← Chapters

ကျွမ်းကျင်သူနှစ်ဦးကြားက လျှို့ဝှက် စကားဝိုင်း

Vol. 142 Ch. 2118

ကျွမ်းကျင်သူနှစ်ဦးကြားက လျှို့ဝှက် စကားဝိုင်း

Vol. 142 Ch. 2118

Berghain ရှိ ညချမ်းအချိန်အခါသည် တစ်ကိုယ်တည်း ငြိမ်ဆိတ်အေးချမ်းနေခဲ့သည်။ ပဲရစ်နှင့် တိုကျိုကဲ့သို့ မီးရောင်တလက်လက်နှင့် စည်ကားမှုတို့ မရှိပါဘဲ ယခင် သမိုင်းအစဉ်အလာရှိသည့် လေထုအငွေ့အသက်တို့က ဝန်းရံနေလျက် ရှိ၏။

ဝေါ့ခ်မန်းဘားထဲတွင် ၊ လင်းရီသည် ထောင့်တစ်နေရာတွင် ထိုင်လျက် ဘီယာကိုင်းခွက်ကို ကိုင်ကာ ဘလက်ဘီယာကို တစ်ကျိုက်မော့လျက် ဖုန်းကို လက်တစ်ဖက်က ကိုင်ရင်း သတင်းများအား ဖတ်ရှုနေခဲ့သည်။

“ နယူးယော့ခ်မှာရှိတဲ့ ဖရီးမေဆင်အဆောက်အဦးကို ဘယ်သူ မီးရှို့လိုက်တာ ဖြစ်မလဲ …”

လင်းရီ ဘီယာတစ်ကျိုက်မော့လျက် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ “ နင်ချဲ့နဲ့ တခြားလူတွေ လက်ချက်များလား …”

တွေးကြည့်ပြီးနောက် ထိုအရာက အမှန်တကယ် ဖြစ်နိုင်ချေရှိသည်ဟု လင်းရီ ခံစားလိုက်ရသည်။

၎င်းတို့ကလွဲ၍ အခြားမည်သူကမျှ မဖြစ်နိုင်ချေ။

ဤသည်ကို စဉ်းစားမိတော့ လင်းရီ ပြုံးလိုက်မိသည်။ “ သူတို့တောင် ငါ့အကြောင်း တဖြည်းဖြည်းနဲ့ နားလည်လာနေပြီပဲ …”

ဘီယာကို တစ်ကျိုက်တည်း အပြတ်ဖြတ်ပြီးနောက်တွင် ဘာဂါနှစ်ခု ပါဆယ်ယူ၍ ညအမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

နာရီ ဒါဇင်ခန့်မျှ ကုန်ဆုံးသွားပြီးနောက်တွင် လင်းရီသည် ဆိုးလ်စံတော်ချိန် နေ့လည်ပိုင်း အချိန်လောက်တွင် ဆိုးလ်မြို့သို့ ရောက်ရှိလာခဲ့၏။

လေယာဉ်ပေါ်က ဆင်းပြီးသည်နှင့် ချီရှန်းကျောက်ထံ ဆက်သွယ်လိုက်သည်။

“ ဥက္ကဌလင်း ….”

“ ဆမ်ဆောင်းက အခြေအနေ ဘယ်လိုရှိလဲ …”

“ လီယုံချောကိုတော့ ဆိုးလ် ပြည်သူ့ဆေးရုံမှာ တင်ထားတယ် … သူတို့ရဲ့ ဥပဒေဌာနက ဒီကိစ္စကို အရေးယူဖို့ဆိုပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနကို တင်ပြလာပါတယ် …”

“ ငါတို့ဘက်ကရော ဘယ်လိုတုံ့ပြန်လိုက်လဲ …”

“ လျစ်လျူရှုထားတာပေါ့ … စော်ကားတယ်လို့ နာမည်တပ်ပြီး သူတို့ကို အရှက်ကွဲအောင် လုပ်ထားတယ် …”

ချီရှန်းကျောက် ရယ်မောပြီးသည့်နောက် ထပ်ပေါင်းပြောလိုက်သည်။

“ ဒီလိုမျိုး နယ်နိမိတ်ကျော်ပြီး တရားစွဲဖို့ဆိုတာ ကိုင်တွယ်ဖို့ မဖြစ်နိုင်လုနီးပါးပဲ … ပြီးတော့ ဥက္ကဌလင်းရဲ့ အဆင့်အတန်းနဲ့ အထက်အကြီးအကဲ‌တွေက သူတို့ ဖြစ်ချင်တဲ့အတိုင်း ကျိန်းသေပေါက် လုပ်ခွင့်ပေးမှာ မဟုတ်ဘူး … ကျန်တာကတော့ ဒီတိုင်း သူတို့နဲ့ အချိန်ဆွဲနေရုံလောက်ပဲပေါ့ …”

ခေတ္တ ရပ်တန့်ပြီးနောက်တွင် ချီရှန်းကျောက် ဆက်ပြော၏။

“ ကြည့်ရတာတော့ ဆမ်ဆောင်းက ဒီကိစ္စကို ဥပဒေ လမ်းကြောင်းကနေ ဖြေရှင်းဖို့ ကြိုးစားချင်နေသလိုပဲ … ဒါပေမယ့် သူတို့အောင်မြင်သွားမှာကို ကျုပ်စိုးရိမ်နေတာ … သူတို့ဘက်က ဒီကိစ္စကို သတင်းမီဒီယာတွေ သုံးပြီး ဖိအားပေးရင် ပေးလာနိုင်တယ် … အဲ့တစ်ချက်တော့ ကျုပ်တို့ သတိပြုရမယ် ….”

“ အဲ့တာအပြင်ကို ဆမ်ဆောင်းက ဒီခုလို အနေအထားထိ ရောက်လာခဲ့တာ သူတို့လက်‌တွေ သန့်ရှင်းနေတယ်ဆိုတာ မဖြစ်နိုင်ဘူး … အစွန်းရောက်တဲ့ နည်းလမ်းတွေ သုံးလာမှာကိုလည်း ကျုပ် စိတ်ပူတယ် …”

“ အဲ့တာက ပြဿနာ မရှိဘူး … ငါ ကိုင်တွယ်လိုက်မယ် …” လင်းရီ ခွန်းတုံ့ပြန်လိုက်ပြီး “ ငါ မင်းကို ပြောထားတဲ့ဟာတွေ စီစဉ်ပြီးပြီလား ….”

“ အင်း … အကုန်ပြီးပြီ …” ချီရှန်းကျောက် အတည်ပြုပေးလိုက်ပြီး “ ဖူရုံခန်းမ ၊ အခန်း 203 မှာ … တွေ့ဆုံရမယ့် အချိန်က မွန်းလွဲပိုင်း တစ်နာရီခွဲ …”

လင်းရီ နာရီကို တစ်ချက် ကြည့်လိုက်သည်။ “ အချိန်က ကွက်တိပဲ … ငါ အရင် သွားလိုက်ဦးမယ် … နောက်မှ ဆက်ပြောကြတာပေါ့ ….”

“ အိုကေ ….”

ချီရှန်းကျောက်နှင့် ဖုန်းပြောပြီးနောက် လင်းရီသည် သူ၏ မာ့စ်နှင့် လျှာထုပ်ဦးထုပ်ကို ချိန်ညှိလိုက်ပြီး တက္ကစီတစ်စင်း ငှားရမ်း၍ ဖူရုံခန်းမသို့ ဦးတည်လိုက်သည်။

ဆိုးလ်မြို့၊ ဖူရုံခန်းမက အဆင့်မြင့်စားသောက်ဆိုင်ကြီး တစ်ဆိုင် ဖြစ်သည်။

မီချယ်လင်းကြယ်ပွင့်တို့ မရှိပါသော်လည်း ၎င်း၏ ထူးခြားသည့် ပတ်ဝန်းကျင် အပြင်အဆင်နှင့် ထိပ်တန်း အရည်အသွေးရှိသည့် ဟင်းအမယ်တို့ကြောင့် အတော်အတန် ဂုဏ်သတင်းကြီးသည်။

မွန်းလွဲပိုင်း တစ်နာရီခွဲ အတိအကျတွင် လင်းရီသည် ဖူရုံခန်းမသို့ ရောက်ရှိလာခဲ့လေသည်။ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် တစ်ချက် ကြည့်ပြီးနောက် အပေါ်ထပ်သို့ တက်လာခဲ့ကာ အခန်း 203 ရှေ့မှောက်သို့ ရောက်လာခဲ့သည်။

ဒေါက် ဒေါက် ဒေါက် …

လင်းရီ တံခါးခေါက်လိုက်သည့် အခါ၌ အတွင်းမှ နူးညံ့သည့် အသံတစ်သံက ထွက်ပေါ်လာသည်။

“ ဝင်ခဲ့ …”

လင်းရီ တံခါး တွန်းဖွင့်၀င်လိုက်သည်။ အတွင်းတွင် ဒီဇိုင်နာချုပ် အနက်ရောင်ချည်ထည် အဝတ်ကို ဝတ်ဆင်ထားသည့် အသက် သုံးဆယ်ကျော် အရွယ် အမျိုးသမီး ထိုင်နေသည်။ သူမက ပရော်ဖက်ရှင်နယ်ဆန်သည့် အငွေ့အသက်တို့အား ထုတ်လွှတ်နေခဲ့၏။

“ မစ်ကျီ ……”

တံခါးပွင့်လာခဲ့သည်နှင့် အမျိုးသမီးက စကားဆို၍ မတ်တပ်ရပ်လိုက်၏။ သို့သော် လင်းရီကို မြင်တွေ့သွားသည့် အချိန်၌ သူမ၏ အမူအရာက အေးခဲသွားခဲ့သည်။

အထဲဝင်လာသည့်လူက သူမ မျှော်လင့်ထားသည့်လူ ဟုတ်မနေခဲ့ချေ။

“ နင် ဘယ်သူလဲ …”

အမျိုးသမီးက လင်းရီကို သတိထားသည့် မျက်လုံးတို့ဖြင့် ကြည့်လိုက်ပြီး မသိစိတ်အလျောက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ကာ မျက်နှာအမူအရာကလည်း အေးစက်တင်းမာနေသည်။

ဤနေရာ၌ လာရောက်တွေ့ဆုံရန် သဘောတူခဲ့သည်က ကျီချင်းရန်ကြောင့်ပင်။

သူမ ကျီချင်းရန်ကို အမြဲတစေ လေးစားခဲ့၏။ သူမက ကိုယ်ပိုင် ကုမ္ပဏီကို တစ်ယောက်တည်း ဦးစီးဦးဆောင် ပြုနေပြီး ထိုကဲ့သို့သော အချင်းအရာကို သူမကိုယ်တိုင်ပင် လုပ်နိုင်မည်ဟု ယုံကြည်ချက် မရှိပေ။

သို့သော် ယခု … သူမအရှေ့တွင် ထွက်ပေါ်လာသည့်လူက လုံးလုံးလျားလျား မတူကွဲပြားသည့် လူတစ်ယောက် ဖြစ်နေခဲ့ပြီး ယင်းက သူမ၏ စိတ်အခြေအနေတစ်ခုလုံးကို ဗြောင်းဆန်သွားစေခဲ့သည်။

“ မိန်းကလေးလီ … အဲ့လောက်ထိ ရန်လိုဖို့ မလိုပါဘူး … ငါ့ကောင်မလေးက မအားတာနဲ့ သူ့ကိုယ်စား တစ်ချို့ ကိစ္စလေးတွေ ဆွေးနွေးဖို့ ဒီကို ရောက်လာခဲ့တာပါ ….”

ပြောရင်းဖြင့် လင်းရီ သူ၏ မာ့စ်ကို ချွတ်ကာ မျက်နှာအား လှစ်ဟာပြလိုက်သည်။

“ နင်က လင်းယွင်အုပ်စုရဲ့ ဥက္ကဌလင်း …”

“ အမှန်ပါပဲ …”

လင်းရီ၏ ရှေ့မှောက်တွင် မတ်တပ်ရပ်နေသည့်လူကား လီယုံချော၏ ညီမ၊ လီယုံဂျင်းကလွဲပြီး အခြားသူ မဟုတ်ပေ။

လွန်ခဲ့သည့် သုံးနှစ်ခန့်က လီယုံဂျင်း အုပ်စုအတွင်း တာဝန်တစ်ချို့ကို လက်လွှဲပြောင်း မယူမီ သူမနှင့် လင်းရီသည် စီးပွားရေး ပရောဂျက် တစ်ခုကို အတူပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည်။

ထိုအချိန်ကတည်းက တစ်ယောက်ကိုယ်တစ်ယောက် အထင်အမြင်ကောင်းတို့ ကျန်ရစ်ခဲ့ကြပြီး လတ်တလော နှစ်များ၌ ပူးပေါင်းဆောင်ရွက်မှုတို့ မပြုလုပ်ခဲ့ပါသော်လည်း အဆက်အသွယ်ကတော့ မပြတ်တောက်သွားခဲ့ပေ။ ထို့ကြောင့်ပဲ ကျီချင်းရန်က ယခုလို တွေ့ဆုံမှုမျိုးကို စီစဉ်ပေးနိုင်ခဲ့ခြင်းပင်။

လင်းရီ၏ အထောက်အထားကြောင့် လီယုံဂျင်းကလည်း သူ့ကို သိနေသည်။ အကယ်၍ ဆမ်ဆောင်း၏ အမွေဆက်ခံသူ စာရင်းထဲ ပါဝင်နေသူက လင်းယွင်အုပ်စု၏ ဥက္ကဌ မည်သည်မည်ဝါ ဖြစ်သည်ကို မသိခဲ့လျှင် အမှန်ပင် အရည်အချင်း သိမ်ဖျင်းရာ ကျသွားလိမ့်မည်။

ထို့ပြင် သူမအစ်ကို၏ ဒဏ်ရာကလည်း လင်းရီကြောင့် ရရှိခဲ့ခြင်း ဖြစ်ကာ လင်းရီအပေါ် သူမ၏ အမြင်တို့အား ပိုပြီး နက်ရှိုင်းသွားစေခဲ့လေသည်။

“ ဥက္ကဌလင်း … ငါ တကယ်ပဲ သိချင်သွားပြီ … နင်က ဥက္ကဌကျီ နာမည်နဲ့ ဘာလို့ ငါ့ကို ဒီနေရာမှာ တွေ့ဖို့ ချိန်းလိုက်ရတာလဲ ….”

“ ငါမင်းကို ဆမ်ဆောင်းရဲ့ နံပါတ်တစ် ဆက်ခံသူ ဖြစ်လာအောင် ကူညီပေးလို့ရတယ် … မင်း အဖေ အနားယူသွားတာနဲ့ မင်းက လီမိသားစုကို ထိန်းချုပ်လိုက်ရုံပဲ …” လင်းရီ ပြုံးလိုက်ပြီး “ ဘယ်လိုလဲ … စိတ်ဝင်စားရဲ့လား မိန်းကလေးလီ …”

“ နင် လာနောက်နေတာလား …” လီယုံဂျင်းက လင်းရီကို လှောင်ပြောင်သလို ကြည့်လိုက်ပြီး မတူမတန် ဆက်ဆံသည့် အရိပ်အမြွက်တို့ပင် အနည်းငယ် ပါဝင်နေခဲ့သည်။

“ ငါ ဘယ်သူလဲ မင်းသိတယ် … ဒီတော့ ငါ နောက်နေလား မနောက်နေဘူးလား ဆိုတာလည်း မင်းသိတယ်….” လင်းရီ တည်တည်ငြိမ်ငြိမ်ပဲ တုံ့ပြန်လိုက်၏။

“ လီမိသားစုရဲ့ အတွင်းရေး အခြေအနေကို မင်း ကောင်းကောင်း နားလည်ပါတယ် … လီယုံချောက အရည်အချင်းသာ မသာရင် မသာမယ် … ဒါပေမယ့် အနည်းဆုံးတော့ ဆမ်ဆောင်း အုပ်စုကို သူ့လက်ထဲရောက်အောင် ယူနိုင်သေးတယ် … “

“ဆမ်ဆောင်းအုပ်စုကို မင်းတို့နှစ်ယောက်ထဲ ဘယ်သူက ပိုပြီး ဦးဆောင်နိုင်လဲ ဆိုတာကတော့ လူတိုင်းထက်ပိုပြီး မင်း ကိုယ့်အခြေအနေကိုယ် သိပါတယ် … ဒါပေမယ့် တောင်ကိုးရီးယားရဲ့ မိသားစုကြီးတွေမှာ သားယောက်ျားလေးကပဲ ဆက်ခံသူ ဖြစ်ရမယ်ဆိုတဲ့ ရှေးရိုးစွဲဝါဒက အခုထိ အမြစ်တွယ်နေတုန်းပဲ … မင်းရဲ့ လက်ရှိ အနေအထားနဲ့ ဆမ်ဆောင်းအုပ်စုကို လွှဲပြောင်း ထိန်းချုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး… ဒီတော့ ငါ့ရဲ့ ကမ်းလှမ်းချက်ကို မင်းစဉ်းစားချင်မှာပါ …”

လီယုံဂျင်း ချက်ချင်းမတုံ့ပြန်ဘဲ ထိုအစား လင်းရီကိုသာ လှောင်ပြောင်သည့် မျက်ဝန်းတို့ဖြင့် ကြည့်ရှုနေခဲ့သည်။

မျက်ဝန်းတို့မှ တစ်ဆင့် သူ့ကို ထွင်းဖောက်ကြည့်နေချင်သည်။ သို့သော် လင်းရီက သူမကို အခွင့်အရေး မပေးပေ။

သူ နာရီကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာ ဆိုလိုက်၏။

“ မင်းလည်း အလုပ်များနေရောပေါ့ … ဒီတော့ ငါ မင်းရဲ့ အချိန်တွေ မဖြုန်းတော့ဘူး …”

ပြောပြီးသည်နှင့် လင်းရီသည် သူ၏ နာမည်ကတ်ကို ကမ်းပေးလိုက်ပြီး “ အချိန် ဆယ်မိနစ် … ဆုံးဖြတ်ပြီးရင် ငါ့ဆီ ဆက်သွယ်လိုက် … မဟုတ်ရင် ငါ ထွက်သွားတော့မှာ … ပြီးရင် ငါတို့ ကိုယ့်လမ်းကိုယ် လျှောက်ကြတာပေါ့ ….”

သူ ထွက်ခွာခါနီး အချိန်မှာပဲ လင်းရီသည် လီယုံဂျင်းအား ပြုံးပြလျက် ထပ်ပေါင်းပြောဆိုလိုက်သည်။

“ ဟွာရှ နန်းတွင်းဇာတ်ကားတွေ မင်းကြည့်ဖူးလား ... သရဖူဆောင်း အိမ်ရှေ့စံမင်းသား နန်းတက်တဲ့အချိန်ကျရင် ကျန်တဲ့ မင်းသားတွေအားလုံး အဆုံးသတ်ကောင်းနဲ့ ကြုံတယ်ဆိုတာ ရှားတယ် … မင်းက ဉာဏ်ကောင်းတဲ့လူဆိုတော့ ငါပြောချင်တာကို နားလည်လောက်မှာပါ …. ဒီတော့ ငါ သွားပြီ … မင်းဘာမင်း အချိန်ယူပြီး စဉ်းစား …”

လင်းရီ တုံ့ဆိုင်းခြင်း မရှိ လှည့်ထွက်ခွာသွားခဲ့သည်။ သို့သော် သူ တံခါး ဆွဲဖွင့်သည့် အချိန်မှာပဲ လီယုံဂျင်း၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။

“ ထွက်သွားဖို့ မလိုဘူး … ငါဆုံးဖြတ်ပြီးပြီ …”

All Chapters