ထောင်ချီသည့် သိုင်းနတ်ဘုရားပုံရိပ်များ၊ မဖျက်ဆီးနိုင်သည့် ဒီဗိုင်းချပ်ဝတ်
Vol. 25 Ch. 369
လီရွှမ်သည် ရှီအာက ကြောင်နီ၏ လည်ပင်းတွင် ရွှေကြိုး ချည်ဆွဲပေးနေသည်ကို ကြည့်ပြီး ပါးစပ်တို့ တွန့်ကွေးသွားသည်။
အမှန်တကယ်ကို ပြဿနာပင်။ တစ်ချိန်က သူသည် သားရဲထိန်းသိမ်းနည်း အချို့အား နားလည်ကြောင်း ပြောခဲ့ဖူး၏။ ကြောင်နီကို အချိန်အတော်ကြာအောင် ထိန်းကြောင်းပြီးနောက် ယခုတော့ လက်စားပြန်ချေခြင်းအား ခံနေရဟန် တူ၏။
လီရွှမ်အနေနှင့် ထိုကိစ္စများကို ဂရုမစိုက်ပါ။ ကြောင်နီနှင့် ရှီအာတို့သည် တစ်ဦးကိုတစ်ဦး ဂရုစိုက်ကြ၏။
သူသည် ရှီအာကို အနည်းငယ် စနောက်ပေမဲ့ တကယ်တမ်း ထိခိုက်အောင်တော့ မလုပ်ပါ။
“ကြောင်နီ.. မင်းရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်အရွယ်အစားက အလေးအပင် အလုပ်တွေအတွက်ပဲ သင့်တော်မယ်”
လီရွှမ်က ခေါင်းကိုယမ်းကာ ပြောသည်။
ကြောင်နီသည် နှစ်ကြိမ်လောက် နှာမှုတ်ကာ အနည်းငယ် စိတ်ဓာတ်ကျနေသည့်ပုံ ပေါက်နေသည်။ ၎င်း၏ ကြီးမားသော အရွယ်အစားကြောင့် နောင်တွင် ပြောင်းရွှေ့သည့်အခါ ပစ္စည်းများစွာ သယ်ဆောင်ရမည်မှာ သေချာ၏။
"နတ်ဆိုးသားရဲ.. အကောင်သေးပြီး မင်းရဲ့သဲလွန်စတွေကို ကွယ်ဝှက်ထားတာ ကောင်းလိမ့်မယ်.. ဒါကြောင့် ကောင်းကောင်းနားလည်အောင် လုပ်ဖို့လိုအပ်တယ်"
လီရွှမ်က ကြောင်နီကို လက်ညှိုးထိုးရင်းက ပြော၏။
ကြောင်နီက ခေါင်းညှိတ်သည်။ နားလည်သည့်ဟန် ပြ၏။
ထိုခေါင်းညှိတ်မှုက သူ၏ လည်ပင်းတွင် ရွှေကြိုးကြီးအား ချိတ်ဆွဲရန် လုပ်ဆောင်နေသည့် ရှီအာကို ပြုတ်ကျသွားစေသည်။
"ဘုတ်"
သတိမထားမိစွာဖြင့် ပြုတ်ကျသွားသည် ရှီအာကို လီရွှမ်က မမြင်ချင်ယောင်သာ ထား၏။
"နတ်ဆိုးသားရဲ.. အကောင်သေးပြီး မင်းရဲ့သဲလွန်စတွေကို ကွယ်ဝှက်ထားတာ ကောင်းလိမ့်မယ်.. ဒါကြောင့် ကောင်းကောင်းနားလည်အောင် လုပ်ဖို့လိုအပ်တယ်"
လီရွှမ်က ကြောင်နီကို လက်ညှိုးထိုးရင်းက ပြော၏။
ကြောင်နီက ခေါင်းညှိတ်သည်။ နားလည်သည့်ဟန် ပြ၏။
ထိုခေါင်းညှိတ်မှုက သူ၏ လည်ပင်းတွင် ရွှေကြိုးကြီးအား ချိတ်ဆွဲရန် လုပ်ဆောင်နေသည့် ရှီအာကို ပြုတ်ကျသွားစေသည်။
"ဘုတ်"
သတိမထားမိစွာဖြင့် ပြုတ်ကျသွားသည် ရှီအာကို လီရွှမ်က မမြင်ယောင်သာ ဆောင်ထား၏။ ရှီအာနှင့် ကြောင်နီတို့သည် တကယ့် အဆင်မပြေသူများ ဖြစ်ကြသည်။
"ကြောင်နီ..."
ရှိအာ၏ မျက်နှာက အစိမ်းရောင်ပြောင်းသွား၏။
ကြောင်နီ၏ မျက်နှာက အပြစ်မဲ့စွာ ရှိနေပါသည်။
"ဆရာ.. ကြောင်နီက အရမ်းကိုကြီးလွန်းတယ်.. တောင်းငယ်တစ်လုံးလို့ပဲ.. ကျွန်တော်တို့တွေ ချက်စားမယ်ဆိုရင် အချိန်အတော်ကြာအောင် စားလို့ရလောက်မှာ"
ရွှီယန်က လျှောက်လာရင်းက ပြောသည်။
ကြောင်နီသည် ကြောက်ရွံ့စွာဖြင့် တုန်ခါသွားပြီး ခေါင်းငုံ့သွား၏။ လျှာကိုထုတ်ကာ သူ၏မျက်နှာက မျက်နှာချိုသွေးသည့်ဟန် ဖြစ်လာခဲ့သည်။
"မင်းကတကယ့်ကို ကြောက်တတ်တာပဲ.. ငါမင်းကို တကယ်မချက်ပါဘူး"
ရွှီယန်က အာပါးတရ ရယ်၏။
ကြောင်နီမှာ အမြီးကိုနှံ့ပြီး လျှာထုတ်ရင်းနှင့် ခွေးတစ်ကောင်ကဲ့သို့ ပြုမူနေပါသည်။ ရွှီယန်အား ပျော်ရွှင်စေရန် ကြိုးစား၏။
လီရွှမ်မှာ ပြောစရာစကား မဲ့သွားသည်။ ဒီကြောင်နီသည် အမှန်တကယ်ကို အနည်းငယ် အကြောက်လွန်လွန်း၏။
ချန်းလန်ကျွန်းပေါ်တွင် အရာအားလုံးသည် ငြိမ်းချမ်းစွာ ရှိနေပြီး ကြောင်နီမှာ ပြောင်းလဲမှု၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပါပြီ။
စုလင်းရှုံမှာ ထုံးရွှမ်အဆင့်သို့ စတင်ချိုးဖျက်နေပြီ ဖြစ်၏။
"သင်၏တပည့် စုလင်းရှုံသည် သင်ဖန်တီးထားသည့် ဒန်ဆေးသိုင်းပညာအား ကျင့်ကြံပြီး ထုံးရွှမ်အဆင့်သို့ ချိုးဖျက်သွားခဲ့သည်။ သင်၏ ဒန်ဆေးသိုင်းပညာသည် ထုံးရွှမ်အဆင့်၏ အကြီးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိသွားသည်။ ခွန်အားမှာ အဆင့်တူများထက် အဆတစ်ရာ ပိုမိုသန်မာ၏"
ဝိညာဉ်အခြေ၏ အထက်ရှိ တာအိုရွှေစာအုပ်က ပွင့်လာပြီး ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူ၏ ဒန်ဆေးသိုင်းပညာသည်လည်း ထုံးရွှမ်၏ အကြီးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ခွန်အားသည် ပိုမိုကာ မြင့်တက်လာခဲ့၏။
အဆင့်ချိုးဖျက်ပြီးနောက် တည်ငြိမ်အောင် ပြုလုပ်ပြီးချိန်တွင် စုလင်းရှုံသည် ထုံးရွှမ်အဆင့်၏ ဆန်းကြယ်မှုများကို ဆက်လက်လေ့လာသည်။
ရွှီယန်လည်းပဲ ဓားတာအိုကို ကျင့်ကြံပြီး အထူးသဖြင့် လျက်တစ်ပြက်လေ ဓားဆန္ဒ၏ စွမ်းအားကို မြှင့်တင်သည်။
ချန်းလန်ကျွန်း၏ အပြင်ဘက်တွင် အတွင်းပတ်နယ်မြေ တစ်ခုလုံးကို လှုပ်ခါစေသည့် ကိစ္စကြီးတစ်ခု ရုတ်တရက် ဖြစ်ပွားခဲ့သည်။
ယွဲ့နိုင်ငံ၏ စီရင်စုမြို့ ၇၀ရာခိုင်နှုန်းလောက်က ရုတ်တရက် ပုန်ကန်မှု ပြုခဲ့၏။
ထန်းယီ အစောင့်တပ်ဖွဲ့နှင့် ဒီဗိုင်းလှံစစ်တပ်တို့သည် ဘုရင်ခံကျိန်အိမ်တော်တွင် ပိတ်မိနေကြသည်။ ဘုရင်ခံကျိန်အိမ်တော် ဖျက်ဆီးခံရသည်နှင့် အခြား ဘုရင်ခံလေးယောက်တို့ကို ဘုရင်ခံသုက ဦးဆောင်ကာ လှုပ်ရှားမှုပြုခဲ့သည်။
ထန်းယီအစောင့်တပ်ဖွဲ့မနှင့် ဒီဗိုင်းလှံ စစ်တပ်တို့ကို ပိတ်လှောင်ထားသည်။ ယွဲ့နိုင်ငံ၏ ဧကရာဇ်ကို ဒေါသထွက်သွားစေပြီး ဘုရင်ခံများကို ဖိနှိပ်ရန်အတွက် တော်ဝင်မိသားစု၏ ထိပ်တန်း စစ်ဘုရင်များကို စေလွှတ်ခဲ့သည်။
ယွဲ့နိုင်ငံ၏ တော်ဝင်မိသားစုသည် အားနည်းသွားပေမယ့် သူတို့၏ အခြေခံမှာ အထင်သေးလို့မရသေးပေ။
သို့ရာတွင် ထိုအချိန်၌ ယွဲ့နိုင်ငံ၏ စီရင်စုများစွာတို့ ရုတ်တရက် ပုန်ကန်ခဲ့ကြ၏။ နိုင်ငံရှိ မိသားစုကြီးများကလည်း တော်ဝင်မိသားစုကို ထောက်ခံမှုမပြုတော့ဟု ကြေညာခဲ့ကြသည်။
မြို့တော်ရှိ အရေးကြီးပုဂ္ဂိုလ်များကလည်း တစ်ယောက်ပြီးတစ်ယောက် ပုန်ကန်မှုပြုကာ သူတို့၏ စွမ်းအားကြီးပုဂ္ဂိုလ်များကို ဦးဆောင်ပြီး နန်းတော်ကို တိုက်ခိုက်ကြ၏။
ယွဲ့ဧကရာဇ်ကို ပိုမိုဒေါသထွက်စေသည်မှာ နန်းတော်အတွင်း၌ပင် ပုန်ကန်သည့် သစ္စာဖေါက်များ ရှိနေခြင်းဖြစ်သည်။
ဒီအချိန်၌ ယွဲ့တော်ဝင်မိသားစုသည် သံသယဝင်စရာ မကောင်းလောက်အောင် စွမ်းအားမဲ့သည့် အခြေအနေသို့ ကျရောက်သွားကြသည်။
ယွဲ့နိုင်ငံသည် အတွင်းဘက်နယ်မြေရှိ နိုင်ငံကြီးသုံးခုတွင် ထိပ်ဆုံး၌ ရပ်တည်နိုင်ရာ ၎င်း၏ ခွန်အားနှင့်အခြေခံမှာ အထင်သေးလို့မရပေ။ အလစ်အငိုက်ဖြစ်ကာ လက်ရွေးစင်စစ်သည် အများစုတို့အား ပြင်ပသို့စေလွှတ်ခဲ့ပြီး မြို့တော်ရှိ အမတ်ကြီးများ တစ်ဝက်ကျော်တို့ ပုန်ကန်ခဲ့ပေမယ့် တော်ဝင်မိသားစု၏ အခြေခံက ဒီအချိန်တွင် ပေါ်ထွက်လာခဲ့သည်။
တော်ဝင်ရုံးတော်တွင် ယွဲ့နိုင်ငံအား သစ္စာရှိကြသည့် အမှုထမ်းများစွာတို့ ရှိနေသေး၏။ ဒီအချိန်၌ သူတို့သည် စွမ်းအားကြီးပုဂ္ဂိုလ်များကို ဦးဆောင်ကာ လာရောက်ကယ်တင်မှု ပြုကြပြီး နန်းတော်အတွင်းမှ အမတ်ကြီးများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြ၏။
အထွတ်အထိပ် စစ်ဘုရင်များ၏ အရှိန်အဝါက လှုင်းထန်နေပြီး ပိုမိုကာပင် စွမ်းအားကြီးမားသည် မင်းသားဟောင်းတစ်ဦးပင် ပါရှိသည်။ သူသည် အထွက်အထိပ် စစ်ဘုရင်အဆင့်ကို ကျော်လွန်ကာ တဝက်တပြက် ကောင်းကင်လူသားအဆင့်သို့ ချဉ်းကပ်နေပြီး ဖြစ်၏။
မထင်မှတ်ထားသည့် အခြေအနေများ မဖြစ်ပေါ်လာပါက သူသည် မကြာခင်တွင် ယွဲ့နိုင်ငံ တာဝန်မိသားစု၏ စစ်မှန်သည့် ထောက်တိုင်တစ်ခု ဖြစ်လာတော့မှာ ဖြစ်သည်။
လှုပ်ရှားတက်ကြွနေကြသည့် ပုန်ကန်ထကြွသူအားလုံး ဖိနှိပ်ခြင်းခံရကာ အရှိန်အဝါက ယုတ်လျော့သွားခဲ့သည့်။ အရေးမသာသည့် အခြေအနေသို့ ကျရောက်သွားပြီး အချိန်မရွေး ပြိုလဲသွားတော့မည့်ဟန် ရှိသည်။
ထိုအချိန်၌ ဆေဘာအလင်းတစ်ခု ရောက်ရှိလာ၏။ ၎င်းသည် ကြီးစိုးကာ အနှိုင်းမဲ့လှသည်။ တဝက်တပြက် ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိကာနီးရှိသည့် မင်းသားဟောင်းကို တစ်ချက်တည်းနှင့် သတ်ဖြတ်ခဲ့သည်။
ဆေဘာအလင်းသည် ရပ်တန့်သွားခြင်း မရှိခဲ့ပေ။ မင်းသားဟောင်းကို သတ်ဖြတ်ပြီးနောက် ထိပ်တန်းအဆင့် အထွတ်အထိပ် စစ်ဘုရင်နှစ်ယောက်တို့၏ အသက်များကို ခြွေယူခဲ့သည်။
အနိုင်ရတော့မည်ဟု တွက်ချက်ထားသည့် ဧကရာဇ်၏ မျက်နှာက ဒီအချိန်၌ ပြောင်းလဲသွားခဲ့သည်။
"မုန့်ချုံ"
သူ၏နှလုံးသားက အောက်ခြေသို့တိုင်အောင် လေးလံသွားသည်။ သူအကြောက်ဆုံး မြင်ကွင်းက ပေါ်လာခဲ့၏။
မုန့်ချုံ၏ ပေါ်ပေါက်လာမှုမှာ ဒီပုန်ကန်ထကြွမှု၏ နောက်ကွယ်တွင် ချန်ချင်းစံအိမ် ရှိနေသည်ဟု ဆိုလိုသည်ပင်။ သဟွက ယွဲ့နိုင်ငံကို အစားထိုးချင်သည်ပင်။
"သတ်"
ယွဲ့နိုင်ငံ၏ စစ်သူကြီးတစ်ယောက်က မာန်ဖီကာ လက်ထဲရှိ လှံကို လွှဲယမ်းပြီး ယွဲ့နိုင်ငံ၏ ဧကရာဇ်ဆီသို့ ရုတ်တရက် ပြေးဝင်သွားသည်။
"ယွဲ့နိုင်ငံရဲ့ ညံ့ဖျင်းတဲ့ဧကရာဇ်ကို နန်းချသင့်တယ်.. ယွဲ့နိုင်ငံက ယိုယွင်းနေပြီ.. သဟွက အစားထိုးဝင်ရောက်ရမယ့် အချိန်ပဲ"
"ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ မှန်ကန်တဲ့လမ်းစဉ်ဆီကို ပြန်သွားပြီး သဟွကို တည်ထောင်ကြမယ်"
မူလအမတ်ကြီးများ တစ်စု၏ အော်သံများအကြားတွင် တော်ဝင်မိသားစုမှာ တစ်စတစ်စ ရှုံးနိမ့်လာခဲ့သည်။ အခြား အမတ်ကြီးများလည်း အခြေအနေ၏ ဆိုးရွားမှုကို တွေ့ရပြီးနောက် ပုန်ကန်သူများနှင့်အတူ တစ်ယောက်ပြီးတယောက် ပူးပေါင်းလာကြသည်။
ထိုနေ့တွင် အတွင်းဘက်နယ်မြေ တစ်ခုလုံး လှုပ်ခါသွားခဲ့၏။ နှစ်ပေါင်းထောင်ချီအောင် ခိုင်မြဲခဲ့သည့် ယွဲ့နိုင်ငံသည် နက်ရှိုင်းသည့်အခြေခံရှိပြီး နိုင်ငံကြီးသုံးခုထဲမှ အသန်မာဆုံးနိုင်ငံလည်း ဖြစ်သည်။
ထိုနိုင်ငံသည် ပြိုလဲသွားပြီး သဟွအား တရားဝင် တည်ထောင်ခဲ့၏။
ယနေ့မှစတင်ပြီး အတွင်းဘက်နယ်မြေ၏ နိုင်ငံကြီးသုံးခုထဲတွင် ယွဲ့နိုင်ငံ မပါဝင်တော့ပေ။ သဟွသာလျှင် ကျန်ရှိတော့မည် ဖြစ်၏။
ထို့အပြင် ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ မှန်ကန်တဲ့လမ်းကြောင်းဆီသို့ ပြန်လည်ရောက်ရှိကာ သဟွက အစားထိုးလာမည်ဟူသည့် စကားလည်း ပျံ့နှံ့လာခဲ့သည်။
သဟွသိုင်းပညာအား ကျင့်ကြံသူ အားလုံးတို့က သူတို့၏ ထောက်ခံမှုကို ဖော်ပြကြသည်။ ခဏတာအတွင်း အတွင်းဘက်နယ်မြေရှိ အဓိကအင်အားစုကြီးများ အားလုံးသည် ယန်နိုင်ငံနှင့် ခရမ်းရောင်တိမ်နိုင်ငံတို့အား အာရုံစူးစိုက်သွားကြ၏။
သဟွမှာ အရှိန်အဟုန်ကောင်းစွာဖြင့် မြင့်တက်လာခဲ့ပြီး အတိတ်၏ မင်းဆက်များကဲ့သို့ လောကကြီးကို ပေါင်းစည်းရန် အလားအလာတို့အား ပိုင်ဆိုင်ထား၏။
ယွဲ့နိုင်ငံအား အစားထိုးပြီးနောက် သဟွသည် ဆက်လက်လှုပ်ရှားမှုများ မပြုလုပ်ခဲ့ပါ။ သဟွကို တည်ငြိမ်အောင်ပြုလုပ်ပြီး ခွန်အားကိုစုစည်း၏။ သဟွလူများ၏ နှလုံးသားကို ငြိမ်းချမ်းစေကာ သဟွသိုင်းပညာအား အလကားဖြန့်ဝေပေး၏။