← Chapters

ဖရီးမေဆင် အစည်းအဝေး

Vol. 142 Ch. 2116

ဖရီးမေဆင် အစည်းအဝေး

Vol. 142 Ch. 2116

Lous ကလပ် ၊ စကော့တလန်ပြည်နယ်။

Lous club က ငါးထပ် အဆောက်အဦးကြီး တစ်ခု ဖြစ်သည်။ ၎င်း၏ အရှေ့ဘက် မျက်နှာစာတွင် ကြီးမားသည့် ကျောက်တိုင်လုံကြီးတို့ ရှိပြီး အောက်ဘက်ခြမ်းတွင် ပန်းပုပုံစံ အမျိုးမျိုးကို ထုဆစ်ထားကာ အပေါ်ဘက် ထိပ်ဖျားပိုင်းတွင်တော့ ခေါင်ချွန်းတစ်ခု ရှိသည်။ ဤသည်က ဗြိတိသျှတို့၏ ဗိသုကာ လက်ရာပင်။

ယင်းအဆောက်အဦးကြီးက ဖရီးမေဆင် ဌာနချုပ်များထဲက တစ်ခု ဖြစ်သည်။

အဖွဲ့အစည်းနှင့် ပတ်သက်သည့် အရေးကြီးကိစ္စ တော်တော်များများကို ဤနေရာတွင် ကျင်းပဆွေးနွေးလေ့ရှိ၏။

ထိုအခိုက်အတန့်တွင် အနက်ရောင် မာစီးဒီးကားတစ်စင်းက ဝင်ပေါက်ဝတွင် ရပ်တန့်လာခဲ့ပြီး အီဗန်နှင့် ဟောလစ်တို့ ကားထဲက ထွက်လာခဲ့ကြကာ အဆောက်အဦးတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။

ကလပ်၏ ပထမထပ်နှင့် ဒုတိယထပ်က တစ်ဆက်တည်း ဖြစ်ပြီး ကျယ်ပြန့်သည့် ကွင်းပြင်ဧရိယာကြီး တစ်ခု ဖြစ်ပေါ်နေသည်။ ဘေးတွင်တော့ သစ်သားလှေကားထစ် တစ်ခုဖြင့် ဒုတိယထပ်သို့ ဆက်သွယ်ထားသည်။

နေရာက ကျယ်ဝန်းသော်ငြားလည်း အလင်းရောင်က မှိန်ပျပျမျှသာ လင်းကာ သည်းထိတ်ရင်ဖိုဖွယ်ကောင်းသည့် လေထုအခြေအနေကို ဖန်တီးနေလေသည်။ ဟောခန်းမကြီး အလယ်တွင် ဖရီးမေဆင်၏ သင်္ကေတ ရုပ်ထုကြီး တစ်ခုကို ထုဆစ်ထားသည်။

အချိန်ဖြုန်းခြင်း မပြုပါဘဲ နှစ်ယောက်မှာ ခြေလှမ်းကို အမြန် ခပ်သွက်သွက် လျှောက်လှမ်းကာ လှေကားထစ် အပေါ်ထပ်သို့ တက်လှမ်းသွားခဲ့ပြီး ငါးထပ်မြောက်သို့ ရောက်ရှိလာခဲ့၏။

ဤအလွှာကိုတော့ ဟိုတယ်များ၏ အပြင်အဆင်အတိုင်း မွမ်းမံ ပြင်ဆင်ထားသည်။ အလယ်တွင် အနီရောင် ကော်ဇော စင်္ကြံလျှောက်လှမ်းကြီး တစ်ခု ရှိပြီး ၎င်း၏ ဘေးနှစ်ဖက်ခြမ်းတွင်တော့ ဒါဇင်ချီသည့် အခန်းတို့ရှိ၏။

အခန်းတိုင်းကို သစ်သားများဖြင့်သာ ဆောက်လုပ်ထားပြီး အဆောက်အဦး၏ ဝိသေသန လက္ခဏာကို ရောင်ပြန်ဟပ်နေသည်။ ခေတ်ဟောင်းမြို့ပြ၏ ဆွဲဆောင်မှု အရိပ်အမြွက်တစ်ချို့ကိုလည်း ခံစားရရှိနေခဲ့သည်။

စင်္ကြံလမ်းအဆုံးသို့ ရောက်လာသည်တွင် နှစ်ဦးသားမှာ ခြေလှမ်းများအား ရပ်တန့်လိုက်ကြသည်။ ထို့နောက် အဝတ်အစားများအား သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်ပြီး ကိုယ်ဟန်ကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်လိုက်ကြသည်။

ဒေါက် ဒေါက် ဒေါက် …

အီဗန် စည်းချက်ညီညီ တံခါးခေါက်လိုက်သည်။

အတွင်းမှ လည်ချောင်းသံကြီးနှင့် အိုမင်းသည့် အသံတစ်သံက တုံ့ပြန် အသံပေးလာသည်။

“ ဝင်ခဲ့ …”

အီဗန် တံခါးတွန်းဖွင့်၍ ဟောလစ်နှင့်အတူ အခန်းတွင်းသို့ ဝင်ရောက်လိုက်သည်။

အခန်းက ထင်မှတ်ထားသည်ထက် ပိုသေး၏။ စတုရန်းမီတာ တစ်ရာကျော်မျှသာ ကျယ်ဝန်းသည်။ ပရိဘောက ပစ္စည်းများကလည်း ရှေးဆန်သည့် အငွေ့အသက်တို့အား ထုတ်လွှတ်နေလျက်ရှိကာ တီဗွီတွင် မြင်တွေ့နေကြဖြစ်သည့် အဘိုးကြီး တစ်ယောက်၏ အိမ်ကဲ့သို့ပင်။

အခန်းထဲတွင် လူသုံးယောက် ရှိနေသည်။

နှစ်ယောက်က အသက်သုံးဆယ်အရွယ်များ ဖြစ်ကြပြီး နှစ်ဦးလုံးက လူဖြူများ ဖြစ်ကြသည်။ တစ်ယောက်က ရှည်လျားသည့် ဆံပင်ကို သပ်ရပ်စွာ နောက်သို့ ဖြီးတင်ထား၏။

အခြားတစ်ယောက်က ဆံပင်အတိုနှင့် ဖြစ်ကာ လည်ပင်းတွင် “G O D” ဟူသော စာလုံးကို တက်တူးရေးထိုးထားသည်။ နှစ်ဦးလုံးက စားပွဲရှေ့တွင် လေးစားရိုကျိုးမှုအပြည့်ဖြင့် မတ်တပ်ရပ်နေခဲ့ကြ၏။

စားပွဲအနောက်ဘက်တွင် မုတ်ဆိတ်ကျင်စွယ် အဖြူနှင့် ပါးရေတို့ တွန့်နေပြီး ဖြစ်သည့် သက်ကြီးပိုင်း အမျိုးသား တစ်ဦး ထိုင်နေသည်။ ၎င်း၏ ပိန်ပါးသည့် ခန္ဓာကိုယ်က အရိုးစုအလား ထင်မှတ်ရကာ အချိန်မရွေး ယိုင်လဲသွားတော့မည့် အလားပင်။

ထိုအဘိုးကြီး၏ နာမည်က ကွန်နိုလီ ဖြစ်ပြီး ဖရီးမေဆင်၏ လက်ထောက် ကြီးကြပ်သူပင်။

နိုင်ငံရပ်ခြားရှိ အခြားသော ဖရီးမေဆင် ရုံးချုပ်များတွင် အမိန့်ပေး အုပ်ချုပ်သူတို့ကလည်း တူညီသည့် လက်ထောက်ကြီးကြပ်သူ ရာထူးကို ခံယူထားသော်လည်းပဲ ကွန်နိုလီကဲ့သို့ ဩဇာကြီးမားသူကတော့ ရှားသည်။

ဖရီးမေဆင် အဖွဲ့အစည်းကြီးထဲတွင် လူနှစ်ယောက်ကသာလျှင် ကွန်နိုလီထက် ပိုပြီး ရာထူးကြီး၏။ ၎င်းတို့ကတော့ ဂရန်းမာစတာနှင့် မာစတာပင်။

အဖွဲ့အစည်းကြီး၏ အရေးကိစ္စ တော်တော်များများကို ကွန်နိုလီကိုယ်တိုင် စီမံအုပ်ချုပ်လေ့ရှိသည်။

ကွန်နိုလီအပြင် ဆံပင်အရှည်နှင့် အမျိုးသားက နေသန် ဖြစ်ပြီး အီဗန်နှင့် ရာထူးတူညီသည်။ နှစ်ဦးလုံးက ဖရီးမေဆင်၏ ကွပ်ကဲသူများပင်။

ဆံပင်အတိုနှင့် လူ၏ နာမည်က ဂေလ်ဖြစ်ပြီး တစ်ချိန်က ထူးချွန်ပြောင်မြောက်သည့် ကွပ်ကဲသူတစ်ဦး ဖြစ်ခဲ့ဖူး၏။

“ မာစတာ ကွန်နိုလီ …”

ကွန်နိုလီကို မြင်တွေ့သည်တွင် အီဗန်နှင့် ဟောလစ်တို့ ကိုယ်ကို လေးကိုင်းသဖွယ် ဦးညွှတ်လိုက်ကာ ရိုသေလေးစားမှုအား ပြသလိုက်သည်။

“ ဒီရဲ့ မီးလောင်မှု နှစ်ခုက ဘယ်လိုဖြစ်တာလဲ …”

“ အဲ့တာ ကျုံးဝေ့တပ်ဖွဲ့ လက်ချက်ပါ …” အီဗန် တုံ့ပြန် ဖြေဆိုလိုက်သည်။

“ သူတို့ လန်ဒန်ကနေ ထွက်သွားခဲ့ပြီ မဟုတ်ဘူးလား .. ဘယ်အချိန်တုန်းက ပြန်လာသွားတာ …”

“ အဲ့တစ်ချက်ကိုတော့ ကျုပ်တို့ အခုထိ မသိရသေးပါဘူး ….” အီဗန် ပြောလိုက်ပြီး “ ဒါပေမယ့် မီးရှို့တဲ့ ကိစ္စကတော့ ကျုံးဝေ့တပ်ဖွဲ့ အသင်း ၁ ရဲ့ ခေါင်းဆောင် လင်းရီ လုပ်တာပါ …”

“ လင်းရီ ……” ကွန်နိုလီ ရေရွတ်လိုက်ပြီး သူ၏ လေသံက အထူးတလှယ် အမှုထားနေပုံမပေါ်ချေ။

“ အဲ့နာမည်က ရင်းနှီးနေသလိုပဲ …”

“ သူက ပနားမား ဖြစ်ရပ်မှာတုန်းက ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့လူပါ မာစတာ …”

“ ဪ … သူကိုး ….” အသိအမှတ်ပြုသည့် အရိပ်အမြွက်တစ်ခုက ကွန်နိုလီ၏ မျက်နှာထက်တွင် ဖြတ်ပြေးသွားခဲ့ပြီး “ ပနားမား ဖြစ်ရပ်က တော်တော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားသေးတယ် … အဲ့လို အခြေအနေကနေ ရှင်လျက် လွတ်မြောက်လာတယ်ဆိုတော့ အတော် မခေတဲ့လူပဲ ဖြစ်ရမယ် ….”

မည်သူကမျှ စကားမဆိုကြချေ။

တစ်စိတ်တစ်ပိုင်းက ကွန်နိုလီသည် ဖရီးမေဆင် အဖွဲ့အစည်းကြီးထဲတွင် တတိယ အင်အားအကြီးဆုံး လူပုဂ္ဂိုလ် ဖြစ်နေ၍ ဖြစ်ပြီး ရာထူးဝါစဉ်ကို အလေးအနက်ထားသည့် အဖွဲ့အစည်းထဲ၌ အကြီးအကဲ၏ စကားကို စွက်ဖက်ပြောဆိုဝံ့သည့် သတ္တိ သူတို့ထံတွင် မရှိပေ။

ထို့ပြင် ကွန်နိုလီ ပြောသည်ကလည်း မမှားယွင်းခဲ့ပေ။

“ မာစတာ ကွန်နိုလီ … ကျုပ် လင်းရီ အကြောင်း စုံစမ်းမိသလောက်ဆို သူ ဒီနှစ်ခုနဲ့တင် ရပ်တန့်သွားမှာ မဟုတ်ပါဘူး….” အီဗန် ပြောလိုက်ပြီး “ ကျုပ် လူတွေ ပိုလွှတ်ပြီး သူ့ကို ဖမ်းဆီးဖို့ စီစဉ်ထားပါတယ်…..”

“ မင်းမှာ ယုံကြည်ချက် ရှိလား ….” ကွန်နိုလီ အသံနိမ့်ပြီး မေးလိုက်၏။

အီဗန် ချီတုံချတုံ ဖြစ်သွားခဲ့သည်။ ကွန်နိုလီ၏ မေးခွန်းက သူ၏ အစွမ်းအစအား သွယ်ဝိုက်၍ မေးခွန်းထုတ်နေသည်ဟု ခံစားနေရလေသည်။

အလျင်အမြန်ပဲ အီဗန် တစ်ဖန်ထပ်ပြီး ဦးညွှတ်လိုက်၏။

“ ဒါက ကျုပ် ကျရှုံးမှုရဲ့ တစ်စိတ်တစ်ပိုင်းပါ … ကျုပ် အပြည့်အဝ တာဝန်ယူပြီး သူ့ကို မိအောင် ဖမ်းမယ်လို့ ကျိန်ဆိုပါတယ် ….”

“ စီ အဆင့်‌သွေးရည်ကြည် အပေးအယူကနေ ဝေါ်ကာ သေသွားတဲ့အထိ …. ပြီးတော့ အခု ငါတို့ အဆောက်အဦးတွေ မီးလောင်ပြာကျနေပြီ … ငါ မင်းကို မရေမတွက်နိုင်တဲ့ အခွင့်အရေးတွေ ပေးခဲ့ပြီးပြီ အီဗန် ….”

ကွန်နိုလီ တည်ငြိမ်သည့် လေသံဖြင့် ပြောဆိုလိုက်ပြီး လက်ထဲတွင် ဖောင်တိန်ကို လှည့်လျက် သူ၏ အမူအရာက လူသား ကင်းခြေများထဲမှ Dr.Heiter ကဲ့သို့ ထိတ်လန့်ကြောက်မက်ဖွယ်ရာ ဖြစ်နေခဲ့သည်။

“ မာစတာ ကွန်နိုလီ … ကျေးဇူးပြုပြီး ကျုပ်ကို အခွင့်အရေးလေး နောက်တစ်ကြိမ်ပဲ ပေးပါခင်ဗျ ….”

အီဗန် နက်နက်ရှိုင်းရှိုင်း ဦးညွှတ်၍ ထပ်မံ တောင်းဆိုလိုက်သည်။

“ တော်လောက်ပြီ …” ကွန်နိုလီ လက်ဝှေ့ယမ်းလိုက်ပြီး သူ၏ မျက်နှာက အုံ့မှိုင်းနေကာ “ မင်း ဖရီးမေဆင်ထဲ ရှိနေတာ ဆယ်စုနှစ် တစ်စု ကျော်လာခဲ့ပြီ … ငါတို့ မင်းတစ်ယောက်တည်းချည်း အခွင့်အရေးတွေ ပေးနေလို့ မရဘူး ….”

သူ့စကားဆုံးသည်နှင့် ကွန်နိုလီ၏ အကြည့်က ဂေလ်ထံသို့ ကူးပြောင်းသွားခဲ့ကာ “ ဒါက ကွပ်ကဲသူအနေနဲ့ မင်းရဲ့ နောက်ဆုံးတာဝန်ပဲ …. မင်းကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့မယ်ဆိုရင် လစ်လပ်သွားတဲ့ ဝေါ်ကာရဲ့ နေရာမှာ မင်းကို အစားထိုးမယ် ….”

“ မာစတာ ကွန်နိုလီကို ကျေးဇူးတင်ပါတယ် ….” ဂေလ် စဉ်းလဲသည့် အပြုံးဖြင့် ဦးညွှတ်လိုက်သည်။ “ ကျုပ်ကိုတိုင် သူ့ကို ဖမ်းလာခဲ့ပြီး သူ့အလောင်းကို ကျုံးဝေ့တပ်ဖွဲ့ရဲ့ တံခါးပေါက်ဝ သွားပစ်ထားလိုက်မယ် … ဒါမှပဲ ဖရီးမေဆင်ကို ဆန့်ကျင်တဲ့ အကျိုးဆက်က ဘာဖြစ်မလဲ ဒီကောင်တွေ နားလည်သွားမှာ …”

ကွန်နိုလီ အသိအမှတ်ပြုစွာဖြင့် ခေါင်းညိတ်လိုက်၏။

“ သူက ကျုံးဝေ့တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဆိုရင်တောင် ထွေထူးတွေးပြီး စိတ်ပူမနေနဲ့ … ငါတို့ကြားထဲမှာ ပဋိပက္ခ ကြီးကြီးမားမား ဖြစ်စရာ အကြောင်း မရှိဘူး … သူတို့ ခံရတယ်ဆိုရင်တောင် အသံထွက်ရဲမှာ မဟုတ်ဘူး … သူတို့ အိမ်တံခါးပေါက်ဝမှာ အလောင်းသွားချပေးတာကလည်း ကောင်းတဲ့ အကြံဉာဏ်ပဲ ….”

ဂေလ် ခေါင်းညိတ်လိုက်ပြီး တည်ကြည်သည့်အမူအရာဖြင့် ပြောဆိုလိုက်သည်။

“ သူ့ရဲ့ နောက်ပစ်မှတ်က Berghain ဖြစ်မယ်လို့ ကျွန်တော်တော့ သံသယ ရှိတယ် …. သူက ပဲရစ်နဲ့လည်း နီးတယ် … အဲ့နေရာကို စောင့်ကြည့်ဖို့ ကျွန်တော့်ဘက်က လူလွှတ်ထားပြီးပါပြီ ….”

“ အခုသွားတော့ … ငါတို့ဘက်က အဆောက်အဦး နှစ်ခု ဆုံးရှုံးခဲ့ရပြီးပြီ .. တကယ်လို့ တစ်ခုခု ထပ်ဖြစ်လာခဲ့ရင် ငါတို့ရဲ့ ဂုဏ်သတင်းလည်း ထိခိုက်သွားလိမ့်မယ် …”

“ ဟုတ်ကဲ့ပါ မာစတာ … ကလင် ကလင် ကလင် ….”

ရုတ်ချည်းဆိုသလို ဂေလ်၏ ဖုန်းသံ မြည်ဟည်းလာသည်။

“ မာစတာ ကွန်နိုလီ … Berghain က ကျွန်တော့်လူတွေ ဆက်သွယ်လာတာပါ .. သတင်းထူးရှိတယ်နဲ့တူတယ် …”

“ ကိုင်လိုက် … သူတို့ ဘာပြောလာလဲ နားထောင်ကြတာပေါ့ …”

ဂေလ် ဖုန်းကိုင်လိုက်ပြီး စပီကာကို ဖွင့်လိုက်သည်။

“ မစ္စတာဂေလ် … သတင်းဆိုးပဲ … Berghain မှာ ရှိတဲ့ ဖရီးမေဆင် အဆောက်အဦး မီးလောင်နေပါပြီ ….”

အခန်းမှာ တင်္ဒဂမျှကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ကွန်နိုလီ အပါအဝင် ကျန်သည့် အမျိုးသား သုံးဦးလုံး၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့လေသည်။

လင်းရီ လှုပ်ရှားလာမည်ကို သူတို့ မျှော်လင့်ထားပါသော်လည်း ဤမျှ လျှင်မြန်စွာ လှုပ်ရှားလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

“ ချီးလိုမှပဲ … ငါ မင်းတို့ ဆယ်ယောက်ကို အဲ့ဒီ နေရာ လွှတ်ထားတာလေ … ဒါတောင် မင်းတို့ သူ့တစ်ယောက်ကို မတားနိုင်ကြဘူးလားကွ ….”

“ အနူးအညွှတ်တောင်းပန်ပါတယ် မစ္စတာဂေလ် … ရန်သူက မယုံကြည်နိုင်စရာ ကောင်းလောက်အောင်ကို စကေးကြမ်းလွန်းပါတယ် … ကျွန်တော်တို့အားလုံး သူ့ပြိုင်ဘက်တွေ မဟုတ်ပါဘူး ….”

All Chapters