အခန်း (၂၆၂-၂၆၄)
Vol. 18 Ch. 262-264
အခန်း ၂၆၂ - ဝက်ခေါင်းတင်းပုတ်
ရှောင်ယုမှ ပါထျန်းမင်အားစိန်ခေါ်လိုက်သောကြောင့် ထို့ပါဟောင်သည် မျက်မှောင်ကြုတ်မိသွားသော်လည်း သူလုပ်ဆောင်နိုင်သည့်အရာမရှိပေ။
အနောက်တိမ်တိုက်အင်ပါယာတွင် ပါထျန်းမင်၏ခွန်အားနှင့်ဂုဏ်သတင်းကို လူတိုင်းသိရှိကြသည်။ရှောင်ယုသည် အလွန်သန်မာကြောင်း ထို့ပါဟောင်နားလည်ထားသော်လည်း ရှောင်ယုသည် ပါထျန်းမင်၏ပြိုင်ဘက်မဟုတ်ပေ။ရှောင်ယုသည် အဘယ်ကြောင့် ထို့ပါဟောင်အား အတင်းစိန်ခေါ်ရသနည်း။ထို့ပါဟောင်သည် ရှောင်ယုအားတစ်ချက်ကြည့်လိုက်ရာ ထိုကောင်သည်အောင်ပွဲအတွက် ယုံကြည်မှုအပြည့်ရှိနေပုံရသည့်အတွက် သာမန်အသိဉာဏ်ဖြင့် ရှောင်ယု၏သဘောထားကိုနားလည်ရန် မဖြစ်နိုင်ကြောင်းကိုလည်း နားလည်သွားခဲ့သည်။ရှောင်ယုသည် အချိန်အများစုတွင် သူလိုချင်သည့်ရလဒ်များကိုရရှိရန်အတွက် သတ်မှတ်ထားသည့်စည်းမျည်းများကို လိုက်နာခြင်းမပြုသော်လည်း မမျှော်လင့်ထားသောနည်းလမ်းများကိုအသုံးပြုလေ့ရှိသည်။
ထို့ကြောင့် ထို့ပါဟောင်သည် ရှောင်ယုကိုမတားဆီးခဲ့ပေ။ရှောင်ယုသည် လီအာကိုကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။
"ငါ့ကိုအဲ့ဒါပေး..."
လီအာက သူ့ကိုပြန်ကြည့်လိုက်သည်။
"ဘာပေးရမှာလဲ"
ရှောင်ယုက အလျင်လိုနေသည့်လေသံဖြင့်ပြောလိုက်သည်။
"ကစားနေတာက်ိုရပ်လိုက်...ဒါမှမဟုတ်ရင် နောက်မှမင်းနဲ့အတူကစားပေးမယ်"
"မင်းငါ့ကိုကျီစားရဲရင် မင်းကိုလူသိရှင်ကြားနာမည်ကြီးသွားအောင် ငါသေချာလုပ်ပေးမယ်...မင်းကိုငါသတိပေးထားပြီးပြီ"
ရှောင်ယုသည် သူမ၏ယခင်ခြိမ်းခြောက်မှုမှ စကားလုံးတစ်လုံးကိုမှ ဂရုမစိုက်ကြောင်းတွေ့မြင်လိုက်သောအခါ လီအာသည်အလွန်ဒေါသထွက်သွားခဲ့သည်။
"ငါကမင်းကိုဂရုစိုက်တယ်လို့ထင်နေတာလား...ငါ့ကိုဒီပစ္စည်းမပေးရင် မင်းပါဒုက္ခရောက်သွားလိမ့်မယ်"
ရှောင်ယုက ခြိမ်းခြောက်လိုက်သည်။
"ဒီတစ်ခေါက်တော့ မင်းကိုငါကူညီပေးမယ်...ဒါပေမဲ့ငါ့ကိုနောက်ပြောင်နေတာရပ်လိုက်တော့"
ယခုအခါ ရှောင်ယုကိုသူမကူညီရမည်ဖြစ်ကြောင်း လီအာနားလည်သွားခဲ့သည်။အကယ်၍ သူမသာမကူညီပါက ယနေ့အမှားသည် အနာဂတ်၌သူမပယ်ဖျက်၍မရနိုင်သော အမည်းစက်ကြီးတစ်ခုဖြစ်သွားနိုင်ကြောင်း လီအာခံစားမိနေခဲ့သည်။ထို့ပြင် မက်မွန်ပန်းအား ပါထျန်းမင်အပေါ်အသုံးပြုပြီးနောက်တွင် မည်သို့မည်ပုံတုံ့ပြန်မည်ကို သူမတွေ့မြင်ချင်သေးသည်။
ထို့ပြင် ပါထျန်းမင်သာ မက်မွန်းပန်းကဲ့သို့ဆေးတစ်မျိုးကို အသုံးပြုပြီးနောက်တွင် သူ၏စစ်သားများအရှေ့၌ ရယ်မောဖွယ်တစ်ခုအဖြစ် အဆုံးသတ်သွားတော့မှာဖြစ်သည်။
လီအာသည် ရှောင်ယုအားပုလင်းငယ်တစ်ခုကို လက်လွဲပေးလိုက်သည်။
"ဒါကိုဘယ်လ်ိုသုံးရမလဲ...ဒီဆေးကငါ့အပေါ်သက်ရောက်မှုမရှိအောင်လို့ ငါဘယ်လိုကာကွယ်ရမလဲ"
ရှောင်ယုသည် အလျင်စလိုမေးမြန်းလိုက်သည်။အကယ်၍ သူသာမှားယွင်းစွာအသုံးပြုမိပါက သူနှင့်ပါထျန်းမင်အကြား တိုက်ပွဲတစ်ခုဖြစ်ပွားသွားမည်ဖြစ်သည်။
"အကောင်းဆုံးနည်းလမ်းကတော့ ရှုသွင်းလိုက်တာပဲ...ဒါကိုအရေပြားအပေါ်လောင်းချနိုင်ပေမဲ့ ပြင်းထန်တဲ့အာနိသင်ကိုရမှာမဟုတ်ဘူး...အကောင်းဆုံးကတော့ ဒီဆေးရဲ့အစက်လေးတစ်စက်ကို အသုံးပြုမယ့်သူ့ရဲ့နှာခေါင်းအောက်မှာထားပြီးတော့ ရှုသွင်းခိုင်းလိုက်...ပုလင်းထဲကနေ အရည်လေးတစ်စက်ထွက်လာတာနဲ့အငွေ့အဖြစ်ချက်ချင်းပြောင်းသွားလိမ့်မယ်...အဲ့ဒါကိုမရှုမိအောင်လို့သတိထားပါ...ဒါကရေမွှေးလိုမျိုး နည်းနည်းလေးမွှေးကြိုင်တဲ့အနံ့ရှိပေမဲ့ ထူးထူးခြားခြားအနံ့မျိုးမဟုတ်ဘူး...လူအများစုကသူတို့ဘာဖြစ်သွားမှန်းတောင်သိမှာမဟုတ်ဘူး"
လီအာက အလျင်အမြန်ရှင်းပြလိုက်သည်။
ရှောင်ယုသည် နားထောင်ရင်း ခေါင်းညိတ်ပြလိုက်သည်။အမှန်တော့ သားရဲများကသာ သူတို့၏သားကောင်အပေါ် ဤဆေးကိုသတိမထားမိအောင်အသုံးပြုနိုင်ပေသည်။
"ဒါကိုနည်းနည်းပဲသုံး...ဒါကအရမ်းအစွမ်းထက်တယ်"
လီအာက ထပ်မံသတိပေးလိုက်သည်။
ရှောင်ယုသည် လီအာ၏သတိပေးစကားကို ဂရုမစိုက်ပေ။
"စိတ်မပူပါနဲ့...ငါဘာလုပ်နေတာလဲဆိုတာ ငါသိတယ်"
ထို့နောက် ရှောင်ယုသည် ဂရုမစိုက်သည့်ဟန်ပန်ဖြင့် နံရံပေါ်မှနေ၍ခုန်ဆင်းလာခဲ့ကာ ကြောက်ရွံ့မှုမရှိဘဲ ပါထျန်းမင်ထံလျှောက်လာခဲ့သည်။တစ်ချိန်တည်းမှာပင် ပါထျန်းမင်ကရေရွတ်လိုက်သည်။
"ဒီကလေးက သိပ်ပြီးမသန်မာဘူး...ဒါပေမဲ့လှည့်ကွက်တွေထုတ်သုံးလာမှာသေချာတယ်..ဒါပေမဲ့ ငါသာတိုက်ခိုက်ပြီးလို့ ဒီကောင်လေးကိုအနိုင်ယူလိုက်ရင်တောင်မှ ဝူဟယ်မြို့ကလက်နက်မချဘူးဆိုရင် နည်းနည်းတော့ပြဿနာတက်မှာပဲ...ဘာပဲဖြစ်ဖြစ်ဒီကောင်လေးထုတ်သုံးမယ့် လှည့်ကွက်တွေကို ငါတော်တော်လေးသတိထားရမယ်"
ပါထျန်းမင်သည် ရှောင်ယုအားလှမ်းကြည့်နေစဉ် ရှောင်ယုကလည်း သူ့အားသူလျှိုတစ်ယောက်လို စိုက်ကြည့်နေခဲ့သည်။
"မင်းရဲ့သူငယ်ချင်းက မင်းရှုံးမယ်ဆိုရင် အရှုံးပေးမှာသေချာလား...ငါကမင်းရဲ့စကားကိုအတည်ယူလို့ရတာသေချာလား"
ရှောင်ယုက သူ၏မေးစေ့ကိုပင့်မြှောက်ထားလိုက်သည်။
"ဒါပေါ့...မင်းမကျေနပ်ရင် ထို့ပါဟောင်ကိုမေးလို့ရတယ်...ငါတို့ကသူငယ်ချင်းတွေပဲ...ငါကအရှုံးပေးတယ်လို့ပြောရင် သူတကယ်လက်နက်ချလိမ့်မယ်"
ပါထျန်းမင်သည် ထို့ပါဟောင်အား လှမ်းကြည့်လိုက်သည်။
"ထို့ပါဟောင်...ဒီကောင်လေးရဲ့စကားကိုမင်းကြားတယ်မလား...သူရှံးရင်မင်းတကယ်လက်နက်ချမှာလား"
ထို့ပါဟောင်သည် အပြုံးမပျက်ပြန်ဖြေလိုက်သည်။
"သူကငါ့ညီပဲ...သူ့ရဲ့နှုတ်ထွက်စကားကငါ့စကားအတိုင်းပဲ...သူသာတကယ်ရှုံးရင်ငါလက်နက်ချမယ်"
"ကောင်းပြီ...ငါမင်းကိုယုံတယ်"
ပါထျန်းမင်သည် လက်သီးဆုပ်လိုက်ပြီး ရှောင်ယုအားလျင်မြန်စွာဖယ်ရှားပစ်ရန် ကြံစည်လိုက်သည်။သူသည်မြင်းပေါ်မှခုန်ဆင်းလိုက်ပြီး ကီလိုဂရမ်၃၀၀လေးသောသူ၏လက်နက်ကို ထုတ်ဖော်လိုက်သည်။
ထိုလက်နက်ကိုမြင်သောအခါ ရှောင်ယု၏မေးစေ့သည် အောက်သို့ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့သည်။
"သေစမ်း...အဲ့ဒါက မရပ်တန့်နိုင်တဲ့စွမ်းအား မဟုတ်ဘူးလား.."
ပါထျန်းမင်၏တင်းပုတ်သည် အနက်ရောင်အော်ရာများကို ထုတ်ဖော်လျက်ရှိသည်။ထိုတင်းပုတ်၏ထိပ်ခေါင်းကို ချွန်ထက်သောအချွန်အတက်များပါဝင်သည့် ဝက်ခေါင်းပုံစံဖြင့်ထွင်းထုထားခဲ့သည်။ရှောင်ယုသည် ဤတင်းပုတ်နှင့်များစွာစိမ်းကားနေခြင်းမရှိပေ။၎င်းသည် ဆန်းကြယ်ပုဆိန်နှင့်အတူတူပင်ဖြစ်သည်။ဤလက်နက်ကိုစစ်မြေပြင်၌ အသုံးပြုခဲ့ပြီးနောက်တွင် သွေးအများအပြားစွန်းထင်းခဲ့ရသည်။ဤလက်နက်သည် ရန်သူများစွာ၏အသက်ကိုအလွယ်တကူနှုတ်ယူနိုင်ခဲ့သည်။ပါထျန်းမင်သည် ဤလက်နက်ကိုမည်သို့ရရှိခဲ့ကြောင်း ရှောင်ယုမသိသေးပေ။
သူသည် ပါထျန်းမင်ကိုလျော့တွက်မိလိုက်၍ ရှောင်ယုသည်သူ၏နှာခေါင်းကိုပွတ်လိုက်မိသည်။ရှောင်ယုသည် ဤမျှအစွမ်းထက်သောလက်နက်တစ်ခုကို ကိုင်ဆောင်ထားသည့် ပဥ္စမအဆင့်သူရဲကောင်းတစ်ယောက်အား အနိုင်ယူရန်လုံးဝမဖြစ်နိုင်ပေ။ရှောင်ယုသည် ယခုအချိန်တွင် ပါထျန်းမင်နှင့်လှည့်ပတ်ကစားရန်အာရုံစိုက်နေပြီး ထိုလူ၏နှာခေါင်းအောက်၌ မက်မွန်းပန်းကိုအသုံးပြုရန် နည်းလမ်းရှာနေခဲ့သည်။
"ငါတို့နောက်ထပ်လောင်းကြေးတစ်ခုလောက် ထပ်ထည့်ရအောင်...ငါသာဒီတိုက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် မင်းလက်ထဲကတင်းပုတ်ကို ငါယူမယ်"
ရှောင်ယုသည် ရန်သူ၏လက်ထဲတွင် ထိုသို့သောလက်နက်တစ်ခုအား မြင်တွေ့လိုက်ချိန်၌ အမှန်ပင်လိုချင်နေခဲ့သည်။
"အိုး...မင်းကငါ့လက်နက်ကိုလိုချင်နေတာလား...ဒီလက်နက်က ဘယ်လောက်ထိတန်ဖိုးကြီးတယ်ဆိုတာ...မင်းသိတယ်မလား....လူတစ်ချို့ကငါ့ကိုမျိုးနွယ်တစ်ခုစာတန်ဖိုးပေးပြီး လဲလှယ်ဖို့တောင်ကြိုးစားခဲ့တယ်... "
ပါထျန်းမင်သည် သူ၏လက်နက်အပေါ် အလွန်ဂုဏ်ယူနေကြောင်းတွေ့မြင်နိုင်သည်။သူသည် ဤမဟာလက်နက်ကိုအသုံးပြုကာ စစ်မြေပြင်၌မရေမတွက်နိုင်သောလူများကို သတ်ဖြတ်နိုင်ခဲ့သည်။သူ၏တင်းပုတ်တစ်ချက်ကို ခံနိုင်ရည်ရှိသောရန်သူအား သူမတွေ့ဖူးခဲ့ပေ။
ရှောင်ယုသည် ဆန်းကြယ်ပုဆိန်အား ထုတ်ပြလိုက်သည်။
"မင်းက တော်တော်ဂုဏ်မောက်နေတာပဲ...ဒီဟာကဆန်းကြယ်ပုဆိန်ပဲ..မင်းကဒီလက်နက်အကြောင်းကိုကြားဖူးတယ်မလား...မင်းရဲ့လက်နက်ဟာ စွမ်းအားနဲ့ကျော်ကြားမှုအပိုင်းမှာ ငါ့ရဲ့လက်နက်နဲ့ကောင်းကောင်းယှဉ်နိုင်တယ်...မင်းသာနိုင်ခဲ့ရင် မင်းကိုဆန်းကြယ်ပုဆိန်ပေးလိုက်မယ်"
ရှောင်ယုသည် ဆန်းကြယ်ပုဆိန်အား မြေကြီးနှင့်ပြင်းထန်စွာရိုက်ခတ်လိုက်သည်။ထိုအခါ လှိုင်းလုံးကြီးတစ်ခုက မြေပြင်ပေါ်ထွက်ပေါ်လာကာ တွင်းပေါက်ကြီးတစ်ခုကိုဖြစ်ပေါ်စေခဲ့သည်။
"အိုး.."
ပါထျန်းမင်သည် ဆန်းကြယ်ပုဆိန်၏စွမ်းအားကို တွေ့မြင်ချိန်၌ အံ့သြတကြီးရေရွတ်လိုက်သည်။ထိုလက်နက်သည် သူ၏မရပ်တန့်နိုင်သောစွမ်းအားထက် မနိမ့်ကျပေ။ပါထျန်းမင်သည် ရှောင်ယု၏လက်နက်ကိုရယူရန် သွေးဆောင်ခံလိုက်ရသည်။
"အဲ့ဒီဆန်းကြယ်ပုဆိန်က ရှေးခေတ်စစ်သည်တော်တွေအတွက် အထူးထုတ်လုပ်ထားတာမလား..."
ပါထျန်းမင်သည် မှော်ကွန်းဝင်အဆင့်လက်နက်များနှင့်စိမ်းကားနေခြင်းမရှိပေ။ဆန်းကြယ်ပုဆိန်သည် ရှေးခေတ်အချိန်ကပင် နာမည်ကြီးလက်နက်တစ်ခုဖြစ်သည်။
ရှောင်ယုသည် ပြုံးပြလိုက်သည်။
"ဟုတ်တယ်...ငါကဒီလက်နက်ကိုရှေးဟောင်းမြို့တစ်ခုမှာ ရှာတွေ့ခဲ့တယ် မင်းဘာပြောချင်လဲ"
"မင်းကငါ့ရဲ့အိမ်တံခါးကို ကိုယ်တိုင်လာခေါက်မှတော့ ငါလည်းမငြင်းတော့ပါဘူး"
ပါထျန်းမင်သည် ရှောင်ယု၏လောင်းကြေးကိုလက်ခံလိုက်သည်။
အခန်း ၂၆၃ - ဆေးမိသွားခြင်း
"မင်းကပဥ္စမအဆင့်သူရဲကောင်းတစ်ယောက်ဆိုတိုင်း မင်းကိုယ်မင်းမရှုံးနိမ့်နိုင်ဘူးလို့ ထင်နေတာလား..."
"ငါ့ကိုအထင်သေးဖို့မစဉ်းစားနဲ့ ငါကဓားသခင်ဂရင်းရဲ့ဓားပညာ...အလင်းသယ်ဆောင်သူအူသာရဲ့ သန့်ရှင်းသောအလင်း...မှော်ကဝေအန်တိုနီဒက်စ်ရဲ့ မှော်ပညာတို့ကိုအမွေဆက်ခံခဲ့တယ်...ငါ့ကိုအနိုင်ယူနိုင်မယ့်သူကခုထိမမွေးဖွားသေးဘူး"
ရှောင်ယုက သူ့ကိုယ်သူအမွန်းတင်လိုက်သည်။
ရှောင်ယုသည် လိမ်ညာပြောဆိုနေခြင်းမဟုတ်သော်လည်း ပါထျန်းမင်သည်ရှောင်ယု၏စကားကိုကြားချိန်တွင် ရယ်မောနေခဲ့သည်။ရှောင်ယု၏စကားများသည် ပါထျန်းမင်အတွက်ဟာသတစ်ခုလိုဖြစ်နေခဲ့သည်။
"ဒါပဲလား...မင်းကဒီလောက်နဲ့ ငါ့ကိုစိန်ခေါ်ဝံ့တယ်ဆိုတော့ မင်းရဲ့ဘောတွေကိုဒီကိုသယ်လာခဲ့...မင်းဘာတွေတတ်မြောက်ထားသလဲဆိုတာ ငါ့ကိုပြစမ်းပါ"
ပါထျန်းမင်က စိန်ခေါ်လိုက်သည်။
ရှောင်ယုသည် ဆန်းကြယ်ပုဆိန်အားဝှေ့ယမ်းလ်ိုက်ပြီး ပါထျန်းမင်ကိုစိုက်ကြည့်လိုက်သည်။သူသည် ဘရုစလီ၏ဟန်ပန်ကိုအတုယူကာ သူ၏နှာခေါင်းကိုလက်မဖြင့်ပွတ်၍ စိန်ခေါ်လိုက်သည်။
"ငါ့ဆီလာခဲ့စမ်းပါ...မင်းကိုအရှေ့တိုင်းနဂါးရဲ့ခွန်အားကိုပြလိုက်မယ်"
ပါထျန်းမင်သည် တင်းပုတ်ကိုဆွဲကိုင်ရင်း ရှောင်ယုထံသ်ို့ဖြေးညင်းစွာလျှောက်လမ်းလာခဲ့သည်။သူသည် ရှောင်ယုကိုအနိုင်ယူရန် လုံလောက်သောခွန်အားကိုပိုင်ဆိုင်ထားကြောင်း ပါထျန်းမင်နားလည်ထားသော်လည်း သူ၏ပြိုင်ဘက်ကိုပေါ့ပေါ့တန်တန်သဘောမထားခဲ့ပေ။သူသည် မရေမတွက်နိုင်သောတိုက်ပွဲများကိုရင်ဆိုင်ခဲ့ဖူးပြီဖြစ်ရာ အောင်ပွဲကိုရယူနိုင်ရန်အတွက် ရန်သူအားအချိန်ပြည့်သတိထားနေရမည်ဖြစ်ကြောင်း နားလည်ထားသည်။
ပါထျန်းမင်သည် သူ့ဆီသို့တစ်လှမ်းချင်းလျောက်လှမ်းလာသော်လည်း ရှောင်ယုသည်မလှုပ်ရှားသေးပေ။သူသည် အလျင်စလိုမတိုက်ခိုက်ဘဲ ပါထျန်းမင်အားဆက်လက်ရန်စနေခဲ့သည်။
...
...
ပါထျန်းမင်သည် ရှောင်ယုနှင့်ဆယ်မီတာခန့်အကွာသို့ရောက်သည့်အခါ လျင်မြန်စွာစတင်တိုက်ခိုက်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်ယု၏ရှေ့၌ထွက်ပေါ်လာခဲ့သည်။ပါထျန်းမင်ထုတ်ဖော်ခဲ့သည့် အမြန်နှုန်းသည် ရှောင်ယုတစ်ယောက် လုံးဝမယှဉ်နိုင်သည့် အဆင့်တစ်ခု၌ရှိနေခဲ့သည်။အမှန်တွင် ဂရင်းနှင့်ခိုင်ရင်းတို့၏ခွန်အားနှင့်အမြန်နှုန်းသည်ပင် ပါထျန်းမင်ထက်များစွာနိမ့်ကျနေပေသည်။
ဘန်း...
မရပ်တန့်နိုင်သောစွမ်းအားသည် မြေပြင်ကိုဖြိုခွဲလိုက်ကာ ၈၀စင်တီမီတာအနက်ရှိသည့် တွင်းကြီးတစ်ခုသည် နဂိုရှောင်ယုရပ်နေသောနေရာ၌ ထွက်ပေါ်လာခဲ့သည်။ထိုကဲ့သို့တိုက်ခိုက်မှုတစ်ခုကို တောင့်ခံနိုင်မည့်သူများစွာမရှိပေ။အဘယ်ကြောင့်ဆိုသော် ပါထျန်းမင်သည် ပဥ္စမအဆင့်သူရဲကောင်းတစ်ယောက်ဖြစ်သည့်အပြင် မရပ်တန့်နိုင်သောစွမ်းအား၏ သက်ရောက်မှုကိုပါထည့်ပေါင်းလိုက်လျှင် ယခုလိုပြင်းထန်စွာတိုက်ခိုက်နိုင်ခြင်းဖြစ်သည်။မရပ်တန့်နိုင်သောစွမ်းအားသည် အစွမ်းထက်သူရဲကောင်းတစ်ယောက်၏လက်ထဲတွင် ပိုမို၍အစွမ်းထုတ်ပြနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေ ပါထျန်းမင်က စတင်တိုက်ခိုက်လိုက်သည်နှင့် ရှောင်ယု၏ခန္ဓာကိုယ်သည် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
ပါထျန်းမင်သည် ရှောင်ယုရုတ်တရက်ပျောက်ကွယ်သွားသည်ကို တွေ့မြင်လိုက်ချိန်တွင် သူ့စိတ်ထဲ၌အတွေးများစွာဖြတ်ပြေးသွားခဲ့သည်။ထို့နောက် ချက်ချင်းပင်သူ၏ခန္ဓာကိုယ်သည် ရှေ့သို့ကိုင်းသွားပြီး ကျားသစ်တစ်ကောင်လိုပြေးထွက်သွားခဲ့သည်။
ပါထျန်းမင်ရွေ့လျားသွားသည့်အခိုက်အတန့်၌ ကြီးမားသောလှိုင်းလုံးကြီးတစ်ခုသည် မြေပြင်ကိုလာရောက်ရိုက်ခတ်ခဲ့သည်။ရှောင်ယုသည် ထိုတိုက်ခိုက်မှုအားပြုလုပ်ခဲ့သူဖြစ်ကာ ဆန်းကြယ်ပုဆိန်၏အစွမ်းကြောင့် သူပြုလုပ်လိုက်သောတိုက်ခိုက်မှုသည် ပါထျန်းမင်ကဲ့သို့ပဥ္စမအဆင့်သူရဲကောင်းကိုပင် နှစ်ခြမ်းခွဲပစ်နိုင်သည်။မည်သို့ပင်ဆိုစေကာမူ ပါထျန်းမင်သည် မည်သည့်အမှားကိုမှမပြုလုပ်ခဲ့ဘဲ တိုက်ခိုက်မှုမှလွတ်မြောက်သွားခဲ့သည်။
ရှောင်ယုသည် ယခင်ကလည်း ပဥ္စမအဆင့်သူရဲကောင်းတစ်ဦးနှင့် ရင်ဆိုင်တိုက်ခိုက်ဖူးသည်။သို့သော်လည်း သူသည်၎င်းကိုသတ်ဖြတ်ရန်အတွက် မှော်စာလိပ်များနှင့်အကြီးစားလှံပစ်စက်များကို အသုံးပြုခဲ့ရသည်။အမှန်တော့ သူ့အားဂရင်းနှင့်ခိုင်ရင်းတို့မှကူညီခဲ့လျှင်ပင် သူသည်ပဥ္စမအဆင့်သူရဲကောင်းတစ်ဦးကို ရင်ဆိုင်တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
ရုတ်တရက်ကြည့်မည်ဆိုပါက ပဥ္စမအဆင့်သူရဲကောင်းတစ်ဦးသည် စတုတ္ထအဆင့်သူရဲကောင်းထက် အဆင့်၁ဆင့်သာမြင့်သည်ဟုထင်ရသော်လည်း ခွန်အားကွာဟမှုအပိုင်း၌ ဆယ်ဆမကသာလွန်ပေသည်။
"ဒီကောင်လေးက ဘယ်လိုသိုင်းပညာကိုထုတ်သုံးလိုက်တာလဲ...သူကရုတ်တရက်ပျောက်ကွယ်သွားပြီးတော့ ငါ့နောက်မှာပေါ်လာတယ်...ဒါကဘယ်လိုဖြစ်နိုင်မှာလဲ...ဒါကသိုင်းပညာမဟုတ်ရင် မှော်ပညာလား...ဒါပေမဲ့စွမ်းအင်အတက်အကျမရှိဘူး"
ပါထျန်းမင်သည် အခြေအနေအားလျင်မြန်စွာခွဲခြမ်းစိတ်ဖြာပြီးနောက် ရှောင်ယုသည် သိုင်းပညာကိုအသုံးမပြုခဲ့သော်လည်း အာကာသမှော်ပညာကိုထုတ်သုံးခဲ့ကြောင်း နားလည်လိုက်သည်။သူသည် ရှောင်ယု၏အလစ်ဖမ်းတိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ခဲ့သော်လည်း ပါထျန်းမင်သည် တုန်လှုပ်သွားခဲ့ရသည်။
သူသည်နောက်သို့အမြန်လှည့်ကာ ရှောင်ယု၏မျက်လုံးများကိုစိုက်ကြည့်လိုက်သည်။ရှောင်ယုသည် သူ့အားစိန်ခေါ်ဝံ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။ရှောင်ယုသည် သူရဲကောင်းတစ်ယောက်သာမဟုတ်ပဲ နှစ်ထပ်ကွမ်းလေ့ကျင့်သူဖြစ်ကြောင်း သူနားလည်လိုက်သည်။ထို့ပြင်ရှောင်ယုသည် မှော်ပညာများအနက် အခက်ခဲဆုံးမှော်ဖြစ်သည့် အာကာသမှော်ကိုအသုံးပြုနိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ပါထျန်းမင်သည်ကြောက်ရွံ့မှုလုံးဝမရှိပေ။အဆုံးသတ်တွင် သူတို့နှစ်ယောက်ကြားမှ ခွန်အားကွာဟချက်သည်အလွန်များပြားနေခဲ့သည်။ရှောင်ယုသည် တည်နေရာရွေ့ပြောင်းခြင်း၏အကူအညီဖြင့်ပင် ထိုကွာဟချက်ကိုမပိတ်ဆို့နိုင်ပေ။
ရွှီး...
ပါထျန်းမင်၏နောက်တွင် နောက်ချန်အရိပ်များထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်ကစတင်လှုပ်ရှားလာခဲ့သည်။မရပ်တန့်နိုင်သောစွမ်းအားသည် ရှောင်ယု၏ရှေ့တည့်တည့်၌ထပ်မံထွက်ပေါ်လာသည်။မူလက ပါထျန်းမင်သည် ရှောင်ယုအားအသက်ရှင်လျက်ထားရန် မစီစဉ်ထားသော်လည်း ယခုအခါသူ၏ဆုံးဖြတ်ချက်သည် ပိုမိုခိုင်မာလာခဲ့သည်။ရှောင်ယုသည် ကျားပေါက်လေးတစ်ကောင်ဖြစ်ပြီး အနာဂတ်၌ရှောင်ယုလိုအစွမ်းထက်သောရန်သူတစ်ယောက်ကို ဆက်လက်အသက်ရှင်သန်ခိုင်းရန် သူခွင့်မပြုနိုင်ပေ။
ဘန်း..ဗုံး
ရှောင်ယုသည် ပါထျန်းမင်၏တိုက်ခိုက်မှုမှန်သမျှကို ကပ်သီလေးရှောင်တိမ်းနေခဲ့သည်။သို့သော်ယခုတစ်ကြိမ်၌ သူသည်တည်နေရာရွေ့ပြောင်းခြင်းကိုအသုံးမပြုခဲ့ဘဲ သူရဲကောင်းဆန်စွာခုန်လွှားခြင်းက်ိုအသုံးပြုခဲ့သည်။သူ၏ခန္ဓာကိုယ်သည် ဆယ်မီတာအကွာသို့ခုန်ရွေ့ရန်အတွက် အတွေးတစ်ချက်သာလိုအပ်ပေသည်။ပါထျန်းမင်သည်လည်း လက်မလျော့ဘဲ ရှောင်ယုနောက်သို့ဆက်တိုက်တိုက်ခိုက်နေခဲ့သည်။ရှောင်ယုသည် အခြားမည်သည့်ထူးခြားသောကျွမ်းကျင်မှုများအား ထုတ်သုံးမည်ကိုသူမြင်တွေ့ချင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ရှောင်ယုသည် ပါထျန်းမင်၏တိုက်ခိုက်မှုများအား အချိန်ပြည့်ရှောင်တိမ်းနေရသည်။သူသည် ပါထျန်းမင်အားမျက်နှာချင်းဆိုင်မတိုက်ခိုက်လိုပေ။ရံဖန်ရံခါတွင် ရှောင်ယုသည် ကိုယ်ယောင်ဖျောက်ကာ ပါထျန်းမင်၏နောက်တွင်ရုတ်တရက်ပေါ်လာခဲ့ပြီး အန္တိမခုတ်ပိုင်းချက်ကိုအသုံးပြုကာ တိုက်ခိုက်ခဲ့သည်။သို့သော်လည်း ရှောင်ယု၏တိုက်ခိုက်မှုမှန်သမျှသည် မအောင်မြင်ခဲ့ဘဲ ဆက်လက်ရှောင်တိမ်းနေရသည်။
"ကိုယ်ယောင်ဖျောက်တာလား...သူကလုပ်ကြံသူတွေရဲ့ကျွမ်းကျင်မှုကိုတောင် သင်ယူနိုင်ခဲ့တာလား"
ပါထျန်းမင်သည် အလွန်အံ့သြသွားကာ ရှောင်ယုအားသရဲတစ်ကောင်အားကြည့်နေသလို စိုက်ကြည့်လိုက်သည်။ထိုအချိန်တွင် သူ၏တင်းပုတ်သည် ရှောင်ယု၏ဝတ်ရုံအနားသို့ပွတ်တိုက်မိသွားသည်။ပုံမှန်အားဖြင့်ဆိုလျှင် ထိုကဲ့သို့ထိခိုက်မှုတစ်ခုသည် ရှောင်ယုအားထိခိုက်နာကျင်စေမည်ဖြစ်သော်လည်း ထိုခဏ၌ရွှေရောင်အလင်းတစ်ခုထွက်ပေါ်လာကာ ရှောင်ယုအားဒိုင်းတစ်ခုလို ကာကွယ်ပေးလိုက်သည်။
"ဒါက...ဘုရားကျောင်းအကာအကွယ်မလား..."
ပါလာဒင်များ၏ကျွမ်းကျင်မှုသည် တိမ်မြုပ်ပျောက်ကွယ်နေသော်လည်း ပါထျန်းမင်သည်ထိုကျွမ်းကျင်မှုကို မှတ်မိနေသေးသည်။
"ဒီလောက်ထူးဆန်းတဲ့ကျွမ်းကျင်မှုတွေကို သူဘယ်လိုသိထားတာလဲ..."
တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်နှင့်အမျှ ပါထျန်းမင်သည်ပို၍ပို၍တုန်လှုပ်လာခဲ့သည်။
"ကောင်လေး...မင်းကငါ့ကိုအနိုင်ယူနိုင်မယ်လို့ထင်နေတာလား..."
ပါထျန်းမင်သည် ကျယ်လောင်စွာအော်ဟစ်လိုက်ရာ သူ၏ခန္ဓာကိုယ်အားအလင်းရောင်တစ်ခုက ဖုံးလွှမ်းသွားသည်။ယခုအချိန်၌ သူသည်ကောင်းကင်ပေါ်မှဆင်းသက်လာသည့် နတ်တစ်ပါးကဲ့သို့ဖြစ်နေသည်။ပါထျန်းမင်သည် ရှောင်ယုဘက်သို့ဦးတည်ကာ မရပ်တန့်နိုင်သောစွမ်းအားကို ပြင်းထန်စွာဝှေ့ယမ်းလိုက်သည်။
ရှောင်ယုသည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားမိသည့်အတွက် လေပွေကျွမ်းကျင်မှုကို ချက်ချင်းထုတ်ဖော်လိုက်ကာ ပါထျန်းမင်တစ်ယောက် တိုက်ခိုက်မှုမပြုလုပ်နိုင်ရန်အတွက် နေရာလွတ်များကိုပိတ်ဆို့လိုက်သည်။
ဘန်း...
ပါထျန်းမင်၏လက်နက်သည် လျင်မြန်စွာလှည့်ပတ်နေသော ရှောင်ယု၏ဆန်းကြယ်ပုဆိန်နှင့် ပြင်းထန်စွာထိရိုက်မိသွားခဲ့သည်။လေပွေကျွမ်းကျင်မှုအား အသက်သွင်းထားသောကြောင့် ရှောင်ယု၏ပတ်ဝန်းကျင်ရှိ ထောင့်စွန်းများအားလုံးကို ဆန်းကြယ်ပုဆိန်၏ချွန်ထက်သောပုဆိန်သွားက ဖုံးအုပ်ထားခဲ့သော်လည်း ပါထျန်းမင်သည်ရက်စက်ကြမ်းတမ်းသောခွန်အားကို အမှီပြုကာ ပိတ်ဆို့မှုကိုဖောက်ထွင်းခဲ့သည်။ထို့ကြောင့် ရှောင်ယု၏ခန္ဓာကိုယ်သည် လွှင့်ထွက်သွားခဲ့ရသည်။
"မင်းအမေပဲ...ကံကောင်းလို့ ငါ့ရဲ့ခန္ဓာကိုယ်ကိုကာကွယ်ဖို့အတွက် ဘုရားကျောင်းအကာအကွယ်ကိုထုတ်ဖော်မိထားတာပဲ...အဲလိုမှမဟုတ်ရင် ငါသေရင်သေ မသေရင်ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားလိမ့်မယ်.."
ရှောင်ယုသည် နာကျင်မှုကိုအံကြိတ်ခံ၍ လျင်မြန်စွာမတ်တပ်ထရပ်လိုက်ကာ လေလမ်းလျှောက်ခြင်းကိုအသုံးပြု၍ ကိုယ်ယောင်ဖျောက်နေလိုက်သည်။
ပါထျန်းမင်သည် ရှောင်ယုအားနောက်ထပ်တစ်ကြိမ် မတွေ့မြင်ရတော့ပေ။သူသည် ရှောင်ယု၏တည်နေရာကိုသဲလွန်စရှာမတွေ့၍ လှည့်ပတ်တိုက်ခိုက်မနေဘဲ တစ်နေရာတည်း၌ရပ်နေလိုက်သည်။
"ကောင်လေး...မင်းတော့သေပြီသာမှတ်"
ပါထျန်းမင်သည် မရပ်တန့်နိုင်သောစွမ်းအားကို ဝှေ့ယမ်း၍အော်ဟစ်လိုက်သည်။သို့သော်သူ၏တိုက်ခိုက်မှုသည် ရှောင်ယုအားမထိမှန်ခဲ့ပေ။မည်သို့ပင်ဆိုစေ ကြွေထည်အချို့ပြုတ်ကျသံထွက်ပေါ်လာခဲ့ပြီးနောက် အမွှေးရနံ့တစ်ခုထွက်ပေါ်လာခဲ့သည်။ပါထျန်းမင်သည် မရပ်တန့်နိုင်သောစွမ်းအား၏ဝှေ့ယမ်းမှုကြောင့် ရှောင်ယု၏ကိုယ်ပေါ်ဆောင်ထားသော ရေမွှေးပုလင်းပြုတ်ကျသည်ဟုထင်ကာ များစွာဂရုမစိုက်ခဲ့ပေ။ပါထျန်းမင်သည် သူ၏တိုက်ခိုက်မှုက ရှောင်ယုကိုထိမှန်ရန်နီးစပ်ခဲ့သည်ဟု ယူဆလိုက်မိသည်။
သို့သော်ရှောင်ယုသည် အဝေးတစ်နေရာ၌ရပ်ကာ သူ့အားပြုံးပြုံးကြီးစိုက်ကြည့်နေကြောင်း ပါထျန်းမင်မသိခဲ့ပေ။
"ထွက်လာခဲ့စမ်း...မင်းကငါ့ကိုဒီလိုလှည့်ကွက်လေးတွေနဲ့ အနိုင်ယူလို့ရမယ်လို့ထင်နေတာလား..."
ပါထျန်းမင်သည် အောင်ပွဲကိုဆုပ်ကိုင်မိထားပြီဟု ယုံကြည်လိုက်သည်။သူသည်ရှောင်ယုအားဖိနှိပ်ရန် အရာအားလုံးကိုလုပ်ဆောင်နိုင်ခဲ့ကာ နောက်ဆုံးထိုးနှက်ချက်တစ်ခုကိုသာပြုလုပ်ရန်လိုအပ်လာခဲ့သည်။သူသည်ရှောင်ယုအားအနိုင်ယူရန် အချိန်တစ်ခုသာလိုအပ်ပေသည်။
"ဗိုလ်ချုပ်...ရေမွှေးကဘယ်လ်ိုနေလဲ"
ရှောင်ယုက ရယ်မောရင်းမေးမြန်းလိုက်သည်။
ပါထျန်းမင်သည် အသံကြားရာဘက်သို့လှည့်ကြည့်လိုက်ရာ ရှောင်ယုပြုံးနေသည်ကို တွေ့လိုက်ရသည်။
"မင်းရဲ့ရေမွှေးကတော့ နှမြောစရာဖြစ်သွားပြီ"
ရှောင်ယုသည် ပါထျန်းမင်အားသရော်လှောင်ပြောင်လိုက်သည်။
"ဒီရေမွှေးပုလင်းက ဗိုလ်ချုပ်အတွက်ငါ့ရဲ့လက်ဆောင်ပဲ"
"လက်ဆောင်ဟုတ်လား..."
ပါထျန်းမင်သည် ရှောင်ယု၏စကားကိုရုတ်တရက်နားမလည်ခဲ့ပေ။သို့သော်လည်း သူ၏ခန္ဓာကိုယ်အတွင်းမှ ချင်ဆီများဆက်တိုက်ပေါက်ကွဲသကဲ့သို့ ပြင်းထန်သောအပူရှိန်ကတိုးထွက်လာ၍ သူ၏ခံစားချက်ကိုမထိန်းနိုင်တော့ပေ။
"မင်း...မင်း"
ပါထျန်းမင်၏မျက်နှာပေါ်၌ ဒေါသဖြစ်နေမှုများ ထိန်းမရအောင်ထွက်ပေါ်လာခဲ့သည်။
အခန်း ၂၆၄ - တပ်နှစ်ခု၏ရှေ့မှောက်တွင်
ရှောင်ယုက နတ်ဆိုးဆန်ဆန်ရယ်မောလိုက်သည်။
"ဒါကသေစေနိုင်လောက်တဲ့အဆိပ်မဟုတ်တဲ့အတွက် ဗိုလ်ချုပ်ကစိုးရိမ်နေစရာမလိုပါဘူး...ဒါပေမဲ့တစ်ခုတော့ရှိတယ်...ဒီကောင်လေးရဲ့အကျိုးသက်ရောက်မှုကအံ့မခန်းဘဲ...ဘယ်လိုမျိုးလဲဆိုတာကိုတော့ ဗိုလ်ချုပ်ကိုပြောစရာမလိုတော့ဘူးထင်တယ်...ခုကစပြီးအာနိသင်ကစပြနေပြီ...တကယ်တော့ဗိုလ်ချုပ်လိုယောကျ်ားတစ်ယောက်အတွက် ဒီလိုခံစားရတာကဘာမှရှက်စရာမလိုပါဘူး...ဗိုလ်ချုပ်ကျေးဇူးပြုပြီးတော့ ကိုယ့်ကိုကိုယ်မချုပ်ချယ်ပါနဲ့...ဘဝမှာအရေးအကြီးဆုံးက အသက်ရှင်သန်ဖို့နဲ့လိင်ဆက်ဆံဖို့ဘဲ...အခြားသူတွေရဲ့ထင်မြင်ယူဆချက်ကိုအရေးစိုက်ပြီး ကိုယ့်ကိုကိုယ်မထိန်းချုပ်ပါနဲ့"
ရှောင်ယုသည် အဓိပ္ပါယ်မရှိသောစကားများကို အဆုံးမရှိအောင်ပြောဆိုနေချိနိ၌ ပိုင်ထျန်းမင်သည် တဖြည်းဖြည်းစိတ်မထိန်းနိုင်ဖြစ်လာခဲ့သည်။သူသည် အလွန်ဒေါသထွက်နေခဲ့ကာ ရှောင်ယုအားအရေခွံဆုတ်လိုသော်လည်း တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်သည် မီးတောက်တစ်ခုကဲ့သို့ပြောင်းလဲသွားသည်ကိုခံစားမိလိုက်သည်။ယောကျ်ားတစ်ယောက်အနေဖြင့် ပါထျန်းမင်သည် ဤခံစားချက်၏အနှစ်သာရကိုကောင်းကောင်းနားလည်ပေသည်။ထိုအရှက်ကင်းမဲ့ကာ စက်ဆုပ်ရွံရှာဖွယ်ကောင်းသောကောင်လေးသည် သူ့အား လိင်စိတ်ကြွဆေးဖြင့်ဆေးခတ်ခဲ့ပြီး ထိုဆေး၏အာနိသင်သည် အလွန်ပြင်းထန်ပေသည်။
ပါထျန်းမင်သည် သူဤနေရာ၌အချိန်ကြာကြာမနေသင့်ကြောင်း သဘောပေါက်လိုက်သည်။သူသည်ရှောင်ယုအားစိုက်ကြည့်ကာ ဒေါသတကြီးလှည့်ထွက်ရန်ပြင်ဆင်လိုက်သော်လည်း ရှောင်ယုသည်သူ့အားလွယ်လွယ်နှင့်အလွတ်ပေးမည်မဟုတ်ပေ။
"အိုး...ငါ့ဆီမှာကန့်သတ်မှော်စာလိပ်တစ်ခုရှိနေတာပဲ...ဒီနေ့တော့ထုတ်သုံးရတော့မည်ထင်တယ်"
ရှောင်ယုသည် မှော်စာလိပ်ကိုထုတ်ယူကာ ညင်သာစွာဆုတ်ဖြဲ၍ ပါထျန်းမင်ထံပစ်ချလိုက်သည်။ထို့နောက် မှော်စာလိပ်မှထွက်ပေါ်လာသည့် အစိမ်းရောင်မီးတောက်သည် ပါထျန်းမင်ထံပျံသန်းသွားခဲ့သည်။ပါထျန်းမင်သည် ထိုအစိမ်းရောင်မီးတောက်အား မရပ်တန့်နိုင်သောစွမ်းအားဖြင့် ပြင်းထန်စွာရိုက်ချိုးလိုက်သော်လည်း ထိုမီးတောက်သည် အလွယ်တကူဖြတ်ကျော် ပါထျန်းမင်၏ခန္ဓာကိုယ်ပေါ်သို့ အတားအဆီးမရှိကျရောက်ဖုံးလွှမ်းသွားခဲ့သည်။မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအလင်းသည် ပါထျန်းမင်၏ခန္ဓာကိုယ်အားလွှမ်းခြုံထားသည့် သံကြိုးများအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။
"ဒါကဘာကြီးလဲ..."
ပါထျန်းမင်ကအံ့သြတကြီးရေရွတ်လိုက်မိသည်။
ရှောင်ယုကနတ်ဆိုးဆန်ဆန်ပြုံးလိုက်သည်။
"စိတ်ချပါ...အဲ့ဒါကမှော်စာလိပ်တစ်ခုပါဘဲ...အဲ့ဒါရဲ့လုပ်ဆောင်ချက်ကမင်းကိုအချိန်တစ်ခုအထိ ချုပ်နှောင်ထားဖို့ဘဲ...ဒီမှော်စာလိပ်ရဲ့အဓိကရည်ရွယ်ချက်က ရန်သူကိုတိုက်ခိုက်မှုမဟုတ်ဘဲ ရန်သူရဲ့လုပ်ရှားမှုတွေကိုကန့်သတ်ဖို့အတွက်ပဲ...စိတ်မပူပါနဲ့ ငြိမ်ငြိမ်လေးသာနေလိုက် အဘိုးကြီးသီအိုဒိုးက ဘာလို့ဒီလိုမှော်စာလိပ်တွေကိုဖန်တီးခဲ့တာလဲ ငါတောင်နားမလည်တော့ဘူး"
ရှောင်ယုသည် ပြောရင်းဆိုရင်း မြို့ရိုးနံရံဘက်သို့လှမ်းကြည့်လိုက်သည်။
"လီအာဒီကိုလာခဲ့လိုက်...ပျော်စရာလေးတွေကိုလက်လွတ်မခံနဲ့"
လီအာသည် မြို့ရိုးပေါ်မှခုန်ဆင်းလာခဲ့ကာ ရှောင်ယု၏ဘေးနားသို့ရောက်လာခဲ့သည်။
"မင်းစိတ်ထဲမှာဘာတွေဖြစ်နေတာလဲ..."
လီအာသည် ပါထျန်းမင်အားစူးစိုက်ကြည့်လိုက်သည်။ရှောင်ယုသည် မက်မွန်ပန်းအားအသုံးပြုလိုက်သည်ကို သူမသိထားပေရာ ဆေး၏အစွမ်းကိုသိချင်နေမိသည်။
ရှောင်ယုသည် သူမအားလှည့်ကြည့်လိုက်သည်။
"မင်းကဘာလို့အရုပ်တစ်ရုပ်လိုရပ်နေတာလဲ...ချစ်စရာကောင်းတဲ့ကိုယ်ဟန်အမူအရာလေးတွေ ပြပြီးတော့ သူ့က်ိုဆွဲဆောင်ဖို့ကြိုးစားစမ်းပါ"
လီအာက ဒေါသတကြီးပြန်ပြောလိုက်သည်။
"ဘေးဖယ်နေစမ်း"
စစ်သားများသည် သူတို့၏ဗိုလ်ချုပ်ဖြစ်သူက မှော်အတတ်တစ်ခုဖြင့်ချုပ်နှောင်ထားခြင်းခံရသည်ကို မြင်တွေ့လိုက်ကြသောအခါ ပါထျန်းမင်အားကယ်တင်ရန်ပြေးဝင်လာကြသည်။ရှောင်ယုသည် ဤအခြေအနေအား အခွင့်အရေးတစ်ခုအဖြစ်အသုံးချကာ ပါထျန်းမင်အားတိုက်ခိုက်လာမည်ကို သူတို့စိုးရိမ်နေကြသည်။
"အရှက်ကင်းမဲ့တဲ့ကောင်...ဘာလို့ခုလိုတိုက်ပွဲမှာမှော်စာလိပ်ကို အသုံးပြုရတာလဲ"
စစ်သားများက ရှောင်ယုအားလှမ်း၍ကျိန်ဆဲကြသည်။
ရှောင်ယုကအပြုံးမပျက်ပြန်ဖြေလိုက်ကာ လီအာကိုလက်ပြ၍ နှစ်ယောက်လုံးနောက်သို့ပြန်ဆုတ်သွားကြသည်။
"ငါကခွန်အားထက် ညဏ်ပညာကိုအသုံးပြုရတာပိုကြိုက်တယ်.."
ပါထျန်းမင်သည် ရင်သပ်ရှုမောဖွယ်အလှတရားဖြစ်သော လီအာကိုတွေ့မြင်လိုက်ရသောအခါ သူ၏ခံစားချက်များကပိုမိုပြင်းထန်လာခဲ့သည်။ထို့နောက်သူသည် သူ့အားကယ်ဆယ်ရန်ရောက်ရှိလာသည့်စစ်သားများကို လှည့်ပတ်ကြည့်ရှုလိုက်ရာ ထိုစစ်သားများသည် သူ၏အမြင်တွင်လှပပြီးချစ်စရာကောင်းသည့် မိန်းကလေးများနှင့်ဆင်တူနေခဲ့သည်။
အား...
ပါထျန်းမင်သည် သူ့အားချည်နှောင်ထားသည့်သံကြိုးများ ပျောက်ကွယ်သွားသည့်အခိုက်အတန့်တွင် ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။စစ်သားများသည် သူတို့၏ဗိုလ်ချုပ်ကိုစိုးရိမ်၍ ဝိုင်းအုံလာကြသည်။သို့သော်လည်း ပါထျန်းမင်၏မျက်လုံးများသည် ကြက်သွေးရောင်ပြောင်းနေခဲ့ပြီး အမှန်အမှားကိုခွဲခြားမသိမြင်တော့ပေ။ထို့ကြောင့်ပါထျန်းမင်သည် သူ၏လက်နက်ကိုမြေပေါ်ပစ်ချလိုက်ကာ စစ်သားတစ်ယောက်ကိုဖမ်းဆီးလိုက်သည်။ထို့နောက် သူ၏မျက်နှာပေါ်၌ယုတ်မာသောအပြုံးတစ်ခုဖြစ်ပေါ်လာခဲ့ကာ စစ်သား၏အဝတ်များကိုဆုတ်ဖြဲပစ်လိုက်သည်။ထို့နောက် ပါထျန်းမင်သည် စစ်သားဖြစ်သူကိုမြေပေါ်ဖိချလိုက်ပြီးနောက် လုပ်ငန်းစတင်ခဲ့သည်။
ပါထျန်းမင်ကို အသိပြန်ဝင်လာအောင်ကြိုးစားနေကြသည့်စစ်သားများသည် ထိုမြင်ကွင်းကြောင့်အံ့သြမှင်သက်သွားခဲ့ကြသည်။သို့သော်လည်း ပါထျန်းမင်သည်သူ၏ကိုယ်ပိုင်ကမ္ဘာထဲနှစ်မြောနေသောကြောင့် မည်သူ့စကားကိုမှနားမထောင်တော့ပေ။စစ်သားများသည်လည်း သူတို့၏ဗိုလ်ချုပ်အားမည်သို့ကူညီရမည်မှန်းမသိ၍ ထိတ်လန့်တကြားဖြစ်နေကြသည်။
ထိုအချိန်၌ မည်သူမှသတိမထားမိသောအချိန်တွင် ရှောင်ယုသည်သူတို့အနား၌ရုတ်တရက်ထွက်ပေါ်လာကာ ရပ်တန့်မရသောသောစွမ်းအားကို လုယူထွက်ပြေးသွားခဲ့သည်။
ပါထျန်းမင်သည် သူ၏စစ်သားအားမဖွယ်မရာပြုလုပ်နေသည်ကို သူ၏စစ်သားများအပါအဝင် နှစ်ဖက်လုံးရှိစစ်သားများက အတိုင်းသားစောင့်ကြည့်နေရသည်။
စစ်သားများသည် ပါထျန်းမင်အားလက်ရှိအခြေအနေမှ ရုန်းထွက်နိုင်စေရန် အတင်းအကျပ်တွန်းအားပေးလိုသော်လည်း ခွန်အားနှင့်ပတ်သက်လာသည့်အခြေအနေတွင် သူတို့ထဲမှမည်သူကမှပါထျန်းမင်၏ပြိုင်ဘက်မဟုတ်ခဲ့ပေ။အမှန်တော့ ပါထျန်းမင်သည်အနားကပ်လာသည့်စစ်သားတိုင်းကို အဝတ်အစားများစုတ်ဖြဲ၍ ကြမ်းတမ်းစွာဖျက်ဆီးရန် ကြိုးပမ်းနေခဲ့သည်။
"သူကတော်တော်ရက်စက်လွန်းတာပဲ..."
ရှောင်ယုသည် မြို့ရိုးပေါ်၌ထိုမြင်ကွင်းအားစောင့်ကြည့်နေခဲ့သည်။သူ့လက်ထဲတွင် မရပ်တန့်နိုင်သောစွမ်းအားကရောက်ရှိနေခဲ့သည်။
"အိုနေးလ်...ဒီလက်နက်ကမင်းအတွက်ပဲ"
ရှောင်ယုသည် မရပ်တန့်နိုင်သောစွမ်းအားကိုအနည်းငယ်လှည့်ပတ်ကစားပြီးနောက် အိုနေးလ်ထံပစ်ပေးလိုက်သည်။
အိုနေးလ်သည် တိုမာဟောခ့်ပုဆိန်များကို အသုံးပြုနေသော်လည်း ၎င်းသည်မရပ်တန့်နိုင်သောစွမ်းအားလောက် ကောင်းမွန်နေခြင်းမရှိပေ။ရှောင်ယုသည် ဆန်းကြယ်ပုဆိန်အားအသုံးပြုထားပြီးဖြစ်ရာ ဤလက်နက်အသစ်သည်သူ့အတွက်သင့်လျော်ခြင်းမရှိပေ။အိုနေးလ်သည် အဆင့်၁၄ထိရောက်ရှိနေပြီဖြစ်ရာ ဤမရပ်တန့်နိုင်သောစွမ်းအားသည် သူ့အတွက်ပိုမိုအသုံးဝင်ပေသည်။
အိုနေးလ်သည် ထိုလက်နက်ကိုစစ်ဆေးရင်း မျက်ရည်များဝဲတက်လာခဲ့သည်။သူသည် ကဲ့ရဲ့ရှုတ်ချသောအပြုအမူများကအစ ရှောင်ယုထံမှသင်ယူခဲ့သူဖြစ်သည်။
ရှောင်ယုသည် ဤကဲ့သို့အစွမ်းထက်လက်နက်တစ်ခုအား သူ၏လက်အောက်ငယ်သားကိုပေးလိုက်သည်ကို တွေ့မြင်လိုက်သောအခါတွင် ထို့ပါဟောင်အံ့သြသွားရသည်။သူသည် ဤလက်နက်၏အစွမ်းနှင့်တန်ဖိုးကို ရှင်းရှင်းလင်းလင်းနားလည်ပေသည်။ထို့ပါဟောင်သည် ထိုလက်နက်ကိုသူငယ်စဉ်အခါကပင် တွေ့မြင်ဖူးပေသည်။သူသည် ဗိုလ်ချုပ်အား မနာလိုဖြစ်ကာ ထိုလက်နက်အားရယူပိုင်ဆိုင်လိုခဲ့သည်။
ရှောင်ယုသည် အနောက်တိမ်တိုက်အင်ပါယာ၏မင်းသားတစ်ပါးဖြစ်သူပင် လိုချင်တပ်မက်ရသည့်လက်နက်တစ်ခုအား သူ၏လက်အောက်ငယ်သားတစ်ယောက်ကို တုံ့ဆိုင်းခြင်းမရှိပေးအပ်ခဲ့သည်။
ထို့ပါဟောင်သည် ပါထျန်းမင်အားကြည့်ကာ ပြုံးလိုက်မိသည်။ရှောင်ယုအသုံးပြုသောနည်းလမ်းများသည် ရက်စက်လွန်းလှသော်လည်း သူသည်ရှောင်ယု၏နည်းလမ်းများကို အမှန်ပင်သဘောကျပေသည်။ထိုလှုပ်ရှားမှုသည် ရန်သူစစ်တပ်၏စိတ်ဓာတ်ကိုအကြီးအကျယ်ထိုးနှက်နိုင်မည်ဖြစ်သည်။ထို့ပြင် သူတို့ဘက်မှစစ်သားများသည် အခင်းဖြစ်ပွားရာသို့ကြည့်ကာ ပါထျန်းမင်အားလှောင်ပြောင်ရယ်မောနေကြသည်။
ပါထျန်းမင်သည် လုံးဝနာမည်ပျက်သွားပြီဖြစ်သည်။
ထိုအဖြစ်အပျက်စတင်ပြီး ၁၀မိနစ်ခန့်အကြာတွင် ထိုနေရာသို့ဝတ်ရုံနက်အမြောက်အများရောက်ရှိလာခဲ့သည်။အချို့သည် မှော်ပညာကိုအသုံးပြုခဲ့ကြပြီး အချို့သည် ပါထျန်းမင်အားချည်နှောင်ရန်အတွက် သိုင်းပညာကိုအသုံးပြုလာကြသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သည့် ဝတ်ရုံနက်များကိုမြင်သောအခါတွင် ရှောင်ယု၏မျက်လုံးများတောက်ပလာခဲ့သည်။ပါထျန်းမင်သည်ပင် ထိုလျှို့ဝှက်ဆန်းကြယ်သောဝတ်ရုံနက်များ မည်သို့ရောက်ရှိလာသည်ကို နားလည်မည်မဟုတ်ပေ။သို့သော်လည်း ရှောင်ယုသည် ၎င်းတို့၏ခွန်အားကိုနက်နက်နဲနဲသိရှိထားပေသည်။ရန်သူသည်လွန်ခဲ့သောရက်အနည်းငယ်ခန့်က တိုက်ခိုက်ခြင်းမပြုခဲ့သည်မှာ ဤဝတ်ရုံနက်များနှင့်ပူးပေါင်း၍ တစ်စုံတစ်ခုပူးပေါင်းကြံစည်နေသည်မှာ အလွန်ဖြစ်နိုင်ခြေများပေသည်။