မျက်နှာဖြတ်ရိုက်ခံရတဲ့ သတင်းက အမြန်ရောက်လာတတ်တယ်
Vol. 142 Ch. 2117
“ အဲ့လိုစကားတွေ ငါ့လာမပြောနဲ့ …” ဂေလ် ဒေါသတကြီးနှင့် အော်ငေါက်လိုက်ပြီး “ မီးကိုရော ငြိမ်းပြီးပြီးလား …”
“ မပြီးသေးပါဘူး … မီးဘေးကို မြို့အနှံ့ သတိထားရတာဆိုတော့ မီးသတ်ကားတွေလည်း ဖြန့်ကျက်ထားရပါတယ် … ဖရီးမေဆင် အဆောက်အဦးမှာ မီးသတ်ကား နှစ်စင်းတည်း ရှိပါတယ် … မီးတောက်ကို ထိန်းချုပ်ဖို့က အတော်လေး ခဲယဉ်းပါတယ် …”
“ သေစမ်း … ချက်ချင်း အဆင်ပြေအောင် လုပ်နိုင်မယ့် နည်းလမ်းရှာစမ်း …..”
“ ဟုတ် … ဟုတ်ကဲ့ … နားလည်ပါပြီ …”
ဂေလ် ဒေါသထွက်လွန်း၍ သူ၏ စိတ်ခံစားချက်ကိုပင် မထိန်းချုပ်နိုင်တော့ချေ။ သူသည် ဖရီးမေဆင် အဖွဲ့အစည်းထဲတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး မရေမတွက်နိုင်သည့် မစ်ရှင်များကို ထမ်းရွက်၍ နောက်ဆုံး၌ ဘီအဆင့်သို့ ရောက်ရှိခဲ့ကာ အကြီးတန်း ကွပ်ကဲသူအဖြစ်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေး တစ်ရပ် ရရှိလာခဲ့သည်။
ဤသည်က သူ့ကိုယ်သူ အကောင်းဆုံး သက်သေပြနိုင်ရန် အခွင့်အရေးကြီးတစ်ခု ဖြစ်လိမ့်မည်ဟု တွေးထင်ထားခဲ့လေသည်။ သို့သော်လည်းပဲ ကိစ္စတို့က အစကတည်းမှစ၍ တလွဲလွဲ တချော်ချော်တွေ ဖြစ်နေတော့သည်။
ထို့ပြင် ယင်းကလည်း မာစတာ ကွန်နိုလီ၏ ရှေ့မှောက်တွင် ဖြစ်သွားခဲ့ခြင်း ဖြစ်၏။
“ တစ်ဖက်က အရမ်း ဉာဏ်များတယ် … မင်းဒေါသထွက်နေလို့လည်း အလကားပဲ ….” ကွန်နိုလီ ပြောလိုက်ပြီး “ Berghain က ပြဿနာ တက်ပြီးသွားပြီ … ဆိုတော့ သူ အခု တိုကျိုကို ဦးလှည့်ဖို့ ပြင်ဆင်နေလောက်ပြီ … မင်း သေချာလေး ပြင်ဆင်ထားသင့်ပြီ …”
“ နားလည်ပါပြီ …” ဂေလ် လေးနက်စွာဖြင့် ပြန်ဖြေလိုက်၏။
ကလင် ကလင် ကလင် …
ထိုအချိန်မှာပဲ အီဗန်၏ ဖုန်းသံက မြည်လာခဲ့ပြီး သူ အလိုအလျောက် ကွန်နိုလီထံ အကြည့်ပို့လိုက်မိသည်။
တစ်ဖက်က ခွင့်ပြုစွာဖြင့် ခေါင်းညိတ်ပြသောအခါမှသာ အီဗန် အပြင်သို့ ထွက်ပြီး ဖုန်းကိုင်လိုက်လေသည်။
တစ်မိနစ်ပင် မကြာသေးသည့် အချိန်တိုအတွင်းမှာပဲ အီဗန် အလောသုံးဆယ်နှင့် ချက်ချင်း ပြန်ပြေးဝင်လာခဲ့၏။
“ မာစတာ … တိုကျိုမှာ ရှိတဲ့ ဖရီးမေဆင် အဆောက်အဦးလည်း မီးလောင်နေပါတယ်တဲ့ ….”
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”
ဟောလစ်နှင့် ဂေလ်တို့ သံပြိုင် မြည်တမ်းမိလိုက်ကြသည်။ “ သူက အခု Berghain မှာလေ .. ဒီလောက် မြန်မြန်ကြီး တိုကျို ဘယ်လိုလုပ် ရောက်နိုင်မှာလဲ ….”
“ ရှင်းပါတယ် … သူ့ အပေါင်းအပါတွေက တိုကျို ကြိုရောက်နေလို့ နေမှာပေါ့ …” ကွန်နိုလီ ပြောဆိုလိုက်သည်။
“ ဒီခွေးသူတောင်းစားကတော့ …..”
ဂေလ် သူ့လက်သီးကို တင်းကြပ်စွာ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး မျက်နှာအမူအရာမှာ ပေါက်ကွဲခါနီး မီးတောင်ကြီးတစ်ခုနှယ် နီရဲနေခဲ့သည်။
တစ်ချိန်လုံး တည်ငြိမ်အေးဆေးသည့် ကိုယ်ဟန် အမူအရာကို ထိန်းသိမ်းထားသည့် ကွန်နိုလီသည်ပင် မနေနိုင်ဘဲ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့မိ၏။
ဤသို့ ဖြစ်လာလိမ့်မည်ဟု သူသည်လည်း မျှော်လင့်မထားခဲ့ချေ။
ကွန်နိုလီ၏ ယူဆချက်တို့က မှန်ကန်ခဲ့၏။ အကြောင်းမူကား လင်းရီသည် အာယာနဲ မစ်ဆူကို ဂျပန်ကို အုတ်အုတ်ကျက်ကျက် ဖြစ်အောင် စေခိုင်းခဲ့ပြီး ဖရီးမေဆင်၏ အာရုံကို လွှဲပြောင်းသွားစေခဲ့ကာ ပြဿနာရှာလိုက်ခြင်းပင်။
“ ကမ္ဘာအနှံ့မှာ ဖရီးမေဆင် ရုံးစိုက်ထားတဲ့ အဓိက နေရာကြီး ခြောက်ခုရှိတယ် … လေးခုက အခု မီးကြောင့် ဖျက်စီးခံလိုက်ရပြီ … နယူးယောခ့်နဲ့ ဆိုးလ်မြို့ပဲ ကျန်တော့တယ် … ငါတို့လူတွေကို ချက်ချင်း ဖြန့်ကျက်လိုက် … သက်ဆိုင်ရာ ဌာနကလူတွေကိုလည်း သတိထားဖို့ ပြောလိုက် … နောက်ထပ် တစ်ခုခု ဖြစ်တဲ့အသံမျိုး ငါ ထပ်မကြားချင်ဘူး …”
“ နားလည်ပါပြီ …”
လေးဦးလုံး ပြိုင်တူ ဦးညွှတ်လိုက်ကြသည်။ ကွန်နိုလီ ထိုင်ရာမှ ထလိုက်ပြီး သူ၏ ခါးက အနည်းငယ် ကိုင်းနေသည်။ ထို့နောက် ရုံးခန်းအတွင်းမှ ဖြည်းညင်းစွာဖြင့် ထွက်ခွာသွားခဲ့သည်။
အီဗန်သည် ဂေလ်ကို အဓိပ္ပာယ်ပါသည့် အကြည့်တစ်ချက် ပေးလိုက်သော်လည်း ရှည်ရှည်ဝေးဝေး ဆက်လက် ပြောဆိုခြင်း မပြုခဲ့ချေ။ သူ လှည့်ထွက်သွားပြီး ဟောလစ်နှင့်အတူ ထွက်ခွာလာခဲ့ကာ ဂေလ်နှင့် နေသန်ကို ရုံးခန်းထဲ ချန်ရစ်ထားခဲ့လိုက်သည်။
“ ငိုးမ စောက်ကပ္ပလီကောင်ကတော့ …” ဂေလ် နှုတ်က ကျိန်ဆဲ၍ အခြေအနေကို လက်မခံလိုဘဲ ခံပြင်းဒေါသတို့ ဆူပွက်နေခဲ့ရသည်။
“ စိတ်အေးအေးထားစမ်း ငါ့ကောင် …” နေသန် သာမန်လေသံဖြင့် ပြောဆိုလိုက်ပြီး “ ဝေါ်ကာက သေသွားပြီ … သူလည်း အကြီးတန်း ကွပ်ကဲသူ နေရာကို ရချင်မှာပဲလေ … ဒါပေမယ့် မင်းက သူ့နေရာကို ဝင်ယူမယ်ဆိုတော့ သူ ကျိန်းသေပေါက် ဘယ်ကျေနပ်မှာ … မင်းကိုယ်မင်း အရူးလုပ်မှာကို စောင့်မျှော်နေမှာ သေချာတယ် …”
“ ဒါပေမယ့် ငါကတော့ အဲ့လို ဖြစ်ခွင့် ပြုမှာ မဟုတ်ဘူး …” ဂေလ် ကြေညာလိုက်ပြိး “ တကယ်လို့ ငါ ထင်တာ မမှားဘူးဆို Berghain မှာ ငါ့လူတွေနဲ့ ပက်ပင်းတိုးခဲ့တဲ့လူက လင်းရီပဲ ဖြစ်ရမယ် … အခုသူ့မှာ ပစ်မှတ်နှစ်ခုပဲ ကျန်တယ် … နယူးယော့ခ်နဲ့ ဆိုးလ် … လက်ရှိ လမ်းကြောင်းအတိုင်းဆိုရင် သူ့ရဲ့ နောက်ပစ်မှတ်က နယူးယော့ခ်ပဲ … ငါ့ဘက်က လှုပ်ရှားဖို့ အသင့်ပြင်ဆင်ထားပြီးသား ….”
နေသန် ခေါင်းညိတ်လိုက်သည်။ “ မင်းလုပ်မယ်ဆို အမြန်လုပ် … မာစတာက တော်တော်လေး ဒေါသထွက်နေတာနော် … ပြီးတော့ ဒါက မင်း အကြီးတန်း ကွပ်ကဲသူ ရာထူးကို ရနိုင်ဖို့ နောက်ဆုံး အခွင့်အရေးပဲ … မင်း ဘယ်လိုမျိုး ကိုင်တွယ်မလဲဆိုတဲ့ အပေါ်ပဲ မူတည်တယ် ….”
“ ငါ နားလည်တယ် ….”
နှစ်ယောက်မှာ စကားခေတ္တ ပြောပြီးနောက် မကြာမီ အဆောက်အဦးထဲက ထွက်ခွာသွားခဲ့ကြသည်။
တိုက်ဆိုင်ချင်းသားကောင်းစွာဖြင့် အီဗန်နှင့် ဟောလစ်တို့ကလည်း ဝင်ပေါက်ဝတွင် မတ်တပ်ရပ်၍ စကားပြောဆိုနေခဲ့ကြသည်။ နှစ်ဖက်မှာ ပက်ပင်းတိုးပြီး သဘောထားမတိုက်ဆိုင်မှု တစ်စုံတစ်ရာ ဖြစ်ပျက်ထားသည့်နှယ် မျက်နှာအမူအရာတို့မှာ ချက်ချင်းပဲ တင်းမာသွားခဲ့ကြ၏။
“ မင်းတို့နှစ်ယောက် အခုထိ ထွက်မသွားသေးဘူးပေါ့ …” ဂေလ် မျက်မှောင်ကြုတ်လျက် အီဗန်ကို မေးခွန်းထုတ်လိုက်သည်။ “ ဘာလဲ … ငါ ရာထူးတိုးတာကို ဂုဏ်ပြုဖို့ တစ်ခွက်လောက် သောက်ချင်သေးတာလား …”
လူမျိုးရေး ခွဲခြားသည့် အမြင်ကို လိုလိုလားလားထောက်ခံသူ တစ်ဦး အနေဖြင့် ဂေလ်သည် အီဗန်၏ အသားအရောင်အပေါ် အမြဲ အထင်တသေး ပြုမူတတ်သည်။
အီဗန်ကဲ့သို့ ‘လူမည်း’ တစ်ယောက်က ဖရီးမေဆင်အဖွဲ့အစည်းကြီး၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာသည်မှာ အဖွဲ့အစည်းကို သိက္ခာကျစေသည့် လုပ်ရပ်တစ်ခုဟု သူ ယုံကြည်သည်။
“ ကျုံးဝေ့တပ်ဖွဲ့နဲ့ ပြဿနာကို အခုထိ မဖြေရှင်းရသေးဘူး … မင်းလည်း အကြီးတန်း ကွပ်ကဲသူ မဖြစ်သေးဘူး … မင်း ကိုယ့်နေရာကိုယ်သိ …” အီဗန် ခပ်မာမာပဲ ပြန်လည်တုံ့ပြန်လိုက်၏။
“ အမှန်ပဲ … ဒါပေမယ့် ရာထူးတိုးဖို့က ပြဿနာ မရှိဘူးလို့ ငါယုံကြည်တယ် …” ဂေလ် ပခုံးတွန့်လိုက်ပြီး “ ငါ သူ့ လှုပ်ရှားမှုတွေကို သေချာ လေ့လာထားပြီးသား … သူ မကြာခင် နယူးယော့ခ်ဘက်ကို ဦးတည်တော့မယ် … ငါ့ဆီကနေ သတင်းကောင်းကို မျှော်နေလိုက် … ငါ အကြီးတန်း ကွပ်ကဲသူ ဖြစ်လာရင် ပါတီ အကြီးကြီး လုပ်ပစ်လိုက်မယ် … အဲ့ခါကျရင် မင်းလည်း လာခဲ့ဖို့ မမေ့နဲ့ …..”
အီဗန် မျက်လုံးမှေးကျဉ်းသွားခဲ့၏။ သို့သော် သူ မည်သည့်စကားမျှ မဆိုချေ။ သို့ပေမယ့်လည်း မျက်စိပါသည့်လူတိုင်း သူ့မျက်နှာထက်တွင် မည်မျှ ဒေါသထွက်နေကြောင်းကို ပြောနိုင်ပေသည်။
မပြောသည့် အကြောင်းအရင်းကလည်း ဂေလ်ပြောသည့် စကားက မှန်ကန်နေခဲ့သောကြောင့်ပင်။
သူ့လူများက ဥရောပဘက်တွင် ရှိနေပြီး လင်းရီ၏ နောက်ထပ် ခြေလှမ်းအသစ်က အမှန်တကယ်ကို နယူးယောခ့်ဘက်သို့ပင်။
ဂေလ်က ဘီအဆင့်သို့ ရောက်ရှိထားပြီး ကျုံးဝေ့တပ်ဖွဲ့၏ အသင်းခေါင်းဆောင်တို့က စီအဆင့်သာလျှင် ရှိ၏။ ခွန်အားချင်း ခြားနားမှုက သိသာစွာ ကွာဟနေပြီး အကယ်၍ ဂေလ်ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားခဲ့လျှင် လင်းရီ ထွက်ပြေးလွတ်မြောက်နိုင်မယ့် အခွင့်အရေးက အမှန်တကယ်ကို သေးငယ်သည်။
ယခုအချိန်ထိတိုင် ဖရီးမေဆင်ထဲရှိ မည်သူကမျှ ဝေါ်ကာသည် လင်းရီကို အနိုင်မယူနိုင်သောကြောင့် နင်ချဲ့၏ သေနတ်ပစ်ခတ်မှုဖြင့် အသက်ဆုံးပါးသွားခဲ့ရသည်ကို မည်သူမျှ မသိရှိသေးချေ။ ထို့ကြောင့် သူတို့အားလုံးက အကြီးတန်း ကွပ်ကဲသူတစ်ဦးကို စေလွှတ်လိုက်ပြီး ၊ နေရာကလည်း ကျုံးဝေ့တပ်ဖွဲ့ အခြေစိုက်သည့် ရန်ကျင်းတွင် မဟုတ်သရွေ့ သူတို့၏ ခေါင်းဆောင်တွင် ဆန့်ကျင်နိုင်မည့် အခွင့်အရေး အနည်းငယ်ပင် ရှိလိမ့်မည်မဟုတ်ဟု ယုံကြည်နေခဲ့ကြသည်။
အကယ်၍ လင်းရီသည်သာ နယူးယော့ခ်တွင် အမှန်တကယ် ပေါ်လာဝံ့မည်ဆိုပါက သေတွင်းထဲသို့ ခုန်ဆင်းလိုက်တာပဲ ဖြစ်သည်။
ကလင် ကလင် ကလင် …
နှစ်ဖက်ကြားရှိ လေထုက သိပ်သည်းတင်းမာနေစဉ်တွင် အီဗန်၏ ဖုန်းက အသံမြည်လာသည်။
သူ့လက်အောက်ငယ်တစ်ဦးထံက ဆက်သွယ်လာခဲ့ခြင်းပင်။
“ မင်းဘာပြောလိုက်တယ် … နယူးယော့ခ်မှာ တစ်ခုခု ဖြစ်သွားတယ် ဟုတ်လား …”
အီဗန်၏ စကားသံက ဂေလ်နှင့် နေသန်ကို ချက်ချင်း တောင့်တင်းသွားစေခဲ့ပြီး ဟောလစ်၏ အကြည့်သည်ပင် အီဗန်အပေါ်တွင် အာရုံစူးစိုက်လို့နေသည်။
“ မြန်မြန်ကိုင်တွယ် … အချိန်မဖြုန်းနဲ့ …” အီဗန် ဆော်ဩလိုက်၏။
“ စောင့်ကြည့်ကင်မရာမြင်ကွင်းကို မြန်မြန် စစ်ဆေးပြီး ဘယ်သူ လှုပ်ရှားသွားလဲ ကြည့်လိုက် …”
မိနစ် အနည်းငယ် ကြာပြီးသည့်နောက် အီဗန် ဖုန်းချလိုက်ကာ ဂေလ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“ ကြည့်ရတာ မင်းရဲ့ အစီအစဉ် ကျရှုံးသွားတဲ့ပုံပဲ … နယူးယော့ခ်မှာ ရှိတဲ့ ဖရီးမေဆင် အဆောက်အဦးလည်း မီးရှို့ခံလိုက်ရပြီ ….”
“ မဖြစ်နိုင်တာ …”
ကလင် ကလင် ကလင် ...
ဂေလ် သူ၏ ရှော့ခ်ရမှုကို မချေဖျက်နိုင်သေးခင်မှာပဲ သူ့ဖုန်းသံက စတင် မြည်ဟည်းလာသည်။
သူ ကိုင်လိုက်သည့်အခြေအနေ၌ သူ၏ မျက်နှာအမူအရာမှာ ဆက်တိုက် ပြောင်းလဲနေလျက် ရှိတော့သည်။
ဖုန်းခေါ်ဆိုမှု နှစ်ခုလုံးက တူညီသည့် သတင်းအချက်အလက်ကို ပေးပို့လာခဲ့ခြင်းပင်။
နယူးယော့ခ်ရှိ ဖရီးမေဆင် အဆောက်အဦး မီးညွှန့်တလူလူဖြင့် လောင်ကျွမ်းတောက်လောင်နေသည်။
ဖုန်းချပြီးသည့်နောက် ဂေလ်၏ အမူအရာမှာ အစောပိုင်းတုန်းကကဲ့သို့ မောက်မာနိုင်စွမ်း မရှိတော့ချေ။
သူ၏ အမူအရာမှာ အနည်းငယ်ပင် အရှက်ရနေသည့်ပုံစံ ပေါက်နေသေး၏။
“ မင်း ကိုင်တွယ်ရမယ့်လူက မင်းထင်နေသလောက် မလွယ်ဘူး …” အီဗန် ပြောလိုက်ပြီး “ ကောင်လေး … ဒီမစ်ရှင်က မင်းစိတ်ကူးထားတာထက်ပိုပြီး အားထုတ်ကြိုးပမ်းဖို့ လိုတယ် …”
ပြောပြီးသည်နှင့် အီဗန်တို့နှစ်ဦး ကားထဲသို့ ဝင်ကာ ဂေလ်အား ဒေါသတကြီး ကျိန်ဆဲစေရင်း နောက်တွင် ချန်ရစ်ထားခဲ့လေသည်။
ကိုယ်ဟန် အမူအရာပိုင်း၌ သူသည် အကြီးတန်း ကွပ်ကဲသူ ရာထူးကို လက်ခံရန် အရည်အချင်း မပြည့်မီသေးချေ။
“ တော်လောက်ပြီ … အခုက ဒေါသထွက်နေရမယ့် အချိန်မဟုတ်သေးဘူး …” နေသန် ပြောလိုက်ပြီး “ နယူးယော့ခ်မှာ သူ့မစ်ရှင် အောင်မြင်သွားပြီ .. ဒီတော့ သူ့ရဲ့ နောက်ပစ်မှတ်က ဆိုးလ်ပဲ … ငါတို့ မြန်မြန် လှုပ်ရှားဖို့လိုတယ် … ဆိုးလ်ကို အရင်ကြိုရောက်ပြီး သူရောက်လာမှာကို စောင့်နေလိုက် … တကယ်လို့ အဆောက်အဦးကြီး ခြောက်ခုလုံး မီးရှို့ခံလိုက်ရရင် ဖရီးမေဆင်ကို တစ်ကမ္ဘာလုံး ဟားတိုက်နေကြတော့မှာ …”
ဂေလ် မျက်လုံးတို့ ကျဉ်းမြောင်းသွားခဲ့ပြီး ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါတို့က ပို၍ ပို၍ ပြင်းထန်လာနေသည်။
“ မပူနဲ့ … ဒီတစ်ခေါက် … ငါသူ့ကို လုံးဝ လွှတ်မပေးဘူး .. ခြေထောက်တွေ ရိုက်ချိုးပြီး ဖရီးမေဆင်ရဲ့ ပိုင်နက်ထဲ ဇယားလာရှုပ်တာက ဘယ်လိုဆိုတာ မှတ်လောက်သားလောက် ဖြစ်အောင် လုပ်ပေးလိုက်မယ် …”