← Chapters

အခန်း (၂၆၈-၂၇၀)

Vol. 18 Ch. 268-270

အခန်း (၂၆၈-၂၇၀)

Vol. 18 Ch. 268-270

အခန်း ၂၆၈ - ယုံကြည်မှု

ရှောင်ယုသည် ဤလုပ်ကြံမှုဖြစ်ပွားအပြီး၌ သူ၏လုံခြုံရေးအားပိုမ်ိုအာရုံစိုက်လာခဲ့သည်။

သူ၏ကိုယ်ပိုင်အင်အားသည် နိမ့်ပါးနေသည့်အတွက်ကြောင့် ပဥ္စမအဆင့်လုပ်ကြံသူကိုပြန်လည် မတိုက်ခိုက်နိုင်ပေ။အကယ်၍ နောက်တစ်ကြိမ်တွင် ဆဌမအဆင့်လုပ်ကြံသူရောက်ရှိလာပါက သူသည်ကျိန်းသေပေါက်သေရလိမ့်မည်ဟု ရှောင်ယုယုံကြည်နေခဲ့သည်။

ရှောင်ယုသည် သူ၏တဲထဲတွင် နောက်ထပ်ရက်အနည်းငယ်ကြာဆက်လက်နေထိုင်ခဲ့သည်။သူသည် အရေထူသော်လည်း ထိုသို့ဝိုင်းကြည့်ခံရမှုကြောင့် အရှက်မရှိဟုဆိုလ်ိုခြင်းမဟုတ်ပေ။ထို့ပါဟောင်သည် သူ့အားအကြိမ်ပေါင်းများစွာလာရောက်တွေ့ဆုံခဲ့ပြီး ရှောင်ယုကိုယ်တိုင်ကလည်း သူသည်သားကောင်ဖြစ်ခဲ့ကြောင်း ပြန်လည်ချေပခဲ့သည်။သို့သော်ထို့ပါဟောင်သည် ရှောင်ယုထိုအကြောင်းကိုပြောတိုင်း သူ၏မျက်နှာပေါ်ရှိအပြုံးကိုမပယ်ဖျောက်နိုင်ပေ။

ရှောင်ယုသည် ရက်အနည်းငယ်ခန့်သာ အခန်းအောင်းနေခဲ့သော်လည်းပါထျန်းမင်သည်ကားနှစ်ပတ်ကျော်ကြာသည်အထိ လူမြင်ကွင်းထဲပေါ်မလာခဲ့ပေ။ထိုအချိန်အတွင်း ရှောင်ယုသည် သူ၏တပ်များကိုဦးဆောင်ကာ ရန်သူများစွာကိုသတ်ဖြတ်ခဲ့သည်။မိုင်ယဗ်သည် ထိုတိုက်ခိုက်မှုအားလုံးတွင် ထိပ်ဆုံးမှတောက်ပနေခဲ့သည်။သူမသည် လူများစွာကိုသတ်ဖြတ်အပြီးတွင် အဆင့်၁၈သို့ အလွယ်တကူရောက်ရှိခဲ့သည်။ရှောင်ယုက သူမ၏အလားအလာသည် ခိုင်ရင်းနှင့်ဂရင်းတို့ထက်များစွာပိုသာကြောင်း မြင်တွေ့ခဲ့ပြီး သူ၏အနာဂတ်လုပ်ကြံသတ်ဖြတ်သူအဖြစ် သတ်မှတ်ရန်မျှော်လင့်ထားခဲ့သည်။

လက်ရှိအချိန်၌ဂရင်းသည် အဆင့်၂၄ထိရောက်ရှိနေပြီဖြစ်သည်။သူသည် မုတ်ဆိတ်နီစခန်းအားဝင်ရောက်စီးနင်းခြင်းနှင့် မြင်းတစ်ပိုင်းလူတစ်ပိုင်းများကိုသတ်ဖြတ်ခြင်းတို့၌ အဓိကပါဝင်ခဲ့သည်။ယခုအချိန်၌ ဂရင်းသည် ရှောင်ယု၏သူရဲကောင်းများအနက် အဆင့်အမြင့်ဆုံးဖြစ်သည်။ခိုင်ရင်းနှင့်အန်တိုနီဒက်စ်တို့သည်လည်း အဆင့်၂၂သို့အသီးသီးရောက်ရှိခဲ့ကြသည်။သူတို့သည်လည်း တိုက်ပွဲတိုင်း၌ပါဝင်ခဲ့သော်လည်း ဂရင်းလောက်အတွေ့အကြုံမှတ်များမရခဲ့ပေ။တိုင်ရန်ဒီသည်ကား အဆင့်၂၃သို့ရောက်ရှိနေခဲ့သည်။

ရှောင်ယုသည် ဤစစ်ပွဲကြီးအပြီးတွင် သူ၏သူရဲကောင်းများကို အဆင့်၃၀ထိရောက်ရှိစေလိုခဲ့သည်။ထိုသို့ရောက်ရှိလာပါက သူတို့သည် စတုတ္ထအဆင့်ကျွမ်းကျင်သူများကို အလွယ်တကူတိုက်ခိုက်နိုင်မှာဖြစ်သည်။ထို့ပြင် ရှောင်ယုသည် သူ၏သူရဲကောင်းများက သူတို့ပိုင်ဆိုင်ထားသော အဆုံးစွန်ကျွမ်းကျင်မှုများကို မနိုးထသေးကြောင်းသိရှိထားသည်။အကယ်၍သူတို့သာ အဆုံးစွန်ကျွမ်းကျင်မှုများကိုရရှိသွားပါက ရပ်တန့်မရသူများဖြစ်လာမှာဖြစ်သည်။

...

...

ရှောင်ယုနှင့်ထို့ပါဟောင်တို့နှစ်ယောက် စစ်ပွဲအကြောင်းဆွေးနွေးနေရင်း စားသောက်နေစဉ် လုပ်ကြံသူတစ်ယောက်သည် မြို့ထဲသို့စိမ့်ဝင်လာပြီး ထို့ပါဟောင်ကိုတွေ့လိုသည်ဟု အစောင့်တစ်ယောက်ကလာရောက်သတင်းပို့ခဲ့သည်။ထိုလုပ်ကြံသူက သူသည်ဗိုလ်ချုပ်တစ်ယောက်လက်အောက်၌ တာဝန်ထမ်းဆောင်နေပြီး ထိုဗိုလ်ချုပ်ထံမှသတင်းစကားပါးလာကြောင်း အစောင့်များကိုပြောပြခဲ့သည်။ထို့ကြောင့် ထို့ပါဟောင်က ထိုလုပ်ကြံသူအားသူ့ထံသို့ချက်ချင်းခေါ်လာရန် အမိန့်ပေးခဲ့သည်။

"ဟတ်တမ်ကဘယ်သူလဲ..."

ရှောင်ယုက စိတ်ဝင်တစားမေးမြန်းလိုက်သည်။

"ဗိုလ်ချုပ်ဟတ်တမ်က မြောက်ဘက်မှာရှိတဲ့ လုံယိုမျိုးနွယ်စုကပဲ...လုံယိုမျိုးနွယ်စုဟာ လူဦးရေးတစ်သိန်းကျော်ရှိတဲ့ အင်အားကြီးမျိုးနွယ်တစ်ခုပဲ...သူတို့သာငါ့အပေါ်သစ္စာခံရင် ငါ့ရဲ့အင်အားကအများကြီးတိုးတက်လာလိမ့်မယ်"

ရှောင်ယုသည် ခေါင်းညိတ်ပြလိုက်သည်။

"အဲလိုဖြစ်လာဖို့ မျှော်လင့်ပါတယ်"

ခဏအကြာတွင် ဝတ်ရုံကြီးတစ်ခုကိုဝတ်ဆင်ထားသည့် လူတစ်ယောက်သည် ထို့ပါဟောင်ရှေ့သို့ရောက်ရှိလာကာ ဦးညွတ်နှုတ်ဆက်လိုက်သည်။

"ဧကရာဇ်ကိုနုတ်ဆက်ပါတယ် "

ထို့ပါဟောင်က ခေါင်းညိတ်ပြလိုက်သည်။

"မင်းကိုဗိုလ်ချုပ်ဟတ်တမ်က စေလွှတ်ခဲ့တာလား"

လုပ်ကြံသူက သူသယ်ဆောင်လာသောသတင်းကို တင်ပြလိုက်သည်။

"ဒီလက်အောက်ငယ်သားက ဗိုလ်ချုပ်ဟတ်တမ်ရဲ့သက်တော်စောင့်ပါ...ဗိုလ်ချုပ်ကြီးဟာ သူ့ရဲ့စစ်တပ်နဲ့အတူဝူဟယ်မြို့နဲ့မိုင်၃၀အကွာက်ိုရောက်လာပြီး စခန်းချထားပါတယ်...ငါတို့ရဲ့စခန်းကိုခုချိန်ထိ ပါထျန်းမင်ရဲ့ကင်းထောက်တွေကရှာမတွေ့သေးပါဘူး....ဗိုလ်ချုပ်ကဧကရာဇ်ရဲ့အမိန့်ကိုရယူဖို့ စေလွှတ်ခဲ့တာပါ"

ထို့ပါဟောင်က ခေါင်းညိတ်ပြလိုက်သည်။

"ဗိုလ်ချုက်ဟတ်တမ်က ငါနဲ့ပူးပေါင်းလာတယ်ဆိုတော့ လုံယ်ိုမျိုးနွယ်စုက ငါ့ကိုသစ္စာခံဖို့ဆုံးဖြတ်လိုက်တာလား"

ထိုလူကခေါင်းခါပြလ်ိုက်သည်။

"ဧကရာဇ်က အရင်ဧကရာဇ်မင်းမြတ်ကိုသတ်ဖြတ်ခဲ့တယ်လို့ လုံယိုမျိုးနွယ်စုရဲ့ အကြီးအကဲတွေကယူဆထားတဲ့အတွက် ဧကရာဇ်ကိုထောက်ပံ့မပေးချင်ကြဘူး...ဒါပေမဲ့ဗိုလ်ချုပ်ဟတ်တမ်ကတော့ လက်ရွေးစင်စစ်သည်၁၀၀၀၀ကိုခေါ်ယူပြီး ဧကရာဇ်နဲ့လာရောက်ပူးပေါင်းခဲ့တယ်"

ထို့ပါဟောင်သည် အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။

"ကဲ...ထိုင်ပြီးတော့ တစ်ခုခုစားဦး"

ထို့ပါဟောင်သည် တမန်တော်အားစားပွဲ၌နေရာတစ်ခုပေးကာ ထိုင်စေလိုက်သည်။

အချိန်ခဏကြာစဉ်းစားပြီးနောက် ထို့ပါဟောင်ကပြောလိုက်သည်။

"ဗိုလ်ချုပ်ဟတ်တမ်က ငါ့အတွက်ကြီးမားတဲ့အကူအညီတစ်ခုဖြစ်လိမ့်မယ်...ပြန်သွားရင်ဗိုလ်ချုပ်ဟတ်တမ်ကိုပြောလိုက်ပါ...သူကအင်ပါယာရဲ့ပထမဆုံးဗိုလ်ချုပ်ကြီးဘွဲ့က်ိုရရှိလိမ့်မယ်"

ထို့ပါဟောင်၏ အကြောင်းပြန်ချက်ကိုရရှိလိုက်သောအခါ ထိုလူသည်အလွန်ဝမ်းသာသွားခဲ့သည်။သူသည် ထို့ပါဟောင်အား နဖူးမြေထိမတတ် ဦးညွတ်ကျေးဇူးတင်လိုက်သည်။

"ဗိုလ်ချုပ်ရဲ့တပ်တွေကို ဝူဟယ်မြို့ထဲဘယ်အချိန်လောက်ရွေ့ပြောင်းရပါမလဲ...ဗိုလ်ချုပ်ကဧကရာဇ်ကို အသက်ပေးကာကွယ်သွားမှာပါ"

ထို့ပါဟောင်သည် သူ၏လက်ကိုဝှေ့ယမ်းပြလိုက်သည်။

"လောလောဆယ်တော့ မြို့ထဲကိုဝင်စရာမလိုတော့ဘူး...ပါထျန်းမင်ကဝူဟယ်မြို့ကိုအစွမ်းကုန်တိုက်ခိုက်တော့မှာဆိုတော့ နောက်တန်းကိုဝင်ရောက်စီးနင်းဖို့ တစ်စုံတစ်ယောက်ကိုလိုအပ်လိမ့်မယ်...ဗိုလ်ချုပ်ကြီးဟတ်တမ်ရဲ့တပ်တွေက ရန်သူရဲ့နောက်တန်းကိုတိုက်ခိုက်ဖျက်ဆီးပြီး ဝူဟယ်မြို့ထဲဝင်လာခဲ့ပါ"

"ဗိုလ်ချုပ်ထံ အရှင်မင်းမြတ်ရဲ့အမိန့်ကို ချက်ချင်းသတင်းပို့လိုက်ပါမယ်"

ထိုလူက ချက်ချင်းခေါင်းညိတ်လိုက်သည်။

ထို့ပါဟောင် တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။

"မင်းထွက်သွားနိုင်ပြီ"

ထိုလူသည် နောက်ထပ်တစ်ကြိမ်ဦးညွတ်၍ ထွက်ခွာသွားခဲ့သည်။

"သူတို့ကို အဲ့ဒီမှာပဲ ခဏလောက်နေခိုင်းထားတာ ပိုကောင်းတယ်...သူတို့ရဲ့သစ္စာစောင့်သိမှုက မသေချာသေးတဲ့အချိန်မှာ ဝူဟယ်မြို့ထဲကိုဝင်ရောက်ခွင့်ပေးတာက ဉာဏ်ရှိတဲ့လုပ်ရပ်မဟုတ်ဘူး...မြို့ထဲမှာပုန်ကန်မှုတစ်ခုခုဖြစ်ခဲ့ရင် ငါတို့ဝူဟယ်မြို့ကိုဆုံးရှံးရလိမ့်မယ်...တကယ်လို့သူတို့ကသာ အမိန့်ကိုလိုက်နာပြီးတော့ ကောင်းကောင်းဆောင်ရွက်နိုင်တယ်ဆိုရင် ဗိုလ်ချုပ်ကိုဆုလာဘ်တွေပေးသနားနိုင်တယ်"

ဤကိစ္စကိုဖြေရှင်းရန်အတွက် ထို့ပါဟောင်၏လုပ်ရပ်သည် အလွန်ပညာရှိကြောင်း ရှောင်ယုတွေ့မြင်နိုင်သည်။

ထို့ပါဟောင်သည် ရှောင်ယုအားပြုံးပြလိုက်သည်။

"လူတွေအများကြီးရဲ့ သစ္စာစောင့်သိမှုကိုယုံလိုက်မယ်ဆိုရင် ငါ့လောက်မိုက်တဲ့သူရှိတော့မှာမဟုတ်ဘူး"

ဗိုလ်ချုပ်ဟတ်တမ်၏သစ္စာခံမှုနှင့်အတူ ထို့ပါဟောင်၏အင်အားသည်နှစ်ဆမျှတိုးလာခဲ့သည်။သ်ို့သော်လည်း ယခုအချိန်ထိအာမခံချက်မရှိသေးပေ။ရှောင်ယုသည် ရှေ့မှနေ၍အမိန့်ပေးတိုက်ခိုက်နေချိန်တွင် ဗိုလ်ချုပ်ဟတ်တမ်ကနောက်တန်းကို အချိန်ကိုက်ဝင်ရောက်တိုက်ခိုက်မှသာ အရေးသာမည်ဖြစ်သည်။

ထို့ပြင် ထို့ပါဟောင်သည် ဤစစ်ပွဲ၏အရေးပါမှုကိုနားလည်သိရှိထားသည်။လက်ရှိအချိန်တွင် အင်ပါယာ၏အရပ်ဒေသအသီးသီးမှ အင်အားစုများသည် ဤစစ်ပွဲအားစောင့်ကြည့်နေကြသည်။သူတို့သာ ဤစစ်ပွဲ၌အနိုင်ရရှိခဲ့မည်ဆိုပါက ဝူဟယ်မြို့နှင့်ပူးပေါင်းရန် တပ်ကူများစေလွှတ်မှာဖြစ်သည်။ထိုသို့မဟုတ်ဘဲ ရှုံးနိမ့်ခဲ့လျှင် မည်သည့်ထောက်ပံ့မှုကိုမှ ရလာမည်မဟုတ်ပေ။ဤစစ်ပွဲသည် ထို့ပါဟောင်၏အစွမ်းသတ္တိကို ပြသသောစစ်ပွဲဖြစ်သည်။

လက်ရှိအချိန်တွင် စစ်ပွဲ၌မည်သူအသာစီးရရှိသွားမည်ကို စောင့်ကြည့်နေကြသော အခြားအင်အားစုအမြောက်အများရှိနေသေးသည်။ထို့ပါဟောင်သည် သူ၏အစွမ်းသတ္တိများကိုထုတ်ပြကာ သူသည်အခြားသူများမှ ဧကရာဇ်အဖြစ်အသိအမှတ်ပြုနိုင်သူဖြစ်ကြောင်း အင်ပါယာရှိလူတိုင်းနားလည်သွားအောင် ပြုလုပ်ရမည်ဖြစ်သည်။ထိုသို့ဖြစ်လာရန်အတွက် ဤစစ်ပွဲအားအနိုင်ရရှိအောင်ပြုလုပ်ရန်မှလွဲ၍ သူ့ထံတွင်အခြားရွေးချယ်စရာမရှိခဲ့ပေ။

ထို့နေ့တွင်ပင် ရန်သူစခန်း၌ကြီးမားသည့် လှုပ်ရှားမှုများရှိနေကြောင်း လီအာနှင့်မိုင်ယဗ်တို့က ရှောင်ယုအား သတင်းပို့လာခဲ့သည်။ထို့ပြင်ရန်သူများသည် ထိုးစစ်ဆင်ရန်အတွက် လက်နက်ကြီးများကိုပါရှေ့တန်းသို့ယူဆောင်လာခဲ့ကြသည်။

ပါထျန်းမင်သည် ကြီးမားသည့်အရှက်တရားနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရ၍ ဝူဟယ်မြို့အားတစ်ချက်တည်းဖြင့်အပြီးသတ်သိမ်းပိုက်ရန် စီစဉ်ခဲ့သည်။ပါထျန်းမင်သည် မြို့အားသိမ်းပိုက်ပြီးနောက် ရှောင်ယုနှင့်ထို့ပါဟောင်တို့အား ဖမ်းဆီကာသူ၏အရှက်ကွဲမှုကို ဖယ်ရှားရန်လိုအပ်ခဲ့သည်။

ပါထျန်းမင်သည် သူခံစားခဲ့ရသောအရှက်တရားကြောင့် စစ်တပ်ရှေ့သို့ထွက်မလာသည်မှာ ကြာပြီဖြစ်သည်။သို့သော်ရန်သူတပ်များ၏ကြီးမားသောစစ်ရေးလှုပ်ရှားမှုက ပါထျန်းမင်သည်နောက်ဆုံးထိုးစစ်အတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း သက်သေပြနေခဲ့သည်။

ဤမြက်ခင်းပြင်ဒေသများတွင် မြို့သိမ်းကိရိယာများကို အသုံးပြုသည်မှာအလွန်ရှားပါးပေသည်။ထို့ကြောင့် ယခုမြင်တွေ့နေရသည့်လှံပစ်စက်များနှင့်လောက်လွဲများသည် အသစ်ပြုလုပ်ထားခြင်းဖြစ်သည်။ရှောင်ယုနှင့်ထို့ပါဟောင်တို့သည် မြို့ရိုးပေါ်မှနေ၍ ရန်သူစခန်းအား စောင့်ကြည့်နေခဲ့သည်။ဤတိုက်ပွဲသည် သူတို့၏ကံကြမ္မာအား အဆုံးအဖြတ်ပေးမယ့်နောက်ဆုံးတိုက်ပွဲဖြစ်ကြောင်း သူတို့ မည်သူထက်မဆိုသိရှိနေကြသည်။

အခန်း ၂၆၉ - နတ်ဆရာဖြစ်သွားပြန်ပြီလား

ရှောင်ယုသည် ခြင်္သေ့နယ်မြေမှနေ၍ လက်နက်ကြီးအမြောက်အများကို ယူဆောင်လာခဲ့သည်။

သူသည် တပ်ကူများနှင့်အတူဖြိုဖျက်သူအခု၄၀နှင့်လမင်းပစ်ခတ်သူ၅၀ ၊ လောက်လွဲစင်နှင့်လှံပစ်စက်အမြောက်အများကိုယူဆောင်လာစေခဲ့သည်။ထို့ကြောင့် စစ်ကူများ၏ချီတက်နှုန်းသည် ပုံမှန်ထက်နှေးကွေး၍ ဝူဟယ်မြို့သို့ရောက်ရှိလာခြင်းဖြစ်သည်။

ထိုကိရိယာများအလုပ်လုပ်နိုင်ရန်အတွက် ကျွမ်းကျင်တပ်သားများကိုအသုံးပြုရန်လိုအပ်ကြောင်း ရှောင်ယုနားလည်ပေသည်။ထိုလက်နက်အများစုကို ဆိုလိုမွန်း၏နယ်မြေကိုသိမ်းပိုက်ရာမှ ရရှိခဲ့ခြင်းဖြစ်ပြီး ခံစစ်တိုက်ပွဲတစ်ခု၏အဓိကသော့ချက်ဖြစ်သည်။

ထို့ပြင် လနှင့်ချီ၍ အဆက်မပြတ်တည်ဆောက်ပြီးနောက်တွင် ဝူဟယ်မြို့၏ခံစစ်တံတိုင်းများသည် အလွန်အမင်းခိုင်မာသည့်အဆင့်သို့ရောက်နေခဲ့ပြီဖြစ်သည်။သို့သော်ရွှံ့အုတ်များသည် ကျောက်တုံးများလောက်မမာကျော၍ နံရံကိုပိုမိုထူထဲအောင် တည်ဆောက်ခဲ့ရသည်။လက်ရှိအချိန်တွင် ခံစစ်မြို့ရိုးသည် အကျယ်၁၃မီတာရှိပြီး အမြင့်၁၀မီတာရှိပေသည်။ထို့ကြောင့် မြို့ရိုးအားရွှံများဖြင့်ပြုလုပ်ထားသော်လည်း ဖြိုဖျက်ရန်မဖြစ်နိုင်ပေ။

ရှောင်ယုသည် မြို့ရိုးကိုကျယ်ပြန့်အောင်တည်ဆောက်မှုပြုလုပ်ရန်အတွက် စဉ်းစားချိန်တွင် သူ၏တပ်များနှင့်အခြားအကြောင်းပြချက်အချို့ကို ထည့်သွင်းစဉ်းစားခဲ့ရသည်။ဥပမာအားဖြင့် တောင်ဘီလူးများသည် အလွန်ကြီးမားသည့်အတွက်ကြောင့် သာမန်မြို့ရိုးနံရံသည် သူတို့၏အလေးချိန်နှင့်အရွယ်အစားကို သယ်ဆောင်ထားနိုင်မည်မဟုတ်ပေ။ထို့ပြင် မြို့ရိုးတလျှောက်၌ လေးသမားများ၊ရိုင်ဖယ်သမားများနှင့်အခြားသောတာဝေးပစ်လက်နက်များကို အသုံးပြုသွားမည်ဖြစ်ပေရာ မြို့ရိုးအားကျယ်ပြန့်စွာတည်ဆောက်ရန်လိုအပ်ပေသည်။

အကျယ်၁၃မီတာရှိသော မြို့ရိုးတစ်ခုသည် မြို့ရိုးပေါ်၌တပ်အင်အားလုံလုံလောက်လောက် ထားရှိရန်လိုအပ်ပေသည်။ထို့ပြင် မြှားတံများနှင့်ရွှံအုတ်များကိုထားရှိရန် နေရာကျယ်ကျယ်ပြန့်ပြန့်ရှိပေသည်။ရှောင်ယုသည် ဖြိုဖျက်သူများနှင့်လောက်လွဲစင်များအတွက် ပစ်ခတ်မှုပြုလုပ်ရန်ကျောက်တုံးများမရှိ၍ ရွှံ့အုတ်များကိုအစားထိုးအသုံးပြုရန် အမိန့်ပေးခဲ့သည်။ထိုရွှံ့အုတ်များအားလုံးကို နံရံပေါ်၌သပ်သပ်ရပ်ရပ်စီထားခဲ့ရာ ရန်သူများဘက်သို့အလွယ်တကူအသုံးပြုနိုင်ပေသည်။

ပါထျန်းမင်သည်လည်း ဘာမှမလုပ်ဘဲ ထိုင်မနေခဲ့ပေ။သူသည် ဝူဟယ်မြို့၏ကာကွယ်ရေးခံစစ်ကြောင်းကို လုံးလုံးလျားလျားထိုးဖောက်နိုင်ရန်အတွက် သူ၏တပ်သားများကို လောက်လွဲစင်များနှင့်လှံပစ်စက်များအား မည်သို့်အသုံးပြုရမည်ကို လေ့လာသင်ယူစေခဲ့သည်။

...

...

"မြှားတွေနဲ့လှံတွေကို ဖြုန်းတီးမိမှာမကြောက်ကြနဲ့...အဲ့ဒါတွေကရန်သူကိုပစ်ဖို့ပဲ...မင်းတို့ရန်သူကိုမထိရင် ဘာမှမစိုးရိမ်နဲ့ထပ်ပစ်ကြ..."

“စစ်ပွဲတစ်ပွဲမှာ မှန်တယ်မှားတယ်ဆိုတာမရှိဘူး...တတ်နိုင်သမျှအရက်စက်ဆုံးတိုက်ခိုက်ကြ...ရန်သူစစ်သားတွေရဲ့ခြေထောက်ကိုရိုက်ချိုးပစ်...သူတို့ရဲ့မျက်လုံးတွေကန်းသွားအောင် သဲတွေနဲ့ဖြန်းပစ်....လူတိုင်းကငါပြောတဲ့အတိုင်းလုပ်နိုင်ဖို့အတွက် မင်းတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ သဲအိတ်သေးသေးလေးတစ်ခုဆောင်ထားရမယ်"

"မင်းတို့သိထားရမှာတစ်ခုက သတ်ရမယ်...မင်းရဲ့လက်နက်ကိုတစ်ခါဝှေ့ယမ်းတိုင်း ရန်သူတစ်ယောက်သေရမယ်...ဝံပုလွေစီးစစ်သည်တွေကို ထိပ်တိုက်ရင်ဆိုင်မယ့်လူတွေသက်သက်ရှိတာကြောင့် အကြောင်းမဲ့သက်သက်သူရဲကောင်းဖြစ်ဖို့မကြိုးစားကြနဲ့"

"သူရဲကောင်းတွေက အခြားသူတွေထက်ပိုပြီး သတ်ဖြတ်ရမယ်...ဒီစစ်ပွဲကမင်းတို့ရဲ့ကိုယ်ပိုင်ကောင်းကျိုးအမှတ်တွေရဖို့အတွက် နှစ်ခါမရမယ့်အခွင့်အရေးပဲ...ရန်သူ၁၀ယောက်ကိုသတ်နိုင်ရင် မင်းကလူ၁၀၀တပ်ရဲ့တပ်မှူးဖြစ်လာမယ်...ရန်သူအယောက်၁၀၀သတ်နိုင်ရင် လူ၁၀၀၀တပ်ရဲ့တပ်မှူးဖြစ်လာမယ်...ဒီအချိန်မှာ ဧကရာဇ်ထို့ပါဟောင်ကိုသစ္စာဖောက်ထားတဲ့ ဝန်ကြီးနဲ့မှူးမတ်တွေအများကြီးရှိတယ်...သူတို့တွေရဲ့ရာထူးတွေကို မင်းတို့ကရရှိမှာဖြစ်တယ် မင်းတို့ကိုယ်မင်းတို့သက်သေပြဖို့ကြိုးစားကြ...ကံကောင်းရင် မင်းတို့ဟာမျိုးနွယ်စုတစ်ခုရဲ့ခေါင်းဆောင် ဒါမှမဟုတ် အခြားရာထူးတစ်ခုကိုရရှိလိမ့်မယ်...ဒါကအိပ်မက်မဟုတ်ဘူး..."

ရှောင်ယုသည် မက်လုံးများနှင့်ဆုလာဘ်များကို စစ်သားများ၏အတွင်းစိတ်ထဲ၌ပုံဖော်ရန် အစဉ်မပြတ်ကြိုးစားနေခဲ့သည်။သူသည် လက်ရွေးစင်စစ်သားများကိုမဖန်တီးနိုင်ပေရာ ဆာလောင်နေသောကျားများကိုဖန်တီးရမည်ဖြစ်သည်။ထို့ပြင် ရှောင်ယုပြောခဲ့သည့် စစ်ဗိုလ်ချုပ်များ၊စစ်ဗိုလ်များနှင့်အရာရှိများခန့်အပ်ခြင်းဆိုင်ရာ ဆုလာဘ်များသည် စစ်သားများအားလုံးအတွက် စိတ်ဝင်တစားအရှိဆုံး၊အလိုချင်ဆုံးအရာများဖြစ်ကြသည်။အနောက်တိမ်တိုက်အင်ပါယာသည် ခေတ်သစ်တစ်ခုဆီဦးတည်တော့မှာဖြစ်ပြီး သူတို့သည်ထိုဆုလာဘ်များနှင့်အတူ လက်ကျန်ဘဝတစ်ခုလုံးကောင်းစားရန် အခွင့်အရေးရှိနေခဲ့သည်။

...

...

တိမ်မည်းများသည် ကောင်းကင်ကိုဖုံးလွှမ်းထားခဲ့သည်။မိုးရွာသွန်းခြင်းမရှိသော်လည်း နေ့အလင်းရောင်သည်လည်း ထွက်ပေါ်မလာပေ။ကမ္ဘာကြီးတစ်ခုလုံးအား စိတ်ဓာတ်ကျဖွယ်လေထုကလွှမ်းခြုံထားခဲ့သည်။မြောက်လေသည် စစ်သားများ၏နားရွက်ဖျားကိုအေးစက်စေကာ မြက်ခင်းပြင်တလျှောက် ဖြတ်သန်းတိုက်ခတ်နေခဲ့သည်။

စစ်ပွဲသည် စတင်ခဲ့သည်...

နံနက်စောစောအချိန်တွင် ရန်သူစခန်းမှနေ၍ စစ်ဗုံသံများပဲ့တင်ထပ်လာခဲ့သည်။ရာနှင့်ချီသောစစ်ဗုံသံများသည် တညီတညာတည်းမြည်ဟီးနေခဲ့သည်။ဝူဟယ်မြို့မှစစ်သားများသည်လည်း စစ်ဗုံသံကိုကြားသောအခါတွင် သူတို့၏လက်နက်များကိုပွတ်သပ်လိုက်ကြသည်။ရှောင်ယု၏အားပေးစကားသည် သူတို့၏စိတ်ဝိညာဉ်နှင့်တိုက်ခိုက်လိုစိတ်ကို အဆုံးစွန်ထိတွန်းပို့ခဲ့ကာ စစ်ပွဲစတင်ချိန်ကို စောင့်ဆိုင်းနေကြသည်။ရန်သူအရေအတွက်သည် သူတို့ထက်အဆပေါင်းများစွာသာလွန်နေသော်လည်း သူတို့သည်ရန်သူအင်အားက်ို ဂရုမစိုက်ကြတော့ပေ။ထိုသို့ဖြစ်ရခြင်းမှာ ရှောင်ယု၏အကျိုးကျေးဇူးနှင့်မကင်းကြပေ။

ထို့ပါဟောင်သည် ရှောင်ယုအားလေးနက်စွာစိုက်ကြည့်လိုက်သည်။အကယ်၍ ရှောင်ယုသည်သာသူ၏ရန်သူဖြစ်လာပါက သူသည်ပျော်ရွှင်စွာ အိပ်စက်နိုင်မည်မဟုတ်ပေ။

အာ...ဝူး

ဝံပုလွေအူသံများက အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။ဝံပုလွေများသည် ဝူဟယ်မြို့အားတိုက်ခိုက်ရန်အတွက် သူတို့၏လှောင်အိမ်များမှ လွတ်မြောက်လာပုံရသည်။

ဘန်း...ဘန်း

တစ်ချိန်တည်းမှာပင် မြေပြင်သည် စတင်တုန်ခါလာခဲ့သည်။

"တိုက်ပွဲစည်သံတွေ..."

ထို့ပါဟောင်သည် ထိုအသံကိုကြားချိန်၌ အော်ဟစ်မိသွားခဲ့သည်။

"တိုက်ပွဲစည်သံဆိုတာ ဘာကိုပြောတာလဲ"

ရှောင်ယုကမေးမြန်းလိုက်သည်။

အမှန်တော့ရှောင်ယုသည် တိုက်ပွဲစည်သံများကို သတိပြုမိသည်မှာကြာပြီဖြစ်သည်။ထိုတိုက်ပွဲစည်သံသည် စစ်တပ်၏တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာတိုးမြင့်ပေးနိုင်သည်။သို့သော် ထိုစည်တော်များသည် လက်ရာမြောက်သောအဖိုးတန်ပစ္စည်းများဖြစ်ရန် လိုအပ်ပေသည်။ထို့ပြင် အဆိုပါစည်တော်များကိုပြုလုပ်ရန်အတွက် နည်းစနစ်များသည်ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။မည်သို့ပင်ဆိုစေ ထိုတိုက်ပွဲစည်တော်များသည် စစ်မြေပြင်၌အဆုံးအဖြတ်ပေးနိုင်သော အရေးပါသည့်အခန်းကဏ္ဍမှပါဝင်ပေသည်။

"နတ်ဆရာတွေက ငါတို့ကိုသစ္စာဖောက်သွားပြီ...သူတို့ကသာ ဒဏ္ဍာရီလာတိုက်ပွဲစည်တော်ကို တီးခတ်နိုင်တယ်...ကြည့်ရတာတော့...မဟာနတ်ဆရာစာတန်က သူ့ရဲ့ရွေးချယ်မှုကိုပြုလုပ်လိုက်ပြီထင်တယ်...."

ထို့ပါဟောင်က ညည်းညူမိလိုက်သည်။

နတ်ဆရာများသည် အနောက်တိမ်တိုက်အင်ပါယာ၏အလေးစားခံရဆုံး ပုဂ္လိုလ်များဖြစ်ကြသည်။သူတို့သည် သေသူတို့၏ဝိညာဉ်ကိုကောင်းကင်ဘုံသို့ လမ်းညွန်သူများဖြစ်ကြသည်။သူတို့သည် နတ်ဘုရားများနှင့်စကားပြောနိုင်သူများဖြစ်ကြသည်။ထို့ပါဟောင်ကိုယ်တိုင် ငယ်ရွယ်စဉ်က မဟာနတ်ဆရာဖြစ်သူစာတန်၏ကောင်းချီးပေးမှုကို ရရှိခဲ့သည်။သူသည် ငယ်စဉ်ကတည်းက နတ်ဆရာများအပေါ် ကြည်ညိုလေးစားမှုအပြည့်ရှိခဲ့သည်။

ထို့ပါဟောင်သည် အင်ပါယာ၏မင်းသားတစ်ပါးဖြစ်သော်လည်း မဟာနတ်ဆရာကြီးကိုတွေ့မြင်တိုင်း ကမ္ဘာမြေကြီး၏နတ်ဘုရားကိုတွေ့မြင်ရသကဲ့သို့ သူ၏သစ္စာစောင့်သိမှုနှင့်လေးစားမှုအားပြသရန် ဦးညွတ်နေမှာဖြစ်သည်။ယခုအခါ ထိုနတ်ဆရာများသည် ထို့ပါကွေ့ဘက်တွင် ရပ်တည်ရန်ဆုံးဖြတ်လိုက်ကြသောကြောင့် ထို့ပါဟောင်သည် အကြီးအကျယ်စိတ်ထိခိုက်သွားခဲ့သည်။

အောင်းတူနှင့်မဟာနတ်ဆရာစာတန်တို့သည် အနောက်တိမ်တိုက်အင်ပါယာပြည်သူများ၏ အလေးစားရဆုံးသောပုဂ္ဂိုလ်များဖြစ်ကြသည်။ယခုအခါ အောင်းတူသည်သူ့ဘက်တွင်ရှိနေသော်လည်း မဟာနတ်ဆရာသည် သူ၏ရန်သူများဘက်၌ရှိနေခဲ့ပြီဖြစ်သည်။

ရှောင်ယုသည် ထို့ပါဟောင်၏မှတ်ချက်များကိုကြားသောအခါတွင် အလွန်ပင်နိမ့်ကျသောလေသံဖြင့် တိုးတိုးလေးညည်းညူမိလိုက်သည်။

"နတ်ဘုရားရဲ့ကိုယ်စားပြောရေးဆိုခွင့်ရှိသူတွေ...လူလိမ်တွေ....ငတုံးတွေကလည်းအလိမ်ခံကြတယ်"

သို့သော် ရှောင်ယုသည် ထိုနတ်ဆရာများအပေါ် မည်သို့အမြင်ရှိသည်ကို အရေးမကြီးပေ။ဤလူများသည် ထိုနတ်ဆရာများအပေါ်ယုံကြည်ကြပြီး မဟာနတ်ဆရာသည် ရန်သူများအတွက် နတ်ဆရာများအား တိုက်ပွဲစည်တော်ကိုတီးခတ်စေရန် ရွေးချယ်ခဲ့သည်။ရှောင်ယုနှင့်ထို့ပါဟောင်တို့သည် ထိုဖြစ်ရပ်ကြောင့် အလွန်အဆင်မပြေကြတော့ပေ။သူတို့သည် ဤပြဿနာကိုဖြေရှင်းရန် အဖြေရှာမတွေ့ပါက သူတို့တပ်သားများ၏တိုက်ခိုက်လိုစိတ်သည် လုံးဝကျဆင်းသွားတော့မည်ဖြစ်သည်။

"အိုး...ကမ္ဘာမြေရဲ့နတ်ဘုရား....ငါ့ကိုခွန်အားပေးတော်မူပါ...ကမ္ဘာမြေရဲ့ကိုယ်စားပြုခွင့်ပေးပါ....မင်းရဲ့ဂုဏ်ကျက်သရေကိုပြသပြီးတော့ ငါတို့ရဲ့တပ်တွေကိုကောင်းချီးပေးပါ...ထို့ပါဟောင်သာ ကောင်းကင်ဘုံရဲ့သားတော်နဲ့အနောက်တိမ်တိုက်အင်ပါယာရဲ့ စစ်မှန်တဲ့ဧကရာဇ်ဖြစ်ခဲ့မယ်ဆိုရင် သူ့ကိုကာကွယ်ပေးဖို့အတွက် မြင့်မြတ်တဲ့တိုတမ်ကိုထုတ်ဖော်ပေးပါ...ငါတို့ကသူ့ကိုကာကွယ်ပေးပြီးတော့ သူ့အတွက်တိုက်ပွဲဝင်ပေးမယ်"

ရှောင်ယုသည် ကျယ်လောင်စွာအော်ဟစ်လိုက်ရာ သူ၏အသံကိုမြို့ရိုးပေါ်မှလူတိုင်းကြားလိုက်ရသည်။ထို့နောက် ရှောင်ယုသည်ကိုဒိုသားရဲများကိုအချက်ပေးကာ သူတို့၏ဒရမ်များကိုတီးခတ်စေခဲ့သည်။

ဘန်း...ဘန်း....ဘန်း

ကိုဒိုသားရဲများသည် ဒရမ်များကိုသံပြိုင်တီးခတ်လိုက်ရာ ထွက်ပေါ်လာသောအသံသည် မြေပြင်ကိုမတုန်ခါစေသော်လည်း တိုက်ပွဲစည်တော်နှင့်နှိုင်းယှဉ်နိုင်သည်။

ရှောင်ယုသည် သူ၏လက်များကိုဝှေ့ယမ်းလိုက်သောအခါ ထို့ပါဟောင်၏အပေါ်၌ ကြီးမားသောတိုတမ်ကြီးတစ်ခုထွက်ပေါ်လာခဲ့သည်။ထိုတိုတမ်သည် ရောင်စုံရုန်းများဖြင့်စတင်တောက်ပလာခဲ့ပြီး မရေမတွက်နိုင်သောမှော်ဒြပ်စင်များက တိုတမ်၏ပတ်လည်၌ဝိုင်းရံလာခဲ့ကာ ထို့ပါဟောင်အားလွှမ်းခြုံထားလိုက်သည်။

"ကမ္ဘာမြေကြီး၏စွမ်းအား...ကမ္ဘာမြေရဲ့နတ်ဘုရားဟာ ငါတို့နဲ့အတူရှိတော်မူတယ်...ငါတို့ဟာကမ္ဘာမြေရဲ့သားတော်တွေဖြစ်ပြီး ဘာသာခြားတွေအားလုံးကိုအနိုင်ယူသတ်ဖြတ်ပစ်မယ်"

ရှောင်ယုသည် သူ၏နံဘေးတွင် ကျောက်တုံးအရေပြားတိုတမ်ကိုဆင့်ခေါ်လိုက်ပြီး ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

ထိုအခိုက်အတန့်တွင် စစ်သည်များအားလုံးသည် အော်ဟစ်၍ဦးညွတ်လာကြသည်။

"ကမ္ဘာမြေရဲ့နတ်ဘုရား....ကမ္ဘာမြေရဲ့နတ်ဘုရား"

ရှောင်ယုသည် လက်ရှိမြင်ကွင်းကိုကြည့်၍ သူ့နှလုံးသားထဲတွင် တိုးတိုးလေးကျိန်ဆဲလိုက်သည်။

"သေစမ်း...ငါကခုဆိုရင်နတ်ဆရာဖြစ်သွားပြန်ပြီ"

အခန်း ၂၇၀ - တိုတမ်ကိုပြန်လည်ထုတ်ဖော်ခြင်း

လက်ရှိအခြေအနေသည် သူတို့တပ်များအတွက် အလွန်အမင်းအဆင်မပြေကြောင်း ရှောင်ယုသတိပြုမိပေသည်။

ထို့ကြောင့် သူတို့တပ်သားများ၏စိတ်ဓာတ်ပြန်လည်မြင့်တက်လာစေရန်အတွက် ရှောင်ယုသည်အရာအားလုံးက်ိုလုပ်ဆောင်ရမည်ဖြစ်သည်။

အမှန်တော့ မြက်ခင်းပြင်ဒေသရှိနတ်ဆရာများနှင့် အောစ့်များ၏နတ်ဆရာများသည် မတူညီသောနည်းလမ်းများကို အသုံးပြုခဲ့ကြသော်လည်း သူတို့နှစ်ဦးလုံးသည်တူညီသောအယူဝါဒတစ်ခုဖြစ်သည်။သူတို့အချင်းချင်းကြားဖြစ်ပေါ်လာသည့်ခြားနားချက်သည် မျိုးနွယ်စုကွဲလွဲချက်နှင့်မျိုးနွယ်စုနှစ်ခုကြား ရန်လိုမှုတို့ကြောင့်ဖြစ်သည်။ဤအရာသည် သိုင်းညီအစ်ကိုများကြား ကွာခြားချက်နှင့်အတူတူပင်ဖြစ်သည်။သူတို့သည် မတူညီသောသိုင်းကွက်အမျိုးမျိုးကို အသုံးပြုကြသော်လည်း သိုင်းပညာအားအသုံးပြုကြသည်မှာ အတူတူပင်ဖြစ်သည်။

သို့သော်လည်း ထိုသိုင်းညီအစ်ကိုများသည် မည်သူ့၏သိုင်းကွက်များက အစစ်နှင့်အတုဖြစ်ကြောင်း သိရှိစေရန်အတွက် အမြဲလိုလိုယှဉ်ပြိုင်တိုက်ခိုက်နေတတ်ကြသည်။သို့သော်လည်း သူတို့နှစ်ယောက်လုံး၏သိုင်းကွက်များကို သိုင်းပညာပေါ်အခြေခံထားသည်ဟူသောအချက်ကို ငြင်းဆန်၍မရနိုင်ပေ။ယခုအောစ့်များ၏နတ်ဆရာများနှင့် မြက်ခင်းလွင်ပြင်ဒေသ၏နတ်ဆရာများသည်လည်း ထိုနည်းတူပင်တူညီသောဥပမာများဖြစ်သည်။

မူလကရှောင်ယုသည် သူ့တပ်သားများကိုအားပေးရန်အတွက် မြက်ခင်းလွင်ပြင်ဒေသ၏ နတ်ဆရာတစ်ယောက်လိုဟန်ဆောင်ခဲ့သည်။သို့သော်လည်း ယခုအခါသူအရံအဖြစ်သိမ်းဆည်းထားသော ကျွမ်းကျင်မှတ်များအားလုံးက်ို သရောလ်၏မြေကမ္ဘာခွန်အားတိုတမ်နှင့်ကျောက်တုံးအရေပြားတိုတမ်တို့အား သင်ယူရန်အသုံးပြုခဲ့သည်။ထို့ကြောင့် သူထုတ်ဖော်လိုက်သည့်တိုတမ်များသည် စစ်သားများအပေါ်သက်ရောက်မှုမရှိသော်လည်း သူတို့၏စိတ်ကိုတည်ငြိမ်စေလိမ့်မည်ဟု ရှောင်ယုယုံကြည်ခဲ့သည်။

သို့သော်လည်း ခြင်္သေ့နယ်မြေမှလူများအတွက် အသုံးဝင်ခြင်းမရှိသော တိုတမ်များသည် အနောက်တိမ်တိုက်အင်ပါယာမှစစ်သားများအပေါ် ထိရောက်မှုရှိခဲ့ပေသည်။ကမ္ဘာမြေကြီး၏ခွန်အားနှင့်နီးစပ်နေသည့် စစ်သားများသည် သူတို့၏ခန္ဓာကိုယ်မှ ကြွက်သားများဖောင်းကားလာကာ သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးက်ို ပေါက်ကွဲနိုင်စွမ်းပြင်းထန်သော ခွန်အားများက ရွှေဝါရောင်အလင်းတန်းများသဖွယ် ဖုံးအုပ်သွားခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ..."

သရောလ်၏တိုတမ်များသည် ဆင့်ခေါ်ထားသည့်စစ်သည်များ သို့မဟုတ် သာမန်လူသားစစ်သည်များအပေါ်၌ အလုပ်မဖြစ်သော်လည်း အူသာ၏ကောင်းချီးသည်ကားတပ်သားတိုင်းအပေါ် ထိရောက်ခဲ့သည်။သို့သော် ယခုအခါတိုတမ်များသည် အနောက်တိမ်တိုက်အင်ပါယာမှတပ်သားများအပေါ် သက်ရောက်မှုရှိနေပေသည်။ထိုလူတို့သည် နတ်များကိုယုံကြည်ကြသည့်အတွက် ထိုသို့သက်ရောက်သည်လား ရှောင်ယုမပြောတတ်ပေ။

ရှောင်ယုသည်အံ့သြသွားသော်လည်း များစွာဂရုမစိုက်ခဲ့ပေ။တိုတမ်များသည် အလုပ်ဖြစ်နေ၍ သူအစွမ်းကုန်ထုတ်ဖော်ရမည်ဖြစ်သည်။သူသည် ကျောက်တုံးအရေပြားတိုတမ်နှင့်ကမ္ဘာမြေခွန်အားတိုတမ်တို့ကို အဆင့်၃သို့မြင့်တင်လိုက်သည်။ထို့နောက်သူသည် တိုတမ်များကိုနံရံများပေါ်၌ စတင်နေရာချထားခဲ့သည်။စစ်သားအားလုံးသည် ဝမ်းသာအားရအော်ဟစ်လ်ိုက်ကြကာ စစ်သားတိုင်းလိုလိုဒူးထောက်ငိုကြွေးလိုက်ကြပြီး သူတို့၏နတ်ဘုရားကိုကိုးကွယ်ကြတော့သည်။

"ဒါက ဒဏ္ဍာရီလာတိုတမ်တစ်ခုဖြစ်တဲ့ ကမ္ဘာကြီးရဲ့ခွန်အားတိုတမ်ဘဲ...ငါတို့ဒီနေ့ဒီအချိန်ထိ စောင့်မျှော်ခဲ့ရတာ ဘယ်နှစ်နှစ်တောင်ရှိခဲ့ပြီလဲ...ကမ္ဘာမြေကြီးရဲ့နတ်ဘုရားဟာ ငါတို့နဲ့အတူရှိနေတယ်...ငါတို့ဒီနေ့လုံးဝအောင်ပွဲခံရမယ်"

စစ်သားများ၏စိတ်ဓာတ်သည် တဟုန်ထိုးတိုးမြင့်လာခဲ့ကာ ရန်သူများအားသတ်ဖြတ်ရန် မစောင့်ဆိုင်းနိုင်ကြတော့ပေ။

ထို့ပါဟောင်သည် ဤကိစ္စကြောင့်အတုန်လှုပ်ရဆုံးဖြစ်သည်။သူသည် တိုက်ပွဲစည်သံကိုကြားရပြီးနောက် ဤအသံသည် စစ်ပွဲ၏ဒီရေကိုလွှမ်းမိုးနိုင်ကြောင်း နားလည်လိုက်၍ အလွန်စိတ်ဓာတ်ကျနေခဲ့သည်။သို့သော်လည်း ရှောင်ယုသည်တိုတမ်များအားဆင့်ခေါ်နိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ကမ္ဘာမြေ၏ခွန်အားတိုတမ်နှင့်ကျောက်တုံးအရေပြားတိုတမ်တို့သည် ဒဏ္ဍာရီလာနတ်ဆရာများ၏ ပျောက်ကွယ်သွားသည့်တိုတမ်ကျွမ်းကျင်မှုများဖြစ်ကြသည်။

လက်ရှိခေတ်တွင် မြက်ခင်းပြင်ဒေသမှ နတ်ဆရာများသည်တိုတမ်ကို တိုက်ရိုက်မဆင့်ခေါ်န်ိုင်ကြောင်း ထို့ပါဟောင်ကသတိပြုမိပေသည်။သူတို့သည် စစ်သားများ၏စိတ်ဓာတ်ကိုမြင့်တင်စေရန် သူတို့ကိုယ်တိုင်ပြုလုပ်ထားသောတိုတမ်များကို အသုံးပြုကြရသည်။သို့သော် ထိုတိုတမ်များသည် စစ်သားများအားဝိညာဉ်ရေးဆိုင်ရာ ပံ့ပိုးမှုမပေးနိုင်ဘဲ စစ်သားများ၏ခွန်အားကို အနည်းငယ်တိုးပွားစေရုံသာတတ်နိုင်သည်။

သို့သော်လည်း ရှောင်ယုဆင့်ခေါ်ထားသည့်တိုတမ်များသည်ကား အစစ်အမှန်များဖြစ်ကာ ထို့ပါဟောင်သည်ပင် သူ၏ခန္ဓာကိုယ်အတွင်းတိုးပွားလာသည့် ခွန်အားများကိုခံစားမိပေသည်။ထိုအရာသည် သူ၏ခွန်အားကိုတိုးမြင့်ပေးနိုင်သော လျှို့ဝှက်ဆေးတစ်မျိုးအားစားသုံးထားသကဲ့သို့ ခံစားစေရသည်။

"သူက ငါ့ကိုထောက်ပံ့ပေးဖို့အတွက် ကောင်းကင်ကနေစေလွှတ်လိုက်တာလား..."

ထို့ပါဟောင်ကညည်းညူလိုက်သည်။

ပါထျန်းမင်ဘက်မှစစ်သားများသည် တိုတမ်များထွက်ပေါ်လာသည်ကိုမြင်သောအခါ ထိတ်လန့်သွားကြသည်။သူတို့သည် နတ်ဆရာများ၏အကူအညီဖြင့် တိုက်ပွဲစည်တော်ကိုတီးခတ်နိုင်၍ ဝူဟယ်မြို့အားအောင်အောင်မြင်မြင်သိမ်းပိုက်နိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။သို့သော်လည်း ယခုအခါတစ်ဖက်တပ်ဖွဲ့သည် နတ်ဆရာများ၏စစ်မှန်သောဂုဏ်ကျက်သရေကို ကိုယ်စားပြုသည့် မြေကမ္ဘာ၏ခွန်အားတိုတမ်ကို ဆင့်ခေါ်လာခဲ့သည်။

ပါထျန်းမင်သည် မြို့ရိုးပေါ်၌ရပ်နေသော ရှောင်ယုကိုကြည့်ရင်း အံတင်းတင်းကြိတ်မိလိုက်သည်။သူသည် ထိုကောင်လေးအားအမှန်ပင်သတ်ဖြတ်ချင်နေခဲ့သည်။ထိုကောင်လေးသာမရှိပါက သူသည်စစ်ပွဲကိုအချိန်တိုအတွင်း အနိုင်ရရှိကာ ထို့ပါဟောင်အားလက်ရဖမ်းဆီးနိုင်ပြီဖြစ်သည်။ဤနယ်မြေသခင်သည် ယခင်ကလည်း ပါထျန်းမင်ကိုဒုက္ခများစွာပေးခဲ့သလို ယခုလည်းနှစ်ပေါင်းထောင်ချီပျောက်ကွယ်နေသည့် တိုတမ်များကိုဆင့်ခေါ်နိုင်ခဲ့သည်။

ထိုတိုတမ်များသည် အနောက်တိမ်တိုက်အင်ပါယာ၏ယုံကြည်မှုနှင့် တိုက်ရိုက်သက်ဆိုင်ပေသည်။ရန်သူစစ်သားများသည် အခြေအနေကိုစတင်သုံးသပ်လာကြသည်။သူတို့သည် ကမ္ဘာမြေ၏ခွန်အားဖြင့် ကောင်းချီးပေးခံထားရသော စစ်သားများကိုမတိုက်ခိုက်လိုကြပေ။ထိုအချိန်၌သူတို့သည် ရှောင်ယုလွှင့်ကြဲခဲ့သောဝါဒဖြန့်စာစောင်များကို အမှတ်ရလာကြသည်။

ထို့ပါကွေ့သည် အင်ပါယာ၏ထီးနန်းကို အတင်းအကျပ်သိမ်းပိုက်ထားခြင်းဖြစ်ပြီး ထို့ပါဟောင်သည်သာ ဧကရာဇ်အစစ်အမှန်ဖြစ်ကြောင်း သူတို့စတင်ယုံကြည်လာကြသည်။ယခုမူ ကမ္ဘာမြေကြီး၏နတ်ဘုရားသည် ထို့ပါဟောင်အား စတင်ကောင်းချီးပေးလာခဲ့ပြီဖြစ်သည်။သို့ဖြစ်ရာရန်သူစစ်သားများသည် စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးများကို စတင်ခံစားလာရသည်။

"အဲ့ဒါတွေအကုန်လုံးက အတုအယောင်တွေပဲ...ဒီဘာသာခြားတွေဟာ မြင့်မြတ်သော ကမ္ဘာမြေကြီးရဲ့နတ်ဘုရားကို ညစ်ညူးစေတယ် သူတို့အားလုံးက်ိုသတ်ဖြတ်ပြီးတော့ ဒီအသရေဖျက်မှုကိုဆေးကြောဖို့ သူတို့ရဲ့သွေးတွေကိုအသုံးပြုရမယ်....တိုက်ပွဲစည်တော်ကငါတို့ဘက်မှာရှိနေတယ်....မြက်ခင်းလွင်ပြင်ရဲ့နတ်ဆရာတွေက ငါတို့နဲ့အတူရှိနေတယ်...ငါတို့ဟာလမ်းကြောင်းမှန်ပေါ်မှာရှိနေပြီးတော့ ကမ္ဘာမြေကြီးရဲ့နတ်ဘုရားကို အကျိုးသယ်ပိုးဖို့ သူတို့ကိုသတ်ကြ..."

ပါထျန်းမင်သည် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။တစ်ချိန်တည်းမှာပင် သူသည်နတ်ဆရာများကိုရှေ့တိုးစေလိုက်ကာ တိုတမ်များအားမြင့်တင်လိုက်သည်။

နတ်ဆရာများသည်လည်း ဝူဟယ်မြို့ရိုးပေါ်ရှိ တိုတမ်များကိုတွေ့မြင်ချိန်၌ ထိတ်လန့်သွားခဲ့ရသည်။သို့သော်လည်း သူတို့သည်ပါထျန်းမင်၏လက်အောက်၌ရှိနေကြရာ အမိန့်ကိုနာခံခဲ့ကြပြီး လုပ်ဆောင်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။မည်သို့ပင်ဆိုစေ မြက်ခင်းလွင်ပြင်ဒေသမှ နတ်ဆရာများအသုံးပြုကြသည့်တိုတမ်များသည် စစ်သားများ၏ခွန်အားကိုတိုးမြင့်လာစေရန် မလုပ်ဆောင်နိုင်ပေ။

နတ်ဆရာများသည် သူတို့၏မှော်စွမ်းအင်များကို တိုတမ်အတွင်းသို့ထိုးသွင်း၍ စစ်သားများ၏စိတ်ဓာတ်ကိုလှုံဆော်ပေးကြသည်။သို့သော်လည်း ရှောင်ယုကဲ့သို့တိုတမ်များကို မဆင့်ခေါ်န်ိုင်ကြပေ။အဆုံးသတ်တွင် တိုတမ်များသည်တဖြည်းဖြည်းထွန်းတောက်လာခဲ့ကာ စစ်သားများသည်တဖြည်းဖြည်းစိတ်ဓာတ်တက်ကြွလာခဲ့သည်။

ဘန်း....

ထို့နောက်စစ်သားများအားလုံးသည် မြို့ရိုးထံစတင်ချီတက်လာကြသည်။ပါထျန်းမင်သည် ဝူဟယ်မြို့အားဘက်ပေါင်းစုံမှနေ၍ ဝိုင်းရံတိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း ဝူဟယ်မြို့၏တောင်ဘက်ပိုင်းသို့ သူ၏အဓိကတပ်များကိုအာရုံစိုက်စေလွှတ်ရန် စီစဉ်နေခဲ့သည်။ဝံပုလွေစီးစစ်သည်များသည်လည်း တောင်ဘက်လမ်းကြောင်းမှနေ၍ စတင်ချီတက်လာခဲ့ကြသည်။

"ဟမ့်....သူကတိုတမ်တွေကို ဆင့်ခေါ်နိုင်တော့ ဘာဖြစ်မှာမလို့လဲ...ငါ့မှာတစ္ဆေစစ်သည်တော်တွေ ရှိနေတာပဲ...မင်းမှာတိုတမ်အစစ်တွေရှိနေရင်တောင်မှ ဒီနေ့တော့ဘယ်သူမှမင်းတို့ကိုမကယ်တင်နိုင်တော့ဘူး"

ပါထျန်းမင်သည် တစ္ဆေစစ်သည်တော်များ၏ခွန်အားကိုသတိရလိုက်သောအခါ သူ၏မျက်နှာပေါ်၌အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့ပြီး တိုးတိုးလေးရေရွတ်လိုက်သည်။

Thank For Reading.

All Chapters