ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများ၊ ဆန်းကြယ်သော သိုင်းပညာ
Vol. 25 Ch. 363
“အဲ့ဒါတွေကို အခြားကိရိယာတွေ ပြုလုပ်ရာမှာလည်း သုံးလို့ရတယ် ... ဥပမာ- သိုလှောင်အိတ်၊ သိုလှောင်လက်စွပ် စတာတွေ ဖန်တီးတဲ့နေရာမှာ အထူး ကုန်ကြမ်းပစ္စည်းတွေ အပြင် ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ နိယာမတွေကိုလည်း အသုံးချနိုင်တယ်"
"ဒါပေမဲ့.. ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ နိယာမတွေကို အသုံးပြုတာက အဆင့်မြင့်တယ်။ ဘယ်လိုလုပ်ပြီး အဆင့်နိမ့် ကျင့်ကြံမှုအဆင့်မှာ ပေါင်းစပ်ပြီး အသုံးဝင်အောင် လုပ်နိုင်မှာလဲ”
လီရွှမ်မှာ စဥ်းစားလေလေ ခေါင်းကိုက်လေလေ ဖြစ်လာခဲ့၏။ လက်နက်ကိရိယာ ထုလုပ်ခြင်းတွင် အခင်းအကျင်း ဖွဲ့စည်းပုံတို့ ပေါင်းစပ်မထားပါက လုံလောက်စွာ စွမ်းအားကြီးမားနိုင်မည် မဟုတ်ပေ။
အခင်းအကျင်း ဖွဲ့စည်းပုံ စနစ်နှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင်လည်း ထိုနှစ်ခုအကြား အဆင့်အတန်း တူညီပုံ မရပြန်ပါ။
မည်သည့် သဲလွန်စမှ မရဘဲ အချိန်ကြာအောင် စဥ်းစားပြီးနောက် စိတ်ထဲတွင် သက်ပြင်းသာချလိုက်ပြီး ထိုက်ချန်းစာအုပ်ကို အာရုံစိုက်ကာ ဒုတိယစာမျက်နှာကို လှန်လိုက်သည်။
သူသည် ထိုက်ချန်းစာအုပ်ပါ သင်္ကေတအားလုံးကို အလွတ်မှတ်သားထားရန် ဆုံးဖြတ်လိုက်သည်။ အနည်းငယ် ခက်ခဲကာ သင်္ကေတများ၏ ပုံသဏ္ဍာန်တွေကိုသာ မှတ်မိပြီး ၎င်းတို့၏ စစ်မှန်သည့် နက်နဲမှုကို သိရှိမည် မဟုတ်လျှင်တောင် သူ၏ ခွန်အားအဆင့်တို့ တိုးတက်လာပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမများကို ထိတွေ့နိုင်ပြီ ဆိုသည်နှင့် သဘာဝအတိုင်း နားလည်လာနိုင်မည် ဖြစ်သည်။
ဒုတိယစာမျက်နှာပေါ်ရှိ သင်္ကေတများက သူ့ကို အရင်ကနှင့် မတူသည့် ခြားနားသော အမြင်အချို့ကို ပေးစွမ်းခဲ့သည်။
သူသည် ဂိမ်းတစ်ခုကို မြင်လိုက်ရသလိုလို၊ ကောင်းကင်နှင့် ကမ္ဘာမြေကြီးက ဖန်တီးထားသည့် ထောင်ချောက်တစ်ခုကိုလည်း မြင်လိုက်ရသလိုလို ဖြစ်နေ၏။
မှင်သက်နေရင်းနှင့် လီရွှမ်တစ်ယောက် သင်္ကေတများ အတွင်းမှ အပြောင်းအလဲ အချို့ကို မြင်လိုက်ရသည်။
“ဂိမ်း... အခင်းအကျင်း ဖွဲ့စည်းတည်ဆောက်ပုံ…”
လီရွှမ်က စကားအနည်းငယ်ကို ရေရွတ်လိုက်ပြီး သူ၏စိတ်ထဲတွင် တောက်ပသည့် အကြံတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
“ချီမန်သွန့်ကျား”
ဒီအချိန်၌ လီရွှမ်သည် ချီမန်သွန့်ကျားနှင့် ၎င်း၏ လေးထောင် သုံးရာ နှစ်ဆယ်သော ဖွဲ့စည်းပုံမျကို သတိရလိုက်သည်။
“သိုင်းပညာ အသစ်ကို ရှာတွေ့ပြီ”
လီရွှမ်တစ်ယောက် စိတ်လှုပ်ရှားလာခဲ့သည်။ နောက်ဆုံးတွင် သူသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမများကို အသုံးပြုပြီး သိုင်းပညာအသစ်အား ဖန်တီးရန် နည်းလမ်းကို ရှာတွေ့ခဲ့ပါပြီ။
“ဒါက လက်နက်ကိရိယာ ထုလုပ်ခြင်း ပဲဖြစ်ဖြစ် အခင်းအကျင်း ခင်းကျင်းတည်ဆောက်ဖို့ပဲဖြစ်ဖြစ် ပစ္စည်းပြုပြင်တာပဲဖြစ်ဖြစ်၊ ဖွဲ့စည်းတည်ဆောက်ပုံတွေကို တည်ဆောက်တာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ဖွဲ့စည်းမှု၊ အခင်းအကျင်းအဖြစ် သတ်မှတ်ရမယ်.. ပစ္စည်းတွေကို အကူအညီအဖြစ် အသုံးပြုရမယ်.. လက်နက်ကိရိယာ ထုလုပ်ခြင်း.. အခင်းအကျင်း တည်ဆောက်ခြင်းတွေက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ သဘောတရားတွေဖြစ်တယ်.."
"အရာအားလုံးကို အခင်းအကျင်းအဖြစ်... ကောင်းကင်နဲ့ ကမ္ဘာမြေကြီးကို ဂိမ်းအဖြစ် အသုံးပြုခြင်း... ချီမန် သိုင်းပညာ”
လီရွှမ်၏ စိတ်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ နောက်ဆုံးတွင် သူသည် သိုင်းပညာစနစ် အသစ်၏ ဦးတည်ချက်နှင့် အမည်ကို ဆုံးဖြတ်နိုင်ခဲ့ပါပြီ။
ချီမန် သိုင်းပညာ... လက်နက်ကိရိယာ ထုလုပ်ခြင်း.. အခင်းအကျင်း ဖန်တီးခြင်း အစရှိသဖြင့် ပါဝင်၏။
“ချီမန် သိုင်းပညာက သမရိုးကျ မဟုတ်တဲ့ အရာတွေကို အသုံးပြုပြီး ကြီးမားတဲ့ အခြေအနေတွေကို ကိုင်တွယ်ခြင်း၊ ထူးဆန်းတဲ့ အခင်းအကျင်းတွေကို တည်ဆောက်ခြင်း ဖြစ်တယ်… ချီမန် ဖြစ်တဲ့အတွက် ပုံမှန်လမ်းအတိုင်း လိုက်လို့မရဘူး... အရေအပြား၊ အရိုးနဲ့ ကိုယ်တွင်းအင်္ဂါတွေကို သန့်စင်တဲ့ နည်းလမ်းတွေကို စွန့်လွှတ်ရမယ်.."
"ဒါ့အပြင် ငါ့ရဲ့ စတုတ္ထတပည့်က သိုင်းပညာ အခြေခံမရှိဘဲ လာမှာ မဟုတ်လောက်ဘူး.. ဒါကြောင့် တည်ဆောက်ပြီးသား လမ်းကြောင်းကို စွန့်လွှတ်ပြီး ပုံမှန်မဟုတ်တဲ့ လမ်းကို လျှောက်ရလိမ့်မယ်"
"လက်နက်ကိရိယာကို ကိုယ်ခန္ဓာအဖြစ် အသုံးပြုမလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ထဲမှာ ပေါင်းစပ်မလား... ဒါမှမဟုတ် အစားထိုးနိုင်ပြီး အဆင့်မြှင့်တင်နိုင်တဲ့ လက်နက်ကိရိယာကို ကိုယ်ခန္ဓာထဲမှာ ပေါင်းစပ်မလား…"
"လက်နက်ကိရိယာမှာ အခင်းအကျင်းတွေကို တည်ဆောက်ဖို့၊ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ လားရာကို ဂိမ်းအစီအစဉ်အဖြစ် အသုံးပြုဖို့… ခြေလှမ်းတိုင်းက ထောင်ချောက် တစ်ခုပဲ.. လှုပ်ရှားမှုတိုင်းက သေစေနိုင်တဲ့ အလားအလာ ရှိတယ်”
ထိုကဲ့သို့ စဥ်းစားရင်းက လီရွှမ်တစ်ယောက် ပိုပြီး စိတ်လှုပ်ရှားလာခဲ့သည်။ တံခါးအသစ်တစ်ခုအား ဖွင့်ကယ မတူညီသည့် ရှုခင်းတစ်ခုကို မြင်လိုက်ရသကဲ့သို့ ရှိ၏။
“သိုင်းပညာေိုတာ တစ်ဆင့်ပြီးတစ်ဆင့်ပဲ ကျင့်ကြံရမယ်.. ကိုယ့်ကိုယ်ကိုယ်ရဲ့ ကျင့်ကြံမှုအပေါ်မှာပဲ အာရုံစိုက်ရမယ်လို့ မဆိုလိုပါဘူး။ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းကို ယူပြီး တခြားအရာတွေကိုလည်း ကျင့်ကြံနိုင်တယ်.. အဲ့ဒါက ကိုယ့်ကိုယ်ကိုယ် အကျိုးဖြစ်စေနိုင်တယ်.. လမ်းကြောင်း မတူပေမဲ့ ပန်းတိုင်ကတော့ တစ်ခုတည်းပါပဲ"
"ခြားနားတဲ့ လမ်းကြောင်းတွေက တူညီတဲ့ လားရာကိုပဲ ဦးတည်နေတယ်.. ပေါင်းစုံဖို့အတွက် အချိန်တစ်ခု ရှိနေမှာပဲ.. ဒါပေမဲ့ စတင်တဲ့ အဆင့်ကတော့ ကွဲပြားလိမ့်မယ်"
"ဒါကတော့ ချီမန် သိုင်းပညာပဲ”
သိုင်းပညာအသစ်၏ အမည်၊ ဖန်တီးရမည့် နည်းလမ်းနှင့် ဦးတည်ချက်ကို ဆုံးဖြတ်ပြီးနောက် လီရွှမ်သည် စိတ်လှုပ်ရှားလာပြီး သိုင်းပညာအသစ်ကို ဖန်တီးဖို့ ပြင်ဆင်မှုပြုသည်။
“ချီမန် သိုင်းပညာကို ဖန်တီးဖို့ အချိန်အတော်ကြာလိမ့်မယ်။ တာအိုရွှေစာအုပ်က အကူအညီပေးနိုင်ပြီး စိတ်ကျေနပ်မှုရှိတဲ့ သိုင်းပညာကို ရတဲ့အထိ နည်းနည်းချင်းစီ ပြုပြင်မွမ်းမံနိုင်စေတယ်..."
"ဒါပေမဲ့ တာအိုရွှေစာအုပ်ကို အသုံးပြုဖို့အတွက် ဒီဗိုငဆန္ဒကို သုံးစွဲရမယ်။ နေ့တိုင်း အသုံးပြုနိုင်တဲ့ အချိန်က ကန့်သတ်ထားတယ်.. ပြီးတော့ ချီမန် သိုင်းပညာကို ကျင့်ကြံမယ့် တပည့်ကိုရော ဘယ်မှာ ရှာရမလဲဆိုတာတောင် မသိသေးဘူး”
လီရွှမ်က အသက်ပြင်းပြင်း ရှူ၏။ ချီမန် သိုင်းပညာကို သူ့၏ လုပ်ငန်းစဥ်အတွင်းသို့ ထည့်သွင်းပြီး အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ပြီးပြည့်စုံအောင် လုပ်ဆောင်သင့်ပေသည်။
သို့ပေမယ့် အခုအချိန်တွင်တော့ ထိုကိစ္စသည် အရေးအကြီးဆုံး မဟုတ်သေးပေ။ ဘာပဲဖြစ်ဖြစ် သင့်တော်သည့် တပည့်ကို ရှာမတွေ့သေးပေ။
ချီမန် သိုင်းပညာကို ကျင့်ကြံလိုသူသည် နားလည်သဘောပေါက်နိုင်စွမ်း ကောင်းမွန်ရမည်။ လက်နက်ကိရိယာ ထုလုပ်ခြင်းအပြင် မြေပြင်အနေအထားနှင့် မဟာဗျူဟာမြောက် အခြေအနေတွေကိုလည်း ထူးထူးခြားခြား နားလည်သိမြင်နိုင်ရမည်။
ဤသည်မှာ ချီမန် သိုင်းပညာ၏ အခင်းအကျင်းနှင့် မဟာဗျူဟာမြောက် အခြေအနေများအတွက် မရှိမဖြစ် လိုအပ်သည့် ပါရမီဖြစ်သည်။
'တပည့်သုံးဦးထဲမှာ မုန့်ချုံနဲ့ စုလင်းရှုံတို့က ချီမန် သိုင်းပညာအတွက် မသင့်တော်ဘူး.. သူတို့ ကျင့်ကြံလို့ မရဘူး။ ရွှီယန်အနေနဲ့ကတော့.. သူက ကျင့်ကြံမှုမှာ အမှန်တကယ်ပဲ ထူးချွန်သူတစ်ယောက် ဖြစ်တယ်.. ဒါပေမဲ့ သန့်စင်တဲ့ သိုင်းပညာကို ကျင့်ကြံနေတယ်။ ဒါ့အပြင် သူ့ရဲ့ သိုင်းပညာ အခြေခံကလည်း ခိုင်မာနေပြီးသား ဖြစ်တယ်။ သူ့ကို ချီမန် သိုင်းပညာကိုပါ ကျင့်ကြံခိုင်းဖို့ အကြောင်း မရှိဘူး'
“စတုတ္ထတပည့် မရှိသေးမှတော့.. ချီမန် သိုင်းပညာကို ငါဆက်ပြီး ဖန်တီးရမယ် ဆိုပေမဲ့ အရင်ဆုံး မုန့်ချုံရဲ့ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာအတွက် နောက်တစ်ဆင့် လေ့ကျင့်နည်းကို ဖန်တီးပေးသင့်တယ်”
လီရွှမ်တစ်ယောက် စိတ်ပိုင်းဖြတ်လိုက်သည်။ ဒီအဆင့်တွင် သူ၏ အဓိက အာရုံစိုက်မှုမှာ မုန့်ချုံ၏ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာ မဖျက်ဆီးနိုင်သော ရွှေခန္ဓာ၏ နောက်ဆက်တွဲ ကျင့်ကြံမှုအတွက် နည်းလမ်းကို ဖန်တီးရန် ဖြစ်သည်။
မန်ချုံသည် ထုံရွှမ်းအဆင့်သို့ ရောက်ရှိနေပြီး ဖြစ်၏။ နောက်ဆက်တွဲ သိုင်းပညာ ကျင့်စဉ်များကို လက်ဆင့်ကမ်းပေးရန် အချိန်တန်ပါပြီ။
လီရွှမ်က ထိုက်ချန်းစာအုပ်ကို ထားကာ သူ၏ ဒီဗိုင်းဆန္ဒအား တာအို ရွှေစာအုပ် အတွင်းမှ ရုတ်သိမ်းလိုက်သည်။ ကုန်ဆုံးသွားသည့် ဒီဗိုင်းဆန္ဒစွမ်းအားအား ပြန်လည်ဖြည့်တင်း၏။
ပြီးနောက် ကြီးမြတ်သောနေ ရွှေခန္ဓာ ကျင့်စဉ်၏ နောက်ဆက်တွဲ အဆင့်များကို စတင်စဉ်းစားသည်။
"ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာက သူ့ရဲ့ ထူးကဲမှုတွေကို ဆက်လက်လက်ဆင့်ကမ်းဖို့ လိုအပ်တယ်.. အဲ့ဒါမှပဲ ပိုမိုကြီးမားတဲ့ စွမ်းအားကို ပိုင်ဆိုင်နိုင်မှာ"
သူက တွေးတော၏။
ထုံးရွှမ်အဆင့်၏ အထက်ရှိ အဆင့်မှာ ဒီဗိုင်းဆန္ဒအဆင့် ဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ဆန္ဒကို ကိုယ်ပိုင်အတွက် သန့်စင်ခြင်းဖြစ်၏။
နီဝမ်နန်းတော်အား ဖွင့်လှစ်ခြင်း.. ဝိညာဉ်အခြေအား ပျိုးထောင်ခြင်း.. စသည်တို့ကို ပြုလုပ်ရသည်။
သို့ပေမဲ့ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာကတော့ ရုပ်ပိုင်းဆိုင်ရာအပေါ်တွင် အခြေတည်နေသည်။
"ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာကလည်း နီဝမ်နန်းတော်ကို ဖွင့်လှစ်ဖို့လိုအပ်တယ်.. ဒါပေမဲ့ စစ်မှန်တဲ့သိုင်းပညာနဲ့ မတူတာက သူ့ရဲ့ နီဝမ်နန်းတော်က ခန္ဓာကိုယ်ရဲ့ စိတ်ဝိညာဉ် ပုန်းအောင်းတဲ့ နေရာမှာရှိတယ်"
လီရွှမ်သည် ဒီဗိုင်းဆန္ဒအဆင့်သို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာစနစ်မှာ ထုံးရွှမ်အဆင့်သို့ ရောက်ရှိပြ ီးဖြစ်သည်။
ကြီးမြတ်သောနေ ရွှေခန္ဓာ၏ အကြီးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိထားရာ နောက်ဆက်တွဲ ကျင့်ကြံမှုအတွက် လားရာကို လျှင်မြန်စွာ တွေ့ရှိလာခဲ့သည်။
ဘာပဲဖြစ်ဖြစ် ဤသည်မှာ လုံးဝ အသစ်ဖြစ်နေသည့် ကျင့်စဉ်တစ်ခုကို ဖန်တီးရခြင်း မဟုတ်ပေ။ အခြေခံရှိပြီးသား ဖြစ်သည့် ကျင့်စဉ်အား ဆက်လက်ဖွံ့ဖြိုးရခြင်းဖြစ်ရာ အနည်းငယ် လွယ်ကူမှုရှိပါသည်။
ထို့အပြင် တာအို ရွှေစာအုပ်၏ အကူအညီနှင့် သူသည် ကျင့်စဉ်ကို ရေးချကာ သုံးသပ်ချက်ပေးမှုအတိုင်း နည်းနည်းချင်းစီ မွမ်းမံပြင်ဆင်သွားလို့ ရသည်။ ပြည့်စုံသည်အထိ မြှင့်တင်လို့ရ၏။
"ကြီးမြတ်သောနေ ရွှေခန္ဓာရဲ့ ကျင့်ကြံမှုအဆင့်ကို နှစ်ပိုင်းခွဲလို့ရတယ်။ မူလအဆင့်နဲ့ ထုံးရွှမ်အဆင့်ဆိုပြီး အသီးသီးပေါ့.. နောက်ဆက်တွဲ ကျင့်ကြံမှုအတွက်လည်း ဒီလိုပဲ ဆက်ပြီးခွဲသွားလို့ရတယ်"
"ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာစနစ်အတွက် ကျင့်ကြံမှုလားရာကို ယေဘုယျအားဖြင့် ဆုံးဖြတ်ပြီးပြီ.. ကြီးမြတ်သောနေ ရွှေခေါင်းလောင်း အကာအကွယ်ကနေ ကြီးမြတ်သောနေ ရွှေခန္ဓာ... ကြီးမြတ်သောနေ ရွှေခန္ဓာကနေ မဖျက်ဆီးနိုင်တဲ့ ကြီးမြတ်သောနေ ရွှေခန္ဓာ အသီးသီး အဆင့်မြင့်တက်သွားတယ်"
လမ်းကြောင်းက ရှင်းလင်းလာသည်နှင့် ကြီးမြတ်သောနေ ရွှေခန္ဓာ၏ နောက်တစ်ဆင့်အား မဖျက်စီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာဟူ၍ အမည်ပေးရန် လီရွှမ် ဆုံးဖြတ်လိုက်သည်။
'မဖျက်စီးနိုင်တဲ့ ကြီးမြတ်သောနေ ရွှေခန္ဓာ'
ဤသည်မှာ ကြီးမြတ်သောနေ ရွှေခန္ဓာ၏ အဆင့်မြင့်အဆင့် ဖြစ်၏။
"မဖျက်ဆီးနိုင်တဲ့ ကြီးမြတ်သောနေ ရွှေခန္ဓာကို အဆင့်ငယ်သုံးခု ခွဲခြားရမယ်.. ကျင့်စဉ်ရဲ့ အဆင့်ငယ် တစ်ခုချင်းစီက ခွန်အားအဆင့် တစ်ခုချင်းစီနဲ့ ညီမျှလိမ့်မယ်.. ပထမအဆင့်က ဒီဗိုင်းဆန္ဒအဆင့် ဖြစ်တယ်.. ဒုတိယအဆင့်နဲ့ တတိယအဆင့်ကတော့ ဒီဗိုင်းဆန္ဒအဆင့်ရဲ့အထက်က အဆင့်တွေဖြစ်လိမ့်မယ်"
သူ့အနေနှင့် ဒီဗိုင်းဆန္ဒအဆင့်၏ အထက်ရှိ ကျင့်စဉ်ကို ဆုံးဖြတ်ပြီးခြင်း မရှိသေးပေမယ့် ဤသည်က မဖျက်စီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာအား ဖန်တီးမှုကို ရပ်တန့်စေနိုင်ခြင်းမရှိပေ။
တာအိုရွှေစာအုပ်၏ အကူအညီနှင့် သူသည် ကျင့်စဉ်များကို ဖန်တီးမှုပြုကာ ပြည့်စုံသည့်အထိ မြှင့်တင်ရန် လုံးဝ တတ်စွမ်းနိုင်ပါသည်။ ကျင့်စဉ်၏ အဆင့်များအကြား ကူးပြောင်းမှုတွင်လည်း မည်သည့် အတားအဆီးမှ မရှိဘဲ ချောမွေ့နေမှာ ဖြစ်၏။
"မဖျက်ဆီးနိုင်တဲ့ ကြီးမြတ်သောနေ ရွှေခန္ဓာရဲ့ ပထမအဆင့်မှာ ဒီဗိုင်းဆန္ဒကို စုစည်းဖို့လိုအပ်တယ်။ ဒါပေမယ့် ခန္ဓာကိုယ်ကျင့်ကြံမှုစနစ်ရဲ့ ဒီဗိုင်းဆန္ဒက သန့်စင်တဲ့သိုင်းပညာ စနစ်နဲ့ ခြားနားတယ်.. အဲ့ဒါက ရုပ်ခန္ဓာအတွင်းမှာ ရှိနေလိမ့်မယ်"
"ရုပ်ခန္ဓာရဲ့ ခံနိုင်ရည်သာ အပျက်စီးသွားဘူးဆိုရင် ဒီဗိုင်းဆန္ဒလည်း အထိအခိုက်ရှိမှာ မဟုတ်ဘူး"
"နောက်ပြီး ရုပ်ခန္ဓာကို ထိခိုက်အောင်လုပ်နိုင်ပြီး ဒီဗိုင်းဆန္ဒကို တိုက်ခိုက်ဖို့ နည်းလမ်းမရှိရင်လည်း ဒီဗိုင်းဆန္ဒက ထိခိုက်မှာမဟုတ်ဘူး"
လီရွှမ်မှာ စဉ်းစားရင်းနှင့် ပိုမိုတက်ကြွ လာခဲ့သည်။ မဖျက်စီးနိုင်သော ကြီးမြတ်သောနေ ရွှေခန္ဓာ၏ ပထမအဆင့်တွင် ဒီဗိုင်းဆန္ဒနှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဆန္ဒအား ကျင့်ကြံမှုတို့ ပါဝင်နေ၏။ ခန္ဓာကိုယ်ကျင့်ကြံမှု စနစ်ရှိ ဒီဗိုင်းဆန္ဒသည် ဝိညာဉ်အခြေပေါ်တွင် ရှိမနေပါ။ ရွှေခန္ဓာ၏ သွေးကြောမှတ်များ အတွင်းတွင်သာ ရှိ၏။
"ကြီးမြတ်သောနေ ရွှေခန္ဓာက သုံးမီတာမြင့်မားတဲ့ လူးဘီလူးတစ်ကောင်လို ပြောင်းလဲနိုင်တယ်.. ဒါကြောင့် မဖျက်စီးနိုင်တဲ့ ကြီးမြတ်သောနေ ရွှေခန္ဓာမှာလည်း သူ့ရဲ့ ကိုယ်ပိုင် လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေသင့်တယ်"
"မဖျက်စီးနိုင်တဲ့ ဒီဗိုင်းချပ်ဝတ်ရော.. ဟုတ်တယ်.. အသက်သွင်းလိုက်တာနဲ့ ခန္ဓာကိုယ်က မဖျက်စီးနိုင်တဲ့ ဒီဗိုင်းချပ်ဝတ်အဖြစ် စုစည်းသွားလိမ့်မယ်"
လီရွှမ်တစ်ယောက် ပိုမိုစဉ်းစားလေလေ အတွေးတို့ ပိုမိုကျယ်ပြန့်လေ ဖြစ်လာခဲ့၏။ မဖျက်ဆီးနိုင်သော ကြီးမြတ်သောနေ ရွှေခန္ဓာ၏ သီအိုရီဆိုင်ရာ ဖွဲ့စည်းမှုများက နည်းနည်းချင်းစီ ဖြစ်တည်လာပြီး ပြည့်စုံလာခဲ့၏။
သီအိုရီများသာ ပြည့်စုံပါက တာအိုရွှေစာအုပ်အတွင်းသို့ ရေးချကာ သုံးသပ်ချက်များကို ကြည့်ရှုပြီး အမှန်ပြင်မည် ဖြစ်သည်။
သူ၏ပန်းတိုင်မှာ ကျင့်စဉ်အား အမြင့်ဆုံးအဆင့်အထိ ပြည့်စုံလာစေရန် ဖြစ်သည်။ ထိုအခါ ကျင့်ကြံသည့် ခက်ခဲမှုလည်း လျော့ကျသွားမှာဖြစ်၏။ ဉာဏ်အလင်း ပွင့်ရန် ခက်ခဲမှုလည်း တူညီစွာပင် ဖြစ်သည်။
ဤနည်းအားဖြင့် သူ၏တပည့်များ နားလည်နိုင်ခြင်း မရှိမည်ကို စိုးရိမ်စရာ လိုတော့မည်မဟုတ်ပေ။
"သိုင်းကျင့်စဉ်တွေ ဖန်တီးတာက တကယ်ပဲ စိတ်လှုပ်ရှားဖို့ကောင်းတယ်.. ကျင့်စဉ်ကို ဖန်တီးနိုင်တဲ့ လူတိုင်းက ထူးကဲတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်.. စွမ်းအားကြီးမားတဲ့ ကျင့်စဉ်ကို ပထမဆုံးလူ ဘယ်လိုများ ဖန်တီးနိုင်ခဲ့လဲ မသိဘူး"
လီရွှမ်က မနေနိုင်ဘဲ သက်ပြင်းချသည်။
သဟွသိုင်းပညာ၏ သိုင်းဘိုးဘေးအနေနှင့် ကျင့်စဉ်များကို ဖန်တီးရန်မှာ မည်မျှ ခက်ခဲကြောင်းအား သူနားလည်၏။
သူဖန်တီးခဲ့သည့် သိုင်းပညာများအား ကျင့်ကြံနိုင်ခြင်းမှာပင် တပည့်များကြောင့် ဖြစ်သည်။
လီရွီမ်က မဖျက်စီးနိုင်သော ကြီးမြတ်သောနေ ရွှေခန္ဓာကိုယ် ဖန်တီးနေစဉ်တွင် ခုနစ်စင်ကြယ် အကယ်ဒမီ၌ ရွှီယန်နှင့် မုန့်ချုံတို့မှာ အံ့ဩစွာ ရှိနေကြသည်။
ဆရာသည် တစ်ယောက်တည်းနှင့် လောကကြီးတစ်ခုလုံးကို အောင်နိုင်ခဲ့သည်လား။
အတွင်းဘက်နယ်မြေ အခုလုံးရှိ စစ်ဘုရင်အဆင့်၏ အထက်ရှိ သိုင်းသမားအားလုံးတို့ ကျွန်းကို ဖိအားပေးရန် ရည်ရွယ်ကာ ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့ကြသည်။
သို့ပေမယ့် ဆရာသည် ထိုသူများကို ခွန်အားအဆင့်ဖြင့် ဖိနှိပ်ခြင်းမပြုဘဲ ထုံးရွှမ်အဆင့်ကိုသာ အသုံးပြုပြီး အားလုံးကို ချေမှုန်းကာ လောကကြီးကို အောင်နိုင်ခဲ့သည်။
ယခုအချိန်၌ အတွင်းဘက်နယ်မြေတွင် ကောင်းကင်ဆန့်ကျင်ခြင်း မဟာမိတ်အဖွဲ့အား မကောင်းဆိုးဝါး အဖွဲ့အစည်းတစ်ခုအဖြစ် ပြောဆိုနေကြ၏။ နေရာတိုင်းတွင် ကောင်းကင်လူသား၏ ဉာဏ်ပညာကြီးမားကာ ဖြောင့်မတ်ပုံ၊ မကောင်းဆိုးဝါးအဖွဲ့အား အနိုင်ယူခဲ့ပုံ၊ အတွင်းဘက်နယ်မြေ၏ ငြိမ်းချမ်းမှုအား ဖော်ဆောင်ပေးခဲ့ပုံ၊ သိုင်းလောကကို သန့်စင်ပေးခဲ့ပုံ ပြောဆိုနေကြသည်။
"ဆရာက အဆင့်တူမှာ တကယ်ပဲ ပြိုင်ဘက်ကင်းတာပဲ"
ရွှီယန်က ကြီးမားသော လေးစားမှုဖြင့် အသံပြု၏။
တွေးကြည့်ပြီးနောက် သူ့တွင် ဆရာကဲ့သို့ စွမ်းဆောင်နိုင်ခြင်း မရှိကြောင်းအား နားလည်လာခဲ့သည်။ သူ၏ဆရာသည် လှုပ်ရှားမှုတစ်ကွက်ဖြင့် စွမ်းအားကြီးပုဂ္ဂိုလ် များစွာတို့ကို ရှင်းလင်းနိုင်သည်။
ထို့အပြင် မည်သည့် နတ်ဘုရားသတ်ဖြတ်ခြင်း သိုင်းပညာကိုမှ အသုံးမပြုခဲ့ပေ။