← Chapters

အစ်ကိုကြီး ကယ်ပါဦးဗျာ

Vol. 41 Ch. 571

အစ်ကိုကြီး ကယ်ပါဦးဗျာ

Vol. 41 Ch. 571

ယောင်ကွမ်း သူတော်စင်နယ်မြေတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ၏ ရလဒ်သည် ပြင်ပလောကသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

သူတော်စင်နတ်သမီး ချင်ရူရန်သည် ရှေးဟောင်း မသေမျိုးဘုရင်ကို လက်ချည်းဗလာ သတ်ခဲ့သည်အား သိရှိရသောအခါ ပြင်ပလောကတွင် ချက်ချင်းပင် ဝရုန်းသုန်းကား သတင်းစကားများ ထွက်ပေါ်လာခဲ့သည်။

ခွင်းလွင်တစ်ခုလုံးမှာ ပြန်လည်နိုးထလာသော ရှေးဟောင်း မသေမျိုးဘုရင်များကြောင့် ဇောက်ထိုးမိုး မျှော် ဖြစ်နေပြီး ပရမ်းပတာ ရန်ပွဲများဖြင့် ပြည့်နှက်နေခဲ့သည်ပင်။ ဒေသခံ ကျင့်ကြံသူများစွာသည် အသက်အန္တရာယ် ထိပါးမည်စိုးသောကြောင့် တစ်ခွန်းတစ်လေပင် ဝင်မပြောရဲလှဘဲ နှုတ်ဆိတ်ရှောင်တိမ်းနေခဲ့ရ၏။

မမျှော်လင့်ဘဲ ဤသို့ မမျှမတဖြစ်နေသော အချိန်အခါတွင် ယောင်ကွမ်း သူတော်စင်နယ်မြေမှ သူတော်စင်နတ်သမီး ချင်ရူရန်သည် တစ်ကိုယ်တော် စတင်လှုပ်ရှားခဲ့ပြီး မသေမျိုးဘုရင်အဆင့် စွမ်းအားရှင်တစ်ဦးကို သတ်ပြခဲ့သည်။

ထိတ်လန့်စရာ သတင်းထူးပင်။

တစ်ချိန်တည်းမှာပင် ၎င်းသည် ခေတ်သစ်ကျင့်ကြံသူတို့၏ စိတ်ဓာတ်ကို များစွာ မြှင့်တင်ပေးခဲ့သည်။

ငါတို့ခေတ်သစ်ကျင့်ကြံသူတွေက မင်းတို့လိုဘီလူးအိုတွေ လွယ်လွယ်အနိုင်ကျင့်လို့ရမယ့်ထဲ မပါဘူးကွ!

“နတ်သမီးချင်က တကယ်ပဲ အံ့သြဖို့ ကောင်းတယ်! ငါ့ရဲ့ နတ်ဘုရားမလေး!"

“ဒီသတင်းကိုကြားပြီး အဲ့ဒီ ဇောင်းကြွနေတဲ့လူတွေ သူတို့ကိုယ်သူတို့ နည်းနည်းပါးပါး ထိန်းချုပ်သွားလိမ့်မယ်လို့ ငါ မျှော်လင့်တယ်! နေရာတိုင်းမှာ ဖျက်ဆီးမှုတွေ ဆက်မလုပ်တော့ရင် ကောင်းမှာပဲ"

“မှန်တယ်၊ သူတို့ကို ဘယ်သူမှ မနှိမ်နင်းနိုင်ဘူးလို့ တကယ် ထင်နေတာလား?"

ကျင့်ကြံသူအားလုံး စိတ်အားတက်ကြွစွာဖြင့် အပူတပြင်း ဆွေးနွေးနေကြသည်။

ယောင်ကွမ်း သူတော်စင်နယ်မြေမှ ရည်ရွယ်ချက်ရှိရှိ သတင်းလွှင့်ခဲ့သောကြောင့် ထိုအကြောင်းအရာသည် အလယ်ပိုင်းဒေသရှိ ပြည်နယ်တိုင်းသို့ အသံလွှင့်သလင်းကျောက်ဖြင့် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ချင်ရူရန် ဖန်တီးခဲ့သော တန်ခိုးကြီး အောင်မြင်မှုများအကြောင်းကို လူတိုင်း သိရှိခဲ့ကြလေသည်။

"ဒါတကယ်ပဲ သတင်းမှန်လား?"

ပန်းခြွေမသေမျိုး သေဆုံးသွားကြောင်း သိသောအခါ ရှေးဟောင်းစွမ်းအားရှင် များစွာသည်လည်း အတော်လေး အံ့အားသင့်သွားရသည်သာ။ သူတို့သည် ပန်းခြွေမသေမျိုး၏ စရိုက်ကို မကြိုက်သော်ငြား တစ်ဖက်လူ၏ခွန်အားမှာ အထင်သေးစရာမဟုတ်ကြောင်း သိထားကြသည်။

မနိုင်လျှင်တောင် အနည်းဆုံးတော့ ထွက်ပြေးနိုင်သင့်သည်ပင်။

ရှေးဟောင်းခေတ်၏ နာမည်ကျော်ကျင့်ကြံသူတစ်ဦးဖြစ်သော ပန်းခြွေမသေမျိုးက နောင်မျိုးဆက်မှ အငယ်စားတစ်ဦး၏လက်ထဲတွင် ဤသို့ သေဆုံးသွားရသည်တဲ့လား?

ဆိုလိုတာကတော့၊

ပြိုင်ဘက်၏ ခွန်အားသည် သူတို့ စိတ်ကူးမျှော်မှန်းထားသည်ထက် များစွာ ပို၍ ကြီးမားနေခဲ့သည်ပင်။

“ယောင်ကွမ်း သူတော်စင်နတ်သမီး၊ ချင်ရူရန်..."

ယောင်ကွမ်း သူတော်စင်နယ်မြေကို မျက်စိကျနေကြသော မသေမျိုးဘုရင်အဆင့်ရှိ စွမ်းအားရှင်အချို့သည်လည်း ထိုသတင်းကြောင့် ပြင်းစွာ စိုးရိမ်ပူပန်သွားရကာ သွားရောက်ဒုက္ခပေးရန် အတွေးများကို ချက်ချင်းဖယ်ရှားလိုက်ကြရ၏။

ထင်ရှားသည့်တစ်ချက်မှာ၊

ချင်ရူရန်သည် တိုက်ပွဲတစ်ခုတည်းဖြင့် တဟုန်ထိုး နာမည်ကြီးသွားပြီး အထူးသဖြင့် ပြန်လည်နိုးထလာသော စွမ်းအားရှင်အသိုင်းအဝိုင်းတွင် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ကာ ယောင်ကွမ်း သူတော်စင်နယ်မြေသည်လည်း ဤကာလအတွင်း ကျူးကျော်ရန်စမှုပေါင်းများစွာကို အေးအေးချမ်းချမ်း ကျော်လွှားနိုင်ခဲ့လေသည်။

တိုက်ဆိုင်စွာပင်။

ယောင်ကွမ်း သူတော်စင်နယ်မြေကြောင့် ရှေးဟောင်းစွမ်းအားရှင်များစွာ တွန့်ဆုတ်သွားခဲ့ကြသော်လည်း ဆိုးယုတ်သော လျှို့ဝှက်ကြံစည်မှုများ ရှိနေသေးသည့် အချို့ကျင့်ကြံသူများမှာ ၎င်းတို့၏လွှမ်းမိုးမှုကို အခြား သူတော်စင်နယ်မြေများဆီသို့ တိုးချဲ့ပြီး ခေတ်ပြိုင်ကျင့်ကြံသူတို့၏ ပြန်လည်မြင့်တက်လာသော မာနကို ဖိနှိပ်ရန် ကြံရွယ်ခဲ့ကြသည်။

ယင်းယန် သူတော်စင်နယ်မြေ။

ကောင်းကင်သည် မှောင်မည်းသော မိုးတိမ်များဖြင့် ဖုံးလွှမ်းနေပြီး အသက်ရှူကြပ်ရလောက်အောင် ဖိအားများလှကာ ကောင်းကင်ကြီးကိုယ်တိုင် ပြိုကျတော့မည့်အလား ထင်မှတ်ရ၏။

အကြီးအကဲများနှင့် တပည့်များသည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး ဒေါသနှင့် အကြောက်တရားများဖြင့် ပြည့်နှက်နေလျက်။

ယင်းယန် သူတော်စင်သခင်သည် တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေကာ လက်ပြန်ကြိုးတုပ် ချည်နှောင်ခံရပြီး ကွပ်မျက်ရေး စင်မြင့်ပေါ်တွင် မြင့်မားစွာ ချိတ်ဆွဲခံထားရသည်။ သူ့ ခန္ဓာကိုယ်၏ ခါး အောက်ပိုင်းသည် ပျောက်ဆုံးနေပြီး သွေးများက ကြောက်မက်ဖွယ် အဆက်မပြတ် ယိုစီးကျလျက်။

ကွပ်မျက်ရေးစင်မြင့်၏ ရှေ့တွင် ပိန်ပိန်ရှည်ရှည် မုတ်ဆိတ်နှင့် လူတစ်ဦးသည် ကြမ်းထော်သောအဝတ်များကို ဝတ်ဆင်ထားပြီး နဖူးမောက်မောက်နှင့် ပါးပေါ်တွင် အမာရွတ်ကြီးကြီးတစ်ခုပါရှိကာ မြေပြင်ပေါ်တွင် ခြေဆန့်လက်ဆန့်ထိုင်နေသည်။ လက်က နှုတ်ခမ်းပါးနားပဲ့ရွဲ့နေသော သေရည်အိုးတစ်လုံးကို ကောက်ယူလိုက်ပြီး ခေါင်းကို အနောက်သို့စောင်းမော့ကာ ကြွယ်ဝသော မသေမျိုးသေရည်အား ပါးစပ်ထဲလောင်းထည့်လိုက်သည်။

ထူးခြားသည့်အချက်မှာ သူ့ကျောတွင် ပုံသဏ္ဌာန်အမျိုးမျိုး ရှိသော တစ္ဆေဓား ခုနစ်ချောင်း ချိတ်ဆွဲထားခြင်းပင်။ ဓားတစ်လက်မှ ဓားသွားထုတ်ထားခြင်း မရှိသော်လည်း သေသေချာချာ နားထောင်ပါက သရဲတစ္ဆေများ၏ ငိုယိုသံသဲ့သဲ့ကို ကြားနိုင်သည်။

“ဒီကသေရည် ကောင်းသားပဲ" ထိုပိန်ပိန်ရှည်ရှည်လူသည် သေရည်တစ်အိုးလုံးကုန်အောင် မော့သောက်ပြီးမှ ပါးစပ်ကိုသပ်ကာ ချီးကျူးလိုက်သည်။

“အကြီးအကဲ၊ ခင်ဗျား သေရည်လိုချင်ရင် ဒီမှာ အများကြီးရှိပါတယ်၊ ကျွန်တော်တို့ ခင်ဗျားကို ကောင်းကောင်းဧည့်ခံပါ့မယ်။ ဒါပေမဲ့ ဘာလို့ ကျွန်တော်တို့ သူတော်စင်သခင်ကို ရန်ငြှိုးမရှိဘဲ ထိခိုက်အောင် လုပ်ရတာလဲ? ဒီလုပ်ရပ်က အရမ်းမဆင်မခြင်ဖြစ်ရာမကျဘူးလား?"

ဂိုဏ်း၏ အဓိကကျသော အကြီးအကဲတစ်ဦးက တစ်ဖက်လူ ရုန့်ရင်းကြမ်းတမ်းသော အပြုအမူများကို သည်းမခံနိုင်တော့စွာ အရဲကိုးပြောလိုက်သည်။

“ဟဲဟဲ၊ မင်းတို့ကို အကြောင်းပြချက်ပေးဖို့ လိုသေးလား? ငါလုပ်ချင်လို့လုပ်တာလေ"

ပိန်ပိန်ရှည်ရှည်လူက လှောင်ရယ်လိုက်ပြီး အဓိပ္ပာယ်ပါပါပြောသည်။ "ဒါက အစပဲရှိသေးတယ်"

ရွှစ်!

သူ့ကျောပေါ်ရှိ တစ္ဆေဓားတစ်ချောင်းသည် ရုတ်တရတ် ဓားအိမ်မှခုန်ထွက်လာကာ စကားဆိုသော ထိုအကြီးအကဲကို ချက်ချင်းခုတ်ပိုင်းလိုက်သည်။ ထို့နောက် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ဓားအိမ်ထဲ ပြန်လည်ဝင်ရောက်သွားလေသည်။

နှစ်ပိုင်းဖြတ်တောက်ခံရသော ကိုယ်ခန္ဓာသည် သွေးအိုင်ထဲတွင် လဲလျောင်းနေလျက်။

“အကြီးအကဲဝမ်ရဲ့ ဝိညာဥ်အမြစ်ပါ ဆွဲထုတ်ခံလိုက်ရတာထင်တယ်..." မျက်စိလျင်သော အကြီးအကဲ တစ်ဦးက တစ္ဆေဓား၏ ထူးခြားချက်ကို သတိပြုမိလိုက်သည်။

“မှန်တယ်၊ ငါ့ရဲ့ တစ္ဆေဓားတွေက ဝိညာဉ်တွေကို စုပ်ယူပြီး စွမ်းအားကို မြှင့်တင်နိုင်တယ်၊ မင်းတို့ အားလုံးက သူတို့အတွက်တော့ အကောင်းဆုံးအာဟာရတွေပဲ။ အလယ်ပိုင်းဒေသက ထိပ်တန်းဂိုဏ်းတစ်ခု အနေနဲ့ မင်းတို့ တစ်ဦးချင်းစီရဲ့ ဝိညာဉ်က အပြင်ကကျင့်ကြံသူတွေထက် အများကြီး ပိုအားကောင်းတယ်လေ"

“မင်းတို့ ငါ့ရဲ့တစ္ဆေဓားအောက်မှာ သေပြီး ငါနဲ့အတူ မဟာတာအိုရဲ့ ထိပ်ဆုံးအထိ လိုက်ပါလျှောက်လှမ်းနိုင်မှာ ဘယ်လောက်မြင့်မြတ်တဲ့ဂုဏ်လဲ"

ပိန်ပိန်ရှည်ရှည်လူသည် သူ၏အဓိကရည်ရွယ်ချက်ကို ထုတ်ဖော်ပြောပြပြီး တဟားဟားအော်ရယ်လိုက်သည်။

“မဖြစ်ဘူး..."

ထိုစကားကို ကြားသောအခါ ယင်းယန်သူတော်စင်နယ်မြေမှ ကျင့်ကြံသူအပေါင်း စိတ်ပျက်အားလျော့သွားကြသည်။ သူတို့အားလုံးပေါင်းစည်းရင်‌တောင် ဤသူကို ယှဥ်နိုင်မည်မဟုတ်ပေ။

ရွှစ်~

နောက်ထပ် ထူးဆန်းသော ဓားအလင်းတစ်ချက် ထိုးထွက်လာပြီး စိုက်ခင်းများ ရိတ်သကဲ့သို့ တပည့် အများအပြားကို ခုတ်ပိုင်းလိုက်သည်။

တစ္ဆေဓားသည် ဝိညာဉ်များဖြင့် အာဟာရ ဖြည့်ထားသောကြောင့် စိတ်ကျေနပ်မှုကို ဖော်ပြနေသည့်အလား တဆတ်ဆတ်တုန်ခါနေသည်။

လူများသည် အတုန်းအရုန်း သေဆုံးကုန်ကြကာ လေထဲတွင်‌ အော်ဂလီဆန်စရာ သွေးနံ့များဖြင့် ပြည့်နှက်နေသည်။

ကျင့်ကြံသူအားလုံးသည် ဓား၏ အရှိန်အဝါဖြင့် ဖိနှိပ်ခံရပြီး ထွက်ပြေးလွတ်မြောက်ဖို့ပင် လုံးဝ မလှုပ်ရှားနိုင်ကြပေ။ သူတို့နားတွင် အဆက်မပြတ် ပဲ့တင်ထပ်နေသော အော်ဟစ်ငိုယိုသံများကို နားထောင်ရင်း မျက်နှာအရောင်များ သွေးဆုတ်ဖြူဖျော့ကုန်ကြကာ နှလုံးသား၏ အနက်ရှိုင်းဆုံးတစ်နေရာမှ စိမ့်ထွက်လာသော အားနည်းသည့်ခံစားချက်က သူတို့အားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

“ကျေးဇူးပြုပြီး၊ သူတို့ကို ချမ်းသာပေးပါ..." ဒဏ်ရာအပြင်းအထန်ဖြင့် သေလုနီးပါးဖြစ်နေသော ယင်းယန်သူတော်စင်သခင်က ချိနဲ့အားနည်းစွာ ပြောသည်။

“ဟဲဟဲ၊ မင်းကို ဘာလို့ ချက်ချင်းမသတ်ရတယ် ထင်သလဲ?"

ပိန်ပိန်ရှည်ရှည်လူသည် နောက်ထပ် သေရည်အိုးတစ်လုံးကို‌ ဖောက်လိုက်ပြီး သူ့ပါးစပ်နားသို့ မြှောက်ကာ တစ်ငုံ သောက်လိုက်သည်။ ထို့နောက် သေရည်ရနံ့ကိုခံစားရင်း နှုတ်ခမ်းကိုလျှာဖြင့်သပ်ကာ ပြောပြလာ၏။

“အဲ့ဒါ မင်းကို မင်းလူတွေ ဘယ်ပုံဘယ်နည်းနဲ့ သေသွားလဲဆိုတာ ကိုယ်တိုင်မြင်စေချင်လို့ပါ။ မပူပါနဲ့၊ နောက်ဆုံးကျသတ်ပေးမှာပေါ့!"

သူသည် ဤကျင့်ကြံသူများအားလုံးကို အားနည်းကြောက်ရွံ့မှုအား အဆုံးစွန်ထိ ခံစားပြီးမှ သေစေချင်သည်။

“လူယုတ်မာကောင်..." ယင်းယန်သူတော်စင်သခင်၏ ချီသည် ရေလောင်းငြှိမ်းသတ်ခံလိုက်ရသော မီးခိုးငွေ့ငွေ့ကဲ့သို့ မှိန်ဖျော့နေကာ မကျေမနပ်ဖြစ်နေသော မျက်နှာထားမှာလည်း သွေးမရှိစွာ ဖြူဆုတ်လျက်။

“ကျွန်တော်မသေချင်ဘူး!"

“သူတော်စင်သခင်၊ ကျွန်တော့်ကို ကယ်ပါ!"

“အား!"

အော်ဟစ်ငိုယိုသံများသည် ယင်းယန်သူတော်စင်နယ်မြေ တစ်ခုလုံးအား ပဲ့တင်ထပ်လျက်သား။

ယင်းယန်သူ‌တော်စင်သခင်မှာလည်း ကြေကွဲနေသောနှလုံးသားဖြင့် အကူအညီမဲ့စွာ သေခြင်းကို စောင့်ဆိုင်းဖို့သာ တတ်နိုင်လေသည်။

“ဟားဟား၊ စိတ်ဝင်စားစရာ ကောင်းလိုက်တာ၊ အရမ်း စိတ်ဝင်စားစရာ ကောင်းတယ်!" ပိန်ပိန်ရှည်ရှည်လူသည် အရာအားလုံး၏ အုပ်စိုးသူလိုမျိုး ခံစားချက်ကို တစ်ဝခံစားရင်း အားရပါးရအော်ရယ်လိုက်သည်။

လူအုပ်ထဲတွင်။

ဆံပင် အဖြူတစ်ဝက် အနက်တစ်ဝက်ရှိသော လူငယ်တစ်ဦး၏ မျက်လုံးများ သွေးရောင်နီရဲနေကာ သွေးမျက်ရည်စများလည်း စို့တက်နေသည်။ သူ့ တစ်ကိုယ်လုံး ထိန်းချုပ်မရဘဲ တုန်ယင်နေသည်မှာ ကြောက်ရွံ့မှုကြောင့်မဟုတ်ဘဲ မကြုံစဖူး ဒေါသကြောင့်ပင်။

ပတ်ဝန်းကျင်ရှိ တပည့်များနှင့် အကြီးအကဲများ ဆက်တိုက် တစ္ဆေဓားအောက်တွင် သေဆုံးသွားသည်ကို ကြည့်ရင်း ကျိပါရှောင်သည် မကြာမီ သူ့အလှည့် ရောက်တော့မည်ကို သဘောပေါက်လိုက်သည်။

သေမင်း၏ နီးကပ်လာသော ခြိမ်းခြောက်မှုကို ခံစားလာရသည့် ကျိပါရှောင်သည် သူ့ နှလုံးသားထဲရှိ မုန်းတီးနာကျည်းမှုကို ဆက်လက် မဖိနှိပ်နိုင်တော့ဘဲ နီရဲနေသောမျက်နှာဖြင့် အားကုန်အော်ဟစ်လိုက်သည်–

“ခွေးကောင် ငရဲကိုဆင်းလိုက်!!!"

“မင်း စောင့်နေလိုက်၊ ငါ့ရဲ့ အစ်ကိုကြီးက ငါ့အတွက် လက်စားချေပေးလိမ့်မယ်! ရမ်းကားတဲ့ ခွေးရူးကောင်! မင်း တစ်နေ့နေ့တော့ အသေဆိုးနဲ့သေရလိမ့်မယ်၊ အချိန်ကိုသာ စောင့်နေလိုက်!"

ချက်ချင်းဆိုသလို နေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

အသက်ရှူသံများပင် တိတ်ကျသွားလျက်။

ပိန်ပိန်ရှည်ရှည်လူသည် မျက်နှာထားတင်းမာသွားကာ သေရည်အိုးကိုချပြီး ပြန်မေးလိုက်သည်။ “မင်း၊ မင်း ဘာပြောလိုက်တာလဲ?"

ဒီလိုအခြေအနေမှာတောင် အင်အားအပြည့်ဖြင့် ကျိန်ဆဲနိုင်သေးသည့်ကောင် ရှိနေဦးမည်ဟု သူထင်မထား။

ကျိပါရှောင်သည် လုံးဝမကြောက်ရွံ့ဟန်ဖြင့် ရင်ဘတ်ကိုကော့ကာ ဆက်လက်ကျိန်ဆဲသည်။ “မင်း ခွေးရူးကောင်၊ ငါ့အစ်ကိုကြီး ငါ့အတွက် လက်စားပြန်ချေလိမ့်မယ်။ သူအခု လမ်းမှာ‌ရောက်နေလောက်ပြီ၊ ဆက်ကြွားနေလိုက်၊ ဒါမင်းရဲ့ နောက်ဆုံးအချိန်ပဲ!"

“သူတော်စင်..." လူတိုင်းက မသေချာမရေရာစွာဖြင့် အံ့သြတကြီး ဝိုင်းကြည့်နေကြသည်။

"ဟူး..." ယင်းယန်သူတော်စင်သခင်က သက်ပြင်းချရှာ၏။

တစ်ဖက်လူ၏ သတ္တိဗျတ္တိကို မြင်သောအခါ ပိန်ပိန်ရှည်ရှည်လူသည်လည်း အနည်းငယ် ဖင်တကြွကြွဖြစ်သွားရသည်။

“အဟမ်း" ထိုသူသည် ချောင်းတစ်ချက်ဟန့်လိုက်ပြီးမှ အလေးအနက်မေးသည်။ “အေး၊ မင်းရဲ့ အဲ့အစ်ကိုကြီးဆိုတာ ဘယ်သူလဲ?"

“ဟမ့်၊ ငါ့ အစ်ကိုကြီးက ဓားနတ်ဆိုး လီဝူကျယ်ပဲ! မင်း အဲ့ဒီနာမည်ကို ကြားဖူးတယ်မလား?! အရမ်းကြောက်လန့်သွားပြီမလား!" ကျိပါရှောင်က အေးစက်စက်နှာတစ်ချက်မှုတ်ကာ မာနတစ်ခွဲသားဖြင့်ပြောသည်။

ပိန်ပိန်ရှည်ရှည်လူသည် မျက်မှောင်တင်းတင်းကြုတ်လိုက်ပြီး သူမှတ်မိသလောက် ရှေးဟောင်းခေတ်စွမ်းအားရှင်များကို ပြန်လည်ပုံဖော်ကာ ခေါင်းခါပြလိုက်သည်။

“တစ်ခါမှ မကြားဖူးဘူး"**

ကျိပါရှောင်: “..."

“ပုရွက်ဆိတ်၊ သေစမ်း!" ပိန်ပိန်ရှည်ရှည်လူက ကြိမ်းဝါးလိုက်သည်။

သို့သော် ဤအချိန်တွင် ဓားအလင်းသည် ကျိပါရှောင်ထံသို့ မရောက်မီ ရုတ်တရက် ဘယ်ကပေါ်လာမှန်းမသိသော ဝါးဦးထုပ်နှင့်လူတစ်ယောက်က ဓားကိုဆွဲထုတ်ကာ ကြားမှဝင်ခံလိုက်သည်။

“မင်း ဘယ်သူလဲ?!" ပိန်ပိန်ရှည်ရှည်လူသည် သေရည်အိုးကိုချကာ ဝါးဦးထုပ်နှင့်လူအား အာရုံစိုက်ကြည့်လိုက်သည်။

“ညီလေး၊ မင်းလန့်သွားမှာပေါ့" အနက်ရောင်အင်္ကျီ ခပ်ကျပ်ကျပ်ဖြင့် ဝါးဦးထုပ်ဆောင်းထားသောလူက ကျိပါရှောင်အား အလေးအနက် နှစ်သိမ့်နေသည်။

ရောက်လာသူမှာ လီဝူကျယ် ဖြစ်သည်။

လီဝူကျယ် ပေါ်လာသောအခါ သူ့နောက်ရှိ ကျိပါရှောင်သည် ပထမတွင်‌ ‌ကြောင်အသွားပြီး ထို့နောက်တွင် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်စွာ မျက်ရည်များစီးကျလျက်‌ အော်ဟစ်လိုက်သည်။

“အစ်ကိုကြီး၊ နောက်ဆုံးတော့ မင်းရောက်လာခဲ့ပြီ~!"

All Chapters