အခန်း (၂၈၀-၂၈၂)
Vol. 19 Ch. 280-282
အခန်း ၂၈၀ - နေရေတွင်း
လူတိုင်း၏အကြည့်များသည် ရှောင်ယုပေါ်သို့စတင်အာရုံစိုက်လာကြသည်။
လူငယ်သည်ပင် ရှောင်ယုအားကြည့်ကာ ပြုံးပြလိုက်သည်။ ထိုလူငယ်သည် သူ၏ကိုယ်ပိုင်အထောက်အထားကိုသိရှိထားကြောင်း ရှောင်ယုနားလည်ပေသည်။ ထိုသို့ဆိုလျှင် ထိုလူငယ်သည်မည်သူနည်း။
" ဘိုးဘေး ... ဒီငယ်သားကပြန်ရောက်လာပါပြီ "
ကယ်လီသည် သွေးနတ်သူငယ်ဘိုးဘေးများရှေ့ ဒူးထောက်လိုက်မိသည်။
" ဘိုးဘေး ... အရှင်ကဲလ်သက်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို ငယ်သားရခဲ့တယ် ... အရှင်ကဲလ်သက်ပြန်ရောက်လာရင် ငါတို့တဖန်ဘုန်းတန်ခိုးကြီးလာလိမ့်မယ် "
သို့သော် ထိုသတင်းကိုကြားချိန်၌ သွေးနတ်သူငယ်ဘိုးဘေး၄ယောက်သည် စိတ်လှုပ်ရှားခြင်းမရှိကြောင်း ရှောင်ယုသတိထားမိလိုက်သည်။ ထိုအချိန်တွင် အပေါ်ဆုံးခုံ၌ထိုင်နေသာသူက ပြောလိုက်သည်။
" ကယ်လီနောက်ကိုပြန်ဆုတ်လိုက်တော့ ... ငါတို့ကကဲလ်သက်ရဲ့အကူအညီကိုမလိုဘဲ သွေးနတ်သူငယ်တွေရဲ့ အထွတ်အထိပ်ကိုပြန်လည်တက်လှမ်းနိုင်လိမ့်မယ် "
" ဘာ ... "
ရှောင်ယုနှင့်ကယ်လီတို့နှစ်ယောက်လုံးသည် ထိုစကားကြောင့်အံ့သြသွားခဲ့ကြသည်။ ကဲလ်သက်သည် သွေးနတ်သူငယ်များ၏ခေါင်းဆောင်ဖြစ်သော်လည်း ဘိုးဘေးဖြစ်သူ၏စကားသည်အေးစက်လွန်းနေကာ ကဲလ်သက်ကိုပင်လျစ်လျူရှုထားလေသည်။
ဤဘိုးဘေးသည်မည်သူနည်း ... သူသည်အဘယ်ကြောင့်ဤမျှအေးစက်နေရသနည်း .... သူတို့သည် သွေးနတ်သူငယ်များကို အထွတ်အထိပ်သို့ပြန်လည်ပို့ဆောင်နိုင်မည်ဟု အဘယ်ကြောင့်ယုံကြည်မှုရှိနေရသနည်း ... ထိုအကြောင်းပြချက်များသည် ဤလူငယ်နှင့်ကျိန်းသေဆက်စပ်နေရမည်ဖြစ်သည်။
" သူက အင်းစ်မိသားစုရဲ့အကြီးအကဲတစ်ယောက်ဖြစ်တဲ့ နီကိုးလပ်စ် အင်းစ်ပဲ ... သူကငါတို့အလိုအပ်ဆုံးအရာကို ယူဆောင်လာခဲ့တယ် ... မကြာခင်မှာပဲ ငါတို့ဟာအထွတ်အထိပ်ကိုရောက်ရှိပြီးတော့ ငါတို့ပိုင်ဆိုင်တဲ့အရာတွေကိုပြန်လည်ရရှိလာမှာပဲ "
ဘိုးဘေးသည် မတ်တပ်ရပ်လိုက်ပြီးနောက် လက်နှစ်ဖက်ကိုကောင်းကင်ပေါ်သို့မြှောက်ကာ နှုတ်ခွန်းဆက်သလိုက်သည်။
" နီကိုးလပ်စ် အင်းစ် ... "
ရှောင်ယုသည် ထိုအမည်အားကြားလိုက်ရချိန်၌ အံ့သြသွားခဲ့သည်။ အမှန်တော့ အမှောင်မြို့တော်၌ဆရာကြီးအယ်လ်မာသည် ဤတိုက်ကြီးပေါ်တွင် သူသွားရောက်ရန်မစသင့်သည့် နာမည်ကြီးမိသားစုများအကြောင်းကို ရှင်းပြခဲ့သည်။ အင်းစ်မိသားစုသည် ရှေးဟောင်းအေရွန်ဘုရင့်နိုင်ငံ၏အပျက်အစီးများကြားတွင် ရှောင်ယုရန်စမိခဲ့သော ကနေဒီမိသားစုနှင့်ပင်နှိုင်းယှဉ်နိုင်သည့် ရှေးခေတ်မိသားစုများမှတစ်ခုဖြစ်သည်။
ရှောင်ယုသည် သူရှေ့တွင်ဖြစ်ပျက်နေသည့်မြင်ကွင်းကြောင့် ဆိုးဆိုးရွားရွားခံစားနေရသည်။ ထိုလူငယ်သည် အဘယ်ကြောင့်ဤနေရာ၌ရှိနေသနည်း .... သူသည်မည်သည့်အရာကိုယူဆောင်လာခဲ့၍ သွေးနတ်သူငယ်ဘိုးဘေးသည် အလွန်စိတ်လှုပ်ရှားနေရသနည်း။
" ဘိုးဘေး ... အရှင်ကဲလ်သက်ကိုဘယ်လိုလုပ်မှာလဲ ... ဒီကလူငယ်ခေါင်းဆောင်ရှောင်ယုက သူ့ကိုပြန်ခေါ်နိုင်တယ် .... သူကငါတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ အရှင်ကဲလ်သက်ကိုပြန်ခေါ်နိုင်တယ် ... အရှင်ကဲလ်သက်ရဲ့ခေါင်းဆောင်မှုမပါဘဲ သွေးနတ်သူငယ်တွေပြန်လည်မထွန်းတောက်နိုင်ဘူး "
ကယ်လီသည် ဘိုးဘေးများ၏တင်းမားသောသဘောထားကို တွေ့မြင်လိုက်ရသောအခါတွင် တောင်းပန်စကားဆိုလိုက်သည်။
" သူဘယ်သူလဲဆိုတာ ငါတို့သိတယ် ... သခင်လေးနီကိုးလပ်စ် အင်းစ်က ရှောင်ယုအကြောင်းကိုငါတို့ကိုအသိပေးခဲ့ပြီးပြီ ... မင်းလည်းအလိမ်မခံရစေနဲ့ ... ဟိုးအရင်ကတည်းကသေဆုံးသွားပြီဖြစ်တဲ့ ရှေးခေတ်သူရဲကောင်းတွေက ဘယ်လိုပြန်လာနိုင်မှာလဲ ..... သူကလူတွေကိုလှည့်ဖြားနိုင်ဖို့အတွက် နာမည်တုတွေကိုသုံးနေတာပဲ ... မင်းနားမလည်သေးဘူးလား "
သွေးနတ်သူငယ် ဘိုးဘေးများနှင့်အကြီးအကဲများက ရှောင်ယုအားမထီမဲ့မြင်ပြုခဲ့ကြသည်။
ရှောင်ယုသည် သွေးနတ်သူငယ် ဘိုးဘေးများ၏စကားကိုကြားလိုက်သောအခါ များစွာအံ့သြသွားခဲ့သော်လည်း လူငယ်ဖြစ်သူ၏အထောက်အထားကို ကြားသိလိုက်ရပြီးနောက်တွင် ဖြစ်ပျက်နေသည်တို့ကို နားလည်သွားခဲ့သည်။ နီကိုးလပ်စ်သည် သွေးနတ်သူငယ် ဘိုးဘေးများကိုလိမ်လည်သတင်းပို့ထားခဲ့ရာ လက်ရှိအချိန်၌သူတို့သည် ရှောင်ယုအားမယုံကြည်ကြတော့ပေ။ ထို့ပြင် လက်ရှိသွေးနတ်သူငယ် ဘိုးဘေးသည် ကဲလ်သက်အပေါ်၌တင်းမာသောသဘောထားရှိပေသည်။
" လေးစားအပ်ပါသော မြင့်မြတ်တဲ့သွေးနတ်သူငယ် ဘိုးဘေးရဲ့အမည်ကိုသိရှိခွင့်ရပါမလား ... "
ရှောင်ယုသည် အနည်းငယ်ဒေါသထွက်နေသော်လည်း သွေးနတ်သူငယ် ဘိုးဘေးကိုလေးစားစွာဆက်ဆံခဲ့သည်။ ရှောင်ယုသည် သူနှင့်ဆန့်ကျင်ဘက်လူများ၏စိတ်ထဲတွင် ဖြစ်ပျက်နေသောအရာများကိုနားလည်ရန် ကြိုးစားနေခြင်းဖြစ်သည်။ သူသည်ဤလှည့်ကွက်ကို (Godfather)ရုပ်ရှင်မှသင်ယူလေ့လာခဲ့သည်။
" ငါနာမည်က ရီလာ ... နေရိတ်သိမ်းသူ အီသက်စ်ရဲ့မျိုးဆက်ပဲ "
သွေးနတ်သူငယ် ဘိုးဘေးက ဂုဏ်ယူဝင့်ကြွားစွာပြန်ဖြေလိုက်သည်။
" မင်းအမေပဲ ... သူကနေရိတ်သိမ်းသူတစ်ယောက်ပဲ ... သူကကဲလ်သက်ကိုအထင်သေးနေတာမထူးဆန်းတော့ပါဘူး .... နေရိတ်သိမ်းသူတွေက စွမ်းအားမြင့်မားပြီး သွေးနတ်သူငယ်တွေရဲ့အထက်တန်းအဆင့်မှာ အရေးပါတဲ့ရာထူးကိုသိမ်းပိုထားတယ်ဆိုပေမဲ့ နေခြေလှမ်းတွေရဲ့ဖိနှိပ်မှုကိုအမြဲခံခဲ့ရတယ် ... သူကနာကျဥ်းချက်တွေအရမ်းများနေပြီးတော့ ကဲလ်သက်ရဲ့ရုပ်တုတွေကိုတောင်ဖျက်ဆီးပစ်နိုင်တယ် ... ကဲလ်သက်ရဲ့ဂုဏ်သတင်းက သွေးနတ်သူငယ်တွေကြား မကျော်ကြားဘူးဆိုရင် တကယ်အဲလိုလုပ်ပစ်နိုင်တယ် "
ရှောင်ယုသည် သွေးနတ်သူငယ် ဘိုးဘေးကအဘယ်ကြောင့် ကဲလ်သက်အားမုန်းတီးနေရသည်ကို နားလည်သွားခဲ့သည်။
(မူရင်းစာရေးသူရဲ့အဆိုအရ ဒီဇာတ်လမ်းကWarcraftရဲ့တရားဝင်ဇာတ်လမ်းမဟုတ်ပါဘူး...သူကိုယ်တိုင်ပြင်ဆင်ရေးသားထားတာလို့ဆိုထားပါတယ်)
" နေရိတ်သိမ်းသူတွေ .... သူတို့ကတကယ့်ကိုခမ်းနားကြီးကျယ်တဲ့သမိုင်းမှတ်တမ်းကိုပိုင်ဆိုင်ခဲ့တယ် ... ဘိုးဘေးတွေကိုရိုသေစွာတင်ပြပါမယ် ... သွေးနတ်သူငယ်တွေအားလုံးက မှော်ဆရာတွေဖြစ်ကြပြီးတော့ သမိုင်းမှတ်တမ်းတွေမှာ ကြီးကျယ်တဲ့လုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ကြတယ် .... ဒါပေမဲ့သွေးနတ်သူငယ်တွေရဲ့ ဂုဏ်ကျက်သရေကိုပြန်ရအောင်လုပ်ဖို့က မလွယ်ကူလှဘူး ... ပရောဖက်ပြုချက်တွေအရ အရှင်ကဲလ်သက်ကမကြာခင်ပြန်လာလိမ့်မယ် ... အရှင်ကဲလ်သက်က သင်တို့ကိုဦးဆောင်ပြီးတော့ သင်တို့ပျောက်ဆုံးနေတဲ့နေရေတွင်းကို ပြန်လည်ရှာတွေ့အောင်လုပ်ဆောင်ပေးလိမ့်မယ် ... သင်တို့ရဲ့ဘုန်းကျက်သရေကိုပြန်လည်ရရှိလာလိမ့်မယ် "
အမှန်တော့ရှောင်ယုသည် လက်ရှိအချိန်တွင် သူ၏နှလုံးသားထဲ၌ တိတိတဆိတ်ကျိန်ဆဲနေမိသည်။ နေရေတွင်းသည် ဟိုးယခင်ကတည်းက ဖျက်ဆီးခံခဲ့ရပြီးဖြစ်ကာ မည်သည့်နေရာတွင်မှ ထပ်မံရှာတွေ့မည်ကို နတ်ဘုရားများကသာသိရှိမှာဖြစ်သည်။ ရှောင်ယု၏လက်ရှိအကြံအစည်မှာ လူငယ်သခင်လေး နီကိုးလပ်စ် အင်းစ်သည် သွေးနတ်သူငယ် ဘိုးဘေးများအား သူ့အကြောင်းကိုလိမ်လည်လှည့်ဖြားခြင်းမပြုနိုင်ရန်ဖြစ်သည်။
" နေရေတွင်း ... ခုငါတို့ရထားပြီလေ "
ရီလာသည် ကျယ်လောင်စွာအော်ဟစ်လိုက်ကာ သူ၏လက်များကိုလှုပ်ရှားလိုက်သည့်အခါတွင် ပုလင်းငယ်လေးတစ်ခုထွက်ပေါ်လာခဲ့သည်။ ထိုပုလင်းငယ်လေးအတွင်း၌ အရည်အချို့ရှိနေပြီး ၎င်းတို့သည်တောက်လောင်နေသောမီးတောက်နှင့် တူပေသည်။
" နေရေတွင်းကရေလား .... "
ရှောင်ယုသည် အံ့သြသွားခဲ့သည်။ သွေးနတ်သူငယ် ဘိုးဘေးသည် ထိုကဲ့သို့သောအရာများကို တွေ့ရှိထားလိမ့်မည်ဟု မထင်မှတ်ထားပေ။ ထို့အပြင် လူငယ်ဖြစ်သူသည် ထိုအရာကိုယူဆောင်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
" ဟားဟား ... နယ်စားရှောင် .... မင်းကခြေတစ်လှမ်းနောက်ကျသွားခဲ့ပြီ ... ငါ့ရဲ့မိသားစုက ဒဏ္ဍာရီလာနေရေတွင်းကို ရှာဖွေတွေ့ရှိခဲ့ပြီ ... နေရေတွင်းထဲကရေက သာမန်မှော်ဆရာတွေအတွက် အသုံးမဝင်ဘူး ... ဒါပေမဲ့သွေးနတ်သူငယ်တွေအတွက်တော့ နေရေတွင်းကရေဟာ သူတို့ရဲ့ခွန်အားနဲ့သဘာဝအရင်းအမြစ်တစ်ခုပဲ ... ငယ်ရွယ်တဲ့သွေးနတ်သူငယ်တစ်ယောက်ဟာ နေရေတွင်းကရေကိုသုံးစွဲခွင့်ရသရွေ့ ကြီးကျယ်ခမ်းနားတဲ့မှော်ဆရာတစ်ယောက်ဖြစ်လာမှာပဲ"
နီးကိုးလပ်အင်းစ်က ပြုံးပြီးပြောလိုက်သည်။
အခန်း ၂၈၁ - ပြိုင်ဘက်
နီကိုးလပ်စ်၏စကားကို နားထောင်ရင်း ရှောင်ယု၏မျက်လုံးများသည်တောက်ပလာခဲ့သည်။
ဤရှေးဟောင်းမိသားစုများကို လျော့တွက်၍မရနိင်ကြောင်း သူနားလည်သွားခဲ့သည်။ သူတို့သည် အချိန်အတော်ကြာအောင် ပျောက်ကွယ်နေခဲ့သည့် နေရေတွင်းကိုပင်ရှာတွေ့ခဲ့သည်။ ထို့ကြောင့်ရီလာသည် ကဲလ်သက်၏အကူအညီမပါဘဲ သွေးနတ်သူငယ်မျိုးနွယ်ကို ပြန်လည်အသက်သွင်းနိုင်ရန် ယုံကြည်ချက်ခိုင်မာနေခြင်းဖြစ်သည်။ နေရေတွင်းကိုရရှိပါက သူတို့အားမည်သူကတားဆီးနိုင်မည်နည်း။
ရှေးခေတ်ကုန်ဆုံးသွားချိန်၌ မှော်ဆရာများသည် တဖြည်းးဖြည်းရှားပါးစပြုလာခဲ့သည်။ ထို့ကြောင့် အစွမ်းထက်မှော်ဆရာများဖြစ်သည့် သွေးနတ်သူငယ်များကို တစ်စုတစ်စည်းတည်းရရှိခြင်းက အလွန်ကောင်းမွန်သောကိစ္စဖြစ်သည်။ ဤနေရာတွင် နီကိုးလပ်စ်သညိ လိမ္မာပါးနပ်သောလူတစ်ယောက်ဖြစ်သည်။
" နေရေတွင်းဟာ ကောင်းချီးမင်္ဂလာနဲ့ကျိန်စာနှစ်ခုလုံးရောယှက်နေတဲ့အရာပဲ ... ဘာလို့နေရေတွင်းတွေ ဖျက်ဆီးခံခဲ့ရတာလဲဆိုတာသိလား ... နေရဲ့စွမ်းအင်ကိုထိန်းချုပ်ထားလို့မရနိုင်ဘူး ... အဲ့ဒီစွမ်းအင်တွေသာပေါက်ကွဲသွားရင် ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးသွားလိမ့်မယ် "
ရှောင်ယုသည် နီကိုးလပ်စ်ကိုကြည့်ရင်း သတိပေးလိုက်သည်။ နီကိုးလပ်စ်သည် ယခုအချိန်ထိ သူကြုံတွေ့ဖူးသမျှရန်သူများအနက် သြဇာအာဏာအရှိဆုံးတစ်ဦးဖြစ်သည်။
" ဟားဟား ... မြို့စားရှောင်က တော်တော်ဟာသညဏ်ရှိတာပဲ ... မကြာသေးခင်ကပဲ မင်းကကဲလ်သက်ကိုပြန်ခေါ်လာပြီးတော့ နေရေတွင်းကိုရှာပေးမယ်လို့ပြောခဲ့တာမလား ... ခုငါတို့ကနေရေတွင်းကိုရှာတွေ့ခဲ့ပြီမလို့ ကဲလ်သက်ကိုပြန်လာခိုင်းဖို့ဒုက္ခခံခိုင်းနေစရာမလိုတော့ဘူး ... တကယ်တော့မင်းကိုငါတစ်ခုပြောရဦးမယ် ... မင်းဟာမဖြစ်သင့်တဲ့အရာတွေကိုပိုင်ဆိုင်ထားတဲ့ ကံကောင်းတဲ့လူတစ်ယောက်သာသာပဲ ... ဒီကမ္ဘာပေါ်မှ အခြားမျိုးနွယ်တွေရဲ့ပံ့ပိုးမှုကိုရရှိထားတဲ့သူက မင်းတစ်ယောက်တည်းလို့တော့မထင်လိုက်နဲ့ မြို့စားရှောင် ... အချိန်ရောက်ရင် မင်းရဲ့လူတွေကအခြားတစ်ဖက်ကို ပြောင်းလာလိမ့်မယ် "
နီကိုးလပ်စ်က ရှောင်ယုအားပြုံးပြလိုက်သည်။
နီကိုးလပ်စ်သည် ရှောင်ယုနှင့်မတူဘဲ အပြောအဆိုနှင့်အပြုအမူများကို သီးသန့်သုံးနှုံကာ စကားပြောပြေပြစ်သည်။ သူပြုံးနေသည့်အချိန်တောင်မှ မင်းမျိုးမင်းနွယ်၏အကျင့်စရိုက်ကို မပျောက်ပျက်စေပေ။ ဤသို့သိမ်မွေ့သောလုပ်ရပ်များသည် နှစ်ပေါင်းများစွာအမွေဆက်ဆံခဲ့သည့် ရလဒ်ဖြစ်သည်။ ရှောင်ယုသည်လည်း မြင့်မြတ်သူတစ်ဦးဖြစ်သော်လည်း မျိုးဆက်အနည်းငယ်အတွင်းကန့်သတ်ထားပေသည်။ ရှောင်ယုသည် နီကိုးလပ်စ်နှင့်နှိုင်းယှဉ်ပါက မြို့ကြီးပြကြီးသို့ရောက်ရှိလာသည့် ရွာသားပေါက်စလေးနှင့်တူပေသည်။
ရှောင်ယုသည် သူနှင့်နီကိုးလပ်စ်အကြားက ကွာဟချက်ကိုခံစားမိပေသည်။ ဆရာကြီးအယ်လ်မာသည် ကနေဒီမိသားစုအား အဘယ်ကြောင့်ထိုမျှ ကြောက်ရွံ့နေရသည့်အကြောင်းရင်းက်ိုလည်း သူနားလည်ပေသည်။
" ပြသနာမရှိပါဘူး .... မင်းကသွေးနတ်သူငယ်တွေကိုရလိုက်ပေမဲ့ သူတို့ရဲ့ခေါင်းဆောင်က ကဲလ်သက်ဖြစ်နေတုံးပဲ ... သွေးနတ်သူငယ်တွေရဲ့ခေါင်းဆောင်ကသာ သူ့မျိုးနွယ်ကိုပြန်လည်ရှင်သန်စေနိုင်တယ် .... မင်းကသွေးနတ်သူငယ်တွေနဲ့နေရေတွင်းရဲ့အကူအညီအောက်မှာ ကမ္ဘာကြီးကိုစိုးမိုးနိုင်မယ်လို့ထင်နေတာလား ... "
ရှောင်ယုသည် သူ၏မျက်လုံးများကိုမှိတ်ရင်း မေးလိုက်သည်။
နီကိုးလပ်စ်သည် ဘာမှမလုပ်ပေ။သူသည်ငြိမ်ငြိမ်လေးရပ်နေပြီး ရှောင်ယုအားဂရုမစိုက်ဘဲ ကြည့်နေသော်လည်း ရှောင်ယုသည်ကြီးမားသည့်ဖိအားကိုခံစားနေရသည်။ထိုဖိအားသည် အကြွင်းမဲ့ဖိအားကြောင့်ထွက်ပေါ်လာခြင်းမဟုတ်ဘဲ နီကိုးလပ်စ်၏စိတ်နေစိတ်ထားမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့ဖြစ်ရာ ရှောင်ယု၏စိတ်နေစိတ်ထားသည် နီကိုးလပ်စ်၏အဆင့်တွင်မဟုတ်ကြောင်း ဖော်ပြလိုက်ခြင်းဖြစ်သည်။
" ကဲလ်သက်က ဒီကမ္ဘာပေါ်မှရှိနေလို့လား ... ဒါမှမဟုတ်လက်ရှိကမ္ဘာကြီးက ကဲလ်သက်ကိုလိုအပ်နေလို့လား ... ငါတို့ကခုချိန်မှာ ခေတ်သစ်တစ်ခုမှာနေထိုင်ကြတာပဲ ... ဘာလို့အရင်ခေတ်ဟောင်းပုံပြင်တွေကို ယုံကြည်ရဦးမှာလဲ ... ဒီကမ္ဘာပေါ်မှာမင်းကပဲအောစ့်နဲ့နတ်သူငယ်တွေကိုပိုင်ဆိုင်တဲ့တစ်ယောက်သောသူလို့ထင်နေတာလား ... အောစ့်တွေ ၊ နတ်သူငယ်တွေ ၊ လူပုတွေကမျိုးသုဉ်းပျောက်ကွယ်သွားတာမဟုတ်ဘူး ... သူတို့ကလူမြင်ကွင်းကနေ သူတို့ကိုယ်သူတို့ကွယ်ဝှက်ထားခဲ့တာပဲ ... သူတို့ကပြန်လည်ထွက်ပေါ်လာဖို့အချိန်အခါကောင်းကို စောင့်ဆိုင်းနေကြတယ် ...
" ရှေးခေတ်မိသားစုတွေက ဒီနှစ်တွေမှာဘာမှမလုပ်ဘဲငြိမ်ခံနေတယ်လို့မင်းထင်လား ... လူတိုင်းကခွန်အားကိုတိတ်တဆိတ်စုဆောင်းနေပြီး ခေတ်သစ်ကိုဦးဆောင်နိုင်ဖို့စောင့်မျှော်နေကြတယ် ... ပရောဖက်ပြုချက်ကပြောထားတဲ့ အချိန်ကတဖြည်းဖြည်းနီးကပ်လာခဲ့ပြီ ... ဒီတိုက်ကြီးရဲ့အကြီးမြတ်ဆုံးအရှင်သခင်က ဒီတိုက်ကြီးရဲ့မျိုးနွယ်အားလုံးကို အောင်ပွဲနှင့်ဂုဏ်ကျက်သရေကိုယူဆောင်ပေးလိမ့်မယ် ... ခုမင်းကဒီကိုရောက်လာပြီးတော့ မင်းအနားမှာအောစ့်အနည်းငယ်ရှိနေတယ် ... ဒါကနည်းနည်းတော့ရယ်စရာကောင်းတယ် ... မြို့စားရှောင်မင်းမှာကော ကြီးမားတဲ့အိပ်မက်တွေရှိနေတာလား "
နီကိုးလပ်စ်က ရယ်ရယ်မောမောဖြင့် ပြောဆိုလ်ိုက်သည်။
" ဟားဟားဟား ... မင်းကတော်တော်စကားကြွယ်တာပဲ .. .မင်းကဘာလို့ဒီလိုစကားတွေပြောနေတာလဲ ... မင်းနဲ့ယှဉ်ရင်ငါကအသုံးမကျဘူးလို့ အခိုင်အမာပြောချင်နေတာလား ... ငါသာတကယ်အဲလိုဖြစ်နေရင် မင်းကဘာလို့ငါ့ကိုစိတ်ပျက်သွားအောင်ကြိုးစားနေရတာလဲ ... ငါအဖြေကိုပြောရမလား ... မင်းကငါ့ကိုကြောက်နေတာပဲ .... အနာဂတ်မှာငါကမင်းအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်လာမှာကိုမင်းကြောက်နေတယ် ... မင်းရင်ထဲမှာ ငါကမင်းကိုကျော်လွန်ပြီးတော့ ဒီခေတ်ရဲ့အကြီးမြတ်ဆုံးအရှင်သခင်ဖြစ်လာနိုင်မှာကို မင်းစိုးရိမ်နေတယ် "
ရှောင်ယုကတုံ့ပြန်ပြောဆိုလိုက်သည်။ နီကိုးလပ်စ်သည် သူ့အားစိတ်ပိုင်းဆိုင်ရာဖိအားများပေးလိုပါက သူကအဘယ်ကြောင့်ပြန်မပေးရမည်နည်း။
နီကိုးလပ်စ်သည် ရှောင်ယုကိုကြည့်ရင်း ခေါင်းခါပြလိုက်သည်။
" မင်းက ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းနေတာပဲ ... ဒီတိုက်ကြီးပေါ်ကလူတိုင်းကိုငါသတိထားသလိုပဲ မင်းအကြောင်းကိုလည်းငါသိထားတယ် ... မင်းကအားနည်းနေတော့မင်းကိုငါဂရုမစိုက်ဘူး ... ဒါပေမဲ့ပုရွက်ဆိတ်တစ်ကောင်ဆိုရင်တောင် ငါက ပေါ့ပေါ့တန်တန်သဘောမထားဘူး ... ဒါကငါ့မိဘတွေသင်ပေးခဲ့တဲ့အရာပဲ ... ဒါပေမဲ့ခုချိန်မှာငါသာမင်းကိုသေစေချင်တယ်ဆိုရင် ငါ့ရဲ့လက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်ရုံပဲ "
" ဒါပဲလား ... အဲ့ဒါဆိုလုပ်လိုက်လေ ... မင်းလက်ကိုဝှေ့ယမ်းလိုက် "
ရှောင်ယုက လုံးဝအကျောမခံပေ။
နီကိုးလပ်စ်သည် နောက်လှည့်ကာထိုင်ခုံပေါ်ထိုင်ချလိုက်ပြီး စားပွဲပေါ်ရှိဝိုင်ခွက်ကို ကောက်မလိုက်သည်။
" မင်းကမကြာခင်မှာပဲ ဖျက်ဆီးခံရတော့မှာမလို့ ငါကဘာလို့ဝင်ရောက်စွက်ဖက်နေရမှာလဲ ... ငါကစွမ်းအားတွေကိုအလဟဿဖြုန်းတီရတာကိုမကြိုက်ဘူး ... နောက်ပြီးဂိမ်းကစနေခဲ့ပြီ ... အခြားသူတွေထက်အရင်ငါကစားလိုက်ရင် ပျင်းစရာကောင်းသွားလိမ့်မယ် "
ရှောင်ယုကမျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
" မင်းဘာကိုပြောချင်တာလဲ "
" ငါဘာကိုပြောချင်တာလဲဟုတ်လား ... မြို့စားရှောင်ကဉာဏ်ပညာရှိပေမဲ့ ငါပြောတဲ့စကားရဲ့အဓိပ္ပါယ်ကိုနားမလည်သေးဘူးလား ... ဒါဆိုရင်လည်းငါကတွန့်တိုမနေဘဲ အရိပ်အမြွက်နည်းနည်းတော့ပေးရမှာပေါ့ .. .မင်းက ကနေဒီမိသားစုရဲ့အရူးသခင်လေးကို ရန်စစော်ကားဝံ့တဲ့လူတစ်ယောက်ပဲ ... အဲ့မိသားစုကအထင်ကြီးစရာမကောင်းပေမဲ့ မင်းစော်ကားနိုင်တဲ့အရာမဟုတ်ဘူး ... သူတို့ကမင်းကိုဒီအတိုင်းလွှတ်ထားမယ်လို့ထင်နေတာလား ... အထူးသဖြင့်မင်းရဲ့နယ်မြေမှာ မက်မောစရာကောင်းတဲ့အရာလေးတွေရှိနေရင်ပေါ့ "
နီကိုးလပ်စ်သည် ရှောင်ယုအားစိုက်ကြည့်ကာ တည်ငြိမ်စွာပြုံးပြလိုက်သည်။
အခန်း ၂၈၂ - ထွက်သွားလိုက်တော့
ကနေဒီမိသားစု၏သခင်ငယ်သည် သူ့အားဒုက္ခပေးတော့မည်ဟူသော နီကိုးလပ်စ်၏စကားကို ရှောင်ယုနားလည်လိုက်သည်။
ထိုအရာသည် သူမျှော်လင့်မထားသည့်အရာတစ်ခုဖြစ်သည်။ ကနေဒီမိသားစု၏သခင်ငယ်သည် သူ့အားလာရောက်လက်စားချေမည်ကို ရှောင်ယုနားလည်ထားသော်လည်း ယခုအခါသူတို့သည် သူ၏အမိန့်အောက်၌ရှိနေသောအောစ့်များ ၊ နတ်သူငယ်များနှင့်အခြားမျိုးနွယ်ဝင်များကို အာရုံစိုက်နေပုံရသည်။
ထို့ပြင် ဤရှေးဟောင်းမိသားစုများသည် သူတို့၏ထိန်းချုပ်မှုအောက်တွင် မတူညီသောမျိုးနွယ်စုအသီးသီးအား တိတ်တဆိတ်ထည့်သွင်းပေါင်းစည်းထားကြောင်း ထင်ရှားနေခဲ့သည်။ သို့သော် သူတို့သည်ထိုပေါင်းစည်းမှုအား ပြင်ပသို့မထုတ်ပြခဲ့ဘဲ လျှို့ဝှက်ထားခဲ့သည်။ သူတို့သည် ကောင်းကင်ခြင်္သေ့မင်းဆက်၏ ကျဆင်းမှုနှင့်ပြိုကွဲမှုကို စောင့်ဆိုင်းနေပုံရသည်။ အကယ်၍ မင်းဆက်တစ်ခုလုံး မငြိမ်မသက်မှုများစတင်ဖြစ်ပေါ်လာချိန်တွင် ထိုအင်အားစုများကစတင်လှုပ်ရှားမည်ဖြစ်သည်။ သူတို့သည် တိုက်ကြီးတစ်ခုလုံးအားသိမ်းပိုက်ကာ မည်သည့်အခါမှမကြုံတွေ့ဖူးသောအင်ပါယာတစ်ခုက်ိုဖန်တီးရန် နှစ်ပေါင်းထောင်ချီ၍ခွန်အားစုဆောင်းခဲ့သည်။
ရှောင်ယုသည် အထူးယူနစ်များကိုဆင့်ခေါ်နိုင်သည့် တစ်ဦးတည်းသောသူဖြစ်နေ၍ ထိုအင်အားစုများအပေါ် လျော့တွက်ထားမိပုံရသည်။ သို့သော်သူ့ထံ၌ လုံလောက်သောဆင့်ခေါ်တပ်သားများကိုပိုင်ဆိုင်ထားပါက ပြသနာလုံးဝမရှိဘဲ ဤတိုက်ကြီးအားအုပ်စိုးနိုင်လိမ့်မည်ဟု ရှောင်ယုယုံကြည်ပေသည်။ ယခုအချိန်၌ နီကိုးလပ်စ်၏စကားကြောင့် သူ၏အင်အားသည်နိမ့်ပါးနေကြောင်း ပေါ်လွင်လာခဲ့သည်။ ထိုမိသားစုများသည် နှစ်ပေါင်းထောင်ချီ၍စည်းစိမ်ဥစ္စာနှင့်ခွန်အားများကိုစုဆောင်းခဲ့ကြပြီး သူတို့၏အဆက်အသွယ်များသည် အလွန်ကျယ်ပြန့်ပေသည်။ သူတို့နှင့်နှိုင်းယှဉ်ပါက နယ်မြေသခင်တစ်ယောက်ဖြစ်သည့်ရှောင်ယုထံတွင် အားနည်းချက်များစွာရှိပေသည်။
မည်သို့ပင်ဆိုစေ ရှောင်ယုသည် ထိုအဆိုးမြင်စိတ်များကို သူ့စိတ်အတွင်းမှနေ၍ လွှင့်ထုတ်ပစ်ရန်အချိန်အနည်းငယ်မျှသာ ယူခဲ့ရသည်။
ရှေးခေတ်မိသားစုဆိုရင်ကောဘာဖြစ်လဲ ... ဘယ်ကောင်ကငါ့ကိုလာစော်ကားရဲမှာလဲ ... ငါကအကြီးမြတ်ဆုံးအရှင်သခင်ဖြစ်ပြီးတော့ ငါ့ကိုစော်ကားတဲ့သူတိုင်းကိုဖျက်ဆီးပစ်မယ် ... ငါကအဆိုးရွားဆုံးအရူးတစ်ယောက်ပဲ ...
ရှောင်ယုသည် ခြေလှမ်းအနည်းငယ်လှမ်းကာ နီကိုးလပ်စ်၏ဘေးတွင်ဝင်ထိုင်လိုက်ပြီး ဝိုင်ခွက်တစ်ခွက်အား ကောက်ယူလိုက်သည်။
" ကောင်းလ်ိုက်တာ ... တော်တော်ကောင်းတဲ့ဝ်ိုင်ပဲ ... မကြာသေးခင်ကပဲ အနောက်တိမ်တိုက်အင်ပါယာမှာ ပြဿနာလေးတွေဖြေရှင်းပြီးတဲ့နောက် ဘာမှလုပ်စရာမရှိလို့ငြီးငွေ့နေတာ .. .ခုအဲ့ဒီသခင်လေးကငါနဲ့အတူတွဲကစားချင်ပြီထင်တယ် ... ဒါပေမဲ့မင်းကဘာလို့ အဲ့အကြောင်းကိုငါ့ကိုပြောရတာလဲ ... မင်းကငါတို့နှစ်ယောက်တိုက်ခိုက်နေချိန်မှာ အခွင့်ကောင်းယူဖို့ကြိုးစားနေတာလား ... မင်းကိုကြည့်ရတာငါ့နယ်မြေကို တော်တော်မျက်စိကျနေတယ်ထင်တယ် "
ရှောင်ယုသည် ထိတ်လန့်ဖွယ်သတင်းကိုရရှိလိုက်သော်လည်း တည်ငြိမ်စွာပြုမူနေနိုင်သည်ကိုမြင်သောအခါ နီကိုးလပ်စ်သည် အနည်းငယ်စိတ်ရှုပ်ထွေးသွားကာ သူ၏မျက်လုံးများ၌အံ့သြနေသော အရိပ်အယောင်များဖြစ်ပေါ်လာခဲ့သည်။
နီကိုးလပ်စ်သည် ရှောင်ယုအားလျော့တွက်မိခဲ့သည်။ ထို့ပြင် ရှောင်ယု၏စကားများမှတဆင့် နီကိုးလပ်စ်သည် ရှောင်ယုထံမှအခွင့်အရေးအချို့ရရှိရန် အလွန်ခက်ခဲလိမ့်မည်ဟု နားလည်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် လက်ရှိအချိန်၌ ရှောင်ယု၏ခွန်အားသည် နိမ့်ပါးနေကာ သူအချိန်မရွေးနှိမ်နင်းနိုင်ပေသည်။ သို့သော်လည်း ရှောင်ယုကိုသာအချိန်အလုံအလောက်ပေးလိုက်ပါက နီကိုးလပ်စ်သည်ပင်ခေါင်းကိုက်လာရမှာဖြစ်သည်။
" မင်းပြောတာအမှန်ပဲ .. .ငါကဘေးနားကထိုင်ကြည့်ပြီးတော့ အကျိုးကျေးဇူးတွေရချင်တယ် ... မင်းရဲ့အောစ့်နဲ့နတ်သူငယ်တွေကို ငါတကယ်မနာလိုဘူး .. .ငါ့ရဲ့ကွပ်ကဲမှုအောက်မှာဆိုရင် အောစ့်တွေ ၊ လူပုတွေနဲ့အခြားမျိုးနွယ်ဝင်တွေရှိတယ် .. .တကယ်လို့မင်းရဲ့တပ်ဖွဲ့တွေသာ ငါနဲ့ပူးပေါင်းလိုက်မယ်ဆိုရင် အဆင့်တစ်ခုအထိရောက်ရှိသွားလိမ့်မယ် ... ငါကစစ်သည်အရေအတွက်က်ိုဂရုမစိုက်ဘဲ အရည်အသွေးကိုပဲဂရုစိုက်တယ် ... တကယ်တော့ခုလ်ိုစစ်သည်အမျိုးအစားတွေအများကြီးရခဲ့တဲ့နေရာနှင့်ပတ်သက်ပြီးတော့ ငါတကယ်သိချင်နေတယ် ... အင်းစ်မိသားစုက နှစ်ပေါင်းထောင်ချီတည်တံ့လာတဲ့ ရှေးမိသားစုဖြစ်ပြီးတော့ မတူညီတဲ့မျိုးနွယ်စုအသီးသီးကိုရှာဖွေနေခဲ့ပေမဲ့ မင်းမှာရှိတဲ့စစ်သားတွေလောက် အမျိုးအစားမစုံလင်နိုင်သေးဘူး "
ရှောင်ယုသည် သူ၏အကြံအစည်များကိုတွေ့မြင်သွားပြီဖြစ်ရာနီကိုးလပ်စ်က အမှန်အတိုင်းပြောပြလိုက်သည်။
" လူစည်ကားတဲ့မြို့ကြီးတွေနားမှာ အောစ့်တွေနဲ့နတ်သူငယ်တွေကိုမင်းတွေ့ဖူးလို့လား ... အဓိကအကြောင်းရင်းက အန်ကာဂန်တောင်တန်းတွေပဲ ... အဖေကအရမ်းကိုထက်မြက်တဲ့လူတစ်ယောက်ပါ .. .အထက်လူတွေက သူ့ကိုအန်ကာဂန်တောင်တန်းတွေဆီ ပြစ်ဒဏ်ကျခံဖို့စေလွှတ်လိုက်တယ်ဆိုပေမဲ့ သူကဒီနေရာကိုတမင်ရွေးချယ်ခဲ့တာပဲ ... သူကအောစ့်တွေ ၊ နတ်သူငယ်တွေနဲ့အခြားမျိုးနွယ်တွေနဲ့ အချိန်အတော်ကြာထိတွေ့ဆက်ဆံခဲ့ပြီးမှ ပန်းတိုင်ကိုရောက်ချိန်မှာ သေဆုံးသွားခဲ့တယ် ... တကယ်နှမြောစရာပဲ ... "
ရှောင်ယုကသက်ပြင်းချကာပြောလိုက်သည်။
ရှောင်ယုသည် ဆင့်ခေါ်စစ်သားများ၏မူလဇစ်မြစ်ကို ဖုံးကွယ်ထားရန်အတွက် သူ၏အဖေသေဆုံးပြီးနောက် အန်ကာဂန်တောင်တန်းများဆီ တွန်းပို့ခဲ့သည်။ ဤတိုက်ကြီးပေါ်၌ အန်ကာဂန်တောင်တန်းနယ်မြေတစ်ခုလုံးအား စူးစမ်းနိုင်သူတစ်ဦးမှ ရှိမနေခဲ့ပေ။ ရှောင်ယု၏စကားသည် အခြားသူများအား အန်ကာဂန်တောင်တန်းများထံသို့စူးစမ်းလေ့လာစေရန် စိန်ခေါ်နေသလိုဖြစ်နေခဲ့သည်။
ထို့ပြင်ရှောင်ယုသည် မြေအောက်မြို့တော်ခရီးစဉ်၌ အောစ့်နှင့်နတ်သူငယ်များစွာကိုရရှိခဲ့ပြီး စွန့်စားသူများကိုယ်တိုင်က အန်ကာဂန်တောင်တန်းများတွင် အောစ့်နှင့်နတ်သူငယ်များကို မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် ရှောင်ယုဆင့်ခေါ်ထားသောတပ်သားများ၏ မူလဇစ်မြစ်ကိုသံသယရှိနေလျှင်တောင်မှ မည်သူကမှသက်သေမပြနိုင်ပေ။
နီကိုးလပ်စ်က အပြုံးမပျက်ပြောလိုက်သည်။
" မင်းမပိုင်ဆိုင်သင့်တဲ့အရာတစ်ခုကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားတဲ့အခါကျရင် ဘေးဥပဒ်တစ်ခုဆီ ဦးတည်သွားလိမ့်မယ်ဆိုတာ မမေ့နဲ့ "
" ဟားဟား ... မင်းမှာအရည်အချင်းရှိလား ... ဒီစကားပြောဖို့ကနည်းနည်းစောလွန်းနေသေးတယ်မလား ... ငါ့ရဲ့နယ်မြေကိုဝင်ရောက်သိမ်းပိုက်ပြီးနောက် ငါ့ကိုသတ်ဖြတ်ဖို့ကြိုးစားခဲ့တဲ့သူတွေဆို ငါရေတွက်လို့တောင်မနိုင်တော့ဘူး ... ခုလည်းငါကရှုံးနိမ့်မယ်လို့မင်းထင်လို့လား "
ရှောင်ယုသည်သူ၏မျက်လုံးများကိုမှိတ်လိုက်ကာ ထိုင်ခုံပေါ်ထိုင်ချလိုက်ပြီး နီကိုးလပ်စ်၏မျက်လုံးများအားစိုက်ကြည့်လိုက်သည်။
နီကိုးလပ်စ်က တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။
" ကာရီ .. .ဆိုလိုမွန်း .. စုဘာရူ သူတို့ကမင်းရဲ့ရန်သူတွေအဖြစ်သတ်မှတ်ဖို့ အားနည်းလွန်းတဲ့အမှိုက်တွေပဲ ... ကနေဒီမိသားစုနဲ့ရင်ဆိုင်ရတဲ့အခါမှ တကယ့်ရန်သူဆိုတာမင်းသိလာလိမ့်မယ် ... မင်းသူတို့နဲ့ရင်ဆိုင်ရတဲ့အခါကျ ခုလိုပြုံးနေနိုင်မလားငါကြည့်ရတာပေါ့ "
ရှောင်ယုသည် နီကိုးလပ်စ်၏စကားများကို ကြားဖြတ်ပြောကြားလ်ိုက်သည်။
" ရန်သူဟောင်းတွေကိုဖယ်ရှားဖို့ ငါ့မှာကိုယ်ပိုင်နည်းလမ်းတွေရှိခဲ့သလို အနာဂတ်ရန်သူတွေကိုဖယ်ရှားဖို့အတွက်လည်း ငါ့မှာနည်းလမ်းတွေရှိနေတာပဲ ... မင်းတစ်နေ့ခြင်္သေ့နယ်မြေကိုအလည်လာဖို့ ငါမျှော်လင့်နေတယ် "
" ငါတစ်နေ့ရောက်လာမှာပါ ... "
နီကိုးလပ်စ်ကပြုံးပြီးပြောလိုက်သည်။
သူတို့နှစ်ယောက်လုံးသည် စကားတစ်ခွန်းမှမပြောဘဲ တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေကြသည်။ အနာဂတ်တွင် သူတို့နှစ်ယောက်သည် တူညီသောပန်းတိုင်ကိုလျှောက်လှမ်းရာတွင် ရင်ဆိုင်ရမည့်ရန်သူတော်များဖြစ်လာမှာဖြစ်သည်။ သို့သော်အဆုံး၌အောင်ပွဲရရှိကာ အထွတ်အထိပ်၌ရပ်တည်နိုင်မည့်သူ တစ်ယောက်သာရှိနေမည်ဖြစ်သည်။
သွေးနတ်သူငယ်များသည် နီကိုးလပ်စ်နှင့်လက်တွဲရန်ရွေးချယ်ခဲ့ကြ၍ ရှောင်ယုသည်ဤနေရာ၌ဆက်နေရန် အစီအစဉ်မရှိတော့ပေ။ ဤနေရာရှိမည်သူကမှ သူ့နောက်သို့လိုက်လာမည်မဟုတ်ကြောင်း ရှောင်ယုနားလည်ပေသည်။ ထို့ပြင် သူသည်ကဲလ်သပ်ကိုခေါ်ဆောင်လာလျှင်ပင် ရီလာသည် ကဲလ်သက်အစစ်ဖြစ်ကြောင်း ယုံကြည်မည်မဟုတ်ပေ။
သို့ဖြစ်ရာ ယခုအချိန်မှစ၍ သူသည်ဂိမ်းစနစ်မှဆင့်ခေါ်ထားသော သွေးနတ်သူငယ်ကိုသာအားကိုးနိုင်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ယခုအချိန်၌မည်သည်ကမှ အရေးမကြီးတော့ပေ။ သူသည်အဆင့်တက်သွားကာ အခြေစိုက်စခန်းတစ်ခုအား အဆင့်မြင့်တင်နိုင်ပြီး စစ်သား၄၀၀၀အားထပ်မံဆင့်ခေါ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့်သူသည် ကနေဒီမိသားစု၏ထိုးစစ်ဆင်မှုကို မကြောက်ရွံ့ပေ။ စစ်ပွဲသည်မကြာခင်စတင်တော့မည်ဖြစ်၍ သူ၏အစွမ်းအစကို စမ်းသပ်ခံရမည်ဖြစ်သည်။
ကမ္ဘာကြီးကိုလွှမ်းမိုးနိုင်မယ့် ကစားပွဲအားစတင်ခဲ့ချေပြီ ...
ရှောင်ယုသည် ခြင်္သေ့နယ်မြေသို့ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့မထွက်ခွာမှီတွင်သူသည် ထို့ပါဟောင်အတွက် အစီအစဉ်အနည်းငယ်အား ပြုလုပ်ပေးခဲ့ရန် လိုအပ်ပေသည်။ ရီလာသည်ရှောင်ယုအားတားဆီးရန်အစီအစဉ်မရှိသော်လည်း နီကိုးလပ်စ်သည် သူ့အားသခင်တစ်ယောက်အဖြစ် ပိုမိုပေါ်လွင်စေရန် မတ်တပ်ရပ်လိုက်ကာ ရှောင်ယုအားလိုက်လံပို့ဆောင်ခဲ့သည်။ ထိုနီကိုးလပ်စ်သည် သူ့အားဤနေရာရှိအရှင်သခင်အသစ်သည် သူသာဖြစ်ကြောင်းဖော်ပြနေသည်က်ို ရှောင်ယုသိအောင်ပြသနေခြင်းဖြစ်သည်။
" ခဏစောင့်ပါဦး ... "
ထိုအချိန်တွင် ကယ်လီကထအော်လိုက်သည်။
ရီလာသည် ကယ်လီ၏အပြုအမူကြောင့် မျက်မှောင်ကြုတ်လိုက်ကာ မေးမြန်းလိုက်သည်။
" ကယ်လီ ... မင်းဘာလုပ်နေတာလဲ "
ကယ်လီသည် ရှောင်ယု၏နံဘေး၍သွားရပ်လိုက်သည်။
" ဒီငယ်သားအဖမ်းခံရပြီး ကျွန်အဖြစ်ရောင်းစားခံရပေမဲ့ ရှောင်ယုကကယ်တင်ခဲ့လို့ သူ့ကိုသခင်အဖြစ်သတ်မှတ်ပြီး သူနဲ့လိုက်သွားဖို့ဆုံးဖြတ်ထားတယ်ခ"
" ဘာ ... ကယ်လီမင်းရူးသွားတာလား ... မင်းကကျွန်တစ်ယောက်မဖြစ်ရှင်သန်နေချင်တာလား ... "
ရီလာသည် ကယ်လီ၏သဘောထားတင်းမာမှုကြောင့် ဒေါသတကြီးဖြစ်သွားခဲ့သည်။
" အရှင်မြတ်က သွေးနတ်သူငယ်မျိုးနွယ်ကို စည်းစိမ်တွေနဲ့ဂုဏ်ကျက်သရေတွေ ပြန်လည်ဆောင်ကြည်းပေးနိုင်မယ်လို့ ငါမျှော်လင့်ပါတယ် ... ဒါပေမဲ့ငါကဒီမျိုးနွယ်မှာဆက်နေမှာမဟုတ်တော့ဘူး ... ငါကအရှင်ကဲလ်သက်နောက်ကိုပဲလိုက်မှာဖြစ်တဲ့အတွက် အနာဂတ်စစ်မြေပြင်မှာ ရန်သူတွေအဖြစ်အချင်းချင်းမရင်ဆိုင်ရဘူးလို့ မျှော်လင့်ပါတယ် "
ကယ်လီက တည်ငြိမ်စွာပြောလိုက်သည်။
ရီလာသည် အလွန်ဒေါသထွက်နေသော်လည်း ကယ်လီသည်သူ၏မျိုးနွယ်နှင့်မတူညီသောလမ်းကို ရွေးချယ်ခဲ့ကြောင်းနားလည်လိုက်သည်။
နီကိုးလပ်စ်သည်လည်း သူတို့နှင့်အတူထွက်လာခဲ့ရာ အပြင်ဘက်တွင် အောစ့်စီးနင်းသူများ ၊ နတ်မြင်းပျံများ ၊ ဂရင်းနှင့်တိုင်ရန်ဒီတို့အား တွေ့မြင်လိုက်ရသည်။
" သူတို့က လနတ်သမီးတိုင်ရန်ဒီနဲ့ဓားသခင်ဂရင်းတို့လား ... သူတို့ဟာအခြားသူတွေနဲ့တော်တော်ကွဲပြားပေမဲ့ သူတို့ဟာရှေးခေတ်သူရဲကောင်းတွေဆိုတဲ့ အထောက်အထားမရှိဘူး "
ဂရင်းနှင့်တိုင်ရန်ဒီတို့သည် စစ်မှန်သည်ဟု နီကိုးလပ်စ်ကလုံးဝမယုံကြည်ပေ။ သူသည် ကောလဟာလများနှင့်ပရောဖက်ပြုချက်များအကြောင်းကို ကြားသိထားသော်လည်း ၎င်းတို့သည်အဓိပ္ပါယ်မရှိဟု သူယုံကြည်ခဲ့သည်။ ထို့ပြင် ရှောင်ယုသည်ထိုအမည်များကိုအသုံးပြုကာ သူ၏ကိုယ်ပိုင်အစီအစဉ်အား တွန်းအားပေးလိုခဲ့သည်ဟု နီကိုးလပ်စ်ကယုံကြည်ခဲ့သည်။
" သူတို့က ငါ့ရဲ့နှလုံးသားထဲမှာတော့ စစ်မှန်တဲ့ဓားသခင်နဲ့လနတ်သမီးတို့ပဲ ... ငါကသူတို့ရဲ့ဖြစ်တည်မှုကို ဝင်ရောက်မစွက်ဖက်ဘဲ လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ပေးထားတယ် "
ရှောင်ယုကပြုံးပြီးပြောလိုက်သည်။
ရှောင်ယု၏စကားကိုနားထောင်ရင်း နီကိုးလပ်စ်ကခေါင်းညိတ်ပြလိုက်သည်။
" ကောင်းပြီလေ ... မင်းပြောတဲ့အတိုင်းပေါ့ "