလုပ်ကြံသူတွေကို စေလွှတ်ထားခဲ့တာပဲ...ဒါပေမဲ့ဝံပုလွေစီးစစ်သည်တွေကိုတောင်ရှောင်နိုင်တယ်ဆိုမှတော့ သူတို့ကအဆင့်မြင့်လုပ်ကြံသူတွေဖြစ်ရမယ်"

ပါထျန်းမင်သည် အဆင့်မြင့်လုပ်ကြံသူများအကြောင်းကိုတွေးမိတိုင်း အလွန်ပင်ခေါင်းကိုက်ရကြောင်း သိရှိထားသည်။

အမှန်တော့ ဝံပုလွေစီးစစ်သည်များသည် လုပ်ကြံသူများ၏နေရာကိုအလွယ်တကူရှာဖွေနိုင်ကြသည်။သို့သော် မိုင်ယဗ်နှင့်လီအာတို့သည် ထိုနေရာ၌ကျွမ်းကျင်သူများဖြစ်ကြသည်။ထို့ပြင်သူမတို့သည် သူမတို့၏ကိုယ်ယောင်ဖျောက်မှုနှင့် လှုပ်ရှားမှုအစွမ်းကို သိသိသာသာတိုးမြင့်ပေးနိုင်သည့် အဆင့်၁နှင့်အဆင့်၂ချပ်ဝတ်တန်ဆာများကို တပ်ဆင်ထားခဲ့သည်။

"သူတို့ကိုရက်နည်းနည်းလောက်ကြာအောင် ထပ်ပြီးပေးပျော်လိုက်မယ်...ငါ့ရဲ့တစ္ဆေစစ်သည်တော်တွေ အဆင်သင့်ဖြစ်လာတဲ့အခါကျရင် သူတို့ရဲ့ကျရှုံးမှုကရောက်လာလိမ့်မယ်"

ပါထျန်းမင်သည် သူ့နံဘေးမှလူက်ိုတစ်ချက်ကြည့်လိုက်သည်။ထိုလူ၏မျက်နှာသည် အမူအရာမဲ့နေသော်လည်း သူ၏မျက်လုံးများက သွေးနီရောင်လွှမ်းနေခဲ့သည်။ပါထျန်းမင်သည် တစ္ဆေစစ်သည်တော်များအား နည်းလမ်းမျိုးစုံဖြင့်စစ်ဆေးကြည့်ခဲ့သည်။ထိုတစ္ဆေစစ်သည်တော်သည် ချပ်ဝတ်တန်ဆာများဝတ်ဆင်ထားချိန်၌ လက်ရွေးစင်စစ်သားဒါဇင်နှင့်ချီကို အလွယ်တကူ ရင်ဆိုင်နိုင်သည်။

တစ္ဆေစစ်သည်တော်များသည် ရိုးရှင်းသောတစ္ဆေများအဖြစ်သတ်မှတ်နိုင်ကာ သူတို့သည်နာကျင်မှု၊ကြောက်ရွံ့မှု၊သနားကရုဏာဖြစ်မှုတို့ကိုမသိရှိပေ။သူတို့သည် မည်သည့်ခံစားချက်များမရှိသည့် လူသေများကဲ့သို့ဖြစ်နေခဲ့သည်။သို့သော်လည်း ပြောင်းလဲမှုအပြီးတွင် သူတို့၏ခွန်အားသည်သိသိသာသာကိုတိုးမြင့်လာခဲ့သည်။သာမန်တစ္ဆေစစ်သည်တော်တစ်ယောက်သည် လူသားစစ်သည်တစ်ယောက်ထက် နှစ်ဆခန့်ပိုမိုကြီးမားပြီး သူတို့၏လက်သီးတစ်ချက်က လက်ရွေးစင်စစ်သည်တစ်ယောက်ကိုသတ်ဖြတ်နိုင်သည်။

မည်သို့ပင်ဆိုစေ ထိုတစ္ဆေစစ်သည်တော်များသည် လူသားများမဟုတ်ကြတော့ဟု ပါထျန်းမင်ယုံကြည်နေခဲ့သည်။သို့သော်လည်း ထိုတစ္ဆေစစ်သည်တော်များသည် ဝူဟယ်မြို့အားသိမ်းပိုက်နိုင်ရန် သူလိုအပ်နေသည့်အရာများဖြစ်ကြသည်။အကယ်၍သူသာ ဤတပ်များ၏အကူအညီဖြင့်ပင် ဝူဟယ်မြို့အားမသိမ်းပိုက်နိုင်ပါက ထို့ပါကွေ့၏အပြစ်တင်မှုကိုခံရမည်ဖြစ်သော်လည်း သိမ်းပိုက်နိုင်ခဲ့မည်ဆိုပါက ဆုလာဘ်များစွာကိုခံစားခွင့်ရမှာဖြစ်သည်။

"၃ရက်...၃ရက်အတွင်း တစ္ဆေစစ်သည်တော်တွေအားလုံး အသင့်ဖြစ်လာမှာပဲ...အဲ့အချိန်ကျရင် ဝံပုလွေစီးစစ်သည်တွေ၊နတ်ဆရာတွေ၊တစ္ဆေစစ်သည်တော်တွေက်ို အကုန်ထုတ်သုံးပြီးတော့ ဝူဟယ်မြို့ကိုတစ်ချက်တည်းအပိုင်သိမ်းပိုက်ရမယ်...သူတို့ကအောစ့်တွေကိုကောင်းကောင်းကြီးရင်ဆိုင်နိုင်မှာပါ"

ပါထျန်းမင်သည် တစ္ဆေစစ်သည်တော်များကိုကြည့်ရင်း အောင်ပွဲအတွက် ယုံကြည်မှုပြင်းထန်နေခဲ့သည်။

"သွားကြရအောင်..."

ပါထျန်းမင်သည် လူတစ်စုကိုခေါ်ဆောင်ကာ မြင်းစီးပြီးဝူဟယ်မြို့သို့ထွက်ခွာလာခဲ့သည်။

"ဗိုလ်ချုပ်ကြီးပါထျန်းမင်က သူနဲ့စကားပြောဖို့အတွက်ရောက်လာတယ်လို့ ထို့ပါဟောင်ကိုပြောပေးပါ"

ပါထျန်းမင်သည် မြို့ရိုးနံရံထိပ်သို့ လှမ်းကြည့်ရင်းအော်ဟစ်လိုက်သည်။

ပါထျန်းမင်၏စကားကိုကြားသောအခါ တာဝန်ကျသောစစ်သားများက ချက်ချင်းသတင်းပို့ကြသည်။

ထို့ပါဟောင်သည် ထိုသတင်းကိုကြားချိန်တွင် အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့ပြီး ရှောင်ယုအားလှမ်းကြည့်လိုက်သည်။

"သူပြောတာကိုမင်းဘယ်လိုထင်လဲ..."

ရှောင်ယုသည် မျက်လုံးများသည် တလက်လက်တောက်ပလာခဲ့သည်။

"သူကငါတို့ဆီကို သူ့ဘာသာသူရောက်လာခဲ့တာပဲ...ဟားဟား...သူ့ကိုသွားကြည့်ရအောင်....ငါကသူနဲ့ဘယ်လိုဆော့ကစားမလဲဆိုတာ မင်းတွေ့ရလိမ့်မယ်"

ရှောင်ယုသည် အဘယ်ကြောင့်ဤမျှပျော်ရွှင်နေရသည်ကို ထို့ပါဟောင်နားမလည်၍ အံ့သြသွားခဲ့သည်။

"လီအာ...လီအာ...မင်းရောတူတူလိုက်ခဲ့...ဒီအစီအစဉ်အတွက်မင်းကိုလိုအပ်တယ်"

ရှောင်ယုသည် လီအာအားသူနှင့်အတူလိုက်ရင်အော်ခေါ်လိုက်သည်။

...

...

ပါထျန်းမင်သည် မြို့ရိုးနံရံထိပ်၌ပေါ်လာသည့် ထို့ပါဟောင်ကိုမြင်သောအခါ မျက်လုံးကိုမှိတ်ထားလိုက်ပြီး လှောင်ပြောင်လိုက်သည်။

"ထို့ပါဟောင် မင်းဘယ်လိုပဲရုန်းကန်နေပါစေ အချိန်တန်ရင်ကျရှုံးမှာပဲ ဘာလို့အဖိုးတန်တဲ့စစ်သားတွေရဲ့အသက်တွေကိုစွန့်ပစ်နေတာလဲ...ခုချိန်လက်မြောက်ပြီးတော့အရှုံးပေးလိုက်ပါ...အဲ့ဒါဆိုရင်မင်းကိုမင်းသားတစ်ပါးလိုငါတို့ဆက်ဆံမယ်...အဲလိုမဟုတ်ဘဲငါတို့ဝူဟယ်မြို့ကိုသိမ်းပိုက်ပြီးရင် အာမမခံနိုင်ဘူး"

ပါထျန်းမင်သည် သူ၏နံဘေးတွင် တစ္ဆေစစ်သည်တော်များရှိနေသည့်အတွက်ကြောင့် သာမန်ထက်ပို၍ရိုင်းစိုင်းသောအပြုအမူကိုထုတ်ဖော်ခဲ့သည်။သူသည်ထို့ပါဟောင်အား သူ၏အကျည်းသားတစ်ယောက်ဖြစ်နေသကဲ့သို့ စော်ကားခဲ့သည်။

ရှောင်ယုသည် ထို့ပါဟောင်ပြန်မဖြေခင် စကားဖြတ်ပြောလိုက်သည်။

"ဗိုလ်ချုပ်ရဲ့မျိုးရိုးနာမည်ကဘာလဲ..."

ပါထျန်းမင်သည် အေးစက်သောလေသံဖြင့်ပြန်ဖြေလိုက်သည်။

"မင်းကခြင်္သေ့နယ်မြေရဲ့ အရှင်သခင်ဖြစ်တဲ့ရှောင်ယုလား...အနောက်တိမ်တိုက်အင်ပါယာက မင်းလာချင်သလိုလာလို့ရတဲ့နေရာလို့ထင်နေတာလား"

ရှောင်ယုက မသိကျိုးကျွံပြု၍ လှောင်ပြောင်လိုက်သည်။

"အဟွတ်...မင်းရဲ့အမေနာမည်ကဘာလဲ"

ပါထျန်းမင်သည် ဒေါသတကြီးအော်ဟစ်လိုက်မိသည်။

"မင်းကတကယ့်ကိုအရှက်မရှိတဲ့ခွေးကောင်ပဲ...ထို့ပါဟောင် မင်းရဲ့တပ်မှူးတစ်ယောက်အဖြစ်ဘာလို့ဒီလိုလူကိုခန့်ထားတာလဲ...ဒါကမင်းဟာအပြင်လူတွေနဲ့ပူးပေါင်းပြီး သစ္စာဖောက်နေတယ်ဆိုတဲ့သက်သေပဲ"

ထို့ပါဟောင်ကလည်း တန်ပြန်စွပ်စွဲလိုက်သည်။

"ပါထျန်းမင် မင်းဘယ်ဘဝကလာတယ်ဆိုတာမေ့သွားပြီလား...မင်းကသိုးထိန်းသားတစ်ယောက်ပဲ...ဒါပေမဲ့ငါ့အဖေကမင်းရဲ့ရဲရင့်တဲ့သဘောထားကိုတွေ့မြင်ပြီးတော့ မင်းကိုခေါ်ယူခဲ့တယ်...မင်းကဧကရာဇ်အစောင့်တပ်မှူးအဖြစ်ရာထူးတိုးဖို့ အချိန်သိပ်မကြာခဲ့ဘူး...နောက်တော့မင်းရဲ့စစ်ရေးပါရမီထူးချွန်တာကိုသိပြီး မင်းကိုစစ်တပ်တစ်ခုမှာအမိန့်ပေးခိုင်းခဲ့တယ်...အဲလိုသာမဟုတ်ခဲ့ရင် ဒီနေ့မင်းဆိုတာရှိလာမှာမဟုတ်ဘူး...အဖေကမင်းအပေါ်အမြဲမြှောက်စားချီးမြင့်ခဲ့ပေမဲ့ မင်းကအဖေ့ကိုသစ္စာဖောက်ပြီး ထီးနန်းကိုသိမ်းပိုက်ဖို့အခြားလူတွေနဲ့ပူးပေါင်းခဲ့တယ်...မင်းကဘယ်လ်ိုမျက်နှာမျိုးနဲ့ငါ့ရှေ့မှာအဲ့စကားက်ိုလာပြောဝံ့တာလဲ"

ထို့ပါဟောင်၏ ဆူပူကြိမ်းမောင်းခြင်းကို နားထောင်မိလိုက်ချိန်တွင် ပါထျန်းမင်သည်မျက်မှောင်ကြုတ်လိုက်မိသည်။ထို့ပါဟောင်၏စကားများသည် သူ့နေရာနှင့်သူမှန်ကန်နေခဲ့ပြီး အထူးသဖြင့်ထို့ပါဟောင်နောက်ဆုံးပြောလိုက်သည့်စကားက လုံးဝမှန်ကန်နေခဲ့သည်။ထို့ပါယီသည် တော်ဝင်မြို့တော်၌သေဆုံးခဲ့သော်လည်း ပါထျန်းမင်သည်ထိုကိစ္စ၌ပါဝင်ပတ်သက်ခဲ့ခြင်းမရှိပေ။ထို့ပြင် ပါထျန်းမင်သည်အပြစ်ရှိသလိုခံစားနေရ၍ ထို့ပါဟောင်အားမသတ်လိုခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ထို့ပါဟောင်သည်အမှန်အတိုင်းပြောနေသည်ဟု သူ၏တပ်သားများယူဆသွားမည်ကိုစိုးရိမ်သောကြောင့် ယခုအချိန်၌သူသည် ခြေတစ်လှမ်းတောင်နောက်ဆုတ်မပေးနိုင်ပေ။ထို့ကြောင့် ပါထျန်းမင်သည် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ထို့ပါဟောင် အခြားသူတွေအထင်လွဲအောင်ပြောနေတာကိုရပ်လိုက်...မင်းကအပြင်လူတွေနဲ့ပူးပေါင်းပြီးတော့ ဧကရာဇ်မင်းကိုသတ်ဖြတ်ခဲ့တာပဲ...ဒီနေ့မင်းကိုငါနောက်ဆုံးအခွင့်အရေးပေးမယ်...မင်းကအဲ့ဒါကိုတန်ဖိုးထားဖို့မျှော်လင့်တယ်...မဟုတ်ရင်နောက်၃ရက်အတွင်း ငါကဝူဟယ်မြို့ကိုအကြီးအကျယ်ထိုးစစ်ဆင်ရမယ်...အဲ့ချိန်ကျမင်းငါ့ကိုအပြစ်မတင်နဲ့"

ပါထျန်းမင်သည် ထို့ပါဟောင်၏တပ်များကိုဖိအားပေးလိုသောကြောင့် ၃ရက်အတွင်းအဆုံးအဖြတ်တိုက်ပွဲကြီးကိုစတင်မည်ဟု လာရောက်ခြိမ်းခြောက်ခြင်းဖြစ်သည်။ထို့ပြင်သူသည် ထို့ပါဟောင်အားမသတ်ဖြတ်လိုဘဲ လက်နက်ချရန်သာဖိအားပေးလိုခဲ့သည်။အဆုံးသတ်တွင် ထို့ပါဟောင်သည်ဧကရာဇ်အစစ်ဖြစ်ကာ သူသည်ဧကရာဇ်က်ိုသတ်ဖြတ်သည့် နာမည်ဆိုးကိုမခံယူလိုပေ။

ပါထျန်းမင်သည် မြင်းကိုနောက်ပြန်လှည့်၍ထွက်ခွာရန်ပြင်ဆင်နေစဉ် ရှောင်ယု၏အသံကထွက်ပေါ်လာခဲ့သည်။

"ဗိုလ်ချုပ်ပါ...မင်းကအနောက်တိမ်တိုက်အင်ပါယာရဲ့ အရဲရင့်ဆုံးဗိုလ်ချုပ်လို့ငါကြားဖူးတယ်...ငါတို့နှစ်ယောက်တိုက်ခိုက်ကြရင်ဘယ်လိုလဲ...မင်းသာအနိုင်ရခဲ့ရင် ဝူဟယ်မြို့ကလက်နက်ချလိမ့်မယ်...တကယ်လို့ငါသာအနိုင်ရခဲ့ရင် မင်းရဲ့စစ်တပ်ကိုပြန်ပြီးတော့ရုပ်သိမ်းရလိမ့်မယ်"

ရှောင်ယု၏စကားကိုကြားသောအခါတွင် ပါထျန်းမင်သည်အံ့သြသွားခဲ့သည်။ရှောင်ယုသည် ထိုကဲ့သို့သောစကားကိုပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။သူသည် ရှောင်ယု၏အလားအလာကိုတွေးတောနေရင်း ရေရွတ်မိလိုက်သည်။

"ဒီကလေးက ငါ့ကိုရိုက်နိုင်ပါမလား"

ပါထျန်းမင်သည် ပဥ္စမအဆင့်သူရဲကောင်းတစ်ယောက်ဖြစ်ပြီး သူ၏ပြိုင်ဘက်အဖြစ်သတ်မှတ်နိုင်သူမှာ အလွန်နည်းပါးပေသည်။ရှောင်ယုသည် အသက်ငယ်ငယ်သာရှိသေး၍ သူနှင့်ယှဉ်ပြိုင်နိုင်သည့်ခွန်အားကို အမှန်ပင်ပိုင်ဆိုင်ထားပါသလား...

"ဘာလဲ...မတိုက်ရဲဘူးလား...မင်းကသူရဲဘောကြောင်ပြီး နောက်ပြန်ဆုတ်သွားမယ်ဆိုလည်းရတယ်...ဒါကရှက်စရာမဟုတ်ဘူး"

ရှောင်ယုကအော်ဟစ်လှောင်ပြောင်လိုက်သည်။

ပါထျန်းမင်သည် မရေမတွက်နိုင်သောတိုက်ပွဲများစွာကို ဦးဆောင်ဆင်နွဲဖူးပြီး ထိုကဲ့သို့သောရန်စမှုများကို အကြိမ်ပေါင်းမည်မျှထိရင်ဆိုင်ခဲ့ရသည်ကို နတ်ဘုရားများသာသိပေလိမ့်မည်။သို့သော်လည်း သူသည်မည်သည့်အခါမှဆုတ်ခွာရန် မရွေးချယ်ခဲ့ပေ။ယခုလည်း ရှောင်ယု၏မထီမဲ့မြင်ပြုသောလေသံအား ပြန်လည်တုံ့ပြန်လိုက်သည်။

"ငါကမင်းကိုကြောက်တယ်လို့ပြောခဲ့လား..."

"မင်းကတော်တော်ရဲရင့်တာပဲ...မင်းကငါ့ကိုခုလိုအကြောင်းပြချက်သေးသေးလေးတစ်ခုနဲ့ စိန်ခေါ်ဖို့အတွက်သတ္တိရှိတယ်ပေါ့...ဒါပေမဲ့ဒီဗိုလ်ချုပ်ရဲ့ခွန်အားကို မင်းကိုယ်တိုင်တွေ့မြင်ခွင့်ရအောင် ငါခွင့်ပြုပေးလိုက်မယ်"

ပါထျန်းမင်က အော်ဟစ်လိုက်သည်။

ပါထျန်းမင်၏တုံ့ပြန်မှုကိုမြင်သောအခါတွင် ရှောင်ယု၏မျက်လုံးများသည် တောက်ပလာခဲ့သည်။

All Chapters