← Chapters

လုံအော်ထျန်း၏ နောက်ကြောင်းဇာစ်မြစ်

Vol. 41 Ch. 564

လုံအော်ထျန်း၏ နောက်ကြောင်းဇာစ်မြစ်

Vol. 41 Ch. 564

ယဲ့ဝူရှန်း၏ သေဆုံးမှုနှင့်အတူ စစ်ပွဲသည်လည်း နောက်ဆုံး၌ အဆုံးသတ်သွားခဲ့၏။

နောက်ပိုင်းတွင် စန်းမင်သူတော်စင်နယ်မြေသည် ဂိုဏ်းဖျက်သိမ်းကြောင်း ကြေညာကာ၊ သူတို့၏ အရင်းအမြစ် အားလုံးကို မီးလျှံနတ်ဆိုးဂိုဏ်းဆီသို့ အပ်နှံခဲ့သည်။ ဤ ရုတ်တရက် အပြောင်းအလဲကား အင်အားစု အားလုံးကို တုန်လှုပ်စေခဲ့သည်။

ကျင့်ကြံရေးလောကကြီး ဘာတွေ ဖြစ်ပျက်နေတာပါလိမ့်?

အမှန်တရား ပေါ်ထွက်လာမှသာ အပြင်လောက ကျင့်ကြံသူတို့သည် ဖြစ်ပျက်ခဲ့သမျှကို နောက်ဆုံး နားလည်သွားကြကာ ယဲ့ဝူရှန်း၏ သေဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြသည်။

သေချာပေါက် အစွမ်းထက် ပုဂ္ဂိုလ်များစွာကတော့ ဝမ်းသာပီတိ ဖြစ်ခဲ့ကြ၏။ သူတို့သည် ယဲ့ဝူရှန်း၏ ယခင်က အခွင့်အရေးယူသော လုပ်ရပ်များကို မကြည်ဖြူမနှစ်သက်စွာ စောင့်ကြည့်နေရသည်မှာ အချိန်အတော်ကြာလေပြီဖြစ်ရာ ထိုဆိုးရွားသော အဆုံးသတ်မှာလည်း သူ့လက်နှင့်သူ ဖန်တီးခဲ့ခြင်းသာဟု မှတ်ယူခဲ့လိုက်ဥြသည်။

တစ်ချိန်တည်းမှာပင် လူတိုင်းသည် ဟုန်ချန်ယဲ့အပေါ် ပို၍ပင် လေးစားကြောက်ရွံ့လာခဲ့ကြပြီး နတ်ဆိုး လမ်းစဥ်၏ ပြန်လည်ထူထောင်သူအဖြစ် သူ၏ရာထူးသည် မလှုပ်မယှက် တည်မြဲနေကြောင်းကို နားလည်လက်ခံလိုက်ကြရ၏။

စန်းမင်သူတော်စင်နယ်မြေကို သိမ်းသွင်းပြီးနောက် မီးလျှံနတ်ဆိုးဂိုဏ်း၏ ဩဇာသည် လျင်မြန်စွာ မြင့်တက်လာကာ မကြုံစဖူးသော စည်ပင်ဝပြောမှုဖြင့် ပြည့်စုံကြွယ်ဝလာခဲ့သည်။

အချို့က ၎င်းသည် အလယ်ပိုင်းဒေသ၏ စတုတ္ထမြောက် မဟာသူတော်စင်နယ်မြေပင် ဖြစ်သင့်သည်ဟုပင် သတ်မှတ်ကြ၏။ မီးလျှံနတ်ဆိုးဂိုဏ်းသည် နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူတို့၏ နှလုံးသားထက်တွင် အတုမရှိသော သူတော်စင် နယ်မြေတစ်ခု၊ ဟုန်ချန်ယဲ့သည်လည်း နတ်ဆိုးလမ်းစဥ်၏ စည်းကမ်းစည်းဘောင်ကို တည်ထောင်သတ်မှတ်သော အရှင်သခင်တစ်ပါး ဖြစ်လာခဲ့သည်။

ကိစ္စအဝဝကို ကိုင်တွယ်ပြီးနောက် ဟုန်ချန်ယဲ့သည် ရွှယ်ထျန်းသူတော်စင်နယ်မြေသို့ အားပြတ်ချိနဲ့စွာ ပြန်လာခဲ့သည်။

မျက်နှာသွင်ပြင်မှာ မကြုံစဖူး ဝမ်းနည်းစိတ်ဓာတ်ကျမှုတို့ ထင်ဟပ်နေခဲ့ပြီး သူ၏ နှလုံးသား၌ ရှိမြဲဖြစ်သော မာန်မာနတို့လည်း ပျောက်ဆုံးနေခဲ့၏။

"ဟူး"

ဟုန်ချန်ယဲ့ သက်ပြင်းချလိုက်သည်။

ဖဲဝိုင်းတွင် ကောင်းပုလီတို့သုံးယောက်သားမှာ တစ်ပွဲထပ်နိုင်လိုက်ပြန်သော ယဲ့ကျွင်းလင်ကို ဟန်မဆောင်နိုင်တော့စွာ မျက်စိမျက်နှာပျက် ဝိုင်းကြည့်နေကြပြီး ဖဲစားပွဲကို လှန်၍ ထွက်သွားချင်စိတ်သာ ရှိနေကြသည်။

ဆက်ရိုက်နေလို့ရော ဘာအဓိပ္ပာယ် ရှိတော့မှာလဲ?

ပျင်းစရာကောင်းလိုက်တာ!

ယဲ့ကျွင်းလင်လည်း ပျင်းနေခဲ့၏။ အမြဲတမ်း နိုင်နေခြင်းသည် တကယ်ပင် စိတ်ဝင်စားစရာမရှိ။

ထို့နောက် စိတ်ပျက်လက်ပျက်ဖြစ်နေသော ဟုန်ချန်ယဲ့တစ်ယောက် သူ့ဆီချဉ်းကပ်လာသည်ကို မြင်သောအခါ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်၊ "ရှောင်ဟုန်၊ လမ်းခရီးက အဆင်မပြေခဲ့ဘူးလား?"

ဟုန်ချန်ယဲ့၏ မျက်နှာအမူအရာသည် ရှုပ်ထွေးနေခဲ့၏။

လက်တွေ့ကျကျ ပြောရလျှင် သူအဓိကရန်သူကို လက်စားချေရှင်းလင်းနိုင်ခဲ့သော်လည်း နောက်ဆုံး၌ အပြင်လူကို အားကိုးပြီး နိုင်ခဲ့ခြင်းဖြစ်သောကြောင့် အောင်မြင်မှုကို အပြည့်အဝမခံစားရပေ။

အရေးကြီးဆုံးကတော့ ထူးဆန်းသော နဂါးလူသား၏ "ချန်ယဲ့" ဟူသော နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးစွာ ခေါ်ဆိုသံကြီးက သူ့ကို အလွန်စိတ်မသက်မသာ ဖြစ်စေဆဲဖြစ်၏။

“ဆရာသခင်၊ ဒီလိုပါ…”

ထို့နောက် ဟုန်ချန်ယဲ့သည် ဆရာသခင်ဖြစ်သူအား တိုင်တည်သည့်အနေဖြင့် ဖြစ်စဥ်တစ်ခုလုံးကို အသေးစိတ် ပြန်ပြောင်းပြောပြခဲ့သည်။

“ဒါဆို မင်းကို ကူညီပေးချင်တဲ့ ကြင်နာတတ်တဲ့သူတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရတာ ကံကောင်းတာပေါ့” ယဲ့ကျွင်းလင်က ပြုံးရွှင်စွာ ပြောလိုက်သည်။

စန်းလန်ကျွင်းက အံ့အားတသင့် မေးလာ၏။ “နေစမ်းပါဦး။ မင်း ပြောပြသလောက်ဆိုရင် ဝင်ကူညီပေးခဲ့တဲ့ အဲ့ဒီ နဂါးမျိုးနွယ် ကျွမ်းကျင်သူရဲ့ နာမည်က လုံအော်ထျန်းလား?!"

ဟုန်ချန်ယဲ့ မျက်ခုံးပင့်ကာ “ဘယ်လို သိတာလဲ?"

“ဟိုက်~"

စန်းလန်ကျွင်းသည် မောဟိုက်စွာ သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးမှ ဖင်မီးလောင်သကဲ့သို့ ထိုင်နေရာမှဝုန်းခနဲထအော်သည်။

“မြတ်စွာဘုရား! တကယ်ပဲ သူလား?!"

ရှေ့မှီနောက်မှီ အဘိုးကြီး၏ စိတ်လှုပ်ရှားနေသော ပုံစံအသစ်အဆန်းကို မြင်သောအခါ ယဲ့ကျွင်းလင်လည်း သည်းမခံနိုင်စွာ ဝင်ထိန်းရသည်။ “စိတ်အေးအေးထားပါ၊ ဘာလို့ထခုန်နေတာလဲ?"

“အားလုံးပဲ သတိထား! အဲ့ဒါ လုံအော်ထျန်း!"

စန်းလန်ကျွင်းသည် နီမြန်းနေသောမျက်နှာဖြင့် ပြန်လည်ရှင်းပြလာ၏။ “သူက ရှေးဟောင်းခေတ်တုန်းက မသေမျိုးဧကရာဇ်အဆင့်မှာ မသေမျိုး သူတော်စင်အဆင့် စွမ်းအားရှင်ကို အသေသတ်နိုင်ခဲ့တဲ့ ပြိုင်ဘက်ကင်း ထူးချွန်သူပဲ!"

“ဒီလို ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်က မသေမျိုးဘုံကို မသွားဘဲ ခွင်းလွင်ကမ္ဘာမှာ အိပ်စက်နေဖို့ ရွေးချယ်ခဲ့ပြီး အခွင့်အရေးကို စောင့်နေလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့ဘူး။ ကျွန်တော်တို့အတွက် ဒီ ခေတ်မှာ သူ့နဲ့ ယှဥ်ပြိုင်ဖို့ဆိုတာ ကြက်ဥနဲ့ ကျောက်တုံးကို ခေါက်သလိုပဲ!"

လုံအော်ထျန်းဆိုသည့်နာမည်ကို အတည်ပြုပြီးချိန်၌ စန်းလန်ကျွင်း၏ နှလုံးသားတွင် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုမှလွဲ ဘာကိုမှမစဥ်းစားနိုင်ခဲ့။

“သူက တကယ်ပဲ အဲ့လောက်အားကောင်းတယ်..." ဟုန်ချန်ယဲ့က အလေးအနက်ဆိုသည်။

ယဲ့ကျွင်းလင်၏ မျက်လုံးများ တဖျတ်ဖျတ် လင်းလက်သွားပြီး မေးစေ့ကို စိတ်ဝင်စားစွာ ပွတ်သပ်လိုက်သည်။

"နည်းနည်း စိတ်ဝင်စားစရာ ကောင်းသားပဲ"

ကောင်းပြီ။ နောက်ဆုံးတော့ ပိုကြမ်းတဲ့ သူငယ်ချင်းလေးတစ်ယောက် ပေါ်လာပြီပဲ၊ မဟုတ်ရင် ဘဝက အရမ်းပျင်းစရာကောင်းနေတော့မှာ!

ထို့နောက်တွင်၊

စန်းလန်ကျွင်းသည် ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး မျက်နှာကို ချက်ချင်း ပြုံးဖြီးလိုက်ကာ ယဲ့ကျွင်းလင်ကို ကြည့်၍ မြှောက်ပင့်သော လေသံဖြင့် ပြောသည်။ "ဟဲဟဲ၊ သူ ဘယ်လောက်ပဲ အားကောင်းပါစေ၊ အကြီးအကဲယဲ့လောက်တော့ မကောင်းပါဘူး"

သူသည် လုံအော်ထျန်းကို အလွန်ကြောက်သော်လည်း သူ၏ အတွင်းစိတ်၌ ဤလူငယ်က ပိုအားသာသည်ဟု ခံစားနေရဆဲပင်။

နောက်ဆုံးတော့လည်း ဒီလူက ဧကရီဖူယောင်ရဲ့ အစောင့်ခွေးကတောင် ပြိုင်ဘက်ကင်းအဖြစ် အသိအမှတ်ပြုထားတဲ့ စွမ်းအားရှင်ပဲကိုး။

ရွှေတံဆိပ်အဆင့် အသိအမှတ်ပြုခြင်းလို့ ခေါ်ဆိုနိုင်တယ်!

“မှန်တယ်”

ဟုန်ချန်ယဲ့ ခေါင်းညိတ်လိုက်သည်။

သူ့ဆရာသခင်က ဘယ်သူမလို့လဲ?

တစ်ချိန်က အမှောင်မျိုးနွယ် ပုန်ကန်ထကြွမှုကို တစ်ယောက်တည်းအားဖြင့် ဖိနှိပ်ခဲ့သော အင်အားအကောင်းဆုံး မသေမျိုးဧကရာဇ်၊ ကောင်းကင်ဧကရာဇ် ယဲ့!

ထို လုံအော်ထျန်းက ဆရာသခင်နှင့်ယှဥ်လျှင် နုပါသေးသည်။

ဘယ်သူက ပိုအားကောင်းပြီး ဘယ်သူက ပိုအားနည်းတယ်ဆိုတာ တစ်ချက်ကြည့်လိုက်ရုံနဲ့ ရှင်းရှင်းလင်းလင်း သိနိုင်တယ်!

All Chapters