← Chapters

နောက်ဆုံးတွင် ရွှေလက်ချောင်းအား တွေ့နိုင်လာခြင်း(၃)

Vol. 25 Ch. 361

နောက်ဆုံးတွင် ရွှေလက်ချောင်းအား တွေ့နိုင်လာခြင်း(၃)

Vol. 25 Ch. 361

“သင်၏တပည့် ရွှီယန်သည် စိတ်ဝိညာဉ် စုစည်းခြင်းအဆင့်ရှိ သိုင်းသမားတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ သင်၏ လျှပ်တစ်လေ ဓါးဆန္ဒသည် ပိုမို အဆင့်မြင့်လာခဲ့သည်။ သင်၏ စိတ်ဝိညာဉ် သုတ်သင်ခြင်း အတွေ့အကြုံတို့ တိုးပွားလာခဲ့သည်”

လီရွှမ်တစ်ယောက် အံ့ဩသွားသည်။ သူက မုန့်ချုံအား ကောင်းကင်လူသား တစ်ယောက်ယောက်နှင့် ကြုံတွေ့ရမည်ဟု ထင်ထားခဲ့တာပါ။ သို့ပေမယ့် ရွှီယန် ဖြစ်နေ၏။

ထို့အပြင် ထိုကောင်းကင်လူသားကို သတ်ဖြတ်ခဲ့သေးသည်။

“ကောင်းကင်လူသား သင်္ချိုင်းထဲမှာများ ဖြစ်ခဲ့တာလား”

လီရွှမ်၏ မျက်ခုံးများက တွန့်သွား၏။

“စိတ်ဝိညာဉ် စုစည်းခြင်းအဆင့် သိုင်းသမားတစ်ယောက်လား.. အဲ့ဒါက စစ်ဘုရင်အဆင့်ရဲ့ အထက်က အဆင့်များလား.. ဒါပေမယ့် ကောင်းကင်လူသား သင်္ချိုင်းထဲမှာ ပြည့်စုံတဲ့ ကောင်းကင်လူသားတစ်ယောက် ပေါ်မလာသင့်ဘူးမလား”

လီရွှမ်က သုံးသပ်၏။

ကောင်းကင်လူသား များတွင်လည်း သန်မာသူ၊ အားနည်းသူနှင့် အဆင့်ငယ် ခြားနားချက်များ ရှိလောက်ပါသည်။ စိတ်ဝိညာဉ် စုစည်းခြင်း အဆင့်သည် စစ်ဘုရင်အဆင့်၏ အထက်ရှိ အဆင့် ဖြစ်ပေလိမ့်မည်။ ကောင်းကင်လူသားများ အကြားတွင် အဆင့်နိမ့်အဆင့် ဖြစ်လောက်၏။

“သူက ကောင်းကင်လူသားတစ်ယောက်ကိုတောင် သတ်နေပြီပဲ”

လီရွှမ်က အံ့ဩစွာ သက်ပြင်းချသည်။ ဆရာတစ်ယောက် အနေနှင့် သူသည် ကောင်းကင်လူသား တစ်ယောက်ကိုမှ မသတ်ဖြတ်ဖူးသေးပေ။ သို့ပေမယ့် သူ၏တပည့် ရွှီယန်က ခြေတစ်လှမ်းပိုစောကာ ကောင်းကင်လူသား တစ်ယောက်ကို ဓါးဖြင့် ခုတ်သတ်ခဲ့ပြီး ဖြစ်သည်။

“ထုံးရွှမ်အဆင့်ရဲ့ အသေးစား ကျွမ်းကျင်မှုအဆင့်က ရွှီယန်က ကောင်းကင်လူသား တစ်ယောက်ကို သတ်နိုင်နေပြီးပြီ။ တော်တော်အားနည်းပါလား”

ရွှီယန်အနေနှင့် လျှပ်တစ်ပြတ်လေ ဓါးဆန္ဒကို နားလည်သဘောပေါက် လာပြီးနောက် ကောင်းကင်လူသား တစ်ယောက်ကို သတ်ဖြတ်နိုင်မည်မှာ ဖြစ်ကိုဖြစ်လာမည့် ကိစ္စဖြစ်ကြောင်းကို လီရွှမ် နားလည်၏။

ယခုအချိန်၌ သူသည် ဒီဗိုင်းဆန္ဒ အဆင့်သို့ ရောက်ရှိပြီး ဖြစ်ရာ လျှပ်တစ်ပြတ်လေ ဓါးဆန္ဓကို ထုတ်လွှတ်လိုက်သည်နှင့် ကောင်းကင်လူသား တစ်ယောက်၏ စိတ်ဝိညာဉ်နှင့် အသိစိတ်ကို အလွယ်တကူ သုတ်သင်နိုင်မှာ ဖြစ်သည်။

သို့ပေမယ့် ဤသည်မှာ စိတ်ဝိညာဉ်စုစည်းခြင်းအဆင့် ကောင်းကင်လူသားကိုသာ ဆိုလို၏။ ပိုမိုသန်မာသည့် ကောင်းကင်လူသား တစ်ယောက်သာ ဆိုပါက သူ၏ လက်ရှိခွန်အားနှင့် အလွယ်တကူ မသတ်ဖြတ်နိုင်မှာလည်း ဖြစ်နိုင်ပါသည်။ ဘာပဲဖြစ်ဖြစ် ကောင်းကင်လူသားများအပေါ် သူ၏ နားလည်သဘောပေါက်မှုမှာ အလွန် နည်းပါးသေး၏။

“ရွှီယန် ပြန်လာပြီးရင် ဘာတွေ ဖြစ်ခဲ့တာလဲ ဆိုတာကို သိလာမှာပါ”

လီရွှမ်သည် ထိုကိစ္စအား ဆက်လက်စဉ်းစားမနေတော့ပါ။ တာအိုရွှေစာအုပ်တွင် သိုင်းပညာ စိတ်ကူးအချို့ကို ချရေးပြီး သုံးသပ်ချက်တို့ကို ရယူရန် လုပ်၏။ ထို့နောက် သိုင်းကျင့်စဉ်သစ်ကို ဖန်တီးမည် ဖြစ်သည်။

ရုတ်တရက် သူ၏ပုံစံက အေးခဲသွားသည်။ ရှေးဟောင်း ရှေးဟောင်းသားရေ စာအုပ်ကို လျှင်မြန်စွာ ထုတ်လိုက်သည်။ ဒီထိုက်ချန်းစာအုပ်ကို နေ့စဉ်နေ့တိုင်းနီးပါး သူလေ့လာခဲ့၏။ ပထမစာမျက်နှာကို အမြဲတမ်း စူးစိုက်စွာ ကြည့်ရှုလေ့ရှိသည်။

သူသည် တဖြည်းဖြည်းနှင့် အတွေးအမြင်အချို့ ရရှိလာခဲ့သည်။ အရှိန်အဟုန်တစ်မျိုး (သို့) ဆန်းကြယ်သည့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်တစ်ခုကို တွေ့မြင်လာရသည့်နှယ် ရှိသည်။

“ဒီထိုက်ချန်းစာအုပ်က မရိုးရှင်းဘူး.. ဝူနိုင်ငံရဲ့ တော်ဝင် ရတနာတိုက်ထဲမှာ ဘယ်လိုလုပ်ပြီး ပေါ်လာလဲ မသိဘူး။ ဖြစ်နိုင်တာက ရတနာတစ်ခုခုများ ဖုံးကွယ်နေတာလား”

“ဘာအကြောင်းပြချက်ပဲ ဖြစ်ဖြစ် ဒီစာအုပ်က ထူးကဲတာတော့ သေချာတယ်။ ငါသာ တာအိုရွှေစာအုပ်ထဲကို ဒီသင်္ကေတွေ ဆွဲထည့်လိုက်ရင် လိုချင်တဲ့ အချက်အလက်တွေကို သိလာနိုင်မလား”

ထိုအတွေးနှင့်အတူ လီရွှမ်တစ်ယောက် စမ်းသပ်ကြည့်လိုသွား၏။

အတွေးတစ်ချက်နှင့်အတူ ဝိညာဉ်အခြေပေါ်ရှိ ရွှေစာအုပ်က ပွင့်လာခဲ့သည်။ အသက်ကို နက်ရှိုင်းစွာ တစ်ချက်ရှူ၏။ လီရွှမ်သည် ထိုက်ချန်း ရှေးဟောင်းစာအုပ်၏ ပထမစာမျက်နှာရှိ မျဉ်းများကို မှတ်မိပြီး ဖြစ်သည်။ သို့ပေမယ့် ဆွဲချတော့မည့် အချိန်၌ ရပ်တန့်သွား၏။

မနေနိုင်ပဲ အနည်းငယ် အံ့ဩစွာ ခံစားလိုက်ရသည်။ ရှင်းလင်းစွာပင် သူသည် သင်္ကေတများကို မှတ်သားထားပြီး ဖြစ်၏။ သို့ပေမယ့် ပုံဆွဲရန် ကြိုးစားလိုက်ချိန်၌ မည်သည့်နေရာမှ စရမည်ကို လမ်းပျောက်နေပါသည်။

သင်္ကေတ၏ မည်သည့်နေရာမှ မဆို စတင်ရေးဆွဲရန် စဉ်းစားလိုက်သည်နှင့် ထိုနေရာအား စတင်မှတ်မဟုတ်ဟု ခံစားလာရသည်။ အခြား နေရာကသာ စစ်မှန်သည့် စတင်မှတ်ဟု မြင်ယောင်လာခဲ့သည်။

ထို့နောက် အခြားနေရာကို စတင်မှတ်အဖြစ် ပြောင်းလဲရန် ကြိုးစားလိုက်လျှင်လည်း နောက်ထပ် အခြားနေရာတစ်ခုကိုသာလျှင် စစ်မှန်သည့် စတင်မှတ်ဖြစ်မည်ဟု ခံစားရပြန်၏။ ဤနည်းအားဖြင့် ဆက်တိုက် ပြောင်းလဲနေပါသည်။

ထိုကဲ့သို့ ဖြစ်ပွားလေလေ ထိုက်ချန်း ရှေးဟောင်းသားရေစာအုပ်၏ ထူးကဲသည့် သဘာဝကို ပိုမို ဖော်ပြလေလေ ဖြစ်သည်။

လီရွှမ်က စာအုပ်ကို ပြန်ဖွင့်ကာ သူ၏အကြည့်က သင်္ကေတများပေါ်သို့ စူးစိုက်သွားသည်။ တစ်ခုကို ခိုင်မာစွာ ရွေးချယ်လိုက်၏။ သူ၏ ဒီဗိုင်းဆန္ဒနောက်သို့ လိုက်ကာ တာအိုရွှေစာအုပ်အတွင်း၌ ရေးဆွဲလိုက်သည်။

“ဟစ်.. ကျွတ်..”

လီရွှမ်က သက်ကို ရှူသွင်း၏။ သင်္ကေတကို ရေးချလိုက်သည်နှင့် ဒီဗိုင်းဆန္ဒက အလွန်လျှင်မြန်စွာ ကုန်ဆုံးသွားသည်။

“မလောနဲ့… ဖြည်းဖြည်းချင်း ရေးတာပေါ့.. အချိန််ပိုကြာလည်း ကိစ္စမရှိဘူး”

လီရွှမ်သည် တာအိုရွှေစာအုပ်အတွင်းသို့ သင်္ကေတများကို နှေးကွေးစွာဖြင့် တဖြည်းဖြည်း ရေးချနေ၏။ အလွန် နှေးလွန်းလှပါသည်။ ထို့အပြင် ဒီဗိုင်းဆန္ဒအဆင့် ကျင့်စဉ်ကို ဆက်တိုက် လှည့်လည်ကာ ကုန်ဆုံးသွားသည့် ဒီဗိုင်းဆန္ဒကို ပြန်လည် ဖြည့်တင်း၏။

သင်္ကေတများ၏ သုံးပုံတစ်ပုံကို ရေးချပြီးနောက် နှေးကွေးလာမှုအပြင် ပင်ပန်းမှုနှင့် ချည့်နဲ့မှုကိုလည်း ခံစားလာရသည်။ ထို့ကြောင့် ရေးချမှုကို ရပ်တန့်လိုက်၏။ ထိုအချိန်၌ တာအိုရွှေစာအုပ်၌ ရွှေရောင်အလင်း ရေးတေးတေး ပေါ်လာခဲ့သည်။ စာရွက်ပေါ်တွင် သင်္ကေများနှင့် ပက်သက်သည့် အချက်အလက်များ တဖြည်းဖြည်း ပေါ်လာခဲ့၏။

All Chapters