← Chapters

အခန်း (၅၆၈)

Vol. 41 Ch. 568

အခန်း (၅၆၈)

Vol. 41 Ch. 568

တွေးရင်းတွေးရင်း ပန်းခြွေမသေမျိုး၏ နှလုံးသားတွင် ဒေါသလှိုင်းလုံးတစ်ခု မြင့်တက်လာခဲ့သည်။ သူသည် လက်ကို ခေါင်းပေါ်တွင် မြင့်မားစွာ မြှောက်လိုက်ပြီး လက်သီးတစ်ချက် တင်းတင်းဆုပ်လိုက်သည်။

ဝုန်း~

အစွမ်းထက်သော အရှိန်အဝါတစ်ခုသည် ယောင်ကွမ်းသူတော်စင်နယ်မြေ တစ်ခုလုံးသို့ ချက်ချင်းပျံ့နှံ့သွားပြီး အမျိုးသမီးကျင့်ကြံသူများကို ဒူးထောက်ချစေကာ မလှုပ်ရှားနိုင်အောင် ဖိနှိပ်ထားလိုက်သည်။

“တဏှာရူကောင်၊ ငါတို့ကို ဘာလုပ်မလို့လဲ?!" သူတို့ထဲမှ ခရမ်းရောင်ခါးစည်းဝတ်ရုံကို ဝတ်ဆင်ထားသော ရင်သားပြည့်ဖောင်းဖောင်းနှင့် ခေါင်းတွင် သရဖူဆင်မြန်းထားသည့် အမျိုးသမီးတစ်ဦးက ထိတ်လန့်စွာ ဒေါသတကြီးအော်လိုက်သည်။

သူမသည် ယောင်ကွမ်းသူတော်စင် နယ်မြေသခင်မ ဖြစ်၏။

“ခင်ဗျားက ဂိုဏ်းချုပ် ဖြစ်ရမယ်" ပန်းခြွေမသေမျိုးသည် အုပ်စုထဲတွင် အမြင့်ဆုံး ကျင့်ကြံဆင့်ရှိပြီး ဆွဲဆောင်မှုပြည့်ဝသော အမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီး သူ့ မျက်လုံးများတွင် ပြင်းထန်သော တပ်မက်စိတ်များ ပေါ်ပေါက်လာခဲ့သည်။

“ခင်ဗျားက အရမ်း စိတ်မရှည်ဖြစ်နေတာဆိုတော့ ကျုပ်ရဲ့ အံ့ဖွယ်လက်ရာမြောက်အရသာကို ပထမဆုံး မြည်းစမ်းခွင့်ပေးမယ်!"

ပြောရင်းဆိုရင်း သူသည် လက်တစ်ဖက်ဖြင့် ဆွဲယူလိုက်ရာ ယောင်ကွမ်းသူတော်စင်သခင်မ၏ ခန္ဓာကိုယ်သည် သူ့ဆီသို့ ပျံသန်းလာခဲ့သည်။

“ငါ့ကို လွှတ်၊ လွှတ်ပေးပါ..."

ယောင်ကွမ်းသူတော်စင် နယ်မြေသခင်မမှာ လည်ပင်းကိုချုပ်ကိုင်ခံထားရလျက် အသည်းအသန် အော်ဟစ်မိသည်။

ဗြိ!

အဝတ်အစားများမှာ ရက်စက်စွာ ဆုတ်ဖြဲခံလိုက်ရလေပြီ။

ပန်းခြွေမသေမျိုးသည် သူမကို အပေါ် အောက် ဂရုတစိုက် စစ်ဆေးကြည့်ရှုပြီး ယုတ်မာသောအပြုံးဖြင့် ဆိုသည်။ “ကောင်းကောင်း ထိန်းသိမ်းထားတာပဲ၊ အရမ်းစိတ်တိုင်းကျတယ်"

“အရှက်မရှိတဲ့ကောင်..." ယောင်ကွမ်းသူတော်စင် နယ်မြေသခင်မသည် စိတ်ပျက်အားငယ်မှုကိုသာ ခံစားနေရပြီး အရှက်တရားကြောင့် မျက်ရည်နှစ်သွယ်က ပါးပြင်ပေါ် စီးဆင်းကျလာသည်။

“သူတော်စင်သခင်မ!"

အမျိုးသမီး ကျင့်ကြံသူတို့မှာလည်း မျက်ရည်မိုးပြိုလေပြီ။

“ဘာလို့ အော်ငိုနေကြတာလဲ? ဒီတစ်ယောက်ပြီးရင် မင်းတို့အလှည့်လာမှာပေါ့! မပူပါနဲ့၊ မင်းတို့ မသေခင် ဒီကမ္ဘာမှာ အံ့သြဖွယ်အကောင်းဆုံး အရသာကို ခံစားရစေဖို့ ငါ ကတိပေးတယ်၊ ဟဲဟဲဟဲ…” ပန်းခြွေမသေမျိုး ယုတ်မာစွာ ရယ်မောလိုက်သည်။

ထိုစကားကြောင့် ကျန်ရှိသော အမျိုးသမီး ကျင့်ကြံသူတို့သည်လည်း ကြောက်လန့်တုန်လှုပ်သွားကြပြီး ဆံပင်များပင် ထောင်ထလာကာ မကြာမီကြုံတွေ့ရတော့မည့် ကြမ္မာဆိုးအတွက် ပိုလို့ဝမ်းနည်းနာကျင်ကြရတော့၏။

သို့သော် ထိုအချိန်တွင် အေးစက်ပြီး တင်းမာသော အသံတစ်သံက တောင်ထွတ်၏ နက်ရှိုင်းသော တစ်နေရာမှ ထွက်ပေါ်လာခဲ့ပြီး အလုံးစုံသော သက်ရှိတို့၏ ဘုရင်မတစ်ပါးအလား သြဇာအာဏာ ပြည့်ဝနေခဲ့သည်။

“သူမကိုလွှတ်! ဒါဆို မင်းကိုမြန်မြန်သတ်ပေးဖို့ ငါစဥ်းစားပေးမယ်!"

ရုတ်တရက် ပန်းခြွေမသေမျိုး၏ ခန္ဓာကိုယ်သည် ဆတ်ခနဲတုန်ယင်သွားပြီး သူ့ ကျောရိုးတစ်လျှောက် အေးစိမ့်သွားကာ ဦးရေပြားက ပေါက်ကွဲလုနီးပါး တင်းမာလာခဲ့သည်။ ပစ်မှတ်ထားခံလိုက်ရသော သားကောင်ငယ်တစ်ကောင်အလား ကြီးမားသောအကြောက်တရားက စိမ့်ဝင်လာခဲ့၏။

“ဘယ်သူလဲ?! ထွက်လာခဲ့စမ်း!"

သူ စတင်ကြောက်ရွံ့စိုးရိမ်လာပြီး ယောင်ကွမ်းသူတော်စင နယ်မြေတွင်လည်း ရှေးဟောင်း အင်အားကြီး ပုဂ္ဂိုလ်များ ပုန်းအောင်းနေမည်လားဟု သံသယဝင်လာသည်။ သို့ဆိုပါက သူ့ရွေးချယ်မှုများကို ပြန်လည်ချိန်ဆရတော့မည်။

သို့သော် သူသည် ဤအဆီအနှစ်ပြည့်ဝသော အသားတုံးကြီးကိုလည်း တကယ်လက်မလွှတ်လို။

ယခုအချိန်တွင် ပန်းခြွေမသေမျိုးသည် ဝင်သက်ထွက်သက်ကို တည်ငြိမ်အောင်ထိန်းထားပြီး သတိထားကာ စောင့်ကြည့်နေ၏။ ပြိုင်ဘက်၏ ကျင့်ကြံဆင့်က သူ့ထက်မြင့်နေပါက ဤနေရာတွင် တစ်စက္ကန့်တောင်ဆက်မနေတော့ဘဲ ချက်ချင်းလှည့်ပြေးပေမည်။

ဤသည်ကား ပန်းခြွေမသေမျိုး၏ ရှင်သန်ခြင်း တာအိုစည်းမျဥ်းပင် ဖြစ်၏။ အခြေအနေက မူမမှန်ကြောင်းကို ခံစားမိလိုက်လျှင် သူ ချက်ချင်း ထွက်ပြေးလိမ့်မည်။ နာမည်ဆိုးဖြင့် မည်မျှကျော်ကြားပါသော်ငြား သူယခုအချိန်ထိ ရှင်သန်လာနိုင်သော အကြောင်းတရားဆိုလည်း မမှား။

“ဒီအသံက…” အမျိုးသမီးကျင့်ကြံသူတို့သည် အံ့အားသင့်သွားဟန်ရှိပြီး မည်သူစကားပြောနေကြောင်း သိလိုက်ကြဟန်ပင်။

ရွှစ်!

လရောင်ကဲ့သို့ ဖြူစင်သော ဝတ်ရုံရိုးရိုးကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပသည့် အသားအရေရှိသော ပြိုင်ဘက်လှပပါသည့် အမျိုးသမီးတစ်ဦးသည် တည်ငြိမ်သော အမူအရာဖြင့် အလင်းရောင်ခြည်ကို နင်း၍ ထွက်ပေါ်လာခဲ့သည်။

သူမ၏ အရှိန်အဝါသည် မိုးတိမ်များကဲ့သို့ မြင့်မားသန့်စင်ပြီး သူမ၏ မျက်လုံးများသည် ဓားသွားတစ်လက်လို ထက်မြက်စူရှကာ ပန်းခြွေမသေမျိုးအား မမှိတ်မသုန် စိုက်ကြည့်နေသည်။

“သူတော်စင်နတ်သမီး!"

အမျိုးသမီး ကျင့်ကြံသူများ အားကိုးတကြီး အော်ဟစ်လိုက်ကြသည်။

သို့သော် သူတော်စင်သခင်မပင် ခုခံနိုင်စွမ်းမရှိသည်ကို သိပါလျက် အဘယ်ကြောင့် ချင်ရူရန် ရှေ့တက်လာရဲသည်ကို သူတို့လည်း မစဥ်းစားတတ်ကြပေ။

“ရူရန်၊ ပြေး..." ယောင်ကွမ်းသူတော်စင်သခင်မ၏ မျက်နှာသည် လည်ပင်းညှစ်ခံထားရသောကြောင့် နီရဲမို့အစ်နေဆဲမှပင် အားတင်းပြောလိုက်သည်။

ပန်းခြွေမသေမျိုးသည် ခေတ္တကြောင်အသွားပြီး ရယ်မောလိုက်သည်။ "ဘယ်သူများဖြစ်မလဲလို့ စောင့်ကြည့်နေလိုက်ရတာ။ မင်းကငါ့ကို သက်သက်လန့်အောင်လုပ်တာပဲ"

ဤနယ်မြေကို စောင့်ရှောက်နေသော ရှေးဟောင်း အင်အားကြီးပုဂ္ဂိုလ် တစ်ဦးဦးများ ဖြစ်လေမလားဟု ထင်ခဲ့သော်လည်း ပေါ်လာသူမှာ ကျင့်ကြံဆင့်နက်နဲခြင်း မရှိသေးသော လက်သစ်လေးတစ်ယောက်သာ ဖြစ်နေလေသည်။

မသေမျိုးအရှင်သခင် အဆင့်ကတော့ နည်းနည်းအထင်ကြီးစရာကောင်း၏။ သူမသည် သူ့လက်ထဲရှိ အမျိုးသမီးထက် များစွာ အားကောင်းသော်လည်း မသေမျိုးဘုရင်တစ်ပါးနှင့် ယှဥ်ပြိုင်နိုင်မည်ဟု ထင်မှတ်နေပါလျှင်တော့ လောကတွင် အရယ်ရဆုံးဟာသသာ ဖြစ်ပေတော့မည်။

မသေမျိုးဘုရင်ဆိုတာ ဘာမလို့လဲ?

မသေမျိုးများထဲမှ ဘုရင်ကိုသာ မသေမျိုးဘုရင်ဟု ခေါ်ဆိုနိုင်သည်။

သူတို့ကြားရှိ နယ်ပယ်ကွာဟမှုသည် ကျော်လွှား၍ မဖြစ်နိုင်သော ချောက်ကမ်းပါးကြီးသာပင်။

ထို့အပြင် သူသည် မသေမျိုးဘုရင် သတ္တမကောင်းကင်အဆင့်ရှိပြီး ထိပ်တန်း မသေမျိုးဘုရင်အဆင့်သို့ ချဥ်းကပ်နေပြီ ဖြစ်သည်။ ဤ အခြေအနေတွင် မသေမျိုးဘုရင်အဆင့်အောက်ရှိ မည်သူကိုမဆို လွယ်လွယ်လေး အဆုံးသတ်နိုင်သည်ပင်။

ချင်ရူရန်သည်ကား သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုဟုပင် မှတ်ယူစရာမဟုတ်တော့ချေ။

“မိန်းမငယ်လေး၊ မင်းလည်း တော်တော်လေး လှတာပဲ။ အဲ့လို မာနကြီးတဲ့မိန်းကလေးတွေမှ ငါကကြိုက်တာ၊ မာနကိုချိုးနှိမ်ပြီး အနိုင်ရတာမျိုးက ပိုပြီးပျော်စရာကောင်းတယ်လေ!"

ချင်ရူရန်ကို တပ်မက်စွာ စိုက်ကြည့်နေရင်း ပန်းခြွေမသေမျိုးသည် ညစ်ညမ်းစွာ ရယ်မောလိုက်ပြီး အရိုင်းဆန်သော စိတ်ကူးယဥ်မှုများကြား နစ်မြုပ်နေကာ အသက်ပျောက်ဖို့ သိပ်မလိုတော့သောအချိန်အား သတိမပြုမိခဲ့ပါချေ။

All Chapters