← Chapters

လင်းရီ၏ အစီအစဉ်

Vol. 142 Ch. 2120

လင်းရီ၏ အစီအစဉ်

Vol. 142 Ch. 2120

နာ့စ်ရောက်လာသည့် အခါ၌ လီယုံချောကို ဝန်းရံနေသည့် ဆွေမျိုးသားချင်းတို့လည်း ချက်ချင်းလက်ငင်း နေရာဖယ်ပေးလိုက်ကြသည်။

လီယုံချော သူ့လက်မောင်း ဆန့်ထုတ်ပေးပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးလာသည်။

နာ့စ်၏ လှုပ်ရှားမှုတိုင်းက ညင်သာလှပြီး မည်သည့် အမှားအယွင်းမျှ မဖြစ်ပွားစေရန် အထူးတလှယ် ဂရုစိုက်နေလျက် ရှိသည်။

ဆေးထိုးသည့် ဖြစ်စဉ်က မိနစ်ဝက်မျှသာ ကြာပြီး ၊ ပြီးသည့်နောက် နာ့စ်က ဆေးတစ်လုံး ချိတ်ပေးခဲ့ကာ အခန်းထဲက ပြန်လည်ထွက်ခွာသွားခဲ့သည်။

၎င်းနောက် ချက်ချင်းပဲ လီယုံချောအနားသို့ ဆွေမျိုးသားချင်းတို့က ပြန်လည် စုပြုံလာကာ စိုးရိမ်ပူပန်သည့် စကားလုံးတို့ဖြင့် နှစ်သိမ့်ပေးနေခဲ့ကြသည်။

လီယုံဂျင်းက တံခါးဝနားတွင် မတ်တပ်ရပ်နေလျက်သာ ရှိနေရင်း ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲတွင် နစ်မြောနေကာ ဤပြဿနာကို လင်းရီ မည်သို့ ဖြေရှင်းမည်လဲဆိုတာကို သိချင်စိတ် ပြင်းပြနေခဲ့၏။

သူမ အမွေဆက်ခံသူ ဖြစ်လာနိုင်မည့် မရေမတွက်နိုင်သည့် နည်းလမ်းတို့အား စိတ်ကူးခဲ့ဖူးသည်။ သို့သော် မည်သည့်နည်းလမ်းကမျှ ထင်သာရှင်းလင်းသည့် အဖြေတစ်ခုကို ထုတ်မပေးနိုင်ခဲ့ချေ။

ထို့ကြောင့်ပဲ လင်းရီ၏ မည်ကဲ့သို့သော နည်းလမ်မျိုးက သူမပင် မစွမ်းနိုင်ခဲ့သည့် အရာကို ရရှိစေမည်နည်း။

“ အားးးးးး “

လီယုံချော၏ နာကျင်စွာ အော်ဟစ်သံက ထွက်ပေါ်လာခဲ့ပြီး အခန်းထဲရှိ လူတိုင်းကို အထိတ်တလန့် ဖြစ်သွားစေခဲ့ကာ လူတိုင်းကို ရှုပ်ထွေးပြီး ပျာယာခတ်စေသည့် အခြေအနေသို့ ရောက်ရှိသွားစေသည်။

လီယုံဂျင်းသည်ပင် မသိစိတ်အလျောက် လီယုံချောအနားသို့ ပြေးလာခဲ့မိသည်။

“ အားးးးး “

လီယုံချော နာကျင်စွာ အော်ဟစ်နေပြီး မျက်နှာကလည်း ဖြူလျော်နေကာ သူ၏ အခင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့၏။ မျက်လုံးတို့ကလည်း ပြူးကျယ်နေပြီး ခွေးရူးပြန်နေသည့် လူတစ်ယောက်ကဲ့သို့ ကုတင်ပေါ်တွင် ဘယ်ညာလူးလိမ့်ရုန်းကန်နေသည်။

“ ဘာဖြစ်တာလဲ ... ဘာဖြစ်တာလဲ … ဆေးနဲ့ ဓာတ်မတည့်တာလား .. မြန်မြန် ဆေး ---- “

“ မြန်မြန် ဆရာဝန်ခေါ် …” လီယုံဂျင်း‌ အော်ဟစ်လိုက်၏။

“ ခုချက်ချင်း …”

လီယုံဂျင်းက အမွေဆက်ခံသူ စာရင်းထဲတွင် ပထမ တစ်ယောက် မဟုတ်သော်လည်း အုပ်စုတွင်းရှိ သူမ၏ ဩဇာအာဏာကလည်း ပေါ့သေးသေးမဟုတ်ပေ။

ထို့ပြင် သူမက လီယုံချော၏ ညီမငယ်ဖြစ်၏။ ထို့ကြောင့် ယခုလို အခိုက်အတန့်၌ ကပ်ဖားလျက်ဖား ဆွေမျိုးတို့က သဘာဝအလျောက် သူမ၏ စကားကို နာခံမည်သာ။

သို့သော် လီယုံဂျင်း၏ အမူအရာက သူမ၏ ကြောင့်ကြနေသည့် သွင်ပြင်ကို သစ္စာဖောက်နေခဲ့သည်။ ချွေးအေးတို့က နဖူးထက်မှနေ၍ တတောက်တောက် စီးကျနေလျက် ရှိ၏။

သူမ လင်းရီ၏ နည်းလမ်းကို သိရှိသွားခဲ့ပြီ။

နာ့စ် ချိတ်ပေးလိုက်သည့် ဆေးထဲတွင် ပြဿနာ တစ်ခုခု ရှိနေရမည်။

သို့သော် သူမ၏ သံသယကို အပြင်သို့ ထုတ်ပြောမည့် အစား အရေးကြီးသည့် အခိုက်အတန့်၌ ကျင်လည်သည့် ဆုံးဖြတ်ချက် တစ်ခုကို သူမ ချမှတ်ခဲ့၏။

ဆွေမျိုးများက ဆေးချိတ်ထားသည့် အပ်ကို ဖြုတ်ရန် အကြံပြုခါနီးတွင် သူမက ကြားဖြတ်ပြောဆိုလိုက်ပြီး ဆရာဝန်ကို အရင်ဦးဆုံး သွားအကြောင်းကြားရန် အမိန့်ပေးလိုက်သည်။

ဤကြန့်ကြာမှုက ဆေးချိတ်ထားသည့် အချိန်ကို စက္ကန့်အနည်းငယ်မျှ ရှည်ကြာသွားစေလိမ့်မည်။ ရလဒ် အနေဖြင့် လီယုံချော၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့် ဓာတ်မတည့်မှုများကလည်း ပိုပြီး တိုးမြင့်သွားပေမည်။

အမျိုးသမီးတစ်ဦး၏ နှလုံးသားက ရက်စက်သည်ဟု လူတို့ မကြာခဏ ပြောလေ့ ရှိကြသည်။ လီယုံဂျင်းက ဥပမာကောင်းတစ်ခု ဖြစ်၏။

လီယုံချောက သူမ၏ သွေးရင်းမောင်လေး ဖြစ်ပါသော်လည်း ယခု သူ သေရတော့မည်။

ထိုအချိန်မှာပဲ တံခါး တွန်းပွင့်လာခဲ့ပြီး ဒေါက်တာနှင့် နာ့စ်များက အခန်းထဲသို့ အရေးတကြီး ဝင်ရောက်လာခဲ့ကြသည်။

သူတို့ ပထမဆုံး လုပ်သည့်အလုပ်က ဆေးချိတ်ထားသည့် အပ်ကို ဖြုတ်ခြင်း ဖြစ်၏။

သို့သော် ထိုအချိန်၌ လီယုံချောမှာ ပါးစပ်တွင်း၌ အမြုပ်တို့ ပြည့်နှက်နေပြီး သူ၏ ခန္ဓာကိုယ်လည်း အပြင်းအထန် အကြောဆွဲနေခဲ့ကာ အတော်လေး စိုးရိမ်ဖွယ်ကောင်းသည့် အခြေအနေပင်။

ထိုအချိန်၌ လီယုံဂျင်းသည် ဘေးသို့ ကပ်ရပ်နေလိုက်ပြီး သူမ၏ လက်တို့က တဆတ်ဆတ် တုန်ယင်နေကာ အင်္ကျီနောက်ကျောတစ်ခုလုံးလည်း ချွေးအေးတို့ ရွှဲနစ်နေခဲ့၏။

လီယုံချော ယနေ့ အသက်မသေဆုံးပင်လျှင် ပြန်လည်ကုစားမရနိုင်သည့် ထိခိုက်မှုတို့ ဖြစ်သွားခဲ့မှာကို သူမ သိသည်။ အနာဂတ်တွင် ဆမ်ဆောင်းအုပ်စုကြီးကို ထိန်းချုပ်နိုင်မည့် သူ၏ အခွင့်အရေးကြီးလည်း ယခု ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။

ထို့ပြင် ကြောက်လန့်မှုက သူမ၏ လည်မျိုကို ဆက်တိုက်ဖျစ်ညှစ်နေခဲ့ပြီး .. အထူးသဖြင့် လင်းရီအပေါ် ကြောက်ရွံ့မှု ဖြစ်၏။

သူမ မရေမတွက်နိုင်သည့် ဖြစ်နိုင်ချေမျိုးစုံကို စိတ်ကူးကြည့်ခဲ့ဖူးသည်။ သို့သော် ဤတစ်ခုကိုတော့ သူမ စိတ်ကူးမယဉ်မိခဲ့ချေ။

လီယုံချောကို လူမြင်ကွင်းတွင် ဓားနှင့်ထိုးခဲ့သည်က တစ်ကဏ္ဍ ၊ သို့သော် သူ့အလုပ်ပြီးသည်နှင့် ချက်ချင်း ပြန်ရောက်ချလာသည်။

ဤအမျိုးသားက သိပ်ကို ရဲတင်းလွန်းသည်။

ထိုအခါမှပဲ လီယုံဂျင်းသည် လင်းရီ၏ ဤစီစဉ်မှုထဲတွင် သူမ ပေးဆပ်ရမည့် တန်ဖိုးကို နားလည်သဘောပေါက်သွားခဲ့တော့၏။

ဤမျှ ပြင်းထန်သည့် မတော်မဆမှုတွင် သူမ၏ မိသားစုက နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးလာမည်မှာ မြေကြီးလက်ခတ် မလွဲဖြစ်ပြီး မတတ်သာသည့်အဆုံး ပြင်းထန်သည့် နည်းလမ်းများကိုပင် အသုံးပြုလာနိုင်သည်။

လင်းရီ သူမကို အထဲသို့ ဆွဲခေါ်သွင်းခဲ့သည်က ဖြစ်ရပ်ပြီးနောက်တွင် နှစ်ဖက်ကြား၌ ရင်ကြားစေ့ပေးနိုင်စေရေး အတွက် ဖြစ်၏။

သူမဘက်က ပိုပြီး အားစိုက်ထုတ်လေလေ ၊ ထိခိုက်ပျက်စီးမှုတို့ကလည်း ပို၍ နည်းပါးလေလေ ဖြစ်ပြီး လင်းရီသည်လည်း အန္တရာယ်ကင်းမှာ ဖြစ်၏။

သို့သော် … သူမက ထိုမျှ စွမ်းဆောင်နိုင်သည်အထိ လွှမ်းမိုးနိုင်စွမ်း ရှိလိမ့်မည်လော….။

လီယုံဂျင်း မသေချာပေ။ မည်သို့ပင်ဆိုစေ လီယုံချောက မိသားစု အမွေကို ဆက်ခံနိုင်သူ စာရင်းထဲ ပထမဆုံး တစ်ယောက်ဖြစ်သည်။ ထိုအချက်ကို လူတိုင်း သိကြ၏။

ယခု ဤကဲ့သို့ ကိစ္စမျိုး ဖြစ်လာခဲ့ဖြစ်ရာ သူမ၏ အဖေသည် ဤကိစ္စကို အဆုံးထိ လိုက်စုံစမ်းမည်မှာ သေချာပေါက်ပင်။ ထိုသို့ ပြုမှသာလျှင် မိသားစု၏ ဂုဏ်သတင်းကို ကာကွယ်နိုင်မှာ ဖြစ်၏။

သူမပင် အကျိုးဆက်များကို လျော့ချပေးရာ၌ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ချေ မရှိလောက်ပေ။

အရေးကြီးဆုံး ပြဿနာက ထိုအရာဖြစ်၏။ သူမ အဖေ၏ ကျန်းမာရေးက သိပ်မကောင်းဘူးဆိုသော်ငြားလည်း လက်ရှိ ဆေးဝါး နည်းပညာတို့ဖြင့် နောက်နှစ်တွေ အကြာကြီးထိ တောင့်ခံထားဖို့က ပြဿနာ မရှိပေ။

ယခုအချိန်၌ ဆမ်ဆောင်းရှိ အရာရာတိုင်းက သူ့စကားတစ်ခွန်းဖြစ်၏။

ဤကိစ္စ မည်မျှ အတိုင်းအတာထိ ချဲ့ကားသွားမည်လဲဆိုသည်က လီယုံဂျင်း နားလည်နိုင်သည့်အလွန်ကို ရောက်ရှိနေပေသည်။

ကလင် ကလင် ကလင် …

ရုတ်တရက် ထွက်ပေါ်လာခဲ့သည့် ဖုန်းမြည်သံက သူမ၏ အတွေးရေယာဉ်ကြောကို ပြတ်တောက်သွားစေခဲ့သည်။ သူမ မိသားစု၏ ဆရာဝန်ထံမှ ဖြစ်၏။

အခန်းကလည်း ပရမ်းပပတာ ဖြစ်နေသဖြင့် လီယုံဂျင်းသည် အပြင်သို့ ထွက်ကာ ဖုန်းကိုင်လိုက်သည်။

“ ဒေါက်တာဘတ် …”

“ မမလေးလီ … သခင်ကြီး တစ်ခုခု ဖြစ်သွားခဲ့တယ် … ကျွန်တော်တို့ အခု ဆေးရုံကို သွားတဲ့ လမ်းမှာ … မင်းလည်း အဲ့မှာ ရှိနေတယ် မလား ….”

လီယုံဂျင်း ရင်ထဲ ဒိန်းခနဲ ဖြစ်သွားခဲ့သည်။

“ ရှင် ဘာပြောလိုက်တယ် .. ကျွန်မ အဖေ တစ်ခုခု ဖြစ်သွားတယ်ဟုတ်လား … ကျွန်မ ထွက်လာခဲ့တုန်းကတောင် အကောင်းအတိုင်းချည်းပဲလေ .. ဘယ်လိုတွေ ဖြစ်သွားခဲ့တာလဲ ….”

“ သခင်ကြီးက သခင်မရဲ့ ဆေးကို မှားသောက်မိပြီး အခု သူ့သွေးတွေ တအားထိုးတက်နေတယ် … သူ အခု သတိလစ်သွားခဲ့ပြီ …”

“ သတိလစ်သွားခဲ့ပြီ …..”

လီယုံဂျင်း အေးခဲသွားခဲ့ပြီး သူမလက်ထဲရှိ ဖုန်းလည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျခုန်ပေါက်သွားခဲ့သည်။

ဤသည်က တိုက်ဆိုင်မှုလို့ သူမ မယုံကြည်ပေ။ ယင်းက လီမိသားစုကို ဆန့်ကျင်ရန်အတွက် သေချာ ဂရုတစိုက်နှင့် စီစဉ်ဖန်တီးထားသည့် ထောင်ချောက်တစ်ခုသာဖြစ်ရမည်။

သူမ၏ အဖေ သေသည်ရှင်သည်က စောင့်ကြည့်ရဦးမည့်အရာ ဖြစ်၏။ သို့သော် သေချာသည့် အရာတစ်ခုကတော့ … သူသည် ဆမ်ဆောင်းကို ဆက်ပြီး အုပ်ချုပ်နိုင်မှာ မဟုတ်တော့ချေ။

ထို့ပြင် သူမ အစ်ကိုကလည်း သေမင်းနှုတ်ခမ်းဝသို့ ရောက်ရှိနေနှင့်ပြီး လီမိသားစုအတွင်းရှိ စည်းချက်ကလည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

လင်းရီက အရာအားလုံးကို အနုစိတ် စီစဉ်ထားခဲ့သည်မှာ သိသာသည်။ သို့သော် ဤကဲ့သို့သော အခွင့်အရေးအား သူမ အမိအရ ဖမ်းဆုပ်နိုင်ခြင်း ရှိမရှိက ၊ သူမအပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေတော့သည်။

ထိုအချိန်မှာပဲ လီယုံဂျင်း၏ ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်သွားခဲ့ပြီး လက်နှစ်ဖက်ကလည်း ချွေးတို့ဖြင့် ချော်ထွက်နေသည်။

အဲ့ဒီလူ … သူက တကယ့်ကို သွေးအေးရက်စက်တဲ့ မကောင်းဆိုးဝါးပဲ …. ။

…….

ဆမ်ဆောင်းသည် တောင်ကိုးရီးယား၏ ဒိတ်ဒိတ်ကျဲ ကုမ္ပဏီကြီးများထဲက တစ်ခု ဖြစ်သည့်အလျောက် ၎င်း၏ အတွင်းရေး ကိစ္စတို့ သတင်းခေါင်းစီး ဖြစ်သည်ဆိုသည်မှာ အင်မတန် ရှားပါးသည့်ကိစ္စရပ်ပင်။

သန်းခေါင်ယံ ကောင်းကင်က ဆိုးလ်၏ ညအမှောင်ထုထဲသို့ တိုးဝင်သွားခဲ့ပြီး တစ်မြို့လုံးကို ငြိမ်သက်အေးချမ်းနေစေသည်။

မိုးမျှော်အဆောက်အဦးများ ဝန်းရံနေလျက် ရှိသည့် မြောင်ဒုန်းလမ်းရှိ လေးထပ် အဆောက်အဦးတစ်ခုမှာ အနီးနားရှိ မိုးမျှော်တိုက်တို့နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက အသိမှတ်ပြုလောက်စရာ မရှိပါသော်လည်း ယင်းက အထူးနေရာ တစ်ခု ဖြစ်နေခဲ့သည်။

၎င်း အဆောက်အဦး၏ ဗိသုကာက ဗြိတိသျှလက်ရာစစ်စစ် ဖြစ်ပြီး ပြတ်ပြတ်သားသား ခြားနားသည့် ကွဲပြားမှုတစ်ခုကို ပေးစွမ်းနေသည်။

နိုင်ငံခြားသားများနှင့် ဒေသခံလူများက ဤနေရာသို့ ဓာတ်ပုံရိုက်ရန် နေ့တိုင်း လာရောက်ကြပြီး ရလဒ်အနေဖြင့် စီးပွားရေး ကောင်းမွန်သည့် နေရာပတ်ဝန်းကျင် တစ်ခု ဖြစ်လာလေသည်။

ဤအဆောက်အဦးကြီးကတော့ ကမ္ဘာပေါ်ရှိ ဖရီးမေဆင် ရုံးစိုက်ထားသည့် နေရာကြီး ခြောက်ခုထဲက တစ်ခုဖြစ်သည့် ဘုရားရှိခိုးကျောင်းကြီးပင်။

ညဉ့်နက် အချိန်တွင် ဖရီးမေဆင်၏ အဆောက်အဦးကြီးက ဆန်းကြယ်ပြီး သည်းထိတ်ရင်ဖိုဖို့ကောင်းနေလျက် ရှိကာ နေ့ခင်းပိုင်း စည်ကားသိုက်မြိုက်နေသည့် အချိန်နှင့် ကမ္ဘာခြားသကဲ့သို့ ဝေးကွာနေလျက် ရှိ၏။

ချလပ် …

ညင်သာသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဘေးပြတင်းပေါက် တစ်ချပ်ပွင့်ဟလာခဲ့ကာ အနက်ရောင် အရိပ်တစ်ခုက အထဲသို့ ခုန်ဝင်လာခဲ့သည်။

ထိုပုံရိပ်ကတော့ လင်းရီကလွဲ၍ အခြားသူမဟုတ်ပါချေ။

ထို့ပြင် သူ့ကိုယ်ပေါ်၌ အိတ်ကြီးနှစ်လုံး ရှိနေခဲ့၏။

တစ်ခုက ကျောင်းလွယ်အိတ်ဖြစ်ပြီး ကျန်တစ်လုံးကတော့ အတော်လေး လေးလေးပင်ပင် ရှိနေသည်။

ဖရီးမေဆင် အဆောက်အဦးထဲသို့ အခြားသူများ သတိပြုမိခြင်း မရှိဘဲ ဝင်ရောက်ပြီးသည့်နောက်တွင် လင်းရီသည် အချိန်တစ်စက်မျှ မဖြုန်းပါဘဲ စတင် လုပ်ငန်းစတော့သည်။

ဤနေရာကို မီးရှို့ပြီးသည်နှင့် သူ၏ မစ်ရှင်လည်း ပြီးမြောက်သွားချေပြီ။

အနားတွင် မည်သူကိုမျှ မတွေ့ရပါသော်လည်း လင်းရီမှာ သတိမပေါ့ဝံ့ခဲ့ပေ။

ဖရီးမေဆင်၏ ဌာနချုပ်တို့က ကမ္ဘာ့နေရာ အနှံ့တွင် ခြောက်ခု ရှိပြီး ထိုအနက် ငါးခုက မီးလောင်သွားခဲ့ပြီး ဖြစ်၏။ တစ်ဖက်က စောက်ရူးများ မဟုတ်ကြချေ။ သူ၏ နောက်ပစ်မှတ်က ဆိုးလ်ဖြစ်မည်ဆိုတာ သံသယ ရှိရန် မလိုပေ။

သူဘက်က အင်မတန် သတိထားကာမှ တော်ကာ ကျလိမ့်မည်။

ထိုအချိန်မှာပဲ ဩရှသည့် အသံတစ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်း၍ ထွက်ပေါ်လာသည်။

“ နောက်ဆုံးတော့ မင်း ရောက်လာပြီပေါ့ … ငါ မင်းကို စောင့်နေတာတောင် ကြာပြီ …”

All Chapters