← Chapters

အခန်း (၂၇၄-၂၇၆)

Vol. 19 Ch. 274-276

အခန်း (၂၇၄-၂၇၆)

Vol. 19 Ch. 274-276

အခန်း ၂၇၄ - တစ္ဆေစစ်သည်တော်များ၏အစွမ်း

ရှောင်ယုသည် တစ္ဆေစစ်သည်တော်များ၏ခွန်အားကိုခံစားမိ၍ အံ့အားသင့်သွားခဲ့သည်။

ပါထျန်းမင်သည် ဝူဟယ်မြို့အားပြတ်ပြတ်သားသားတိုက်ခိုက်ရဲသည်မှာ အံ့သြစရာတော့မဟုတ်တော့ပေ။

ရှောင်ယုသည် လေလမ်းလျှောက်ခြင်းကိုအသက်သွင်းကာ တစ္ဆေစစ်သည်တော်၏နောက်သို့ရောက်သွားပြီး တိုက်ခိုက်ခဲ့သည်။ သို့သော် တစ္ဆေစစ်သည်တော်၏အရှိန်သည် သူမျှော်လင့်ထားသည်ထက် ပိုမိုကျော်လွန်နေခဲ့သည်။ ထိုတစ္ဆေစစ်သည်တော်သည် ရှောင်ယု၏တိုက်ခိုက်မှုမှ လွတ်ကင်းသွားခဲ့သည်။

" သေစမ်း ... သူတို့ကအရမ်းမြန်တယ်ဟ ... "

ရှောင်ယုသည် ကျယ်လောင်စွာကျိန်ဆဲမိလိုက်ပြီး နောက်ထပ်တစ်ကြိမ်လှုပ်ရှား၍ တိုက်ခိုက်လိုက်သည်။

အား ...

ယခုတစ်ကြိမ်တွင်မူ ခရမ်းရောင်မီးခိုးငွေ့များသည် သူ၏ခန္ဓာကိုယ်မှစိမ့်ထွက်လာ၍ တစ္ဆေစစ်သည်တော်ကအော်ဟစ်လိုက်သည်။ ပြာမှုန်သယ်ဆောင်သူသည် ပုံတူသာဖြစ်သော်လည်း တစ္ဆေစစ်သည်တော်ကိုထိခိုက်စေခဲ့သည်။ တစ္ဆေစစ်သည်တော်များသည် နာကျင်မှုကိုမခံစားနိုင်သော်လည်း အလင်း၏စွမ်းအားကိုကြောက်ရွံ့ကြသည်။

" တောင်ဘီလူးတွေ ဒီကိုလာပြီးတော့ပိတ်ဆို့ထားကြ ... ခြေလျင်တပ်သားတွေကသူတို့ရဲ့အာရုံစိုက်မှုကိုဆွဲဆောင်ကြစမ်း ... အောစ့်တွေသူတို့ကိုတစ်ယောက်ချင်းမတိုက်ကြနဲ့ "

ရှောင်ယုသည် ဤတစ္ဆေစစ်သည်တော်များကိုကိုင်တွယ်ရန်အတွက် သူ၏တပ်များကိုအာရုံစိုက်ရန် အမိန့်ထုတ်ပြန်လိုက်သည်။ ယခုအခါ ဝံပုလွေစီးစစ်သည်များသည် အောစ့်စီးနင်းသူများနှင့်အခြားတပ်သားများ၏လက်ချက်ကြောင့် ကျရှုံးခဲ့သော်လည်း တစ္ဆေစစ်သည်တော်များ ရုတ်တရက်ထွက်ပေါ်လာမှုက သူ၏အစီအစဉ်ကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။

ဘန်း ... ဘန်း ... ဘန်း

ရိုင်ဖယ်တပ်သားများသည် တစ္ဆေစစ်သည်တော်များကို စတင်ပစ်ခတ်ခဲ့ကြသည်။ တစ္ဆေစစ်သည်တော်များသည် သံချပ်ကာအထူများအားဝတ်ဆင်ထားခဲ့သော်လည်း ကျည်ဆန်များသည်၎င်းတို့အားဖောက်ထွင်းဝင်ရောက်နိုင်ခဲ့သည်။ ကျည်ဆန်ထိမှန်ခံရသော တစ္ဆေစစ်သည်တော်များသည် အော်ဟစ်ငြီးတွားခဲ့သည်။ သူတို့သည်မသေမျိုးများဖြစ်သော်လည်း ကျည်ဆန်များက သူတို့ကိုများစွာထိခိုက်စေသည်။

" ရိုင်ဖယ်တပ်သားတွေကလည်း သူတို့ကိုဒုက္ခပေးနိုင်တာလား ... သူတို့ကယမ်းမှုန့်ကိုတော့ကြောက်ပုံရတယ် "

ရှောင်ယုသည် ရိုင်ဖယ်တပ်သားများအား တစ္ဆေစစ်သည်တော်များကိုဦးတည်ပစ်ခတ်ရန် အမိန့်ပေးခဲ့သည်။

တစ္ဆေစစ်သည်တော်များသည် ရိုင်ဖယ်တပ်သားများက သူတို့အားအန္တာရယ်ပေးနိုင်သည်ကို တွေ့မြင်လိုက်ချိန်တွင် သာမန်စစ်သားများကိုမတိုက်ခိုက်ကြတော့ဘဲ ရိုင်ဖယ်တပ်သားများဆီသို့ ဦးတည်ပြေးဝင်သွားကြသည်။ သို့သော် ရိုင်ဖယ်တပ်သားများကလည်း သူတို့၏အရေပြားကိုကျောက်တုံးအဖြစ်ပြောင်းလဲစေသော ကျွမ်းကျင်မှုကိုအသုံးပြုလိုက်ကြသည်။ တစ္ဆေစစ်သည်တော်များသည် သူတို့အားတိုက်ခိုက်လိုက်ကြသော်လည်း သူတို့၏ကြမ်းတမ်းသောကျောက်သားအရေပြားကြောင့် ရိုင်ဖယ်တပ်သားများကို မသတ်ဖြတ်နိုင်ခဲ့ပေ။

ဘန်း ... ဘန်း ... ဘန်း

ရိုင်ဖယ်တပ်သားများသည် သူတို့၏သေနတ်များဖြင့် အဆက်မပြတ်ပစ်ခတ်နေကြသည်။ သူတို့သည် တစ္ဆေစစ်သည်တော်များကိုသာ အာရုံစိုက်ထားကြသည်။

" ဟားဟား ... လမင်းပစ်ခတ်သူတွေကို အသင့်ပြင်စမ်း ... ဓားစက်ဝိုင်းတွေက သူတို့ကိုမခွဲထုတ်နိုင်ဘူးလို့ ငါမယုံဘူး "

ရှောင်ယုက အော်ဟစ်အမိန့်ပေးလိုက်သည်။ လမင်းပစ်ခတ်သူများ၏ ဓားစက်ဝိုင်းများသည် ကျောက်တုံးများကိုပင်နှစ်ခြမ်းခွဲထုတ်နိုင်သည့်အတွက် ထိုဓားစက်ဝိုင်းများအား တစ္ဆေစစ်သည်တော်များက ခုခံနိုင်မည်မဟုတ်ဟုသူတို့ယုံကြည်ခဲ့သည်။

အောစ့်များသည် ရှောင်ယု၏အမိန့်ကြောင့် လမင်းပစ်ခတ်သူများကိုပြင်ဆင်ကာ တစ္ဆေစစ်သည်တော်များကို ပစ်ခတ်လိုက်ကြသည်။

ဝူးရှ် ... ဂူးရှ် ...

ထိုအခိုက်အတန့်တွင် လမင်းပစ်ခတ်သူများမှ ပစ်လွှတ်လ်ိုက်ကြသော ဓားစက်ဝိုင်းများသည် တစ္ဆေစစ်သည်တော်များထံတိုးဝင်သွားခဲ့သည်။ အကွာအဝေးဆယ်မီတာခန့်သာရှိသောကြောင့် တစ္ဆေစစ်သည်တော်များသည် ဓားစက်ဝိုင်းများကိုမရှောင်တိမ်းနိုင်ကြတော့ပေ။ ထို့ကြောင့် တစ်ခုတည်းသောရွေးချယ်စရာအနေဖြင့် သူတို့၏ဓားများကို ရင်ဘတ်ပေါ်၌ကန့်လတ်ဖြတ်ပိတ်ဆို့ကာ ခုခံရန်ကြိုးပမ်းလိုက်ကြသည်။ သို့သော်လည်း လခြမ်းဓားစက်ဝိုင်းများက သူတို့၏ဓားများနှင့်သူတို့၏ခန္ဓာကိုယ်အား တစ်ဝက်ခွဲထုတ်သွားခဲ့သည်။

" မိုက်တယ်ကွ ... "

ရှောင်ယုသည် ရိုင်ဖယ်တပ်သားများနှင့်လမင်းပစ်ခတ်သူများက တစ္ဆေစစ်သည်တော်များ၏ဖိအားကို ဖယ်ရှားနိုင်၍ စိတ်သက်သာရာရသွားခဲ့သည်။

...

ထိုအချိန်တွင် မြို့ရိုးပေါ်၌ပရမ်းပတာဖြစ်နေခဲ့ပြီး လူတိုင်းသည်တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြသည်။

အောင်း ....

ရှောင်ယုသည် ရုတ်တရက်ဆိုသလို ထူးဆန်းသောအသံကိုကြားလိုက်ရ၍ လှည့်ကြည့်လိုက်မိသည်။ ထိုအခါ ကိုဒိုသားရဲတစ်ကောင်သည် တစ္ဆေစစ်သည်တော်ရှိရာသို့ပြေးဝင်သွားကာ တစ်ချက်တည်းဖြင့်မြိုချလိုက်သည်ကို တွေ့မြင်လိုက်ရသည်။

" သူတို့ထဲက တော်တော်များများက အဆင့်၁၀ကိုရောက်နေပြီမလို့ ဝါးမြိုခြင်းအစွမ်းကိုနိုးထလာတာပဲ ... သူတို့ကဒီမသေမျိုးစစ်သည်တွေကိုအလွယ်တကူသတ်နိုင်တာပဲ ... ကံမကောင်းတာကငါ့မှာ ကိုဒိုသားရဲတွေအများကြီးမရှိဘူး "

ဝေါင်း ...

ယခုတစ်ကြိမ်တွင် ရှောင်ယုသည်ခိုင်ရင်း၏ တိုက်ပွဲအော်သံကိုကြားလိုက်ရသည်။ နွားလားအကြီးအကဲသည် ရန်သူများကိုတွန်းလှန်ရန်အတွက် သူ၏ကြီးမားသောခန္ဓာကိုယ်နှင့် ပုဆိန်အားအသုံးပြုဝှေ့ယမ်းနေသည်ကို သူသတိထားမိလိုက်သည်။ ခိုင်ရင်းသည် သူ၏ပုဆိန်ကြီးအားဝှေ့ယမ်း၍ တစ္ဆေစစ်သည်တော်ကိုတိုက်ခိုက်လိုက်သည်။ တစ္ဆေစစ်သည်တော်သည် ထိုတိုက်ခိုက်မှုအားတားဆီးနိုင်ခဲ့သော်လည်း သူ၏ခြေထောက်များက မြို့ရိုးအတွင်းနစ်မြုပ်သွားခဲ့သည်။ မြို့ရိုးနံရံများသည် ရွှံဖြင့်ပြုလုပ်ထားသောကြောင့် ယခုလိုဖျက်ဆီးနိုင်စွမ်းကို မခံနိုင်ကြပေ။ တစ္ဆေစစ်သည်တော်၏ ဓားသည်လည်းပျက်စီးသွားခဲ့ကာ နှစ်ခြမ်းကွဲသွားခဲ့သည်။

ယခုအခိုက်အတန့်တွင် ခိုင်ရင်းသည်စစ်နတ်ဘုရားတစ်ပါးနှင့်တူနေခဲ့သည်။ သူသည် အရပ်၃မီတာမြင့်ပြီး အဆင့်၃ချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားခဲ့သည်။ တစ္ဆေစစ်သည်တော်၏တိုက်ခိုက်မှုများသည် သူ့အားတုတ်တုတ်ပင်မလှုပ်စေခဲ့ပေ။ သူတို့၏ဓားများသည် ခိုင်ရင်း၏ချပ်ဝတ်ကိုမထိုးဖောက်နိုင်ခဲ့ပေ။ ခိုင်ရင်းသည် ရန်သူများကိုတိုက်ခိုက်ရန်အတွက် သူ၏ကြီးမားသောခန္ဓာကိုယ်ကိုအသုံးပြုခဲ့သည်။ ဤအရာသည် ရိုးရှင်းပြီးထိရောက်မှုရှိသောနည်းလမ်းဖြစ်သည်။ သူ့ထံတွင် အဆင့်၃ချပ်ဝတ်တန်ဆာ၏အစွမ်းထက်သောခုခံကာကွယ်ရေးနှင့် နွားလားသူရဲကောင်း၏အစွမ်းထက်သောခွန်အားကိုပိုင်ဆိုင်ပေသည်။

ဂရင်းသည်ကား ရန်သူများကိုသတ်ဖြတ်ရန် သူ၏ထူးခြားသောကျွမ်းကျင်မှုများကို အသုံးပြုခဲ့သည်။ သူသည် တစ္ဆေစစ်သည်တော်များနှင့်ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိပေ။ သို့သော်ဂရင်းသည် တစ္ဆေစစ်သည်တော်ကအခြားတစ်ယောက်ကိုတိုက်ခိုက်နေပါက ထိုတစ္ဆေစစ်သည်တော်၏နောက်ဘက်ကိုတိုက်ခိုက်လေ့ရှိသည်။ သူ၏တိုက်ခိုက်မှုမအောင်မြင်ပါက လေလမ်းလျှောက်ခြင်းကိုအသက်သွင်း၍ထွက်ပြေးခဲ့သည်။ ဂရင်းသည် ဤနည်းဗျူဟာက်ိုအသုံးပြုကာ မရေမတွက်နိင်သောတစ္ဆေစစ်သည်တော်များကိုသတ်ဖြတ်နိုင်ခဲ့သည်။ ဂရင်းသည် သူအသုံးပြုနေသောခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုအား ရှောင်ယုထံမှသင်ယူခဲ့ခြင်းဖြစ်သည်။ ရှောင်ယုသည် သူ၏သူရဲကောင်းများကို စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းပြီး အရှက်မရှိသောနည်းဗျူဟာများကိုသင်ကြားပေးခဲ့သည်။

ပါထျန်းမင်သည် မြို့ရိုးနံရံက်ိုကြည့်ရင်း သူ၏အကြည့်များအေးစက်သွားခဲ့သည်။ တစ္ဆေစစ်သည်တော်များသည် ခံစစ်စည်းကိုမကျော်ဖြတ်နိုင်ဟု သူမမျှော်လင့်ထားပေ။

တစ္ဆေစစ်သည်တော်များသည် အလွန်အားကောင်းသည်မှာ မှန်ကန်ပေသည်။ တစ္ဆေစစ်သည်တော်တစ်ဦးအား ချောင်ပိတ်သတ်ဖြတ်ရန်အတွက် အောစ့်စစ်သည်အမြောက်အများကို အသုံးပြုရန်လိုအပ်ပေသည်။

ပါထျန်းမင်သည် ဒေါသတကြီးအော်ဟစ်ကာ အမိန့်ပေးလိုက်သည်။

" ကျန်တဲ့တစ္ဆေစစ်သည်တော်တွေကိုလွှတ်လိုက်တော့ ... ငါတို့ဝူဟယ်မြို့ကိုအရသိမ်းပိုက်ရမယ် "

ထို့နောက် ကျန်ရှိနေသေးသော တစ္ဆေစစ်သည်တော်၅၀၀သည်ပြေးထွက်လာခဲ့ကြကာ သာမန်စစ်သားများနှင့်အတူရောနှော၍ မြို့ရိုးထံသို့ချီတက်လာကြသည်။

အခန်း ၂၇၅ - ကြီးမားသောတန်ပြန်တိုက်ခိုက်မှု

ပါထျန်းမင်သည် ဝူဟယ်မြို့အားမဖြစ်မနေသိမ်းပိုက်ရန်လိုအပ်လာ၍ ပြတ်ပြတ်သားသားတိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည်။

အမှန်တော့သူသည် ဝူဟယ်မြို့အားသိမ်းပိုက်ရန် တစ္ဆေစစ်သည်တော်၅၀၀ကိုထပ်မံစေလွှတ်လိုက်ပြီးနောက် ထို့ပါဟောင်အားအကျဉ်းသားအဖြစ်ခေါ်ဆောင်လာရန် အလွန်ယုံကြည်မှုရှိနေခဲ့သည်။

ရှောင်ယုသည် သူတို့၏ခန္ဓာကိုယ်မှ ခရမ်းရောင်မီးခိုးများဖြာထွက်နေသော တစ္ဆေစစ်သည်တော်များ မြို့ရိုးထံတက်လာသည်ကို စောင့်ကြည့်နေခဲ့သည်။ အကယ်၍ ထိုတစ္ဆေစစ်သည်တော်များကို မြို့ရိုးပေါ်တက်ခွင့်ပေးလိုက်ပါက မဖြစ်နိုင်လောက်အောင်ခက်ခဲသည့် တိုက်ပွဲတစ်ခုအားသူရင်ဆိုင်ရတော့မည်ဖြစ်သည်။ မြို့ရိုးနံရံပေါ်ရှိတိုက်ပွဲသည်ပြင်ထန်နေဆဲဖြစ်ကာ တစ္ဆေစစ်သည်တော်များထပ်မံရောက်ရှိလာပါက ပိုမိုထိန်းချုပ်ရခက်ခဲလာမည်ဖြစ်သည်။

" မအေပေးတွေ .... လာကြစမ်းပါ ... ဒါမှဒီဖေဖေကမင်းတို့ကိုရိုက်လို့ရမှာ "

ရှောင်ယု၏မျက်လုံးများသည် ချက်ချင်းတောက်ပလာခဲ့ကာ တစ္ဆေစစ်သည်တော်များ မြို့ရိုးအောက်သို့ရောက်လာသည်နှင့် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

" အကုန်လုံးနောက်ဆုတ်ကြ ... "

ရန်သူများသည် မြို့ရိုးထံသို့အလုံးအရင်းဖြင့် ချဉ်းကပ်လာသည့်အချိန်တွင် ခုခံနေသောစစ်သားများသည် မြို့ရိုး၏အနောက်ဘက်သို့အလျင်အမြန်ဆုတ်ခွာသွားကြသည်။ သို့သော်လည်း သူတို့၏ခြေထောက်အောက်ရှိ မြို့ရိုးသည်စတင်တုန်ခါလာခဲ့ကာ အားပြင်းသောငလျင်တစ်ခုလုပ်ခဲ့သလို ထပ်တူကျနေခဲ့သည်။

ဗုံး ... ဘန်း ...

မြို့ရိုးနံရံများသည် စတင်လှုပ်ခါလာပြီး နံရံ၏အပြင်ဘက်၃မီတာခန့်ကျယ်သော အစိတ်အပိုင်းများက ရန်သူစစ်သားများထံပြုတ်ကျလာခဲ့သည်။ မြို့ရိုးနံရံသည် ၁၀မီတာအမြင့်ရှိပေရာ ရန်သူစစ်သားများကသူတို့ထံသို့ တောင်များပြိုကျလာသလ်ိုခံစားလိုက်ရသည်။ တစ္ဆေစစ်သည်တော်များသည် ရှောင်တိမ်းလိုသော်လည်း မြို့ရိုးပြိုကျသည့်နှုန်းကမြန်ဆန်နေ၍ ပြန်လည်တုံ့ပြန်ရန် အလွန်နောက်ကျနေခဲ့ပြီဖြစ်သည်။

ထိုအခိုက်အတန့်တွင် အပြင်ဘက်နံရံကြီးတစ်ခုလုံးပြိုကျသွားပြီး ရန်သူစစ်သားများသည် ရွှံ့နံရံအောက်၌မြုပ်နှံခံလိုက်ရသည်။ နှစ်ဘက်လုံးမှစစ်သားများသည် တုန်လှုပ်ခြောက်ခြားနေခဲ့ကာ မလှုပ်ရှားနိုင်ခဲ့ကြပေ။ ရန်သူများကိုဖယ်ရှားရန်အတွက် ဤမျှစက်ဆုပ်ဖွယ်ကောင်းသည့်နည်းလမ်းကို မည်သူကမှတွေးတောမိကြမည်မဟုတ်ပေ။

" ဘာဖြစ်တာလဲ ... မြို့ရိုးကြီးကဘာလို့ပြိုကျလာတာလဲ ... အောက်မှာပိနေတဲ့စစ်သားတွေကသေကုန်ပြီ ... ခုငါတို့ဘာဆက်လုပ်ကြမလဲ"

" အဲ့ဒါကိုသူတို့အရင်ကတည်းကကြိုတင်ပြင်ဆင်ထားခဲ့တာပဲ ... ဒါကိုသူတို့အားလုံးသိထားကြပြီးနေမှာ ... သူတို့ကိုနောက်ဆုတ်ဖို့ကျယ်လောင်စွာ အမိန့်ပေးတာကိုမင်းတို့မကြားလိုက်ကြဘူးလား သူတို့ကငါတို့ကိုမြုပ်နှံဖို့ကြံစည်ထားတာပဲ "

" ရွံစရာကောင်းလိုက်တာ ... ဒီအကြံအစည်ကိုရခဲ့တဲ့သူက တကယ်ကိုစက်ဆုပ်စရာကောင်းတာပဲ "

“ အဲ့ဒီလှုပ်ရှားမှုလေးတစ်ခုတည်းနဲ့တင် ငါတို့ဘက်ကထောင်သောင်းချီတဲ့လူတွေ ဆုံးရှံးခဲ့ရတယ် "

ထောင်ပေါင်းများစွာသောရန်သူစစ်သားများသည် ရွှံ့နံရံအပြိုအပျက်များအောက်၌ မြှုပ်နှံခံလိုက်ရသည်။ ဆိုလိုသည်မှာ မြို့ရိုးနံရံပေါ်၌ ဆက်လက်တိုက်ပွဲဝင်ကျန်ခဲ့သည့်ရန်သူများတွင် စစ်ကူမရှိတော့ပေ။ ယင်းသည် သူတို့၏ပျက်စီးခြင်းသို့ဦးတည်သွားပြီဟုဆိုလိုခင်းဖြစ်သည်။ မြို့ရိုးနံရံပေါ်၌ ဝံပုလွေစီးစစ်သည်အချို့နှင့် တစ္ဆေစစ်သည်တော်များအသက်ရှင်ကျန်ရစ်နေသေးသည်။ သို့သော်လည်း နောက်ဆက်တွဲတပ်ကူများကိုမရရှိပါက သူတို့သည်လည်းသတ်ဖြတ်ခံရမည်ဖြစ်သည်။ ယခုအခါ မြို့ရိုးပေါ်ကျန်ခဲ့သောရန်သူစစ်သားများသည် အထီးကျန်နေခဲ့ပြီဖြစ်သည်။

( မြို့ရိုးကိုနှစ်ထပ်ပူးပြီးတော့ဆောက်ထားတာပါ ... ပြိုကျသွားတာကအပြင်အလွှာပါ )

ပါထျန်းမင်သည် ထိုမြင်ကွင်းအားတွေ့မြင်လိုက်ရချိန်၌ မယုံကြည်နိင်ဖြစ်သွားခဲ့ရသည်။ မြို့ရိုးအလွှာတစ်ခုလုံးပြိုကျခြင်းသည် အလွန်ပင်မယုံကြည်နိုင်ဖွယ်ဖြစ်သည်။ ထိုအရာသည် ရည်ရွယ်ချက်ရှိရှိပြုလုပ်ခြင်းဖြစ်စေ မဟုတ်သည်ဖြစ်စေ ထိုအခြေအနေသည်သူ့အတွက် အလွန်ပင်ဆိုးရွားနေခဲ့သည်။

ဝံပုလွေစီးစစ်သည်များနှင့် သူထပ်မံစေလွှတ်လိုက်သော တစ္ဆေစစ်သည်တော်များအားလုံးသည် ထိုမြို့ရိုးအလွှာပြိုကျမှုကြောင့် သေဆုံးသွားခဲ့ရပြီဖြစ်သည်။ သူသာအမြန်ဆုံးမကယ်ဆယ်ပါက မြို့ရိုးပေါ်ရှိ ကျန်လူများသည်လည်းသေကြေပျက်စီးရမှာဖြစ်သည်။

" တိုက်ကြ ... လှေကားတွေကိုနေရာရွေ့ ... ငါတို့ရဲ့တပ်တွေကိုထောက်ပံ့ပေးကြ "

ပါထျန်းမင်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သို့သော် စစ်မြေပြင်တစ်ခုလုံး ကမောက်ကမဖြစ်နေခဲ့၍ လက်ရှိအချိန်တွင် မည်သည့်အရာကိုမှစုစည်းရန်လွယ်ကူမည်မဟုတ်ပေ။ ထို့ပြင် မြို့ရိုးပြိုကျခဲ့သည့်အလွှာဧရိယာသည် ကြမ်းတမ်းခက်ထန်နေရာ နေရာအနှံ့ရွံ့အုတ်အပြိုအပျက်များရှိနေခဲ့သည်။ သူတို့သည် ဧရာမမြို့သိမ်းလှေကားများကို နေရာရွေ့ရန်မဆိုနှင့် ထိုနေရာအားဖြတ်ကျော်သွားရန်ပင်ခက်ခဲနေမှာဖြစ်သည်။

" သူတို့ကိုသတ်ပစ် ... ခုချိန်မှာသူတို့ကတစ်ကိုယ်တည်းဖြစ်နေပြီ "

သူ၏အစီအမံများသည် လွန်စွာထိရောက်သည်ကိုမြင်တွေ့လိုက်ရ၍ ရှောင်ယုကကျယ်လောင်စွာအမိန့်ပေးလိုက်သည်။ တစ္ဆေစစ်သည်တော်အများစုသည် တံတိုင်းပြိုကျမှုကြောင့် သေဆုံးသွားခဲ့ပြီဖြစ်သည်။ ယခုအချိန်တွင်သူတို့သည် မြို့ရိုးပေါ်ကျန်နေသေးသည့် စစ်သားများကိုသတ်ဖြတ်ရမည်ဖြစ်ပြီး ထိုအဖြစ်အပျက်သည် ပါထျန်းမင်၏ကျရှုံးမှုအားဖြစ်ပေါ်စေမှာဖြစ်သည်။

စစ်သားများသည် တံတိုင်းနံရံပေါ်၌ တိတ်ဆိတ်ကြောင်အနေသော ဝံပုလွေစီးစစ်သည်များနှင့်တစ္ဆေစစ်သည်တော်များကို သတ်ဖြတ်ရန်ရှေ့တိုးလိုက်ကြသည်။ တောင်ဘီလူးများသည်လည်း ဝံပုလွေစီးစစ်သည်များနှင့်တစ္ဆေစစ်သည်တော်များကိုသူတို့၏ခန္ဓာကိုယ်ဖြင့်စတင်တိုက်ခိုက်လာကြသည်။ ရန်သူအမြောက်အများသည် တောင်ဘီလူးများကြောင့် မြို့ရိုးပေါ်မှခုန်ဆင်းခဲ့ကြရသည်။ ထိုသို့ခုန်ဆင်းမှုကြောင့် သူတို့သည်မသေသော်လည်း ပြင်းထန်သောဒဏ်ရာများကို ရရှိသွားကြမှာဖြစ်သည်။

သတ် ...

အစောင့်တပ်သားများသည် အောင်ပွဲရရှိရန်မျှော်လင့်ချက်ကို စတင်တွေ့မြင်နေရပြီဖြစ်သည်။ သူတို့သည် မြို့ရိုးပေါ်ရှိရန်သူများအားတွန်းလှန်ရန် အစွမ်းကုန်ကြိုးစားခဲ့ကြသည်။

ရှောင်ယုသည် မူလကပင်ဤရွှံမြို့ရိုးကိုတည်ဆောက်စဉ်ကတည်းက မြို့ရိုးနံရံတစ်လွှာကို ဖြိုချရန်အစီအစဉ်အား အကောင်အထည်ဖော်ခဲ့ကာ ဖော်ရာနှင့်အချိန်အတော်ကြာဆွေးနွေးခဲ့သည်။ အကယ်၍ မြို့ရိုးသာပြိုကျခဲ့ပါက ထိုအရာသည်ဆဌမအဆင့်မှော်မန္တန်နှင့်ဆင်တူနေမှာဖြစ်သည်။ ဖော်ရာသည် ရှောင်ယု၏အစီအစဉ်ကိုလျှို့ဝှက်စွာအကောင်အထည်ဖော်ရန် အာမခံထားခဲ့သည်။ ထို့ကြောင့် ဤအစီအစဉ်၏အသေးစိတ်အချက်များကို ရှောင်ယုနှင့်ဖော်ရာသာသိရှိခဲ့သည်။

ရှောင်ယုသည် ဝတစ္ဆေစစ်သည်တော်များ မြို့ရိုးပေါ်သို့တက်လာသည်ကိုမြင်သောအခါ ဤနောက်ဆုံးအစီအစဉ်ကိုအသုံးပြုခဲ့သည်။ သူသည်ဤနည်းလမ်းကိုသာ ကြိုတင်မပြင်ဆင်ထားခဲ့ပါက အလွန်ကြမ်းတမ်းသည့်တိုက်ပွဲတစ်ခုအားရင်ဆိုင်ရမည်ဖြစ်သည်။

မြို့ရိုးနံရံပြိုကျပြီးနောက် စစ်ပွဲရေစီးကြောင်းသည် ပြောင်းပြန်ဖြစ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ပါထျန်းမင်၏ စခန်းအနောက်ဘက်မှနေ၍ လူအုပ်စုကြီးတစ်ခုထွက်ပေါ်လာခဲ့သည်။ သူတို့သည် စခန်းတွင်းဝင်ရောက်ကျူးကျော်၍ အရာအားလုံးကိုမီးရှို့ဖျက်ဆီးခဲ့ကြသည်။

" ဘာတွေဖြစ်နေတာလဲ ... "

ပါထျန်းမင်သည် စက္ကန့်တိုင်းလိုလိုပင် အခြေအနေအလွန်ဆိုးရွားနေကြောင်း သိမြင်လိုက်သည်။

ထိုအချိန်တွင် ကင်းထောက်တစ်ဦးပြေးဝင်လာကာ ဒူးထောက်လိုက်သည်။

" ဗိုလ်ချုပ် ... ငါတို့ရဲ့စခန်းနောက်မှာ အရေအတွက်၁၀၀၀၀ကျော်တဲ့စစ်တပ်တစ်ခုပေါ်လာတယ် ... သူတို့ကငါတို့ရဲ့စခန်းကိုဖောက်ထွင်းပြီးတော့ ငါတို့ရဲ့ရိက္ခာအရင်းအမြစ်တွေကို မီးရှို့ဖျက်ဆီးနေကြတယ် "

" ဘာပြောတယ် ... "

ပါထျန်းမင်သည် ကင်းထောက်ကိုလည်ပင်းညစ်သတ်ချင်စိတ်ဖြစ်သွားခဲ့သည်။ သူသည်ရှေ့တန်းတိုက်ပွဲတွင် အရေးမသာသလို နောက်တန်းစခန်းသည်လည်း မီးလောင်နေပေရာစတင်စိတ်ပျက်အားလျော့လာခဲ့သည်။

" ဘယ်သူလဲ ... အဲ့ဒါဘယ်သူလဲ ... ငါ့နောက်ကျောကိုဓားနဲ့ထိုးတာဘယ်ကောင်လဲကွ ... "

ပါထျန်းမင်သည် အံကြိတ်၍မေးမြန်းလိုက်သည်။

သူသည်စခန်း၏အနောက်ဘက်တွင် ဓားပြများဝင်ရောက်စီးနင်းခြင်းမှကာကွယ်ရန် တပ်ဖွဲ့အချို့အားချန်ရစ်ခဲ့သည်။ သို့သော် ထို့ပါဟောင်နှင့်သူ၏မဟာမိတ်များသည် ဝူဟယ်မြို့၌ပိတ်ဆို့ခံထားရ၍ တင်းကြပ်စွာအစောင့်ချခြင်းမရှိခဲ့ပေ။

" ဗိုလ်ချုပ် .... အဲ့ဒါကလုံယိုမျိုးနွယ်စုက ဗိုလ်ချုပ်ကြီးဟတ်တမ်ဖြစ်ပုံရတယ် "

" ဟက်တမ် ... သူကဒီကိုဘာလာလုပ်တာလဲ ... သူကငါ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိမနေတဲ့ ခွန်အားကြီးတဲ့ဗိုလ်ချုပ်တစ်ယောက်ပဲ ... သူကငါ့စခန်းကိုဝင်ရောက်စီးနင်းဝံ့တာ အံ့သြစရာတော့မဟုတ်ဘူး "

မည်သို့ပင်ဆိုစေ ပါထျန်းမင်သည်အံ့သြသွားခဲ့သည်။ သူသည် ဗိုလ်ချုပ်ဟတ်တမ်၏ နာမည်နှင့်ဂုဏ်သတင်းကိုကြားသိထားသည်။ သို့သော်လည်း စစ်သူကြီး၏မျိုးနွယ်ဖြစ်သော လုံယိုမျိုးနွယ်သည် ထို့ပါကွေ့အားသစ္စာခံထားပြီးဖြစ်သည်။ ယခုအခါ လုံယိုမျိုးနွယ်စုသည် ထို့ပါကွေ့အားသစ္စာဖောက်သွားခြင်းလား ပါထျန်းမင်စဉ်းစားမရပေ။

ပါထျန်းမင်သည် ယခုအချိန်တွင် အလွန်ပင်စိတ်ရှုပ်ထွေးနေခဲ့သည်။ သူသည်ဝူဟယ်မြို့အား မသိမ်းပိုက်နိုင်ရသည့်အကြောင်းရင်းကို နားမလည်သေးပေ။ သူသည်လက်နက်နှင့်စစ်သည်တော်အပိုင်း၌ လုံးဝအားသာချက်ရရှိထားသည်။ သူ့ထံတွင် ဝံပုလွေစီးစစ်သည်များ၊မြက်ခင်းပြင်၏နတ်ဆရာများ ၊ တစ္ဆေသူရဲကောင်းများရှိပေသည်။

အဓိကပြသနာမှာ ခြင်္သေ့နယ်မြေ၏အရှက်မဲ့သော အရှင်သခင်ဖြစ်သည်။ ထိုလူယုတ်မာသည် သူ့အားကြီးစွာအရှက်ရစေခဲ့သည်။ ပါထျန်းမင်သည် ရှောင်ယုအားအရေခွံဆုတ်ကာ အသက်ရှင်လျက်ထား၍စားသောက်ရန်ပင် စိတ်ပိုင်းဖြတ်ထားခြင်းဖြစ်သည်။ သို့သော် ဤအခိုက်အတန့်အပြီး၌ သူခက်ခက်ခဲခဲတည်ဆောက်ထားသည့် အရှိန်အဟုန်သည်ကျိုးပျက်သွားကာ ရှောင်ယုအားအနိုင်မယူနိုင်တော့ကြောင်းနားလည်သွားသည်။ အမှန်တွင် ဤထိုးစစ်ဆင်မှုကျရှုံးခဲ့ပါက နောက်တစ်ကြိမ်ကြိုးစားနိုင်သော်လည်း စခန်းအားဝင်ရောက်စီးနင်းခံရကာ ရိက္ခာများမီးရှို့ခံရ၍ အခွင့်အရေးမရှိတော့ပေ။

ရှောင်ယုသည် အနောက်ဘက်အရပ်မှ မီးခိုးငွေ့များဆန်တက်လာသည်ကိုမြင်သော် အလွန်ဝမ်းသာသွားခဲ့သည်။ ဗိုလ်ချုပ်ဟတ်တမ်သည် ထို့ပါဟောင်အားအမှန်တကယ်ပင် သစ္စာခံလာခဲ့ပုံရသည်။

မြို့ရိုးပေါ်ကျန်ရစ်နေသောရန်သူများသည် စစ်ကူများမရရှိ၍ သေဆုံးရန်အလွန်နီးကပ်နေပြီဖြစ်သည်။ ဝံပုလွေစီးစစ်သည်များနှင့်တစ္ဆေစစ်သည်တော်များသည် အားကောင်းသော်လည်း လူထောင်ပေါင်းများစွာမှ ဝိုင်းတိုက်ခြင်းကိုတောင့်မခံနိုင်ကြပေ။

" ထွက်ကြ ... အကုန်အပြင်ထွက်ပြီးတိုက်ကြ .. ရန်သူတွေစိတ်ဓာတ်ကျနေပြီ ... သူတို့ကိုလုံးဝအနိုင်ယူဖို့အတွက်ငါတို့ရဲ့အခွင့်အရေးရောက်လာခဲ့ပြီ "

ရှောင်ယုကအမိန့်ပေးလိုက်သည်။

မြို့တံခါးပွင့်လာပြီးနောက်တွင် အောစ့်များသည်ရှေ့ဆုံးမှနေ၍ပြေးထွက်လာကြကာ အခြားသူများကနောက်မှလိုက်လာခဲ့ကြသည်။

ဗုံး ... ဗုံး .... ဗုံး

လင်းနို့များကလည်း တစ်ကောင်မကျန်ထွက်လာခဲ့ကြကာ ရန်သူ၏စခန်းနှင့်တပ်ဖွဲ့များအားဗုံးကြဲရန်အတွက် သံဗုံးနှင့်မီးတောက်ဆီများကို အသုံးပြုခဲ့ကြသည်။ စစ်ပွဲအစတွင်ရှောင်ယုသည် ဗုံးများကိုအကန့်အသတ်ဖြင့်သာအသုံးပြုရန် အမိန့်ပေးထားခဲ့သည်။ သို့သော်လည်းယခုအခါတွင်ရှောင်ယုသည် ရန်သူများအားအတတ်နိုင်ဆုံးဖရိုဖရဲဖြစ်စေရန်အတွက် သံဗုံးများနှင့်မီးတောက်ဆီများကို အားလုံးပစ်ထုတ်ရန်အမိန့်ပေးခဲ့သည်။

ရန်သူအရေအတွက်သည် သူတို့ထက်များစွာသာလွန်၍ ယခုလိုအခွင့်အရေးရရှိချိန်တွင် ရှောင်ယုသည်ပြင်းထန်သောထိုးနှက်ချက်အားအသုံးပြုကာ ပြတ်ပြတ်သားသားအနိုင်ယူရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ရန်သူသည်နောက်ထပ်တစ်ကြိမ် ပြန်လည်တိုက်ခိုက်လာမည်ဖြစ်သည်။

" နောက်ဆုတ်ကြတော့ ... "

ပါထျန်းမင်သည်သူ၏တပ်များ စိတ်ဓာတ်ကျဆင်းနေသည်ကို သတိပြုမိလိုက်၍ မည်သို့မှမတတ်သာဘဲနောက်ဆုတ်ရန် အမိန့်ပေးလိုက်ရသည်။

အခန်း ၂၇၆ - နောက်ထပ်ဗျူဟာတစ်ခု

ယခုအချိန်၌ ရှောင်ယုတို့တပ်သားများ၏စိတ်ဓာတ်သည် အမြင့်ဆုံးဖြစ်နေခဲ့သည်။

ရှောင်ယုသည် သူတို့အချိန်ခဏတာ အသက်ရှုခွင့်ရရှိစေရန်အတွက် ရန်သူများအားချေမှုန်းရန်လိုအပ်နေသည်။

ထိုသို့တိုက်ခိုက်မှုသည် ၃ရက်နှင့်၃ညကြာသည်အထိ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး သူတို့သည်ခွေးလေခွေးလွှင့်များကို ရိုက်နှက်နေသကဲ့သို့ ရန်သူအားတိုက်ခိုက်နေကြသည်။ ရန်သူစစ်သားအများစုသည် လက်နက်ချခဲ့ပြီး အချို့သာအောင်မြင်စွာထွက်ပြေးနိုင်ခဲ့သလို အချို့မှာထွက်ပြေးနေစဉ်အတွင်း သတ်ဖြတ်ခံခဲ့ရသည်။ မူလကသူတို့သည် ထို့ပါကွေ့၏အမိန့် ထို့ပါဟောင်ကိုဆန့်ကျင်ခဲ့ကြသော်လည်း ယခုအခါတွင် ထို့ပါဟောင်၏အုပ်ချုပ်မှုအောက်၌ ဆက်လက်နေထိုင်သွားရတော့မည်ဖြစ်သည်။ ပါထျန်းမင်သည် အောင်မြင်စွာလွတ်မြောက်နိုင်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သည့် ဝတ်ရုံနက်များသည်လည်း ပျောက်ကွယ်သွားခဲ့သည်။

ဤအရာသည် အလွန်ကြီးကျယ်သောအောင်ပွဲဖြစ်သည်။ ဤတိုက်ပွဲသည် ထို့ပါကွေ့၏ထို့ပါဟောင်အား သတ်ဖြတ်ရန်အစီအစဉ်ကိုဖျက်ဆီးနိုင်ခဲ့ရုံတင်မက ထို့ပါဟောင်၏လူများကိုလည်း စိတ်ဓာတ်တက်ကြွစေခဲ့သည်။ ယခုအခါ ဝူဟယ်မြို့သည် သူတို့၏အခြေစိုက်စခန်းဖြစ်ပြီး ထို့ပါဟောင်သည် အင်ပါယာအားတရားဝင်စတင်ပိုင်ဆိုင်နိုင်ပြီဖြစ်သည်။ ထို့ပြင် ဤအောင်ပွဲကြောင့် ထို့ပါဟောင်နှင့်ပူးပေါင်းမည့်အခြားသူများရှိလာခဲ့ပြီး ထို့ပါဟောင်၏ခွန်အားသည် တိုးမြင့်လာခဲ့သည်။

ထို့ပါဟောင်သည် ဤအောင်ပွဲမှတဆင့် တပ်သားများကိုရရှိခဲ့ရုံသာမကဘဲ လောက်လွဲစင်များ ၊ လှံပစ်စက်များ ၊ လက်နက်ကြီးများနှင့် အခြားထောက်ပံ့ရေးပစ္စည်းအမြောက်အများကို သိမ်းပိုက်နိူင်ခဲ့သည်။

ထို့ပါဟောင်သည် ရန်သူများကိုလိုက်လံတိုက်ခိုက်ခြင်းမှ ပြန်လည်ရောက်ရှိလာပြီးနောက်တွင် ဝူဟယ်မြို့၌ကြီးကျယ်ခမ်းနားသည့် စားသောက်ပွဲတစ်ခုကျင်းပပေးခဲ့သည်။ စစ်ပွဲ၌ထူးချွန်စွာ စွမ်းဆောင်ပြခဲ့သော စစ်သားများကိုဆုချီးမြင့်ပေးကာ စစ်ဗိုလ်အမြောက်အများကိုလည်း ခန့်အပ်ခဲ့သည်။ သူတို့သည် ထို့ပါဟောင်တည်ဆောက်မယ့် အင်ပါယာအသစ်၏ အခြေခံအုတ်မြစ်ဖြစ်လာမည်ဖြစ်သည်။

ရှောင်ယုသည် စစ်သားများကို ဆုလာဘ်များချီးမြင့်ပေးမည်ဟု ကတိပေးထားသည့်အတွက်ကြောင့် ထို့ပါဟောင်သည်သူ၏ကတိကိုလေးစားလိုက်နာရန်လိုအပ်ပေသည်။ တိုက်ပွဲ၌ ကောင်းစွာမစွမ်းဆောင်နိုင်ခဲ့သူများသည် ဆုရသူများအားလွန်စွာမနာလိုဖြစ်ခဲ့ကြသည်။ ထို့ပြင် သူတို့သည်လည်းဂုဏ်ကျက်သရေကို အလိုရှိသောကြောင့် နောက်လာမည့်တိုက်ပွဲများတွင် စိတ်အားထက်သန်စွာတိုက်ခိုက်ရန် စီစဉ်ထားသည်။ အထူးသဖြင့် တော်ဝင်အုပ်ချုပ်ရေးဝန်ထမ်းများသည် ထို့ပါဟောင်အားသစ္စာဖောက်ထားသဖြင့် စစ်ပွဲပြီးနောက် ထို့ပါဟောင်သာအင်ပါယာကို ပေါင်းစည်းနိုင်ခဲ့ပါက အရာရှိအသစ်များနှင့်မင်းမျိုးမင်းနွယ်ဝင်အသစ်များ ဖြစ်ပေါ်လာလိမ့်မည်ဟု သူတို့နားလည်သိရှိခဲ့သည်။

ထို့ပါဟောင်သည် စစ်ပွဲအတွင်း၌ သူ၏ပြောင်မြောက်လှသောစွမ်းဆောင်ရည်ကြောင့် ဗိုလ်ချုပ်ဟတ်တမ်အား သူ့စစ်တပ်၏သေနာပတိအဖြစ်ခန့်အပ်ခဲ့သည်။ သို့သော်လည်း သေနာပတိတစ်ယောက်ဖြစ်သည့် ဟတ်တမ်သည်ရှောင်ယု၏အမိန့်ကိုနာခံရန် လိုအပ်နေဆဲဖြစ်သည်။ ထို့ပါဟောင်သည် စစ်တပ်၏ထိန်းချုပ်ခွင့်အား ရှောင်ယုထံလုံးဝလွဲပြောင်းပေးခဲ့သည်။

ဤတိုက်ပွဲကိုအနိုင်ရရှိခဲ့ခြင်း၏ အဓိကအကြောင်းရင်းမှာ ရှောင်ယုကြောင့်သာဖြစ်ကြောင်း ထို့ပါဟောင်နားလည်ထားသည်။ ရှောင်ယုကြောင့်သာမဟုတ်ပါက သူသည်ပါထျန်းမင်၏အကျဉ်းသားဖြစ်နေမှာဖြစ်သည်။ ထို့ပြင် ရှောင်ယုသည်သူ၏အရေးအကြီးဆုံးနှင့် အစားထိုး၍မရနိုင်သောမဟာမိတ်ဖြစ်သည်။

စစ်ပွဲအပြီးနောက်တစ်ဆင့်မှာ ဗျူဟာမြောက်စီမံချက်များက်ုလုပ်ဆောင်ရန်ဖြစ်သည်။ ရှောင်ယုနှင့်ထို့ပါဟောင်တို့သည် ရက်အတော်ကြာဆွေးနွေးပြီးနောက်တွင် အနာဂတ်အတွက်အခြေခံလမ်းပြမြေပုံကိုဖော်ထုတ်နိုင်ခဲ့သည်။ ပထမဦးစွာ ထို့ပါကွေ့၏သစ္စာဖောက်မှုနှင့်ပတ်သက်၍ အမှန်တရားများကိုလူတိုင်းသိရှိစေရန် အင်ပါယာအနှံ့သတင်းဖြန့်ရမည်ဖြစ်သည်။

ဤအချိန်တွင် ငွေကြေးဖြစ်စေ ၊ အင်အားကြီးမားသည့်စစ်တပ်ဖြစ်စေ အရေးမကြီးဟုရှောင်ယုက ထို့ပါဟောင်အားရှင်းပြခဲ့သည်။ လက်ရှိအချိန်၌ အရေးအကြီးဆုံးမှာ အင်ပါယာ၏လူထုထောက်ခံမှုဖြစ်သည်။ လူထုထောက်ခံမှုကိုရရှိသူသည် ထီးနန်းကိုရရှိရန်အခွင့်အရေးရှိမှာဖြစ်သည်။

ဒုတိယအချက်မှာ စစ်တပ်ကိုသေချာလေ့ကျင့်၍ စနစ်တကျပြန်လည်ဖွဲ့စည်းရန်ဖြစ်သည်။ သူတို့သည် ထို့ပါဟောင်အားသစ္စာခံခိုင်းရန် အနီးအနားရှိမျိုးနွယ်စုများသို့ ကင်းထောက်များစေလွှတ်ရမည်ဖြစ်ပြီး ငြင်းပယ်ပါကသတ်ဖြတ်ခံရမည်ဖြစ်သည်။

ထို့ပြင် စစ်တပ်သည်တစ်ချိန်လုံး ဝူဟယ်မြို့၌သာရှိနေ၍မရပေ။ ထို့ပါဟောင်သည် သတ်မှတ်ထားသည့်အချိန်မရွေးနေရာမရွေး စစ်တပ်များကိုစေလွှတ်မှုပြုလုပ်နိုင်စေရန်အတွက် စစ်တပ်အားပြန်လည်ဖွဲ့စည်းရမည်ဖြစ်သည်။

တတိယအချက်မှာ ထို့ပါဟောင်နှင့်ပူးပေါင်းလိုသော အဝေးရှိမျိုးနွယ်စုများနှင့်လူမျိုးစုများထံသို့ သံတမန်များကိုစေလွှတ်ရန်ဖြစ်သော်လည်း ယခုလ်ိုအခြေအနေ၌ဆောင်ရွက်နိုင်ခြင်းမရှိပေ။ သူတို့လုပ်နိုင်သည်မှာ ထိုမျိုးနွယ်စုများအားခွန်အားစုဆောင်းရန်နှင့် စစ်ပွဲအတွက်ပြင်ဆင်ထားရန် အမိန့်ပေးရုံသာတတ်နိုင်သည်။ ဤအချက်၃ချက်သည် ယေဘုယျအကျဆုံးအခြေခံအချက်များဖြစ်ကြပြီး တိကျသောအသေးစိတ်အချက်အလက်များစွာရှိပေသည်။ ဤလမ်းပြမြေပုံသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းပြောင်းလဲလာမှာဖြစ်သည်။

ဤကြီးမားသောတိုက်ပွဲကြီးကိုဖြတ်ကျော်ပြီးနောက် ရှောင်ယု၏ဆင့်ခေါ်တပ်များသည် တဟုန်ထိုးခွန်အားမြင့်တက်လာခဲ့သည်။ သူတို့သည်အလွန်အစွမ်းထက်သော တစ္ဆေစစ်သည်တော်များနှင့်ဝံပုလွေစီးစစ်သည်များကိုသတ်ဖြတ်ခဲ့၍ ယခုလ်ိုလျင်မြန်စွာအဆင့်မြင့်တင်လာခြင်းဖြစ်သည်။ ဂရင်းသည် အဆင့်၂၅ ၊ အန်တိုနီဒက်စ်သည် အဆင့်၂၆သို့ရောက်ရှိခဲ့သည်။ အန်တိုနီဒက်စ်သည် ယခုလိုကြီးမားသည့်တိုက်ပွဲ၌ ထူးချွန်သောစွမ်းဆောင်ရည်ကိုပြသခဲ့သည်။

သာမန်အားဖြင့် မှော်ဆရာများသည် အားနည်းလှပြီး မည်သည့်ရန်သူမဆို သူတို့၏ပထမဆုံးပစ်မှတ်အဖြစ် ရွေးချယ်ကြမည်ဖြစ်သည်။ သို့သော်လည်း အန်တိုနီဒက်စ်သည်ရေခဲအတားအဆီး ၊ တည်နေရာရွေ့ပြောင်းခြင်းတို့ကဲ့သို့ အသက်ကယ်ကျွမ်းကျင်မှုများကိုထုတ်သုံးနိုင်သည်။ ထို့ပြင် သူ့လက်ထဲ၌အကန့်အသတ်မဲ့မှော်စွမ်းအင်ပြန်လည်ဖြည့်တင်းဆေးများရှိနေသည်။ သူပစ်လွှတ်လိုက်သည့် ရေခဲဆူးချွန်တစ်ခုသည် ဝံပုလွေစီးစစ်သည်များ၏အရေပြားကိုထိုးဖောက်နိုင်ပါက ဒုတိယတစ်ခုကအသက်ကိုနှုတ်ယူနိုင်မည်ဖြစ်သည်။ ရှေးခေတ်၏ကြီးကျယ်သောမှော်ဆရာဖြစ်သည့် အန်တိုနီဒက်စ်သည်အဆင့်မြင့်လာသည်နှင့်အမျှ ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကိုထုတ်ဖော်ပြသနိုင်မည်ဖြစ်သည်။

ခိုင်ရင်းသည် အဆင့်၂၅သို့ရောက်ရှိခဲ့သည်။ သူသည် စစ်မြေပြင်၌လူသတ်စက်တစ်ခုလိုပြုမူခဲ့သည်။ စစ်မြေပြင်၌ သူ၏လမ်းကြောင်းကိုပိတ်ဆို့ထားခဲ့သော လူတိုင်းကိုသုတ်သင်ရှင်းလင်းရန်အတွက် သူ၏သန့်စင်သောခန္ဓာကိုယ်ခွန်အားကိုအသုံးပြုခဲ့ပေသည်။ ထို့ပြင် ခိုင်ရင်းသည်စစ်မြေပြင်၌ အဆင့်၃ချပ်ဝတ်နှစ်ထည်ကိုဖျက်ဆီးခဲ့သည်။ ရှောင်ယုသည် တိုက်ပွဲအတွင်း၌ ခိုင်ရင်းအတွက် ချပ်ဝတ်အသစ်များလဲလှယ်ပေးခဲ့သော်လည်း ပျက်စီးနေသောအစိတ်အပိုင်းများကို နောင်အခါပြုပြင်ရန် သိမ်းဆည်းထားခဲ့သည်။

မိုင်ယဗ်သည် အဆင့်၂၃သို့ရောက်ရှိသွားသည်ကို တွေ့ရှိလိုက်ရသောအခါ ရှောင်ယုသည်အံ့သြသွားခဲ့ရသည်။ သူမသည် စစ်မဖြစ်မှီက အဆင့်၁၈၌သာရှိသေးကြောင်း မှတ်သားထားရမည်ဖြစ်သည်။ ယခုအခါ ရုတ်တရက်အဆင့်၅ဆင့်တိုးလာသည့်အတွက်ကြောင့် သူမ၏လက်ထဲတွင်သေဆုံးခဲ့ရသည့် ရန်သူအရေအတွက်မည်မျှများပြားကြောင်း တိုက်ရိုက်သက်သေပြခဲ့သည်။ ထို့ပြင် အဆင့်တက်ပြီးနောက်တွင် သူမ၏လှုပ်ရှားမှုများသည် အပြောင်းအလဲမြန်ဆန်လာကာ ခန့်မှန်း၍မရတော့ပေ။ မိုင်ယဗ်သည် သူ့ရှေ့မှနေ၍ အချိန်မရွေးပျောက်ကွယ်သွားပြီး ရန်သူများကိုသတ်ဖြတ်နိုင်သည်ဟု မိုင်ယဗ်ခံစားမိနေသည်။

မိုင်ယဗ်သည် အဆင့်၂၀သို့ရောက်ရှိသွားပြီးနောက် နောက်ထပ်ကျွမ်းကျင်မှု ၃ခုအားသင်ယူနိုင်ခဲ့သည်။

လျင်မြန်သောကျွမ်းကျင်မှု (အဆင့် ၃ ထိမြင့်တင်နိုင်သည်)

- သူရဲကောင်း၏တိုက်ခိုက်မှုအရှိန်ကိုတိုးလာစေသည်။

ဓားသွားယပ်တောင် (အဆင့် ၃ ထိမြင့်တင်နိုင်သည်)

- သူရဲကောင်းသည် ရန်သူများကိုလှည့်ပတ်ဖျက်ဆီးမယ့် ဓားစကြာတစ်ခုကိုပစ်လွှတ်မှာဖြစ်သည်။

အမှောင်ထုလျှောက်လမ်းသူ (အဆင့် ၅ ထိမြင့်တင်နိုင်သည်)

- အမှောင်ထဲတွင် သူရဲကောင်း၏လှုပ်ရှားမှုနှင့်တိုက်ခိုက်မှုအဟုန်ကို တိုးလာစေမည်ဖြစ်သည်။ သူရဲကောင်းသည် အမှောင်ထဲ၌ရှိနေစဉ် ရန်သူများထောက်လှမ်းရန် အလွန်ခက်ခဲစေမှာဖြစ်သည်။

အခြားသောဆင့်ခေါ်တပ်သားများ၏ အဆင့်သည်လည်းသိသိသာသာတိုးတက်လာခဲ့သည်။ ယခုအခါ မှော်စုန်းဆရာများသည် အနိမ့်ဆုံးအဆင့်၃သို့ရောက်ရှိနေပြီး အမြင့်ဆုံးမှာအဆင့်၆ထိရောက်ရှိနေပြီဖြစ်သည်။ သူတို့သည် အဆင့်၆သို့ရောက်ချိန်၌ မုန်တိုင်းကျီးကန်းများအဖြစ်ပြောင်းလဲကာ ပျံသန်းနိုင်ပြီဖြစ်သည်။ ထို့ပြင်သူတို့သည် သာမန်မှော်ဆရာများထက်အားကောင်းသည့် မှော်တိုက်ခိုက်မှုများအားထုတ်ဖော်နိုင်သည်။ စစ်ပွဲအစောပိုင်းတွင် သူတို့၏အဆင့်များသည်အနည်းငယ်နိမ့်ကျနေ၍ ပထမကာကွယ်ရေးလိုင်းနှင့် ခပ်ဝေးဝေးနေရန်အမိန့်ပေးခဲ့သည်။ ထိုသို့မဟုတ်ပါက သူတို့သည်လွယ်လွယ်ကူကူသတ်ဖြတ်ခံရမည်ဖြစ်သည်။ သို့သော်လည်း သူတို့သည်ကြီးမားသောထိခိုက်မှုများကို ခံစားနေရဆဲဖြစ်သည်။

မည်သို့ပင်ဆိုစေ ရှောင်ယုသည် ဆင့်ခေါ်တပ်သားများစွာကိုဆုံးရှံးခဲ့ရပြီး ဤတိုက်ပွဲတစ်ခုတည်း၌ ဆင့်ခေါ်တပ်သား၃၀၀ကျော်ကို ဆုံးရှံးခဲ့ရသည်။ ရှောင်ယုသည် ဤမျှများပြားသည့်ဆင့်ခေါ်တပ်သားများကို ပထမဆုံးအကြိမ်ဆုံးရှံးခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း အနာဂတ်၌သူရင်ဆိုင်ရမည့်ရန်သူများသည် ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း သူနားလည်ပေသည်။ စစ်ပွဲတစ်ခုအား အသေအပျောက်မရှိဘဲ အောင်နိုင်လိုခြင်းသည် စိတ်ကူးယဉ်တစ်ခုပင်ဖြစ်သည်။

တောင်ဘီလူးများသည် သတ်ဖြတ်ရန်အခက်ခဲဆုံးသော တပ်သားများဖြစ်သလို သူတို့သည်ရန်သူများစွာကိုသတ်ဖြတ်ခဲ့သည်။ တောင်ဘီလူးအချို့သည် အဆင့်၁၀သို့ရောက်ရှိသွားပြီးနောက်တွင် သူတို့၏အရပ်သည်၁၀မီတာခန့်ထိမြင့်လာကာ သူတို့၏အရေပြားသည် ကျောက်ပြားနှင့်ဆင်တူလာခဲ့သည်။ ထို့ပြင်သူတို့သည် သစ်ပင်အချို့အားဆွဲနုတ်ကာ လက်နက်အဖြစ်အသုံးပြုလာနိုင်ပြီဖြစ်သည်။

ရှောင်ယုသည် ဝံပုလွေစီးစစ်သည်များ၏ အစွမ်းသတ္တိကိုတွေ့မြင်ပြီးနောက်တွင် ဝက်ဝံစစ်သည်များကိုခေါ်ယူရန်ဆုံးဖြတ်ခဲ့သည်။ စစ်မြေပြင်၌တိုက်ပွဲပြင်းထန်နေချိန် မမျှော်လင့်ထားသည့်အချိန်၌ သူတို့အားတိုက်ပွဲဝင်ခိုင်းလိုက်မည်ဆိုပါက ဤအထူးတပ်သားများသည် စစ်ပွဲဒီရေကိုအလှည့်အပြောင်းဖြစ်စေမှာဖြစ်သည်။ စစ်မြေပြင်၌ ဝက်ဝံများရုတ်တရက်ထွက်ပေါ်လာသည့်မြင်ကွင်းအား စိတ်ကူးယဉ်ကြည့်နိုင်သည်။

ထို့ပြင် ဤစစ်ပွဲမှတဆင့် ရှောင်ယုသည် ကမ္မကုသိုလ်မှတ်များစွာကိုရရှိခဲ့ပြီး ရာထူးတစ်ဆင့်တက်သွားခဲ့သည်။ ယခုအခါတွင် သူသည် အခြေစိုက်စခန်းတစ်ခုအား အဆင့်မြင့်တင်နိုင်ပြီဖြစ်ကာ လူသားအခြေစိုက်စခန်းအားအဆင့်မြင့်တင်ရန် စီစဉ်နေခဲ့သည်။ အနည်းဆုံးတော့ လက်ရှိအချိန်၌သူသည် မသေမျိုးအုပ်စုများကိုအမိန့်ပေးနိုင်သော်လည်း အရေးပေါ်အခြေအနေမဟုတ်ပါက ထုတ်သုံးမည်မဟုတ်ပေ။

လူသားအခြေစိုက်စခန်းကို အဆင့်မြင့်ပြီးနောက်တွင် သူသည် ဂရစ်ဖင်များ ၊ နဂါးသိမ်းငှက်များနှင့်အခြားယူနစ်များကိုဆင့်ခေါ်နိုင်မည်ဖြစ်သည်။ ထို့ပြင်သူသည် ဘုန်းကြီးများကိုလည်း ဆင့်ခေါ်နိုင်ပေသည်။ ထိုဘုန်းတော်ကြီးများ၏အကူအညီဖြင့် သူသည်အနာဂတ်၌ စစ်မြေပြင်တွင်အသေအပျောက်များစွာကို လျော့ချနိုင်မည်ဖြစ်သည်။

" ငါ့ရဲ့အနာဂတ်ဟာ စစ်မြေပြင်မှာပဲရှိလောက်တယ် "

ရှောင်ယုသည် သူ၏အခြေစိုက်စခန်းအားအဆင့်မြင့်တင်ရန်အတွက် ခြင်္သေ့နယ်မြေသို့မည်သည့်အချိန်တွင် ပြန်လာရမည်ကိုစဉ်းစားရင်း မျက်လုံးမှိတ်ထားလိုက်သည်။ သို့သော်လက်ရှိအချိန်၌သူသည် ထို့ပါဟောင်အား အခြေအနေများကိုတည်ငြိမ်အောင် ထိန်းချုပ်နိုင်ရန် ကူညီပေးရမည်ဖြစ်သည်။

All Chapters