← Chapters

ခုနစ်စင်ကြယ် အကယ်ဒမီ၏ လျှို့ဝှက်ချက်

Vol. 25 Ch. 364

ခုနစ်စင်ကြယ် အကယ်ဒမီ၏ လျှို့ဝှက်ချက်

Vol. 25 Ch. 364

ခုနစ်စင်ကြယ် အကယ်ဒမီ အတွင်းတွင် ရွှီယန်နှင့် မုန့်ချုံတို့ နှစ်ဦးစလုံး မှင်သက်နေကြ၏။ ချန်းလန်ကျွန်းမှ သူတို့ ထွက်ခွာခဲ့သည့် အချိန်အတွင်းတွင် ယခုမျှ ကြီးမားသည့် ကိစ္စကြီးတစ်ခု ဖြစ်ပွားခဲ့သည်လား။ အတွင်းဘက်နယ်မြေ တစ်ခုလုံး၏ အခြေအနေကို တိုက်ရိုက် သက်ရောက်ခဲ့လေသည်။

“ငါတို့ဆရာက အရမ်းကို စွမ်းအားကြီးလွန်းတယ်.. ငါသာ အဆင့်တူမှာ ဆရာ့ရဲ့ခွန်အား ဆယ်ပုံတစ်ပုံလောက်ကို ပိုင်ဆိုင်နိုင်ရင် ကိုယ့်ကိုယ်ကိုယ် မိုးထိအောင် ဂုဏ်ယူမိမှာ”

ရွှီယန်က အရှက်ရစွာ သက်ပြင်းချသည်။

ဆရာတွင် သူ့အတွက် တောင်းဆိုမှု အများကြီး မရှိပေ။ အဆင့်တူတွင် ဆရာ၏ခွန်အား တစ်ဝက်လောက်ကို ပိုင်ဆိုင်ချင်မိသည်။ ထိုအခါ အဖိုးကြီးကို ကျေနပ်မှုရစေမည်ဟု ယုံကြည်၏။

သို့ရာတွင် ရွှီယန်၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာလည်း အရှက်ရနေပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဝက်ကို မဆိုထားနှင့် ဆယ်ပုံတစ်ပုံလောက်ပင် မပိုင်ဆိုင်နိုင်သေးသောကြောင့် ဖြစ်၏။

“အစပိုင်းမှာ ဆရာက တပည့်လက်မခံချင်ဘူးလို့ ပြောခဲ့တာ အံ့ဩစရာ မရှိဘူး…”

ဒီအချိန်မှသာ ရွှီယန် နက်ရှိုင်းစွာ နားလည်လာခဲ့သည်။ သူသည် ပါရမီ အလွန်ကောင်းပေမယ့် ဆရာ၏ အနိမ့်ဆုံး လိုအပ်ချက်ကိုပင် ပြည့်မှီနိုင်ခြင်း မရှိပါ။

“ငါ့ရဲ့ သိုင်းပညာအပေါ် စိတ်ရင်းကြောင့်သာ တပည့်အဖြစ် လက်ခံပြီး တံခါးပိတ်နေထိုင်ရာကနေ ထွက်လာခဲ့တာ ဖြစ်မယ်.. လောကကြီးမှာ လွတ်လွတ်လပ်လပ် လှည့်လည်ပြီး ဘဝကို ပြန်ခံစားကြည့်တာ ဖြစ်မယ်”

“ငါဆရာ့ကို သေချာပေါက် စိတ်ပျက်စေလို့ မဖြစ်ဘူး.. ခွန်အားကို ဆက်တိုက် မြှင့်တင်နေရမယ်”

ရွှီယန်က ခိုင်မာစွာ စဉ်းစား၏။

မုန့်ချုံလည်းပဲ အရှက်ရစွာ ခံစားနေရသည်။ သူ့တွင် အဆင့်တူ၌ ဆရာ၏ ခွန်အားတစ်ဝက်ပင် ပိုင်ဆိုင်ထားခြင်း မရှိပေ။

တစ်ဖက်ရှိ ပိုင်ယွင်ခုန်းနှင့် ဖန်းယွီတို့၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားကြသ်ည။ ဒီညီအစ်ကိုနှစ်ယောက်၏ ပုံစံများက ဘာဖြစ်နေသနည်း။

“ပညာရှင်ရွှီ.. မုန်တိုင်းက ပြီးဆုံးသွာားပြီဆိုတော့ စိုးရိမ်စရာ မလိုတော့ပါဘူး”

ပိုင်ယွင်ခုံးက နှစ်သိမ့်၏။

“ခင်ဗျား နားမလည်ပါဘူး”

ရွှီယန်က ခေါင်းကိုယမ်းကာ သက်ပြင်းချသည်။

“ဆရာ့ရဲ့ ကျွန်တော့အပေါ် တောင်းဆိုချက်တွေက အရမ်းကို နိမ့်ပါးတယ်။ ဒါပေမယ့် အဲ့ဒါကိုတောင် ကျွန်တော်က မပြည့်မီနိုင်ခဲ့ဘူး”

ပိုင်ယွင်ခုံးက သိလိုစွာ‌ မေးသည််။

“ဆရာကြီးက ဘယ်လောက်လေးများ မျှော်လင့်ထားလို့လဲ”

“ဆရာပြောတာက ကျွန်တော်သာ အဆင့်တူမှာ သူ့ရဲ့ခွန်အား တစ်ဝက်လောက်ကို ပိုင်ဆိုင်နိုင်ရင် ကျေနပ်ပြီတဲ့.. ဒါပေမယ့် ကျွန်တော်ကတော့ ဆယ်ပုံတစ်ပုံ ခွန်အားကိုတောင် မပိုင်ဆိုင်ထားဘူး”

ရွှီယန်က ခေါင်းကိုယမ်းသည်။ သူ၏မျက်နှာက အပြစ်ရှိမှုဖြင့် ပြည့်နှက်နေ၏။

မုန့်ချုံလည်း သဘောတူစွာ ခေါင်းညှိတ်သည်။

“အစ်ကိုကြီးပြောတာ မှန်တယ်”

ပိုင်ယွင်ခုန်းနှင့် ဖန်းယွီတို့မှာ ထိတ်လန့်စွာ ခံစားလိုက်ရသည်။ သူတို့၏ နှလုံးသားတွင် ကြီးမားသည့် ထိုးနှက်ချက်ကို ခံစားလိုက်ရပြီး ကျိန်ဆဲလုမတတ် ဖြစ်သွာားခဲ့၏။

ဒီနှစ်ယောက်သည် အလွန် သန်မာလှပြီး အဆင့်တူချင်းအား သတ်ဖြတ်ရန်မှာ ပုရွက်ဆိတ်တစ်ကောင်ကို သတ်သကဲ့သို့ လွယ်ကူလှသည်။ သို့ပေမယ့် အဆင့်တူ၌ ဆရာဖြစ်သူ၏ ခွန်အား ဆယ်ပုံတစ်ပုံကိုပင် မပိုင်ဆိုင်နိုင်ပေဘူးလား။

“ချီး..”

အဆင့်တူမှာတုန်းက သူသည် ဆရာဖြစ်သူထက် ကျော်လွန်နေပြီး ဖြစ်သည်။ ထိုသို့ဆိုပါက သူတို့ဆရာသည် အမှိုက်ဆရာလေလား….

ခဏတာအတွင်း နှစ်ယောက်သာ မည်ကဲ့သို့ ခံစားရသည်ကိုပင် မဖော်ပြနိုင်အောင် ဖြစ်နေပါသည်။ မြင်ကွင်းက ရုတ်တရက် တိတ်ဆိတ်သွားခဲ့၏။

“လင်းနယ်မြေရဲ့ ဂိတ်တံခါး ပွင့်လာပြီး ကောင်းကင်

လူသားတစ်ယောက် ထွက်ပေါ်လာခဲ့တယ်”

ရွှီယန်က နောက်ဆုံးတွင် စကားဆိုကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“အဲ့အကြောင်းကို ငါသိပြီးပြီ”

ပိုင်ယွင်ခုံး၏ မျက်နှာက အလွန် လေးနက်လာခဲ့၏။ နက်ရှိုင်းစွာ ပြောသည်။

“လင်းယွီဂီတ်တံခါးရဲ့ ပွင့်လာမှုက ကံကောင်းမှုတစ်ခု(သို့) ကျိန်စာတစ်ခုကို သယ်ဆောင်လာလိမ့်မယ်… အတိအကျ မသိနိုင်ဘူး.. ကောင်းကင်လူသားတစ်ယောက် အတွင်းဘက်နယ်မြေကို ဝင်ရောက်လာတာကလည်း ဘာရည်ရွယ်ချက်နဲ့လဲ မသိဘူး”

“ကပ်ဘေးတစ်ခု ယူဆောင်လာမလားလို့ ငါတို့မသိနိုင်ဘူး။ ဒါ့ကြောင့် မဖိတ်ခေါ်ပဲ ရောက်လာနိုင်တဲ့ အန္တရာယ်တွေကို ရှောင်ရှာားဖို့ အထူးဂရုစိုက်ရမယ်”

ဖန်းယွီက ခေါင်းညှိတ်ကာ ပြောသည်။

“လင်းယွီဂီတ်တံခါးက တစ်ကြိမ်ထက်မက ပွင့်ခဲ့ဖူးတယ်.. နတ်ဆိုးအရှင်သခင်ကြီးကလည်း အဲ့ဒီကနေပဲ လာခဲ့တာ.. သူ့ကြောင့် အတွင်းဘက်နယ်မြေ တစ်ခုလုံး သွေးလွှမ်းခဲ့ရတယ်.. အခုအချိန်အထိ နတ်ဆိုးဂိုဏ်းက အထင်သေးလို့ မရပဲ သူတို့ရဲ့ သတ်ဖြတ်ခြင်း အတတ်တွေက ဆက်ပြီး ထိခိုက်မှုတွေ ဖြစ်စေဆဲပဲ”

သူက သက်ပြင်းချကာ ထပ်ပေါင်းပြော၏။

“အဲ့ဒီ ကောင်းကင်လူသားကို နတ်ဆိုးအရှင်သခင်ကြီးလို မဟုတ်ဖို့ပဲ မျှော်လင့်မိတယ်”

သူက ရွှီယန်ကို ခေါင်းမော့ကြည့်သည်။

“မိတ်ဆွေလေးရွှီ.. နောင်မှာ မင်းရဲ့ အပြုအမူတွေကို ဂရုစိုက်ပါ။ ကောင်းကင်လူသားကို ရန်စမိသလို ဖြစ်မှာ စိုးရတယ်”

ရွှီယန်က ရယ်ကာ ပြော၏။

“ခင်ဗျားတို့တွေ အရမ်းကြီး လန့်နေစရာ မလိုပါဘူး.. ကောင်းကင်လူသား တစ်ယောက်လေးက ကိစ္စကြီး မဟုတ်ဘူး”

ထိုစကားကို ကြားရပြီးနောက် ပိုင်ယွင်ခုန်း၏ မျက်နှာက ပိုမိုလေးနက်သွားပြီး ပြောသည်။

“မိတ်ဆွေလေးရွှီ.. မင်းက စွမ်းအားကြီးတာကို ငါသိပါတယ်။ ဒါပေမယ့် ကောာင်းကင်လူသားတစ်ယောက် ဟာသမဟုတ်ဘူး.. သူ့ရဲ့ မျက်လုံးထဲမှာ တစ်ဝက်တစ်ပြတ် ကောင်းကင်လူသားတောင် အမှိုက်သက်သက်ပဲ.. ခြားနားချက်က တိုင်းတာလို့တောင် မရဘူး”

ရွှီယန်က လက်ကိုယမ်းသည်။

“တကယ်ပဲ အဲ့လောက် မဟုတ်ဘူးဆို.. သူက စွမ်းအားကြီးတဲ့ ကောင်းကင်လူသား မဟုတ်ဘူး.. စိုးရိမ်စရာ မလိုဘူး”

ပိုင်ယွင်ခုန်းက စိတ်ထဲတွင် သက်ပြင်းချသည်။ ဘာပဖြစ်ဖြစ် ရွှီယန်မှာ ငယ်ရွယ် အားမာန်အပြည့်ဖြင့် ရှိနေ၏။ အနှိုင်းမဲ့သည့် ခွန်အားနှင့် တစ်ဝက်တစ်ပြတ် ကောင်းကင်လူသားကို သတ်ဖြတ်နိုင်ရာ သူ့ကိုယ်သူ ပြိုင်ဘက်ကင်းနေပြီဟု ထင်နေလောက်ပါသည်။

ငယ်ရွယ်ကာ စိတ်ကြီးဝင်ခြင်းက အနည်းငယ် အလွန်အမင်း ဝံ့ကြွားမှုကို ဖြစ်စေနိုင်၏။

“မိတ်ဆွေလေးရွှီ.. ငါ့ရဲ့ အကြံပေးမှုကို နားထောင်ပါ.. ကောင်းကင်လူသားကို မထိပါးမိအောင် ကြိုးစားနေ.. မင်းရဲ့ ဆရာက အရမ်းစွမ်းအားကြီးပေမယ့် မလိုအပ်တဲ့ ပြသနာတွေ မဖြစ်တာ ပိုကောင်းတယ်မလား”

ပိုင်ယွင်ခုံးက အကြံပေးသည်။

ရွှီယန်က အပြစ်ကင်းစင်သည့် မျက်နှာဖြင့် ပြော၏။

“ကျွန်တော်က ရန်မစပါဘူး.. သူ့ဘာသာ ရန်လာစတာ.. ကိစ္စက တကယ်ပဲ အဲ့လောက်ကြီး မဆိုးရွားဘူး.. ကျွန်တော်သူ့ကို သတ်လိုက်ပြီးပြီ”

“သတ်.. သတ်လိုက်ပြီ”

ပိုင်ယွင်ခုံးနှင့် ဖန်းယွီတို့၏ မျက််လုံးများက ပြူးကျယ်လာပြီး ထွက်ကျလုမတတ် ရှိနေ၏။

ကောင်းကင်လူသားတစ်ယောက် ဟူသည် အထွတ်အထိပ်ကျသည့် စွမ်းအားကြီး တည်ရှိမှုတစ်ခု ဖြစ်၏။ ၎င်းကို ရွှီယန်က သတ်ဖြတ်ခဲ့သည်လား။

“မိတ်ဆွေလေးရွှီ.. ပြန်ပြောပါဦး.. မင်းဘာပြောလိုက်တာလဲ”

ဖန်းယွီမှာ သူ၏နားကိုပင် စတင် သံသယဝင်လာခဲ့၏။

ရွှီယန်က မျက်ဆံလှည့်သည်။ ဤသည်မှာ ကောင်းကင်လူသားငယ် တစ်ယောက်ကို သတ်ဖြတ်ခြင်းသာ ဖြစ်၏။ ယခုမျှ ကိစ္စကြီးအောင် လုပ်ရန် လိုအပ်သည်လား။ စိတ်ဝိညာဉ်သန့်စင်ခြင်း ကောင်းကင်လူသား မဟုတ်ပေ။

“ကျွန်တော် သူ့ကို သတ်လိုက်ပြီ.. ပြီးတော့ ဓါးသုံးချက််တည်း ခုတ်လိုက်ရတယ်”

ရွှီယန်က ကျောင်မင်၏ သိုလှောင်အိတ်ကို ထုတ်သည်။ သူ၏မျက်နှာက အထင်သေးမှုဖြင့် ပြည့်နှက်နေ၏။

“ဒီကောင်က ငမွဲပဲ.. အထဲမှာ ဘာရတနာမှ မရှိဘူး.. တန်ဖိုး နည်းနည်း ရှိတာဆိုလို့ အဆင့်ငါးစိတ်ဝိညာဉ်ဆေးပင် အနည်းငယ်ပဲ ပါတယ်..”

ပိုင်ယွင်ခုန်းက မိုးကောင်ကင်သို့ ခေါင်းမော့ကာ သူ၏စိတ်က ဗလာကျင်းလင်း ဖြစ်နေ၏။ ပြောကြသည့် အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ခဲ့သည့် ကောင်းကင်လူသားကို ရွှီယန်က သတ်ပစ်လိုက်သည်လား။

ထို့အပြင် တစ်ဖက်လူနှင့် ပက်သက်ပြီး အလွန် အထင်သေးကာ စိတ်ပျက်နေသည့်နှယ် ရှိသည်။ ငမွဲကောင်ဟု ဆိုနေ၏။

အချိန်အတော်ကြာပြီးနောက် အသက်ကို နက်ရှိုင်းစွာ ရှူပြီး မေးသည်။

“မိတ်ဆွေလေးရွှီ… မင်းသူ့ကို ဘယ်လိုများ… မဟုတ်ဘူး.. သူမင်းကို ဘယ်လိုများ ထိပါးခဲ့လို့လဲ”

ထိုကောင်းကင်လူသားသည် အတွင်းဘက်နယ်မြေသို့ ဝင်လျှင်ဝင်ချင်း ရွှီယန်ကို ပစ်မှတ်ထားမည် မဟုတ်လောက်ပါ။

All Chapters