ညကျရင် မမအိမ်ကို လာခဲ့
Vol. 142 Ch. 2130
“ ကောင်းပြီလေ … တကယ်လို့ အထူးတလှယ် မစ်ရှင် မရှိဘူးဆိုရင် မင်းကို မဆက်သွယ်တော့ဘူး …” လျိုဟုန် လေးလေးနက်နက်ဖြင့် ပြောဆိုလိုက်ပြီး “ ဒါပေမယ့် မင်းလည်း ပြင်ဆင်ပြီး အိမ်မှာ စီစဉ်စရာ ရှိတာတွေ စီစဉ်ထား … လက်ရှိ အခြေအနေအတိုင်း ဆိုရင် ကျွန်းပေါ်ကို အချိန်မရွေး ခြေချရလောက်တယ် …”
“ ကျုပ်သိတယ် …”
အနှီကိစ္စများကို သူတို့ ယခင် စကားပြောခဲ့ကတည်းက လင်းရီ သိရှိထားပြီး ပြင်ဆင်မှုများကို သူ့ဘက်က စတင်ပြုလုပ်နေချေပြီ။
“ ဒါနဲ့ ဂေလ်ဆိုတဲ့ကောင်ကို စစ်မေးနေတာရော ဘယ်ဖြစ်သွားပြီလဲ .. တစ်ခုခု သိရပြီလား …”
“ မမေးစမ်းနဲ့ … သူ့ကိုယ်သူ သတ်မသေသွားခင် ဘာဆိုဘာမှကို မသိလိုက်ရတာ …”
“ ဘာမှမသိလိုက်ရခင် သူ့ကိုယ်သူ သတ်သေသွားတယ် ဟုတ်လား …”
ဤသို့ဖြစ်မည်ကို လင်းရီ လုံးဝ မျှော်လင့်မထားခဲ့ချေ။
ထိုကဲ့သို့သော အရာမျိုးက ကျုံးဝေ့တပ်ဖွဲ့ထဲတွင် အင်မတန် မယုံကြည်နိုင်စရာ ကောင်းလှသည့် ဖြစ်ရပ်တစ်ခု ဖြစ်၏။
“ အဲ့ကောင်က တော်တော့်ကို မာရည်ကျောရည် နိုင်တဲ့ကောင် … ငါတို့ သူ့ကို ဘယ်လိုပဲ စစ်မေးမေး စကားတစ်ခွန်းမဟဘူး …” လျိုဟုန် ပြောလိုက်ပြီး “ သူ့ကို ထမင်းကျွေးတဲ့အချိန် ထမင်းစား စတီးဇွန်းနဲ့ ကိုယ့်လည်ပင်းကိုယ် စိုက်ပြီး အဆုံးစီရင်သွားခဲ့တာပဲ ….”
ဟစ် …
လင်းရီ ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းသွားခဲ့ရသည်။
“ သေစမ်း … ဒီကောင် တော်တော်မာပါ့လား …”
“ ဒါက ဖရီးမေဆင် အဖွဲ့အစည်း ဘယ်လောက်ထိ တင်းကြပ်တယ်ဆိုတာကို ဖော်ပြနေတာပဲ … ငါတို့ နောင်ကျရင် ဂရုမစိုက်ဘဲ နေလို့ မရတော့ဘူး ….” လျိုဟုန် ဆက်ပြီးပြောသည်။ “ ငါ မင်းအိမ်ကိုလည်း လုံခြုံရေးတွေ လွှတ်ထားပေးတယ် … ဒီတော့ လုံခြုံရေး ကိစ္စတော့ စိတ်မပူနဲ့ …”
“ ကျုပ် ခဏနေ ခင်များ အကောင့်ထဲ တုံကင် တစ်သန်း ထည့်ပေးလိုက်မယ် … ဒီနှစ်ထဲ ထွက်တဲ့ စကင်တွေ အကြိုက်သာ ဝယ်တော့ ….”
“ လစ်စမ်း …”
မည်သည့် စကားမျှ ဆက်မဆိုဘဲ လျိုဟုန် ဖုန်းချသွားခဲ့သည်။
ဒေါက် ဒေါက် ဒေါက် …
ထိုအချိန်မှာပဲ သူ့ ကားပြတင်းပေါက်သို့ တစ်စုံတစ်ယောက် မှန်လာခေါက်သည့် အသံကို လင်းရီ ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်သော အခါ၌ ဝမ်ရင်းဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
“ အစ်မရင်း …”
“ နင် ဘယ်အချိန်ကတည်းက ပြန်ရောက်နေတာ … နင်က နင့်အစ်မကိုတောင် မပြောဘူးပေါ့ …”
ဝမ်ရင်း ၊ ရန်စီနှင့် လီချူးဟန်တို့ အားလုံးက လင်းရီအကြောင်းကို အမြဲအာရုံစိုက်နေခဲ့ကြပြီး တစ်ခါတစ်ရံ သူ့အကြောင်း သီးသန့်ပင် ဆွေးနွေးလေ့ ရှိကြသည်။
သို့သော် လင်းရီက သူမတို့အားလုံးကို အလုပ်ခရီးထွက်နေသည်ဟုသာ ပြောထားခဲ့ပြီး အခြား မည်သည့်အရာကိုမျှ ပြောပြထားခြင်း မရှိခဲ့ချေ။
“ ကျွန်တော်လည်း မနေ့ကပဲ ဒီကို ပြန်ရောက်တာပါဗျာ …” လင်းရီ လိမ္မာသည့် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ အခုလေးတင် ဖုန်းပြောပြီးလို့ အစ်မရင်းဆီ ဝင်လာတော့မလို့ပဲ … အစ်မရင်းက ဒီကို ရောက်နှင့်နေမယ်လို့တောင် ထင်မထားဘူး ….”
“ အနည်းဆုံးတော့ နင့်မှာ အသိစိတ်ကလေးတော့ ရှိသေးသားပဲ ….” ဝမ်ရင်း လင်းရီ၏ မျက်နှာကို လက်နှစ်ဖြင့် ဖက်ထားပြီး “ လာပါဦး … အစ်မရင်းကို ပေးနမ်းပါဦး … မတွေ့ရတာကြာတော့ မောင်လေးရီကို အရမ်း သတိရနေခဲ့တာ …”
“ ဒါ လူမြင်ကွင်းကြီးမှာနော် အစ်မရင်း … နည်းနည်းပါးပါး သတိထားဦး ….”
“ ဟုတ်သားပဲ ….” ဝမ်ရင်း သူမ၏ ပုံမှန် အမူအရာသို့ ပြန်ဖြစ်သွားခဲ့ပြီး “ နင် ဒီညအားလား .. အစ်မရဲ့ အိမ်ကို လာခဲ့လေ … အစ်မရင်း နင့်ကို အရသာ ရှိတာလေးတွေ ကျွေးချင်လို့ …”
“ ဘယ်လို အရသာရှိတာတွေလဲ …”
“ ပင်လယ်စာကျွေးမယ် … ကြိုက်တယ်မလား …”
“ ပင်လယ်ဂုံးခရုလား …”
“ ပေါက်စီ အကြီးကြီး နှစ်ခုရောပဲ … နင့်အတွက် လုံလောက်တယ်မလား …” ဝမ်ရင်း ရွှတ်နောက်နောက် လေသံဖြင့် ပြောလိုက်၏။
“ လုံလောက်တာပေါ့ … “
“ နင်သာလာခဲ့ … အ၀ကျွေးမယ်... နင် အဝစားရစေမယ်လို့ အစ်မ နင့်ကို အာမခံတယ် …”
“ အစ်မရင်းရဲ့ ညီမက အိမ်မှာ တစ်ချိန်လုံး ရှိနေတာမဟုတ်ဘူးလား …”
“ သူ ကျောင်းတက်နေပြီလေဟယ် … နင်ကတော့ အချိန်ကိုတောင် မသိတော့ဘူးပဲ …”
လင်းရီ သူ့နဖူးသူ ပြန်ရိုက်မိလိုက်သည်။ အလုပ်တွေက ဆက်တိုက်ဆိုသလို များနေသဖြင့် ဘယ်အချိန်ရောက်နေပြီလဲဆိုတာကိုပင် သူ မေ့လျော့နေမိလေသည်။
ယခုက နိုဝင်ဘာလ ဖြစ်ပြီး ဆောင်းတွင်းထဲသို့ ဝင်စပြုနေပြီ ဖြစ်၏။
“ ကောင်းပြီလေ … ဒီည ကျွန်တော့်ကို စောင့်နေလိုက် …”
“ အွန်း … အစ်မလည်း ဒီနေ့ လုပ်စရာ နည်းနည်း ရှိတယ် … နင်နဲ့ ဆက်ပြီး မပြောတော့ဘူး… သွားတော့မယ် …”
“ ညမှ ဆက်ပြောကြတာပေါ့ ….”
စကားအနည်းငယ် ပြောဆိုပြီးသည့်နောက် ဝမ်ရင်းက ခါးလေး လှုပ်လီလဲ့လီဖြင့် ထွက်ခွာသွားခဲ့ကာ စိတ်အခြေအနေကောင်းမွန်နေသည်မှာ သိသာပေသည်။
လင်းရီလည်း ထိုနေရာ၌ ဆက်ပြီး ရှိမနေတော့ဘဲ ရှင်းရှန်း ရဲစခန်းသို့ မောင်းနှင်လာခဲ့လိုက်သည်။
ယခု ကိစ္စအားလုံးက ပြီးသွားခဲ့ပြီ ဖြစ်သဖြင့် သူ၏ မစ်ရှင်များအပေါ် အာရုံစိုက်ရန် အချိန်အခါပင်။
“ အိုး … မင်းတောင် ပြန်ရောက်ပြီပဲ …”
လီရှန်းဟွေ့၏ ရုံးခန်းထဲတွင် လူစုံတက်စုံရှိနေပြီး အကုန်လုံးက သက်တောင့်သက်သာ အမူအရာတို့ဖြင့် ရှိနေခဲ့ကြသည်။
လင်းရီ ပြုံးလျက် ခေါင်းညိတ်လိုက်၏။ “ ဝေကျန်းလုံ အမှုရော ပြီးသွားပြီလား ..”
“ မင်း ပြန်လာပြီး ရက်နည်းနည်းကြာတော့ ပြီးသွားတာပဲ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ငါတို့ ထင်နေတာ နည်းနည်း အခက်တွေ့မယ်ပေါ့ .. ဒါပေမယ့် သူ ရောက်လာပြီးတော့ ဝန်ခံလိုက်တာများ မေးခွန်းတောင် မေးစရာ မလိုတော့တဲ့ အထိပဲ …”
“ အဲ့တာကောင်းတာပေါ့ ….”
ပုံမှန်ဆိုပါက ဝေကျန်းလုံကဲ့သို့သော လူစားမျိုးတို့မှာ ဖမ်းမိသည်နှင့် အနည်းငယ် ခေါင်းမာတတ်ကြ၏။
သူ ထိုမျှ လျင်လျင်မြန်မြန်နှင့် ဝန်ခံသွားခဲ့သည်က လင်းရီနှင့် နင်ချဲ့တို့ကြောင့်ပင်။
ဗိုလ်မှူးနှစ်ယောက်ကိုယ်တိုင်ပင် သူ့ကို လာရောက်ဖမ်းဆီးလာခဲ့သဖြင့် သူ့တွင် ခေါင်းမာနေ၍လည်း အသုံးမဝင်ဟု ခံစားနေခဲ့ရသည်။
“ လတ်တလောရော ဘာထူးခြားတဲ့ အမှုတွေ ရှိသေးလဲ …” လင်းရီ စူးစမ်းကြည့်လိုက်၏။
“ အသေးအမွှားလေးတွေပါပဲ .. ဘာမှ ထွေထူးမရှိဘူး … မင်းမှာ တခြား လုပ်စရာတွေ ရှိတယ်ဆိုရင် ဒီကို မလာရင်တောင် ရတယ် … ငါတို့ လိုအပ်မှ ခေါ်လိုက်မယ် …”
“ အဲ့လိုလုပ်လို့ ဘယ်ဖြစ်မှာ … ပြည်သူ့ဝန်ထမ်းသား တစ်ယောက်အနေနဲ့ ကျုပ်က လုပ်ချင်တာတွေ လျှောက်လုပ်နေလို့ ဘယ်ဖြစ်မှာလဲ …”
“ စောက်ပိုတွေ လာပြောမနေစမ်းနဲ့ ကောင်လေး … မင်း ဒီကို လာပြီး အချိန်မှန်မှန် ရုံးလာတက်တဲ့ နေ့တွေက လက်ချိုးရေတွက်လို့တောင် ရတယ် …” လီရှန်းဟွေ့ အပြုံးလေးဖြင့် ပြောဆိုလိုက်ပြီး “ စကားမစပ် ငါမင်းကို ပြောမယ်ပြောမယ်နဲ့ မေ့နေတာ .. လင်းဟန် မနေ့က မင်းကို လာရှာသွားသေးတယ်ကွ … မင်း ဒီမှာ မရှိဘူး ပြောလိုက်တော့ သူ ပြန်သွားခဲ့တယ် …”
“ လင်းဟန်က ကျုပ်ကို လာရှာတယ် ဟုတ်လား … ဘာကိစ္စလဲတဲ့ …”
“ ဘာကိစ္စလဲတော့ ပြောမသွားဘူး .. မင်း မရှိဘူးဆိုတာ သိတော့ ဒီတိုင်း ပြန်သွားခဲ့တာ …”
လင်းရီ ခေါင်းညိတ်လိုက်သည်။ လင်းဟန် အဘယ်ကြောင့် သူ့အား လာရှာနေလဲဆိုတာ အနည်းငယ် မရှင်းမလင်း ဖြစ်နေမိသည်။
ကျုံးဝေ့တပ်ဖွဲ့ရှိ အခြေအနေကို တစ်ချက် စဉ်းစားကြည့်မည်ဆိုပါက လူရွေးပွဲ ပြီးဆုံးသွားပြီး ရွေးချယ်ခံရသည့် လူများက အနေအထား နောက်တစ်ခုသို့ပင် ရောက်နေလောက်ချေပြီ။
သူမ ကျိုးဟိုင်သို့ ပြန်ရောက်နေသည်ကို ကြည့်ပါက အဖွဲ့ထဲသို့ မဝင်နိုင်ခဲ့ပုံရ၏။ သူမ၏ အရည်အချင်းတို့က အတော်လေး ကောင်းမွန်ပါသော်လည်း တပ်ဖွဲ့ထဲ မဝင်နိုင်သည်ကတော့ အနည်းငယ် ကံဆိုးလှ၏။
“ ငါထင်တာတော့ ကောင်မလေးက မင်းကို စိတ်ဝင်စားနေတာပဲ ဖြစ်ရမယ် … ဒါ အခွင့်အရေးကောင်းပဲ မင်း အမိအရသာ ကိုင်လိုက်တော့ …” ကျန်းဟွေ့က ဖော်လံဖား လေသံဖြင့် ပြောလာခဲ့သည်။
“ အဲ့တာ ဖြစ်နိုင်လောက်တယ် …” ကျူးကျွင်းချီလည်း ထပ်ပေါင်း ပြောဆိုလာခဲ့သည်။
“ သူ လာခဲ့တုန်းက ဝတ်ထားတာများ တကယ့်ကို ကျော့ရှင်းသပ်ရပ်နေတာပဲ … ငါ့အထင်တော့ သူ မင်းကို တကယ်ကြီး စိတ်ဝင်စားနေတာ ဖြစ်လောက်မယ် ….”
“ တော်စမ်းပါ … ခင်များတို့ နှာခေါင်းကြီးနှစ်ယောက်က ကျုပ်ရဲ့ အဖြူထည်ဆန်တဲ့ စိတ်ဝိဉာဏ်ကို အရောင်တွေ လာဆိုးနေတာပဲ …”
လင်းရီ လက်ဝှေ့ရမ်းလိုက်ပြီး “ ခင်များတို့တွေ ခင်များတို့ရဲ့ အင်မော်တယ် ကျင့်ကြံတာကို ဆက်လုပ်ကြ … ကျုပ် ဟိုနားဒီနား ခဏသွားလိုက်ဦးမယ် …”
နှုတ်ဆက်ပြီးသည့်နောက် လင်းရီသည် လီရှန်းဟွေ့၏ ရုံးခန်းထဲက ထွက်လာခဲ့လိုက်သည်။ သို့သော် သူ အပြင်သို့ ခြေလှမ်းချလိုက်သည့် အချိန်မှာပဲ ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့က သူတို့၏ ရုံးခန်းထဲကနေ အလျင်လိုသည့် ခြေလှမ်းများဖြင့် ထွက်လာသည်ကို မြင်တွေ့လိုက်ရ၏။
“ မင်းတို့နှစ်ယောက် အလျင်စလိုနဲ့ ဒါ ဘယ်တုန်း …”
“ အလုပ်သမား လစာကို နှစ်လလောက် မပေးတဲ့ ဆောက်လုပ်ရေးဆိုက်တစ်ခု ရှိတယ် .. အခု တစ်ယောက်ယောက် တိုင်တန်းလာလို့ ကျွန်မတို့တွေ တစ်ချက် သွားကြည့်ကြမလို့ …”
“ အတော်ပဲ … ငါလည်း အခုအားနေတာ … မင်းတို့နဲ့ လိုက်ခဲ့မယ် …”
“ ရတယ်လေ …”
စနစ်မစ်ရှင်ကို လှုံ့ဆော်နိုင်ရေးအတွက် လင်းရီသည် အလုပ်ပေါင်းစုံကို ကြိုးစားပမ်းစား လုပ်နေရသည်။ မည်သို့သော အမှုပင် ဖြစ်ပါစေ၊ သူ့တွင် အချိန်ရှိသည်ဆိုပါက လိုက်ကြည့်၏။ မရှိလျှင်လည်း စခန်းရှိ ကိတ်ကိတ်နှင့် သန့်ရှင်းရေး အန်တီကြီးကို သွားကြည့်သည်။
အဘယ်ကြောင့်ဆိုသော် စနစ်၏ သဘောသဘာဝအရ ရဲစခန်းထဲတွင် ရှိနေသရွေ့ မစ်ရှင် ပေါ်ပေါက်လာနိုင်ချေ များသောကြောင့်ပင်။
စခန်းထဲက ထွက်လာခဲ့ပြီးနောက် သူတို့သုံးဦး ရဲကားထဲသို့ ဝင်ကာ ဆောက်လုပ်ရေးဆိုက်ထံသို့ မောင်းလာခဲ့ကြသည်။
မိနစ် နှစ်ဆယ်ခန့် ကြာပြီးသည့်နောက် လုပ်ငန်းခွင် ဝင်ပေါက်ဝသို့ ရောက်ရှိလာသည်။
ကားမှန်ပြတင်းပေါက်မှတစ်ဆင့် လင်းရီ တစ်ချက်ကြည့်လိုက်ရာ ကုမ္ပဏီ၏ အခြေခံ အချက်အလက်တစ်ချို့ကို လင်းရီ သိလိုက်ရသည်။
ယင်းက ယွင်ဖုန်း ကုမ္ပဏီ၏ လူနေအိမ်ယာ ဆောက်လုပ်ရေး ပရောဂျက်ပင်။
ထိုအချိန်၌ ဆိုက်ရှိ ကရိန်းများက ရပ်တန့်နေပြီး လုပ်အားခ မပေးသောကြောင့် ဆန္ဒပြထားကြဟန်ပင်။
ကျန်းဖန့် ဆိုက်ထဲသို့ မောင်းဝင်လာခဲ့ပြီး ရှေ့မီတာ ဒါဇင်ခန့်တွင် လူအုပ်ကြီး ဝန်းရံနေသည်ကို မြင်တွေ့လိုက်ရသည်။
ရဲကား ရောက်လာသည်ကိုမြင်တော့ လူအုပ်ကြီးလည်း အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြ၏။
ထိုအချိန်မှာပဲ မြေပြင်ပေါ်တွင် ထိုင်နေသည့် လူနှစ်ယောက်ကို လင်းရီ မြင်တွေ့သွားခဲ့ပြီး တစ်ယောက်က ၎င်းတို့ဘေးတွင် လဲလျောင်းနေသည်။ ဘေးရှိ မြေပြင်ပေါ်တွင်လည်း သွေးကွက်တစ်ချို့ကို မြင်တွေ့နေရသည်။
အခြေအနေက သူတို့ စိတ်ကူးထားသည်ထက်ပင် ပြင်းထန်နေခဲ့၏။
“ ဒီလူတွေကတော့ တကယ့်ကို မင်းမဲ့စရိုက်တွေ ဖြစ်နေတာပဲ …” ကျန်းဇီရှင်း ဒေါသတကြီးနှင့် မြည်တမ်းလိုက်၏။
စာစဉ် (၁၄၂) ပြီး၏။