← Chapters

အခွင့်အရေး မပေး

Vol. 142 Ch. 2121

အခွင့်အရေး မပေး

Vol. 142 Ch. 2121

မှောင်မည်းတိတ်ဆိတ်နေသည့် ခန်းမကြီးထဲ တစ်စုံတစ်ယောက်၏ စကားပြောသံကို ရုတ်တရက် ကြားလိုက်ရသည့် အခါ၌ လင်းရီ၏ ခန္ဓာကိုယ်မှာ အလိုအလျောက် တောင့်တင်းသွားခဲ့ပြီး အသံလာရာ လမ်းကြောင်းဘက်သို့ ကြည့်ရှုလိုက်သည်တွင် အနက်ရောင် ဂျက်ကတ်နှင့် နိုင်ငံခြားတစ်ဦးက တရားဟောသည့် စင်မြင့်ထက်၌ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

လင်းရီ သူ ကိုင်ထားသည့် အရာများကို အောက်သို့ ချထားလိုက်ပြီး သူ၏ အမူအရာကမူ ပကတိ တည်ငြိမ်နေခဲ့၏။ မည်သည့် အံ့အားသင့်သွားခြင်းတို့မျှ မရှိခဲ့ချေ။

လူရှိနေမည်ကို လင်းရီ မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။ ဤလူက ဖရီးမေဆင် အဖွဲ့သား ဖြစ်မည်မှာ သံသယ ဝင်ရန် မလိုပေ။

သူ၏ စကေးအဆင့်ကတော့ … ဝေါ်ကာနှင့် တန်းတူလောက် ရှိသင့်၏။ အဘယ်ကြောင့်ဆိုသော် ထို့ထက် အဆင့်နိမ့်သည့် မည်သူကမျှ ဤမစ်ရှင်ကို ထမ်းဆောင်ဖို့ အရည်အချင်း မမီသောကြောင့်ပင်။

“ ဒါက နောက်ဆုံးတစ်ခုပဲ … ဒါတောင် မင်းတို့က အခုမှ ငါ့ကို မိတယ်ဆိုတော့ တော်တော်တော့ စိတ်ပျက်စရာပဲနော် ….” လင်းရီ စကားမှတ်ချက်ပေးလိုက်သည်။

ဂေလ်၏ အမူအရာ ပြောင်းလဲမသွားခဲ့ချေ။ “ မင်း လုပ်သွားခဲ့တာတွေက ငါ ထင်ထားတာထက်တောင် ကျော်နေတယ် … အဲ့အတွက်လည်း ငါမင်းကို လေးစားတယ် … ဒါပေမယ့် အဲ့တာက နောက်ဆုံး ရလဒ်ကို ပြောင်းသွားစေမှာတော့ မဟုတ်ဘူး … ဒီနေ့ ဘုရားရှိခိုးကျောင်းမှာ မင်းသေရမယ် ….” ဂေလ် အေးစက်စွာ ဆိုလိုက်သည်။

“ မင်း မလှုပ်ရှားခင် အန္တရာယ်ကင်းအောင် သံရုံးနဲ့ ဆက်သွယ်ထားပြီးပြီဆိုတာလည်း ငါသိတယ် … ဒါပေမယ့် မင်းရဲ့ ပြေးပေါက်တွေ အကုန်ပိတ်ထားပြီးပြီ … မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ ထားမနေနဲ့တော့ ….”

လင်းရီ ပြုံးလိုက်၏။ ပြတင်းပေါက်ကဆင့် ဖြာကျနေသည့် လရောင်အလင်းတန်းက သူ့မျက်နှာထက်သို့ အရိပ်ကျရောက်နေသည်။

“ နှိမ့်ချပြီးနေတာ အကောင်းဆုံးပဲ … မဟုတ်ရင် တန်ရာတန်ကြေး ပြန်ပေးရမယ် … ဖရီးမေဆင်ရဲ့ ခွန်အားက မင်းရဲ့ ကိုယ်ပိုင် ခွန်အားမဟုတ်ဘူး … ငါက လာတောင် လာရဲမှတော့ မင်းကို ကြောက်နေမယ်လို့များ ထင်လား …”

ခရက် ခရက် ခရက် …

ဂေလ် ခေါင်းကို ဘယ်ညာ လှည့်လိုက်ပြီး ပခုံးနှင့် လက်မောင်းရှိ အဆစ်အမြစ်တို့အား သက်တောင့်သက်သာ ဖြစ်အောင် ပြုလုပ်လိုက်သည်။

“ ဒါဆိုလည်း ကျုံးဝေ့တပ်ဖွဲ့ အသင်းခေါင်းဆောင်ရဲ့ အရည်အချင်းက ဘယ်လိုရှိလဲ ကြည့်ရသေးတာပေါ့ ….”

ပြောပြီးသည်နှင့် ဂေလ်ဘက်က တိုက်ခိုက်မှုကို ပြုလုပ်လာပြီး လင်းရီထံသို့ ပြေးဝင်လာခဲ့သည်။

သုံးမီတာ အကွာခန့်သို့ ရောက်သည့်ချိန်၌ ဂေလ် လေပေါ်သို့ ခုန်တက်လိုက်ပြီး လင်းရီ၏ မျက်နှာတည့်တည့်သို့ ဖြတ်ကန်လာခဲ့၏။

ဤသို့ဖြစ်မည်ကို လင်းရီ မျှော်လင့်ထားပြီး ဖြစ်ရာ လက်က ချက်ချင်းပဲ ခုခံသည့် ပုံစံကို ပြုလုပ်လိုက်သည်။

ဘန်း

လင်းရီ လက်မောင်းဖြင့် ကာဆီးလိုက်ပြီး ဂေလ်၏ တိုက်ရိုက်မှုကို ခံယူလိုက်၏။ သို့သော် ကန်အားကြောင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပြီးမှသာ ဟန်ချက် ပြန်ထိန်းလိုက်နိုင်သည်။

အဆိုပါ ရိုးရှင်းသည့် ဖလှယ်မှုတစ်ခုက ဂေလ်၏ ခွန်အား မည်သည့်အဆင့်ရှိသည်ကို လင်းရီအား သိရှိသွားစေခဲ့သည်။

ဂေလ်က ဘီအဆင့် ရောက်ရှိနေသည်မှာတော့ သံသယ ဖြစ်စရာအောင် ဖြစ်၏။ သို့သော် ဝေါ်ကာနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင်တော့ အနည်းငယ် လိုအပ်နေသေးသည်။

ဂေလ်က ဘီအဆင့်သို့ ရောက်ရှိသည်မှာ သိပ်မကြာသေးပုံပင်။ ဤသည်က လင်းရီ၏ စိုးရိမ်ပူပန်မှုများကို သိသိသာသာ လျော့ပါးသွားစေခဲ့၏။

ဂေလ်၏ ကနေဦးတိုက်ခိုက်မှုကို ကာကွယ်ပြီးနောက် လင်းရီ တန်ပြန်တိုက်ခိုက်လိုက်သည်။

သူ အရှေ့သို့ ပြေးတက်လာခဲ့၏။ တဒင်္ဂအတွင်းမှာပဲ နှစ်ဦးမှာ ဒါဇင်ချီသည့် လက်သီးချင်း ဖလှယ်ပြီးကြပြီး ဖြစ်သည်။

မည်သူ့ဘက်ကမျှ အသာစီးရခြင်း မရှိဘဲ လက်ရည်တူညီစွာ တိုက်ခိုက်နေကြလေသည်။

သို့သော် ဂေလ်၏ အတွင်းစိတ်ထဲတွင်တော့ ပြိုင်မြင်းတစ်သောင်း ဖြတ်ပြေးသွားသည့်နှယ် ကသောင်းကနင်း ဖြစ်နေပြီ ဖြစ်သည်။

ကျုံးဝေ့တပ်ဖွဲ့၏ အနေအထားကို သူ သေချာသိသည်။

တိုက်ခိုက်ရေး ယူနစ်၏ အသင်းခေါင်းဆောင် လေးဦးလုံးက စီအဆင့်များသာ ဖြစ်ကြပြီး သူ၏ ဘီအဆင့် ခွန်အားဖြင့် လင်းရီကို သက်တောင့်သက်သာ အနိုင်ယူနိုင်သင့်သည်။ ဤမျှ ခဲရာခဲဆစ် ဖြစ်နေစရာ အကြောင်း မရှိပေ။

ဝှစ် …

စိတ်ပျံ့လွင့်နေမိသည့် တဒင်္ဂ၌ လင်းရီ ကိုယ်ကိုလှည့်၍ ဂေလ်၏ ရင်ဘက်ကို ထောင့်ကျကျ ဖြတ်ကန်နိုင်လိုက်သည်။

ဂေလ်မှာ အငိုက်မိသွားခဲ့ပြီး ခြေလှမ်းများစွာ နောက်ဆုတ်သွားခဲ့ရသည်။

သို့သော် အပြည့်အဝ ဟန်ချက် မထိန်းနိုင်သေးခင်မှာပဲ လင်းရီက သူ ရထားသည့် အသာစီးရရှိမှုကို ဆက်တိုက် ဖိနင်းကာ အသက်ရှူခွင့်ပင် မပေးချေ။

အဆိုပါ တဒင်္ဂလေး အတွေးပျံ့လွင့်မိသွားခဲ့သည့် အဖြစ်က ဂေလ်ကို ချက်ချင်းပဲ အရေးနိမ့်သွားစေသည်။ ယခု လင်းရီ၏ တရစပ် တိုက်ခိုက်မှုများအောက်တွင် ဂေလ်မှာ ဆက်တိုက်တွန်းထုတ်ခံနေရ၏။

ယခုအခိုက်အတန့်၌ မည်သို့သော လှည့်ကွက်မျိုးကို ထုတ်သုံးရန် မဆိုထားနှင့်၊ လင်းရီ၏ တိုက်ခိုက်မှုများကို ခုခံကာကွယ်ရန် အတွက်ပင် သူ့အလိုလို သိစိတ်ကို အသုံးချနေရလေသည်။

ဂေလ် အံတင်းတင်းကြိတ်နေရသည်။ လင်းရီ၏ တိုက်ခိုက်မှုများက သူ့ခန္ဓာကိုယ်ကို ကျောက်ထုတူကြီးနှင့် အပြင်းအထန် ထုနှက်နေသည်ဟု ခံစားနေရ၏။

ယခုအခါမှပဲ လင်းရီ၏ ခွန်အားက သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေကြောင်းကို သတိမူမိသွားတော့သည်။ သူ ယခင် ရင်ဆိုင်ခဲ့ဖူးသည့် ပြိုင်ဘက်များနှင့် လုံးလုံးလျားလျား ကွဲပြားနေပေသည်။

“ သေစမ်း …”

ဂေလ် အံတင်းတင်းကြိတ်၍ ကျိန်ဆဲလိုက်ပြီး သူ၏ ခွန်အားများအားလုံးကို ညှစ်ထုတ်ကာ လင်းရီနှင့် လက်သီးချင်း ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

အကယ်၍ သူ့ဘက်က အလျင်အမြန် တန်ပြန်တိုက်ခိုက်မှု မပြုဘူးဆိုပါက လင်းရီ၏ စဉ်ဆက်မပြတ် တိုက်ခိုက်မှုများအောက်တွင် နစ်မွန်းသွားရလိမ့်မည်ကို ကောင်းစွာ နားလည်ထားခဲ့သည်။

“ မဆိုးဘူးပဲ … ဒါပေမယ့် မင်းက အရင်တစ်ယောက်ထက်တော့ အားနည်းနေသေးတယ် …” လင်းရီ အေးတိအေးစက် နှာမှုတ်ပြီး ဆိုလိုက်၏။

“ အဲ့တော့ မင်း ဒီနေ့ ဒီကနေ ရှင်လျက် ထွက်သွားနိုင်စရာ အကြောင်း မရှိတော့ဘူး …”

ဂေလ်၏ အမူအရာ ပြောင်းလဲသွားခဲ့၏။ “ မင်း ဘာတွေ ပြောနေတာလဲ …”

“ အသိသာကြီးပဲ မဟုတ်လား …” လင်းရီ တည်ငြိမ်စွာဖြင့် “ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကျုံးဝေ့တပ်ဖွဲ့ထဲ ကျူးကျော်လာတဲ့သူ တစ်ယောက်ရှိတယ် .. သူ့ကို သတ်လိုက်တာ ငါပဲ … မင်းက သူ့လောက်တောင် မတော်ဘူးဆိုနေမှတော့ ဒီ အဆောက်အဦးကြီးထဲကနေ ရှင်လျက် ထွက်သွားဖို့ကို မျှော်လင့်နေသေးတာလား … နေရာကလည်း ဘုရားရှိခိုးကျောင်းဆိုတော့ ကွက်တိဖြစ်သွားတာပေါ့ … ဒီမှာတင် မင်းကို ဘုရားသခင်နဲ့ တွေ့ခွင့်ပေးလိုက်မယ် ….”

ပြောပြီးသည်နှင့် လင်းရီသည် နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်၏။

“ မင်း ဝေါ်ကာကို အနိုင်ယူလိုက်တာ မဖြစ်နိုင်ဘူး …”

ဝေါ်ကာ၏ ခွန်အားက သူ့ထက်သာလွန်သည်ကို ဂေလ်သိသည်။ အကယ်၍ ဝေါ်ကာသည်ပင် သူ့ရှေ့ရှိ ဤလူကို အနိုင်မယူနိုင်ဘူးဆိုပါက သူ့အတွက်လည်း အခွင့်အရေးရှိမည်မဟုတ်ပေ။

ခွန်အားတိုးမြင့်ထားသည့် လင်းရီ၏ လက်မောင်းတို့မှာ ပုံမှန် အခြေအနေသို့ ပြန်ရောက်သွားခဲ့ရုံမျှမက အင်အားကလည်း ကြီးစွာ တိုးတက်လာခဲ့လေသည်။

နောက်ဆုံး စမ်းသပ်မှုတို့အရ သူ၏ ခွန်အားမှာ ၂၉ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး ၃၀ ရာခိုင်နှုန်းသို့ ရောက်ရှိရန် အနည်းငယ်မျှသာ လိုအပ်တော့၏။

ဂေလ်ကဲ့သို့ ဘီအဆင့် ရောက်ခါစ လူသစ်လေးကို ကိုင်တွယ်ရန်က လင်းရီအတွက် ခေါင်းစားစရာ တစ်ခု မဟုတ်ခဲ့ပေ။

လင်းရီ၏ နောက်တစ်လှိုင်း တိုက်ခိုက်မှုများက ပို၍ပင် ခက်ထန်ကြမ်းတမ်းနေခဲ့ကာ ဂေလ်ကို ခုခံကာကွယ်ရန်ပင် အနိုင်နိုင် ဖြစ်လာစေခဲ့၏။

အကွက်ရေ ဒါဇင်ကျော်မျှ ဖလှယ်ပြီးနေက်တွင် ဂေလ်ဘက်က မောပန်းသည့် အရိပ်လက္ခဏာတို့ စတင်ပြသလာသည်။ သူ၏ လှုပ်ရှားမှုတို့ကလည်း အနည်းငယ် နှေးကွေးလာခဲ့ပြီး တိကျမှုတို့ လျော့ပါးလာခဲ့၏။

ဤသည်ကို သတိထားမိတော့ ဂေလ် သေမတတ် ထိတ်လန့်သွားခဲ့ပြီး ဆံပင်အစွန်အဖျားတို့ ထောင်မတ်သွားသည်အထိ စိုးရိမ်ကြောင့်ကြလာခဲ့သည်။

ယခအခါမှပဲ ဝေါ်ကာသည် လင်းရီ၏ အနိုင်ယူခြင်း ခံလိုက်ရသည်ကို ယုံကြည်သွားခဲ့တော့၏။ ဖရီးမေဆင်၏ တွက်ချက်မှုက မှားယွင်းခဲ့သည်။

ဝေါ်ကာက အင်အားကြီး တစ်စုံတစ်ယောက်၏ ချေမှုန်းခံလိုက်ရခြင်း မဟုတ်သကဲ့သို့ ကျည်ဆံဖြင့် အသတ်ခံလိုက်ရခြင်းလည်း မဟုတ်ပေ။

သူ့ရှေ့ရှိ ဤလူက လက်ဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်၏။

အဆိုပါ အတွေးက ဂေလ်၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေခဲ့ပြီး ချို့ယွင်းချက်တို့ ထွက်ပေါ်လာစေကာ လင်းရီ အလျင်အမြန် လှုပ်ရှား၍ ထိုနေရာများသို့ တိုက်ခိုက်လိုက်သည်။

ဝှစ် …

လင်းရီ အခွင့်အရေးကို အသုံးချ၍ ဂေလ်၏ ရင်ဘက်သို့ အားပြင်းစွာ ကန်ကျောက်လိုက်သည်။

သတိလက်လွတ် ဖြစ်စွာဖြင့် ဝေါ်ကာမှာ နောက်သို့ လွင့်ပျံသွားခဲ့ပြီး ဘုရားရှိခိုးသည့် ထိုင်ခုံတန်းများနှင့် ဆောင့်မိကာ သနားစဖွယ် အခြေအနေသို့ ကျရောက်သွားစေခဲ့သည်။

အချိန်တဒင်္ဂလေးမျှပင် ဖြုန်းတီးခြင်း မပြုဘဲ လင်းရီသည် ဂေလ်ထံသို့ အလင်းကဲ့သို့ အမြန်နှုန်းဖြင့် ပြေးဝင်လာခဲ့ပြီး ဂေလ်၏ ရင်ဘက်ကို ဒူးဖြင့် ပြေးဆောင့်လိုက်၏။

လက်တစ်ဖက်က ဂေလ်၏ နှုတ်ကို ပိတ်ထားပြီး အခြားလက်တစ်ဖက်က ကျောနောက်သို့ ရောက်ရှိသွားသည်။ ထို့နောက် ကျင်လည်စွာဖြင့် ဂေလ်၏ လက်ခလယ်ကို ဖြတ်တောက်ပစ်လိုက်၏။

မခံမရပ်နိုင်သည့် နာကျင်မှုက ဂေလ်၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့သော်လည်း လင်းရီ၏ ထိန်းချုပ်မှုကြောင့် မည်သည့်အသံမျှ မထွက်လိုက်နိုင်ဘဲ အသံတိတ်သာ အော်ဟစ်နိုင်လိုက်၏။

သို့သော် နာကျင်မှုကို ပြသရမည့်အစား ကြောက်မက်ဖွယ် တစ်စုံတစ်ရာကို ကြုံတွေ့လိုက်ရမှုကြောင့် ဂေလ်၏ မျက်နှာထက်တွင် ကြောက်ရွံ့မှု တစ်ခုသာလျှင် ကြီးစိုးနေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ညာဘက် လက်ခလယ်တွင် လက်စွပ်တစ်ခု ရှိပြီး ထိုအထဲ ဖျက်အားပြင်း ဗုံးအသေးလေး တစ်ခုကို တပ်ဆင်ထားသည်။ ရန်သူ့လက်တွင်းသို့ ဖမ်းဆီးခံလိုက်ပါက နှိပ်စက်ညှင်းပန်းခြင်းဒဏ်ကို ရှောင်ရှားရန်အတွက် လျင်မြန်စွာ အဆုံးစီရင်ဖို့ ဒီဇိုင်းဖန်တီးထားခြင်း ဖြစ်၏။

သို့သော် ယခု … သူ့လက်ချောင်းက မရှိတော့သဖြင့် သူ့တွင် အခြားသော ရွေးချယ်စရာ မရှိတော့ချေ။ သူ့ ကံကြမ္မာက ထင်ရှားနေပြီ ဖြစ်၏။

လင်းရီ အပိုစကားတို့ ဆိုမနေချေ။ ဂေလ်၏ လည်ပင်းသို့ လက်ဝါးစောင်းတစ်ချက်ခုတ်ကာ သူ့အား သတိလစ်ခိုင်းလိုက်သည်။

ပြီးသည်နှင့် အချိန်ဖြုန်းခြင်း မပြုပါဘဲ လင်းရီသည် အဆောက်အဦးကို မီးရှို့ဖို့ ပြင်ဆင်ပြီး ဂေလ်နှင့်အတူ ထွက်ခွာရန် ဟန်ပြင်ထားသည်။

သို့သော် ထိုအချိန်မှာပဲ အရိပ်နှစ်ခုက ပြတင်းပေါက်ကနေ ဝင်ရောက်လာခဲ့ပြီး ကလူကျီစယ်သည့် ရွှတ်နောက်နောက် လေသံတစ်ခုက ကပ်လျက် လိုက်ပါလာခဲ့၏။

“ ဂုဏ်ပြုပါတယ် ခေါင်းဆောင်လင်း … နောက်ထပ် အောင်မြင်မှုတစ်ခုကို ဖန်တီးလိုက်နိုင်ပြီပဲ … ဟိုတယ်သွားပြီး အောင်ပွဲခံကြရရင်ကော …”

All Chapters