← Chapters

အခန်း (၂၈၃-၂၈၅)

Vol. 19 Ch. 283-285

အခန်း (၂၈၃-၂၈၅)

Vol. 19 Ch. 283-285

အခန်း ၂၈၃ - ကြိုတင်ပြင်ဆင်မှုများစတင်ခြင်း

ရှောင်ယုသည် ကယ်လီကိုခေါ်ဆောင်၍ ထိုနေရာမှထွက်ခွာလာခဲ့သည်။

ထိုကောင်မလေးသည် ကဲလ်သက်အားအလွန်ကိုးကွယ်ယုံကြည်နေသည်ကို မထင်မှတ်ဘဲရှောင်ယုတွေ့ရှိခဲ့သည်။ ကယ်လီသည် သူနှင့်အတူပြန်လည်လိုက်ပါခဲ့ခြင်းမှာ သူ၏ဆွဲဆောင်မှုကြောင့်မဟုတ်မှန်း ရှောင်ယုနားလည်ပေသည်။

မည်သို့ပင်ဆိုစေ ရှောင်ယုသည်ကနေဒီမိသားစုတိုက်ခိုက်လာမည်ကို ကြိုတင်ကာကွယ်ရန်အတွက် ခြင်္သေ့နယ်မြေသို့အမြန်ဆုံးပြန်သွားရမည်ဖြစ်သည်။ ထိုသို့ရှေးဟောင်းမိသားစုတစ်ခုအား လုံးဝလျော့မတွက်သင့်ပေ။

ရန်သူများ၏ရည်ရွယ်ချက်မှာ သူ့အားလက်စားချေရန်သာမက သူ့တပ်သားများကိုပါအာရုံစိုက်နေ၍ သူတို့အကောင်းဆုံးလုပ်ဆောင်ကြမည်ဖြစ်သည်။ သို့ဖြစ်ရာ ခြင်္သေ့နယ်မြေသည် ကြီးမားသည့်စမ်းသပ်မှုတစ်ခုအား ရင်ဆိုင်ရမည်ဖြစ်သည်။

ရက်အနည်းငယ်ကြာပြီးနောက် ရှောင်ယုသည် ဝူဟယ်မြို့သို့ပြန်ရောက်လာခဲ့သည်။ ထို့ပါဟောင်သည် ရှောင်ယုပြန်လာသည့်သတင်းကိုကြားသောအခါ ကိုယ်တိုင်ကိုယ်ကျထွက်လာ၍ ကြိုဆိုခဲ့သည်။ ထို့ကြောင့် ရှောင်ယု၏မျက်နှာပေါ်၌ ကူကယ်ရာမဲ့နေသောအမူအရာများဖြစ်ပေါ်လာခဲ့သည်။

" ဘာတွေမှားနေလို့လဲ ... ခရီးကအဆင်မပြေခဲ့ဘူးလား "

ရှောင်ယုသည် အလွန်စိတ်ပျက်နေပုံပေါ်၍ တစ်စုံတစ်ခုပြသနာဖြစ်ခဲ့ကြောင်း ထို့ပါဟောင်နားလည်လိုက်သည်။

ရှောင်ယုသည် ကူကယ်ရာမဲ့စွာပြုံးလိုက်မိသည်။

" မင်းကိုအချိန်တစ်ခုအထိ တစ်ယောက်တည်းထားခဲ့ရတော့မယ် "

ထို့ပါဟောင်၏မျက်နှာအမူအရာသည် ချက်ချင်းလေးနက်သွားခဲ့သည်။

" ခြင်္သေ့နယ်မြေမှာ တစ်ခုခုဖြစ်ခဲ့တာလား "

ရှောင်ယုကခေါင်းညိတ်ပြလိုက်သည်။

" ရန်သူကြီးတစ်ယောက်က ခြင်္သေ့နယ်မြေကိုတိုက်ခိုက်ဖို့ပြင်ဆင်နေတယ် ... ဒါကြောင့်စစ်ပွဲအတွက်ကြိုတင်ပြင်ဆင်ရတော့မယ် "

ထို့ပါဟောင်က လက်ခံလိုက်သည်။

" ခြင်္သေ့နယ်မြေကမင်းရဲ့အခြေစိုက်စခန်းဆိုတော့ မင်းရဲ့လုပ်ရပ်ကမမှားပါဘူး ... မင်းသာပြိုလဲသွားရင် ငါလည်းမဟာမိတ်တစ်ယောက်ဆုံးရှံးရလိမ့်မယ် "

ရှောင်ယုက ခေါင်းညိတ်လိုက်သည်။

" ဒီမှာမင်းကိုကူညီဖို့အတွက် ငါ့တပ်တွေကိုထားခဲ့လိုက်မယ် ... ငါကအချိန်တစ်ခုထိပြန်မလာနိုင်ဘူးဆိုတော့ မင်းဆီမှာပဲအပ်ထားရမှာပဲ ... မင်းကအနောက်တိမ်တိုက်အင်ပါယာကိုအုပ်ချုပ်ရမယ့် အကြီးမြတ်ဆုံးအရှင်သခင်ဖြစ်လာမှာဖြစ်တဲ့အတွက် မင်းဒီအခြေအနေကိုကိုင်တွယ်ရမယ် "

ထို့ပါဟောင်က ရယ်မောလိုက်သည်။

" မင်းဘာတွေပြောနေတာလဲ ... မင်းငါ့ကိုအထင်သေးနေတာပဲ ... မင်းရဲ့အကူအညီမပါရင်ကော ငါကထို့ပါကွေ့ကိုမရှင်းလင်းနိုင်ဘူးလို့ထင်နေတာလား ... မင်းစောင့်ကြည့်နေလိုက် ငါထို့ပါကွေ့ကိုအနိုင်ယူပြီးတဲ့အချိန်ကျ မင်းကိုဖိတ်ခေါ်လိုက်မယ် "

" ငါမင်းကိုယုံတယ် ... "

ရှောင်ယုက ပြုံးပြလိုက်သည်။

ရှောင်ယုသည် ထို့ပါဟောင်ထံ၌ စာတိုတစ်စောင်နှင့် သူ၏တပ်များကိုဆုချီးမြင့်ရန်အတွက် သွေးသံမဏိဓား၃၀၀ကိုထားရှိခဲ့သည်။ ထို့နောက် ရှောင်ယုသည် အိုနေးလ်ဦးဆောင်သော အောစ့်၁၀၀၀ကိုချန်ထားရစ်ခဲ့ပြီး ရာအူးလ်နှင့်နတ်မြင်းပျံ၁၀၀တို့သည်လည်း ဝူဟယ်မြို့၌စခန်းချနေမှာဖြစ်သည်။ ထို့ပြင် တောင်ဘီလူး၅၀ ၊ ကိုဒိုသားရဲများ ၊ ပယောဂဆရာများနှင့်နတ်ဆရာများသည် အောစ့်များ၏ခွန်အားကိုတိုးစေနိုင်သည်။ ရှောင်ယုသည် အောစ့်စီးနင်းသူ၆၀၀ကိုလည်း သူနှင့်အတူမယူဆောင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည်ခြင်္သေ့နယ်မြေကာကွယ်ရေး၌ အရေးကြီးသောအခန်းကဏ္ဍမှမပါဝင်နိုင်၍ဖြစ်သည်။

ရှောင်ယုသည် ကနေဒီမိသားစု၏တိုက်ခိုက်မှုများကို ခုခံရန်အတွက် အခြားတပ်ဖွဲ့များကိုမူ ပြန်လည်ယူဆောင်ခဲ့သည်။ သူသည် လောက်လွဲစင်များနှင့်လှံပစ်စက်များကို ထားရှိခဲ့သော်လည်း လမင်းပစ်ခတ်သူများနှင့်ဖြိုဖျက်သူများကိုမူယူဆောင်လာခဲ့သည်။ ကနေဒီမိသားစုသည် အင်အားအလုံးအရင်းနှင့်စက်ယန္တရားများစွာကိုယူဆောင်လာမည်ဖြစ်ရာ လမင်းပစ်ခတ်သူများနှင့်ဖြိုဖျက်သူများသည် ခြင်္သေ့မြို့အားကာကွယ်ရာ၌ ကောင်းမွန်သောအခန်းကဏ္ဍမှပါဝင်လာမည်ဖြစ်သည်။

ရှောင်ယုသည် ထို့ပါဟောင်ထံ၌ တပ်သားအမြောက်အများချန်ထားရစ်ခဲ့ရခြင်းမှာ ထို့ပါကွေ့၏နောက်ထပ်တိုက်ခိုက်မှုများအား ထို့ပါဟောင်ခုခံနိုင်စေရန်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ထို့ပါကွေ့သည် ထို့ပါဟောင်ကိုအနိုင်ယူပြီးနောက် ကောင်းကင်ခြင်္သေ့မင်းဆက်ကိုစတင်တိုက်ခိုက်မည်ဖြစ်သည်။ ထို့ကြောင့် ထို့ပါဟောင်သည် ထို့ပါကွေ့အား လုံးဝရှံးနိမ့်၍မရပေ။

လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်များသည် ထို့ပါကွေ့အားပံ့ပိုးပေးထား၍ အလျင်အမြန်ပြန်လည်အားကောင်းလာမည်ဖြစ်သည်။ ဤအရာသည် ထို့ပါဟောင်အတွက်လည်း ကြီးမားသည့်စမ်းသပ်မှုတစ်ခုဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့်ရှောင်ယုသည် ထို့ပါဟောင်အပေါ်ကျရောက်နေသည့်ဖိအားအချို့ကိုဖယ်ရှားရန် ဤစစ်သားများကိုထားခဲ့ခြင်းဖြစ်သည်။ ထို့နောက်ရှောင်ယုသည် ဝူဟယ်မြို့မှခြင်္သေ့နယ်မြေသို့ အလျင်အမြန်ခရီးဆက်ခဲ့သည်။ ထို့ပြင်သူနှင့်အတူ မှင်စာ၁၀၀၀၀ကျော်ကို ပြန်လည်ခေါ်ယူလာခဲ့သည်။ အနာဂတ်တွင် ဤမှင်စာများသည် ခြင်္သေ့နယ်မြေ၏ဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာအကျိုးသက်ရောက်မှုရှိလာနိုင်ကြောင်း ရှောင်ယုသိရှိထားသည့်အတွက်ကြောင့် သူတို့အားလုံးက်ိုခြင်္သေ့နယ်မြေထံပြန်လည်ခေါ်ယူကာ သေချာလေ့ကျင့်ပေးမည်ဖြစ်သည်။

ရှောင်ယုသည် အလွန်ထူးဆန်းသောမှင်စာများစွာကို စုဆောင်းကာသူ၏နယ်မြေသို့ပြန်သွားသည်ဟု ထို့ပါဟောင်သတင်းရသော်လည်း သူဘာမှမပြောခဲ့ပေ။

...

ရက်ပေါင်း၂၀ကျော်ကြာပြီးနောက် ရှောင်ယုသည်ခြင်္သေ့မြို့သို့ပြန်လည်ရောက်ရှိလာခဲ့သည်။ မြို့၏မြင့်မားသောတံတိုင်းများကြောင့် အဝေးမှကြည့်လျှင်ဖျက်ဆီးမရနိုင်ပုံပေါ်နေသော်လည်း ကနေဒီမိသားစု၏တိုက်ခိုက်မှုဒဏ်အား တောင့်ခံနိုင်မည်မဟုတ်ပေ။ ကနေဒီမိသားစု၏တပ်ထံတွင် အစွမ်းထက်မှော်ဆရာများစွာပါလာမည်ဖြစ်ကာ ခြင်္သေ့မြို့တံတိုင်းသည် ပဥ္စမအဆင့်မှော်ဆရာများ၏တိုက်ခိုက်မှုကိုခုခံနိုင်လောက်အောင် မတောင့်တင်းပေ။

သူ၏ကွပ်ကွဲမှုအောက်တွင်ရှိနေသော သူရဲကောင်းများသည် လက်ရှိအချိန်၌ အဆင့်နိမ့်ကျနေသေးပြီး ရန်သူ့ကျွမ်းကျင်သူများလက်ထဲ၌ သေဆုံးသွားနိုင်သည်။ ထို့ကြောင့် ရှောင်ယုသည်ယခုတစ်ကြိမ်တိုက်ပွဲတွင် ရန်သူများအားအမြန်ဆုံးရှင်းလင်းရန် သူ၏ဆင့်ခေါ်တပ်သားအားလုံးကို အသုံးပြုရနိုင်သည်။

ခြင်္သေ့မြို့ရှိလူတိုင်းသည် ရှောင်ယုပြန်လာသည်ကိုမြင်သောအခါတွင် ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ ရှောင်ယုထုတ်ပြန်ခဲ့သောမူဝါဒများသည် အရပ်သားများ၏ဘဝကို ကြီးကြီးမားမားတိုးတက်ပြောင်းလဲစေခဲ့သည်။ ထို့ကြောင့် အများစုသည် ရှောင်ယုနှင့်ခြင်္သေ့နယ်မြေအား ကပ်တွယ်နေကြပြီဖြစ်သည်။ ရှောင်ယု၏အခွန်မူဝါဒများသည် အနည်းငယ်ရှုပ်ထွေးပုံပေါ်သော်လည်း အရမ်သားများ၏ အသက်အိုးအိမ်စည်းစိမ်များအပေါ် ဖိအားများကိုဖြေလျော့ပေးနိုင်သည်။

ယခုခေတ်တွင် သာမန်လူများအလိုအရှိဆုံးမှာ စားသောက်နေထိုင်မှုလုံလောက်ရန်ဖြစ်သည်။ သို့ဖြစ်ရာ သူတို့၏ဘဝကိုလွယ်ကူအောင်ပံ့ပိုးပေးသူအား သူတို့ကဝိုင်းဝန်းထောက်ပံ့ကြမည်ဖြစ်သည်။ ရှောင်ယုချမှတ်ပေးခဲ့သော မူဝါဒများသည် သူတို့၏အနာဂတ်အတွက်သာမက သူတို့သားသမီးများ၏အနာဂတ်ကိုပါ ဖြောင့်ဖြူးသာယာအောင်လုပ်ဆောင်ပေးနိုင်၍ ထိုမျှော်လင့်ချက်ကို ပျောက်ကွယ်မသွားစေရန်အတွက် သူတို့သည်တတ်နိုင်သမျှအားထုတ်ကြိုးပမ်းကြမည်ဖြစ်သည်။

ရှောင်ယုသည် သူပြန်ရောက်လာပြီးနောက်တွင် ခြင်္သေ့နယ်မြေ၌ဖြစ်ပျက်ခဲ့သော မကြာသေးမှီကဖြစ်ပျက်ခဲ့သော အသေးစိတ်အချက်အလက်များအားလုံးကို မေးမြန်းခဲ့သည်။ ထို့နောက် မှင်စာများကိုအခြေချပေးရန် လူများကိုစေလွှတ်ပေးခဲ့သည်။ ထိုသို့ပြုလုပ်ပြီးနောက်တွင် နယ်မြေ၏စီမံခန့်ခွဲရေးမှူးများကိုဆင့်ခေါ်ကာ အစည်းအဝေးကျင်းပခဲ့သည်။ထိုအစည်းအဝေး၌ ကနေဒီမိသားစုသည် ခြင်္သေ့နယ်မြေအားတိုက်ခိုက်လိမ့်မည်ဟု ရှောင်ယုကပြောခဲ့သည်။

ထိုသတင်းကိုကြားကြားချင်း လူတိုင်းတိတ်ဆိတ်ငြိမ်သက်သွားကြသည်။

သူတို့အားလုံးသည် ကနေဒီမိသားစုအကြောင်းကိုကြားဖူးပေသည်။ အိမ်တော်ထိန်းဟောင်သည် အခြားသူများထက်ပို၍ ကနေဒီမိသားစုအပေါ် နက်ရှိင်းသောနားလည်မှုရှိသည်။

အိမ်တော်ထိန်းဟောင်သည် သက်ပြင်းချလိုက်ကာ မတ်တပ်ရပ်လိုက်သည်။

" ငါကသခင်ကြီးသေဆုံးချိန်ကနေ ယခုသခင်လေးနောက်ကိုလိုက်ပါတဲ့အထိ နှစ်ပေါင်းများစွာအမှူထမ်းခဲ့ပြီးပြီ ... ငါ့မှာအခြားသွားစရာနေရာလည်းမရှိတော့ဘူး ... ကနေဒီမိသားစုဖြစ်ဖြစ် ဘာဖြစ်ဖြစ်ငါဂရုမစိုက်တော့ဘူး ... ခြင်္သေ့နယ်မြေကငါ့ရဲ့အိမ်ဖြစ်ပြီးတော့ ငါခေါင်းချသွားမယ့်နေရာလည်းဖြစ်တယ် "

ကပ္ပတိန်ဟွေ့ကလည်း မတ်တပ်ထရပ်လိုက်သည်။

" ငါကဓားသမားတစ်ယောက်ပါ ... ငါ့ရဲ့ခန္ဓာကိုယ်ကိုသံချပ်ကာနဲ့ကာရံထားတယ် ... ဖြစ်နိုင်ရင်ငါ့ရဲ့အသက်ကိုစစ်မြေပြင်ပေါ်မှာပဲ ကုန်ဆုံးသွားစေချင်တယ် "

မူလီကလည်း ဝင်ရောက်ပြောဆိုလိုက်သည်။

" ငါငယ်ငယ်ကတည်းက ငါ့ရဲ့အကြီးမားဆုံးဆန္ဒဟာ စွမ်းအားကြီးမားတဲ့ရန်သူတွေကို တိုက်ခိုက်ဖို့ဘဲ ... ဝေပြည်နယ်ကလုံလောက်တဲ့စွမ်းအားမရှိလို့ ငါရဲ့ဆန္ဒကိုမဖြည့်ဆည်းပေးနိုင်ခဲ့ဘူး ... ခုတော့အခွင့်အရေးကငါ့လက်ထဲရောက်လာပြီ ... ငါကလက်လွတ်ခံမှာမဟုတ်ဘူး ... လာကြစမ်းပါ ငါ့ရဲ့တစ်ကိုယ်လုံးမှာသွေးတစ်စက်မှ မကျန်တော့ရင်တောင်မှ ငါတိုက်ပွဲဝင်နေမှာပဲ "

ရှောင်ယုသည် ဤကိစ္စနှင့်ပတ်သက်၍ လူတိုင်း၏သဘောထားကိုကြားလိုက်ရသောအချိန်တွင် အလွန်ကျေနပ်အားရသွားခဲ့သည်။

" မင်းတို့တွေက အရှုံးသမားတွေလိုပြောဆိုနေကြတာပဲ ... ဟားဟား ... သူတို့သာရောက်လာခဲ့ရင် သူတို့ရဲ့တပ်သားအလောင်းတွေကိုပဲကောက်ခိုင်းလိုက်မယ် ... သူတို့ကအရမ်းသန်မာတယ်ဆိုပေမဲ့ ငါတို့ကလည်းအစွမ်းအကုန်လုံးထုတ်မပြရသေးပါဘူး ... သူတို့ကငါတို့ကိုတိုက်ခိုက်ဖို့ရောက်လာမှတော့ ပြန်သွားဖို့စိတ်ကူးနေစရာမလိုတော့ဘူး ... သူတို့အားလုံးသေရလိမ့်မယ်"

ထို့နောက်ရှောင်ယုသည် အစည်းအဝေးအတွင်းရှိလူများကို လက်ဆောင်အမျိုးမျိုးပေးအပ်လိုက်ပြီးနောက် မြို့ပြင်ဘက်ရှိအခြေစိုက်စခန်းများထံ ထွက်ခွာလာခဲ့သည်။ သူသည် စစ်ပွဲအတွက်တပ်သားအသစ်များနှင့် သူရဲကောင်းအသစ်များကို ခေါ်ယူရမည်ဖြစ်သည်။

အခန်း ၂၈၄ - တပ်သားသစ်များနှင့်မျှော်လင့်ချက်အသစ်များ

ရှောင်ယုသည် အခြားမည်သည့်အရာမှမလုပ်ဆောင်မှီ ကဲလ်သက်အားအရင်ဆုံးဆင့်ခေါ်ခဲ့သည်။

ယခုအခါတွင် အန်တိုနီဒက်စ်နှက့်ပူးပေါင်းဆောင်ရွက်ရန်အတွက် အစွမ်းထက်သောမှော်ဆရာများကိုလိုအပ်နေခဲ့သည်။ ကဲလ်သက်သည် စစ်မြေပြင်၌ ရန်သူများ၏စိတ်ဓာတ်ကိုဖြိုခွင်းရန်အတွက် ရက်စက်ကြမ်းကြုတ်ကာ ထိရောက်သောမီးမှော်ပညာကိုအသုံးပြုနိုင်သည်။ မီးဓာတ်မှော်သည် ဖျက်ဆီးခြင်းနှင့်ကြမ်းတမ်းခြင်းအားကိုယ်စားပြုသလို ရေခဲမှော်ပညာသည်လည်း ရန်သူများ၏လှုပ်ရှားမှုများအားချုပ်နှောင်ရန် ပိုမ်ိုအသုံးဝင်ပေသည်။

နာရီဝက်ခန့်အကြာတွင် အနီရောင်မုန်တိုင်းတစ်ခုသည် ယဇ်ပလ္လင်ပေါ်၌ ထွန်းတောက်လာခဲ့သည်။ ထို့နောက် အနီရောင်ဝတ်ရုံဝတ် ခန့်ညားသောအမျိုးသားတစ်ယောက်သည် ယဇ်ပလ္လင်ပေါ်မှခုန်ဆင်းလာကာ ရှောင်ယုအားဒူးထောက်ဦးညွတ်လိုက်သည်။ ထိုသွေးနတ်သူငယ်၏ပတ်လည်တွင် မီးလုံး၄လုံးကဝိုင်းရံထားလျက်ရှိသည်။ သူ၏မျက်နှာပေါ်ရှိထူးဆန်းသောအပြုံးက သူ့အားနတ်ဆိုးဆန်စေသော်လည်း သွေးနတ်သူငယ်တစ်ယောက်အတွက် သူ့အားပိုမိုဆွဲဆောင်မှုတိုးစေခဲ့သည်။

" ကဲလ်သက်က သခင့်ကိုနှုတ်ဆက်ပါတယ် "

ကဲလ်သက်သည် ရှောင်ယုထက်ခေါင်းတစ်လုံးပိုမြင့်ပေသည်။ထို့ကြောင့် ကဲလ်သည်သည် ရှောင်ယုအားဦးညွတ်နေသော်လည်း သူ၏ခေါင်းကရှောင်ယု၏မျက်နှာနှင့် တစ်တန်းတည်းဖြစ်နေခဲ့သည်။ ရှောင်ယုသည် သူ့ရှေ့ရှိသွေးနတ်သူငယ်အား အနီရောင်မီးလျှံမျှော်စင်တစ်ခုနှင့်ပင် အထင်မှားသွားခဲ့သည်။

" ငါ့ဆီမှာလူကောင်းတွေ ရှားပါးနေတယ် ... မင်းကအလုပ်ကောင်းကောင်းလုပ်လိမ့်မယ်လို့ ငါမျှော်လင့်တယ်"

ရှောင်ယုသည် လက်နှစ်ဖက်ကိုနောက်သို့ပို့လိုက်ပြီး လူကြီးလူကောင်းတစ်ယောက်လို ပြုမူလိုက်သည်။

" ဒီလက်အောက်ငယ်သားက သခင့်အပေါ်ဒုက္ခပေးသူတွေကို ဖယ်ရှားဖို့အရာအားလုံးလုပ်ဆောင်မှာပါ ... "

ကဲလ်သက်ကပြုံးရင်းပြောလိုက်သည်။

ရှောင်ယုကခေါင်းညိတ်ပြလိုက်သည်။

" ကောင်းပြီ ... ငါကမင်းနဲ့မျိုးနွယ်တူသွေးနတ်သူငယ်တစ်ယောက်ကိုခေါ်ယူထားခဲ့တယ် ... မင်းလည်းသူနဲ့တွေ့ရမယ် ... လောလောဆယ်မင်းရဲ့ကျွမ်းကျင်မှုတွေကိုစစ်ဆေးလိုက်ရအောင် "

လက်ရှိအချိန်၌ ကဲလ်သက်သင်ယူနိုင်သည့် ကျွမ်းကျင်မှု၄ခုရှိပေသည်။၎င်းတို့မှာ

မီးလုံး (အဆင့်၃ထိမြင့်တင်နိုင်သည်)

- သွေးမှော်ပညာရှင်သည် ရန်သူအားတိုက်ခိုက်ရန် မီးလုံးကိုပစ်လွှတ်နိုင်ပြီး ရန်သူအားထိမှန်ချိန်၌ မီးလုံးသည်ပေါက်ကွဲမှာဖြစ်သည်။

မီးလျှံဟပ်ခြင်း (အဆင့်၃ထိမြင့်တင်နိုင်သည်)

- သွေးမှော်ပညာရှင်သည် ရန်သူများကိုကြီးမားသည့်ပျက်စီးမှုဖြစ်ပေါ်စေရန်အတွက် မီးလျှံလှိုင်းတစ်ခုအား ထုတ်လွှတ်ဖုံးအုပ်မှာဖြစ်သည်။

ဖီးနစ်အသွင်ပြောင်း (အဆင့်၃ထိမြင့်တင်နိုင်သည်)

- သွေးမှော်ပညာရှင်သည် ဖီးနစ်အဖြစ်အသွင်ပြောင်းကာ ရန်သူအုပ်စုများကို ပျက်စီးစေမည်ဖြစ်သည်။

မီးလျှံမိုး (အဆင့်၃ထိမြင့်တင်နိုင်သည်)

- သွေးမှော်ပညာရှင်သည် ရန်သူအားသတ်ဖြတ်ရန် ကောင်းကင်ယံမှမီးမိုးရွာသွန်းပေးမှာဖြစ်သည်။

" ကောင်းလ်ိုက်တဲ့ကျွမ်းကျင်မှုတွေ ... ငါတို့ကလောလောဆယ်မီးလုံးကိုသင်ယူစရာမလိုသေးဘူး ... စစ်မြေပြင်မှာမင်းအလွယ်တကူအဆင့်တက်နိုင်အောင်လို့ မီးလျှံမိုးကိုပဲအရင်ဆုံးသင်ယူလိုက်ရအောင် ... "

ရှောင်ယုသည် ကဲလ်သက်အားမီးလျှံမိုးကို သင်ယူစေခဲ့ပြီးနောက် ထိုကျွမ်းကျင်မှု၏အစွမ်းကို ဘေး၌ရပ်ကြည့်ကာစစ်ဆေးခဲ့သည်။

ထို့နောက် အခြားတပ်သားအသစ်များကို ဆင့်ခေါ်ရန်အချိန်ရောက်ပြီဖြစ်သည်။ ရှောင်ယုသည် အနောက်တိမ်တိုက်အင်ပါယာ၌ ပါထျန်းမင်အားအနိုင်ယူပြီးနောက် လုံလောက်သောကမ္မကုသိုလ်မှတ်များအား စုဆောင်းနိုင်ခဲ့သည်။ သို့ဖြစ်ရာ ယခုအချိန်၌သူသည် တပ်သားမျိုးစုံနှင့်လက်နက်မျိုးစုံအားရွေးချယ်ဝယ်ယူနိုင်ပြီဖြစ်သည်။ ပထမဦးစွာသူသည် ဝက်ဝံစစ်သည်များကိုဆင့်ခေါ်ရန်ရွေးချယ်ခဲ့သည်။ ၎င်းတို့သည် စစ်မြေပြင်၌ဝက်ဝံအဖြစ်အသွင်ပြောင်းကာ ရန်သူများကိုတိုက်ခိုက်ရာ၌ အလွန်အသုံးဝင်ပေသည်။

သူသည် မှော်ကဝေတစ်ဦးအား ရန်သူအဖြစ်သို့ပြောင်းလဲစေကာ ဝက်ဝံစစ်သည်အား ဝက်ဝံအဖြစ်သို့အသွင်ပြောင်းခိုင်းပြီး ထိုသိုးကိုသတ်ဖြတ်ခိုင်းမည်ဖြစ်သည်။ ထိုအရာသည် အလွန်ပင်ရယ်စရာကောင်းမည်ဖြစ်သည်။ သူ့ထံတွင် စစ်မြေပြင်၌အမိန့်ပေးနိုင်သောတပ်မှူးများ နည်းပါးနေသည့်အတွက် ရှောင်ယုသည် နည်းစနစ်နှင့်ဗျူဟာလိုအပ်ချက်ကိုဖြည့်ဆည်းရန် မတူညီသောတပ်သားအသီးသီးကို အသုံးပြုရန်စီစဉ်နေခဲ့သည်။ သူဆင့်ခေါ်ထားသည့်စစ်သည်များသည် စစ်မြေပြင်၌သူတို့ထက်ခွန်အားပိုကြီးသောစစ်သားများကို အနိုင်မယူနိုင်ကြောင်းသိထားပေသည်။ သို့သော်သူတို့အား မှန်ကန်သောနည်းလမ်းဖြင့်အသုံးပြုမည်ဆိုပါက သူတို့ထက်ပိုမိုအစွမ်းထက်သောစစ်သည်များကို သတ်ဖြတ်နိုင်မည်ဖြစ်သည်။ ထို့ပြင် ရှောင်ယုထံ၌သန်မာအားကောင်းသည့် စစ်သည်များရှားပါးနေခဲ့ပြီး သာမန်စစ်သားများကိုသာပိုင်ဆိုင်ပေသည်။

ထို့နောက်သူသည် ဂရစ်ဖင်များနှင့် နဂါးသိမ်းငှက်များ ၊ အခြားယူနစ်များကို ဆင့်ခေါ်ရန်စီစဉ်ခဲ့သည်။ သူ့ထံတွင်နေရာလွတ်၄၀၀၀ရှိနေပြီဖြစ်သော်လည်း ရှောင်ယုသည်မလုံလောက်သေးဟုပင်ခံစားမိပေသည်။

" မန္တန်ဖြိုခွဲသူ၁၀၀ ၊ မှော်ကဝေ ၁၀၀ ၊ ဘုန်းကြီး ၁၀၀ ၊ ဂရစ်ဖင်၁၀၀ နဲ့ နဂါးသိမ်းငှက်၁၀၀ကိုဆင့်ခေါ်ပါ "

ရှောင်ယုသည် ထိုတပ်သားများအားအစုလိုက်အပြုံလိုက်မခေါ်ယူမှီ ဦးစွာစစ်ဆေးသွားမည်ဖြစ်သည်။မည်သို့ပင်ဆိုစေ ဤတပ်သားများသည် သူဂိမ်းထဲ၌မြင်တွေ့ခဲ့သည်နှင့် အနည်းငယ်ကွဲပြားပေသည်။ ထို့ကြောင့်ရှောင်ယုသည် သူတို့၏အစွမ်းများကို ဦးစွာစစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။

ရှောင်ယုသည် ထိုစစ်သားများအားလုံးက်ိုဆင့်ခေါ်ရန် အချိန်တစ်ရက်စောင့်ဆိုင်းရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည်ဝက်ဝံစစ်သည်များကိုဆင့်ခေါ်ရန် ညနတ်သူငယ်အခြေစိုက်စခန်းသို့သွားရောက်ခဲ့သည်။

ဝက်ဝံစစ်သည်များသည် ရှောင်ယုအားစိတ်ပျက်သွားစေခြင်းမရှိပေ။ သူတို့အားလုံးသည် သာမန်ကျွမ်းကျင်မှုတစ်ခုလို ဝက်ဝံအဖြစ်လွယ်ကူစွာပြောင်းလဲနိုင်ကြသည်။ ထို့ပြင် သူတို့၏အစွမ်းများသည် ပထမအဆင့်သားရဲများထက် များစွာပိုမ်ိုအားကောင်းပေသည်။ သူတို့သာအဆင့်၁၀သို့ရောက်သွားပါက မည်မျှထိအစွမ်းထက်လာမည်ကို ရှောင်ယုကိုယ်တိုင်ပင်စိတ်ကူးမကြည့်နိုင်ပေ။ အစောပိုင်းတွင် ဝက်ဝံစစ်သည်များသည် စစ်မြေပြင်၌ အောစ့်စစ်သည်များကဲ့သို့ လိုက်လျောညီထွေမဖြစ်နိုင်ဟု ရှောင်ယုကယုံကြည်ထားခဲ့သည်။

ယခုမူ သူထိုသို့ယုံကြည်မိခြင်းသည် အမှားတစ်ခုဖြစ်ကြောင်း ရှောင်ယုနားလည်သွားခဲ့သည်။ စစ်သားအမျိုးအစားတစ်ခုချင်းစီတိုင်းတွင် သူတို့အားမှန်ကန်စွာအသုံးပြုနိုင်ပါက အလွန်အစွမ်းထက်မယ့်ကိုယ်ပိုင်အစွမ်းများရှိပေသည်။ ရှောင်ယုသည် စုန်းမများကိုပင်ဆင့်ခေါ်လိုသော်လည်း ကံမကောင်းစွာဖြင့်သူတို့အားခေါ်ယူရန် ကမ္မကုသိုလ်မှတ်များ မလုံလောက်ခဲ့ပေ။

ဝက်ဝံစစ်သည်များ၏ ကျွမ်းကျင်မှုများမှာ

အဆင့် ၃ - ပြန်လည်နုပျိုခြင်း

- ဝက်ဝံစစ်သည်သည် မိမိတို့တပ်သားများကို ကုသပေးနိုင်သည်။

အဆင့် ၆ - ဟိန်းဟောက်ခြင်း

- မိမိတို့တပ်သားများ၏ တိုက်ခိုက်ရေးအင်အားကိုပိုမိုကောင်းမွန်စေကာ ရန်သူများ၏လှုပ်ရှားမှုနှင့် တိုက်ခိုက်မှုအရှိန်အား လျော့ချပေးနိုင်သည်။

အဆင့် ၁၀ - ကြောက်မက်ဖွယ်ဝက်ဝံပုံစံ

- မယုံကြည်နိုင်လောက်အောင် ပြင်းထန်သောတိုက်ခိုက်ရေးနှင့်ခုခံမှုအစွမ်းကို ပိုင်ဆိုင်သည့် ဝက်ဝံအဖြစ်ပြောင်းလဲသွားမည်ဖြစ်သည်။

" ကောင်းတယ် ... အရမ်းကောင်းတယ် ဟားဟား "

ရှောင်ယုသည် ဝက်ဝံစစ်သည်များ၏ကျွမ်းကျင်မှုများက မထင်မှတ်ထားလောက်အောင် အစွမ်းထက်နေသည်ကိုမြင်ရ၍ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သို့သော်လည်း ဝက်ဝံစစ်သည်တစ်ယောက်စီသည် စစ်သား၂ယောက်စာနှင့်ညီမျှနေသည်။ မည်သို့ပင်ဆိုစေ ရှောင်ယုသည်ဝက်ဝံစစ်သည်၂၀၀အား ဆင့်ခေါ်ရန်တုံ့ဆိုင်းမနေခဲ့ပေ။

တစ်ချိန်တည်းမှာပင်သူသည် မှော်ကဝေများနှင့် ဂရစ်ဖင်တို့၏ကျွမ်းကျင်မှုများကို စစ်ဆေးခဲ့သည်။

မှော်ကဝေတစ်ယောက်သည်လည်း စစ်သား၂ယောက်နှင့်ညီမျှသော်လည်း သူတို့သည်မှော်ဆရာများဖြစ်၍ ရှောင်ယုမအံ့သြပေ။ ရှောင်ယုထံတွင် မှော်ဆရာများမရှိသော်လည်း နတ်ဆရာများသည် မှော်ဆရာများအဖြစ်သတ်မှတ်နိုင်သည်။ သူတို့၏တိုက်ခိုက်မှုများသည် အကွာအဝေးများစွာထိ မရောက်ရှိနိုင်သော်လည်း အစွမ်းအမျိုးမျိုးကိုထုတ်သုံးနိုင်သည်။ သူတို့သည်စစ်မြေပြင်၌ ဝက်ဝံစစ်သည်များအား ကောင်းစွာထောက်ပံ့ပေးနိုင်သည်။

မှော်ကဝေများ၏ သာမန်တိုက်ခိုက်မှုများသည် မီးတောက်များဖြင့်တိုက်ခိုက်ခြင်းဖြစ်သည်။၎င်း၏တိုက်ခိုက်မှုစွမ်းအားသည် မကြီးမားသော်လည်း ၎င်း၏တိုက်ခိုက်မှုကြိမ်နှုန်းနှင့်အရှိန်သည် အလွန်မြန်ဆန်ပေသည်။ သာမန်စစ်သားတစ်ယောက်သည် မှော်ကဝေများထံမရောက်ရှိမှီ မီးတောက်များ၏တိုက်ခိုက်မှုကြောင့် ပြာမှုန်များအဖြစ်ပြောင်းလဲသွားမည်ဖြစ်သည်။

မှော်ကဝေများသင်ယူနိုင်သည့် ကျွမ်းကျင်မှုအစွမ်းများမှာ

အဆင့် ၃ - နှေးကွေးစေခြင်း

- မှော်ကဝေသည် ရန်သူများကို မီးတောက်မှော်ဖြင့်တိုက်ခိုက်လိုက်မည်ဖြစ်သည်။ထိုမီးတောက်ဖြင့်ထိတွေ့ခံရသည့်ရန်သူများသည် နှေးကွေးမှုဒဏ်အားခံစားရမည်ဖြစ်သည်။

အဆင့် ၆ - ကိုယ်ယောင်ဖျောက်ခြင်း

- မှော်ကဝေသည် တပ်သားများကို ကိုယ်ယောင်ဖျောက်ပေးလိုက်မည်ဖြစ်သည်။သို့သော်လည်း မိမိတို့တပ်သားများက ကူညီပေးခြင်း ရန်သူအားတိုက်ခိုက်ခြင်းတို့ပြုလုပ်ချိန်၌ ပြန်လည်ထွက်ပေါ်လာမည်ဖြစ်သည်။

အဆင့် ၁၀ - အသွင်ပြောင်းပေးခြင်း

- မှော်ကဝေသည် ရန်သူတပ်သားကိုသိုးအဖြစ်သို့ပြောင်းလဲပေးနိုင်သည်။လေကြောင်းရန်သူဆိုပါက ပျံသန်းနေသောသိုးအဖြစ်သို့ပြောင်းလဲသွားမည်ဖြစ်သည်။ ဤမှော်၏အကျိုးသက်ရောက်မှုသည် ရန်သူ၏စွမ်းအားအပေါ်မူတည်ပေသည်။

ဂရစ်ဖင်များ၏ အခြေခံတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ထွေထွေထူးထူးပြောနေစရာမလိုပေ။ ဂရစ်ဖင်းကိုစီးနင်းသူများမှာ လူပုလေးများဖြစ်ကြသည်။သူတို့အားလုံးသည် ကြမ်းကြုတ်ပြီး တူများကိုလက်နက်အဖြစ်အသုံးပြူကြသည်။ မူလဂရစ်ဖင်းများသည်ပင် ရက်စက်ကြမ်းကြုတ်သောသားရဲများဖြစ်ကြပြီး သူတို့၏ခြေသည်းများက ရန်သူများ၏ကိုယ်အင်္ဂါကိုဆွဲထုတ်ပစ်နိုင်သည်။ ဂရစ်ဖင်းစီးနင်းသူများသည် မုန်တိုင်းတူဟုခေါ်သည့် ကျွမ်းကျင်မှုတစ်ခုကိုသာအသုံးပြုနိုင်သည်။ သို့သော်ထိုကျွမ်းကျင်မှုသည် ၃ကြိမ်အဆင့်မြင့်နိုင်သည်။

၎င်းတို့သည် အဆင့်၃သို့ရောက်ရှိချိန်၌ တူကို၃ကြိမ်ပစ်ခတ်နိုင်ကာ အဆင့်၆၌ ၆ကြိမ် ၊ အဆင့်၁၀၌ ၁၀ကြိမ်ပစ်လွှတ်နိုင်သည်။ ရှောင်ယု၏အမြင်တွင် ဂရစ်ဖင်းစီးနင်းသူများ၏ကျွမ်းကျင်မှုသည် အခြားတပ်သားများနှင့်ယှဉ်ပါက နည်းပါးသော်လည်း ထိုကျွမ်းကျင်မှုတစ်ခုတည်းက အခြားအရာများထက်စွမ်းအားကြီးကြောင်း သိရှိထားရပေမည်။

ဂရစ်ဖင်းစီးနင်းသူများကို ရန်သူအားတိုက်ခိုက်ရန်အတွက် အဖွဲ့ငယ်လေးများအဖြစ် ခွဲထုတ်စေလွှတ်နိုင်သည်။ အဓိကအချက်မှာ ရန်သူများထံတွင်လေကြောင်းခုခံရေးတပ်ဖွဲ့များရှိမနေသည့်အတွက် ဂရစ်ဖင်းစီးနင်းသူများအဆင့်၁၀သို့ရောက်ရှိချိန်တွင် မည်သို့ဖြစ်လာမည်ကိုရှောင်ယုတွေးကြည့်မိခဲ့သည်။ ထိုအချိန်တွင်သူသည် ရန်သူအားရှင်းလင်းရန်အတွက် ဂရစ်ဖင်းစီးနင်းသူ ၅၀၀နှင့်နဂါးသိမ်းငှက်စီးနင်းသူ၅၀၀ကိုစေလွှတ်လိုက်ရုံသာဖြစ်သည်။

အကယ်၍ လင်းနို့စီးနင်းသူများသည် ဗုံးကြဲလေယာဉ်များဆိုပါက ဂရစ်ဖင်းစီးနင်းသူများသည် တိုက်လေယာဉ်များဖြစ်ကြသည်။

အခန်း ၂၈၅ - အသစ်စက်စက်အမျိုးအစား

မန္တန်ဖြိုခွဲသူများသည် ဂိမ်းထဲ၌သူသိထားသည်နှင့်များစွာမကွာလှကြောင်း ရှောင်ယုတွေ့မြင်ရသည်။

သူတို့သည် မှော်ဆရာများ၏မှော်မန္တန်များကို အနီးကပ်ခိုးယူကာ ထိန်းချုပ်နိင်ပြီးထိုမှော်မန္တန်အား ပြန်လည်အသုံးပြုနိုင်သည်။ သို့သော်မည်သည့်မှော်ဆရာကမှ မန္တန်ဖြိုခွဲသူများအား သူတို့အနီးသို့ကပ်ခွင့်ပေးမည်မဟုတ်ပေ။ မန္တန်ဖြိုခွဲသူများသည် အနီးကပ်တိုက်ပွဲ၌အစွမ်းမထက်ကြပေ။ ရန်သူမှော်ဆရာများသည်လည်း သူတို့၏စောင့်ရှောက်သူများမပါဘဲ တိုက်ခိုက်ကြမည်မဟုတ်ပေ။

ထို့ကြောင့် မန္တန်ဖြိုခွဲသူများသည် တိုက်ပွဲ၌အရေးပါသောအခန်းကဏ္ဍမှ မပါဝင်ကြပေ။ သို့သော်လည်း သူတို့ရင်ဆိုင်ရမည်မှာ ကြီးမားသည့်တိုက်ပွဲကြီးဖြစ်ရာ မမျှော်လင့်ထားသည့်ကိစ္စမျိုးစုံဖြစ်ပျက်သွားနိုင်သည်။ တိုက်ပွဲအတွင်းရှုပ်ထွေးနေသည့်အချိန်တွင် မှော်ကဝေများသည် ရန်သူမှော်ဆရာများအား သိုးအဖြစ်ပြောင်းလဲစေကာ မန္တန်ဖြိုခွဲသူများကိုမှော်ဆရာများအနီးသို့ပို့ဆောင်ပေးနိုင်သည်။ ခြုံငုံသုံးသပ်ရပါက မန္တန်ဖြိုခွဲသူများသည်အသုံးမဝင်သူများမဟုတ်ကြပေ။ သို့သော်လည်း ကျွမ်းကျင်မှုမရှိသောဗိုလ်ချုပ်များက သူတို့ကိုအခြေအနေနှင့်အချိန်အခါကိုလိုက်၍ အသုံးပြုနိင်စွမ်းရှိမှာမဟုတ်ပေ။

ဘုန်းတော်ကြီးများသည် အခြားတပ်သားအသစ်များနှင့်နှိုင်းယှဉ်ပါက ပိုမိုလက်တွေ့ကျပေသည်။ သူတို့သည် တပ်သားများကို ကုသပေးသည့်မှော်ကိုအသုံးပြုပေးနိုင်သည်။ အဆင့်၃သို့ရောက်ရှိချိန်တွင် သူတို့သည်ရန်သူများ၏မှော်အစွမ်းကို ပယ်ဖျက်ပေးမယ့် ပယ်ဖျက်မှော်ကိုအသုံးပြုနိုင်သည်။ အဆင့်၆သို့ရောက်ရှိသွားချိန်တွင် သူတို့သည် အတွင်းမီးတောက်ကိုအသုံးပြုကာ မိမိတို့တပ်သားများ၏ချပ်ဝတ်တန်ဆာများကို ခုခံမှုနှင့်စွမ်းအားအပိုင်း၌ပိုမိုတိုးပွားလာစေသည်။ အဆင့်၁၀သို့ရောက်ရှိပါက တပ်သားအုပ်စုတစ်ခုကိုချက်ချင်းကုသပေးနိုင်သည်။

အတိုချုပ်ပြောရမည်ဆိုပါက ဘုန်းတော်ကြီးများသည် စစ်မြေပြင်၌ ထိခိုက်ကျဆုံးမှုများကို များစွာလျော့ချပေးနိုင်သည်။ စစ်မြေပြင်၌ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် အတွေ့အကြုံကြွယ်ဝသောစစ်မှုထမ်းဟောင်းများရှိကာ သူတို့သာသက်သာလာပါက သူတို့၏စစ်ပွဲအတွေ့အကြုံများကို စစ်မြေပြင်၌ပြန်လည်ချပြနိုင်သည်။

ရှောင်ယုထံတွင် အူသာရှိသော်လည်း အူသာသည်စစ်သားများစွာကို တစ်ချိန်တည်းတွင်မကုသပေးနိုင်ပေ။ သို့သော်လည်း ဘုန်းတော်ကြီးများ၏အကူအညီဖြင့် ဤပြဿနာကိုအနိမ့်ဆုံးဖြစ်အောင် လျော့ချပေးနိုင်မည်ဖြစ်သည်။ ရှောင်ယုတွင် အနာကျက်ဆေးများစွာရှိသော်လည်း ဘုန်းတော်ကြီးများကဲ့သို့ ကုသမှော်သုံးနိုင်သည့်တပ်သားများရှိနေပါက သူထိုအရာများကိုထုတ်မသုံးလိုပေ။ အထူးသဖြင့် ထောင်သောင်းချီသောစစ်တပ်တစ်ခုအား ကုသပေးလိုပါက မြောက်များစွာလိုအပ်မည်ဖြစ်သည်။

နောက်ဆုံးအနေဖြင့် သူဆင့်ခေါ်ထားသည်မှာ နဂါးသိမ်းငှက်များဖြစ်ကြသည်။ ထိုနဂါးသိမ်းငှက်များသည်လည်း ကျွမ်းကျင်မှု၃ခုအားအသုံးပြုနိုင်ပေသည်။

သူတို့သည်အဆင့်၃သို့ရောက်ရှိချိန်တွင် နဂါးသိမ်းငှက်များသည် ရန်သူလေတပ်များကိုဟန့်တားနိုင်သော အခိုးအငွေ့တစ်ခုကိုထုတ်လွှတ်မှာဖြစ်ပြီး ရန်သူလေတပ်၏အမြန်နှုန်းနှင့်ဟန်ချက်ကိုသက်ရောက်မှုရှိစေမှာဖြစ်သည်။ အဆင့်၆တွင်သူတို့သည် ရန်သူလေတပ်များကို မှော်ဆန်ဆန်ချုပ်နှောင်နိုင်မယ့် မှော်ကြိုးများကိုထုတ်လွှတ်နိုင်သည်။ အဆင့်၁၀သို့ရောက်ရှိချိန်တွင် သူတို့သည်မှော်တိမ်ဟုခေါ်သည့်ကျွမ်းကျင်မှုအားသင်ယူနိုင်သည်။ ထိုအချိန်တွင် နဂါးသိမ်းငှက်များသည် ဧရိယာတစ်ခုအားဖုံးအုပ်နိုင်သည့် တိမ်တိုက်များကိုထုတ်လွှတ်မည်ဖြစ်ကာ ရန်သူ၏အမြင်အာရုံကိုအလွန်ထိရောက်စွာလျော့နည်းစေမည်ဖြစ်သည်။

နဂါးသိမ်းငှက်များ၏ကျွမ်းကျင်မှုများကလည်း အလွန်ကောင်းမွန်ပေသည်။ သူတို့၏ကျွမ်းကျင်မှုနှစ်ခုသည် ရန်သူလေကြောင်းတပ်များကို ထိန်းချုပ်နိုင်သည်။ ဤတိုက်ကြီး၌ လေကြောင်းတပ်သားများကိုပိုင်ဆိုင်သည့် အင်အားစုအနည်းငယ်သာရှိသော်လည်း ဤအဖြစ်အပျက်များအပြီးတွင် သူတစ်ယောက်တည်းသာလေတပ်များကို ပိုင်ဆိုင်ထားခြင်းမဖြစ်နိုင်ကြောင်း ရှောင်ယုနားလည်လိုက်သည်။ သို့ဖြစ်ရာ ဤနဂါးသိမ်းငှက်များသည် အနာဂတ်၌ကြီးမားသည့်အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်သည်။ အထူးသဖြင့် မှော်တိမ်တိုက်သည် အထူးကျွမ်းကျင်မှုတစ်ခုဖြစ်သည်။ ဧရိယာတစ်ခုကိုပင်ဖုံးလွှမ်းနိုင်သည့် မှော်တိမ်တိုက်များကြောင့် ရန်သူသည်ထိုဧရိယာအတွင်း၌ လောက်လွဲစင်များနှင့် လှံပစ်စက်များကိုအသုံးပြုရန်မဖြစ်နိုင်ပေ။

ရှောင်ယုသည် သူဆင့်ခေါ်ထားသောတပ်သားသစ်များ၏ ကျွမ်းကျင်မှုများကို နောက်တစ်ကြိမ်စစ်ဆေးလိုက်ကာ အလွန်ကျေနပ်နေခဲ့သည်။ အကယ်၍သူသာ ဤတပ်သားများအားလုံးကို အစီအစဉ်တကျအသုံးပြုနိုင်ပါက သူသည်အနိုင်ယူ၍မရနိုင်သောတပ်ဖွဲ့ကို အနှေးနဲ့အမြန်ထူထောင်နိုင်မည်ဟု ရှောင်ယုခံစားနေရသည်။

ထို့နောက်ရှောင်ယုသည် ဂရစ်ဖင်းအကောင်၅၀၀ကို ထုတ်လုပ်ရန်အမိန့်ပေးခဲ့သည်။ သူ့ထံတွင်လေကြောင်းတပ်များ အလုံအလောက်ရှိပါက တိုက်ပွဲကိုလွှမ်းမိုးနိုင်မည်ဖြစ်ကြောင်း ရှောင်ယုနားလည်ပေသည်။ ရှောင်ယုသည် နဂါးသိမ်းငှက်အကောင်၃၀၀ကိုလည်းထပ်မံဆင့်ခေါ်ခဲ့သည်။ ထိုနဂါးသိမ်းငှက်များသည် ရန်သူလေကြောင်းတပ်များကိုနှောင့်ယှက်ရာ၌ အဓိကလက်နက်များဖြစ်ကြသည်။ နဂါးသိမ်းငှက်များသည် ရန်သူလေတပ်များကိုချုပ်နှောင်ရန် လေခြေချင်းများကိုအသုံးပြုလိုက်ချိန်တွင် ဂရစ်ဖင်းစီးနင်းသူများက ဝင်ရောက်တိုက်ခိုက်ပါက ရန်သူလေကြောင်းတပ်ကိုအပြီးတိုင်ဖျက်ဆီးနိုင်မည်ဖြစ်သည်။

ရှောင်ယုသည် မန္တန်ဖြိုခွဲသူ၁၀၀ကိုသာဆင့်ခေါ်ခဲ့သည်။ သူတို့်အားနောက်ထပ်မဆင့်ခေါ်မှီ စစ်မြေပြင်၌သူတို့၏အခန်းကဏ္ဍကိုစောင့်ကြည့်ရမည်ဖြစ်သည်။ ရှောင်ယုသည် ဘုန်းတော်ကြီး၄၀၀အားဆင့်ခေါ်ခဲ့သည်။ထိုပမာဏသည် ထောင်နှင့်ချီသောစစ်တပ်တစ်ခုအတွက် မများလှပေ။ ဝက်ဝံစစ်သည်တော်၃၀၀ကို ထပ်မံဆင့်ခေါ်ထားပြီးဖြစ်၍ နောက်ထပ်ဆင့်ခေါ်တော့မည်မဟုတ်ပေ။ ရှောင်ယုသည် ဝက်ဝံစစ်သည်များကိုသာမန်စစ်သည်များအကြား နေရာချထားပေးကာ ရန်သူစစ်သားများကိုရုတ်တရက်တိုက်ခိုက်ရန် စီစဉ်ထားခဲ့သည်။

ရှောင်ယုသည် မှော်ကဝေ၃၀၀ကိုခေါ်ယူရန် ဆုံးဖြတ်ထားခဲ့သည်။ ယခုအချိန်တွင် ဤမှော်ကဝေများအား မှော်အလုပ်သင်များအဖြစ်သတ်မှတ်နိုင်သည်။ မှော်ကဝေ၁၀ယောက်မှ ပူးပေါင်းထုတ်လုပ်လိုက်သော မီးမှော်ပညာသည် သေးငယ်သောဧရိယာတစ်ခုကိုပင်ဖုံးလွှမ်းသွားနိုင်သည်။ သို့သော်လည်း ရှောင်ယုသည်သူတို့အားအလွန်အကျွံဆင်ခေါ်မည်မဟုတ်ပေ။

အကယ်၍သူသာမှော်ကဝေများကို အမြောက်အများဆင့်ခေါ်မိပါကသူတို့သည် ရန်သူစစ်တပ်၏ပစ်မှတ်ဖြစ်လာနိုင်သည်။ သူသည် မှော်ကဝေများကိုလည်း ဆယ်ယောက်တစ်ဖွဲ့ခွဲကာ တပ်သားများနှင့်ရောနှောရန်စီစဉ်ထားသည်။ ထိုမှော်ကဝေများကို ဝက်ဝံစစ်သည်များသို့မဟုတ် ခြေလျင်တပ်သားများက ဘေးတစ်ဖက်တစ်ချက်စီမှကာကွယ်ပေးသွားရမည်ဖြစ်သည်။

ထို့နောက် ရှောင်ယုသည် ခြေလျင်တပ်သား၃၀၀ကိုဆင့်ခေါ်ခဲ့သည်။ အတိတ်တွင်သူသည် အောစ့်စစ်သည်များအား ခြေလျင်တပ်သားများထက်ပိုမိုအကြိုက်တွေ့ခဲ့သော်လည်း တိုက်ပွဲများစွာဖြတ်ကျော်အပြီးတွင် ခြေလျင်တပ်သားများ၏အခန်းကဏ္ဍသည် အောစ့်များထက်အားမနည်းကြောင်း သိမြင်လာခဲ့သည်။ သူ့ထံတွင်ခုခံရေးအပိုင်း၌အားနည်းချက်ရှိသော ကာကွယ်ပေးရန်လိုအပ်သည့် တပ်သားများရှိနေပေသည်။ ခြေလျင်တပ်သား၃၀၀နှင့်မှော်ကဝေ၃၀၀တို့၏အပေါင်းအစပ်သည် အောစ့်၆၀၀ထက်ပို၍ ဖျက်ဆီးနိုင်စွမ်းရှိသည်။ ထို့ပြင်သူသည် အန်ကာဂန်တောင်တန်းများမှနေ၍ အောစ့်များစွာကိုရရှိခဲ့သည်ဖြစ်ရာ လက်ရှိအချိန်၌ နောက်ထပ်အောစ့်များအားထပ်မံဆင့်ခေါ်နေစရာမလိုခဲ့ပေ။

ရှောင်ယုသည် ရိုင်ဖယ်တပ်သား၂၀၀ကိုထပ်မံခေါ်ယူခဲ့သည်။ လူသားအခြစိုက်စခန်းအား အဆင့်၂သို့မြင့်တက်ပြီးနောက် ပန်းပဲဖိုကလည်း အဆင့်တက်လာခဲ့သည်။ ထို့ကြောင့်ပန်းပဲဖိုမှ ထုတ်လုပ်လိုက်သည့်လက်နက်များနှင့်ချပ်ဝတ်များသည် ပိုမိုကောင်းမွန်လာပြီဖြစ်သည်။ အဆင့်မြင့်တင်ထားသည့်ရိုင်ဖယ်များကြောင့် ရိုင်ဖယ်တပ်သားများ၏အစွမ်းသည် ပိုမိုတိုးမြင့်လာမည်ဖြစ်သည်။

ရှောင်ယုသည် မြင်းတပ်သား၃၀၀ကိုဆင့်ခေါ်ခဲ့ကာ စုစုပေါင်းအမာခံမြင်းတပ်သား၁၀၀၀ပါသည့် မြင်းတပ်တစ်ခုကိုဖွဲ့စည်းနိုင်ခဲ့သည်။ သူတို့သည် စစ်မြေပြင်၌ရှောင်ယုလွတ်လွတ်လပ်လပ် အမိန့်ပေးနိုင်သည့် တစ်ခုတည်းသောအမြန်နှုန်းရွေ့လျားတပ်ဖွဲ့ဖြစ်သည်။

အဆုံးသတ်၌ သူသည်ဖယ်ရီနဂါးအကောင်၁၀၀ကို ခေါ်ယူခဲ့သည်။ ယခုလိုအခြေအနေမျိုး၌ စစ်ပွဲတစ်ခုအားအသေအပျောက်မရှိဘဲ ဖြတ်ကျော်ရန်မဖြစ်နိုင်ကြောင်း ရှောင်ယုနားလည်ခဲ့သည်။ရံဖန်ရံခါတွင် သူသည်အချို့ပြောင်းလဲမှုများလုပ်ဆောင်ရန် အသေခံတိုက်ခိုက်မှုအချို့ပြုလုပ်ဖို့လိုအပ်ခဲ့သည်။ သူသည် ဆင့်ခေါ်တပ်သားများသေဆုံးမည်ကို မမြင်တွေ့လိုသော်လည်း စွန့်စားမှုအချို့ပြုလုပ်ရမည်ဖြစ်သည်။

ဖယ်ရီနဂါးများတွင် ကြီးမားသောတိုက်ခိုက်ရေးစွမ်းအားမရှိပေ။ သို့သော်လည်း သူတို့၏အဆုံးစွန်တိုက်ခိုက်မှုက ရန်သူ့မှော်ဆရာများကိုသတ်ဖြတ်နိုင်ပေသည်။ သူသည် မှော်ကဝေအား ဖယ်ရီနဂါးများကိုကိုယ်ဖျောက်ခိုင်းလိုက်ကာ မန္တန်ဖြိုခွဲသူများအား မှော်ဆရာများကိုမန္တန်မရွတ်ဆိုနိုင်အောင် ခေတ္တတားဆီးခိုင်းမှာဖြစ်သည်။ ထိုအချိန်တွင် ဖယ်ရီနဂါးများသည် အသေခံတိုက်ခိုက်မှုပြုလုပ်ကာ မှော်ဆရာများကိုရှင်းလင်းပစ်မည်ဖြစ်သည်။

မှော်ဆရာများသည် အလွန်အစွမ်းထက်ပြီး မည်သည့်စစ်တပ်အတွက်မဆိုရှားပါးပေသည်။ ထို့ကြောင့်သူသည် ရန်သူ့မှော်ဆရာများအား ဆုံးရှံးမှုကြီးကြီးမားမားခံစားရအောင်လုပ်ဆောင်နိုင်ပါက ရန်သူစစ်တပ်၏တိုက်ခိုက်ရေးအစွမ်းကို အလွန်လျော့ချပေးနိုင်မှာဖြစ်သည်။

ရှောင်ယုသည် နောက်ဆုံးကျန်ရှိသောနေရာလွတ် ၁၀၀အား နတ်မြင်းပျံများကို ခေါ်ယူဖြည့်တင်းခဲ့သည်။ သူသည် အန်ကာဂန်တောင်တန်းမှသူခေါ်ယူလာသည့် နတ်သူငယ်များအားထိုနတ်မြင်းပျံများကို စီးနင်းခွင့်ပေးမည်ဖြစ်သည်။နတ်မြင်းပျံစီးနင်းသူများသည် အလွန်လျင်မြန်စွာရွေ့လျားပျံသန်းနိုင်ကြသည်။သူတို့သည်စစ်မြေပြင်၏ မည်သည့်အစိတ်အပိုင်းကိုမဆိုသွားရောက်နိုင်ကာ မိမိတို့၏တပ်များကိုစစ်ကူပေးနိုင်ပေသည်။

ရှောင်ယုသည် သူတို့အားပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခိုင်းရန်ပြင်ဆင်နေခဲ့သည်။ ဤနတ်မြင်းပျံများသည် တစ်နေရာတည်း၌ အကြာကြီးရှိနေရန်မလိုအပ်ပေ။ သူတို့သည် မြှားအနည်းငယ်ပစ်ခတ်ပြီးသည်နှင့်အခြားတစ်နေရာသို့ ချက်ချင်းထွက်ခွာရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် နတ်မြင်းပျံများသည်ရန်သူစစ်တပ်၏ အကြီးစားဒူးလေးများပစ်ချခြင်းဒဏ်ကို မခံစားရမှာဖြစ်သည်။

ရှောင်ယုသည် သူအသစ်ဆင့်ခေါ်ထားသည့်တပ်သားအားလုံးကို နေရာချထားရန် ရက်အနည်းငယ်အချိန်ယူခဲ့ရသည်။ထို့နောက်သူသည် ခြင်္သေ့မြို့သို့ပြန်ကာ အလုံးစုံအခြေအနေကိုစစ်ဆေးခဲ့သည်။ ဤစစ်ပွဲသည် သူယခင်ကကြုံတွေ့ဖူးခဲ့သောစစ်ပွဲများနှင့်နှိုင်းယှဉ်ပါက ကွဲပြားသည့်အဆင့်တစ်ခုတွင်ရှိနေခဲ့သည်။ ထို့ကြောင့်သူသည် ဤစစ်ပွဲတွင်အမျိုးမျိုးသော နည်းစနစ်များနှင့်ဗျူဟာများကိုထုတ်ဖော်ရမည်ဖြစ်သည်။

" မင်းတို့တွေဘာလို့တွန့်ဆုတ်နေတာလဲ .... မြန်မြန်လာကြစမ်းပါ .. ငါဆင့်ခေါ်ထားတဲ့တပ်သားသစ်တွေက ဘာလုပ်နိုင်သလဲဆိုတာပြပြီးတော့ မင်းတို့အားလုံးကိုမြုပ်နှံပစ်မယ် "

ရှောင်ယုသည် သူ၏မျက်ခုံးများကိုပင့်ရင်းရေရွတ်လိုက်သည်။

Thank For Reading.

All Chapters