အခန်း (၂၆၅-၂၆၇)
Vol. 18 Ch. 265-267
အခန်း ၂၆၅ - လုပ်ကြံသတ်ဖြတ်သူ
ဝတ်ရုံနက်များသည် ပါထျန်းမင်အားအောင်မြင်စွာချုပ်နှောင်ပြီးနောက် ရှောင်ယုအား ဝါးစားမတတ်မုန်းတီးနေသည့်အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ရှောင်ယု၏လှည့်ကွက်များသည် အလွန်ပင်စက်ဆုပ်ဖွယ်ကောင်းလှသည်။ရှောင်ယုသည် ဝတ်ရုံနက်များသူ့အားစိုက်ကြည့်နေသည်ကို သတိထားမိသောအခါ မြို့ရိုးပေါ်ရပ်၍ နောက်သို့လှည့်ကာ တင်ပါးကိုသူတို့ဘက်လှည့်လိုက်သည်။
အိုနေးလ်နှင့်အခြားသူများက ရှောင်ယုသည်အရှက်မဲ့စွာပြုမူနေသည်ကိုမြင်သောအခါ သူတို့လည်းရှောင်ယုနည်းတူအတုယူလာကြသည်။သူတို့၏လုပ်ရပ်သည် ဝတ်ရုံနက်များကိုဒေါသပေါက်ကွဲစေခဲ့သည်။သူတို့သည် အလျင်စလိုရှေ့တိုးလာခဲ့သော်လည်း ခြေလှမ်းအနည်းငယ်မျှလှမ်းပြီးနောက်တွင် နောက်သို့ပြန်လှည့်လာခဲ့ကြသည်။ရှောင်ယုသည် သူတို့၏ထူးဆန်းသောတုံ့ပြန်မှုကြောင့် တစ်စုံတစ်ခုအကြောင်းရင်းရှိရမည်ဟုတွေးနေခဲ့သည်။ထိုအချိန်တွင် အောင်းတူသည်သူ၏နံဘေး၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
"အနောက်တိမ်တိုက်အင်ပါယာရဲ့မဟာဆရာသခင်က ရိုးရှင်းတဲ့လူတစ်ယောက်မဟုတ်ဘူး...သူ့ရဲ့အသွင်အပြင်တစ်ခုတည်းကတောင် ဒီလူတွေကိုကြောက်လန့်စေတာပဲ"
ရှောင်ယုက တိတ်တဆိတ်ညည်းညူမိလိုက်သည်။
အောင်းတူသည် သီအိုဒိုးထက်ပိုမိုသန်မာလိမ့်မည်ဟု ရှောင်ယုမယုံကြည်ပေ။သို့သော် အောင်းတူသည်သူရဲကောင်းတစ်ယောက်အနေဖြင့် ဤတိုက်ကြီး၏ထိပ်တန်းကျွမ်းကျင်သူဖြစ်သည်။သာမန်အားဖြင့်ဆိုလျှင် သူရဲကောင်းများသည် တစ်ဦးချင်းယှည်ပြိုင်တို်က်ခိုက်ရာ၌ မှော်ဆရာများကိုအလွယ်တကူအနိုင်ယူနိုင်သည်။ထိုသို့ဖြစ်ရခြင်း၏အဓိကအကြောင်းရင်းမှာ မှော်ဆရာများ၏အားနည်းသော ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံဖြစ်ပြီး မှော်ဆရာများ၏အဓိကချို့ယွင်းချက်ဖြစ်သည်။
ရှောင်ယုသည် ရန်သူတပ်များနောက်ပြန်ဆုတ်သွားသည်ကိုမြင်သော် ရယ်မောမိလိုက်သည်။
"ကောင်းပြီ...ဒီနေ့အတွက်တော့ပြီးပြီ...အချိန်တစ်ခုမရောက်သရွေ့ သူတို့ကဆက်ပြီးတိုက်တော့မှာမဟုတ်ဘူး...ပြန်အိပ်ဖို့အချိန်တန်ပြီ"
ပါထျန်းမင်ရင်ဆိုင်ခဲ့ရသော အရှက်တရားကြောင့် ရန်သူတပ်များသည်စိတ်ဓာတ်ကျဆင်းနေခဲ့ကာ အချိန်တိုအတွင်း ဝူဟယ်မြို့အားတိုက်ခိုက်လာမည်မဟုတ်ကြောင်း ရှောင်ယုနားလည်ပေသည်။ပါထျန်းမင်သည် ဝူဟယ်မြို့အားတစ်ကြိမ်တည်းဖြင့် တိုက်ခိုက်သိမ်းပိုက်နိုင်ရန်အတွက် အကောင်းဆုံးသောအချိန်အခါနှင့်အစွမ်းအထက်ဆုံးတပ်များကို ရွေးချယ်လိမ့်မည်ဟုရှောင်ယုယုံကြည်ခဲ့သည်။ထို့ကြောင့် သူ့အတွက်အကောင်းဆုံးရွေးချယ်မှာ သူ၏ခန္ဓာကိုယ်နှင့်စိတ်ကိုအဟာရဖြစ်စေရန် အိပ်စက်အနားယူမည်ဖြစ်သည်။
မြို့ရိုးစောင့်စစ်သားများသည် ပါထျန်းမင်၏အရှက်ရဖွယ်ကိစ္စအကြောင်းကို အချိန်တိုင်းဆွေးနွေးပြောဆိုနေကြပြီး ရန်သူစစ်သားများကိုလှောင်ပြောင်နေကြသည်။သူတို့သည် ကြောက်ရွံ့မှုလုံးဝမရှိဘဲ ရန်သူစစ်သားများကို မထီမဲ့မြင်ပြုနေကြသည်။စစ်သားများသည် ရှောင်ယု၏ကွပ်ကဲမှုပုံစံအတိုင်း လိုက်နာကျင့်သုံးလာကြပြီး အချိန်ကုန်လာသည်နှင့်အမျှ ရှောင်ယုအားတပ်မှူးတစ်ဦးအဖြစ် ပိုမိုယုံကြည်လာကြသည်။
ရှောင်ယုကသာ သူတို့အားဦးဆောင်နေသရွေ့ ထောင်ပေါင်းများစွာသောရန်သူများကို ရင်ဆိုင်နိုင်မည်ဟုယုံကြည်နေကြသည်။ရန်သူများသည် ဝူဟယ်မြို့ကိုအကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့သော်လည်း ရှောင်ယုသည်တိုက်ခိုက်မှုတိုင်းအား ပြည့်စုံစွာပြန်လည်ခုခံတွန်းလှန်နိင်ခဲ့သည်။ရှောင်ယုသည် ရန်သူတပ်မှူးကိုပင်အရှက်ရစေခဲ့ကာ ရှောင်ယုရှိနေသရွေ့ သူတို့သည်မည်သည့်ပြဿနာမှကြုံတွေ့မည်မဟုတ်ပေ။
...
...
ရှောင်ယုသည် အိပ်ရာမဝင်မှီ လီအာကိုထပ်မံရှာဖွေခဲ့ပြီး မက်မွန်ပန်းဆေးကို နောက်ထပ်တစ်ပုလင်းထပ်မံ၍ တောင်းဆိုခဲ့သည်။
လီအာသည် ဒေါသတကြီးမေးမြန်းလိုက်သည်။
"မင်းကအဲ့လူကိုအရှက်ခွဲပြီးပြီမဟုတ်လား...ဘာလို့ထပ်လိုချင်နေတာလဲ"
ရှောင်ယုက အနည်းငယ်စိတ်ရှုပ်နေသောလေသံဖြင့် ပြန်ဖြေလိုက်သည်။
"မင်းရူးသွားပြီလား...ရန်သူတပ်မှူးတစ်ယောက်တည်းကို အရူးလုပ်ရတာဘယ်လောက်ထိပျင်းဖို့ကောင်းလိုက်မလဲ...ငါကရန်သူစစ်သားတွေကို အချင်းချင်းလုပ်ကြအောင်လို့ နည်းလမ်းနည်းနည်းရှာချင်သေးတယ်...သူတို့သောက်မယ့်ရေထဲကို ဒီဆေးကိုထည့်ဖို့အတွက်ငါနည်းလမ်းရှာဦးမယ်...ဘာတွေဖြစ်လာမလဲဆိုတာမင်းစိတ်ကူးယဉ်ကြည့်စမ်း...သူတို့ရဲ့ဟာတွေက အခြားသူတွေကိုထိုးဖောက်နေတာ ဘယ်လောက်ရွံ့စရာကောင်းလိုက်မလဲ"
လီအာသည် ရှောင်ယုအားမယုံကြည်နိုင်စွာစိုက်ကြည့်လိုက်မိသည်။
"မင်းကနတ်ဆိုးတစ်ကောင်ပဲ...မင်းရဲ့စိတ်ထဲမှာ ဘာတစ်ခုကမှကောင်းတဲ့အရာမျိုးဖြစ်လာမှာမဟုတ်ဘူး..ဒါပေမဲ့ ဒီဆေးကဘယ်လောက်ထိ ထိရောက်လဲဆိုတာမင်းသိလို့လား...အဲ့လောက်များတဲ့သူတွေကို မင်းဘယ်လိုဆေးခပ်နိုင်မှာလဲ"
ရှောင်ယုသည် သူ၏နှုတ်ခမ်းကို ဖွဖွလေးပွတ်သပ်လိုက်သည်။
"ငါကဒီလိုတွေပြောနေပေမဲ့ ငါကလူကောင်းတစ်ယောက်ဆိုတာမင်းယုံသင့်တယ်...ငါကတစ်ခါတစ်လေမှ ဒီလိုတွေးမိတာပါ...လောလောဆယ်ငါ့ကိုနောက်တစ်ပုလင်းပေးစမ်းပါ...ဒါပြီးရင်မင်းကိုဘယ်တော့မှ ထပ်ပြီးမနှောင့်ယှက်တော့ဘူးလို့ ငါကျိန်တယ်"
"နတ်ဘုရားတွေဆီမှာ ငါ့ကိုဘယ်တော့မှထပ်ပြီးမကျီစားတော့ပါဘူးလို့ ကျိန်ဆိုပါ...မင်းသာဖောက်ဖျက်မိရင် မိုးကြိုးပစ်ခံရလိမ့်မယ်"
လီအာက မယုံသင်္ကာဖြစ်နေသောလေသံဖြင့်ပြောလိုက်သည်။
ရှောင်ယုသည် ချက်ချင်းပင်ကျိန်ဆိုခဲ့သည်။လီအာသည် သူ၏မျက်လုံးများကိုစိုက်ကြည့်ပြီးနောက်တွင် ခဏလောက်တုံ့ဆိုင်းသွားခဲ့သော်လည်း ရှောင်ယုအားပုလင်းသေးသေးလေးတစ်ခုကို ထုတ်ပေးလာခဲ့သည်။
သို့သော်လည်း ရှောင်ယုသည် ပျော်ရွှင်စွာခုန်ပေါက်ကာ သူ၏တဲဆီပြန်သွားသည်ကိုမြင်သောအခါ လီအာသည်အရူးလုပ်ခံရသလိုခံစားလိုက်ရသည်။ရှောင်ယုသည် သူ၏ကျိန်ဆိုချက်ကိုလုံးဝဂရုစိုက်ပုံမရပေ။
"ဟမ့်...ဘယ်လောက်ထိတုံးအလိုက်သလဲ...သူမကငါ့ရဲ့ကျွန်တစ်ယောက်ဖြစ်နေပေမဲ့ သူမကိုမထိဖို့ငါ့ကိုကျိန်ခိုင်းရဲတယ်...ငါ့ကိုတွေ့တိုင်းအရှင်လို့ခေါ်ဖို့ မင်းကိုငါအမိန့်ပေးပြီး နာခံခိုင်းလိုက်မယ်..ဟားဟား"
...
...
ရှောင်ယုသည် တဲအတွင်း၌စိုစွတ်နေသော မျက်နှာသုတ်ပဝါဖြင့် သူ၏ပါးစပ်နှင့်နှာခေါင်းကိုအုပ်ထားလေသည်။ထို့နောက် ပုလင်းငယ်ကိုဖွင့်ကာ အထဲမှအရည်ကိုစစ်ဆေးလိုက်သည်။ရှောင်ယုသည် ထိုအရည်အား ရန်သူများ၏သုံးစွဲနေသောရေထဲထည့်ရန် နည်းလမ်းများကိုစဉ်းစားခဲ့ကာ သူတို့အားလုံးကို ယနေ့ပါထျန်းမင်ကြုံတွေ့ခဲ့ရသည့်အခြေအနေနှင့်ကြုံတွေ့စေလိုခဲ့သည်။သို့သော်သူ၏တဲအတွင်း၌ ဝိုင်မှတပါးအခြားမရှိ၍ အရည်တစ်စက်ကိုဝိုင်ခွက်ထဲလောင်းချလိုက်ပြီး ဆေးရည်နှင့်ဝိုင်တို့ပေါင်းစပ်နေပုံကို သတိပြုစောင့်ကြည့်နေခဲ့သည်။
ရှောင်ယုသည် မည်သည့်ထည့်စရာကိုမှ ကြိုတင်ပြင်ဆင်မထားသည့်အတွက် ယခုလိုဝိုင်ခွက်ကိုအသုံးပြုရန် စီစဉ်နေခြင်းဖြစ်သည်။သူသည် ဝိုင်ခွက်ထဲရှိဝိုင်နှင့်ဆေးတို့ရောစပ်မှုကို သေချာစစ်ဆေးနေခဲ့သည်။ရှောင်ယုသည် အချိန်အတော်ကြာအောင်စစ်ဆေးပြီးနောက် သာမန်ဝိုင်နှင့်ဆေးရောထားသည့်ဝိုင်တို့်အကြားကွာဟမှုကို သာမန်မျက်စိဖြင့်မမြင်နိုင်ဟုဆုံးဖြတ်ခဲ့သည်၊သို့သော် ဤရောစပ်မှုကမည်မျှထိရောက်သည်ကိုဆုံးဖြတ်ရန် သူ့ထံ၌မည်သည့်ကိရိယာမှမရှိပေ။
အစောပိုင်းတွင် သူသည်အနံ့ကိုရှုကြည့်ချင်သော်လည်း ရှောင်ယုကစိတ်ပြောင်းသွားခဲ့သည်။စမ်းသပ်ချိန်၅နာရီကျော် ၆နာရီနီးပါးကြာမြင့်ပြီးနောက် ရှောင်ယုသည်ဖန်ခွက်ကိုဖယ်ထုတ်ကာ အိပ်ပျော်သွားခဲ့သည်။လက်ရှိအချိန်၌သူသည် ထိုအမွှေးနံ့က်ိုမရှုရိုက်မိပါက မည်သည့်အကျိုးသက်ရောက်မှုမှမဖြစ်ပေါ်စေကြောင်း လေ့လာတွေ့ရှိထားပြီဖြစ်သည်။
မက်မွန်ပန်းသည် အသုံးပြုမယ့်သူ၏အနီးတဝိုက်၌ ဖြန်းပြီးအသုံးပြုပါကအထိရောက်ဆုံးဖြစ်သည်။ရှောင်ယုသည် အမျိူးသမီးတစ်ယောက်အပေါ်၌ ဤဆေးကိုအသုံးပြုလိုက်ပါက မည်သို့ဖြစ်လာမည်ကိုစိတ်ကူးမယဉ်နိုင်သေးပေ။
"ဟင်း...ငါ့အကြံကမဖြစ်နိုင်ဘူးပဲ"
ရှောင်ယုသည် ဤဆေးကိုအသုံးပြုကာ စစ်တပ်တစ်ခုလုံးကိုထိခိုက်အောင် မပြုလုပ်နိုင်သေးကြောင်း လက်ခံလိုက်ရသည်။ရှောင်ယုသည်စိတ်ဓာတ်ကျစွာဖြင့် စောင်ခြုံကာအိပ်စက်ရန်ပြင်ဆင်လိုက်သော်လည်း ရုတ်တရက်ဆိုသလို သူ၏လည်ပင်း၌အေးစက်သောခံစားချက်ကို ရရှိလိုက်သည်။
ရှောင်ယုသည် အိပ်ငိုက်နေသောမျက်လုံးတစ်စုံကို အတင်းဖွင့်ကြည့်လိုက်ရာ သူ့ရှေ့မှမြင်ကွင်းကြောင့်ကြောက်လန့်တကြား ထခုန်မိလိုက်သည်။သူ့ရှေ့တွင် အနီရောင်ဝတ်စုံအားဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးရောက်ရှိနေပြီး သူမ၏မျက်နှာကိုမျက်နှာဖုံးဖြင့်ဖုံးကွယ်ထားကာ အေးစက်သောမျက်လုံးတစ်စုံကိုသာ ဖော်ပြထားသည်။သူမသည် ဓားမြှောင်တစ်ချောင်းအား သူ၏လည်ပင်းနှင့်ထိကပ်ထားပေသည်။
"အာ...အ...အစ်မငါတို့ဆွေးနွေးလို့ရတယ်...မင်းကိုပေးထားတဲ့ငွေရဲ့နှစ်ဆကိုငါပေးနိုင်တယ်"
ဤကဲ့သို့သောလုပ်ကြံသူသည် ငွေကြေးပိုက်ဆံကိုမမက်မောတတ်ကြောင်း ရှောင်ယုနားလည်သော်လည်း လက်ရှိအခြေအနေမှရုန်းထွက်နိုင်ရန်အတွက် အချိန်ရရှိရန် ထိုအမျိုးသမီးအားစကားပြောရန်ကြိုးစားခဲ့သည်။ထိုအမျိုးသမီးသည် လီအာ၊တိုင်ရန်ဒီ၊မိုင်ယဗ်နှင့်အခြားသူများသတိထားမိခြင်းမရှိအောင် သူ့တဲအတွင်းခိုးဝင်နိုင်ခဲ့သည်။ဆိုလိုသည်မှာ သူမသည်အနည်းဆုံးပဥ္စမအဆင့်လုပ်ကြံသူဖြစ်သည်။ရှောင်ယုသည် ပဥ္စမအဆင့်လုပ်ကြံသူတစ်ဦး၏အစွမ်းကိုနားလည်ထားရာ လက်ရှိအခြေအနေ၌သူ၏အနိုင်ရရန်အခွင့်အလမ်းမှာ သုညဖြစ်သည်။
"မင်းငါ့ကိုတင်နေတဲ့အကြွေးကအရမ်းကြီးလွန်းတယ်...မင်းပြန်ဆပ်ဖို့မတတ်နိုင်ဘူး..."
အမျိုးသမီးသည် ရှောင်ယု၏နားထဲသို့ကပ်၍ တိုးတိုးလေးပြောလိုက်သည်။
ရှောင်ယုသည် ထိုအမျိုးသမီး၏ စကားပြောသံကိုကြားလိုက်ရချိန်တွင် အနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။ထိုအမျိုးသမီးသည် သူ့အားချက်ချင်းသတ်ဖြတ်လိုပုံမရဘဲ လှောင်ပြောင်လိုပုံရသည်။ထိုသည်မှာ ဤအချိန်တိုလေးအတွင်း သူ့ထံတွင်လွတ်မြောက်မယ့်နည်းလမ်းကို တွေးတောရန်အခွင့်အရေးရမယ်ဟု ဆိုလိုခြင်းဖြစ်သည်။
"ဒါ...မင်းကဘယ်လိုလုပ်ချင်တာလဲ...မင်းလိုချင်တဲ့ပမာဏကိုငါ့ကိုပြောလေ...ငါကဘာလို့မတတ်နိုင်ဘူးဆိုတာ မင်းပြောနိုင်လို့လား"
ရှောင်ယုသည် မတူညီသောတန်ပြန်နည်းလမ်းများကိုထုတ်ဖော်ရန် သူ၏ဦးနှောက်ကိုအကန့်အသတ်ထိတွန်းပို့လိုက်သည်။
"ငါအားလုံးကိုလိုချင်တယ်"
အမျိုးသမီးကတိုးတိုးလေးပြောလိုက်သည်။သူမသည်ချစ်စရာကောင်းပုံပေါ်သော်လည်း အလွန်အေးစက်သောလေသံကိုပိုင်ဆိုင်ထားသည်။သေချာသည်မှာ သူမသည်မိန်းမဆန်သော အမူအရာကိုပိုင်ဆိုင်ပေသည်။
"ဟမ့်...ငါကအလှတရားတွေအပေါ်ဆို အမြဲရက်ရက်ရောရောရှိပါတယ်...မင်းလိုချင်တာအကုန်သာယူသွား...(အင်းငါ့ရဲ့ခန္ဓာကိုယ်ကိုတောင်စွန့်ပစ်ရတော့မှာပဲ)"
ရှောင်ယုသည် ရွေးချယ်စရာများကိုစိတ်ထဲတွေးတောနေရင်း ပြုံးပြလိုက်သည်။
ထိုအမျိုးသမီး၏ခွန်အားသည် သူ့ထက်များစွာမြင့်မားနေသည့်အပြင် သူ၏လည်ပင်း၌လည်းဓားမြှောင်တစ်ချောင်းကို ကပ်ထားသေးသည်။ဖြစ်နိုင်ခြေရှိသည်မှာ ထိုအမျိုးသမီးသည် သူ့အားမသတ်ဘဲ ဤနေရာမှထွက်သွားမည်မဟုတ်ပေ။
"စိတ်မပူပါနဲ့...မင်းပိုင်ဆိုင်သမျှကိုငါယူမယ်...ဒါပေမဲ့အဲလိုမလုပ်ခင် မင်းကိုငါညဉ်းပန်းနှိပ်စက်ရမယ်...မင်းလွယ်လွယ်နဲ့ပေးသေမှာမဟုတ်ဘူး...မင်းဒီနေ့ အများရှေ့မှာငါတို့ရဲ့ဗိုလ်ချုပ်ကိုအရှက်ခွဲခဲ့တယ်...ငါမင်းကိုချက်ချင်းသတ်လိုက်ရင် မင်းကိုသနားညာတာနေသလိုဖြစ်သွားမှာပေါ့"
လုပ်ကြံသူအမျိုးသမီးသည် ရှောင်ယု၏ခန္ဓာကိုယ်အား အခြားလက်တစ်ဖက်ဖြင့် ညင်သာစွာပွတ်သပ်လိုက်သည်။သာမန်လူတိုင်းသည် ဤအပြုအမူကို နှစ်သက်ကောင်းနှစ်သက်နိုင်သော်လည်း ရှောင်ယုကမူ သေခြင်းတရားနှင့်အလွန်နီးကပ်နေသည်ကိုခံစားမိ၍ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးမွှေးညှင်းထသွားသလိုခံစားလိုက်ရသည်။
"ငါအမှန်အတိုင်းပြောမယ်...ငါလည်းအဲ့ဒါကလိင်စိတ်ကြွဆေးဆိုတာကို တကယ်မသိခဲ့ဘူး...အဲ့ဒါကမတော်တဆမှုတစ်ခုပဲ"
လက်ရှိအချိန်၌ ရှောင်ယုသည်အဖြေကောင်းတစ်ခုကိုမတွေးတောနိုင်ခဲ့ပေ။
"ဒါပဲလား...အဲဒါကမတော်တဆမှုတစ်ခုဆိုရင်ထားပါတော့...အဲ့ဒါဆိုရင် ငါ့ရဲ့အခြေစိုက်စခန်းကခိုးလာတဲ့ရတနာတွေကကော..."
အမျိုးသမီးသည် ဓားမြှောင်အားရှောင်ယု၏မေးစေ့အောက်သို့ ညင်သာစွာရွေ့ပြောင်းလိုက်သည်။
"မုတ်ဆိတ်နီ...မင်းကမုတ်ဆိတ်နီပဲ"
ရှောင်ယုသည် လုပ်ကြံသူအမျိုးသမီးကို မှတ်မိသွား၍ တိုးတိုးလေးရေရွတ်လိုက်သည်။
အခန်း ၂၆၆ - ဒါကတကယ့်မတော်တဆမှုပဲ
ဓားမြှောင်၏အဖျားသည် ရှောင်ယု၏လည်ပင်းကိုထိလိုက်သည်နှင့် အမျိုးသမီး၏ဦးခေါင်းသည်လည်း ရှေ့သို့ရွေ့လာခဲ့ကာ ရှောင်ယု၏နားသို့ကပ်၍ တိုပးတိုးလေးပြောလာခဲ့သည်။
"နောက်ဆုံးတော့မင်းက ငါဘယ်သူလဲဆိုတာသိသွားပြီပေါ့...ငါစိတ်ကျေနပ်အောင်ဘယ်လိုနှိပ်စက်ရမလဲ...မင်းကလူတော်တော်များများကိုစော်ကားထားခဲ့တာဆိုတော့ မင်းငါ့ကိုနည်းလမ်းတစ်ခုခုနဲ့ကူညီပေးနိုင်မယ်လို့ ငါယုံကြည်တယ်"
ရှောင်ယုသည် သူ့ကိုယ်သူသတ်သေချင်လောက်အောင် ဆိုးရွားသည့်ညဉ်းပန်းနှိပ်စက်နည်းများကို တွေးမိချိန်တွင် မျက်လုံးပြူးသွားခဲ့သည်။
"ငါ့ကိုဘာလို့ နည်းနည်းလောက်ခန့်မှန်းခိုင်းတာမျိုးမလုပ်ရတာလဲ...မသေခင်လေးနည်းနည်းပျော်ရတာပေါ့"
ရှောင်ယုသည် နောက်ဆုံးလက်ကျန်အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။
"မင်းကတော်တော်ရယ်စရာကောင်းတာပဲ...တကယ်တော့မင်းကိုသတ်ဖို့ ငါတောင်ဝန်လေးနေပြီ"
မုတ်ဆိတ်နီသည် ရှောင်ယု၏ခန္ဓာကိုယ်တစ်ခုလုံးအား အပေါ်အောက်ငုံ့ကြည့်လိုက်ပြီးနောက် တခစ်ခစ်ရယ်မောလိုက်သည်။သူမ၏အကြည့်များသည် ရှောင်ယု၏အောက်ပိုင်းကို မကြာခနအာရုံစိုက်နေခဲ့သည်။ရှောင်ယုသည် သူမ၏အကြည့်များကိုသတိထားမိချိန်၌ တစ်ကိုယ်လုံးအေးစက်သွားသလိုခံစားလိုက်ရသည်။
"ငါကရှောင်ယုလေးကိုဖြတ်လိုက်မယ်ဆိုရင်ကော...အဲ့ဒါဆိုမင်းအသက်ရှင်နေရင်တောင် ကွဲပြားတဲ့ဘဝကိုရသွားမှာပဲ"
မုတ်ဆိတ်နီက ခြိမ်းခြောက်လိုက်သည်။
"မင်းသာတုံ့ဆိုင်းနေရင် ငါ့ကိုမသတ်နဲ့လေ...ငါကဖြူစင်ပြီးတော့ကြင်နာတတ်တဲ့သူပဲ....တကယ်တော့မင်းကငါ့ကိုကျွန်အဖြစ် ပြန်ခေါ်သွားနိုင်တယ်...ငါ့ရဲ့ခံနိုင်ရည်နဲ့ပတ်သက်ပြီးတော့ မင်းစိတ်ပူနေစရာမလိုပါဘူး...မင်းရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့လုံလောက်ပါတယ်"
ရှောင်ယုသည် မုတ်ဆိတ်နီအားသွေးဆောင်ရန် ကြိုးပမ်းလိုက်သည်။
"တကယ်တော့ မင်းကိုညတိုင်းတွေ့ချင်နေတဲ့ ဆာလောင်နေတဲ့မိန်းမပျိုလေးတွေ အများကြီးရှိနေလို့ ငါမင်းကိုတကယ်ပြန်ခေါ်သွားချင်တယ်...ကံဆိုးစွာနဲ့မင်းကိုခေါ်သွားဖို့ဆိုတာမဖြစ်နိုင်ဘူး...အောင်းတူကဒီနေရာကိုစောင့်ကြပ်နေလို့ ခိုးဝင်ဖို့အရမ်းခက်ခဲတယ်...ငါ့မှာသာအရိပ်ဝတ်ရုံမရှိရင် ငါလည်းမလာရဲဘူး...ဒီလိုအချိန်မျိုးမှာ ဒါကိုမသုံးရင်အမှိုက်ဖြစ်တော့မှာပဲ"
မုတ်ဆိတ်နီသည် ပုလင်းသေးသေးလေးတစ်ခုကိုထုတ်ယူကာ တိုးတိုးလေးရေရွတ်လိုက်သည်။
"အဲ့ဒါကဘာလဲ..."
ရှောင်ယုသည် နောက်ထပ်ပုလင်းသေးသေးလေးတစ်လုံးကို တွေ့မြင်လိုက်ရသည့်အတွက် အံ့အားသင့်သွားခဲ့သည်။
"ဒါကပုရွက်ဆိတ်တစ်ထောင်လို့ခေါ်တဲ့ အဆိပ်ပုလင်းသေးသေးလေးပဲ...ဒီဆေးကိုသောက်ပြီးရင် မင်းရဲ့ခန္ဓာကိုယ်ဟာ ပုရွိက်ဆိတ်လေးတွေ မင်းရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကို ဖြည်းဖြည်းချင်းကိုက်ဖြတ်စားသောက်တာကို ခံစားရလိမ့်မယ်"
မုတ်ဆိတ်နီက အေးစက်သောလေသံဖြင့်ပြောလိုက်သည်။သို့သော်လည်း သူမ၏မျက်နှာပေါ်၌ ချစ်စရာကောင်းသည့်အပြုံးတစ်ခုရှိနေခဲ့သည်။
ရှောင်ယုသည် ချက်ချင်းပင် ထိုနေရာ၌အေးခဲတောင့်တင်းသွားခဲ့သည်။
"အစ်မကြီး...မင်းဘာလို့အဲလောက်ထိရက်စက်ဖို့ ကြိုးစားနေရတာလဲ...ငါမင်းဆီကနေပြီးတစ်ခုခုလုယက်ခဲ့မိလို့လား...အဟမ်း...ငါလုယက်ခဲ့တယ်ဆိုပေမဲ့ အဲ့ဒါတွေအားလုံးအတွက်လျော်ကြေးပေးနိုင်ပါတယ်...ငါ့မှာစည်းစိမ်ဥစ္စာတွေအများကြီးပိုင်ဆိုင်ထားတယ်...အဲ့ဒါတွေအကုန်လုံးကိုသာမင်းကိုလိုက်ပြနေရင် ငါတို့မှာအချိန်ကိုလောက်မှာမဟုတ်ဘူး"
"မလိုပါဘူး....မင်းသေသွားခဲ့ရင် ငါသူတို့ကိုယူလိုက်မယ်...ငါလည်းအလုပ်မရှုပ်တော့ဘူးပေါ့...မင်းအသေသက်သာအောင် ဝိုင်ထဲထည့်ပေးလိုက်မယ်....အိုးဒါက ရာစုနှစ်၃ခုဝိုင်နီမဟုတ်ဘူးလား...မင်းကဝိုင်ကောင်းကောင်းတွေသိုလှောင်ထားတာပဲ"
မုတ်ဆိတ်နီသည် စားပွဲပေါ်ရှိဝိုင်ခွက်ကိုကောက်ယူလိုက်သည်။ထို့နောက်သူမသည် ဝိုင်၏သက်တမ်းကိုဆုံးဖြတ်ရန်အတွက် အနံ့ခံလိုက်မိသည်။
ထို့နောက် မုတ်ဆိတ်နီသည် ဝိုင်ခွက်အတွင်းမှနေ၍ ဝိုင်တစ်ငုံကိုပင်သောက်သုံးလိုက်သည်။
"အရသာကတကယ်ကိုမဆိုးဘူး..အဆိပ်နည်းနည်းထည့်လိုက်ရင်တောင်မှ အရသာပျက်မှာမဟုတ်ဘူး"
သို့သော် ထိုအချိန်၌ ရှောင်ယုသည်သူမအား ထူးဆန်းသည့်အမူအရာဖြင့်ကြည့်နေသည်ကို သူမသတိထားမိလိုက်သည်။
"ဘာလို့ငါ့ကိုအဲလိုစိုက်ကြည့်နေတာလဲ..."
မုတ်ဆိတ်နီသည် တစ်ခုခုမှားယွင်းနေသလို ခံစားမိလိုက်သည်။
ရှောင်ယုသည် ခဏလောက်အံ့သြနေပြီး တုန်တုန်ယင်ယင်လေသံဖြင့်ပြောလိုက်သည်။
"မဟုတ်ဘူး...ဘာမှမဟုတ်ဘူး...ဝိုင်ရဲ့အရသာကကောင်းလို့လား"
ရှောင်ယု၏စကားကိုကြားသောအခါတွင် မုတ်ဆိတ်နီကမျက်မှောင်ကြုတ်မိလိုက်သည်။
"ဝိုင်နဲ့ပတ်သက်ပြီးပြဿနာရှိလို့လား"
ရှောင်ယုက အလျင်စလိုပြန်ဖြေလိုက်သည်။
"ဘာမှမဟုတ်ပါဘူး...ပြဿနာလုံးဝကိုမရှိဘူး...ဒါကငါအကြိုက်ဆုံးဝိုင်ပဲ...မင်းပျော်ရင်အကုန်လုံးသောက်လိုက်"
"မင်းငါ့ကိုလှည့်စားဖို့ကြိုးစားနေတာလား...မင်းကငါ့ကိုအာရုံလွဲနိုင်မယ်လို့ ထင်နေတာလား...ဒီဝိုင်သာဘာမှမမှားဘူးဆိုရင် မင်းလည်းသောက်ရမယ်...ဟမ့်ငါသေရင်မင်းပါတစ်ခါတည်းသေရမှာပေါ့"
မုတ်ဆိတ်နီသည် ရှောင်ယုအားဝိုင်ကိုအတင်းအကြပ် သောက်သုံးခိုင်းလိုက်သည်။
ထို့နောက် မုတ်ဆိတ်နီသည်ရက်စက်စွာပြုံးလိုက်သည်။
"အိုး...မင်းကိုငါအဆိပ်ပေးဖို့ မေ့သွားခဲ့ပြီ"
မုတ်ဆိတ်နီသည် ဖန်ခွက်အလွတ်တစ်ခုအားစားပွဲပေါ်သို့တင်လိုက်ပြီးနောက် ပုလင်းသေးသေးလေးကိုအဖုံးဖွင့်ကာ ဖန်ခွက်ထဲသို့လောင်းချလိုက်သည်။
ရှောင်ယုသည် မုတ်ဆိတ်နီက ဖန်ခွက်ထဲအဆိပ်များလောင်းချနေသည်ကိုမြင်သောအခါ တောင်းဆိုလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါသေရတော့မယ်ဆိုတော့ နောက်ဆုံးအနေနဲ့တစ်ခုတောင်းဆိုသွားလို့ရလား"
ရှောင်ယုသည် နီးကပ်လာသောသေခြင်းတရားကို ကြောက်ရွံ့နေသည်ဟု ယူဆမိလိုက်၍ မုတ်ဆိတ်န်ီပြုံးလိုက်မိသည်။
"မင်းဘာလိုချင်လို့လဲ"
"ငါကခုချိန်ထိလူပျိုဖြစ်နေတုံးပဲ...မင်းနဲ့မသေခင်လေးပျော်ပါးသွားလို့ရမလား...ငါသာလူပျိုဘဝနဲ့သေသွားရင် အသုံးမကျဖြစ်သွားလိမ့်မယ်"
ရှောင်ယုကပြောလိုက်သည်။
မုတ်ဆိတ်နီသည် ရှောင်ယု၏တောင်းဆိုချက်ကြောင့် ရယ်မောမိလိုက်သည်။
"မင်းကတော်တော်ရယ်စရာကောင်းတဲ့ကောင်ပဲ...မင်းရဲ့မသေခင်ဆန္ဒကိုဖြည့်ဆည်းပေးဖို့ ငါ့ရဲ့ခန္ဓာကိုယ်ကိုစတေးမယ်လို့ မင်းထင်နေတာလား"
ရှောင်ယုသည် ခေါင်းညိတ်ကာ လေးနက်တည်ကြည်စွာပြောလိုက်သည်။
"မင်းလုပ်မှာပါ"
မုတ်ဆိတ်နီသည် အဆိပ်ထည့်ထားသောဖန်ခွက်ကိုကောက်ကိုင်ကာ ရှောင်ယုအားသောက်ခိုင်းရန် ပြင်ဆင်လိုက်သည်။ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ်မှ အပူလှိုင်းများတိုးထွက်လာသလို ခံစားလိုက်ရသည်။
သူမက လေသံတိုးတိုးဖြင့် မယုံကြည်နိုင်စွာရေရွတ်လိုက်သည်။
"မင်း...မင်းစိတ်ကြွဆေးကိုဒီဝိုင်ထဲထည့်ထားတာလား"
"မင်းကိုသောက်ခိုင်းတာ ငါမဟုတ်ဘူးနော်"
ရှောင်ယုကအပြစ်ကင်းသောလေသံဖြင့် ပြန်ဖြေခဲ့သည်။
"မင်း..."
မုတ်ဆိတ်နီသည် အလွန်ဒေါသထွက်သွားခဲ့ကာ ရှောင်ယုအားချက်ချင်းသတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည်။သူမသည် ဓားမြှောင်ကိုဖိကပ်လိုက်သော်လည်း ရှောင်ယုသည်ရုတ်တရက်ပျောက်ကွယ်သွားရာ ကုတင်ကိုသာဓားမြှောင်နှင့်ထိုးမိခဲ့သည်။
"တည်နေရာရွေ့ပြောင်းခြင်း"
ရှောင်ယုသည် အဝေးသို့တည်နေရာရွေ့ပြောင်းသွားသည်ကို မုတ်ဆိတ်နီနားလည်လိုက်သည်။သို့သော် သူမသည်ရှောင်ယုထက်များစွာသန်မာပေသည်။သူမသည် ပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်ကာ ရှောင်ယု၏တည်နေရာကိုဦးတည်၍ ပြေးဝင်သွားခဲ့သည်။
ရှောင်ယုသည် မုတ်ဆိတ်နီရှာမတွေ့စေရန်အတွက် လေလမ်းလျှောက်ခြင်းကိုအသက်သွင်းကာ က်ိုယ်ယောင်ဖျောက်ထားခဲ့သည်။သို့သော်လည်း အတွေ့အကြုံရှိပြီး အဆင့်မြင့်သောလုပ်ကြံသူတစ်ယောက်အနေဖြင့် မုတ်ဆိတ်နီသည် ရှောင်ယု၏တည်နေရာကိုရှာဖွေရန် ခက်ခဲမှုမရှိပေ။
"ဘယ်ကိုပြေးချင်တာလဲ..."
မုတ်ဆိတ်နီသည် အချိန်များစွာကိုဖြုန်းတီးမိခဲ့သည်ဟု ထင်မှတ်ခဲ့သည်။အကယ်၍သူမသာ ရှောင်ယုကိုရောက်ရောက်ချင်းသတ်လိုက်ပါက ဤသို့ဖြစ်ပျက်လာမည်မဟုတ်ပေ။မည်သို့ပင်ဆိုစေကာမူ သူမသည်အဆင့်မြင့်လုပ်ကြံသူတစ်ယောက်ဖြစ်ပြီး ရှောင်ယုသည် တည်နေရာရွေ့ပြောင်းခြင်းကိုအသုံးပြုထားသော်လည်း သူမ၏လက်မှလွတ်မြောက်နိုင်မည်မဟုတ်ပေ။သို့သော်လည်း သူမ၏ခန္ဓာကိုယ်အတွင်းမှ တိုးထွက်လာသည့်ပြင်းထန်သောအပူလှိုင်းများက သူမ၏စွမ်းအင်သုံးစွဲမှုကို အပျက်သဘောဆောင်စေသည့် အကျိုးသက်ရောက်မှုရှိလာခဲ့သည်။
ခဏအကြာတွင် သူမသည်စိတ်ကြွဆေးကြောင့် ရူးသွပ်စွာပြုမူနေခဲ့သော ပါထျန်းမင်ကိုသတိရသွားခဲ့သည်။မုတ်ဆိတ်နီ၏ခန္ဓာကိုယ်သည် သူမ၏စိတ်ထဲတွင်ဖြစ်ပေါ်နေသော ရှုပ်ထွေးမှုများကြောင့် တဖြည်းဖြည်းရွေ့လျားလာခဲ့သည်။သူမသည်ရုတ်တရက်ရှေ့သို့ခုန်ထွက်ကာ ရှောင်ယုအားဖမ်းဆွဲလိုက်သည်။ထို့နောက် သူမ၏ဓားမြှောင်ကို ရှောင်ယု၏နူးညံ့သိမ်မွေ့သောမျက်နှာဆီချိန်ရွယ်လိုက်သော်လည်း သူမ၏နှလုံးခုန်သံသည်မြန်ဆန်လာပြီး ရှေ့ဆက်မတိုးတော့ပေ။
ရှောင်ယု၏မျက်နှာသည်လည်း နီမြန်းလာခဲ့ပြီး သွေးဆောင်မှုများနှင့်ပြည့်နှက်နေသော မုတ်ဆိတ်နီ၏ခန္ဓာကိုယ်ကိုစိုက်ကြည့်နေခဲ့ကာ သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ပေ။
ဗျစ်...
ရှောင်ယုသည် မုတ်ဆိတ်နီ၏အဝတ်အစားများကို ဆုတ်ဖြဲလိုက်သည်။ထိုအခါ သူမ၏ဖြူဖွေးသောအသားအရည်နှင့်အမွှာတောင်ထိပ်တစ်စုံက တစ်ဝက်တစ်ပျက်ထွက်ပေါ်လာခဲ့သည်။
မုတ်ဆိတ်နီသည်လည်း ရှောင်ယုကိုပြင်းထန်စွာပိတ်ဆို့လိုက်ကာ ချက်ချင်းနမ်းရှိုက်လိုက်တော့သည်။
အခန်း ၂၆၇ - ဝိုင်းကြည့်ခံရခြင်း
ရှောင်ယုသည် လှပသောအိပ်မက်တစ်ခုကိုမက်နေခဲ့သည်။
အိပ်မက်ထဲ၌သူသည် မရေမတွက်နိုင်သောနတ်သမီးများဖြင့် ဝိုင်းရံခံထားရသည်ဟု သူခံစားနေရသည်။နတ်သမီးတစ်ယောက်ချင်းစီတိုင်းသည် အလွန်လှပကာစွဲမက်ဖွယ်ကောင်းလှသည်။သူမတို့သည် အဝတ်ဗလာဖြစ်နေကြပြီး သူ့အားညင်သာစွာနမ်းရှိုက်နေကြသည်။ရှောင်ယုသည် ဖိနှိပ်ထားသောခံစားချက်အားလုံးကိုဖွင့်ထုတ်ကာ သူမတို့နှင့်ပျော်ပါးနေခဲ့သည်။ထို့ပြင် နေရာတိုင်း၌ပန်းပွင့်များဖူးပွင့်နေကာ မရေမတွက်နိုင်သည့်မက်မွန်ပန်းပွင့်များ၏ပွင့်ချပ်များသည် လေထဲ၌လွှင့်မျောနေကြသည်။ထိုပတ်ဝန်းကျင်သည် ရှောင်ယု၏စိတ်ဆန္ဒများကို အဆုံးစွန်ထိလှုံဆော်ပေးနေခဲ့သည်။
ရှောင်ယုသည် ထိုမြင်ကွင်းကို ပျော်ရွှင်စွာဖြင့်ဆက်လက်ခံစားနေခဲ့ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များသည်အကန့်အသတ်မရှိဟုပင် ခံစားနေရသည်။ထိုသို့မည်မျှကြာကြာဆက်လက်လုပ်ဆောင်နေမှန်း ရှောင်ယုမသိရှိသော်လည်း သူ၏စိတ်ဆန္ဒကိုလှုံဆော်ပေးနေသော အပူရှိန်သည်တဖြည်းဖြည်းလျော့ပါးလာကြောင်း သူနားလည်လိုက်သည်။
ရှောင်ယုသည် သူ၏မျက်လုံးများကို ဖြေးညင်းစွာဖွင့်လိုက်ရာ သူ၏ကိုယ်လုံးတီးခန္ဓာကိုယ်အား လေအေးများကတွန်းပို့နေသလိုခံစားလိုက်ရသည်။သူသည် လှပသောမတော်တဆမှုတစ်ခုကြောင့် နှစ်၂၀ကျော်ကြာထိန်းသိမ်းလာခဲ့သော လူပျိုဘဝကိုစွန့်လွှတ်လိုက်ရပြီးဖြစ်ကြောင်း သတိရလိုက်သည်။
"ငါက လူပျိုတစ်ယောက်မဟုတ်တော့ဘူး..."
ရှောင်ယုသည် မျက်လုံးများကိုမှိတ်ထားရင်း ပြုံးလိုက်မိသည်။တစ်ချိန်တည်းမှာပင် သူ၏နှလုံးသားထဲ၌မာနတရားများ ဖြစ်ပေါ်လာခဲ့သည်။
"မင်းအမေ...ဘာဖြစ်တာလဲ"
ရှောင်ယုသည် သူ၏ကုတင်ဘေး၌ရပ်နေသော လူအနည်းငယ်ကိုမြင်တွေ့လိုက်ရချိန်တွင် အလန့်တကြားကျိန်ဆဲမိလ်ိုက်သည်။ယခုအခါ ဂရင်း၊ခိုင်ရင်း၊အန်တိုနီဒက်စ်နှင့်အခြားသူများစွာသည် သူ၏တဲအထဲ၌ရှိနေကြသည်။
"မင်း...မင်းတို့ဒီမှာဘာလုပ်နေကြတာလဲ..."
ရှောင်ယုသည် ချက်ချင်းဆိုသလို စောင်တစ်ထည်အားဆွဲယူ၍သူ၏ခန္ဓာကိုယ်အား ဖုံးကွယ်ထားလိုက်သည်။သူသည်တဲအတွင်းရှိလူများ၏အမူအရာကို စစ်ဆေးလိုက်ပြီးနောက်တွင် ထိုလူများအားလုံးသည် ဤနေရာ၌အချိန်အတော်ကြာအောင်ရှိနေခဲ့ကြကာ သူနှင့်မုတ်ဆိတ်နီတို့အကြားတိုက်ပွဲကိုစောင့်ကြည့်ခဲ့ကြကြောင်း နားလည်လိုက်သည်။
"ငါတို့က သခင်ကိုကာကွယ်ပေးနေတာပါ"
ဂရင်းက ပြန်ပြောလိုက်သည်။သို့သော် ဂရင်း၏မျက်နှာပေါ်၌ လိမ္မာပါးနပ်သောအမူအရာတစ်ခုရှိနေခဲ့သည်။
"မင်းတို့ရဲ့အကာအကွယ်ကို ငါလိုတယ်လို့ပြောခဲ့လား...မင်းတို့အားလုံးဒီတဲထဲကို ဘယ်အချိန်ကဝင်လာခဲ့တာလဲ...မင်းတို့ကငါ့ကိုသခင်အဖြစ်အသိအမှတ်ပြုထားတာမလား...ဘာလို့မင်းတို့ရဲ့သခင်ကခုလ်ိုကိစ္စမျိုးလုပ်နေတဲ့အချိန်မှာ ဘာလို့စောင့်ကြည့်နေကြတာလဲ"
ရှောင်ယုသည် သူ၏လက်ရှိအဖြစ်အပျက်က တိုက်ရိုက်ထုတ်လွှင့်နေသည့်အခြေအနေမျိးဖြစ်နေသည်ကို နားလည်လိုက်၍ ကျိန်ဆဲမိလိုက်ခြင်းဖြစ်သည်။
သို့သော် ဂရင်းနှင့်အခြားသူများက မလှုပ်မရှားဘဲငြိမ်သက်နေခဲ့သည်။
ရှောင်ယုသည် ခဏလောက်ကြိမ်းမောင်းအပြီးတွင် အာခြောက်လာခဲ့သည်။
"ငါ့ကိုရေတစ်ခွက်လောက်ပေး..."
ဂရင်းသည် ဖန်ခွက်တစ်ခုထဲသို့ရေလောင်းထည့်လိုက်ကာ ရှေ့သို့တိုးလာခဲ့ပြီး ရှောင်ယုလက်ထဲထည့်ပေးလိုက်သည်။ရှောင်ယုသည် ရေကိုအငမ်းမရသောက်ပြီးနောက် ရှက်ရွံ့နေသောကလေးတစ်ယောက်လို လှည့်ကြည့်နေလိုက်သည်။
"သူမ မနိုးသေးဘူးလား"
ရှောင်ယုက သူ၏နံဘေး၌အိပ်ပျော်နေသော အမျိုးသမီးသည် သာမန်အမျိုးသမီးတစ်ယောက်မဟုတ်ဘဲ ပဥ္စမအဆင့်လုပ်ကြံသူတစ်ယောက်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းနားလည်ထားပေသည်။
သူသည် သိုလှောင်လက်စွပ်အတွင်းမှ အဝတ်တစ်ထည်ကို ထုတ်ယူဝတ်ဆင်လိုက်ပြီးနောက်တွင် ကုတင်ပေါ်မှနေ၍ခုန်ဆင်းလိုက်သည်။
ရှောင်ယုနိုးလာပြီဖြစ်ကြောင်း သတင်းရရှိလိုက်သည့်အတွက် ထို့ပါဟောင်လည်းရောက်ရှိလာခဲ့သည်။သူသည် ရှောင်ယုအားတွေ့တွေ့ချင်း ရယ်ရယ်မောမောဖြင့်စနောက်လိုက်သည်။
"ရှောင်ယု...မင်းကအိပ်ရာထဲမှာ အဲ့လောက်တောင်အစွမ်းထက်မယ်လို့ ငါတကယ်မထင်ထားဘူး"
"မင်းလည်းကြည့်နေတာလား..."
ရှောင်ယုသည် ထို့ပါဟောင်၏မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
ထို့ပါဟောင်သည် ပြုံးပြလိုက်ပြီး ငြင်းဆန်လိုက်သည်။
"မင်းထင်သလ်ိုမဟုတ်ဘူး...ဆရာကမင်းရဲ့တဲထဲမှာ လုပ်ကြံသူတစ်ယောက်ရှိနေတယ်လို့ပြောပေမဲ့ မင်းတို့နှစ်ယောက်လုံးကစိတ်ကြွဆေးကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ပြောတယ်...ဒါပေမဲ့ငါကမင်းကိုစိတ်ပူတဲ့အတွက် တဲထဲကိုဝင်လာခဲ့တယ်...ငါမင်းရဲ့လုံခြုံမှုကိုဂရုစိုက်တာပါ"
"မင်းကအဲလိုအရာတွေအထိ ဂရုစိုက်နေတာလား...ငါကအရှက်မရှိဘူးဆိုပေမဲ့...ငါလုပ်သမျှအရာအားလုံးကို တိုက်ရိုက်ထုတ်လွှင့်တဲ့အဆင့်ကို မရောက်သေးဘူး"
ထိုအချိန်၌ တဲထဲသို့လူအများပိုမိုဝင်ရောက်လာသည်ကို ရှောင်ယုတွေ့လိုက်ရသည်။လီအာ၊ဆုရှာ၊တိုင်ရန်ဒီနှင့်ဖော်ရာတို့တောင်မှ တဲထဲသို့ရောက်လာကြသည်။
ထိုအချိန်တွင် မုတ်ဆိတ်နီသည်လည်း နိုးထလာခဲ့သည်။သူမ၏မျက်နှာပေါ်ရှိ မျက်နှာဖုံးအား ဟိုးအရင်ကတည်းကဆုတ်ဖြဲထားသည့်အတွက် ရှောင်ယုသည်သူမ၏လှပသောမျက်နှာကိုတွေ့မြင်နိုင်သည်။
သူမသည် နိုးနိုးချင်း တဲအတွင်းမှလူများစွာကိုတွေ့မြင်လိုက်ရပြီး သူမသည်ကိုယ်လုံးတီးဖြစ်နေသည်ကို သတိထားမိချိန်တွင် စောင်ဖြင့်အကာအကွယ်ယူထားလိုက်သည်။
"မင်း...မင်း.."
မုတ်ဆိတ်နီသည် ရှောင်ယုအားဒေါသတကြီးစိုက်ကြည့်လိုက်သည်။သူမသည် အလွန်ကြီးမားသည့်ဆုံးရှံးမှုတစ်ခုအား ခံစားလိုက်ရပြီဖြစ်သည်။
"ငါ...ငါ...ဘာငါလဲ...ငါ့ရဲ့အပြစ်ကင်းတဲ့ဂုဏ်သိက္ခာနဲ့လူပျိုဘဝကပျက်စီးသွားပြီဆိုတာကော မင်းနားလည်လား..."
ရှောင်ယု၏မျက်နှာပေါ်၌ မခံမရပ်နိုင်သောအမူအရာတစ်ခုဖြစ်ပေါ်လာခဲ့ကာ သူ့ကိုယ်သူအပြစ်ရှိသူနှင့်တူညီအောင်ပြုလုပ်လိုက်သည်။
မုတ်ဆိတ်နီသည် သူမ၏ခေါင်းကိုစောင်ဖြင့်အုပ်ထားလိုက်သည်။သူမသည် လူအများကိုရင်ဆိုင်ရန်အတွက် မျက်နှာကိုလုံးဝမဖော်ပြဝံ့ပေ။သူမသည် လုံးဝစကားမပြောသည့်အတွက် အခြားသူများသည် သူမအားအလျင်အမြန်ဝိုင်းရံထားလိုက်ကြသည်။မုတ်ဆိတ်နီသည် သူမ၏အစွမ်းတစ်ခုတည်းဖြင့် လီအာနှင့်တိုင်ရန်ဒီတို့၏စောင့်ကြည့်မှုအောက်တွင် သူ၏တဲထဲသို့ခိုးဝင်နိုင်ခဲ့သည်။ထို့ကြောင့်လူတိုင်းသည် စောင်ခြုံထားသောမုတ်ဆိတ်နီအားသတိထား၍စောင့်ကြည့်နေကြသည်။
အောင်းတူသည် အခြားသူများကို အခန်းထဲ၌စောင့်ကြည့်နေရန် စေခိုင်းခဲ့သည်။သူသည် မုတ်ဆိတ်နီ၏အစွမ်းသတ္တိကိုနားလည်ထားခဲ့သည့်အတွက် သူမဦးစွာနိုးထလာပြီး ရှောင်ယုအားသတ်ဖြတ်လိုက်မည်ကိုစိုးရိမ်နေခဲ့သည်။ယခုအချိန်တွင် ရှောင်ယုသည် ထို့ပါဟောင်အတွက်လွန်စွာအရေးပါနေပေရာ ရှောင်ယုတစ်ယောက်မတော်တဆသေဆုံးသွားမည်ကို ခွင့်မပြုနိုင်ပေ။
အမှန်တော့ မုတ်ဆိတ်နီသည် ရှောင်ယု၏တဲအတွင်းသို့ ခိုးဝင်လိုက်စဉ်ကပင် အောင်းတူသည် မုတ်ဆိတ်နီ၏တည်ရှိမှုကိုတွေ့ရှိထားပြီဖြစ်သည်။သို့သော်သူသည် ချက်ချင်းဝင်မစွက်ဖက်ဘဲ ရှောင်ယုသည်ဤကဲ့သို့သောအဆင့်မြင့်လုပ်ကြံသူတစ်ယောက်နှင့်ရင်ဆိုင်ရပါက မည်သို့တုံ့ပြန်မည်ကို တိတ်တဆိတ်စောင့်ကြည့်နေခဲ့သည်။မုတ်ဆိတ်နီသည် သူမ၏ဓားမြှောင်ကို ရှောင်ယု၏လည်ပင်း၌တင်ထားသော်လည်း မုတ်ဆိတ်နီသာရှောင်ယုအား သတ်ဖြတ်လိုပါက အောင်းတူသည် မီလီစက္ကန့်ပိုင်းအတွင်း ဝင်ရောက်စွက်ဖက်ကာ ရှောင်ယု၏အသက်ကိုကယ်တင်နိုင်သည်။
ပဥ္စမအဆင့်နှင့်ဆဌမအဆင့်တို့အကြား ခွန်အားကွာဟချက်သည် အလွန်ကြီးမားပေသည်။ထို့ပြင် ဆဌမအဆင့်၌လည်း အဆင့်များစွာခွဲခြားထားသေးသည်။အောင်းတူသည် ဆဌမအဆင့်အထွတ်အထိပ်သူရဲကောင်းဖြစ်ပေရာ ပဥ္စမအဆင့်လုပ်ကြံသူများကို ဂရုစိုက်နေစရာပင်မလိုပေ။
မည်သို့ပင်ဆိုစေကာမူ ရှောင်ယုတို့နှစ်ယောက်လုံးသည် ရူးသွပ်နေသောပုံစံမျိုးစုံဖြင့် တိုက်ခိုက်နေကြသည်ကိုမြင်သောအခါ ရှောင်ယု၏အချိန်ကောင်းကိုမနှောင့်ယှက်လို၍ သူသည်ဝင်ရောက်စွက်ဖက်ခြင်းမပြုတော့ပေ။သို့သော် ရှောင်ယုအားစောင့်ရှောက်နိုင်ရန် ဂရင်းနှင့်အခြားသူများကို ပြောပြခဲ့သည်။
လုပ်ကြံသူသည် ရှောင်ယု၏တဲထဲသို့ဝင်ရောက်သွားသည့်အခါတွင် ဂရင်းသည်အလွန်ပင်စိုးရိမ်သွားခဲ့သည်။သူသည် ရှောင်ယုအပေါ်၌ အမှတ်၁၀၀နီးပါးသစ္စာစောင့်သိနေပြီဖြစ်၍ သူသည်ရှောင်ယု၏လုံခြုံရေးအား သူ၏ကိုယ်ပိုင်အသက်ထက်ဂရုစိုက်ပေသည်။ထို့ကြောင့် ဆင့်ခေါ်ထားသည့်သူရဲကောင်းတိုင်းသည် ရှောင်ယု၏တဲထဲသို့အလျင်အမြန်ပြေးဝင်သွားကြသည်။တိုင်ရန်ဒီနှင့်မိုင်ယဗ်တို့သည် ရှောင်ယု၏လုံခြုံရေးကိုတာဝန်ယူပေးရသူများဖြစ်ရာ ထိုသတင်းကိုကြားကြားချင်း မည်သည်ကိုမှဂရုမစိုက်ဘဲ ရှောင်ယု၏တဲထဲဝင်ရောက်သွားကြသည်။
သို့သော် ရှောင်ယုနှင့်မုတ်ဆိတ်နီတို့၏ မရိုးသားသောတိုက်ပွဲကို တွေ့မြင်လိုက်ရသည့်အခါတွင် တိုင်ရန်ဒီသည်နောင်တရသွားခဲ့သည်။ဆုရှာနှင့်လီအာတို့သည် တဲထဲသို့ဝင်ရောက်သွားသည့်အခါ အလွန်ရှက်ရွံ့နေကြသော်လည်း ရှောင်ယု၏လုံခြုံရေးကိုစိုးရိမ်ပူပန်နေကြသေးသည်။ထို့ပါဟောင်သည်လည်း သူ့အတွက်ရှောင်ယု၏အရေးပါပုံကိုသတိထားမိ၍ အမြန်ဆုံးရောက်လာခဲ့သည်။
ထို့ကြောင့် ရှောင်ယုနှင့်မုတ်ဆိတ်နီတို့အကြားတိုက်ပွဲကို လူအများအပြားက တိုက်ရိုက်ကြည့်ရှုခဲ့ကြသည်။ကောင်မလေးများသည် အံ့အားသင့်သွားကြကာ ရှက်ရွံမှုကြောင့် သူမတို့၏မျက်လုံးများကိုမှိတ်ထားသော်လည်း ရံဖန်ရံခါတွင်လျှို့ဝှက်စွာချောင်းကြည့်တတ်ကြသည်။
ရှောင်ယုနှင့်မုတ်ဆိတ်နီတို့၏တိုက်ပွဲသည် အချိန်အတော်ကြာသည်အထိ ပြီးဆုံးဦးမည်မဟုတ်ကြောင်း သူမတို့နားလည်လိုက်သည့်အတွက် မိန်းကလေးများသည် တဲထဲမှနေ၍ထွက်ခွာသွားခဲ့ကြသည်။သို့သော်လည်း ဂရင်း၊ခိုင်ရင်း၊အန်တိုနီဒက်စ်နှင့်အခြားသောသူရဲကောင်းများသည် တဲထဲ၌ရှိနေခဲ့ကြသည်။မည်သို့ပင်ဆိုစေ သူတို့သည်ကူညီရန်နည်းလမ်းကိုရှာမတွေ့၍ ရှောင်ယုနှင့်မုတ်ဆိတ်နီတို့ ရပ်တန့်သွားစေရန်သာ စောင့်မျှော်နေကြသည်။ထို့ပြင် သူတို့သည်သတိလည်းမပြတ်ဝံ့ကြပေ။အကယ်၍ မုတ်ဆိတ်နီသာဦးစွာနိုးထလာပါက ရှောင်ယုအန္တာရယ်ဖြစ်နိုင်ပေသည်။
ရှောင်ယုသည် အရေထူသူဖြစ်သော်လည်း တဲအတွင်းမှလူများစွာကိုမြင်သောအခါတွင် မျောက်ဖင်နီကဲ့သို့ မျက်နှာနီရဲလာခဲ့သည်။
"သေစမ်း...ငါလက်စားချေခံရတာပဲ...ဒါကနတ်ဘုရားတွေရဲ့ လက်စားချေမှုတစ်ခုပဲ...ငါကပါထျန်းမင်ကိုအရင်ကလှောင်ပြောင်ခဲ့တာကြောင့် ခုချိန်မှာငါကပြန်ပြီးလှောင်ပြောင်ခံရတာပဲ...အင်းကြည့်နေတဲ့သူတွေတော့ အတော်နည်းသွားပြီ"
ယခုအချိန်ထိ မုတ်ဆိတ်နီသည် စောင်အောက်၌ပုန်းနေကြောင်း ရှောင်ယုသတိထားမိလိုက်သည်။
"ကောင်မလေးရှက်မနေနဲ့တော့ မင်းကခုဆိုရင်ငါ့မိန်းမဖြစ်နေပြီမလို့ မင်းကိုမသတ်တော့ဘူး...ငါကငါ့ရဲ့မိန်းမတွေအပေါ်အမြဲကြင်နာတတ်ပါတယ်"
သို့သော်လည်း တဲအတွင်းမှနေ၍ ကျယ်လောင်သောအသံများထွက်ပေါ်လာခဲ့ကာ ပေါက်ကွဲသံများပင်ထွက်လာခဲ့သည်။
ရှောင်ယုသည် အမြန်ဆုံးလှုပ်ရှားလိုက်ကာ စောင်ကိုဓားဖြင့်ခုတ်ထစ်လိုက်သည်။သို့သော်မုတ်ဆိတ်နီသည်ပျောက်ကွယ်သွားခဲ့ကာ စောင်အောက်၌ကြီးမားသည့်အပေါက်တစ်ခုရှိနေပြီး ထိုအပေါက်မှတဆင့်လွတ်မြောက်သွားပုံရသည်။
မုတ်ဆိတ်နီသည် ပဥ္စမအဆင့်လုပ်ကြံသူဖြစ်ပေရာ အချိန်တိုအတွင်း လူအများရှေ့မှလွတ်မြောက်ရန်မှာ သူ့အတွက်မခက်ခဲလှပေ။ဂရင်းသည် ထိုနေရာတစ်ခုလုံးကိုတူးဖော်ရှာဖွေခဲ့သော်လည်း မုတ်ဆိတ်နီကိုရှာမတွေ့ခဲ့ပေ။