← Chapters

လီယုံဂျင်းရဲ့ ဖုန်းကော

Vol. 142 Ch. 2126

လီယုံဂျင်းရဲ့ ဖုန်းကော

Vol. 142 Ch. 2126

ဂန်ဒုံဟေး သူ၏ အင်္ကျီအဝတ်အစားများကို သပ်ရပ်အောင် ချိန်ညှိလိုက်ပြီး ယုံကြည်ချက်ရှိသည့် အရှိန်အဝါတို့က ဖြာထွက်လို့နေသည်။ ဖရီးမေဆင်၏ နိုင်ငံခြားဌာနခွဲ ခေါင်းဆောင် တစ်ဦးအနေဖြင့် သူ၏ ခွန်အားတို့က စီအဆင့်သို့ ရောက်ရှိနေပြီး ဖြစ်သည်။

ထို့ပြင် သူ့လက်အောက်၌ ဒီအဆင့် လက်အောက်ငယ်သားတို့က လေးဦးရှိပြီး ၎င်းတို့က ယခုလက်ရှိ ပြဿနာကို ကိုင်တွယ်နိုင်ရန် လိုအပ်သည်ထက် ပိုနေသည်ဟုပင် ထင်သည်။

နာရီကို တစ်ချက် ကြည့်လိုက်ပြီး အကြီးတန်း ကွပ်ကဲသူက နောက် ရှစ်နာရီ၊ ကိုးနာရီလောက်အထိ ရောက်လာနိုင်ဦးမည် မဟုတ်ကြောင်းကို ဂန်ဒုံဟေး ခန့်မှန်းကြည့်လိုက်သည်။ သူတို့ ရောက်ရှိလာသည့်အချိန်၌ ပွဲပြီး ဖျာသိမ်းဖြစ်ပြီး သူသည်လည်း တစ်ဖက်သူအပေါ် အထင်မြင်ကောင်းတို့ ချန်ရစ်ထားခဲ့ပေးနိုင်မည်။

“ သွားစို့ … လှုပ်ရှားကြမယ် …” ဂန်ဒုံဟေး အမိန့်ပေးလိုက်ပြီး “ သူတို့ အကုန်လုံးကိုဖမ်း … တစ်ယောက်မှ ထွက်မပြေးသွားစေနဲ့ ….”

“ ဟုတ်ကဲ့ ….”

သူ အမိန့်ပေးလိုက်သည်နှင့် လူအယောက် သုံးဆယ်ကျော်က သင်္ဘောပေါ်သို့ ရောက်လာခဲ့ကြသည်။

လက်မှတ်စစ်ကို ဆောင့်ကန် လွင့်ပစ်လိုက်ကြပြီး မြေပြင်တွင် သွေးစသွေးနများနှင့် ချန်ထားရစ်ခဲ့ကြ၏။ ဤအချင်းအရာကို မြင်တွေ့လိုက်ရသည့် အစိုးရဝန်ထမ်းတိုင်း ကြောက်လန့်မှုကြောင့် ဒူးများ တုန်ယင်နေကာ ဝင်ရောက်မစွက်ဖက်ဝံ့ကြချေ။

ကုန်းပတ်ပေါ်တွင်တော့ ချိုးယွီလော့သည် ထောင့်တစ်နေရာသို့ တိတ်တဆိတ် ရွေ့လျားနေခဲ့ကာ ရန်သူများ ထောက်လှမ်းမမိစေရန် ပုန်းကွယ်နေသည်။ ထို့နောက် ပုံရိပ်ပြန်သည့် အရာတစ်ခုမှတစ်ဆင့် ဂန်ဒုံဟေးနှင့် သူ့လူများကို အနီးကပ်စောင့်ကြည့်နေခဲ့သည်။ ပြီးနောက် လင်းရီထံ ဖုန်းခေါ်လိုက်၏။

“ သူတို့က တကယ်ကို ရည်ရွယ်ချက် ရှိရှိ ရောက်လာခဲ့ကြတာပဲ … ငါတို့ ဘယ်မှာ ရှိနေလဲဆိုတာ သူတို့ အတိအကျ သိထားတဲ့ပုံပဲ …”

“ ခေါင်းဆောင်ဖြစ်တဲ့လူကလည်း လူကောင် အတော်ကြီးတယ် … သူလှုပ်ရှားတဲ့ ပုံစံကို ကြည့်ရသလောက်တော့ တန်းထျန်ထဲက အတွင်းအားထုတ်တဲ့ နည်းလမ်းကို ကျွမ်းကျင်ထားလောက်တယ် …”

“ သူတို့မှာ သေနတ်ပါလာခဲ့လားတော့ အတည်မပြုနိုင်သေးဘူး … ဒါပေမယ့် ပြောမရဘူး … ဂရုစိုက် …”

“ အင်း … နားလည်ပြီ …”

ဖုန်းချပြီးနောက် ချိုးယွီလော့သည် နောက်သို့ တစ်ချက်ကြည့်လိုက်ရာ ဂန်ဒုံဟေးနှင့် သူ့လူများက သင်္ဘောထဲသို့ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရလေသည်။ သူမလည်း ၎င်းတို့အနောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့၏။

အစီအစဉ်က လူသုံးဆယ်ကျော်ကို သုံးယောက်တည်းနှင့် ရင်ဆိုင်ဖို့ပင်။

ထိုအချိန်တွင် ဂန်ဒုံဟေးနှင့် သူ့လူများက တတိယထပ်သို့ ရောက်လာခဲ့ပြီး သင်္ဘောအခန်းတံခါးတစ်ခုထံသို့ သတိကြီးကြီးထား၍ ချဉ်းကပ်နေခဲ့ကြသည်။

“ သတင်းက အတည်ဆိုတာ သေချာလား …” ဂန်ဒုံဟေး အသံကို နိမ့်ပြီး‌ မေးလိုက်သည်။

“ လုံးဝ သေချာတယ် .. သူတို့ အခန်း 309 ထဲမှာ … ကျွန်တော်တို့ ဖျက်ပြီး ဝင်လိုက်တာနဲ့ သူတို့တွေ ဖမ်းမိမှာ အသေအချာပဲ …”

“ သွားကြစို့ ..”

အပို အချိန်ဖြုန်းမနေဘဲ ဂန်ဒုံဟေးသည် အခန်း 309 တံခါးကို ခြေထောက်ဖြင့် ကန်ကျောက်လိုက်ကာ ဘန်းခနဲ ပွင့်သွားခဲ့၏။

သို့သော် အခန်းထဲရှိ မြင်ကွင်းက ဂန်ဒုံဟေးနှင့် သူ့လူများကို ကြက်သေသေသွားစေခဲ့လေသည်။ ယင်းက သူတို့ စိတ်ကူးထားသည်နှင့် လွဲချော်နေခဲ့၏။

၎င်းတို့၏ ပစ်မှတ်သားကောင်ကို မြင်တွေ့ရမည့် အစား ၊ သူတို့အဖွဲ့ဝင်က ကြမ်းပြင်ထက်တွင် ဒူးထောက်နေရကာ မျက်နှာတွင်လည်း ထိုးကြိတ်ခံထားရ၍ မြင်မကောင်းအောင် အညိုအမည်းစွဲနေသည်။

“ ဒါကြီးက ငါလခွမ်းတွေလား … ဟိုကောင်တွေ ဘယ်ရောက် ---- “

ဘန်း …

မည်သူမျှ ပြန်မဖြေနိုင်ခင်မှာပဲ လင်းရီသည် တံခါးအနောက်ထဲမှ ရုတ်ချည်းထွက်ပေါ်လာခဲ့ကာ ဂန်ဒုံဟေး၏ ရင်ဘက်သို့ အရှိန်ပြင်းစွာ ကန်ကျောက်လိုက်သည်။

အငိုက်ဖမ်းခံလိုက်ရသဖြင့် ဂန်ဒုံးဟေးမှာ ကြမ်းပြင်သို့ လဲကျသွားခဲ့ရသည်။

ရုတ်ချည်းတိုက်ခိုက်ခံလိုက်ရတာကြောင့် ဂန်ဒုံဟေး အနည်းငယ် ကြောင်အမ်းသွားခဲ့ရ၏။ ဤသို့ဖြစ်လိမ့်မည်ကို သူ မျှော်လင့်မထားခဲ့ပေ။

သို့သော် ဂန်ဒုံဟေးက စီအဆင့် ဖိုက်တာ တစ်ယောက်ဖြစ်၏။ သူ လျင်လျင်မြန်မြန်ပဲ အသိစိတ်ပြန်ဝင်လာကာ တန်ပြန်တိုက်ခိုက်လာလေသည်။

“ မဆိုးဘူးပဲ … မင်းကြည့်ရတာ စီအဆင့်တော့ ရောက်နေပြီ …” လင်းရီ အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်၏။

“ ဟမ့် … အခုမှသိလို့ နောက်ကျသွားပြီ …”

ဂန်ဒုံဟေး၏ အမူအရာက ကြမ်းကြုတ်လာခဲ့ပြီး သူ၏ ကြီးမားသည့် ကိုယ်ထည်ကြီးက ခုန်အုပ်တော့မည့် ကျားရိုင်းတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

သူ၏ လက်သီးချဉ်းကပ်လာသည်နှင့် လင်းရီသည် တည်ငြိမ်စွာဖြင့် ခေါင်းအနည်းငယ် ငဲ့စောင်းလျက် တိုက်ခိုက်လာမှုကို လွယ်လင့်တကူ ချေဖျက်လိုက်သည်။

ဂန်ဒုံဟေး အံ့အားသင့်သွားခဲ့၏။ လင်းရီက သူ၏ အင်အားအပြည့် ထည့်သွင်းထားသည့် လက်သီးကို သက်တောင့်သက်သာ ရှောင်တိမ်းလိုက်နိုင်မည်ဟူ၍ ထင်မှတ်မထားခဲ့ပါချေ။

နောက်တစ်စက္ကန့်မှာပဲ လင်းရီ၏ လက်က လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် လှုပ်ရှားလိုက်ရာ ဂန်ဒုံဟေးသည် မည်သည်ကိုမျှ မမြင်နိုင်လိုက်ဘဲ သူ၏ လည်ပင်းက ရုတ်တရက် တင်းကြပ်လာသည်ကိုသာ ခံစားလိုက်ရ၏။ အသက်ရှူရလည်း ခဲယဉ်းလာသည်။

“ မင်း … ဘယ်လို …..”

“ မင်းက စီအဆင့်ဆိုရင်တောင် ငါတို့ကြားမှာ ကွာဟချက်တွေ ရှိတယ် … ဘီအဆင့် ဖိုက်တာတွေတောင် ငါ့လက်ထဲ ဇီဝိန်ခြွေခဲ့တာ မင်းကိုယ်မင်း အခွင့်အရေး ရှိမယ်လို့ ထင်လား ….”

ဂန်ဒုံဟေး မတုံ့ပြန်နိုင်ခင်မှာပဲ လင်းရီသည် လက်ပင်းကို အားထည့်ညှစ်လိုက်ပြီး ကြမ်းပြင်ထက်မှ ပင့်မြှောက်လိုက်သည်။

ဂန်ဒုံဟေး၏ ခြေအစုံက လေကို ကန်ကျောက်ရုန်းကန်နေသည်။ သူ့မျက်နှာပြင်တစ်ခုလုံး ခရမ်းရောင်သမ်းလာခဲ့ပြီး သူ့လက်သည်းတို့ဖြင့် လင်းရီ၏ လက်မောင်းကို ကုတ်ဖြစ်နေခဲ့ကာ လွတ်မြောက်ရန် အစွမ်းကုန် ကြိုးပမ်းနေခဲ့သည်။ သို့သော် အသုံးမဝင်။

“ ငါ့တို့ခေါင်းဆောင်ကို လွှတ်လိုက်စမ်း ….”

ဂန်ဒုံဟေး၏ လက်အောက်ငယ်သာများမှာ သူတို့သေနတ်များကို ထုတ်လာခဲ့ကြပြီး လင်းရီထံသို့ ချိန်ရွယ်လာခဲ့ကြ၏။

သို့သော် ၎င်းတို့၏ မျက်နှာအမူအရာမှာတော့ ဖြူဖျော့နေကာ သေနတ်ကိုင်ထားသည့်လက်ကလည်း တုန်ယင်နေသည်။

သူတို့အားလုံးလည်း တန်းထျန်ထဲက အတွင်းအား ထုတ်သည့် နည်းလမ်းကို တတ်မြောက်ထားကြသဖြင့် ဂန်ဒုံဟေး မည်မျှသန်မာသည်ကို ကောင်းစွာ သိကြသည်။

သို့တိုင် သူတို့ရှေ့ရှိ ခပ်ချောချောကောင်လေး ရှေ့မှောက်တွင်တော့ တစ်ချက်ပင် မတောင့်ခံနိုင်ခဲ့ချေ။

ဤသည်ကပင် သူတို့ ရင်ဆိုင်နေရသည့် လူက မည်မျှ ကြောက်ဖို့ ကောင်းပြီး အန္တရာယ်များလဲဆိုတာကို ဖော်ပြနေခဲ့သည်။

“ သူ့ကို လွှတ်ပေးရမှာလား …” လင်းရီ မထီမဲ့မြင်ပြုံး၍ “ အဲ့တာဆိုရင်တော့ သဘောတူလား ငါ့ရဲဘော်တွေကို မေးကြည့်ပေါ့ကွာ …”

ထိုအခါမှပဲ အုပ်စုမှာ လင်းရီတွင် အမျိုးသမီး အဖော်နှစ်ဦးလည်း ပါလာခဲ့သေးကြောင်းကို အမှတ်ရသွားခဲ့ကြတော့သည်။

“ နင်တို့က ကောင်းကောင်းခြေရာခံနိုင်ခဲ့တာပဲ … ဒါပေမယ့် ကစားပွဲက ဒီနေရာမှာတင် အဆုံးသတ်ပြီ ..” နင်ချဲ့က စင်္ကြံလမ်း၏ အခြားတစ်ဖက်တွင် မတ်တပ်ရပ်နေလျက် ရှိရင်း ပြောလိုက်သည်။

ဂန်ဒုံဟေး၏ လူများမှာ ရှော့ခ်ရစွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်ကြ၏။

သူတို့အားလုံး အခြားလမ်းတစ်ဖက်ခြမ်းတွင် သေနတ်ကိုယ်စီကိုင်ကာ ချိန်ရွယ်ထားကြသည့် အမျိုးသမီးနှစ်ဦးကို မြင်တွေ့လိုက်ရလေသည်။

“ မင်းတို့က လူသုံးယောက်တည်း … ငါတို့ အကုန်လုံးကို မရင်ဆိုင်နိုင်ဘူး …” ဂန်ဒုံဟေး၏ လက်အောက်ငယ်သားများက အော်ဟစ်လိုက်သည်။

“ မြန်မြန် … မင်းလူမင်းခေါ်ပြီး ငါတို့ ခေါင်းဆောင်ကို---”

ဘန်း …

သူ့စကား မဆုံးနိုင်သေးခင်မှာပဲ သေနတ်သံတစ်ချက် ထွက်ပေါ်လာခဲ့သည်။

ကျည်ဆံတစ်တောင့်က ထိုလက်အောက်ငယ်သား၏ ခေါင်းကို ထိုးဖောက်သွားသည်နှင့် သွေးစက်တို့က နေရာအနှံ့ပျဲ့ကျဲလာခဲ့သည်။ ထို့နောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ကာ အသက်ဝိဉာဏ် ကင်းမဲ့သွားခဲ့သည်။

“ နင်တို့ရဲ့ လက်နက်တွေ ချမလား ..” နင်ချဲ့ အေးစက်စွာ ဆိုလိုက်ပြီး “ ဒါမှမဟုတ် မင်းတို့ ခလုတ်မောင်းမဆွဲနိုင်ခင်မှာ မင်းတို့ အကုန်လုံးကို ပစ်သတ်လိုက်ရမလား ….”

ကျန်ရှိနေသည့် လူများအားလုံး ကြက်သေသေသွားခဲ့ကြသည်။

ဤမျှ ရက်စက်သည့် အမျိုးသမီးကို သူတို့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

ဘန်း ..

သေနတ်သံ နောက်တစ်ချက် ထွက်ပေါ်လာခဲ့ပြီး နောက်ထပ် လူတစ်ယောက် လဲကျသွားခဲ့၏။

ဤတစ်ကြိမ်တွင်တော့ ခလုတ်မောင်းဆွဲလိုက်သည့် လူက ချိုးယွီလော့ပင်။

ဂန်ဒုံဟေး၏ လက်အောက်ငယ်သားများအားလုံး ကြောက်ရွံ့စိတ်ကို မထိန်းချုပ်နိုင်ကြတော့ပဲ လက်နက်များ ပစ်ချလိုက်ကြကာ လက်မြှောက်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှာလည်း ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြလေသည်။

နှစ်ဖက်၏ အခြေအနေကို ကြည့်မည်ဆိုပါက သူတို့သည် လျင်မြန်စွာ တိုက်ခိုက်၍ မိနစ်ပိုင်းအတွင်း ပြန်လည် ဆုတ်ခွာသွား၍ရသည်။

သို့သော် နင်ချဲ့နှင့် ချိုးယွီလော့တို့၏ ကြီးစိုးနိုင်လွန်းလှသည့် အရှိန်အဝါတို့က သူတို့အားလုံးကို ဖိနှိပ်ထားခဲ့ကာ ထိုအခိုက်အတန့်တွင်ပဲ ခုခံချင်စိတ်တို့ ပျောက်ဆုံးကုန်ကြလေသည်။

မည်သို့ပင်ဖြစ်စေ အမျိုးသမီးနှစ်ဦးလုံးက ကျုံးဝေ့တပ်ဖွဲ့က ဖြစ်၏။

အခြေအနေက ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားပြီကို မြင်တော့ လင်းရီသည် ဖျစ်ညှစ်ထားသည့် သူ့လက်ကို ပြန်လျော့ချလိုက်ပြီး ဂန်ဒုံဟေးကို ဘေးတစ်နေရာသို့ လွှင့်ပစ်လိုက်၏။

ဤတစ်ကြိမ်တွင်တော့ ဂန်ဒုံဟေးသည် သင်ခန်းစာ ရထားခဲ့ပြီး တန်ပြန် တိုက်ခိုက်လာခြင်း မပြုပါဘဲနှင့် လင်းရီကိုသာ ကြောက်ရွံ့အားကြီးစွာဖြင့် စိုက်ကြည့်နေခဲ့လေသည်။

ကလင် ကလင် ကလင် …

လင်းရီ စကားပြောတော့မည့် အချိန်မှာပဲ သူ့ဖုန်းသံ မြည်ဟည်းလာခဲ့သည်။

အမည်မသိ နံပါတ်တစ်ခုဖြစ်၏။ သို့သော် မည်သူမည်ဝါ ဖြစ်သည်ကိုတော့ သူသိနေသည်။

ယင်းကား လီယုံဂျင်းပင်။

ယခုလို အချိန်အခါမျိုး၌ လင်းရီသည် ဝင်လာသည့် မည်သူ့ဖုန်းကိုမျှ ဖြေဆိုမည်မဟုတ်သော်လည်းပဲ သူမ၏ ဖုန်းကတော့ ခြွင်းချက်ဖြစ်၏။

“ ဘာကိစ္စလဲ …” လင်းရီ အသံနိမ့်ပြီး မေးလိုက်သည်။

“ ခုနစ်စင်ကြယ်ဂိုဏ်းကလူတွေ နင့်နောက်လိုက်လာတယ်မလား ….”

“ မင်း သိနေတယ် …”

“ ဟာဂျွန်ဝူးက ထွက်မသွားသေးဘူး … တစ်ခုခု ပုံမမှန်တာ မြင်တော့ ငါ့ဆီ ဖုန်းဆက်လာခဲ့တယ် …”

“ အဲ့ဒီတော့ … မင်းက ဘာပြောချင်တာ … သူတို့ကို ကာကွယ်ပေးချင်တာလား …”

“ သူတို့ကို ကာကွယ်ပေးရအောင် ငါက ဖရီးမေဆင် အဖွဲ့ဝင်လည်း မဟုတ်…” လီယုံဂျင်း ပြောလိုက်ပြီး “ ငါ နင့်ဆီ ဖုန်းဆက်လိုက်တာက ငါ ရဲတွေကို အဲ့နေရာဆီ လွှတ်လိုက်ပြီလို့ ပြောချင်တာ .. ခုနစ်စင်ကြယ်ဂိုဏ်းကို သူတို့ကိုင်တွယ်လိမ့်မယ် … သူတို့ကို ကိုင်တွယ်ပြီး ပြဿနာရှာဖို့ မလိုပါဘူး …”

“ ပြီးတော့ … ဖယ်ရီ အသစ်ကိုလည်း ပြင်ထားပေးပြီးပြီ … မကြာခင် ထွက်ခွာတော့မှာ … နင် လူအုပ်ကြီးနဲ့ ရောနှောပြီး အန္တရာယ်ကင်းကင်းနဲ့ ထွက်သွားနိုင်အောင်လို့လည်း စီစဉ်ပေးထားတယ် ….”

All Chapters